Akari Min Japan Kitchenwears Collection

Akari Min Japan Kitchenwears Collection

Share

kitc

19/01/2025

Hello မေ့နေကြပီလား
Page မသုံးတာကြာလို့ညကိုယ့်အသဲတွေကို လာနှုတ်ဆက်တာ

Perfluorooctanoic Acid (PFOA), Perfluorooctane Sulfonate (PFOS), and Related Chemicals 15/01/2023

ဘယ်လို မကပ်တဲ့ ဒယ်အမျိုးအစားကို ရွေးသုံးကြမလဲ

မကပ်တဲ့ဒယ် အမျိုးအစားတွေကလည်း များလိုက်တာ
ဘယ်လိုအမျိုးအစားကို ဝယ်သုံးရင်ကောင်းမလဲ...............?
တစ်ခါဝယ်ပြီးရင်ရော ဘယ်လောက်ကြာကြာသုံးလို့ရမလဲ.?
ကိုယ်သုံးနေတဲ့ ဒယ်အမျိုးအစားကိုလိုက်ပြီး လိုက်နာရမယ့်အချက်တွေက ဘာတွေလဲ.........?
ကဲ အောက်မှာ ဒယ်အမျိုးအစားအလိုက် ရှင်းပြထားတာတွေ ကြည့်လိုက်ကြရအောင်

PTFE (Polytetrafluoroethylene or Teflon) coated Pan (တက်ဖလွန် မကပ်အိုး)

ဒီအမျိုးအစားက ဈေးကွက်ထဲမှာ အများဆုံးတွေ့ရတဲ့ အမျိုးအစားဖြစ်တယ် ဈေးသင့်တင့်တယ် ကြာရှည်မခံဘူး Non-stick pan ဖြစ်အောင် PTFE အမျိုးအစား (သူ့ကို Teflon လို့လည်း ခေါ်သေးတယ်) ကို သုတ်လိမ်းထားတယ်
အများစုက အမဲရောင်အနေနဲ့ သုတ်လိမ်းထားတာဖြစ်တယ် အခြားအရောင်တွေလည်း ရှိတယ်

မကောင်းတဲ့အချက်က အပူချိန်အရမ်းမြင့်လို့ မရဘူး Teflon ဟာ အပူချိန် 572F (300C) နဲ့အထက်ရောက်တာနဲ့ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ Toxic Gases တွေ လေထဲကို ထုတ်လုပ်ပါတယ် အဲ့ဒီလေကို ရှူမိရာကနေ polymer fume fever or Teflon flu လို့ခေါ်တဲ့ ရောဂါတစ်မျိုး ခံစားရမှာဖြစ်ပါတယ်

ရောဂါလက္ခဏာတွေက
ခေါင်းကိုက်မယ်
ရုတ်တရက် အပူကြီးမယ်
ချမ်းတုန်လာမယ်
ကိုယ်လက်ညောင်းညာကိုက်ခဲမယ် စတဲ့ ရာသီပေါ်တုပ်ကွေးလက္ခဏာတွေ ဟာ အဆိပ်အတောက်တွေရှူပြီး ၄ နာရီကနေ ၁၀ နာရီအတွင်း ပေါ်လာပါ့မယ်

ဒါပေသိ ဒီလိုဖြစ်ပေါ်ခြင်းဟာ တစ်ရက်ကနေ ၂ ရက်လောက်နေရင် ပြန်ကောင်းသွားတတ်ပါတယ်

ဒါကြောင့် အပူချိန်အရမ်းမြင့်အောင် အသုံးပြုရတဲ့ ဆီထဲနှစ်ပြီး ကြော်ရတဲ့ အခြေအနေမျိုးတွေမှာ အသုံးပြုဖို့ အဆင်မပြေလှပါဘူး မီးအေးအေးနဲ့ အသားတွေ ပဲတွေနှပ်တာမျိုးဆိုရင်တော့ အဆင်ပြေမှာပါ
သတိထားရမယ့်အချက်တွေက
စတီးနဲ့ သံလို ပန်းကန်ဆေးဖတ်တွေနဲ့ ဆေးကြောလို့မရဘူး
572F (300C) နဲ့အထက် အပူချိန်မမြင့်ရဘူး
ယောင်းမက အသားယောင်းမ သို့မဟုတ် ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ ယောက်ဇွန်းတွေပဲ အသုံးပြုသင့်ပါတယ်
မကပ်တဲ့ဆေးအရောင်ကွာသွားပြီဆိုရင်တော့ ဆက်အသုံးပြုဖို့ မသင့်တော့ပါဘူး (ပျမ်းမျှအသုံးပြုချိန် ၂ နှစ်ကနေ ၅ နှစ် အထိ)

အရေးကြီးတဲ့ အချက်က
PFOA Perfluorooctanoic Acid or C8 ဒြပ်ပေါင်းမပါဝင်ကြောင်းပါတဲ့ စာအမှတ်အသားကို ရွေးဝယ်ဖို့လိုပါလိမ့်မယ် မိမိဝယ်မယ့် ဒယ်အမျိုးအစားရဲ့ အမှတ်တံဆိပ်မှာ No PFOA or PFOA free ဆိုတဲ့ စာသားပါတာကို ရွေးချယ်ဝယ်ယူဖို့ လိုပါလိမ့်မယ်

PFOA or C8 ဒြပ်ပေါင်းပါဝင်ခဲ့မယ်ဆိုရင် ဒီဒယ်ကို အသုံးပြုပြီး ချက်ပြုတ်ထားတဲ့ အစားအသောက်တွေမှာ Carcinogen လို့ ခေါ်တဲ့ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ထုတ်ပေးနိုင်လို့ပါ
PFOA ကြောင့် ရင်သား၊ ဆီးကျိတ်၊ ကျောက်ကပ်၊ အသဲ၊ အမမျိုးဥအိမ်၊ သားအိမ်နဲ့ ပတ်သက်တဲ့ ကင်ဆာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သုတေသနစာတမ်းအချို့က ထောက်ပြထားပါတယ်

Ceramic Coated Non-stick Pan (ကြွေ သို့မဟုတ် မြေထည်အိုး)

တကယ်တော့ ကြွေဆေးသုတ်ထားတာမဟုတ်ဘူး Sol-gel coating လို့ ခေါ်တဲ့ အလွှာလေးသုတ်ထားပေးတယ် သူကနေ ဒယ်အသုံးပြုချိန်မှာ Silicone oil စီလီကွန်းအဆီထုတ်ပေးပါတယ် ဒါကြောင့် ceramic non-stick coating လို့ ခေါ်တာဖြစ်ပါတယ် PTFE မပါဝင်လို့ Teflon Flu လို ကျန်းမာရေးထိခိုက်နိုင်တာ မရှိဘူး

သတိထားရမယ့် အချက်တွေက
စတီးနဲ့ သံလို ပန်းကန်ဆေးဖတ်တွေနဲ့ ဆေးကြောလို့မရဘူး
အပူချိန် 650F (343C) အထိ အသုံးပြုလို့ရတယ်
ယောင်းမက အသားယောင်းမ သို့မဟုတ် ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ ယောက်ဇွန်းတွေပဲ အသုံးပြုသင့်ပါတယ်
Teflon coated Pan ထက်စာရင်တော့ အချိန်ကြာကြာပိုပြီးတော့ အသုံးခံပါတယ်
ချက်ပြီးတဲ့ ဟင်းတွေကို အပူထိန်းပေးနိုင်တဲ့အား ပိုကောင်းပါတယ်

Stone Non-stick Pan (ကျောက်အိုး)

ကျောက်အိုးကိုတော့ ကာဗွန်ပါသော စတီးအမျိုးအစားကို အတွင်းသားမှာ ခံထားပြီး ဖန် သို့မဟုတ် ကြွေ (ပေါ်စလင်း) နဲ့ ဖုံးအုပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်
သူ့ကို မြန်မာလို ကျောက်အိုးလို့လည်းခေါ်ကြသေးတယ်
ကျောက်အိုးဆိုလို့ ကျောက်သားစစ်စစ်နဲ့ပြုလုပ်ထားတာတော့မဟုတ်ဘူး
ဖိအားကို ခံနိုင်ရည်ရှိအောင် တနည်းအားဖြင့် မာခြင်းအဆင့်မြင့်အောင် သိပ်သည်းဆများအောင် အမှုန့်ကြိတ်ထားတဲ့ ကျောက်အမျိုးအစားတွေဖြစ်တဲ့ သဲ၊ မာဘယ်ကျောက်၊ စိန်၊ ကြွေ သို့မဟုတ် ပေါ်စလင်း (Porcelain)၊ နဲ့ ဂရင်းနိုက်ဒ်ကျောက် တမျိုးမျိုးကို ဖိအားသုံးပြီး အပြင်ကနေ ဖုံးအုပ်ပြီးထုတ်လုပ်ထားတာဖြစ်တယ်
အိုးရဲ့မျက်နှာပြင်မှာ အစက်အပြောက်လေးတွေ မြင်နေရပါ့မယ်

သူ့မှာလည်း အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓါတုဒြပ်ပေါင်းတွေဖြစ်တဲ့ PFOA နဲ့ PTFE တွေလည်း မပါဝင်ပါဘူး
ကြွေအိုးထက်စာရင်တော့ ပိုပြီး အသုံးခံသလို အပူချိန်မြင့်မြင့်တွေမှာလည်း အသုံးပြုလို့ရပါသေးတယ်
ကျောက်အိုးဟာ အပေါ်က ကြွေအိုးလောက်တော့ အပူထိန်းအား မကောင်းပါဘူး
ကောင်းတဲ့အချက်ကတော့ အချိန်တော်တော် ကြာတဲ့အထိ အသုံးခံတာကို တွေ့ရပါလိမ့်မယ်
စတီးနဲ့ သံလို ပန်းကန်ဆေးဖတ်တွေနဲ့ ဆေးကြောလို့မရဘူး
အပူချိန် 650F (343C) အထိ အသုံးပြုလို့ရတယ်
ယောင်းမက အသားယောင်းမ သို့မဟုတ် ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ ယောက်ဇွန်းတွေပဲ အသုံးပြုသင့်ပါတယ်
အောက်က ပုံလေးတွေမှာ အမျိုးမျိုးသော Stone Non-stick Pan တွေကို ဖော်ပြပေးထားပါတယ်

Hard-Anodized Cookware with Aluminum or Stainless Steel (သတ္ထုရည်စိမ်အိုး)

လျှက်စစ်ဓါတ်နဲ့ သတ္ထုရည်စိမ်ထားတဲ့ မကပ်ဒယ်အိုး အမျိုးအစားဖြစ်ပါတယ် အလူမီနီယံ သို့မဟုတ် သံချေးမတက်တဲ့ စတီးအမျိုးအစားများနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်

သူ့ရဲ့အားသာချက်တွေကတော့
အသုံးခံတယ်
အပူစီးကူးလွယ်တယ်
အစင်းအထင်းရာတွေဖြစ်ခြင်းကနေ ကာကွယ်ပေးတယ်
အစားအသောက်တွေထဲကို ဓါတ်သတ္ထုတွေ ပျော်ဝင်စေတာမျိုး မရှိဘူး

အားနည်းချက်တွေကရော.......?
အိုး အပြင်ဖက်ပိုင်းတွေမှာ ဂျိုးတက်တာမျိုး ဖြစ်နိုင်တယ်
ဈေးနည်းနည်းကြီးမယ်
အသုံးပြုရာမှာ လေးလံမယ်
Non-stick အမျိုးအစားဖြစ်လို့ ပန်းကန်ဆေးတဲ့ သတ္ထုဖတ် သံဖတ်တွေအသုံးပြုလို့မရဘူး
ယောင်းမက အသားယောင်းမ သို့မဟုတ် ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ ယောက်ဇွန်းတွေပဲ အသုံးပြုသင့်ပါတယ်
အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိလောက်ပဲ အသုံးပြုနိုင်တယ်

နောက်ဆုံးအနေနဲ့ အကြံပြုသတိပေးချင်တာကတော့

ဈေးကွက်ထဲမှာ ဘာအမှတ်တံဆိပ်မှ မပါတာတွေ ဝယ်မသုံးစေချင်ပါဘူး
အမှတ်တံဆိပ်ကြည့်ပြီးမှ ဘာအိုးအမျိုးအစားလဲဆိုတာ သိရမှာမို့ပါ
No PFOA or PFOA free ဆိုတဲ့ စာသားပါတဲ့ အမျိုးအစားကို ရွေးချယ်ပါ

တကယ်လို့ PTFE အမျိုးအစား အသုံးပြုနေပါက အပူချိန်အရမ်းမြင့်တဲ့ ချက်ပြုတ်မှုတွေမှာ မသုံးမိဖို့ပါ
တကယ်လို့ ငွေကြေးအဆင်ပြေမယ်ဆိုရင်တော့ Stone Non-Stick Pan (ကျောက်အိုး) အမျိုးအစားတမျိုးမျိုးကို ဝယ်ယူအသုံးပြုစေချင်ပါတယ်
အိုးတလုံးကို ဈေးကြီးတယ်ဆိုပေမဲ့ နေ့စဉ်ချက်ပြုတ်နေရတဲ့အိုးဖြစ်နေလို့ ချက်ပြုတ်တဲ့နေရာမှာ အဆင်ပြေချောမွေ့စေတာကို လက်တွေ့ချက်ကြည့်ပြီးရင်တော့ ပိုသိလာပါလိမ့်မယ်........

လေးစားစွာဖြင့်
ဒေါက်တာထွန်းလင်းအောင် (အစားအသောက် ဝါသနာရှင်)

Reference:
https://www.cancer.org/healthy/cancer-causes/chemicals/teflon-and-perfluorooctanoic-acid-pfoa.html

https://www.hollyroser.com/post/is-teflon-safe

https://www.google.com/search?q=pfoa+and+its+origin&sxsrf=ALiCzsZdpyfjH5vVNKJCEzI60kZtZnMhkg%3A1662868692016&ei=1FwdY4pG1s6x4w_nvIfABw&oq=PFOA+and+its+ori&gs_lcp=Cgdnd3Mtd2l6EAEYADIFCCEQoAEyBQghEKABMgUIIRCgAToKCAAQRxDWBBCwAzoECCMQJzoHCCMQ6gIQJzoECAAQEzoECC4QEzoECAAQQzoFCAAQkQI6CwgAEIAEELEDEIMBOgsILhCABBCxAxCDAToKCC4QxwEQ0QMQQzoFCAAQgAQ6DgguEIAEEMcBENEDENQCOgoIABCxAxCDARAKOgUILhCABDoHCAAQgAQQCjoECAAQCjoKCAAQgAQQhwIQFDoGCAAQHhAWOggIABAeEA8QFjoFCAAQhgNKBAhBGABKBAhGGABQkwdY-25giYQBaANwAHgDgAGYAYgB_CKSAQQ3LjM0mAEAoAEBsAEKyAEIwAEB&sclient=gws-wiz

https://www.ehn.org/dupont-c8-parkersburg-2644262065/particle-6

https://www.thekitchn.com/ceramic-pans-260086

https://www.organicauthority.com/organic-food-recipes/non-toxic-cookware-brands-to-keep-chemicals-out-of-your-food
https://worldofpans.com/ceramic-pan-vs-stone-pan/

Photos - credit to google

Perfluorooctanoic Acid (PFOA), Perfluorooctane Sulfonate (PFOS), and Related Chemicals The possible effects of PFOA (and similar chemicals such as PFOS) on cancer risk are not completely understood. Learn more about these chemicals here.

15/01/2023
Photos from Akari Min Japan Kitchenwears Collection's post 01/01/2023

နှစ်သစ်လက်ဆောင်
တစ်ဦးတည်းယူပါရှင်

Photos from Akari Min Japan Kitchenwears Collection's post 01/01/2023

ရေနွေးအိုးနှင့် သကြားအိုး
2 pcs 8000 ks
09452722236

01/01/2023
Photos from Akari Min Japan Kitchenwears Collection's post 31/12/2022

နှစ်ကုန်လျှော့ဈေးရောင်းပေးမယ်..ကြိုက်တာတွေ့ရင် ss လေးနဲ့မေးပေးနော် တန်တယ်ဆိုတာထက်ပိုတန်ရမယ်နော့

Photos from Akari Min Japan Kitchenwears Collection's post 31/12/2022

နှစ်ကုန်လျှော့ဈေး နဲ့ရောင်းမယ်

Photos from Akari Min Japan Kitchenwears Collection's post 31/12/2022

လျှော့ဈေးရောင်းပေးမယ်..ကြိုက်တာတွေ့ရင် ss လေးနဲ့မေးပေးနော် တန်တယ်ဆိုတာထက်ပိုတနရမယ်နော့

13/11/2022

(တစ်ချိန်ချိန် အသုံးဝင်လာမှာပါ /သင့်ဖုန်းထဲမှာ သိမ်းထားပါ)

၁။ ဆားအခတ်များသွားလျှင် အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ။

၂။ ပဲပြုတ်သည့်အခါ စားချင်သဖွယ်....အိအိဖောင်းဖောင်း စိမ့်စိမ့်လေးဖြစ်အောင် ရေလဲပြီးသောအခါ ရေအနည်ငယ် ထည့်၍ ထန်းလျက်(၂)လုံးခန့် ထည့်ထားလိုက်ပါ။

၃။ ကန်စွန်းရွက်ကို အစိမ်းရောင်လေး အတိုင်းပဲ စားချင်သဖွယ်ဖြစ်လိုပါက အဖုံးမအုပ်ပဲ ကြော်ပါ။

၄။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းဖြင့် ပွတ်တိုက်ပါ။

၅။ လက်ဘက်ရည်အိုး၊ခွက်၊ အစွန်း အထေးများပြောင်စင်လိုပါကဆော်ဒါ(သို့မဟုတ်-လက်ချားအမှုန့်)ထည့်ပြီး ညသိပ်ထားပါ။

၆။ အိမ်သာကြွေခွက်,ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ။

၇။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ။

၈။ အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့်ပွတ်တိုက်လျှော်ပါ။

၉။ ပုရွက်ဆိတ်မလာလိုသော်ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ။

၁၀။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲ နေလျှင်မာလကာရွက်နဲ့ ပွတ်တိုက်ပေးပါ။

၁၁။ အာလူးနွမ်းပြီး မလတ်ဆတ်သော် မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်။

၁၂။ ဟင်းချိုလိုသော်..ဘူးသီးခြောက်ခတ်ပြီးသောက်ရင်ချိုပါသည်။

၁၃။ မီးပူလောင်သော်ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီးအုံပါ။

၁၄။ အဝတ်မှင်စွန်းသော်...ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီးဆပ်ပြာနဲ့ လျှော်ဖွတ်ပါ။

၁၅။ ကြမ်းပိုးရှိသော်.....ရေနံဆီနဲ့ မကြာမကြာကြမ်းတိုက်ပါ။

၁၆။ ခံတွင်းနံ့မကောင်းသော်...သွားပွတ်တံမှာ ပရုတ်ရည် တစ်စက်နှစ်စက်ထည့်ပြီးသွားတိုက်ပါ။(သို့မဟုတ်)ပရုတ်မှုန့်ထည့့်ပြီးသွားတိုက်ပါ။

၁၇။ ဟင်းများဆားငန်သော်...မီးခဲရဲရဲ တစ်ခဲထည့်ပါ။(၂)မိနစ်ခန့်ကြာ၌ပြန်ထုတ်ယူပါ။

၁၈။ ကွမ်းသွေးစွန်းသော်....ခရမ်းချဉ်သီးပွတ်တိုက်ပေးပြီးလျှော်ပါ။

၁၉။ နွားနို့မချဉ်အောင်ထားလိုသော်နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောက် အညှာဖြုတ်ပြီးထည့်ထားပါ။

၂၀။ ပရွတ်ဆိတ်များမလာလိုသော် သခွားသီးအားပါးပါးလှီးပြီးချထားပါ။

၂၁။ ဖန်ဖွက်ထဲ ရေနွေးပူပူထည့်လိုသော် ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲ အရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ။

၂၂။ သံချေးစွန်းသော် အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့် စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ။

၂၃။ ကြွက်များပြေးလိုသော် ရှိန်းခိုကိုရေဖျော်၍ ကြွက်လာ လမ်းတွင်ဖျန်းထားပါ။

၂၄။ ခေါင်းတစ်ခြမ်းကိုက်သော် ထောပတ်အနည်းငယ် ရှုပါ။

၂၅။ ဒူးရင်းသီးတောက်သော် ဒူးရင်းသီးအခွံထဲရေထည့်၍ သောက်ပါ။ရေဝအောင်ချိုး၊မင်းကွတ်သီးစားပေးခြင်း တို့ဖြင့် ပျောက်ကင်းပါသည်။

၂၆။ ပိုးဟပ်ပြေးလိုသော် လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ။

၂၇။ မှိုနှင့်တညင်းသီးတောက်သော် တောက်တာဥကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါ။

၂၈။ သံပုရာသီး ကြာရှည်ထားလိုသော်ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ။

၂၉။ ခေါင်းကိုက်သော်လက်ဘက်ရည်ကျကျကျိုပြီးသားထဲသံပုရာရည်ညှစ်ပြီးသောက်ပါ။

၃၀။ မျက်နှာလှပလိုသော် မျက်နှာမသက်မှီ သံပုရာသီးကို ထက်ခြမ်းခွဲ၍ မျက်နှာပွတ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပါ အဖုအပိမ့်ကင်းစင်ပြီး ချောမွေ့စေမည်။

၃၁။ ခရီးသွား ကားမူးသော် ချက်ကို ပလာစတာလုံအောင်အုပ် ကပ်ပြီးခရီးသွား ကားမမူးပါ။

၃၂။ ဆီးချိုရောဂါ အမြစ်ပြတ်လိုသော်ဆလတ်ရွက်ကို နေ့စဉ်ထမင်းစား တိုင်းတို့စရာအဖြစ်စားပါ။

၃၃။ ရှောက်ပင်အသီးတင်လိုသော် ပင်စည်ကို အမဲရိုးများနဲ့ ကြပ်စည်းပေးပါ။

၃၄။ ဒူးနာသော် ဘဲဥအကာလိမ်းပါ။

၃၅။ အနံ့ဆိုးကင်းလိုသော် အိမ်သာ(သို့မဟုတ်) ငါးပိ,ငါးခြောက်ထားရာ လူမမာရှိရာအိမ်၏ မီဖိုချောင်ထဲမှာ ကျောက်ဖရုံသီးကို အပ်များဖြင့် အပေါက်ဖောက်၍ ချိတ်ဆွဲထားပါ။ကျောက်ဖရုံသီးကား ညှော်နံ့နှင့် အနံ့ဆိုးများကို စုပ်ယူသည်။

ToOriginalUploader

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bo Min Yaung Street
Yangon