Luxury Nan

Luxury Nan

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Luxury Nan, Beauty, cosmetic & personal care, Yangon.

Photos from Luxury Nan's post 26/12/2023

အားလုံးပဲသတိထားလို့ရအောင်တင်ပေးလိုက်တာပါ

Kpay အကောင့်
lae lae myo swe
09.964 413 511 နဲ့လိုက်လိမ်စားနေတာပါ
Bankကိုသွားပြန်တော့လည်းk payရုံးတာဝန်မယူပါဘူးနော်လိမ်နေတာသိသိနဲ့ လူလိမ်ရဲ့အချက်အလေ့ပေးသိလို့မရပါဘူးတဲ့ အားလုံးသတိထားရအောင်လို့ပါ

20/12/2023

ကိုယ့်ကိုအားပေးတဲ့ချစ်ကာကာလေးဆီအရောက်သွားနေပြီနော်😍

ဘဝကိုလွှတ်လပ်စွာဖြတ်သန်းမယ်💃💃💃

16/12/2023

ပန်းလေးတွေကိုကြည့်နေရရင်ကိုပျော်နေမိတာ 🥰
ငါတစ်ယောက်တည်းလား😍

06/12/2023

🥺

04/12/2023

ငါ့အတွက်ငါရှိတယ်

30/11/2023

Happy Sweet December 🌲🎉💰🎁🌲

30/11/2023

အာ့လိုသူငယ်ချင်းမျိုးရှိလား😍😍😍

05/09/2023

🌿
အနိုင်အရှုံးတဲ့
အနိုင်ယူချင်တဲ့အတ္တကြောင့်
သံယောဇဉ်တွေထိခိုက်ပွန်းပဲ့ကုန်တယ်။
🌿
အနိုင်အရှုံးတဲ့
ရှုံးသွားရင်မာန်မာနတွေကို
ထိခိုက်သွားမှာစိုးရိမ်နေတာကြောင့်
အနိုင်ယူလိုက်ပေမဲ့
အကြီးမားဆုံးသံယောဇဉ်တွေကတော့
နစ်နစ်နာနာဆုံးရှုံးသွားခဲ့ရတယ်။
🌿
အနိုင်အရှုံးတဲ့
နိုင်တဲ့သူကရော..ဘာရလိုက်လို့လဲနော်။
ရှုံးတဲ့သူကရော..ဘာများပါသွားလို့လဲနော်။
🌿
မေမေအမြဲပြောတယ်။
ထုတဲ့ဥသျှစ်သီးကလည်းကွဲတာပဲ
ခံရတဲ့ဥသျှစ်သီးကလည်းကွဲတာပဲတဲ့။
🌿
ဘာကြောင့်များ
အနိုင်အရှုံးကိုတွက်လို့
သံယောဇဉ်ခင်မင်မှုကိုမိတ်ပျက်ချင်ရတာလဲနော်။
🌿
တော်တန်ရုံအတွေးခေါင်လွန်းတဲ့သူမှဘဲ
သံယောဇဉ်ကိုတန်ဖိုးမထားချင်ကြတာလို့ပဲတွက်မိတယ်။
ကိလေသာအားကြီးလို့သာအမှန်မမြင်ပဲ
အတ္တတွေမာန်မာနတွေကိုအားကိုးပြီး
ပူလောင်ကျွမ်းမြေ့နေကြတာ..။
🌿
ပိုးဖလံမျိုးမီးကိုတိုး..ကိုယ်ကျိုးနည်းပြီပေါ့။
တရားမသိလို့မအေးချမ်းတာ..တရားမရှိလို့ကိလေသာမာန်မာနတွေအားကြီးတာ..တကယ်တော့ဒါတွေကရှက်ဖို့ကောင်းတယ်နော်..ဘာမှမရလိုက်ပေမဲ့..
ဇာတိရုပ်တွေပေါ်ထွက်လာတာကတော့အရှုံးပေါ့..။
🌿
ဒါကြောင့်
နိုင်ရရင်တောင်အနိုင်မယူပဲအရှုံးပေးတတ်ကြပါစေ။
အရှုံးပေး..နှလုံးအေး..အပြုံးလေးက..အမုန်းဝေးတဲ့ဆေးပဲပေါ့...။
လူသားအချင်းချင်း..
ရိုင်းပင်းရင်း..ချစ်ခင်မြတ်နိုးနိုင်ကြပါစေ။

သံသာရှင်းထက်
မူရင်းအမည်အားမဖျက်စီးပဲcopyယူနိုင်ပါသည်။

16/08/2023

#ရင့်ကျက်စွာblockလိုက်ပါ.... 🚫🚫🚫

မရင့်ကျက်တဲ့သူတွေကသာ
fb မှာ block ကြတာ

ရင့်ကျက်တဲ့သူတွေကြတော့လည်း အလုပ်တစ်ခုထဲ
တစ်နေရာထဲ တစ်လမ်းထဲ တစ်အိမ်ထဲ တစ်ခန်းထဲတူတူနေရရင်တောင်

