Just Natural.

Just Natural.

Share

🍀Love the nature use the natural products.
⭐No hype, just results!

10/05/2026

Ginseng Biotin Shampoo လေးနဲ့လျှော်မှ ဆံပင်ကျွတ်သက်သာတာ၊ဆံသားတွေကို အားပြည့်ပြီး weight ရှိလာတာ ဆိုပြီး good feedback တွေပဲရထားတဲ့ Shampoo လေး

ဘာကြောင့် ဒီလောက်လူကြိုက်များလဲဆို စထွက်ထဲက ဘယ်လောက်မှ မကြာလိုက်ဖူး Out Of Stock ဖြစ်သွားတဲ့အထိပဲ။

Ginseng Biotin Shampoo ထဲမှာပါတဲ့ key ingredients တွေရဲ့ အကျိုးအာနိသင်တွေကို ထပ်ပြောပြပေးမယ်နော်🥳

ဒိီ Shampoo လေးကို ဆံပင်အားနည်းပြီး သန်စွမ်းမှုမရှိတဲ့အပြင် အကျွတ်များလို့ တဖြည်းဖြည်းပါးလွှာလာတဲ့ ဆံသားပိုင်ရှင်တွေအတွက် ရည်ရွယ်ပြီး ထုတ်ပေးထားပါတယ်။

Ginseng Biotin Shampoo လေးထဲမှာပါဝင်တဲ့
🌿 Key Ingredients & Benefits

Ginseng Extract – ဆံပင်အမြစ်ကို ခိုင်မာစေပြီး ဆံပင်ကျွတ်ခြင်းကို လျော့ချပေးပါတယ်။

Biotin – ဆံပင် တစ်ပင်ချင်းစီကို အားပြည့်စေပြီး ပိုမိုထူထဲစေပါတယ်။

Wheat Protein – ဆံပင်ကို အစိုဓာတ်ထိန်းထားပေးပြီး ပျက်စီးမှုကို ပြန်လည် ပြုပြင်ပေးပါတယ်။

Keratin – ဆံပင်အလွှာတွေ ကွဲထွက် ဖွာလန်ခြင်းကို ချောမွေ့စေနူးညံ့စေပါတယ်။

Pro Vitamin B5 – ဆံပင်ကို နူးညံ့စေပြီး စိုပြေတောက်ပြောင်မှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။

💧 Ginseng Biotin Shampoo လေးကို ပုံမှန်သုံးပေးခြင်းကြောင့် ရနိုင်မယ့် အကျိုးအာနိသင်တွေကတော့
✔ ဆံပင်ကျွတ်နည်းလာစေမှု
✔ ထူထဲ၊ ခိုင်မာပြီး တောက်ပစေခြင်း
✔ အစိုဓာတ်ထိန်းထား၍ ဆံပင်ကို ပိုနူးညံ့စေခြင်း
✔ ပျက်စီးနေသော ဆံပင်ကို ပြန်လည်အားပြည့်စေခြင်း

ကျန်းမာသန်စွမ်းတဲ့ ဆံသားအလှကို ရစေဖို့ Premium Quality နဲ့ ထပ်မံထုတ်လုပ်ထားတဲ့ Ginseng Biotin Shampoo လေးကို အခုပဲ မှာယူလိုက်တော့နော်🥳

Price -28000(200ml)

Photos from Classic SuYee's post 09/05/2026

Suprise Review လေး😍
ကျေးဇူးတင်လိုက်တာ 😘

09/05/2026

သဘာဝတွင်းထွက်ကျောက်လေးတွေကို
မမြတ်လိုပဲ ချစ်မြတ်နိုးတဲ့သူလေးတွေအတွက် တွင်းထွက်စစ်စစ် ကျောက်ထည်လေးတွေကို လက်ဝတ်ရတနာလေးတွေအဖြစ် ရောင်းချသွားမယ့် မမြတ်ရဲ့ page လေးဖြစ်ပါတယ်။ စစ်မှန်မှု စျေးနှုန်းချိုသာမှုအပိုင်း ရာနှုန်းပြည့်အာမခံချက်တွေနဲ့ ရောင်းချပေးမှာဖြစ်လို့ ရတနာချစ်သူများ မမြတ်ရဲ့ Myat's Creations page မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်🙏🏻

မင်္ဂလာပါရှင်...မမြတ်ပါ
အားလုံးကိုမတွေ့ရတာကြာပြီနော်💎

သဘာဝတွင်းထွက်ကျောက်မျက်ရတနာ​လေးတွေကို ချစ်လို့ အခုကစပြီး ဒီ Page လေးမှာ
မိုးကုတ်သဘာဝတွင်းထွက်ကျောက်စစ်စစ်လေးတွေနဲ့ ပြုလုပ်ထားတဲ့ Jewelry လေးတွေကို တင်ပေးသွားမှာဖြစ်ပါတယ်ရှင် ✨

Ruby, Sapphire, Spinel စတဲ့ သဘာဝကျောက်လေးတွေရဲ့ အလှတရားကို ရိုးရှင်းသပ်ရပ်ပြီး ပွဲတက်၊နေ့စဉ်ဝတ်ဆင်လို့လှတဲ့ Design လေးတွေအဖြစ် ဖန်တီးပေးထားပါတယ် 🤍

ကျောက်တစ်ပွင့်ချင်းစီမှာ သူ့ရဲ့အရောင်၊ အလင်းနဲ့ အဓိပ္ပာယ်လေးတွေရှိတာကြောင့် ကိုယ်တိုင်ဝတ်ဖို့ပဲဖြစ်ဖြစ်၊ ချစ်ရသူကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် အထူးသင့်တော်ပါတယ် 🌸

နောက်ပိုင်းမှာ Jewelry အသစ်လေးတွေ၊ ကျောက်အကြောင်း knowledge လေးတွေနဲ့ special items လေးတွေကိုလည်း အမြဲတင်ပေးသွားမှာမို့ Page ကို Follow & See First လုပ်ထားပေးနော် 💕

ရတနာလက်ဆောင်အစီအစဥ်လေးတွေလည်းပါပါမယ်ရှင်။

အားပေးကြတဲ့တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🙏

Photos from Just Natural.'s post 07/05/2026

ဦးရေပြား​ခြောက်ပြီး ဗောက်ထ၊ဆံပင်ကျွတ်လို့ Hydrating Serum နဲ့ Biotin Tonic အတွဲလေးသုံးလိုက်တာ ဗောက်ထတာလုံးဝပျောက်ပြီး ဆံပင်ကျွတ်လည်း သက်သာသွားလို့ Review လေးလာပေးတာတဲ့ရှင်😍

04/05/2026

Overnight Hair Mask လေးကို တစ်လလောက် သေချာသုံးပေးရုံနဲ့ ဆံသားလေးကို သိသိသာသာကောင်းသွားစေတာနော်😍
Product လေးကို ဝယ်သုံးပြီး သေချာလေး review ပြန်ပြောပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ညီမလေးရေ😘

04/05/2026

သုံးပတ်အတွင်း ဆံပင်အကျွတ်သိသိသာသာ သက်သာစေဖို့ဆိုရင် Pre Shampoo Treatment လေးနဲ့ ခေါင်းမလျှော်ခင် တစ်နာရီလောက်အချိန်ပေးနှပ်ကြည့်နော်😚

03/05/2026

ပူအိုက်တဲ့နွေရာသီရောက်ပြီဆိုရင် အဆီပြန်သူတွေအတွက် အတော်စိတ်ညစ်ရတာနော်🤨

နွေနေပူမှာ အဆီပြန်ပြသနာဖြေရှင်းဖို့ JN ရဲ့ BHA Exfoliate Serum နဲ့ Lemon Mint Shampoo နှစ်မျိုးရှိဖို့ပဲလိုတယ်ရှင်🥳

ခေါင်းမလျှော်ခင် BHA Exfoliate Serum လေးနဲ့ ဦးရေပြားခွဲကြောင်းထဲကို နှံ့နှံ့စပ်စပ်ထည့်ပြီး ညင်သာစွာနှိပ်နယ်ပေးမယ်။သုံးမိနစ်လောက်ထားပြီး ရေပြန်ဆေးချပါ။ BHA Exfoliate Serum ကို ပြောင်စင်အောင်ဆေးချပြီး Lemon Mint Shampoo နဲ့ လျှော်ရုံပါပဲရှင်။

ပူပြင်းတဲ့နွေမှာ အဆီပြန်ဥိီးရေပြားပိုင်ရှင်တွေ ဒိီအဆင့်နှစ်ဆင့်နဲ့ကျော်ဖြတ်ကျရအောင်နော်😉

Price
BHA Exfoliate Serum-18,000ks(100ml)
BHA Exfoliate Serum -41,000ks (250ml)
Lemon Mint Shampoo-23,000ks(200ml)

30/04/2026

နှစ်ရက်လောက်ထိ ဆံသားလေးမှာ မွှေးနေစေမယ့် Hair Serum ကို ရှာနေသလား❓

ဒါဆိုရင်တော့ JN ရဲ့ Hair Serum လေးကို ရွေးချယ်လိုက်တော့နော်🤗

အနံ့မွှေးရုံပဲလားဆိုရင်အနံ့တင်မဟုတ် ဘယ်လို အာနိသင် အကျိုးကျေးဇူးတွေပေးနိုင်သလဲဆိုတော့.....
✅UV နဲ့ Hair Dryer ၊ဖြောင့်စက်၊ကောက်စက်တွေရဲ့ အပူဒဏ်ကို ကာကွယ်နိုင်ခြင်း

✅ဆံသားခြောက်ပြီး ရှုပ်ဖွာနေတာကို ချော့မွေ့စေခြင်း

✅ဆံသားအတွင်းသို့ လျင်မြန်စွာစိမ့်ဝင်ပြီး စေးကပ်မှု လုံးဝ(လုံးဝ) မရှိခြင်း

✅ပျက်စီးနေတဲ့ဆံသားကို ပြန်လည်ပြုပြင်ပေးနိုင်ခြင်း

✅ဆံသားကို weight ရှိရှိလေးနဲ့ တောက်ပြောင်စေခြင်း

✅ဆံသားကို အာဟာရအပြည့်အဝ ရစေပြီး သန်မာစေခြင်း

စတဲ့ အကျိုးအာနိသင်တွေကို ရစေပြီး စျေးနှုန်းလေးကတော့ 50ml ကို18500 ks ဆိုတော့ ဝယ်ထားရင် လုံးဝ မမှားစေနိုင်တဲ့ Hair Serum လေးပဲ ဖြစ်ပါတယ်ရှင့် 🥳

27/04/2026

The Local Hair Solutions မှာ BHA stock ရှင်း Exp 6 လ ကျန် (အရေအတွက်နည်း)15% dis ဘူးကြီး 34850 နဲ့ ရပါမယ်တဲ့ရှင်။ပုံမှန် တစ်ဘူး 41000 ရှိတာမလို့ သုံးနေကျသူလေးတွေယူထားသင့်တယ်နော်😍

25/04/2026

Silky Milk Leave-In Conditioner ✨🥛
ဆံသားကို ပိုးသားလေးလိုပျော့ပျောင်းနူးညံ့ပြီး အာဟာရပြည့်ဝစေဖို့ ဖန်တီးထားတဲ့ Leave-In Conditioner လေးလာပါပြီရှင်...

Leave-In လေးရဲ့ အားသာချက်က
Milky Silky လို နူးညံ့ပေါ့ပါးတဲ့ Texture ဖြစ်လို့
✔️ ဆံသားပေါ်မှာ လေးမနေဘူး။
✔️ စုပ်ယူလွယ်ပြီး စေးကပ်တာမျိုး မခံစားရဘူး။
✔️ နေ့စဉ်အသုံးပြုလို့လည်း အရမ်းအဆင်ပြေပါတယ်။

🌿 အာဟာရပြည့် ပါဝင်ပစ္စည်းများကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့
✔️ Argan Oil – ဆံသားကို စိုပြေတောက်ပစေပြီး ခြောက်သွေ့ပျက်စီးမှု လျော့ချပေးပါတယ်။
✔️ Silk Protein – ဆံသားကို ပိုးသားလို ချောမွေ့ပျော့ပျောင်းစေပါတယ်။
✔️ Milk Protein – ဆံသားအားဖြည့်ပေးပြီး ကျန်းမာသန်စွမ်းစေပါတယ်။
✔️ Keratin – ပျက်စီးနေတဲ့ ဆံသားကို ပြန်လည်ပြုပြင်ပေးပါတယ်။
✔️ Panthenol (Pro-Vitamin B5) – ဆံသားကို စိုပြေစေပြီး ခြောက်ဖွာခြင်းကိုသက်သာစေတယ်။
✔️ Vitamin E – ဆံသားခြောက်သွေ့ခြင်းကို လျော့ချပြီး တောက်ပြောင်နူးညံ့​စေပါတယ်။

🔥☀️ Heat & UV Rays Protection တွေဖြစ်တဲ့ Bis-Hydroxy / Methoxy Amodimethicone,
Ethylhexyl Methoxycinnamate (Octinoxate) တို့ပါဝင်လို့ Hair Dryer၊ Straightener၊ Curler စတဲ့ Heat Styling Tools တွေရဲ့ အပူဒဏ်နဲ့ နေရောင်ကြောင့် ဖြစ်တတ်တဲ့ UV Rays အန္တရာယ်တွေကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။

Silky Milk Leave-In Conditioner ကို ခေါင်းလျှော်ပြီးတိုင်းသုံးပေးမယ်ဆိုရင်...
✨ ဆံသားကို ပိုးသားလို ပျော့ပျောင်းနူးညံ့လာမယ်။
✨ အာဟာရပြည့်ဝပြီး ကျန်းမာတောက်ပြောင်စေမယ်။
✨ ဆံသားဖွာခြောက်ခြင်းကို သက်သာစေမယ်။
✨ Styling လုပ်ချိန်မှာလည်း အပူဒဏ်ကနေ ကာကွယ်ပေးလို့ ဆံသားပျက်စီး ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်မယ်။

JN ရဲ့ Silky Milk Leave-In Conditioner လေးက နေ့စဉ်အာဟာရဖြည့်ပေးမယ့် Hair Care Essential လေးပါနော် ✨

အသုံးပြုပုံလေးကတော့
ခေါင်းလျှော်ပြီး ဆံပင်မစိုမခြောက်ချိန်မှာ လိုသလောက် ပမာဏယူ၍ လိမ်းပေးပါ။ပြီးမှ Dryer ဖြင့်အခြောက်ခံပေးပါ။
စေးကပ်မှုမရှိ၊ရေပြန်ဆေးချစရာမလိုတာကြောင့် ဆံသားအလွန်မင်းခြောက်သွေ့သူတွေက နေ့တိုင်းသုံးလိုပါက အသုံးပြုနိုင်ပါတယ်နော်။

Price -19000(100ml)

Photos from Just Natural.'s post 24/04/2026

မင်္ဂလာပါရှင့်...🙏🏻
Just Natural brand လေးကို တည်ထောင်ခဲ့သူဖြစ်တဲ့ Founder မမြတ်နဲ့ JN ရဲ့ Hair Care Products လေးတွေကို မိတ်ဆက်ပေးပါရစေရှင်။

မမြတ်သည် လွန်ခဲ့တဲ့ 7 နှစ်ကစပြီး Local Brand Industry ထဲကို ဝင်ရောက်ခဲ့ပါတယ်။JN brand ရဲ့ Founder တစ်ဦးဖြစ်သလို Products လေးတွေကို ထုတ်လုပ်သူ Formulator တစ်ဦးလည်းဖြစ်ပါတယ်။

UK နိုင်ငံအသိအမှတ်ပြု Skincare & Haircare Fomulating School ဖြစ်တဲ့ Formula Botanica မှာ "Advanced Diploma In Oraganic Cosmetic Science " နှင့် တခြားသော ပြည်တွင်း၊ပြည်ပနိုင်ငံအသီးသီးက Courses များကို အောင်မြင်စွာတတ်မြောက်ထားသူတစ်ဦးဖြစ်ပါတယ်။

JN ရဲ့ Haircare Products တွေကို UK ဖော်မြူလာနဲ့ Premium Quality ကုန်ကြမ်းများကို အသုံးပြုပြီး ပေးရတဲ့ စျေးထက်ပိုတန်တဲ့ results တွေကိုရစေချင်တဲ့ စေတနာ၊ဝါသနာအရင်းခံပြီး ထုတ်လုပ်ထားခြင်းပဲဖြစ်ပါတယ်ရှင်။
JN ရဲ့ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ Banana & Honey Set လေးကနေစပြီး ဒီနေ့အထိ ဘာထုတ်ကုန်လေးပဲထုတ်ထုတ်ယုံကြည်မှုပေးပြီး အားပေးခဲ့ကျတဲ့ တစ်ယောက်ချင်းစီတိုင်းကို မမြတ်က ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏
နောက်ထပ်လည်း ဒီထက်မက ပိုပိုကောင်းတာလေးတွေပေးနိုင်အောင်ကြိုးစားသွားမှာမလို့ JN လေးကို ဆက်ပြီးချစ်ပေးကျပါအုံးနော်။

ထုတ်ကုန်လေးတွေအားလုံးကို
ပုံတစ်ပုံခြင်းစီရဲ့အောက်မှာ အာနိသင်နဲ့ စျေးနှုန်း အသေးစိတ်ရေးပေးထားလို့ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်ရှင်။

ထုတ်ကုန်လေးတွေကို လက်လီ၊လက်ကားစနစ်နဲ့ရောင်းချပြီး လက်ကားယူလိုပါက page inbox ကနေ ဆက်သွယ်နိုင်ပါတယ်ရှင့်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
MYANMAR