shwe yoon

shwe yoon

Share

online cosmetic sale

Photos from Shwe Yoon San-ရွှေယွန်းစံ's post 07/03/2024
01/11/2022

လာမယ့် ၇ ရက်အတွင်း မထင်မှတ်စရာ အကြွေးငွေပြန်
ရလိမ့်မယ် ငွေဝင်လိမ့်မယ် မုန့်ဖိုးရလိမ့်မယ် ထီချဲ ပေါက်လိမ့်မယ် အခက်အခဲတစ်ခု အဆင်​ပြေလိမ့်မယ်

ငွေ ၅ သောင်း ၇ သောင်း ၇ သိန်း ၂၁ သိန်းထိ ဝင်မယ့် နေ့နံတွေကို ဆရာဖော်ပြပေးလိုက်ပါတယ် ☑

🥇တနင်္ဂနွေသားသမီးများ ရှယ်သွားပါ (၉၅%)
🥈အင်္ဂါသားသမီးများ ရှယ်သွားပါ (၉၀%)
🥉တနလာၤသားသမီးများ ရှယ်သွားပါ (၈၅%)

4️⃣စနေသားသမီးများ ရှယ်သွားပါ (၇၅%)

5️⃣သောကြာသားသမီးများ ရှယ်သွားပါ (၆၀%)

🙅‍♂️မယုံကြည်ရင် ကျော်သွားပေးပါ တွေ့တာမြင်တာပြောပြတာမို့
သင်တို့စိတ်မှာ အခက်အခဲဖြစ်မှာဆိုးလို့ပါနော်။

ငွေမဝင်တဲ့သူတွေ ဈေးရောင်းမကောင်းသူတွေ အကြွေးကြေ လိုသူတွေ ထီချဲပေါက်လိုသူတွေ ၁၁လပိုင်းအတွက် ငွေဝင်ငွေမြဲ စေတဲ့ အစွမ်းထက်ယတြာ လာအပ်လို့ရပါပြီ အောက်ပါ ဆက်သွယ်ရမယ့် နည်းလမ်း ၂ ခု ထဲက အဆင်ပြေရာနဲ့ စာပို့ပြီး ယတြာအပ်ဖို့ ဆက်သွယ်နိုင်ပါတယ်

Page messenger ✉ http://m.me/maharb0te

Viber 💬+95 9783142126

ပေါင်ခြံမည်းဂုတ်မည်းချိုင်းမည်းနေလို့ ဖြူဖွေးချင်သူများအတွက်အလွယ်ကူဆုံးနည်းလမ်း - စုံလ 29/10/2022

ပေါင်ခြံမည်းဂုတ်မည်းချိုင်းမည်းနေလို့ ဖြူဖွေးချင်သူများအတွက်အလွယ်ကူဆုံးနည်းလမ်း - စုံလ ပေါင်ခြံမည်းလို့ ဖြူဖွေးချင်သူများအတွက်လွယ်ကူသောနည်းလူအများစုဟာမိမိတို့ရဲ့ပေါင်အတွင်းသားပေါင်ခြံအစိတ.....

28/10/2022

Skincare guide for beginners
Part - 2 {Essence ,Serum,Exfoliation, mask}

skintype အကြောင်းနဲ့ basic skincare stepတွေကိုတော့
Part 1 မှာ ရေးပေးခဲ့ပြီးပြီဖြစ်ပါတယ် 🤗🤗
အခု part 2 မှာတော့ သိသင့် သုံးသင့်တဲ့
step လေးတွေအကြောင်း ပြောပြပေးပါမယ်နော်💗

(1)Essence, Serum, Ampoule
Treatment skincare လို့ပြောလို့ရပါတယ် 👍🏻
ဘာလို့ဆို သူတို့က skin layer အထဲထိ စိမ့်ဝင်ပြီး
ပါဝင်တဲ့ ingredient တွေအလိုက်
skin problem တွေကို ထိထိရောက်ရောက်ဖြေရှင်းပေးလို့ပါ

essence, serum, ampoule သုံးမျိုးထဲက
တစ်ခုသုံးရင်ရတယ် essence က lightweight အဖြစ်ဆုံးမို့
မနက်ပိုင်းသုံးပြီး serum, ampoule ကိုတော့
ညဘက်မှာ သုံးပေးတာ ပိုအဆင်ပြေတယ် ✅

နိုနိုကတော့ essence ထက် serum ကိုသဘောကျတယ်
ဒီ skincare တွေကျတော့ ရွေးဝယ်တဲ့အခါ
skintype အပြင် ဖြစ်နေတဲ့ skinproblem နဲ့
ကိုယ်ဖြစ်ချင်တဲ့ skin ပုံစံအနေအထားပေါ်မူတည်ပြီး
သင့်တော်မယ့်ဟာကို ရွေးဝယ်ရပါတယ် ✅

(2)Exfoliation
ပြောခဲ့သမျှ skincare step တွေအကုန်လိမ်းနေပေမယ့်
exfoliation step ကို လုံးဝမလုပ်ဘူးဆိုရင်လဲ
စိတ်ကူးနေတဲ့ glow skin, healthy skinကိုမရနိုင်ဘူး
ဆဲလ်သေတွေကတော့ အမြဲရှိနေမှာ ဖြစ်နေမှာမို့
ကိုယ်က ဒီဆဲလ်သေတွေ အညစ်အကြေးတွေကို
အမြဲပုံမှန်ရှင်းပေးနေဖို့လိုပါတယ် ✅
နေ့တိုင်းသုံးဖို့ထက် တစ်ပတ် နှစ်ခါ သုံးခါ
အ့လိုလေးသုံးပေးရတာမျိုးပါ

Exfoliation လုပ်ဖို့ဆိုရင် ရွေးစရာနှစ်ခုရှိပါတယ် ✅
Peeling, Scrub လို Physical Exfoliator သုံးမလား
AHA BHA လို Chemical exfoliator သုံးမလားဆိုတာပါ
ကိုယ်ကြိုက်တာ ရွေးပြီးသုံးလို့ရတယ် 👌🏻

Physical exfoliators သုံးမယ်ဆိုရင်
Mild ပိုဖြစ်တဲ့ Peeling gel မျိုး ✅
Scrub ဆိုရင်လဲ မကြမ်းတဲ့ ✅
texture soft ဖြစ်တာမျိုးကို ရွေးသုံးပေးပါ

Chemical exfoliator သုံးမယ်ဆိုရင်
Dry သမားအတွက် AHA ပိုသင့်တော်ပြီး 👌🏻
Oily သမားအတွက်ဆိုရင် BHA ကပိုသင့်တော်တယ်👌🏻
ဘယ်ဟာကိုပဲသုံးသုံး % အနည်းဆုံးကနေ စသုံးပေးပါနော်
% များလို့ အခန့်မသင့်ရင် မျက်နှာပျက်စီးနိုင်လို့
Trusted review တွေနဲ့ အသုံးပြုနည်းတွေကို
သေချာလေးဖတ်ပြီးမှ သုံးစေချင်ပါတယ်

(3)Mask
mask မှာလဲ အမျိုးအစားအများကြီးရှိတယ်
ဒီမှာတော့နိုနိုက claymask,sheetmaskနဲ့
sleeping mask တွေအကြောင်းပြောပေးပါ့မယ်💗

Claymask က ချွေးပေါက်ထဲမှာ ပိတ်နေတတ်တဲ့
အဆီတွေ အညစ်အကြေးတွေကိုဖယ်ပေးတဲ့နေရာမှာကောင်းတယ်
Oily သမားတွေ တစ်ပတ်နှစ်ခါလောက်သုံးပေးသင့်တယ် ✅
Oily skin သမားတွေဆိုရင် Bentonite clay
အမျိုးအစားက အသင့်တော်ဆုံးဖြစ်ပါတယ် 👌🏻
Dry အတွက်ကတော့ Kaolin Clay မျိုးသုံးလို့ရပါတယ်
ရွံ့စေးအနှစ်ကို မျက်နှာပေါ်လိမ်းပြီး မိနစ်၂၀ထားပြီးမှ
ရေနွေးနွေးလေးနဲ့ ပြန်ဆေးပေးရတာမျိုးပါ
Facial foam သုံးအပြီးမှာ သုံးပေးရမှာပါ❗
ရေဆေးချတဲ့အခါမှာတော့ facial foam ထပ်သုံးဖို့မလိုပါဘူး❗

Sheetmask ဆိုတာက မျက်နှာဖုံးပုံစံအချပ်လေးကို
essence (or) serum အရည်တွေအများကြီးစိမ်ထားတာမျိုးပါ
တစ်ချပ်ကိုတစ်ခါပဲသုံးလို့ရပြီး စျေးကလဲ 1500
2500အနဲဆုံးပေးရတော့ စျေးကြီးတယ်လို့ပြောရမယ်🥶
မသုံးပဲထားချင်ရင်လဲ ရတဲ့ step ပါ 👌🏻👌🏻
Sheetmask ကတော့ အဓိကအနေနဲ့
skin အတွက် hydrating ဖြစ်စေပါတယ် ✅
ပါဝင်တဲ့ Ingredient ပေါ်လိုက်ပြီး
ဝက်ခြံ,အဆီဖု,အမဲစက် စတဲ့ skinproblem တွေကိုပါ
အချိန်အတိုအတွင်း သက်သာစေပါတယ်

dry skin သမားတွေကို တစ်ပတ်နှစ်ချပ်လောက်ကပ်ပေးရင်
အသားအရေကို သိသိသာသာ ရေဓာတ်ပြည့်ပြီးစိုစေတယ် 💗
Oily acneသမားတွေကတော့ sheetmask ကပ်မယ်ဆိုရင်
သူ့ထဲပါဝင်တဲ့ serum essence အရည်ပြစ်တာတွေ
oil ပါတာတွေ မသုံးသင့်ဘူး ကပ်ချင်ရင်
teatree,cica,mugwortပါတဲ့ maskလေးတွေရွေးပါ

Sleepingmask က တစ်ပတ်နှစ်ခါလောက်သုံးပေးရတာမျိုး
သူက ညဘက် လိမ်းအိပ်ရတဲ့ moisturizerပုံစံတစ်ခုပဲ
Hydration Moisturizing တစ်အားလိုနေတဲ့သူတွေ
Dehydrated skin Dry skin တွေဆိုသုံးသင့်တယ်
Oily သမားတွေက မသုံးလဲရတယ် သုံးချင်လဲရတယ် 👌🏻

စာလဲရှည်နေပြီမို့ ဒီလောက်နဲ့ရပ်တော့မယ် 😁
skintype အလိုက်သုံးသင့်တဲ့ ingredients လေးတွေအကြောင်း
နောက်မှ အသေးစိတ်သေချာထပ်ရေးပေးပါမယ်နော်

ချစ်ခြင်းများစွာဖြင့် 💗

credit:

21/10/2022

Skin Care လိမ်းနည်းအဆင့်ဆင့် 💕

အသက်အရွယ်ရလာတာနဲ့အမျှ တွေ့ကြုံလာရမယ့် အသားအရည်ပြဿနာတွေဟာ ရှောင်လွှဲလို့မရနိုင်ပါဘူး.. ဒါပေမဲ့ အဖြစ်မစောအောင် လျော့ပါးအောင်တော့ ထိန်းလို့ရပါတယ်.. ငယ်ငယ်က အဆီအရမ်းပြန်တော့ scrub တွေအလွန်အကျွံသုံးမိတယ်.. ရလာဒ်ကတော့ ချွေးပေါက်တွေ ကျယ်ကုန်တာဘဲ.. ဝက်ခြံတွေလဲ ဗလဗျစ်ထွက်ဖူးတယ်.. skin care လုပ်ဖို့ထက် makeup နဲ့ဖုံးဖို့ဘဲ ကြိုးစားခဲ့တာ 😓😓.. ဒါပေမဲ့နောက်ပိုင်း အသားအရည်ထိန်းသိမ်းရမှန်းသိလာပြီး ကိုယ့်အသားအရည်ပြဿနာနဲ့ သင့်တော်မယ့် products တွေရွေးသုံးတော့ oily skin ကနေ combination skin ဖြစ်လာပြီး အဆီလဲ အရမ်းမပြန်တော့တာ ကိုယ်တွေ့ဘဲ.. ချစ်တို့ ငယ်ငယ်ကတော့ ရွေးချယ်စရာ သိပ်မရှိခဲ့ဘူး .. ခုတော့ အများကြီး ဝင်လာပါပြီ.. များလွန်းလို့ ခက်နေတာ ဘာတွေ ဘယ်လို သုံးရမှန်းတောင် မသိတော့ဘူး 😁😁...

skin care လုပ်တဲ့နေရာမှာ နောက်ပိုင်း products တွေက အခေါ်အဝေါ်တွေ အမျိုးမျိုး steps တွေအမျိုးမျိုး အပြင် korea ကထုတ်တာချင်းအတူတူကို brand မတူရင် အခေါ်အဝေါ်ရော steps တွေရော ကွဲချင်ကွဲသေးတာ...

ဥပမာ Toner ကိုဘဲ Skin Refiner/ Skin Balancer/ Softener, Japan မှာဆို Lotion လို့ခေါ်သလို မျိုးပေါ့... Moisturizer ဆိုလဲ Emulsion ဒါမှမဟုတ် Western လို (တနည်း) Lotion ဆိုတော့ကာ ... အရည်အကျဲအပျစ် အကျိုးအာနိသင်အနည်းငယ်ကွာတာနဲ့ နာမည်တစ်ခုပြောင်းရောဆိုတော့ ဘာပြီးဘာလိမ်းရမှန်းသိအောင် အောက်က basic skin care routine လေးကို ကြည့်လိုက်ရအောင်နော် ...

Step 1: Oil Cleanser
တနေ့တာ အတွင်း မိတ်ကပ် သို့မဟုတ် နေရောင်ကာခရင် (sunscreen/sunblock) လိမ်းထားရင် oil cleanser (အဆီပါတဲ့ မိတ်ကပ်ဖျက်ဆေး) သုံးပြီးဖျက်ပေးပါ ...
သုံးနည်း - မိတ်ကပ်ဖျက်ဆီကို လက်ဝါးပေါ်တင်ပြီး မျက်နှာက မိတ်ကပ်တွေ ပျော်ဝင်သွားအောင် နှိပ်နယ်ရင်း ဖျက်ပေးပါ .. ရေအနည်းငယ်ထပ်ထည့်ပြီးနှိပ်နယ်ကာ နောက်ဆုံး ရေဖြင့် ဆေးချလိုက်ပါ ...

Step 2: Foam Cleanser
ကိုရီးယားမှာ Double Cleansing ခေတ်စားပါတယ် .. မျက်နှာ ၂ ခါသစ်တာပေါ့ .. Foam cleanser က Oil cleanser သုံးပြီးရင် သုံးပါ .. Foam cleanser သုံးလို့အသားခြောက်တယ်ထင်ရင် Gel cleanser သုံးပါ ...
သုံးနည်း - Foam သို့မဟုတ် Gel cleanser ကိုလက်ဖဝါးပေါ်တင်လိုက်ပြီး ရေလေးနဲနဲရောကာ အမြှပ်ထအောင် လက်ဖဝါးနှစ်ဖက် ပွတ်ပေးပါ .. အမြှပ်ထလာမှ မျက်နှာပေါ်တင်ကာ သစ်ပေးပါ ...

Step 3: Toner/Booster
Asia ကထုပ်တဲ့ Toner/Booster တွေက အများအားဖြင့် နောက်တဆင့်သုံးမယ့် skin care တွေစုပ်ဝင်မှုအားကောင်းအောင် အသားအရည်ကို အသင့်ပြင်ပေးရင်း အစိုဓါတ်ထိမ်းပေးတဲ့ သဘောပါဘဲ ...
သုံးနည်း - လက် သို့မဟုတ် ဂွမ်းဖတ် (cotton pad) လေးပေါ်မှာ Toner/Booster အရည်လေးထည့်ပြီး သစ်ပြီးစ မျက်နှာပေါ် လိမ်းပေးပါ ...

Step 4: Essence/Serum/Ampoule
စစ်တို့ရဲ့ Essence သို့ Serum သို့ Ampoule တွေဟာ အသားရည်ပြသနာ တစ်မျိုးမျိုး (ဥပမာ - ချွေးပေါက်ကျယ်၊ ၀က်ခြံ၊ အသားရောင်မညီ) ကိုကာကွယ်ပြုပြင်ပြောင်းလဲ ပေးတဲ့ products တွေပါ ...
သုံးနည်း - မျက်နှာပေါ် ညီညီညာညာလေး လိမ်းပေးပါ ... စစ်တို့မှာ သုံးမျိုးလုံး ရှိရင် essence ပြီးမှ serum၊ serum ပြီးမှ ampoule အဆင့်ဆင့် သုံးပေးရပါမယ် ...

Step 5: Emulsion/Lotion
၂ မျိုးလုံးက Moisturizer အပျော့စားတွေပါဘဲ .. အသားအရည်ကို အစိုဓါတ်ပေးဖို့ သုံးပေးရတာပါ ...
သုံးနည်း - မျက်နှာပေါ် ညီညီညာညာလေး လိမ်းပေးပါ ...

Step 6: Eye Cream
Eye Cream ကတော့ မျက်လုံးအောက်က အရည်ပြားပျော့တွဲလာတာ၊ မျက်ကွင်းညိုတာ၊ အရေးအကြောင်းမဖြစ်အောင် ကာကွယ်တာအတွက် သုံးရမှာပါ ...
သုံးနည်း - လက်သကြွယ်ကိုသုံးပြီး မျက်ခွံ၊ မျက်လုံးဒေါင့်နဲ့ မျက်လုံးအောက် အရည်ပြားကို ဖွဖွလေး လိမ်းပေးပါ ...

Step 7: Sheet Mask
Sheet Mask ကတော့ အားလုံးသိတဲ့အတိုင်း cotton/collagen/gel mask အဖြစ်နဲ့ လာပါတယ် .. အသားဖြူဖို့ ချွေးပေါက်ကျဉ်းဖို့ စသဖြင့် အရည်ပြားပြဿနာ အမျိုးမျိုးအတွက် ထုပ်လုပ်ပေးထားပါတယ် ...
သုံးနည်း - step 6 အထိလိမ်းပြီး sheet mask လေး ၁၅ - ၂၀ မိနစ်လောက် ကပ်လိုက်ရုံပါဘဲ ... အေးတာကြိုက်ရင် မသုံးခင် နာရီဝက်လောက် ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ ...

Step 8: Spot Treatment
Sheet mask ကပ်ပြီးရင် ၀က်ခြံအတွက် အထူးပြုထားတဲ့ cream သို့မဟုတ် gel သို့မဟုတ် acne patches လေးတွေကို (၀က်ခြံရှိရင်) လိုက်တို့ပေးတာ ကပ်ပေးတာမျိုးလုပ်ပေးပါ ...
သုံးနည်း - နေ့ဘက်သုံးမယ်ဆို sunscreen/sunblock သေချာပေါက် လိမ်းပေးပါ ...

Step 9: Cream
Cream တွေကတော့ emulsion/lotion တွေထက်ပိုထူပြီးပျစ်တဲ့ အစိုဓါတ်ထိမ်းခရင် (moisturizer) ဖြစ်ပါတယ် ... အသားခြောက်တဲ့သူတွေကို ပိုပြီးသုံးသင့်ပါတယ် ...
သုံးနည်း - sheet mask တွေ spot treatment တွေသုံးပြီးရင် သုံးပါ ...

Step 10: Sleeping Pack/Sleeping Mask
Sleeping Pack/Mask တွေက တစ်ပတ် ၁ခါ သို့မဟုတ် ၂ခါ သုံးပေးရတဲ ညဘက်ပေါင်းတင်ဆေးပါ ...
သုံးနည်း - မျက်နှာအနှံ့လိမ်းပေးရုံပါဘဲ ... ပြန်ဆေးချစရာ မလိုပါဘူး ... အိပ်ယာနိုးနိုးချင်းတော့ ပြန်သစ်ချပေးဖို့ လိုပါတယ် ..

Sunblock (မနက်ပိုင်း)
Sunscreen/sunblock တွေကို မနက်ပိုင်းအပြင်ထွက်တဲ့အခါ သုံးပေးပါ ... အသားညိုစေ မှဲ့ခြောက်ပေါက်စေတဲ့ ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ဖို့အတွက် အနည်းဆုံး SPF 30+ ပါတာရွေးသုံးပါ ...

Exfoliant (တစ်ပတ် ၁ခါ မှ ၂ခါ)
မျက်နှာချီးချွတ်ဆေးကို တစ်ပတ် ၁ခါ မှ ၂ခါ သုံးပေးနိုင်ရင် ကောင်းပါတယ် ... ချီးချွတ်ဆေးဆိုတဲ့နေရာမှာ အစိစိတွေပါတဲ့ scrub နဲ့ peeling gel တွေကိုတော့ တစ်ပတ်အနည်းဆုံးတစ်ခါသာသုံးပြီး BHA liquid ကိုတော့ နေ့တိုင်းသုံးပေးနိုင်ပါတယ် ... မျက်နှာသစ်ပြီးတာနဲ့ ချီးချွတ်ပေးပါ ...

အားလုံးဘဲ လှသထက် လှနိုင်ကြပါစေစင့်…

Credit

စတီးရွိုက်ကြောင့် အသားအရေ ပျက်စီးတဲ့အခါ 20/10/2022

စတီးရွိုက်ကြောင့် အသားအရေ ပျက်စီးတဲ့အခါ အရေပြားကို ပျက်စီးစေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။ အရေပြား ပြဿနာတွေ များသလို အရေပြားကို ထိခိုက်စေတဲ....

20/10/2022
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon