S Reliable Beauty Bank
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from S Reliable Beauty Bank, Beauty, cosmetic & personal care, Yangon.
12/07/2026
6ဘူးဘဲရပါမယ်ရှင့်
ါတယ်
ခဏခဏကို အမေးများတဲ့ Soap and Glory ရဲ့ The Righteous Butter Body Lotion 500ml full size ကို 46500ထဲနဲ့ ယူပါရှင့်။ ရခဲတဲ့ Itemလေးမို့ သုံးနေကျသူများယူထားပါနော်
Exp-2028
မူရင်းစျေး 630ဘတ်မလို့မြန်မာအရောက် တသိန်းကျော်ပါပြီရှင့်
သူ့မှာပါဝင်တဲ့ Ingredients တွေက shea & coca seed butter , sweet almond oil & vitamin E ဆိုတော့ အသားအရေကို အာဟာရဖြည့်ပေးပြီး စိုပြေအိစက်လာစေတယ်။
အကောင်းတကာ့အကောင်းဆုံး ပါဝင်ပစ္စည်းတွေနဲ့ အရမ်း luxury ဆန်တဲ့ Soap & Glory ရဲ့ The Righteous series က စျေးချခဲလွန်းလို့ ယူထားပါနော်။
သူ့ရဲ့ texture နဲ့ အနံ့တို့ကလေ လိမ်းပြီးတာနဲ့ relax ဖြစ်ပြီး ကြည်တောက်အိစက်သွားတဲ့ ကိုယ့်အသားအရေလေးကိုယ်ကြည့်ရင်း ပီတိဖြာနေစေမှာ သေချာပါတယ်ရှင့်။
Price -46500 (500ml)
Limited instock
05/07/2026
ကုန်ပါပြီရှင်
2တွဲဘဲကျန်
#အိမ်ရောက်ငွေချေရ
JMCY eye liner တချောင်း 4သောင်းဝန်းကျင်ကို အခု
6.6saleနဲ့ရထားလို့ black + brown နှစ်ချောင်းပါ set လိုက်ကိုမှ 13500 ကျပ်ထဲနဲ့ယူပါနော်
တချောင်းမှ 6000ကျော်ပဲကျတော့မယ်နော်။
အပိုမပြောဘူး သူ့ gel linerလေးက တအားဆွဲကောင်းပဲရှင်။
Water Proof+ Smudge Proof +Sweat Proof ကိုမှ ဆွဲရတအားလွယ်ပြီး gel eye line အိအိလေး အရောင်ထွက်လည်းလှတယ်။
THAI & Vietnam, China Tik Tok တွေမှာ MUA တွေပါသုံးနေကြတာမို့လေ ဒီစျေးနဲ့ရတုန်းဆွဲသာထားရှင်။
sensitive skin ကအစသုံးရအဆင်ပြေတဲ့ alcohol free ကိုမှ FDA approved eye liner ပါနော်
1 set - 13500
(နက် + ညို) နှစ်ချောင်းပါ စျေးပါရှင့်
04/07/2026
ဒီတချပ်ဝယ်ထား daily ကနေ full make up ထိကြိုက်သလိုပြင်လို့ရပြီ နော် ။
Judy do-ll အရောင်ထွက်နီးပါးတူပြီး စျေးကထက်ဝက်မက အရမ်းကိုတန်တဲ့ JMCY highlight & contour palette ကို 6.6 saleနဲ့ရထားလို့ 16500 ပါဘဲရှင့်။
Instagram, Tik Tok မှာ ရှာကြည့် မနှစ်ထဲက real user review တွေနဲ့ ဝက်ဝက်ကွဲပေါက်ထားတာလေးပါ။
နှာရိုး၊ မေးရိုး ပါးရိုး၊ နှာဖူး ၊မျက်ထောင့် မျက်ခွံ နှာထိပ် ကြိုက်တဲ့နေရာ လိုသလို အရောင်ကစားပြီး ကိုယ့်မျက်နှာကို shape ပိုပေါ် ပိုလှအောင်ခြယ်သဖို့ဆို အများကြီးမလိုဘူးနော် ဒီ palette လေးတချပ်ပဲလိုပါတယ်
သူ့ highlight အရောင်ထွက်ကလေ တော်တော်လေးကိုလှတာပါ။ ဘယ်လိုမိတ်ကပ် look မျိုးကိုမဆို tutorial လေးတွေကြည့်ပြီး ဒါလေးနဲ့ try ကြည့် အရမ်းအဆင်ပြေမှာနော်။
မှန်လေးပါပါတော့ အိတ်ဆောင်ထည့်သွားပြီး touch up လုပ်လို့လည်းရတယ်။
Quality ပိုင်းကတော့ ဘူးQကစပြီး long lasting ပိုင်းအထိ သူ့စျေးတန်းထဲမှာ အတော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်ရှင်။
ရွေးချယ်စရာ (2) မျိုးရှိပါတယ်။
01- cool tone သမားတွေက 01လေးယူပါ။
02- warm tone သမားတွေက 02လေးယူပါ။
ရွေးဖို့ခေါင်းမစားနဲ့ အများကြီးလည်း အရောင်ထွက်ကကွာမနေပါဘူးရှင့် ကြိုက်ရာသာ doချ နှစ်ခုလုံး လှတယ်
Price -16500
02/07/2026
မိုးရွာရွာ နေပူပူ မရှိမဖြစ်လိုအပ်တဲ့ ထီးကို Korea Export Quality ကြီးရောင်းမယ်ရှင်
Price-16000/-
High-grade Polyester Waterproof (ရေလုံနှုန်း ကောင်းမွန်ပြီး နေပူဒဏ်ပါ ကာကွယ်ပေးနိုင်တဲ့အသား)ကျိုသုံးပွီးထုတျထားတဲ့ ထီးပါရှင်။
ခေါက်ထီး -အကျယ်၃၈ လက်မခွဲ အရှည်၂၂ လက်မ Uv ပါလို့နေလောင်ဒဏ်ကိုကာကွယ်နိုင်လို့ အရမ်းအဆင်ပြေသောပါရှင်။
Premium Polyester Waterproof ထီးကြီးကိုမှ Korea export brand ပါရှင်။ ကျားမ မရွေး အဆင်ပြေသော luxury ဆန်ဆန် ရိုးရှင်းသော ဒီဇိုင်းပါရှင်။
ရေစိုဒဏ်အရမ်းခံလို့ မိုးသည်းသည်းရွာလည်းအဆင်ပြေတယ်။အဆင့်မြင့်မိုးကာသားကို အသုံးပြုထားလို့ မိုးရေတင်ကျန်ခဲ့ပြီး ထီးကရေကို အကြာကြီးစစ်နေစရာကိုမလိုတဲ့ ထီးပါ။ ခါထုတ်လိုက်တာနဲ့ ခြောက်သွေ့မြန်စေပါတယ်ရှင်။
ရုံးသွား ကျောင်းသွား ဟိုနားဒီနားသွား ထီးတလက်ကတော့ လိုကိုလိုတာမို့ ဒီလို Luxury ဆန်ပြီး တောင့်တင်းခိုင်မာတဲ့ ထီးတလက်ကတော့ လူတိုင်းယူကိုယူသင့်တာပါနော်
Price -16000
02/07/2026
နွေ မိုး ဆောင်းမရွေး ရှိကိုရှိသင့်တဲ့ နေကိုရော လေကိုပါကာမယ့် UV hoodie လေးတွေ Orderတွေပို့ပြီး လေးထည်ဘဲ Stockကျန်ပါတော့တယ်ရှင့်
Price-18500/-
* ခေါင်းဆောင်းပါတာလေးပါ
* Cutting သေးလို့ မင် XL (120-140lb) လေးဘဲ Stock ထားထားပါတယ်။ Lb 100-120သမားလေးတွေလည်း ချောင်ချောင်ချိချိ ဝတ်ချင်ယူလို့ရတယ်နော်
နေပူထဲထွက်တဲ့အခါ ရိုးရိုးအနွေးထည်ဝတ်တာထက် အများကြီး အကျိုးရှိတဲ့ UV hoodie လေးပါနော်။
hoodie အသားလေးကို ဝတ်ထားရင် မပူအိုက်နေစေမယ့် ice silk အသားလေးကိုသုံးပေးထားလို့ ရာသီဥတုမရွေး သင့်တော်တယ်နော်။
ဆိုင်ကယ်စီး စက်ဘီးစီးတဲ့အခါ wind breaker အနေနဲ့ ထပ်ဝတ်သင့်သလို gym သွားတဲ့အခါ sport hoodie အနေနဲ့လည်း ဝတ်ဖို့ smart ကျပြီး body shape လေးပေါ်စေတဲ့ cutting design လေးပါရှင်။
လက်ဖမိုးအစွပ်လေးပါပါလို့ sun burn ဖြစ်မှာလည်းမစိုးရိမ်ရတော့ဘူးနော်။ Lotion တွေလိမ်းတာအပြင် ဒီလို uv protection hoodie လေးတွေပါ ဝတ်ပြီး skin လေးကိုဂရုစိုက်ကြရအောင်နော်။
အဖြူလေးက အပြင်မှာဖွေးဥနေရောဘဲ။
ပန်းလေးအ အသားဖြူသူတွေအတွက်အတော်အသားဆောင်တာနော်။
ခဲလေးက အပေအတေခံချင်သူတွေယူပါ
Price -18500/-
Color : နက် ခဲ ပန်း ဖြူ
Instock
Cash on deliရ
28/06/2026
gym & workout triangle sling unisex bag export Quality ကို 8500/-နဲ့ရပါမယ်
gym workout အတွက်လား ၊ပြေးဖို့လား ၊စက်ဘီးစီးမလား ၊ဘောလုံးကန်ဖို့လား ၊ကြက်တောင်ရိုက်ဖို့လား ၊ခရီးတိုလေးတွေထွက်ဖို့လား
အဝတ်အစား၊ ရေဘူး၊ ဖုန်းနဲ့ ပစ္စည်းတွေအများကြီးကို ကျောပိုးအိတ်ထဲစုထည့်လွယ်တာတို့ မနိုင်မနင်း ပစ္စည်းတွေလက်ကကိုင်ထား ပြုတ်ကျတာတို့မဖြစ်အောင် smart တကျ ဒီဇိုင်းအဆန်းအိတ်လေးနဲ့သယ်ပါ။
unisex အိတ်လေးဖြစ်တာကြောင့် couple သုံးလို့လည်းရသလို လက်ဆောင်ဝယ်ပေးမယ်ဆိုလည်းအဆင်ပြေပါတယ်။
Export Q ဖြစ်တာကြောင့်လေ Qကရှယ်ပဲ။ အလှအိတ်မဟုတ် ဒါမျိုးက အကြမ်းအိတ်ပါ ထည့်ချင်ရာထည့်လွယ် ပေါ့ပါးပြီး လွယ်ရအဆင်ပြေ ကြာရှည်အသုံးခံတယ်ရှင်။
Price -8500
color random လေးဖြစ်ပါမယ်ရှင့်
ပစ္စည်းအသင့်ရှိလို့ချက်ချင်းပို့ပါမယ်
Cash On Deliရ
14/06/2026
16000-19000ရောင်းနေကျတာလေး Sale Price-15000အတိနဲ့ယူပါရှင့်
✅445ဘတ် မူရင်းဈေးမြန်မာငွေ4သောင်းခွဲ၀န်းကျင် Pink Flash ရဲ့ Fix & Lock Setting Spray Face Mist လေးကို 15000 ထဲနဲ့ ရတာ အရမ်းတန်နော်
🤍 အသားအရေကို Hydrating အပြည့်၀ဖြည့်ပေးပြီး Soothing & Claming ဖြစ်စေတဲ့ Mist လေးပါ။
🤍 အကြိုက်ဆုံးကတော့ ဖုန်းကို ပါးမှာကပ်ပြောလို့ မော်စကော်တွေ ပေတတ်တယ်ဟုတ်။ သူ့ဖြန်းထားရင် ဒါမျိုးမဖြစ်ပါဘူးရှင် 😍
🤍 waterproof, mask proof ဖြစ်ပြီး မိတ်ကပ်တာရှည်ခံဖို့ ကူညီပေးတာကြောင့် မနက်ခင်းထဲက အလှပြင် ရုံးသွား သင်တန်းသွားရသူတွေအဖို့ အတော်လေးအဆင်ပြေပါတယ်။
🤍 Makeup base အနေနဲ့လည်းသုံးလို့ရသလို make up လိမ်းပြီးချိန်မှာ Setting Spray အနေနဲ့ ဖြန်းပေးလို့လည်းရပါတယ်။
🤍 Skin မှာရှိသင့်တဲ့ Water & Oil ကို Balance ဖြစ်အောင်ထိန်းညှ်ိပေးတဲ့အတွက် pH balance ညီစေပြီး အသားအရေကောင်းလာဖို့လည်း အထောက်ကူပြုပါတယ်။
🤍 Insta, tik tokမှာ Blogger တွေ user review တွေ အများကြီးရှိပြီး before, after စမ်းပြထားတာတွေက တကယ့်ကို ကျွတ်ဆင်ကြီးပါနော်။
🤍 အသုံးပြုပုံက မသုံးခင် ဘူးကို shake ပါ။ မျက်နှာနဲ့ 15 cmအကွာလောက်ကနေ X, T ပုံစံဖြန်းပါ ပုံမှာလည်းပြပေးထားပါတယ်ရှင်
14/06/2026
ဒါလေးတကယ်ကောင်း အသားလေးစိုစိအိအိလေးဖြစ်သွားတာ Hot potသောက်ပြီးတာတောင် မိတ်ကပ်ကွက်မသွားဘူးရယ် Full Makeup ပြင်မယ်ဆို ဒါလေးတစ်ဘူးတော့ဆောင်ထား
Sasi-All Day-Fixing Spray
မိတ်ကပ်လိမ်းပြီး ၂ နာရီနေရင် အဆီပြန် မိတ်ကပ်ကွက် တဲ့သူတွေ မိတ်ကပ်လိမ်းမတော်တာမဟုတ်ဘူးနော် Fixing Spray ကောင်းကောင်းလေးလိုနေတာပါရှင့်
နေပူထဲပဲသွားသွား၊ AC ခန်းထဲပဲနေနေ... နေ့ခင်းဘက်ရောက်ရင် မိတ်ကပ်တွေကွက်၊ အဆီတွေပြန်ပြီး Mask မှာ ပေကုန်တာ ဖောင်ဒေးရှင်းကြောင့်မဟုတ်ဘူးနော်၊ မိတ်ကပ်ကို သေချာ Lock မချထားလို့ပါ ဒီပြဿနာတွေကိုSasi All-Day Fixing sprayလေးက ကောင်းကောင်းဖြေရှင်းပေးနိုင်ပါတယ်
မျက်နှာ အဆီပြန်တာကို တစ်နေကုန် ထိန်းပေးတယ်။
မိတ်ကပ်သား မကွက်ဘဲစွဲစေတယ်
Lightweight ဖြစ်လို့ ဖြန်းလိုက်ရင် အေးအေးလူလူနဲ့ မျက်နှာပေါ်မှာ တင်းတင်းချည်းမဖြစ်ဘဲ စိုစိုအိအိလေးဖြစ်နေစေပါတယ်
မိတ်ကပ်ကို ၁၂ နာရီလုံး Fresh ဖြစ်နေစေဖို့ Sasi Spray လေးကို အိတ်ထဲ အမြန်သာ ဆောင်ထားတော့နော်။ Review ကောင်းတွေချည်းပဲမို့ လက်မနှေးပါနဲ့နော် CBသာ အမြန်လာပါရှင့်
Price -16000/-
08/06/2026
စနိုးစောင် နှစ်ဖက်လှ ထူထူအိအိနွေးနွေးလေး ခြုံပြီး မိုးအေးအေးလေးနဲ့ ကွေးမယ်ကွာ 😍 နှစ်ယောက်ခြုံဆိုဒ်ကြီးမို့ လက်ဆောင်ပေးမလား၊ လှူမလား မျက်နှာလှတယ်ရှင် 27000/-ဘဲပေး ချက်ချင်းပို့မယ်နော်
အဲကွန်းခန်းထဲခြုံပြီးကွေးရင်လည်းဇိမ်ကျ🥰
Zar@ စောင် export စက်ရုံကပဲထွက်မှာမို့ Quality ကတော့ အထူးညွှန်းမနေတော့ဘူးနော်။ Official site တွေမှာဝယ်ရင် ဒါမျိုးက 7-8သောင်းပြေးမလွတ်ဘူး
စနိုးပိုလာစောင်ထူထူလေးပိုမှ အသားကလေ နူးညံ့အိစက်နေရောရှင်။
စောင်ဆိုပေမယ့် နှစ်ဖက်လှလေးမို့ product photography အတွက် အောက်ခံအခင်းအနေနဲ့ သုံးမယ်ဆိုလည်း အဆင်ပြေချက်ပဲနော်။
နှစ်ဖက်လှလေးမို့ တထည်ဝယ် နှစ်ရောင် (၂ထည်) ရသလိုပဲရှင်။
၅ ပေ ၂ လက်မ၆ ပေ ၆ လက်မဆိုဒ်လေးဆိုတော့ ဆိုဒ်ဖွံ့ပြီး ခြုံရတာအဆင်ပြေတယ်နော်။
Price -27000/-
27/05/2026
အိမ်ကသားကတော့ပန်းကန်နံ့လေးမွှေးကြည့်တာ ချိုတယ်တဲ့ ဝေဖာနံ့လေးတဲ့
သဘာဝ ဂျုံရိုးကုန်ကြမ်းနဲ့ ပြုလုပ်ထားလို့ ဂျုံ့နံ့သင်းသင်းလေးနဲ့ Quality ကောင်း Bear Plateလေးတွေ တစ်ချပ် 8000/-နဲ့ယူပါရှင့် Instockမို့ ချက်ချင်းပို့ပါမယ်နော်
Price-8000/- For 1
15000/- For 2
Chemical Free: ကလေးတွေအတွက် အဓိကအရေးကြီးဆုံးဖြစ်တဲ့ BPA (Bisphenol A) လုံးဝမပါဝင်ပါဘူး။ ပလတ်စတစ်တွေကို ပျော့ပျောင်းစေတဲ့ တခြားဓာတုပစ္စည်း (Plasticizers) တွေနဲ့ ခဲ၊ ပြဒါး စတဲ့ လေးလံသောသတ္တု (Heavy Metals) တွေလည်း မပါဝင်လို့အစားအသောက်ထည့်ကျွေးဖို့ စိတ်ချရပါတယ်
Sterilization: ထုတ်လုပ်မှုအဆင့်မှာ မြင့်မားတဲ့ အပူချိန်နဲ့ ဖိအားကိုသုံးပြီး ပိုးသတ်သန့်စင်ထားတဲ့အတွက် သန့်ရှင်းမှုအပိုင်းမှာ စိတ်ချရပါတယ်။
ကုန်ကြမ်းပစ္စည်း အရည်အသွေး (Material Quality)
Natural Composite: ဒီပန်းကန်ကို ဂျုံရိုး (Wheat Straw) နဲ့ စပါးခွံ (Rice Husk) တို့လို သဘာဝဘေးထွက်ပစ္စည်းတွေကို အခြေခံပြီး Organic Polymer Resin နဲ့ ပေါင်းစပ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ပလတ်စတစ်စစ်စစ်တွေလို ဓာတုနံစော်နေတာမျိုး မရှိဘဲ သဘာဝဂျုံနံ့သင်းသင်းလေး နဲ့ ကော်လုံးဝမဟုတ်ပါနော်
ရေရှည်ခံနိုင်ရည် (Durability & Usage Quality)
Temperature Resistance: -20C ကနေ 120C အထိ ခံနိုင်ရည်ရှိလို့ ရေခဲသေတ္တာထဲ ထည့်တာပဲဖြစ်ဖြစ်၊ မိုက်ခရိုဝေ့ဖ် (Microwave) နဲ့ အပူပေးတာပဲဖြစ်ဖြစ် ခံနိုင်ရည်ရှိပါတယ်။ (ဒါပေမဲ့ ပန်းကန်ပြားကိုပဲ အပူပေးရမှာဖြစ်ပြီး ဇွန်းနဲ့ခက်ရင်းကိုတော့ မိုက်ခရိုဝေ့ဖ်ထဲ မထည့်ဖို့ သတိပြုရပါမယ်။)
Texture: ဂျုံရိုးနဲ့လုပ်ထားတဲ့ ပစ္စည်းတွေရဲ့ သဘာဝအရ မျက်နှာပြင်က အနည်းငယ် မချောတချော (Matte finish) လေးမို့ ကလေးတွေ ကိုင်တွယ်ရတာ ပိုမြဲစေပေမဲ့ ဆီဦး၊ ဟင်းအနှစ် ဒါမှမဟုတ် အဝါရောင်နနွင်းရောင်တွေ စွဲလွယ်တတ်တဲ့အတွက် သုံးပြီးရင် ချက်ချင်းဆေးကြောပေးဖို့တော့ လိုအပ်ပါတယ်ရှင့်
ပေါ့ပါးပြီး ကွဲရှမှာလည်း မပူရတဲ့အပြင်၊ ကလေးကျန်းမာရေးအတွက် ဘေးဥပါဒ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ မပါဝင်တဲ့အတွက် နေ့စဉ်ကလေးစာကျွေးဖို့ Quality ကောင်းမွန် စိတ်ချရတဲ့ ပစ္စည်းလေးမို့ Chat Boxသို့အော်ဒါလေးအမြန်သာလာတင်ပါရှင့်
အပြင်ပုံလေးလည်းရိုက်ပြထားပါတယ်
Color Randomပါနော်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
01030