Beauty Adviser By Saw Wanna Tun

Beauty Adviser By Saw Wanna Tun

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty Adviser By Saw Wanna Tun, Health/Beauty, Mandalay Region, Myanmar Country, Yangon.

Photos from Beauty Adviser By Saw Wanna Tun's post 08/01/2023

အား လုံး ပဲ မင်္ဂလာပါ။

ဒီနေ့ အသားအရေအတွက် ကောင်းတဲ့နည်းလေး ပြောပြပေးပါမယ်။
ကျန်းမာရေးနဲ့ ညီ ညွတ် စွာ စားသုံးပါ။ ဆိုတဲ့ နည်းပါ။
တစ်ခါတစ်လေ ဖြည့်စွက်စာတွေ အားကိုးတာ Skin care တွေအားကိုးတာထက် အရသာရှိတဲ့ အာဟာရဓာတ်တွေဖြည့်ပေးနိုင်မယ့် အစားအစာမျိုးကို စားသုံးပါ လို့ပြောချင်ပါတယ်။
ကျွန်တော်က ကျန်းမာရေးအတွက်ပဲ ဖြစ်ဖြစ် အသားအရေကောင်းချင်လို့ပဲဖြစ်ဖြစ် အသီးအရွက်တွေ ပိုမိုစားတဲ့နည်းကို သုံးပါတယ်။ မှို ကိုက်လန် နှင့် Brocoli ဂေါ်ဖီစိမ်းတို့ဟာ အသားအရေ အတွက် ကောင်းကျိုးအပြုဆုံး အသီးအရွက်တွေ ဖြစ်ပါတယ်။ မှိုဟာသားသတ်လွတ်တဲ့အပြင် အရေပြားကို တောက်ပစေခြင်း နေလောင်ဒဏက်ကာကွယ်ပေးခြင်း စတဲ့အာနိသင်တွေရှိပါတယ်။ ကိုရီးယား celebrityတွေဟာ အသားအရေ ကောင်းဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်တွေ ပိုမိုစားသုံးလေ့ရှိတတ်ပါတယ်။ အထူးသဖြင့် မှိုနှင့် ဂေါ်ဖီစိမ်းဟာ အရေပြားအတွက်ကောင်းကျိုးအပြုဆုံးဖြစ်ပါတယ်။ အသီးအရွက်တွေ ဟာ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် ရောဂါတွေကိုကာကွယ်နိုင်တဲ့ ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်တာကြောင့် မကြိုက်ဘူးဆိုရင်တောင် စားပေးပါနော်။ ။
အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ။
.

04/01/2023

မင်္ဂလာပါ။ ဒီနေ့ အသားအရေ ဖြူစင်ချင်သူလေးတွေအတွက် အကောင်းဆုံးနည်းလမ်း လေးတွေကို ပြောပြပေးမယ်နော်။
လူသားတွေက အသားအရေဖြူစင်ဖို့အတွက် အသားဖြူဆေးတွေ ဖြည့်စွက်စာတွေသုံးတာ အသညးဖြူဆေးထိုးတာတွေ စတာ လုပ်ကြပါတယ်။ အဲ့ဒီအခါမှ ဘေးကင်းဖို့ စိတ်ချရဖို့ ဆိုတာတွေမေ့သွားကြပါတယ်။ လိမ်းဆေးတွေ ဟာလည်း တစ်ခါတစ်လေ စိတ်မချရတဲ့ ဓာတုပစ္စည်းတွေပါဝင်ပါတယ်။ သင့်အရေပြားအတွက် တားမြစ်ထားတဲ့ ဓာတုပစ္စည်းပါဝင်တဲ့ အလှကုန်တွေ မသုံးမိဖို့ လိုပါတယ်။ ကြေငြာတွေကို ဘယ်တော့မှ မယုံလိုက်ပါနဲ့။ အရေပြးအတွင်းထိ စိမ့်ဝင်စေတယ်ဆိုတာ တကယ်မရှိပါဘူး။ အလှကုန်တစ်ခုချင်းစီရဲ့ကွာခြားချက်က FORMULA နဲ့ ပါဝင်တဲ့ ပမာဏ မတူညီတာပဲရှိတာပါ။
သင့်အရေပြား ကျန်းမာဖြူစင်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေကို ပြောပြပေးပါမယ်။
အပြင်ထွက်တိုင်း လက်ရှည်ဝတ်ပါ။ ထီးဆောင်းပါ။ နေရောင်ဒဏ်ကနေကာကွယ်ပါ။ မနက် 8:30 နောက်ပိုင်း သင့်အရေပြားကို နေရောင် ထိခွင့်မပေးပါနဲ့ ။ တစ်နှစ်လောက်သာကြာရင် သင့်အသားရောင် ပြောင်းလဲနေပါလိမ့်မယ်။ ဆောင်းရာသီဆို လက်ရှည်တွေဝတ်ပါ။ ဒါက သင်နေမကောင်း မဖြစ်စေသလို အသားအရေလဲပြောင်းလဲစေပါတယ်။
ရေသောက်ပါ။ ရေသောက်တာဟာ အသားအရေဖြူဖို့ထောက်ပံ့ပေးပါတယ်။
ရေသောက်ရင် ရေဓာတ်ဖြည့်ပေးတယ်။ ဒါတင်မက ရေဟာ အဆိပ်အတောက်တွေကိုလဲ ကိုယ်တွင်းကနေ ဖယ်ရှားပေးတယ်။ ရေဟာ သွေး အဖြစ်ပြောင်းလဲပြီးတော့ သင့်အရေပြား နဲ့ သင့်နှလုံးသားကို အထောက်အပံ့ပေးပါတယ်။
ပြီးတော့ အိပ်ရေးဝအောင်အိပ်ပါ။ ညတိုင်း အိပ်ရာ စောစောဝင်ခြင်းဖြင့် သင့်ကိုယ်တိုင်ဂရုစိုက်ပါ။ ELECTRONICS ပစ္စည်းတွေနဲ့ ညစဉ်အချိန်ကုန်မယ့်အစား စာအုပ်ဖတ်ပါ။
တစ်ခါတစ်လေ တရားထိုင်တာ ဝင်သက်ထွက်သက်မှတ်တာဟာလည်း အသားအရောင် ကြည်လင်စေဖို့ ထောက်ပံ့ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ အောက်ဆီဂျင်တွေနဲ့ပြည့်နေတဲ့သွေးတွေကို သင့်အရပြားဆီ ထောက်ပံ့ပေးတဲ့အပြင် တရားထိုင်တာက စိတ်ဖိစီးမှု လျော့ချပေးလို့ပါပဲ။

အသားအရောင် ဖြူတာမဲတာ တွေဟာ တကယ်တော့ အရေးမကြီးပါဘူး။ ဖြူတာလေးကိုမှ လှတယ်လို့ထင်တဲ့အတွက် လူတွေဟာအသားဖြူဖို့ တစ်ခါတစ်လေ စိတ်မချရတဲ့ ထုတ်ကုန်တွေ သုံးမိနေပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံအသားအရောင်မတူကြခြင်းရဲ့ အဓိက အကြောင်းက ရာသီဥတု ခြေအနေ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေကိုလဲထည့်သွင်းစဉ်းစားရပါတယ်။့ မြန်မာ ဟာ တောင်ဘက်အပိုင်းနဲ့ နီးတဲ့အတွက် ပူနွေးစိုစွတ်တဲ့ရာသီဥတုရှိတယ်။ ဒါကြောင့် နေရောင်လည်း မကြာခနထိတွေ့ရတဲ့အတွက် မြန်မာလူမျိုးတွေဟာ အသားအရမ်းမဖြူပါဘူး။

03/01/2023

အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ။

ဒီနေ့ ကျွန်တော် တင်ဆက်ပေးချင်တာကတော့ အားလုံးအတွက် ငွေကုန်ကြေးကြ မရှိဘဲ ကျန်းမာပျော်ရွှင်စေမယ့် Life Styleလေးတွေဖြစ်ပါတယ်။

1 .ညတိုင်း ညဆယ်နာရီ မတိုင်ခင် အိပ်ရာဝင်ပါ။
တစ်နေ့ကို ၈ နာရီ အိပ်ချိန်ပြည့်အောင် ကြိုးစားပေးပါ။ သင်အိပ်ရေးဝမယ်ဆိုရင် သင် စိတ်ဖိစီးမှုနည်းလာပြီးတော့ သင်စိတ်ပိုပျော်ရွှင်လာပါလိမ့်မယ်။ အိပ်ရေးဝမယ်ဆိုရင် သင့်အသားအရေနှင့် ကျန်းမာရေး သိသိသာသာ ကောင်းမွန်လာမယ် ဖြစ်ပါတယ်။
2. ရေ ကိုကြိုးစားသောက်ပေးပါ။
တစ်နေ့ကို ရေ ၈ခွက်မှ ဆယ်ခွက်အထိသောက်ပေးပါ။မအိပ်ခင်နှင့် အိပ်ရာနိုးတိုင်း ရေတစ်ခွက်စီသောက်ပေးပါ။ ဒီနည်းလမ်းက သင့်အသားအရေကို ရေဓာတ်ပြည့်ဝလာစေပြီး သိသိသာသာ ပိုကောင်းမွန်လာဖို့ အထောက်အကူပေးပါတယ်။
3.တစ်နေ့တာရဲ့ အရေးကြီးဆုံး မနက်စာကို အချိန်မှန်မှန် အာဟာရပြည့်ဝစွာ စားပေးပါ။ အဟာရပြည့်ဝတဲ့မနက်စာမျိုးကို ရွေးချယ်စားသောက်ခြင်းဖြင့် သင့်ကျန်းမာရေး နှင့် အသားအရေကို တိုးတက်ကောင်းမွန်စေပါတယ်။
4.တကယ်လို့ သင်လေ့ကျင့်ခန်း လုပ်ရတာမကြိုက်ဘူး ဆိုရင်တောင် အနည်းဆုံး 15မိနစ်ပဲဖြစ်ဖြစ် လုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။လေ့ကျင့်ခန်း လုပ်နေစဉ်မှာ သင်ရှုသွင်းလိုက်တဲ့ Oxygenတွေက သွေးထဲမှာပြည့်နေပြီးတော့ သင့်အသားအရေကို အာ့းဖြည့်ပေးပါတယ်။ ချွေးထွက်အောင်လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် သင့်အသားမရေကို အဆိပ်အတောက်နဲ့ အညစ်အကြေးတွေ ဖယ်ရှားပေးနိုင်ပါတယ်။
4. Good Morning sunshine with vitD မနက်တိုင်း 8:30 မတိုင်ခင် နေရောင် ၁၄ မိနစ်ခန့် လှုံပေးပါ။ ဒါက နေရောင်ကနေ vitamin D ရရှိစေပြီးတော့ သင့်အသားအရေကို တိုးတက်ကောင်းမွန်စေသလို အဆီ တွေကိုလည်း Vit Dက ချေဖျက်ပေးပါတယ်။
5.ဈေးကြီးတဲ့ ဖြည့်စွက်စာတွေ အားဆေးတွေထက် ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးတာက ပိုထိရောက်ပါတယ်။ ပိုပြီးကျန်းမာစေပါတယ်။ သင့်ကိုငွေကုန်ကြေးကြ ပိုသက်သာစေပြီးတော့ ပိုက်ဆံကိုလည်း စုဆောင်းနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာက သင်ကျန်းမာဖို့က ပိုအရေးကြီးတာပါ။ အလုတင်ဆက်ပေးတဲ့နည်းလမ်းတွေက သင့်ကျန်းမာရေး ပိုကောင်းလာဖို့ နဲ့ သင့်အသားအရေ ကိုပိုတောက်ပလာစေဖို့ အထောက်အကူပေးပါလိမ့်မယ် ။ စမ်းကြည့်လိုက်ပါနော်။

ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာသစ်လေးတွေအတွက် page လေးကို Followလုပ်ပေးပါအုံးနော်။
ကျေးဇူးတင်ပါတယ်။
ရေးသားသူ စောဝဏ္ဏထွန်း

02/01/2023

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် စောဝဏ္ဏထွန်း ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့
Beauty Adviser Page ကနေ အားလုံးအတွက် စိတ်ဝင်စားဖွယ်ကောင်းသော အလှအပနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတရစရာ များ စာစဉ်များ စာစုများ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ နှစ်သစ်မှစ အားလုံး စိတ်ချမ်းသာကြပါစေ ကိုကျန်းမာကြပါစေ။ ကျေးဇူးတင်ပါတယ်။

Website

Address


Mandalay Region, Myanmar Country
Yangon

Alerts

Be the first to know and let us send you an email when Beauty Adviser By Saw Wanna Tun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.