Beautify with Suyi

Beautify with Suyi

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beautify with Suyi, Health/Beauty, southokkalapa, Yangon.

Photos from Beautify with Suyi's post 05/06/2024

Budget save ဖြစ်တဲ့Hair Treatment ကောင်းကောင်းလေးရှာနေတဲ့ သူတွေဆို ဒီစာကို ပြီးအောင်ဖတ်လိုက် အဓိကကျတဲ့လိုရင်းလေးတွေဘဲ ပြောပြမယ်

အစုက ဆံပင်ကို Bleach လုပ်ထားတော့
နဂိုဆံပင်ကိုကလဲ ဆံလုံးကြမ်းတယ်ပွပြီးဖွာတဲ့ထဲပါတော့ အခုနောက်ပိုင်းဆံပင်က ခေါင်းလျှော်ရည်တစ်မျိုးတည်းသုံးရင်လုံးဝအဆင်မပြေလို့ ပေါင်းဆေး ၊ ပျော့ဆေး တစ်ခုခုနဲ့တွဲသုံးမှ အဆင်ပြေတာမို့ ဘာသုံးရမှန်းမသိတာနဲ့ ရှာရင်းရှာရင်း Lolane Myanmar Officialကhair Treatment လေးအခုတလော review အရမ်းတတ်နေတာနဲ့ စမ်းသုံးဖို့ဝယ်လာလိုက်တာ

သုံးထားတာ (၂) ခါလောက်ဘဲရှိသေးတယ်ဆိုပေမဲ့ မပြောပြဘဲမနေနိုင်တော့လို့ ခေါင်းလျှော်ပြီး Hiar Treatment လေးနဲ့ဆံပင်အောက်ပိုင်းနားလေးတွေကို ၅ မိနစ်ပေါက်နှပ်ထားပေးလိုက်အရင်က ဖွာလန်ကြဲဆံပင်ကနေ လုံးဝအိဖတ်သွားရော အရင်ကိုယ်ဆိုးထားတဲ့ အရောင်လေးကတစ်ဆင့်အရောင်ပြန်တတ်လာတဲ့အပြင်ဆံသားကပြောင်ပြောင်အိအိဖြစ်သွားတာလေးအရမ်းသဘောကျ

ခေါင်းလျှော်ပြီး အရမ်းရှင်းရခက်တဲ့စုဆံပင်ဆို လက်လေးနဲ့အသာလေးရှင်းလို့လွယ်သွားတဲ့အထိဘဲ ဆံပင်ဖွာတာတွေ ရှုပ်နေတာတွေ ဆံသားကျိုးနေတာတွေအကုန်သက်သာတာက တကယ်ကိုတော်တော်သိသာတာ ပေးရတဲ့စျေး( ၉၈၀၀) တည်းနဲ့ဒီလောက် result ကောင်းတာ ဒီတစ်ခါဘဲတွေ့ဖူးတယ် အနံ့လေးကလဲ သင်းပြီး ခေါင်းလျှော်ပီးလေမှုတ်ပြီးတဲ့ထိ အနံ့လေးသင်းပြီးကျန်ခဲ့တာ

အမျိုးအစား ၄မျိုးလောက် ရှိမယ်ထင်တယ် ကိုယ်တိုင်သုံးမယ်ဆို ကိုယ်နဲ့ကိုက်မဲ့ဟာလေးရွေးဝယ်ပြီးတော့သုံးစေချင်တယ်နော်

Photos from Beautify with Suyi's post 19/02/2024

ဝက်ဆလပ်သရဲ လူကြီးလူငယ်တွေ အကုန်လုံးကြားမှာ ဒိတ်ဒိတ်ကျဲနာမည်ရနေတဲ့ ကျောက်မြောင်း ဝက်ဆလပ်ဆိုင်Rio-84က အခုဆို ရန်ကင်း TTC ရှေ့မှာ ဆိုင်ခွဲထပ်ဖွင့်လိုက်ပြီနော် 🎉🥓

ကျောက်မြောင်းထိ တကူးတက အဝေးကြီး သွားစားဖို့တွေးနေစရာမလိုတော့ဘူး တောင်ဥက္ကလာ နဲ့ ရန်ကင်းဘက် က သူလေးတွေ (စုကတော့ တစ်ပတ်ကို နှစ်ခါလောက်ကိုသွားစားဖြစ်တော့မယ်ထင်တယ် )🤭💯

ရန်ကင်းမှာအသစ်ဖွင့်ထားတဲ့ ဆိုင်လေးက ဆိုင်အတွင်းဘက်မှာ ထိုင်မယ်ဆိုရင်လဲ ပန်ကာဖွင့်ပေးထားတာမို့ 🥓အညှော်နံ့တွေ၊ အကင်အငွေ့တွေနဲ့ ပူအိုက်အိုက်ကြီးဖြစ်မနေဘဲ အဆင်ပြေတယ် ဆိုင်အပြင် ကားလမ်းဘေးလေးမှာ ထိုင်ခုံလေးတွေနဲ့ အေးဆေးကင်စား မယ်ဆိုရင်လဲ တကယ့် Korea vibeအပြည့်ရမှာအသေချာဘဲ 🥓

အများကြီးအထူးတလည် ပြောပြနေစရာကိုမလိုအောင် အရင်မူလဆိုင်မှာ စစားခဲ့ရတုန်းကလိုအရသာလုံးဝမပြောင်းဘူး ထိမိနေရော Rio -84 ရဲ့service ပိုင်းကိုအရမ်းသဘောကျ အချဉ်၊ဆလပ်ရွက်၊မုန့်ဖက်၊ကြက်သွန်ဖြူ ဘယ်နှခါဘဲတောင်းတောင်း စေတနာအပြည့်နဲ့ကို service ပေးတာအရမ်းသဘောကျ 💯

ဆိုင်အတွင်းဝိုင်းလေးတွေကို သေချာရိုက်လာဖို့မေ့လာလို့ခန့်မှန်း တစ်ဆိုင်လုံး (၁၂)ဝိုင်းလောက်တော့ရှိမယ်ထင်တယ်ရှင့် ညနေပိုင်းဆို လူတဖြည်းဖြည်းကျလာတာမို့လူရှင်းရှင်းလေးစားချင်ရင်တော့
စောစောလေးသွားကြနော်ချစ်တို့ 🤍🤍

လိပ်စာက - ရန်ကင်း TTC ရှေ့ထောင့်အကွေ့လေးနားမှာပါ

#ကျောက်မြောင်းဝက်ဆလပ်
#ရန်ကင်း

Photos from Beautify with Suyi's post 30/12/2023

ဘဲမရှိ စော်မရှိ Fa တွေ
ဘဲပစ်ခံ စော်ပစ်ခံ တွေ ဆောင်ကိုဆောင်ထားသင့်တဲ့ အဖိုးတန် အိပ်ဆေး 🙄(ရှိတဲ့သူတွေကတော့ ကျော်သွားပေါ့နော် )

ပြီးတော့ ညည အိပ်ပျော်ဖို့ ခက်ခဲ တဲ့ သူတွေ ၊ အိပ်ဆေးတွေဘဲအမြဲမသောက်ချင်ဘူး လွယ်လွယ်နဲ့လဲအိပ်ပျော်ဖို့ခက်ခဲနေတယ်ဆိုတဲ့ သူတွေ ဆောင်ကိုဆောင်ထား

မအိပ်ခင် နာရီဝက်လောက်ကြိုပြီး နာထင်တို့ ၊ဂုတ်တို့ နားတို့ ပါးပါးလေး ကြိုလိမ်းထားလိုက်ရင် တန်းအိပ်ပျော်သွားတာမျိုး မဟုတ်ဘဲ သူ့အနံ့သင်းသင်းလေးကြောင့်တနေကုန်ပင်ပန်းထားသမျှကိုအနားပေးသလိုမျိုးနဲ့အိပ်ပျော်သွားတာမျိုး အဲ့တာကတော့ကိုယ်တွေ့💜💜

Lavender နံ့လေးမို့ စိတ်ပင်ပန်းတာတွေ ကိုလဲ relax ဖြစ်စေတာမို့ တစ်နေကုန်ပင်ပန်းထားသမျှတွေကို ညဘက်ဒါလေးပါးပါးလေးသာလူးအိပ် ပင်ပန်းတာတွေသက်သာပြီး ညဘက်ကိုကောင်ကောင်းအိပ်မပျော်မှာကိုစိတ်ပူစရာကိုမလိုဘူး 💜💜

Photos from Beautify with Suyi's post 10/12/2023

ညကြီးမှ အရမ်းပြောပြချင်စိတ်တွေပေါ်လာလို့ ✅

ဝယ်ကိုဝယ်သင့်တဲ့ နှုတ်ခမ်းနီထဲမှာ ဒါလဲပါတယ်
ထွက်ထားတာလဲကြာပြီဖြစ်တဲ့ L'Oréal Paris Chiffon Signature Lipstick ထဲက #226( l SINK IN ) အရောင်လေး

💄သူ့ Type က Valvet Soft Matte မို့အိအိလေး

💄Longlasting လဲဖြစ်တယ် Mask Proof မို့ အစားစားလဲတော်ရုံနဲ့မပျက်ဖူး တစ်ခုခုစားပြီးရင်တောင် Tint အနေနဲ့ကျန်ခဲ့တာမို့ သဘာဝဆန်ဆန်လေးနဲ့အရမ်းလှ

💄texture လေးကနုနုလေးမို့စုကတော့ပါးနီရော Eyeshadow အနေနဲ့ပါသုံးတယ်

💄စုဆိုးကြည့်ရသလောက် mask တပ်တတ်တဲ့ကောင်မလေးတွက်လဲတော်တော်လေးအဆင်ပြေနိုင်မယ်ရေစိုလည်းခံတာမို့ တစ်နေကုန် အဆင်ပြေတယ်

💄Velvet type မို့ဆိုးရတာနူးညံ့တယ် ဆိုးထားရင်နှုတ်ခမ်းသားပေါ်မှာပေါ့ပါးပြီး နှုတ်ခမ်းလေးကို ဖူးဖူးလေးဖြစ်နေရော

💄မျက်နှာမှာဘာmakeupမှမလိမ်းချင်ဘူး sinkcare လေးဘဲလုပ်ထားတဲ့နေ့မျိုးဆို နှုတ်ခမ်းလေးကို အတွင်းသားလေးဘဲဆိုးဆိုး full lip ဘဲဆိုးဆိုး မျက်နှာလေးကိုလင်းသွားပြီး ပြည့်စုံသွားသလိုမို့ တော်တော်လေးမိုက်

💄အခုစုပြောတဲ့အရောင်လေးက အသက်အရွယ်အကုန်လုံးနဲ့လိုက်တယ်ဘယ်အသားရောင်နဲ့မဆိုလဲအဆင်ပြေတယ် အနီဘက်သွားတဲ့အရောင်လေးတွေကြိုက်တဲ့ တီတီတွေ မမတွေ ဆိုပိုတောင်သဘောကျပြီး ဝယ်သင့်တယ်

စုတော့တစ်ချောင်းဝယ်ပြီး ခုထိကို သုံးမကုန်ဘူး အရမ်းလဲအသုံးခံလို့ Budget save လဲ ဖြစ်တယ်


'Oreal Paris

Photos from Beautify with Suyi's post 04/12/2023

#မိတ်ထီလာ
မနက်စာကို မိသားစုနဲ့ဘဲဖြစ်ဖြစ် ကိုယ့်ချစ်ရသူလေးနဲ့ဘဲဖြစ်ဖြစ် အချိန်ပေးပြီးအေးဆေးစားချင်တဲ့သူလေး တွက်တကယ့်ကိုနေရာကောင်းလေးတစ်ခု

Gold Garden ဆိုတဲ့နာမည်နဲ့လိုက်အောင် 2.5 ဧကရှိတဲ့ ခြံဝန်းကျယ်ကြီးထဲမှာ မြက်ခင်းစိမ်းစိမ်းလေးတွေ ငှက်သံလေးတွေ သစ်ပင်၊ပန်းပင်လေးတွေ ခန်းစည်းအဖြူလေးတွေ ခုံအဖြူလေးတွေ ရယ်နဲ့ တကယ့်တောအုပ်လေး ဥယျာဉ်လေးထဲမှာလို ခံစားချက်မျိုးအပြည့်အဝကိုရတယ်(ဆိုင်လေးက ဖွင့်ထားတာမကြာသေးဘူးနော် )

အကြိုက်ဆုံးအချက်ကတော့ တခြားဆိုင်တွေလို ကားသံဆိုင်ကယ်သံတွေနဲ့ ဆူညံမနေဘဲ လုံးဝ မနက်စာကိုအေးဆေးလေးစားလို့ရတယ် ကားပါကင်က လဲ နေရာမရှိမှာ စိတ်ပူစရာမလိုဘူးကားပါကင် ( 1 , 2 ) ကိုထားပေးထားတာမို့ဆိုင်ကယ် ၊ကားလုံခြုံရေးတွက်လဲတော်တော်ကိုအဆင်ပြေတယ်

ခြံအကျယ်ကြီးထဲမှာဖွဲ့စည်းထားပုံလေးတွေက အရမ်း Luxury ဆန်ပြီး အပြင်အဆင်လေးတွေက အရမ်းလှလို့ ဓာတ်ပုံရိုက်စရာနေရာလေးတွေလဲများတယ်

ဘေးကသံတွေဆူဆူညံညံမကြိုက်တဲ့ သူတွေတွက် ဒီဆိုင်လေးကလုံးဝကိုရွေးချယ်သင့်တယ် ဆိုင်ရဲ့ဖွဲ့စည်းပုံအရ မနက်စာကိုအေးဆေးလေး စားလို့ရသလို ၊ ညဘက်လဲ အလှမီးလုံးလေးတွေ မီးဆိုင်းလေးတွေ အလှဆင်ထားတာမို့ ညဘက် မိသားစုတွေ သူငယ်ချင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေလုပ်မယ်ဆိုရင်လဲ နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့တော်တော်ကိုမှအဆင်ပြေသောပါ

မနက်စာ Menu လေးတွေလဲ အစုံရတဲ့အပြင် စျေးလေးတွေက စားရတဲ့အရသာနဲ့ တန်တယ်လို့ခံစားရတဲ့ထိကို fair ဖြစ်လို့သဘောကျတယ် စုတို့ လူ (၆) ယောက်လောက်သွားစားတာကိုမှ ၂သောင်းကျော်ဝန်းကျင်လေးဘဲကျခဲ့တယ် အရသာလေးတွေကအကုန်အရမ်းကောင်းဘဲ

ဆိုင်ရဲ့ထူးခြားချက်လေးက ဆိုင်ထဲဝင်လိုက်တာနဲ့ဆိုင်ရဲ့ ဝန်ထမ်းလေးတွေက လက်အုပ်ချီပြီးအပြုံးချိုချိုလေးတွေနဲ့ "မဂ်လာပါ" လို့နှုတ်ဆက်ကြတာလေးက တကယ်ကို သဘောကျစရာလေး customer serviceလည်းအရမ်းကောင်း

တကယ်ကို ဒီလိုဆိုင်မျိုးလေးမိတ္ထီလာမြို့မှာ ဒါပထမဆုံးတွေ့ဖူးတာဘဲ ဘယ်ဆိုင်နဲ့မှကို မတူတဲ့ vibe မျိုး ၊ အရသာမျိုး ၊စိတ်ကျေနပ်မှုမျိုးလိုချင်ရင်တော့ သွားကိုသွားသင့်တဲ့ဆိုင်ကောင်းလေး (ဒီဆိုင်လေးက မိတ္ထီလာမြို့ ပထမလမ်းမတော်က မိုးကုတ်ရှမ်းထမင်းဆိုင်ရဲ့ ဆိုင်ခွဲလေးမို့ ဆိုင်မှာ မနက်စာအစုံရတဲ့အပြင် ရှမ်းအစားအစာလေးတွေလဲရသေးတယ် )

နေရာက - မိတ္ထီလာမြို့ ကျည်တော်ကုန်းရပ်ကွပ် ရန်ကုန် မန္တလေးလမ်းမကြီးဘေး

ဆိုင်နာမည် - Gold Garden

Garden
#မိတ်ထီလာ

18/10/2023

2010 Vs 2023

18/10/2023

အခု လက်တလော ကိုယ့်ရဲ့လက်စွဲတော် 💥SASI loose Glow Powder လေး အရမ်းကောင်းသော 💗☀️
စျေးက မုန့်တစ်ခါစားသလောက်တောင်မရှိဘူး တော်တော်သဘောကျ ကိုယ့်လိုဒါလေးဘယ်သူသိပြီးသုံးကြသေးလဲ ချစ်တို့ 🤭

14/10/2023

ဘဝမှာ နောက်ကျမှ သုံးမိလို့နောင်တရမိတဲ့ suncream ☀️

အကုန်လုံးသိနှင့်ပြီးသားဖြစ်တဲ့ ဂျပန်နိုင်ငံမှာရောင်းအားအကောင်းဆုံး တစ်ကမ္ဘာလုံးရဲ့ အသဲကျော် ANESSA suncream ☀️

အများကြီးတွေမပြောဘဲ ဘာလို့ အဲ့လောက်ထိ နာမည်ကြီးလဲဆိုတဲ့ အဓိကအချက်တွေဘဲပြောပြမယ် ...

☀️သူက ချွေးထွက်များတတ်တဲ့ စုလိုလူတောင် လိမ်းထားပြီးရင် လုံးဝအဆင်ပြေတာမို့ sweat proof / water proof ဖြစ်တယ်

☀️texture ကလည်း တအား lightweight ဖြစ်ပြီး လိမ်းလိုက်တာနဲ့ အသားရေလေးထဲကို စိမ့်ဝင်လွယ်တယ် skin ကိုလဲ smooth ဖြစ်သွားတာ

☀️moisture လဲပါတာမို့ လိမ်းပြီးတာနဲ့စိုစိုအိအိလေး အရမ်းကောင်း

☀️suncream ဆိုတာနဲ့ အဓိက ပြဿနာက လိမ်းပြီးရင် white cast တွေကျန်တာ ၊ ပြာသွားတာ တွေဖြစ်တာဘဲ ANESSA ကတော့ လုံးဝ အဲ့လိုမဖြစ်တာအကြိုက်ဆုံး

☀️တစ်နေကုန်ဘာမှမလိမ်းရင်တောင် ဒါတမျိူးတည်းနဲ့တင် သဘာဝ healthy look လေးရတယ်

‼️full size ဆိုစျေးလေး အလစ်တဲလေးများတာမို့ half size လေးတွေကို အဆင်ပြေမပြေအရင် try ကြည့်ပြီးမှ သုံးကြနော် ချစ်တို့ 💗

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Southokkalapa
Yangon