Pink Yuki
Myanmar Local Brand Organic Shower Creams
25/02/2022
ညအိပ်ရာမဝင်ခင် ချစ်သူကို Good Night message ပို့ဖို့ထက် အရေးကြီးတဲ့အရာက🤔
"မျက်နှာသစ်ဖို့" ပါ❗
ညအိပ်ရာမဝင်ခင် မျက်နှာသစ်ဖို့အရေးက မိန်းကလေးတိုင်းအတွက် အသက်တမျှအရေးကြီးပါတယ်✔️ဘာကြောင့်လဲဆိုတော့ အိုမင်းရင့်ရော်မှုကို အဓိကဖြစ်စေတဲ့ အကြောင်းရင်းထဲမှာ " Cleaning သေချာမလုပ်ခြင်း" က ပါဝင်နေလို့ပါပဲ😼
ညဘက် သဲလေးတို့ အိပ်နေချိန်မှာ မျက်နှာပေါ်ကဆဲလ်တွေ အလုပ်လုပ်ပါတယ်။ မျက်နှာသေချာသစ်ပြီး Skincare တွေ လိမ်းအိပ်တယ်ဆိုပါစို့။ ဆဲလ်တွေက Skincareတွေကို စုပ်ယူပြီး အသားအရည်ပိုကောင်းလာအောင် ပြုပြင်ပေးပါတယ်🤍
ဆန့်ကျင်ဘက်အနေနဲ့ မျက်နှာမသစ်ပဲ အိပ်မယ်ဆို တစ်နေ့လုံးကပ်ပါလာတဲ့ အညစ်အကြေးတွေပဲ ဆဲလ်တွေဆီ ရောက်သွားမှာပါ😿 အဲအချိန်မှာ Dead Cells လို့ အသိများတဲ့ ဆဲလ်သေတွေ စုလာမယ်။ အသားအရည်က ညိုညစ်လာမယ်။ ချွေးပေါက်ပိတ်မယ်။ ဝက်ခြံနဲ့အဆီဖုထွက်မယ်။ အရေးကြောင်းတွေ ပေါ်လာမှာပါနော်။
ဒါကြောင့် ညဘက် Skincare အများကြီး မလိမ်းနိုင်ရင်တောင် Cleaning လုပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်က မိတ်ကပ်မလိမ်းရင်လည်း ပြင်ပပတ်ဝန်းကျင်က ဖုန်မှုန့်နဲ့ မသန့်ရှင်းတဲ့လေထုကြောင့် မျက်နှာသစ်ကို သစ်ရပါမယ်နော်😼
မျက်နှာသစ်ပါ ဆိုလို့ ရေနဲ့ပဲ မသစ်ကြနဲ့ဦး❗အသားအရည်အတွင်းပိုင်းအထိ သန့်စင်ပေးနိုင်တဲ့ Facial Cleanser ကို ရွေးချယ်သုံးကြပါ။ Chemical မပါတဲ့ Organic Cleanser တွေကတော့ အသားအရည်အတွက် ရေရှည် အသင့်တော်ဆုံးပါပဲ🌷
Organic cleanserလည်း ဖြစ်ရမယ်။ Local Brandထဲက ဈေးသင့်ပြီး Qualityကောင်းတဲ့ Facial Cleanserရှာနေရင် 𝐏𝐢𝐧𝐤 𝐘𝐮𝐤𝐢 ရှိပါတယ်❣️
🥛ဖြူနုချောမွေ့ခြင်းအတွက် Milk Face Soap Cleanser
🌵စိုပြည်တင်းရင်းဖို့ Aloe Vera Face Soap Cleanser
🍋ကြည်တောက်ရှင်းစေမယ့် Honey Lemon Face Soap Cleanser
🍊ဝက်ခြံအနာအဆာကင်းစေမှာ Honey Orange Face Soap Cleanser
🥑ကျန်းမာနုပျိုခြင်းအတွက် Avocado Face Soap Cleanser
Organic cleanser တွေမို့လို့ စန်းစန်းတင့်တတ်တဲ့အသားအရည်ပိုင်ရှင်တွေကအစ အသုံးပြုနိုင်ပါတယ်✅
💁မှန်မှန်သစ်ပေးဖို့က ချစ်တို့တာဝန်....လှစေဖို့က Pink Yukiရဲ့တာဝန်🙋
🧼🌸𝐏𝐢𝐧𝐤 𝐘𝐮𝐤𝐢 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫🌸🧼
☎️𝐏𝐡𝐨𝐧𝐞 : 09 979 780 711
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 : အမှတ်(၄၄၈)၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
16/02/2022
"မိန်းကလေးတစ်ယောက်ရဲ့ အလှဆုံးအချိန်က အိပ်ရာနိုးခါစအချိန်ပဲ" လို့ ဆိုကြပါသတဲ့🌤️
ဒါဟာ မမှန်ဘူးလို့ ပြောချင်ပါတယ်။ တကယ့်အလှဆုံးအချိန်က အိပ်ရာကနိုးထလို့ မျက်နှာသစ်ပြီးသွားတဲ့အချိန်ပါ💃
ဘာမိတ်ကပ်မှမရှိသေးတဲ့ မျက်နှာ ဝင်းဝင်းလေးပေါ်မှာ ရေစက်လေးတွေ ခိုနေတာ ဘယ်လောက်ကြည့်လို့ကောင်းလိုက်သလဲဗျာ 💧
ဒီလိုကြည့်ကောင်းဖို့ အဓိကကူညီပံ့ပိုးပေးနိုင်တဲ့ Mail Sponsor ကတော့ 𝑷𝒊𝒏𝒌 𝒀𝒖𝒌𝒊 𝑭𝒂𝒄𝒆 𝑺𝒐𝒂𝒑 𝑪𝒍𝒆𝒂𝒏𝒔𝒆𝒓 ပဲ ဖြစ်ပါတယ်🧼
🥛ဖြူနုချောမွေ့ခြင်းအတွက် Milk Face Soap Cleanser
🌵စိုပြည်တင်းရင်းဖို့ Aloe Vera Face Soap Cleanser
🍋ကြည်တောက်ရှင်းစေမယ့် Honey Lemon Face Soap Cleanser
🍊ဝက်ခြံအနာအဆာကင်းစေမှာ Honey Orange Face Soap Cleanser
🥑ကျန်းမာနုပျိုခြင်းအတွက် Avocado Face Soap Cleanser
မျက်နှာအသားအရည်ရဲ့ လိုအပ်ချက်အလိုက် ရွေးချယ်သစ်ပေးရုံနဲ့ အချောလေးဖြစ်ပြီသာ မှတ်လိုက်တော့ ချစ်တို့ရေ😘
Organic cleanser တွေမို့လို့ စန်းစန်းတင့်တတ်တဲ့အသားအရည်ပိုင်ရှင်တွေကအစ အသုံးပြုနိုင်ပါတယ်✅
💁မနက်တစ်ကြိမ် ညတစ်ကြိမ် တစ်နေ့နှစ်ကြိမ် မှန်မှန်သစ်ပေးဖို့က ချစ်တို့တာဝန်....လှစေဖို့က Pink Yukiရဲ့တာဝန်🙋
🧼🌸𝐏𝐢𝐧𝐤 𝐘𝐮𝐤𝐢 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫🌸🧼
☎️𝐏𝐡𝐨𝐧𝐞 : 09 979 780 711
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 : အမှတ်(၄၄၈)၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
13/02/2022
🎶မနက်ခင်းလေးမှာ နိုးလာခဲ့...အရင်ဆုံး မင်းကိုလွမ်းပါတယ်🎶
8 am🕗
မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ တို့ကိုကိုဆီ message ပို့ဦးမှ ဟိဟိ👀 ဖုန်းဖွင့်ကြည့်လိုက်တော့ အံမယ်..ကိုကိုက ကိုယ့်ထက်ဦးအောင် စာပို့ထားပြီးသား " မောနင်း ဖြူလေး၊ နိုးပြီလား ကိုကို့သဲတုံးလေး😘 ဒီနေ့ သွားစရာတွေများလို့ ချိန်းထားတာ နောက်မကျစေနဲ့နော်...မွမွစ်"
အမလေး ကြည့်ပါဦး၊ ခေါ်တာက ဖြူလေးတဲ့🥺 ကိုယ့်နာမည်မှာ "ဖြူ" ဆိုတာမပါပါဘူး။ သူဝယ်ပေးတဲ့ Pink Yuki Milk Face Soap Cleanser နဲ့သစ်ပြီးတည်းက မျက်နှာလေးဖြူဝင်းနေလို့ဆိုပြီး ဖြူလေးပဲ ခေါ်တော့တာလေ။ ခုလည်း သူနဲ့တွေ့ရင် ရှယ် Glow နေအောင် Pink Yuki နဲ့ မျက်နှာသစ်ရဦးမယ်။ မိတ်ကပ်တွေ အွန်ရမှာဆိုတော့ အောက်ခံအသားအရည် စိုပြည်နေအောင် Avocado Face Soap Cleanserလေးသုံးလိုက်မှပဲ။
10 am 🕙
အမလေးတော် ...နောက်မကျအောင် မြန်မြန်ပြင်ပါတယ်ဆိုမှ ဆယ်နာရီတောင် ထိုးသွားပါရောလား။ ဒါတောင် စကတ်ဝတ်မလား? ဂါဝန်လား? ဂျင်းဘောင်းဘီနဲ့ Crop Topလား? ရွေးရသေးတာမဟုတ်။
ချလပ် ချလပ်(ဓာတ်ပုံရိုက်သံ)
မသွားခင် မလာခင် Mirror Selfie ရိုက်ပြီး ဟိုဘဲပစ်မကို ပုံပို့ဦးမှ၊ " ဟဲ့ကမ ...ငါလှလား"✉️ စာက Sent ပေမယ့် Delivered မပြတော့ ဘဲပစ်မ မနိုးသေးတာပဲဖြစ်မယ်။ အေးပေါ့လေ... သူ့ခမျာ ဘဲပစ်ခံရတော့ Valentine's Dayလည်း အိပ်နေရုံပေါ့ သနားလိုက်တာ ကျွတ်စ်။ ကိုကို့ဆီက ချောကလက်ရမှ တစ်တုံးရဲ့ တဝက်လောက် ဝေမျှကျွေးလိုက်ပါမယ်။
11 am🕚
ဟော...ရှေ့မှာ ထိုင်နေတာကိုကိုပဲ၊ လက်ထဲမှာ ပန်းစည်းတော့တွေ့ပြီ..ဘေးမှာ အိတ်တော့တွေ့တယ်။ ချောကလက်နဲ့ အခြားလက်ဆောင်ပါပါ့မလား🤔 သူငယ်ချင်းတွေကို ပတ်ကြွားထားတာ၊ လက်ဆောင်ရတာနည်းရင် အတင်းတုတ်ခံရတော့မှာပဲ။ တွေးရင်းတောရင်း ကိုကို့နားရောက်သွားတော့
🙍 " ဖြူလေးရယ် စောင့်လိုက်ရတာ၊ အရမ်းကြာတာပဲ"
👸" ဘာလဲ ကိုကိုက ငြိုငြင်တာလား၊ ဒါလေးတောင် မစောင့်နိုင်ဘူးလား၊ အရင်စော်တွေတုန်းက စောင့်နေကျမလား၊ တွဲခါစက ဘယ်လောက်ကြာကြာစောင့်တယ်လေ၊ ခုတော့ အချိုးပြောင်းပြီပေါ့......ဘလာ ဘလာ(ဆယ့်ငါးမိနစ်ရန်ရှာပြီးနောက်)
🙆" မဟုတ်ပါဘူးကွာ..ဘယ်လောက်ကြာကြာ စောင့်ရစောင့်ရ ဖြူလေးရဲ့ မျက်နှာလှလှလေးကို မြင်ရတာ အမောကိုပြေသွားတာပဲ ။ ဒီမှာပန်းစည်း💐..နောက်ပြီး ဖြူလေးအတွက် surprise giftပါလာတယ် ဘာဖြစ်မလဲ မှန်းကြည့်"
👸" ဟယ် ဟုတ်လား? ပြပြ ခုပြ၊ မှန်းရတာ စိတ်မဝင်စားဘူး"
🙆" ဟောဒီမှာ ဖြူလေးရဲ့အသည်းစွဲ Pink Yuki Face Soap Cleanser မျိုးစုံပါဗျား❣️ကြိုက်မှန်းသိလို့ သက်စေ့ဝယ်လာတယ် ဟဲဟဲ"
ပျော်တော့ပျော်ပေမယ့် စိတ်ထဲမှာတော့ ကြိတ်တွေးမိပါတယ်။ ဒီကောင် အရင်ကဆို တစ်ခါဝယ် ဆပ်ပြာတစ်တုံးပဲရယ်...ခု Valentine Promotionရှိမှ သက်စေ့ဝယ်လာတာ မသိရင်ခက်မယ်🙄
ဒီလိုနဲ့ တစ်နေ့လုံး မိုင်ဒေးတင်ဖို့ လက်ဆောင်ကို ရှုထောင့်အမျိုးမျိုးရိုက်ရ၊ လက်ဆောင်နဲ့ ကိုယ်နဲ့ ပို့စ်အမျိုးမျိုးရိုက်ရ မောသွားတာပဲ။ ရည်းစားက အင်္ကျီဘာအရောင်ဝတ်လာလဲတောင် သတိမထားမိလိုက်ပါဘူးရှင်😁
12 am🕛
တစ်နေ့လုံး အပြင်ထွက်လည်တော့ နေဒဏ်လေဒဏ်ကြောင့် မျက်နှာလေးတောင် ညိုသွားသလိုပဲ။ ဝက်ခြံကလည်း ထွက်လာသေးတယ်🥺ဒါပေမယ့် စိတ်မပူပါဘူး...Pink Yuki Honey Lemon Face Soap Cleanserနဲ့သာ သစ်လိုက်ရင် ဝက်ခြံလေးချပ်သွားပြီး မျက်နှာလေး ပြန်ကြည်သွားမှာ🍋
မျက်နှာသစ်၊ Skincare ပြီး မအိပ်ခင် ဟိုဘဲပစ်မကို စာထပ်ပို့ဦးမှ
" ဟဲ့...ဘဲမြန်မြန်ရအောင် Pink Yuki Face Soap Cleanser သာ ဝယ်သစ်ပစ်လိုက်..ပိုက်ဆံမနှမြောပဲ လူသားဆန်ပစ်လိုက် ကမရေ"
The end 💐
13/02/2022
**ဖေဖော်ဝါရီ (၁၃)**
မြန်မာပြည်၏ လွတ်လပ်ရေးအတွက် ကိုယ်ကျိုးမငဲ့ပဲ အသက်ကိုစွန့်၍ ကြိုးပမ်းပေးခဲ့ပါသော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၇) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။
"ဗိုလ်ချုပ်မွေးနေ့ ဘယ်တော့မှ တို့တွေမမေ့နိုင်ပါ"
𝐏𝐢𝐧𝐤 𝐘𝐮𝐤𝐢 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫
10/02/2022
Pink Yuki ရဲ့ Valentine's အထူးဈေးဗန်းလေး လာပါပြီ🎀
ဘာတွေပါမလဲဆိုတော့ စိုပြည်ခြင်း၊ တောက်ပခြင်းနဲ့ နုပျိုခြင်းဆိုတဲ့ သဘာဝအလှတရားတွေ ပါပါမယ်🌸
❣️Happy Valentine's Promotion ❣️
11.2.2022 မှ 15.2.2022 အထိ Pink Yuki မှ Organic productsများကို အထူးလျှော့ဈေးနဲ့ ဝယ်ယူနိုင်မှာပါ
Face Soap Cleanser ~1,000 kyats (မူရင်းဈေး- 1500 kyats)
Shower Cream ~ 7,000 kyats (မူရင်းဈေး-9,000 kyats)
ချစ်သူ့မျက်နှာလေး လှသည်ထက်လှအောင်ဆိုပြီး Valentine လက်ဆောင်ပေးလိုက်လို့ကတော့ ချစ်သူက သိပ်သဘောကျမှာ သေချာပါတယ်❤️ 14 ရက်နေ့မတိုင်ခင် မြန်မြန်ကြိုဝယ်ထားပါ။
Valentine's Dayမှာ နေပူထဲလျှောက်လည်ပြီး အသားအရည်တွေ ပျက်စီးကုန်မှာဆိုတော့ Skincare ပြန်လုပ်ဖို့ ဝယ်ထားချင်လည်းရ🙄
Single လေးတွေလည်း ပပဝတီလို Glow နေဖို့ Organic Skincareတွေ သုံးသင့်တယ်နော်😚 Promotion ရှိတုန်း ဝယ်ချထားလိုက်....
🧼🌸𝐏𝐢𝐧𝐤 𝐘𝐮𝐤𝐢 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫🌸🧼
☎️𝐏𝐡𝐨𝐧𝐞 : 09 979 780 711
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 : အမှတ်(၄၄၈)၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
08/02/2022
❓ ဆောင်းလေအေးကြောင့် အသားတွေ ခြောက်သွေ့ပြီး ကြည့်ရဆိုးလိုက်တာ...နဂိုတည်းက Dry Skin သမားဆိုတော့ ပိုဆိုး😔ကယ်ပါဦး Pink Yuki ရေ"
👸"ဒီအတွက် စိတ်မပူနဲ့တော့နော်..Dry Skin အတွက် အသင့်တော်ဆုံး Face Soap Cleanserနဲ့ Body Shower Cream ကို ညွှန်းပေးလိုက်ပါမယ်။ ဆောင်းတွင်းမှ အဖြစ်များတဲ့ အသားပတ်ခြင်း၊ အရေပြားအက်ကွဲခြင်းတွေကို ကာကွယ်ပေးပြီး ရေချိုးပြီးချိန်တိုင်း အစိုဓာတ်ကို ထိန်းပေးနိုင်တဲ့
🍈 Cantaloupe Shower Cream + 🌵 Aloe Vera Face Soap Cleanser ကို သုံးပေးနိုင်ပါတယ်"
❓" အဆီဖုနဲ့ ဝက်ခြံထွက်ပြီး အဆီပြန်တဲ့အသားအရည်တွေကရော ဘာသုံးရမလဲ "
👸" ကျောပြင်မှ အများဆုံးပေါက်တတ်တဲ့ Body Acneနဲ့ မိတ်ဖုတွေ၊ ယားယံတာတွေကို အရှင်းပျောက်ပြီး ကြည်လင်စေမယ့် 🍊 Orange Shower Creamကို ခန္ဓာကိုယ်အတွက်သုံးပါ။
ဆားဝက်ခြံ၊ အဆီဖုအပါအဝင် ဝက်ခြံပြဿနာတွေကို ဖြေရှင်းပေးပြီး ချွေးပေါက်ထိန်းပေးမယ့် Honey Orange Face Soap Cleanserကို မျက်နှာအတွက် သုံးမယ်ဆို လုံးဝ Perfectပဲ"
❓" နေဒဏ် လေဒဏ်ခံရပြီး ပျက်စီးနေတဲ့အသားအရည်ကရော Pink Yukiသုံးရင် သက်သာနိုင်သေးရဲ့လား😔"
" ပျက်စီးနေတဲ့ အသားအရည်ကို Skin Specialistလို ကုသပေးဖို့ Strawberry Shower Creamလေးက ရယ်ဒီပဲနော်....ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ကျန်းမာတဲ့ ဆဲလ်သစ်ကို ဖန်တီးပေးလို့ Baby Skin လို နုအိနေတော့မှာ။ မျက်နှာအသားအရည် အတွက်က အနူးညံ့ဆုံး ကုစားပေးနိုင်တဲ့ Milk Face Soap Cleanser လေးသာ သုံးကြည့် 🥛"
❓" အထိခိုက်မခံနိုင်တဲ့ Sensitive Skin တွေသုံးမယ်ဆို စိတ်ချရရဲ့လား"
👸" Pink Yuki Productတွေက organic စစ်စစ်မို့ စိတ်သာချ"
❓" ဈေးနှုန်းကရော"
👸" Face Soap Cleanser - 1,500 kyats
Body Shower Cream - 9,000 kyats"
🧼🌸𝐏𝐢𝐧𝐤 𝐘𝐮𝐤𝐢 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫🌸🧼
☎️𝐏𝐡𝐨𝐧𝐞 : 09 979 780 711
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 : အမှတ်(၄၄၈)၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
05/02/2022
မျက်လုံးလေးတစ်ဖက်ကို မှိတ်ပြလိုက်ရုံနဲ့ နောက်ကနေတစ်ပုံကြီးပါလာဖို့ဆို မျက်နှာလေး ဝင်းပပြီး Glow နေဖို့ လိုမယ်နော်😉
ဝင်းပပမျက်နှာလေးနဲ့ လူကြားထဲ ထင်းနေအောင် Glow ဖို့ အရေးကြီးဆုံးအခြေခံအချက်ကတော့...❓
မျက်နှာ Cleaning အပိုင်းပါပဲ 🤗
တစ်နေ့လုံးသွားလာလှုပ်ရှားရင်း ကပ်တွယ်လာတဲ့ မျက်နှာပေါ်က အညစ်အကြေးတွေကိုဖယ်ရှားပစ်ဖို့ ညအိပ်ခါနီးတိုင်း မျက်နှာသစ်ရသလို...
မနက်ခင်းမှာလည်း မျက်နှာအသားအရည်ကို အားဖြည့်ဖို့ မျက်နှာသစ်ပေးရတယ်ဟုတ်🧏
ရိုးရိုးဆပ်ပြာနဲ့ ကြုံသလို သစ်နေရင်တော့ Glow လာမှာမဟုတ်ဘူးနော်...သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ Organic Soap လေးတွေ သုံးမယ်ဆို Side effectကင်းကင်းနဲ့ စိတ်ချလက်ချ Glow နိုင်ပါတယ်🌸
မျက်နှာသစ်ပြီးတိုင်း ပိုပိုလှစေချင်တဲ့ ရည်ရွယ်ချက်နဲ့ Pink Yuki ကနေ Organic Face Soap Cleanser လေးတွေ ထပ်မံထုတ်လုပ်လိုက်ပါပြီ
🍊Honey Orange Face Soap Cleanser
ဘတ်တီးရီးယားတွေကို ပိုးသတ်ပေးနိုင်တဲ့ လိမ္မော်နဲ့ အသားအရည် ရောင်ရမ်းမှုကို သက်သာစေတဲ့ ပျားရည်တို့ ပေါင်းစပ်မှုကြောင့် ဝက်ခြံ၊ အဆီဖုတွေကို သက်သာစေပြီး နူးညံ့စေပါတယ်
🍋Honey Lemon Face Soap Cleanser
ကြည်တောက်ရှင်းပြီး ချောမွေ့ချင်ရင် Honey Lemonကိုရွေးနော်...သူ့မှာ ထူးခြားတာက protein ကြွယ်ဝတဲ့ ရွှေပိုးအိမ်လေးတွေကို ထည့်ပေးထားတာပါ။ Protein နဲ့ အားဖြည့်ပေးပြီး ဝက်ခြံအမာရွတ်တွေကို အထူးသက်သာစေတဲ့အပြင် အသားရောင်မညီတာအတွက် ရွေးချယ်သင့်တဲ့ Cleanser လေးပါ။
🥑 Avocado Face Soap Cleanser
ပုံမှန်အသားအရည်ပိုင်ရှင်တွေအတွက် အသင့်တော်ဆုံးပါပဲ။ ထောပတ်သီးက အသားအရည်ကို အစိုဓာတ်ထိန်းပေးတယ်... ကျန်းမာအောင် အားဖြည့်ပေးတာကြောင့် သူနဲ့မျက်နှာသစ်ပြီး ဘယ်လို skincareထပ်လိမ်းလိမ်း အပြည့်အဝစုပ်ယူနိုင်လို့ ဂွတ်ရှယ်ပဲနော်
🌵Aloe Vera Face Soap Cleanser
ခြောက်သွေ့တဲ့ အသားအရည်ကို ရေဓာတ်ဖြည့်ပေးနိုင်တဲ့ Cleanser လေးပါ။ ချွေးပေါက်တွေကို ထိန်းညှိပေးပြီး အသားအရည်ကို ကြည်လင်စိုပြည်စေပါတယ်။
🥛Milk Face Soap Cleanser
ဖြူဖွေးအိစက်နေစေဖို့ဆို Milk Cleanser က လုံးဝကူညီပေးပါတယ်။ မျက်နှာသစ်ပြီးတိုင်း အစိုဓာတ်ခန်းမသွားပဲ ချောချောအိအိလေး ကျန်ခဲ့မယ့်အပြင် ပုံမှန်အသုံးပြုပေးပါက ဖြူစင်ကြည်လင်စေမှာပါ။
Face Soap Cleanserအကုန်လုံးက Organic စစ်စစ်မို့လို့ ထိခိုက်လွယ်တဲ့ စန်းစန်းတင့်အသားအရည်ပိုင်ရှင်တွေပါ သုံးလို့ရတဲ့အထိ safe ဖြစ်ပါတယ်။
ရနံ့လေးတွေကလည်း သဘာဝအတိုင်းသင်းသင်းလေး မွှေးတာကြောင့် အသားအရည်လည်းကြည်စေ၊ စိတ်လည်းလန်းဆန်းစေပဲနော်🌸
ဈေးနှုန်းကတော့ ၁,၅၀၀ ကျပ်ပါရှင့်
Pink Yukiရဲ့ Organic Face Soap Cleanser ကိုသုံးပါ💗 မျက်နှာသစ်ပြီးတိုင်း စိတ်ချမ်းသာမှုကို ရယူပါ
🌸𝐏𝐢𝐧𝐤 𝐘𝐮𝐤𝐢 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫🌸🧼
☎️𝐏𝐡𝐨𝐧𝐞 : 09 979 780 711
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 : အမှတ်(၄၄၈)၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01/02/2022
🌸Gōng Xǐ Fā Cái🧧
တရုတ်နွယ်ဖွား အသဲလေးတို့အပြင် page ကိုကူShare ပေးခဲ့ကြတဲ့ အချောလေးတွေနဲ့ ၀ယ်ယူအားပေးခဲ့ကြတဲ့ ကာကာလေးတွေအားလုံးဒီနှစ်ရမဲ့အန်ပေါင်းတွေက အရင်နှစ်တွေထက်ပိုပြီး အများကြီးရပါစေရှင်💗။
နှစ်သစ်ကျားရဲ့အရှိန်အဟုန်နဲ့အတူ အတားအဆီးမရှိ ပိုက်ဆံတွေဇွတ်အတင်း၀င်လာပါစေလို့လည်းထပ်မံပြီးတော့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် !
28/01/2022
Shower Cream လား❓ Shower Gel လား❓
ကျွန်မတို့နေစဉ် Super Market တွေမှာ ရေချိုးဆပ်ပြာမျိုးစုံကို မြင်တွေ့နေရပါတယ် 🧼 Cream, Gel, Scrub, Cream-Gel, Scrub Gel, Body Wash မျိုးစုံပါပဲရှင်။ တကယ်လို့အဲ့တာတွေထဲက Creamနဲ့ Gel နှစ်ခုပြိုင်ပြီးရွေးချယ်ရတော့မယ်ဆိုရင်တော့ နှစ်ခုစလုံးကို ကွဲကွဲပြားပြားသိထားခြင်းက ကိုယ်နဲ့တကယ်လိုက်ဖက်တဲ့ ဆပ်ပြာမျိုးကိုပဲရွေးချယ်မိစေမှာပါရှင့်။ ပထမဆုံးသိထားရမှာက များသောအားဖြင့် ဒီProductက ဘယ်ဆပ်ပြာအမျိုးအစားပါဆိုပြီး တိတိကျကျရေးထားတာရှားပါတယ် ဒီတိုင်း ingredients တွေကြည့်ပြီး ဘယ်လိုဆပ်ပြာမျိုးဖြစ်နိုင်တယ်ဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်ရပါတယ်။
𝐒𝐡𝐨𝐰𝐞𝐫 𝐂𝐫𝐞𝐚𝐦 🌸
Shower Cream များက moisturising ဖြစ်စေပြီးများသောအားဖြင့် အရောင်နောက်နောက် လေးတွေပါရှင့်။ Shower Gel များလိုပြစ်ချွဲမနေပဲ ပါးလွှာတဲ့ပုံစံရှိပြီး အမြှုပ်များများထွက်ပါတယ်။ ရေချိုးခြင်းအပြင် Shaving, Bubble Bath လုပ်ရင်လည်း အသုံးပြုကြပါတယ်။
𝐒𝐡𝐨𝐰𝐞𝐫 𝐆𝐞𝐥 🌸
Shower Gel တွေကတော့ အကြည်ရောင်ဓာတ်ခံ ပြစ်ချွဲချွဲပုံစံရှိပြီး တော်တော်များများက Cream လိုပဲအမြှုပ်ထကြပါတယ်။ Shower Gel ရဲ့ဘူးကအကြည်ရောင်ဆိုရင် ဘူးထဲမှာ ပလုံစီလေးတွေထနေတာကို တွေ့ရပါတယ်။
🌸 𝐒𝐡𝐨𝐰𝐞𝐫 𝐂𝐫𝐞𝐚𝐦နဲ့ 𝐒𝐡𝐨𝐰𝐞𝐫 𝐆𝐞𝐥 (၂)ခုဘာကွာလည်း ❓ Creamနဲ့ Gel ဆပ်ပြာ(၂)မျိုးစလုံးမှာ အဓိကအားဖြင့် မတူညီတာကတော့ ပါ၀င်ပစ္စည်းတွေပါပဲ။ Shea butter, Coconut oil အပြင် အသားရည်ရဲ့ Cleaning Agents ထဲက polyglucose စတဲ့ ingredients တွေကို Shower Cream တွေထဲမှာတွေ့ရပြီး များသော အားဖြင့် အသားဖြူစေဖို့နဲ့ နို့နှစ်ရောင်အသားရည်ပိုင်ဆိုင်နိုင်စေသော ingredients တွေဖြစ်ကြပါတယ်။
Shower Gel ရဲ့ ingredients ထဲမှာတော့ emulsifying agent တွေဖြစ်တဲ့ guar gum နဲ့ Glycerine တို့ပါ၀င်ပြီး Aloe vera gel ကိုလည်း တချို့ ingredients တွေထဲတွေ့ရပါတယ်ရှင့်။ Cleaning agent ကတော့ polyglucose ပဲ ပါ၀င်ပြီး Shower Gel တွေက အရေပြားရောဂါပိုးတွေကို ဖယ်ရှားပေးဖို့ထုတ်လုပ်ကြပါတယ်။ Brazilian 4 Play ဆိုရင်နှစ်မျိုးပေါင်းထားတဲ့ Cream-gel အမျိူးစားပါ ( 26$ တဲ့🥲)။
🌸ဘယ်ဟာကပိုကောင်းလဲ ❓
Shower cream ကောင်းလား Shower gel ကောင်းလားဆိုတာကတော့ ကိုယ့်ရဲ့အသားရည်မျိုးနဲ့ဆိုင်ပါတယ်။ ခုလိုအေးတဲ့အချိန် ဆောင်းရာသီနဲ့ ခြောက်သွေ့တဲ့ ရာသီများမှာတော့ အသားရည်အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့ Shower Cream လေးတွေကသင့်တော်ပါတယ်ရှင့်။ Shower gel ကတော့ အဆီပြန်တတ်တဲ့အသားရည်၊ ၀က်ခြံထွက်တတ်တဲ့အသားရည်မျိုးနဲ့ ပုံမှန်အသားရည်ပိုင်ရှင်များကတော့ Shower gel ကိုအသုံးပြုလေ့ရှိကြပါတယ်။ Cooling ပါတဲ့ gel မျိုးဆိုရင်တော့ ပူအိုက်တဲ့ရာသီမျိုးမှာ အသုံးပြုရတာအဆင်ပြေပါတယ်။
ပုံမှာ Shower Cream ဘက်ကလင်းပြီး၊ Shower Gel ဘက်ကမှိန်နေတာကြောင့် Shower Gel ကိုမကောင်းဘူးလို့ ဆိုလိုချင်တာမဟုတ်ပဲ အသားရည်ဂရုစိုက်လေ့ရှိတဲ့အသဲတို့အတွက်ဆိုရင်တော့ shower cream လေးတွေက အသဲတို့လိုချင်တဲ့ GOAL ကိုမြန်မြန်ရောက်အောင် ကူညီပေးနိုင်ပါတယ်နော်။ ဒါပေမဲ့ Shower Cream များဟာအလှအပတွက်ရည်ရွယ်ပြီး ထုတ်လုပ်တာဖြစ်တဲ့အတွက်ကြောင့် ရောဂါပိုးမွှားတွေကိုတော့ Gel လောက်မဖယ်ရှားပေးနိုင်ဘူးပေါ့။ ဖြစ်နိုင်ရင် Gel နဲ့အရင်တိုက်ပြီးရင် Cream နဲ့ထပ်တိုက်..အဲ့လယ်😁။
🌸 𝐏𝐢𝐧𝐤 𝐘𝐮𝐤𝐢 မှထုတ်လုပ်နေသော Shower Cream များကို main ingredients အပါအ၀င် အခြား Organic ingredients (၁၁)မျိုးနဲ့ပြုလုပ်ထားလို့ ပျက်ဆီးနေတဲ့အသားရည် ပြန်လည်ကုသဖို့နဲ့ အသားရည်ဖြူဖွေးပြီး၀င်းပဖို့ အားဖြည့်ကူညီပေးပါတယ်။ 📢 Sponge နဲ့ဆိုရင်ပိုပြီး အမြှုပ်ထလို့ တစ်ဘူး၀ယ် တစ်ခုလက်ဆောင် ထည့်ပေးထားပါတယ် ❗
Shower (၃)မျိုးခွဲခြားထားပါတယ်ရှင့်
🍓𝑆𝑡𝑟𝑎𝑤𝑏𝑒𝑟𝑟𝑦 𝑆ℎ𝑜𝑤𝑒𝑟 𝐶𝑟𝑒𝑎𝑚🍓
https://www.facebook.com/103051588881496/posts/122719346914720/
🍈𝐶𝑎𝑛𝑡𝑎𝑙𝑜𝑢𝑝𝑒 𝑆ℎ𝑜𝑤𝑒𝑟 𝐶𝑟𝑒𝑎𝑚🍈နဲ့
https://www.facebook.com/103051588881496/posts/123582493495072/
🍊𝑂𝑟𝑎𝑛𝑔𝑒 𝑆ℎ𝑜𝑤𝑒𝑟 𝐶𝑟𝑒𝑎𝑚 🍊
https://www.facebook.com/103051588881496/posts/124306943422627/
အသေးစိတ်သိရှိလိုတာလေးတွေကို Messenger ကနေဖြစ်ဖြစ် ဖုန်းကနေပဲဖြစ်ဖြစ်ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်ရှင့်။ နောက်ဆုံးအနေနဲ့ လှည်းတန်းက ပဒုမ္မာဥမ္မာစတိုး နဲ့ စမ်းချောင်းက DN collection and DN stores တို့မှာ 🌸𝐏𝐢𝐧𝐤 𝐘𝐮𝐤𝐢 𝐒𝐡𝐨𝐰𝐞𝐫 𝐂𝐫𝐞𝐚𝐦🌸 လေးတ______________________________________________________________________..💖 နှစ်လိုဖွယ် အသားအရည်နှင့် သင်းပျံ့သော ကိုယ်ရနံ့အ__________________________________________________________________________________
🧼🌸𝐏𝐢𝐧𝐤 𝐘𝐮𝐤𝐢 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫🌸🧼
☎️𝐏𝐡𝐨𝐧𝐞 : 09 979 780 711
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 : အမှတ်(၄၄၈)၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
#ရေချိုးဆပ်ပြာ #သဘာဝ
22/01/2022
🌸ငယ်ငယ်က ရေချိုးပျင်းတဲ့ တပည့်တွေကို ဆရာကဆုံးမဖူးတယ် "ရေချိုးတယ်ဆိုတာ တကယ်တမ်းတော့အနားယူတာပဲကွ၊ အဲ့အချိန်ကမင်းရဲ့ကိုယ်ပိုင်အချိန်ပဲ၊ အဲ့ရေချိုးနေတဲ့အချိန်မှာ မင်းသီချင်းတွေ အာဗြဲနဲ့အော်လည်းဘာမှမဖြစ်ဘူး🥳၊ သီချင်းဖွင့်ပြီး လျှောက်ကနေလည်းဘာမှမဖြစ်ဘူး💃၊ အဓိက ကအဲ့အချိန်လေးမှာ ပြည့်ပြည့်၀၀အနားယူနိုင်ဖို့နဲ့ စိတ်ထွက်ပေါက်တစ်ခုပေးနိုင်ဖို့" တဲ့🧖🏻♀️။
🌸ပျိုမေလေးတို့ရော Foam ပုံစံဆပ်ပြာမြှုပ်အပြည့်၊နူးညံ့တဲ့ထိတွေ့မှုတွေနဲ့ အတူရေချိုးပြီး 𝐶ℎ𝑖𝑙𝑙 ရမယ်ဆိုဘယ်လိုလဲ❔ 𝐏𝐢𝐧𝐤 𝐘𝐮𝐤𝐢 ရဲ့ 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐒𝐡𝐨𝐰𝐞𝐫 𝐂𝐫𝐞𝐚𝐦 လေးတွေရဲ့ ပုံမှန်တွေ့နေကြရေချိုးဆပ်ပြာတွေနဲ့မတူပဲ အားသာတဲ့အချက်က ☁️𝑭𝒐𝒂𝒎☁️ ပုံစံဆပ်ပြာမြှုပ်လေးတွေကြောင့်ပါပဲ။ ပါ၀င်ပစ္စည်းတွေကလည်း Organic ပစ္စည်းတွေဖြစ်လို့ ဓာတ်မတည့်တာမျိုး စိတ်မပူရပါဘူး။ 𝐒𝐡𝐨𝐰𝐞𝐫 𝐂𝐫𝐞𝐚𝐦 တစ်မျိုးချင်းစီကလည်း အသားရည်အတွက် မတူညီတဲ့အားဖြည့်ပုံမျိုးနဲ့ ကူညီအားဖြည့်ပေးပါတယ်ရှင့်။ 💁🏻♀️ဒီ 𝐒𝐡𝐨𝐰𝐞𝐫 𝐂𝐫𝐞𝐚𝐦 လေးတွေကိုပင်ရင်းဖြစ်တဲ့ အမှတ်(၄၄၈)၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှာ၀ယ်ယူနိုင်သလို 📍လှည်းတန်းမြို့နယ်က ပဒုမ္မာဥမ္မာစတိုး နဲ့ 📍စမ်းချောင်းမြို့နယ်က DN collection and DN stores စတဲ့ဆိုင်တွေမှာလည်း ၀ယ်ယူနိုင်နေပြီနော်။
_________________________________________..💖 နှစ်လိုဖွယ် အသားအရည်နှင့် သင်းပျံ့သော ကိုယ်ရနံ့အတွက် 🌸𝐏𝐢𝐧_________________________________________________________________________
🧼🌸𝐏𝐢𝐧𝐤 𝐘𝐮𝐤𝐢 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫🌸🧼
☎️𝐏𝐡𝐨𝐧𝐞 : 09 979 780 711
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 : အမှတ်(၄၄၈)၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11191
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 12:00 |