MOE & Sisters WE9 Skincare

MOE & Sisters WE9 Skincare

Share

ယုံကြည်မူရှိစေတဲ့ အလှတရားတွေ ပိုင်ဆိုင်နိုင်အောင် WE.9 ကတာဝန်ယူပေးပါ့မယ်။

Photos from MOE & Sisters WE9 Skincare's post 25/05/2024

🍒Toner အကြောင်း သိကောင်းစရာ

Toner ဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

လူ့အရေပြားက အက်ဆစ်ဖက် နည်းနည်းကဲလေ့ရှိတယ်။ ပုံမှန်အားဖြင့် pH 6-7 ကြားရှိတယ်။ မကောင်း တာက မျက်နှာသစ်ဆပ်ပြာ သုံးပြီးတဲ့အခါ
pH ပြောင်းလဲပြီး အယ်လ်ကာလီဖက် ရောက်သွားတယ်။ အဲလိုအချိန်မျိုးမှာ toner သုံးစွဲခြင်းကအရေပြား pHကို ပြန်လည်ထိန်းညှိပြီး ပုံမှန်အတိုင်း ဖြစ်စေတယ်။

Toner အများစုဟာ အဆီပြန်တဲ့အသားရေနဲ့ အထူးသင့်တော်တယ်။မျက်နှာအဆီပြန်ရင်ဝက်ခြံထွက်တာ လူတိုင်းသိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဆီတွေက လေထုထဲမှာ ရှိတဲ့ ဖုန်မွှားတွေကို တွယ်ကပ်စေတယ်။ အဲဒီဖုန်မွှားတွေက တဆင့် အဆီဂလင်းကိုသွားပိတ်ရင်း အထဲမှာ ဗက်တီးရီးယားပေါက်ဖွားပြီး ဝက်ခြံကို ဖြစ်စေတယ်။ တိုနာသုံးစွဲခြင်းက အဆီပြန်ခြင်း ကင်းစင်စေလို့ တောက်ပကြည်လင်တဲ့ မျက်နှာကို ပိုင်ဆိုင်စေမှာ ဖြစိတယ်။

Toner အများစုမှာ ရေ၊ အရက်ပြန်၊ အလှဆီ၊အသားရေတင်းရင်းစေတဲ့ ပစ္စည်း(ရှားစောင်းလက်ပပ်)၊ ဓာတုပစ္စည်း တမျိုးမျိုးပါလေ့ရှိတယ်။ တိုနာအများစုရဲ့ အခြေခံဟာ Alcohol ဖြစ်လို့ သုံးပြီးခြောက်သွားတဲ့အခါ အရေပြားမှာ စပ်ဖျဉ်းဖျဉ်း အေးစက်စက် ခံစားရတယ်။ Alcohol မပါတဲ့ tonerတွေမှာ witch hazel (သို့) tea tree oil ကို သုံးစွဲကြတယ်။ ခြောက်သွေ့တဲ့အရေပြားတွေမှာ ရေဓာတ်အခြေခံ toner တွေသုံးကြတယ်။ Aloe vera, vitamin E , chamomile extract ပါတာတွေအသုံးများတယ်။ Chamomile နဲ့ marigold extracts ပါဝင်တာတွေက အသားရေကို ဖြူစေပြီး ဝက်ခြံမဲ(blackhead) တွေမှာ အသုံးဝင်တယ်။ဆေးကြာရှည်ခံအောင်ထိန်းသိမ်းတဲ့ parabens ,citric acid , potassium sorbate စတာတွေက ဗက်တီးရီးယားပေါက်ဖွားမှုကို ကာကွယ်ပေးတယ်။ Polysorbate-20 နဲ့ castor oilတွေက toner တော်တော်များများမှာပါလေ့ရှိတယ်။

Toner တွေကို အမျိုးစားခွဲရင် စုစုပေါင်း (၃)မျိုး ရှိတယ်။
(1) Fresheners - ခြောက်သွေ့တဲ့အသားအရေတွက်သင့်တော်တယ်။ glycerin နဲ့ hyaluronic acid ပါရင် အစိုဓာတ်ထိန်းပြီး အရေပြားခြောက်သွေ့တာကို ကာကွယ်တယ်။ ပုံမှန်အားဖြင့် အယ်ကိုဟောသိပ်မပါပဲ ရေဓာတ်သာအဓိကထည့်ထားတယ်။ယေဘုယျ alcohol 10%အောက်မှာသာပါတယ်။
(2) Tonics - ပုံမှန် (သို့) အဆီပြန်တဲ့အသားရေမှာ သုံးနိုင်တယ်။ အယ်ကိုဟော နည်းနည်းပါတယ်။ alcohol 20% ထိပါနိုင်တယ်။
(3) Astringents - အယ်ကိုဟော အများကြီးပါတယ်။ ပုံမှန်အားဖြင့် alcohol 20-60 % ထိပါလေ့ရှိတယ်။ astringent toners တွေက အဆီပြန်တဲ့ မျက်နှာမှာ အသုံးဝင်တယ်။ နောက်ပြီး ပိုးသတ်တဲ့အာနိသင်ရှိတယ်။

အာနိသင်များ
အရေပြားမှာ ရှိတဲ့အညစ်ကြေးတွေကို ဖယ်ရှားပေးပြီး အဆီပေါက်တွေကို ကျဉ်းစေတယိ။ အဆီပြန်ခြင်း ကင်းစေတယ်။ အရေပြားကို သန့်စင်စေတယ်။ အစိုဓာတ်ကိုထိန်းပေးလို့ မျက်နှာကို ဝင်းပကြည်လင်စေတယ်။မျက်နှာသစ်ဆပ်ပြာက မဖယ်ရှားနိုင်တဲ့ အဆီတွေနဲ့ အညစ်ကြေးတွေကို ဖယ်ရှားပေးတယ်။ နောက်ပြီး ချိုးတဲ့ရေထဲမှာပါတဲ့ မကောင်းတဲ့ဓာတ်တွေကို ကာကွယ်ပေးတယ်။ဒါတင်မက မျက်နှာအရေပြား pHကိုပါ ထိနိးသိမ်းပေးတယ်။

ဘယ်အချိန်သုံးမလဲ
မနက်တကြိမ်၊ ညတကြိမ် သုံးစွဲသင့်တယ်။ ညမှာထွက်တဲ့အဆီတွေကို မအိပ်ခင် ဖယ်ရှားရမှာ ဖြစ်သလို မနက်မှာလည်း တကြိမ် ရှင်းလင်းရမယ်။ တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံး အနှံ့သုံးဖို့လိုတယ်။ ဂွမ်းစလေးနဲ့ပွတ်ပြီး သုံးနိုင်တယ်။ မျက်နှာပေါ်ဖြန်းနိင်တယ်။ မျက်နှာmask အနေနဲ့ အုပ်ပြီးသုံးနိုင်တယ်။

Toner အသုံးပြုနည်း
အရင်ဆုံးမျက်နှာကို ရေခပ်နွေးနွေးသုံးပြီး မျက်နှာသစ်ဆပ်ပြာတမျိုးမျိူးနဲ့ သန့်စင်ပါ။ ပြီးရင် မျက်နှာ ခြောက်သွေ့အောင်ထားပါ။ ငါးမိနစ်ခန့်ကြာတဲ့အခါ မျက်နှာပြင်အနှံ့ Toner ကို စတင်လိမ်းလို့ရပါပြီ။လိမ်းတဲ့အခါ နူးညံ့တဲ့ cotton pad ဂွမ်းစလေးနဲ့ပွတ်ပြီး သုံးရတယ်။ ပြီးရင် သုံးမိနစ်ခန့် ခြောက်သွေ့အောင်ထားပါ။ အဆီပြန်တဲ့အသားရေမှာ အပေါ်က AHA ပါတဲ့ လိမ်းဆေးတမျိုး ထပ်လိမ်းပါ။ ပြီးရင် serum တခု အပေါ်က ထပ်လိမ်းပါ။ နောက်ဆုံးကျမှ moisturizier ကို လိမ်းသင့်ပါတယ်။ သတိပြုရမှာက moisturizier ဆိုတာ အစိုဓာတ်ထိန်း ပစ္စည်းတမျိုးဖြစ်ပြီး မျက်နှာမှာ အလွှာပါးတခုအနေနဲ့ ဖုံးကွယ်ပြီး ရေဓာတ်မဆုံးရှုံးအောင် ကာကွယ်ပေးမှာ ဖြစ်တယ်။ ဒါ့ကြောင့် အဲဒီအပေါ်မှာ ဘာပစ္စည်းမှထပ်မလိမ်းသင့်တော့ပါ။ တချို့ အဆီပြန်လွန်းတဲ့ အသားအရေမှာ အစိုဓာတ်ထိန်းပစ္စည်း moisturizier ကြောင့် ပိုဆိုးလာတာလည်း ရှိနိုင်တယ်။ ဒါ့ကြောင့် သတိထားသုံးစွဲသင့်တယ်။

ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကု ဆရာဝန်
Crd

13/05/2024

ကဲပြောကုန်ကြပြီနေနော်

WE9 Skincare ကိုသုံးရတာ စိတ်ကျေနပ်မူရစေတယ်၊ယုံကြည်မူရစေတယ်တဲ့
တစ်ကယ်ကြီးဟုတ် မဟုတ် သိရအောင်
ကိုယ်တိုင်ဝယ်သုံးကြည့်လိုက်တော့နော်

11/05/2024

💖 သားလေးကိုသိစေချင်တယ်💞

🍎တကယ်လို့များ ကိုယ့်သားလေး
အိမ်ထောင်ကျတဲ့ အထိ အသက်ရှင်ခွင့်ရခဲ့ရင်
ပြောပြချင်တာတွေ ရှိတယ်

ကိုယ့်စီးပွါးရေး အကြောင်းကို
ကိုယ့်ဇနီး သိပါစေ..

တစ်လ .ဘယ်လောက်ဝင်လဲ
ဘယ်လောက်မြတ်လဲ
ဘယ်လောက်ရှုံးနေလဲ ဇနီးဖြစ်သူသိပါစေ

ရော့ နင့် တစ်လ စာ အသုံးစရိတ် ဆိုပြီး
ပုံမှန် ပေးတာထက်
ငါတို့ ဝင်ငွေ ဘယ်လောက် ရှိနေလဲ
ငါတို့ ဘယ်လောက်သုံးသင့်လဲ
ငါတို့ ဘယ်လောက်စု ရမလဲ အပါအဝင်
ဘဝရှေ့ရေး အကြောင်းကို
ဇနီးဖြစ်သူ သိပါစေ

အတူသွားရမဲ့ လက်တွဲဖော်ကို
ငါ ဘယ်လမ်း က သွားမလဲ
ဘယ်ရောက်ရင်ကွေ့မလဲ ဆိုတာကစ
ကြိုတိုင်ပင်သင့် တယ် မဟုတ်လား

နင့်မျက်စိ ကြည့်စရာမလိုဘူး
ငါ ခေါ်ရာ လိုက်ဆိုတာ ထက်
ပိုကောင်းတယ် မဟုတ်လား

ဇနီး ဆုတောင်းလည်းလိုတယ် မဟုတ်လား

အမိန့်တွေ ပေးပြီး ပြောဆိုတာထက်
ဇနီး အတွေးအမြင်ကိုလည်း
နားထောင်သင့်တယ်မဟုတ်လား

ဒါမှ ဇနီးလည်း သိသင့်တာ ကို သိမှာပေါ့

တခါက ညီမလေး တယောက်ပြောဖူးသလို
သူအလုပ်တွေ မဖြစ်တာကို ညမ မသိဘူး
တလတခါ ပုံမှန် ပေးနေကြကို ပေးနေတော့
ဒီလိုပဲ သုံးနေခဲ့တာ
ဟိုရက်ကအကြွေးရှင် အိမ်လာမှ သိရတယ်တဲ့
တစ်လ တခါ သူပေးနေကျ ငွေတွေက
သူ့ရှာစာ မဟုတ်ပဲ သူအတိုးနဲ့ ချေးထားတာတွေတဲ့
ရင်နာလိုက်တာ အမရယ်တဲ့
သူအလုပ်မဖြစ်ရင် ညီမ အရင်လို
ဘာလို့ ဆက်သုံးနေမလဲ တဲ့
ချွေတာသုံးမှာပေါ့တဲ့ 😔

တကယ်တော့
နှစ်ယောက်တဘဝ ထူထောင်ထားတာ
အပူအအေးကို ထပ်တူ မျှဝေရမှာပေါ့

ကိုယ်ကတော့ အမြဲပြောတယ်
အိမ်မှာ ဘယ်ပစ္စည်း ဘယ်ထားတယ်ကစ
သားတွေ ဘာကြိုက်တတ်တာ အဆုံး
ပြောပြထားတယ်
ဗြုန်းစားကြီး ကိုယ်မရှိတော့ရင်
သူ အဆင်ပြေအောင်

သူရဲ့ အလုပ်တွေလည်း ကိုယ်သိထားတယ်
ဗြုန်းစားကြီး သူမရှိတော့ရင်
ကိုယ်ဆက်ကိုင်တွယ်လို့ရအောင်

လင်နဲ့ မယား ဆိုတာ
ဘက်စုံတော်ဖို့ ဆိုတာထက်
တယောက် ကွက်လပ် တယောက် ဖြည့်ပေးဖို့
တယောက် နဲ့ တယောက် အံဝင်ခွင်ကျ ဖြစ်ဖို့
ပိုအရေးကြီးတယ်လေ

ဗရမ်းဗတာ ဇနီး ရရင် ဘယ်လို လုပ်မလဲ
မမေးပါနဲ့

ကိုယ်သာကောင်းကောင်းနေလိုက်ရင်
တန်ရာကတော့ ရမှာပဲလေ

Crd

10/05/2024
08/05/2024

🙏🙏🙏

06/05/2024

🍒Shojo Collagen ဆေးရည် 6 ပုလင်းပါ
🍒 တစ်ဘူး 54500 ks

အပျိုစင်လိုကျစ်လစ်ကျန်းမာဖို့
💥တစ်လ သုံးဘူး
💥နှစ်လ ခြောက်ဘူး သုံးပေးပါ။

#အမြို့မြို့အနယ်နယ်မှ လက်ကားကိုယ်စားလှယ်များဖိတ်ခေါ်ပါတယ်။

နိုင်ငံတကာမှာ ရောင်းအားမြင့်ပီး ပစ္စည်းအရမ်းပြတ်တတ်တဲ့ ပစ္စည်းလေးမို့ မြန်မြန် Order ထားမှ စိတ်ချရမဲ့ ပစ္စည်းလေးပါ

05/05/2024

WE9 Muti Protection Sunscreen

🍒SPF 50 +++
🍒40 g

🍒32500 ks

Viber ph.09255748990

04/05/2024

😁ခေါင်းလောင်းလေး များ လိုချင်ကြလားလို့😀😀😀

04/05/2024

🍒အမျိုးသမီးတိုင်းအတွက်
အားထားစရာ အိုအေစစ်

🍒Shojo Collagen Liquid🍒

Shojo Collagen ဆေးရည် 6 ပုလင်းပါ
🍒
တစ်ဘူး 54500
သုံးဘူး 156000
🍒
ခြောက်ဘူး 300000 ကျပ် ပါ။
အပျိုစင်လိုကျစ်လစ်ကျန်းမာဖို့
တစ်လ သုံးဘူး
🍒
နှစ်လ ခြောက်ဘူး သုံးပေးပါ။

#အမြို့မြို့အနယ်နယ်မှ လက်ကားကိုယ်စားလှယ်များဖိတ်ခေါ်ပါတယ်။
နိုင်ငံတကာမှာ ရောင်းအားမြင့်ပီး ပစ္စည်းအရမ်းပြတ်တတ်တဲ့ ပစ္စည်းလေးမို့ မြန်မြန် Order ထားမှ စိတ်ချရမဲ့ ပစ္စည်းလေးပါ ။
မှယူချင်တယ်ဆိုရင်တော့
CB(or) 09255748990
ကိုဆက်သွယ်နိုင်ပါတယ်ရှင့်💖💖

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Thamine(2) Mayangone
Yangon
11061