မမြင်ချင်ပဲမြင်နေရတဲ့ လူတွေကို
မျက်လုံးက block ထားလိုက်တယ်

မကြားချင်လည်းကြားနေရတဲ့ စကားလုံးတွေကို
နားက block ထားလိုက်တယ်

သူ့ရဲ့ ပြုမူလှုပ်ရှားမှုတွေကို ဘာတစ်ခုမှလိုက်
မခံစားတော့တာပါ။ ဘာလုပ်မလဲ fb မှာ block ပြီး
သူ့အကြောင်း တွေးတိုင်း မြင်တိုင်း ကြားတိုင်း
အကုသိုလ်များနေတာ .....

ကိုယ်က block ထားတာသူသိပြန်ရင်လည်း
ကိုယ်ကဘဲ ရင်မဆိုင်ချင်သလိုလို
ကိုယ်ကဘဲ မနာလိုဖြစ်နေသလိုလို

"ဒါ့ကြောင့် "
ရင့်ကျက်စွာ block ခြင်းဆိုတာ
ခပ်ရှင်းရှင်းပြောရရင် $ဖက်မလုပ်တော့တာ။

" တချို့လူတွေကို "
ဦးနှောက်က block ထားသင့်တယ်
တချို့လူတွေကို နှလုံးသားက block ထားသင့်တယ်
တချို့လူတွေကို စိတ်ထဲက block ထားသင့်တယ်

"ဒါ့ကြောင့်"
အမုန်းမပွားပါနဲ့"
ရန်မဖြစ်ပါနဲ့"
ရင့်ကျက်စွာ block လိုက်ပါ......

Credit မူရင်း

26/07/2023

စိတ်ကုန်ခြင်းဆိုတာတကယ်ရှိတယ်..။
ခဏခဏမြင်ပါများလို့ရိုးသွားတာနဲ့မတူဘူး။
နေ့တိုင်းဝက်သားဟင်းနဲ့စားရလို့ငြီးငွေ့တာနဲ့မတူဘူး။

စိတ်ကုန်ခြင်းဆိုတာတကယ်ရှိတယ်။
ဘယ်လောက်ပဲဟက်ယားထိုးခင်ခင်
ဘယ်လောက်ပဲတုန်နေအောင်ချစ်ချစ်
ဝဋ့်ကြွေးကုန်တဲ့အခါမှာ..စိတ်ကုန်ခြင်းက
လုပျယူစရာမလိုဘူး...။

ဆယ်နှစ်ကြာမှပြန်တွေ့ရလည်း..
မထူးဆန်းတော့သလို
မတွေ့မမြင်ရလည်းသူ့အတွက်ကိစ္စမရှိတော့ဘူး။

ခံစားမှုတွေဖူလုံသွားတဲ့အခါ
စိတ်ကုန်ခြင်းဆိုတာဖြစ်ပေါ်လာတယ်။

မျှော်လင့်ထားသလို
မဖြစ်လာမှမဟုတ်ဘူး။
မည်သူတစ်ဦးတစ်ယောက်
အပေါ်မှာမှမျှော်လင့်ချက်မထားပဲ
ရိုးရိုးဖြောင့်ဖြောင့်ရှင်သန်နေပါရက်နဲ့
ဘလိုင်းကြီးပြသနာလာလာရှာကြတဲ့အခါမျိုးတွေ
ရင့်သီးမှုတွေအကြိမ်ပေါင်းများစွာနဲ့
လေးစားခြင်းတွေမရှိတဲ့အခါမျိုးတွေ
များပြားလာရင်..စိတ်ဆိုတာကုန်တတ်တယ်။

လောကကြီးကိုစိတ်ကုန်တာမဟုတ်ဘူး။
လောကထဲကလူသားတွေကိုစိတ်ကုန်တာ။
တချို့ကတစ်ဦးတစ်ယောက်ကိုစိတ်ကုန်တာ။
တချို့ကလူသားတိုင်းကိုစိတ်ကုန်သွားတာ..။

လူသားတိုင်းကိုစိတ်ကုန်သွားတဲ့သူက
သူ့ကိုယ်သူပါစိတ်ကုန်သွားတယ်..။
သူကိုယ်သူစိတ်ကုန်သွားတဲ့သူက
သူတစ်ယောက်တည်းပဲနေတယ်..။
အထီးကျန်းတာတွေအမကျန်တာတွေ
သူ့လောကမှာမရှိတော့ဘူး....။

သံသာရှင်းထက်
နှလုံးသားအဟာရpage
မူရင်းအမည်အားမဖျက်စီးပဲcopyယူနိုင်သည်။
(ခွင့်ပြုလျှက်)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon