Phytovy

Phytovy

Share

အနှစ်နှစ်အလလကစားထားတဲ့ စားကြွင်းစားကျန်၊ အဆိပ်အတောက်တွေကို Phytovy နဲ့ဖြေရှင်းနိုင်ပါပြီ။

03/11/2025

ဆေးရုံတွေရဲ့ ပေါ့ဆမှုတွေကို မပြောတော့ပဲနေမလို့ ဒါမဲ့လည်း သိသင့်ပြီး အားလုံးသတိထားရအောင်လို့ပါ။
ကျန်းမာရေးနဲ့ပက်သတ်ရင်ပေါ့လို့မရပါဘူးနော် 🧩
နောက်မှထဖွင့်တဲ့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းငယ်တွေဆို ပိုတောင် ယုံလို့မရပါဘူး။🙁
👉အိမ်က ညီမလေးအငယ်ဆုံးလေးက 24 ရက်နေ့ညမှာ ဗိုက်စအောင့်ပါတယ်၊ပုံမှန်အောင့်
နေကြပုံစံနဲ့စဖြစ်ပေမဲ့ ဒီတစ်ခါသူအောင့်တာက
ဆေးရုံတန်းပြေးရမဲ့ပုံလိုဖြစ်နေပြီး မျက်ခွံတွေ မျက်တောင်တွေကအစ ကောင်းကောင်းမခတ်နိုင်တော့လို့ 25 ရက်နေ့မနက်မှာ အိမ်နားက လှိုင်တော်ဝင်ဆေးရုံသွားခဲ့ပါတယ်၊ အစာအိမ်နဲ့အူလမ်းကြောင်းဆရာဝန်က အူအတက်ယောင်တာဆိုပြီး တန်းပြောပါတယ်။ ခွဲစိတ်ရမယ်ပြောတော့ ကျွန်မတို့လည်း အချိန်မလင့်ခင်မှာ ခွဲမယ်ပြောတော့ သီးသန့်ခန်းမရ
သေးလို့ ဆရာလဲ ရက်ချိန်းပြန်ကြည့်ပြီးမှ ပြန်ပြောမယ်ပြောပြီး ကျမတို့ကို စိတ်ချရအောင် Hall မှာထားပါတယ်၊တညလုံးလည်း ဗိုက်အောင့်နေတဲ့ ကလေးရဲ့ ကုတင်ကို ဘေးက ရွာသူမတွေက ခဏခဏလာဆောင့်လိုက်တွန်းလိုက်နဲ့ပြောလို့လဲမရပဲ တညလုံး အတော်ခံလိုက်ရတယ်၊
26 ရက်နေ့မနက်ကျတော့ ခွဲဖို့သေချာပေမဲ့ အခန်းလဲမရသလို ဆရာလဲ လာမကြည့်အားသေးလို့ ဖုန်းထဲကနေ နောက်ဆေးရုံဖြစ်တဲ့ခိုင်ဆေးရုံကို ပြောင်းခိုင်းပါတယ်၊
ပွဲက အဲ့မှာ စတာပါပဲ👊
ခိုင်ရောက်တော့မှ Ultrasound ရိုက်တဲ့စက်မရှိလို့တဲ့ ချမ်းသာကြီးဆေးရုံကို ပြေးပြီး ထပ်ရိုက်ရသေးတယ်၊ Emergency ဖြစ်နေပေမဲ့ လူအများကြီးကို တန်းစီစောင့်နေရဆဲပါ၊အလှည့်ကျရိုက်မယ်ဆိုတော့ ရိုက်ပေးတဲ့ ဆရာက အူအတက်ပေါက်သွားပြီပြောလို့ ကျွန်မတို့လဲ အမြန်ဆုံး ခွဲပေးဖို့ ခိုင်ဆေးရုံကို ပြေးလာပြီး ဆရာဝန်တွေကို ဘယ်ချိန်ခွဲမလဲဆိုတာ မေးတော့ ဆရာက 2:30 လာမယ်ပြောပါတယ်၊ အချိန်ကျတော့ မရောက်လာပဲ 3 ခွဲဆိုပြီး ထပ်ချိန်းပါတယ်၊ကြားထဲမှာ သူတို့က လှိုင်တော်ဝင်ကနေ ထိုးပေးလိုက်တဲ့ ဆေးတွေကို သေချာမမြင်တာလား မမေးမိတာလား Connection ပျက်နေတာလားမသိပဲ ထိုးပြီးဆေးတွေထပ်ထိုးမယ်လုပ်လို့ ကျမတို့ကဘာဆေးလဲမေးတော့မှ တိုက်ကြည့်ပါအုံးဆိုလို့ မလိုတော့ဘူး ထိုးပြီးသားဖြစ်နေတာပါဆေးမှားမထိုးမိတာ အချိန်မှီသွားတယ်၊အဲ့လိုနဲ့ ကလေးက စောင့်ရင်းနဲ့ ပိုပိုအောင့်လာလို့ ကျွန်မလည်း သူတို့ကိုသေချာအောင် မေးမြန်းပြီး ဆရာ ရောက်နိုင်တာ သေချာလားမေးတော့ 4 နာရီမှ ဖြစ်သွားပါတယ်။
မထူးတော့တာနဲ့ ကျွန်မလဲ အချိန်ထပ်မစောင့်နိုင်တော့ပါ၊ဆေးရုံပဲပြောင်းပေးပါ၊ဒီမှာ ဆက်မထားနိုင်ဘူး၊အသက်နဲ့ရင်းထားရတဲ့ ကျွန်မတို့ ကလေးနဲ့ ဆေးရုံဘက်က Delay နဲ့ အဆင်မပြေတော့ဘူးဆိုတာကို မရပဲ ခွဲခန်းထဲမှာ မေ့ဆေးဆရာမကရောက်နှင့်နေပြီဆိုပြီး ကလေးကို ဆွဲခေါ်သွားတယ်၊ဆေးထိုးဖို့ပြင်နေတဲ့အချိန် ကျမကလည်း ခွဲစိတ်ဆရာဝန်မလာသေးပဲ ဒါဘယ်လိုမှမဖြစ်နိုင်ဘူး၊ရပ်ပေးဖို့ အကြောက်အကန်ငြင်းရင်း သူတို့ဘက်က လွှတ်ပေးလိုက်ရင် ကလေးက အသက်အန္တရယ်တောင် ရှိတယ်ဆိုပါတယ်၊ကျွန်မကတော့ ပန်းလှိုင်ပဲ ပြောင်းမယ်လို့ ပြောပြီး ပြောင်းလာခဲ့ပါတယ်။
ပန်းလှိုင်ရောက်တော့ 24 Hr Surgeon တွေရော သက်ဆိုင်ရာဆရာဝန်တွေဝိုင်းဝန်းတိုင်ပင်ဆွေးနွေးပြီး လိုအပ်တာစစ်ဆေးလိုက်တော့ ကလေးက ခွဲစိတ်ဖို့လဲ မလိုသလို အူအတက်ချည်းရောင်နေတာမဟုတ်ပါဘူး၊အူအတက်ပေါက်တယ်လို့ ပြောဆိုချက်ကလဲမှားယွင်းနေတယ်ဆိုတာ CT Scan ရော Ultrasound ရော ထပ်ရိုက်တော့ သိခဲ့ရပါတယ်။
တကယ်ဖြစ်နေတဲ့ ရောဂါကို ဆရာဝန်တွေဝိုင်းဝန်းအဖြေရှာနေကြတာ နည်းနည်းတော့လူနာက ပိုခံရပေမဲ့ ရောဂါရှာလိုက်တာဟာ မုန့်ချိုအိတ် ယောင်ပြီး တိုက်ဖိုက်ဖြစ်နေတယ်လို့ ပြောပါတယ်၊ ရောဂါတွေ့တာနဲ့ ဆေးပေးဆေးသောက် ချက်ချင်းလုပ်တော့ ကလေးက တော်တော်လေး သက်သာလာပါတော့တယ်။
အကယ်၍သာ အူအတက်သာ မှားဖြတ်မိပြီး ဗိုက်ကိုဖွင့်ခဲ့မယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ ရောဂါတွေက ဘာမှသက်ဆိုင်မှုမရှိပဲ ပိုဆိုးရွားပြီး အသက်တောင် ကယ်နိုင်တော့မယ်မထင်ပါဘူး နေ့လား ညလား ဖြစ်ကုန်မှာပါ။
တနေ့တည်းမှာ ဆေးရုံလေးရုံပြေးခဲ့ရပြီး ဆရာဝန်တွေရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် မသိတဲ့လူနာတွေ ဘယ်လောက်ခံရပြီးပြီလဲ။မှားယွင်းကုသမှုတွေကြောက်ရင်း Private hospital တွေကို မရွေးချယ်နိုင်ရင်ကော လူတွေအသက်တွေဘယ်လောက်ပေးဆပ်ရမှာလဲရှင်။
အဲ့လိုနဲ့ ခေတ်ပျက်ကြီးထဲမှာ အပ်ပုန်းဆရာဝန်တွေနဲ့ မတွေ့ကြပါစေလို့ပဲ
ဆုတောင်းပေးပါတယ်🙏
မူရင်းပို့စ် - Wutt Yee

30/06/2025

၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သောအနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသောအကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာတို့၏ ဘေးမှလည်းကောင်း။

ထို ( ၁၁ )ပါးသော ဘေးဆိုးတို့မှ ကင်းဝေးကြပါစေရန် ဆုတောင်းမေတ္တာပို့သပါသည်။
ဘေးရန်ကင်းငြိမ်းကြပါစေ။

12/09/2023

ကျနော်တို့ရခိုင်တွေအရမ်းကြိုက်တဲ့ #အညှင်းသီးခေါ်ဒညင်းသီး
:::::::::;::::::::::::::::::::::::::::::::::::::::

#ဒညင်းသီးကြိုက်သူများအတွက်

ဒညင်းသီး ထဲမှာ ပါတဲ့အက်ဆစ်ကို
Djenkolic acid လို့ ခေါ်ပါတယ်။
အရပ်ထဲမှာတော့
"ရေ၅ထပ်သွန်ပြီးပြုတ်တယ်"
"အဆိပ်ထုတ်ပြီးပြုတ်တယ်"တို့
"ထန်းလျှက်နဲ့ပြုတ်ရင်အဆိပ်ပြေတယ်"တို့
"ထိပ်ကအဆိပ်ဆံလေးထုတ်ပြီးပြုတ်ရင်
ဘာမှမဖြစ်ဘူး"တို့ စသဖြင့်
မျိုးစုံကြားရပါတယ်

တကယ်တော့ အဆိပ်ဆံလို့သိနေတဲ့နေရာက
ဒညင်းအပင် ပေါက်မယ့်နေရာ ဖြစ်ပါတယ်။
အဆိပ် နဲ့မဆိုင်ပါဘူး
အယူအဆ မှားနေတာပါ။

ဒညင်းသီး အသား တစ်ခုလုံးမှာ
အဆိပ်ဓာတ် Djenkolic acid တွေ
အပြည့် ပါပါတယ်။

ဒညင်းသီးစားလိုက်တဲ့အခါမှာ
ဒီ အဆိပ်ဓာတ်က အစာအိမ် ကတဆင့်
အူ ထဲကို အရင်ရောက်ပါတယ်

အူ ထဲကနေ စုပ်ယူပြီး
သွေး ထဲမှာရှိနေတုန်းမှာ
ပျော်ဝင်အဆင့် မှာပဲ ရှိနေပြီး
ပျောက်မသွားပါဘူး

ခန္ဓာကိုယ်ထဲက သွေးတွေ အားလုံးဟာ
ကျောက်ကပ် ကိုမဖြစ်မနေ
ဖြတ်သန်းရပါတယ်။

အဆိုပါအဆိပ်
ကျောက်ကပ်ထဲ ရောက်ချိန်၊
ဆီးဖြစ်လာတဲ့အချိန်၊
ဆီးက အက်ဆစ် pH ဘက်ကို
ရောက်တဲ့အချိန်မှာမှ
အချိုမှုန့်ချောင်းလေး တွေပုံစံ
Crystal အဖြစ်ပြောင်းပြီး
ကျောက်ကပ် ပြွန်သေးသေးလေးတွေ
ပေါ်မှာ စိုက်စူးစေပါတော့တယ်။

အဲဒီအချိန်မှာ
ပုံမှန်အလုပ်လုပ်နေရတဲ့ ပြွန်တွေ ပျက်စီးပြီး
ဆီး ထဲ သွေးပါလာတာမျိုး
ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်လာပါတယ်။

ဘယ်နှစ်ရေ ပဲပြုတ်ပြုတ်
ဘာထည့်ပြီးပြုတ်ပြုတ်
အဆိပ်ဓာတ်ရှိနေတာ ပဲမို့
ဆီးချို သွေးတိုး ရှိပြီးသားသူများ
ရှောင်သင့်ပါတယ်။

များများစားမှ ဖြစ်တာမျိုး မဟုတ်ဘဲ
တစ်လုံး နှစ်လုံးစားရုံနဲ့လည်း
ဆေးရုံ ရောက်တတ်ပါတယ်။

စားကောင်းပေမယ့်
ဒညင်းသီးအစား အရသာတူတဲ့
မျောက်ငိုသီး လို ၊
နှစ်တစ်ရာသီး၊
ပဲကော လို
ဟာတွေ အစားထိုးပြီး စားတာ
အကောင်းဆုံးပါ။

ကျောက်ကပ်က လူ့အတွက်
တန်ဖိုး ကြီးပါတယ် ။

ကျောက်ကပ် ပျက်စီးရင်
အမြဲတမ်း ကျောက်ကပ်ဆေး နေရတာမျိုးကို
မသေမချင်း လုပ်သွားရမှာပါ၊
အခြေအနေပေါ် မူတည်ပြီး
နှစ်ပတ် တစ်ခါ သို့မဟုတ်
တစ်လ တစ်ခါ
ပုံမှန် ကျောက်ကပ်ဆေး ရပါတယ်၊
တစ်ခါ ဆေးရင် နှစ်သိန်းဝန်းကျင်
ကုန်ကျပါတယ်။

ကျောက်ကပ် အစားထိုး လဲဖို့ဆိုရင်လည်း
သိန်း ရာနဲ့ချီ ကုန်ပါတယ်။

မသိလို့ စားခဲ့တာကတော့
ပြင်လို့ မရတော့ပေမယ့်
ဒီအန္တရာယ်ကို သိလာတဲ့အခါ ဆင်ခြင်နိုင်ဖို့
တင်ပြလိုက်ရပါတယ်။


#ဒေါက်တာကျော်စိုးထက်

02/09/2023

အောင်သွယ်တော်လမင်းနဲ့ သရုပ်ဆောင်ကခုမှကွက်တိကျ😂
z
#အောင်သွယ်တော်လမင်း
#ထားလိုက်ပါ

07/08/2023

အဆုတ်ပွပီး
#ချောင်းဆိုး မပျောက်ဘူး
ဆိုသူများအတွက် ဆေးနည်း

သာမန် ချောင်းဆိုးတာပဲ​ ဖြစ်ဖြစ် နာတာရှည် ချောင်းဆိုးတာပဲ ဖြစ်ဖြစ်
အခု သဘာဝဆေးနည်း ကို
သုံးစွဲကြည့်ဖို့ မျှဝေပေးလိုက်ရပါတယ်နော်

ဆေးနည်းကတော့

၁/ရှားစောင်းလက်ပတ် ၁ထွာခန့်
၂/သံပရာသီး တစ်လုံး
၃/ဆားအနည်းငယ်

ပြုလုပ်ရန်

ပန်းကန်လုံးလေးထဲ
ရှားစောင်းလက်ပတ် အတွင်းသား
jelly ဖတ်လေးတွေ ခြစ်ထုတ်ပါ။ သံပရာသီးတစ်လုံး ညှစ်ထည့်ပါ။
ဆားလေး အနည်းငယ် ထည့် ပါ။
၃ မျိုးလုံး ရောသမအောင် ခေါက်ပြီး သောက်ပါ။

(အစာအိမ် သမားများ သံပရာသီးအစား
(Lemon) သံပုယိုသီး ကို သုံးပါ)

သောက်သုံးရမည့်အချိန်

မနက်စာ စားပြီး တစ်ကြိမ်

ညစာ အပြီး တစ်ကြိမ်

ကိုဗစ် ကြောင့် ရော
တချို့ အိုမီခရွန် Omicron အပြီး ချောင်းတွေ တဟွပ်ဟွပ် ဆိုးကျန်နေတာ
ဒီနည်းလေး နဲ့ တစ်ရက် ၂ ကြိမ်
၄ ရက်လောက် သောက်လိုက်တာ ပျောက်သွားကြတာမို့ လိုအပ်သူများ
အသုံးပြုနိူင်ဖို့မျှဝေလိုက်ပါတယ်။

လေးစားစွာဖြင့်...
May Yadanar
Credit... Original Uploader

18/07/2023

လေ့ကျင့်ခန်း လုပ်နေတာကို ကြည့်နေရင်းနဲ့
အလိုလို ပိန်လာတာကို ကျမ သဘောကျတယ် 😍

Credit

16/07/2023
15/07/2023

အစားအသောက်ရွေးစားတဲ့အခါ calorie ကို
တွက်ချက်စားပါ။
🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။
စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။

စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊

ဥပမာ- လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပၲတဲ့ cal က 3000 cal ပါ။
အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက် 2000 cal တွက်ချက်စားရင် weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍

ကယ်လိုရီတန်ဖိုးများ
----------------------
🍯🥔🍠ကစီဓာတ်( carbohydrate)🍠🥔🍯
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ

🥩🍗🍖အသားဓာတ် (protein)🍖🍗🥩
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ

🧀🧈အဆီဓာတ် (fat )🧈🧀
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ

🥭🍇🥑သစ်သီး🍇🥭🥑
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရ်ှပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)

🥬🍅ဟင်းသီးဟင်းရွက်🍅🥬
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)

🍹🍻ဖျော်ရည်နဲ့ ယမကာ🍹🍻
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ

(🔺ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။
🔺ကော်ဖီ ☕️ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။
🔺ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။
🔺ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။)

Credit
Photo crd

Photos from Phytovy's post 08/07/2023

🤦‍♀️ ရင်သားကင်ဆာ ဝေဒနာအတွက် သပြေသီး။

📛 ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။

🍒 ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို
ဆားဖြင့် တို့စားခြင်းအား(၇)ရက်မှ ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင်
မန်ကျည်းဖျော်ရည် သောက်ပေးရသည်။
ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ
အညစ်အကြေးနှင့် အတူပါသွားတော့သည်။

🍒၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ်
တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး
ဝမ်းနှုတ်ပေး၍လည်း မလိုလားအပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။

✍ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍ ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။

🤦‍♀️ နောက်ဆုံး
သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေးနှင့်အတူ ဆံပင်ထွေးများ ကျသွားသည်ဟု ဆိုပါသည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ရသောဆေးနည်း ဖြစ်သည်ဟု ဆိုပါသည်။

🍎 #သပြေသီး #
××××××××
၂၀၀၇ ခုနှစ်က အိန္ဒိယနိုင်ငံထုတ် ဆေးပညာ ဂျာနယ်တွင်
သပြေသီးမှည့်သည် ရင်သားကင်ဆာ မဖြစ်ပွားစေအောင်
ကာကွယ်ပေးနိုင်သည့်အပြင်,ရင်သားကင်ဆာ ဝေဒနာရှင်တို့
သပြေသီး စားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များ မပြန့်ပွားအောင်
ထိန်းထားနိုင်သည်ဟု ဆိုပါသည်။

♻ ၂၀၀၉ ခုနှစ်တွင်လည်း အမေရီကန်ပြည်ထောင်စု ဆေးဝါးတက္ကသိုလ်မှ သပြေသီးသည် ရင်သားကင်ဆာ မဖြစ်ပွားအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ကြောင်း အဖြေထွက်ရှိပါသည်။

🍎 #ဦးရေပြားဗောက်ထခြင်း #
××××××××××××××××
သပြေသီး သတ္တုရည်ကို လိမ်းပေးပါက.
ဗောက်ထ ဦးရေပြားမှိုစွဲခြင်းရောဂါ ပျောက်ကင်းစေသည်။

🍎 #ဆီးလွန်ရောဂါနှင့်သပြေသီး #
××××××××××××××××××
သပြေသီးတွင် ချိုဖန်သော အရသာရှိသည်။
သပြေသီးချိန်တွင် သပြေသီးမှည့်ကို စားပေးခြင်း
သပြေခေါက်ကို အမှုန့်ပြုပြီး နေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်း
နံက်ည စားပေးခြင်းဖြင့်လည်း ဆီးလွန်ရောဂါကို
သက်သာ ပျောက်ကင်းစေပါသည်။

🍎 #သပြေစေ့ #
××××××××
ဆီးချိုရောဂါအတွက်.
အပင်တွင် ဆေးစွမ်းအကြီးဆုံးက.
သပြေသီးမှည့်၏ အစေ့ဖြစ်ပါသည်။
ထိုအစေ့ကို စနစ်တကျ အခြောက်လှန်း အမှုန့်ပြုပြီး
နေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်းနှုန်း နံက်ည သောက်ပေးပါက.
ဆီးချို တကယ်ပျောက်သည် ဆိုပါသည်။

👉 အိန္ဒိယ ဆေးကျမ်းများတွင်
သပြေရွက်ပြုတ်ရည်ကို အသည်းအားဆေးအဖြစ်
တိုက်ကျွေးသည့်အပြင်, မှတ်,ခြင်,တို့ မကိုက်စေရန်
သပြေရွက်ကို ကိုယ်ခန္ဓာတွင် ပွတ်တိုက် လိမ်းကျံကြသည်။

သပြေပင်နှင့်ပတ်သက်သော.
များစွာသော ဆေးအသုံးတို့ ရှိနေပါသေးသည်။

❌ အစာမကြေသူများ ကိုယ်ဝန်ဆောင်သူများနှင့် မတည့်ပါ။
ဆေးဖက်ဝင်သည် ဆိုသော်လည်း လွန်လွန်ကျွံကျွံ မစားသုံးသင့်ပါ။

(( အားလုံး အနာရောဂါကင်း၍ ကျန်းမာ ချမ်းသာပါစေ ))မေတ္တာဖြင့်ထပ်ဆင့်မျှဝေပါသည်

16/06/2023

စျေးကွက်ထဲပုဇွန်အတုတောင်ထွက်နေပြီတဲ့ဗျ
သေချာစစ်ဆေးပြီးဝယ်ယူစားသုံးကြပါချစ်မိတ်ဆွေတို့

#သတိ
#အများသိရှိဖို့ပြန်လည်မျှဝေသည်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon