Weight Loss Myanmar Personal training program
လူတိုင်းကျန်းမာလှပဖို့ Weight Loss Myanmar
04/08/2026
🍋 မနက်တိုင်း သံပုရာရည်သောက်ရင် တကယ်ပဲ ဗိုက်ချပ်သွားမှာလား ❓
"မနက်နိုးနိုးချင်း ရေနွေးထဲ သံပုရာရည်ညှစ်သောက်ရင် အဆီတွေအရည်ပျော်ပြီး ဗိုက်ချပ်တယ်" ဆိုတဲ့စကားကို ကြားဖူးကြမှာပါ ☕
အထူးသဖြင့် ဝိတ်ချနေသူအများစု ဒီနည်းလမ်းကို သုံးလေ့ရှိကြပါတယ်
ဒါပေမဲ့ ဒါဟာ အမှန်လား၊ အမှားလားဆိုရင်... 🤔
"သံပုရာရည် သက်သက်သောက်ရုံနဲ့တင် ဗိုက်အဆီတွေ သီးသန့် အရည်ပျော်ကျသွားတာမျိုး မရှိပါဘူး" ❌
သံပုရာရည်က အဆီကို တိုက်ရိုက်လောင်ကျွမ်းအောင် မလုပ်ပေးနိုင်ပေမဲ့ အဆီကျဖို့အတွက်တော့ အကူအညီပေးပါတယ်
🌟 သံပုရာရည်သောက်ခြင်း၏ ကောင်းကျိုးများ
အစာခြေစနစ်ကို အားကောင်းစေခြင်း 🌿 - မနက်စောစော သံပုရာရည်နွေးနွေး သောက်ပေးတာက အစာအိမ်နဲ့ အူလမ်းကြောင်း လှုပ်ရှားမှုကို လှုံ့ဆော်ပေးပြီး ဝမ်းမှန်စေပါတယ်
Metabolism (အစာချေဖျက်မှု) မြင့်တက်စေခြင်း 🔥 - ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေခြင်းက အဆီလောင်ကျွမ်းမှုကို မြှင့်တင်ပေးပါတယ်
Calorie လျှော့ချပေးနိုင်ခြင်း 📉 - မနက်ခင်းမှာ သကြားပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်တွေအစား သံပုရာရည်ကို အစားထိုးသောက်သုံးရင် ကယ်လိုရီ အများကြီး လျှော့ချပြီးသား ဖြစ်သွားပါမယ်
Vitamin C & Antioxidant ပြည့်ဝခြင်း 🍊 - အသားအရေကို ကြည်လင်စေပြီး ခုခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်
⚠️ သတိထားရမည့် အချက်များ
အစာအိမ်ရောဂါရှိသူများ 🚨 -
အစာအိမ်ရောင်တတ်သူ သို့မဟုတ် Acid Reflux ထတတ်သူများ အစာမရှိဘဲ သံပုရာရည် သောက်ပါက အစာအိမ် အက်ဆစ်ဓာတ်လွန်ကဲပြီး ဗိုက်အောင့်နိုင်ပါတယ်
သွားကြွေလွှာ ပျက်စီးနိုင်ခြင်း 🦷 - အက်ဆစ်ဓာတ် ပါဝင်မှုမြင့်တာမို့ သောက်ပြီးရင် ရေနဲ့ပလုတ်ကျင်းပေးဖို့ သို့မဟုတ် ပိုက်နဲ့ သောက်ပေးဖို့ လိုပါတယ်
🏋️♂️ တကယ် ဗိုက်ချပ် အဆီကျချလိုက်ချင်တယ်ဆိုရင်...
သံပုရာရည်သောက်ရုံတင်မကဘဲ မှန်ကန်တဲ့ စားသောက်ပုံ (Calorie Deficit) နဲ့ နည်းစနစ်ကျတဲ့ လေ့ကျင့်ခန်း (Personalized Workout Plan) တို့ကို ပေါင်းစပ်မှသာလျှင် လိုချင်တဲ့ စိတ်တိုင်းကျရတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် 🎯
#သံပုရာရည် #ကျန်းမာရေးဗဟုသုတ #ဝိတ်ချ #အဆီကျ #ကျန်းမာရေး #အလှအပ
ရတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် 🎯
03/08/2026
အသည်းအဆီဖုံးတာကို ဆေးမလိုဘဲ သဘာဝအတိုင်း ဘယ်လိုပြန်ကောင်းအောင် လုပ်မလဲ?
Fatty Liver ဆိုတာ ခန္ဓာကိုယ်ရဲ့ သတိပေးခေါင်းလောင်းသံပါ
အစပိုင်းမှာ ဘာလက္ခဏာမှ မပြတတ်ပေမဲ့ လျစ်လျူရှုထားမိရင် ရေရှည်မှာ အသည်းမာတာ၊ အသည်းခြောက်တာတွေအထိ ဖြစ်လာနိုင်ပါတယ် ⚠️
ဒါပေမဲ့ ကောင်းတာတစ်ခုကတော့— အသည်းဆိုတာ ခန္ဓာကိုယ်မှာ ပြန်လည်ပြုပြင်ပြောင်းလဲနိုင်စွမ်း အမြင့်ဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်
နေ့စဉ် နေထိုင်စားသောက်မှုပုံစံကို နည်းနည်းလေး ပြောင်းလဲပေးလိုက်ရုံနဲ့ အသည်းမှာ စုနေတဲ့ အဆီတွေကို သဘာဝအတိုင်း လျှော့ချပစ်လို့ ရပါတယ်
💡 အသည်းအဆီဖုံးခြင်းမှ လွတ်မြောက်စေမည့် သဘာဝနည်းလမ်း (၄) ချက်
၁။ ပြုပြင်ထားသော သကြားနှင့် Carbohydrate များကို လျှော့ချပါ
အသည်းအဆီဖုံးရတဲ့ အဓိကတရားခံဟာ အဆီဓာတ်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး ❌
အချိုရည်များ၊ မုန့်ပဲသရေစာများ၊ Fast Food နှင့် ဂျုံ/ဆန် တို့တွင်ပါဝင်သည့် သကြား များလွန်းခြင်းကြောင့် ဖြစ်ပါတယ်
👉 ဘာလုပ်ရမလဲ: အချိုရည်နဲ့ အကြော်အလှော်တွေကို လျှော့ပြီး Fibre ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်၊ အသီးနှံနှင့် အစေ့အဆန်များကို ပိုမိုစားသုံးပါ 🥗
၂။ ကျန်းမာရေးအတွက် ကောင်းမွန်သော အဆီများကို ရွေးချယ်ပါ 🥑
အဆီတိုင်းဟာ ခန္ဓာကိုယ်အတွက် မကောင်းတာမဟုတ်ပါဘူး
Healthy Fats တွေက အသည်းရောင်ရမ်းမှုကို လျှော့ချပေးပြီး အဆီချေဖျက်မှုကို အထောက်အကူပြုပါတယ်
👉 ဘာလုပ်ရမလဲ: အာလူးကြော်၊ အကြော်အလှော်တွေမှာပါတဲ့ Trans Fat တွေကို ရှောင်ပြီး ထောပတ်သီး၊ ဆယ်လ်မွန်ငါး၊ အစေ့အဆန်များနှင့် Olive Oil စသည့် ကောင်းတဲ့အဆီများကို အစားထိုး စားသုံးပေးပါ 🐟
၃။ ပုံမှန် လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်း လုပ်ပါ 🏃♂️
ခန္ဓာကိုယ်လှုပ်ရှားမှုပြုလုပ်ခြင်းက အသည်းထဲမှာ စုပုံနေတဲ့ Glucose နှင့် အဆီများကို စွမ်းအင်အဖြစ် ပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်
👉 ဘာလုပ်ရမလဲ: တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းမြန်မြန်လျှောက်ခြင်း၊ ပြေးခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်ခုခုကို တစ်ပတ်လျှင် အနည်းဆုံး ၄-၅ ရက် ပုံမှန်ပြုလုပ်ပေးပါ ⏱️
၄။ အိပ်ရေးဝဝအိပ်ပြီး ရေများများသောက်ပါ 💧
ခန္ဓာကိုယ်က အသည်းထဲရှိ အဆိပ်အတောက်များနှင့် အဆီများကို သန့်စင်စွန့်ထုတ်နိုင်ဖို့အတွက် လုံလောက်တဲ့ ရေဓာတ်နဲ့ အနားယူချိန် လိုအပ်ပါတယ်
👉 ဘာလုပ်ရမလဲ: တစ်နေ့လျှင် ရေ ၂ လီတာမှ ၃ လီတာအထိ သောက်သုံးပေးပြီး ညဘက်တွင် အနည်းဆုံး ၇ နာရီမှ ၈ နာရီအထိ အိပ်စက်ပါ 😴
💚 နဂိုအတိုင်း ကျန်းမာတဲ့ အသည်းတစ်ခုကို ပြန်လည်ရရှိဖို့ မနောက်ကျသေးပါဘူး
ကျန်းမာရေးဆိုတာ နေ့စဉ် ရွေးချယ်မှု သေးသေးလေးတွေကနေ စတင်တာပါ
ဒီနေ့ကစပြီး မိမိရဲ့ စားသောက်မှုပုံစံနဲ့ နေထိုင်မှုကို နည်းနည်းစီ ပြောင်းလဲကြည့်ပါ
သင့်ရဲ့ ခန္ဓာကိုယ်က သင့်ကို ကျေးဇူးတင်နေပါလိမ့်မယ် 💪✨
#ကျန်းမာရေးဗဟုသုတ #အသည်းအဆီဖုံး
03/08/2026
Diet လုပ်ရတာထက် "ငြင်းရတာ" ပိုခက်တယ်! 😭
ဒီ နံပါတ်ထဲက ငြင်းရ အခက်ဆုံးကဘာဖြစ်မလဲ? 🤔
၁။ 🍵 Matcha Latte
၂။ 🍜 ညဘက် ခေါက်ဆွဲပြုတ်
၃။ 🍚 အမေချက်တဲ့ ထမင်း
၄။ 🍲 သူငယ်ချင်းတွေနဲ့ Hotpot Date
Diet ပျက်အောင်လုပ်နေတဲ့ မဟာရန်သူ
ကို Comment မှာ ရေးခဲ့ပေးပါဦး! 👇
01/08/2026
🌟 "အဆီကျရုံတင်မကဘဲ ကျစ်လစ် လှပလာတဲ့ လျှို့ဝှက်ချက်..." 🌟
လူတော်တော်များများ ဝိတ်ချတဲ့အခါ "ပိန်သွားရင် ပြီးရော" ဆိုပြီး အစား မစားပဲနေကြတယ်
ဒါပေမဲ့ ဒီပုံထဲက Weight Loss Myanmar ရဲ့ သင်တန်းသူလေးကိုကြည့်လိုက်ရအောင်... ✨
သူမက ပိန်သွားတာတစ်ခုတည်း မဟုတ်ဘဲ ဗိုက်အဆီကျသွားပြီး ၊ ခါးနဲ့ တင်ပါးအချိုးအစား ပါတင်းရင်းလှပလာတာပါ
💡 ဘာကြောင့် ဒီလို အပြောင်းအလဲမျိုး ရတာလဲ?
1️⃣ အငတ်မခံပါဘူး: အာဟာရပြည့်ဝတဲ့ အစားအသောက်ကို မှန်ကန်တဲ့ ပမာဏအတိုင်း စားသုံးခဲ့လို့ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုမရှိပါဘူး
2️⃣ စနစ်ကျတဲ့ လေ့ကျင့်ခန်း: အဆီကျပြီး ကြွက်သား တင်းရင်းစေဖို့ သင့်တော်တဲ့ Weight Training နဲ့ Cardio ကို စနစ်တကျ လေ့ကျင့်ခဲ့ပါတယ်
3️⃣ အနီးကပ် နည်းပြစောင့်ရှောက်မှု: နည်းလမ်းမမှားရအောင် တစ်ဆင့်ချင်းစီကို စနစ်တကျ Guide လုပ်ပေးခဲ့ပါတယ်
✨ လှပတဲ့ ခန္ဓာကိုယ်နဲ့ ယုံကြည်မှုတွေကို ပြန်ရဖို့ အချိန်အကြာကြီး မစောင့်ပါနဲ့တော့
မနက်ဖြန်မှ စမယ်ဆိုရင် နောက်ကျသွားပါပြီ... ဒီနေ့ပဲ သင်တန်းတက်ဖို့ စတင်လိုက်ရအောင်! 💪🔥
📲 စုံစမ်းမေးမြန်းရန် & သင်တန်းအပ်ရန်
💬 Page cb မှာ hi လို့ ပို့ခဲ့ရုံပါပဲ
📞 Phone & Viber: 09958666911
#အဆီကျ #ဝိတ်ချ #အလှအပ
01/08/2026
"ဝိတ်ချိန်ကြည့်လိုက်ရင် ပေါင်ချိန်က မကျသေးဘူး... ဒါပေမဲ့ ဝတ်ထားတဲ့ အင်္ကျီနဲ့ ဘောင်းဘီတွေက ချောင်သွားတယ်၊ ခါးနဲ့ ဗိုက်အဆီတွေ ကျသွားတယ်" ဆိုတဲ့ အတွေ့အကြုံမျိုး ကြုံဖူးကြလား?
ဒါဟာ ဝိတ်ချနေသူတော်တော်များများ ကြုံတွေ့ရတဲ့ "Body Recomposition" (အဆီကျပြီး ကြွက်သားတက်လာခြင်း) ကြောင့် ဖြစ်ပါတယ်
ပေါင်ချိန်စက်ပေါ်က ဂဏန်းတစ်ခုတည်းကိုပဲ ကြည့်ပြီး စိတ်ဓာတ်ကျစရာ မလိုပါဘူး
ပေါင်ချိန်မကျဘဲ ခန္ဓာကိုယ် အဆီကျပြီး သွယ်လျသွားတဲ့ အဓိကအကြောင်းအရင်း (၄) ချက်ကို ကြည့်လိုက်ရအောင် 👇
1. ကြွက်သားတက်ပြီး အဆီကျသွားခြင်း (Gain Muscle, Lose Fat)
အဆီ ၁ ပေါင်နဲ့ ကြွက်သား ၁ ပေါင်ဟာ အလေးချိန်တူပေမဲ့ ထုထည်ချင်း လုံးဝမတူပါဘူး
ကြွက်သားဟာ အဆီထက် ပိုမိုသိပ်သည်းဆများတာကြောင့် ခန္ဓာကိုယ်မှာ ကြွက်သားတက်လာပြီး အဆီတွေ လျော့နည်းသွားတဲ့အခါ ပေါင်ချိန် မပြောင်းလဲပေမဲ့ ခန္ဓာကိုယ်က ပိုမို သွယ်လျကျစ်လစ်သွားတာ ဖြစ်ပါတယ်
2. မှန်ကန်သော အာဟာရနှင့် စုစည်းမှု (Nutrition & Diet) 🥗
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရ (Protein, Fiber & Healthy Fats) ကို မျှတစွာ စားသုံးပေးခြင်းက အဆီလောင်ကျွမ်းမှုကို အထောက်အကူပြုပါတယ်
3. စနစ်ကျသော လေ့ကျင့်ခန်း (Effective Workouts) 🏃♀️
Cardio တစ်ခုတည်း မဟုတ်ဘဲ Strength Training (အလေးမ လေ့ကျင့်ခန်း) များကို စနစ်တကျ ပေါင်းစပ်ဆော့ကစားခြင်းက ခန္ဓာကိုယ်ရဲ့ Metabolism ကို မြှင့်တင်ပေးပြီး အဆီတွေကို ပိုမို ထိရောက်စွာ လောင်ကျွမ်းစေပါတယ်
4. ရေလုံလောက်စွာ သောက်သုံးခြင်းနှင့် အနားယူမှု (Hydration & Sleep) 💧😴
ရေဓါတ်ပြည့်ဝခြင်း : ခန္ဓာကိုယ်မှာ ရေဓာတ် လုံလောက်စွာ ရရှိခြင်းက အဆီလောင်ကျွမ်းမှုကို မြန်ဆန်စေပြီး ခန္ဓာကိုယ်တွင်းရှိအဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်
အိပ်စက်ခြင်း: ညစဉ် အိပ်ချိန် (၇-၈ နာရီ) ပြည့်ဝစွာ ရရှိခြင်းက ဟော်မုန်းမျှတစေပြီး အဆီပိုများ စုစည်းမှုကို တားဆီးပေးပါတယ်
💡 ပေါင်ချိန်စက်ပေါ်က ဂဏန်းထက် ခန္ဓာကိုယ် အချိုးအစား ပြောင်းလဲလာမှု၊ ကျန်းမာကြံ့ခိုင်မှုနဲ့ ပိုယုံကြည်မှုရှိလာခြင်းက အဓိက ကျပါတယ်
📌 ဒီအချက်လေးတွေက သင့်ရဲ့ Fitness Journey မှာ အထောက်အကူဖြစ်တယ်ဆိုရင်
Save လုပ်ထားဖို့နဲ့ အဆီချဖို့ ကြိုးစားနေတဲ့ သူငယ်ချင်းတွေဆီ Share ပေးလိုက်ရအောင်! ✨
#ဝိတ်ချ #ကျန်းမာရေးဗဟုသုတ #အဆီကျ #အလှအပ #ကျန်းမာရေး
30/07/2026
အပြင်စာ စားရင်းနဲ့လည်း ဝိတ်ကျအောင် လုပ်လို့ရပါတယ်! 🥑🥗
အလုပ်မအားလို့ပဲဖြစ်ဖြစ်၊ အခြေအနေ အမျိုးမျိုးကြောင့်
အပြင်စာတွေချည်း စားနေရလို့ Diet လုပ်ဖို့ လက်လျှော့ထားပါသလား?
တကယ်တော့ ဝိတ်ကျဖို့အတွက် အပြင်စာတွေကို ၁၀၀% လုံးဝ မစားဘဲ ဖြတ်ပစ်စရာ မလိုပါဘူး
အဓိကက "စနစ်တကျ ရွေးချယ်စားသောက်တတ်ဖို့" ပဲ လိုပါတယ်
အပြင်စာ စားရင်းနဲ့ ခါးဆိုဒ် သေးသွားစေမယ့် ထိရောက်တဲ့ နည်းလမ်း (၅) ခု ကို ဖတ်လိုက်ရအောင် 👇
1️⃣ အကြော်ထက် "အကင်၊ အပေါင်း၊ အပြုတ်" ကို ရွေးပါ
ကြက်သားကြော်၊ ငါးကြော်တွေမှာ ဆီ ပါဝင်မှု အရမ်းများတာကြောင့် ကယ်လိုရီ ၂ ဆမက တက်စေပါတယ်
ဒါကြောင့် အပြင်စာ မှာတဲ့အခါ ကြက်သားကင်၊ ငါးပေါင်း၊ ငါးကင် စတာတွေကို ဦးစားပေး ရွေးချယ်ပါ
2️⃣ "ဆော့စ်နဲ့ အချဉ်" ကို သီးသန့်ခွက်နဲ့ တောင်းပါ
အပြင်စာတွေမှာ ကယ်လိုရီတက်စေတဲ့ အဓိက တရားခံက ဟင်းထဲ ဆမ်းထားတဲ့ ဆော့စ်၊ dressing နဲ့ mayonnaise တွေပါ
ဟင်းပေါ် တိုက်ရိုက် မဆမ်းခိုင်းဘဲ သီးသန့်ခွက်ထဲ ထည့်ခိုင်းပြီး တို့စားပါ
ဒါဆိုရင် ကယ်လိုရီ ၅၀% မက လျှော့ချပြီးသား ဖြစ်သွားပါလိမ့်မယ်
3️⃣ထမင်းတစ်ဝက်လျှော့ပြီး "အသားနဲ့ အသီးအရွက်" ပိုစားပါ
အပြင်မှာ ရောင်းတဲ့ ထမင်းကြော်၊ ခေါက်ဆွဲကြော် စတာတွေမှာ Carbs ပမာဏ အရမ်းများပါတယ်
ထမင်း/ခေါက်ဆွဲ ပမာဏကို တစ်ဝက်ပဲ စားပါ
ပြီးရင် အသား နှင့် အရွက်သုပ်/ ဟင်းချို ကို အပိုမှာပြီး ဖြည့်စားပေးပါ
4️⃣မစားခင် "အသီးအရွက်ကို အရင်ဆုံး" စားပါ
ပန်းကန်ထဲက အစားအစာတွေကို စားတဲ့အခါ အသီးအရွက် -> အသား -> ထမင်း အစဉ်လိုက် စားပေးပါ
အမျှင်ဓာတ်နဲ့ ပရိုတင်းက ဗိုက်ကို မြန်မြန်ပြည့်စေတာကြောင့် ထမင်းအများကြီး မစားမိအောင် ကာကွယ်ပေးပါတယ်
5️⃣ Liquid Calories (အချိုရည်များ) ကို ဖြတ်ပါ
အပြင်စာ စားပြီးတိုင်း Bubble Tea၊ အချိုရည် သို့မဟုတ် အချိုပွဲ စားလေ့ရှိရင် ဒါကို အရင်ဆုံး ဖြတ်ပါ
အချိုရည် အစား ရေနွေးကြမ်း၊ ရေ နှင့် သံပုရာရည် တို့ဖြင့်အစားထိုး သောက်ပါ
💡 ဝိတ်ကျဖို့ဆိုတာ အဆာငတ်ခံရတာ မဟုတ်ပါဘူး
အပြင်စာ မစားရဘူးလို့ ကိုယ့်ကိုယ်ကို ကန့်သတ်တာထက် "ဆီနဲ့ အချို လျှော့မယ်၊ အသားနဲ့ အသီးအရွက် တိုးစားမယ်" ဆိုတဲ့ အလေ့အထလေးကို ပြောင်းလဲလိုက်ရုံနဲ့တင် သိသိသာသာ ထိရောက်မှုကို တွေ့ရမှာပါ
ဒီနည်းလမ်းလေးတွေကို ဒီနေ့ကစပြီး စမ်းသပ်ကြည့်လိုက်ရအောင်! 💚
#ဝိတ်ချ #အဆီကျ #ကျန်းမာရေးဗဟုသုတ
29/07/2026
"အလုပ်တစ်ဖက်နဲ့ ဝိတ်ကျအောင်ကြိုးစားနိုင်ခဲ့တဲ့ သင်တန်းသူရဲ့ ရလဒ်" 🏆✨
"ရုံးချိန် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ အလုပ်လုပ်ရတယ်
အိမ်ပြန်ရောက်ရင် ပင်ပန်းလို့ ဘာမှမလုပ်ချင်ဘူး...
ညဘက်ဆိုလည်း အဆာပြေမုန့်တွေ စားမိတယ်...
'အလုပ်တစ်ဖက်နဲ့ ဝိတ်ကျဖို့ဆိုတာ ငါ့အတွက်တော့ မဖြစ်နိုင်ပါဘူးလေ' ဆိုပြီး တွေးဖူးပါသလား?
ဒါပေမဲ့ Weight Loss Myanmar ရဲ့ သင်တန်းသူ ကတော့ ဒီဆင်ခြေတွေကို အားလုံး ကျော်ဖြတ်နိုင်ခဲ့ပါတယ်🔥
သင်တန်းသူမှာလည်း အလုပ်မအားတဲ့ကြားက
'ပြောင်းလဲချင်တဲ့ စိတ်' တစ်ခုထဲနဲ့ ဇွဲရှိရှိကြိုးစားခဲ့တာပါ
❌ အဆာငတ်ခံ ခိုင်းတာမျိုး လုံးဝမဟုတ်ဘူး
❌ ရုံးချိန်မအားတဲ့ကြားက အပြင်းအထန် အားကစား လုပ်ခိုင်းတာ မဟုတ်ဘူး
အထိရောက်ဆုံး နည်းလမ်းတွေ၊ အလုပ်နဲ့ ကိုက်ညီမယ့်
Meal Plan တွေကို စနစ်တကျ လိုက်နာပေးခဲ့လို့ သိသိသာသာ ပြောင်းလဲသွားခဲ့တာပါ
"အချိန်မရှိဘူး ဆိုတာထက် ကျန်းမာရေးအတွက် အချိန်ပေးဖို့ အရေးကြီးသလား ဆိုတဲ့ မေးခွန်းက ပိုအရေးကြီးပါတယ်"
အလုပ်လည်းမထိခိုက်၊ ကျန်းမာရေးနဲ့ညီညွတ်စွာ ဝိတ်ချချင်ရင်တော့...
📩 Page ရဲ့ cb မှာ hi လို့ပို့ခဲ့လိုက်ရုံပါပဲ
☎️ 09 958 666 911 ကိုလဲဆက်သွယ်နိုင်ပါတယ်
#ဝိတ်ချ #အဆီကျ #အလှအပ #ကျန်းမာရေး
28/07/2026
"ထမင်း မစားရင် အားမရှိဘူး" ဆိုတာ တကယ်ပဲလား? 🤔🍚
ငယ်ငယ်ကတည်းက လူကြီးတွေ ခဏခဏ ပြောတာ ကြားဖူးကြမှာပါ
ဝိတ်ချချင်ပေမဲ့လည်း "ထမင်းမစားရင် အားမရှိဘဲ နေမကောင်း ဖြစ်သွားမလား" ဆိုပြီး စိုးရိမ်နေသူတွေ ကြည့်လိုက်ရအောင် 👇
❌ အဖြေမှန်ကတော့ - တကယ် မဟုတ်ပါဘူး!
ခန္ဓာကိုယ်က လိုအပ်တာက "ထမင်း" မဟုတ်ဘဲ "Carbohydrate မှ ရတဲ့ energy" ဖြစ်ပါတယ်
ထမင်းက carbohydrate energy ရတဲ့ တစ်ခုတည်း သော အစားအစာ မဟုတ်ပါဘူး
အောက်ပါ အစားအစာတွေကနေလည်း အပြည့်အဝ ရနိုင်ပါတယ် -
🥔 အာလူး / ကန်စွန်းဥ
🍞 Wholemeal Bread / Oat
🌽 ပြောင်းဖူး
ဒါဆို ဘာလို့ ထမင်းမစားရင် အားမရှိသလို ခံစားရတာလဲ?
1️⃣အကျင့်ဖြစ်နေလို့ - ငယ်စဉ်ကတည်းက ထမင်းကိုပဲ အဓိက စားလာလို့ ထမင်းမပါရင် ဗိုက်မပြည့်ဘူး၊ စားရတာ မပြည့်စုံဘူးလို့ စိတ်က မှတ်ထားတာပါ
2️⃣ Carb Drop - Carbohydrate ရုတ်တရက် ဖြတ်လိုက်တဲ့အခါ ဦးနှောက်က ယာယီ အားနည်းသလို ခံစားရတာပါ
💡 ဝိတ်ချနေသူတွေအတွက် ထမင်းလုံးဝမစားပဲ ရှောင်စရာ မလိုပါဘူး
ပမာဏကို ထိန်းပြီး စားမလား (Portion Control)
သို့မဟုတ် အာလူး၊ Oat ၊ ကန်စွန်းဥ၊ ပြောင်းဖူး တို့နဲ့ အစားထိုး စားမလား
မိမိ ခန္ဓာကိုယ်နဲ့ ကိုက်ညီအောင် မျှတစွာ စားသုံးပေးဖို့ပဲ အဓိက လိုအပ်တာပါ! ✨
👉 သင်ရော ထမင်း မစားရရင် အားမရှိသလို ခံစားရတဲ့အထဲ ပါသလား? Comment မှာ ပြောခဲ့ကြပါဦး! 👇
#ထမင်း #ဝိတ်ချ #အဆီကျ #အလှအပ #ကျန်းမာရေး
26/07/2026
ညစာကို သစ်သီးပဲစားရင် တကယ်ပဲ ဝိတ်ကျမှာလား...? 🍏🍍
ဝိတ်ချနေသူ တော်တော်များများ လုပ်လေ့ရှိတဲ့ အကျင့်ရှိတယ်
အဲ့ဒါကတော့ “ညစာကို ထမင်းမစားတော့ဘူး၊ အသီးပဲ စားတော့မယ်” ဆိုတာပါ
ဒီနည်းလမ်းက "မှန်လား? မှားလား?" ဆိုတာကို ကြည့်လိုက်ရအောင်👇
1️⃣ သစ်သီးတွေမှာ သကြားဓာတ် (Fructose) ပါဝင်ပါတယ်
သစ်သီးတွေက ကျန်းမာရေးနဲ့ ညီညွတ်တာ မှန်ပေမယ့် သကြားဓာတ် ပါဝင်မှု များပါတယ်
ညဘက်မှာ ခန္ဓာကိုယ်က လှုပ်ရှားမှု နည်းသွားတဲ့အတွက် ဒီသကြားဓာတ်တွေကို လောင်ကျွမ်းဖို့ မလွယ်ကူတဲ့ အတွက် အဆီအဖြစ် ပြောင်းလဲသိုလှောင်သွားမှာဖြစ်ပါတယ်
2️⃣ Protein နဲ့ Healthy Fat လိုအပ်ခြင်း
သစ်သီးချည်းပဲ စားရင် ကြွက်သား တည်ဆောက်ဖို့နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ် နည်းသွားမှာဖြစ်ပါတယ်
ညဘက် ကြွက်သားဆုံးရှုံးရင် Metabolism နှေးကွေးသွားနိုင်ပါတယ်
3️⃣ ဗိုက်ခဏခဏ ဆာလွယ်ခြင်း
သစ်သီးမှာ အမျှင်ဓာတ် (Fiber) ပါပေမယ့် အစာကြေလွယ်တဲ့အတွက် ညနက်လာရင် ဗိုက်ပြန်ဆာပြီး သရေစာ မုန့်တွေပိုစားမိတတ်ပါတယ်
👉 ဒါဆိုရင် ဘာလုပ်ရမလဲ...?
ဝိတ်ချတဲ့အခါ ညစာအတွက် သစ်သီးကို သရေစာအဖြစ် စားလို့ရပေမယ့်၊
သစ်သီးတစ်မျိုးတည်း မဟုတ်ဘဲ မျှတတဲ့ ပရိုတင်း နဲ့ ဟင်းသီးဟင်းရွက်တွေကိုပါ တွဲဖက်စားသုံးပေးတာက မှန်ကန်တဲ့ နည်းလမ်းဖြစ်ပါတယ်
💬 ဝိတ်ချတာနဲ့ ပတ်သက်ပြီး ကိုယ်နဲ့ ကိုက်ညီမယ့် nutrition guideline ကို သိချင်တယ်ဆိုရင် Messenger မှာ လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်
#ဝိတ်ချ #အဆီကျ #ကျန်းမာရေး #အလှအပ
24/07/2026
ပိန်လိုက်၊ ဖောင်းလိုက် နဲ့ ဝိတ်ချသံသရာမှာ လည်နေသူများ 🚨
မှန်ကြည့်တိုင်း ဗိုက်ခေါက်ထွက်နေလို့ အဝတ်အစားဝတ်ရတာ ယုံကြည်မှု ပျောက်နေပါသလား?
အစားလျှော့လိုက်၊ ပြန်ဝလာလိုက်နဲ့ Yo-Yo Effect ဖြစ်ပြီး စိတ်ပျက်နေတယ်ဆိုရင်တော့... စနစ်မကျတဲ့ ဝိတ်ချနည်းလမ်းတွေကို ရပ်လိုက်ပါတော့!
✨ Weight Loss Myanmar ရဲ့ Personal Training Program မှာ ဘာတွေပါလဲ?
🎯 1-on-1 Personal Training: သင့်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ကိုက်ညီမယ့် လေ့ကျင့်ခန်း ညွှန်ကြားမှု
🥗 Meal Plan Guide: အဆာငတ်ခံစရာမလိုဘဲ ကျန်းမာရေးနဲ့အညီ အရသာလဲရှိ ဝိတ်ကျစေမယ့် အစားအသောက် လမ်းညွှန်မှု
💪 Sustainable Results: ရေရှည်မှာ ဝိတ်ပြန်မတက်လာအောင် စနစ်တကျ ဝိတ်ထိန်းနည်း
⏰ပစ်မထားပဲ အချိန်မှန် ကြည့်ရှုကြပ်မတ်ပေးမယ့် trainer
"မှန်ကန်တဲ့ နည်းလမ်းနဲ့ train မယ်ဆိုရင် လိုချင်တဲ့ခန္ဓာကိုယ်လှလှလေးကို ပိုင်ဆိုင်နိုင်ပါတယ်!" ✨
📩 ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့အခုပဲ စလိုက်ရအောင်!
📞 Phone: 09-958 666 911
💬Chat box မှာ hi လို့ပို့ခဲ့လိုက်ရုံပါပဲ
Register Now & Transform Yourself Today! 🔥
#ဝိတ်ချ #အဆီကျ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Thumingalar Street
Yangon
11091