Su Skincare & Cosmetics

Su Skincare & Cosmetics

Share

Bkk, US , UK, Korea - 100% Authentic

23/07/2025

🌟 Retinol ကို မင်မင်ကတော့ အသားအရေကို ပြောင်းလဲပေးနိုင်တဲ့ Skin Superhero / Skin Investment တစ်ခု🌟 လို့တင်စားချင်ပါတယ်

မနက်ဖြန်မှာ ပိုလှလာချင်တယ်ဆိုသူတိုင်းအတွက် Retinol ဆိုတာ မဖြစ်မနေသိထားသင့်တဲ့ skincare ingredient တစ်ခုပါ။
ဒါပေမဲ့ “ဘယ်အရွယ်မှာစသုံးသင့်လဲ?” ဆိုတာ မေးခွန်းအများဆုံးဖြစ်တတ်တာမို့...👇👇

🎯 Retinol ကို ဘယ်အသက်ကစပြီးသုံးသင့်လဲ?

👧 ၂၅ နှစ်မှစပြီး အသုံးပြုသင့်ပါတယ်။
၂၅ နဲ့ ၃၀ ကြားဟာ အသားအရေက natural collagen လျော့လာတဲ့အချိန်ဖြစ်ပြီး
🧬 Skin Aging လက္ခဏာ (သေးငယ်တဲ့အရေးအကြောင်းတွေ၊ တင်းရင်းမှုလျော့ခြင်း) တွေ တိတ်တိတ်လေးစဖော်ပြလာတဲ့အရွယ်ဖြစ်ပါတယ်။
ဒါကြောင့် Collagen ထုတ်လုပ်မှုကို မြှင့်တင်ဖို့အတွက် Retinol က အထောက်အကူဖြစ်နိုင်ပါတယ်။ 💪✨

✨ Retinol ရဲ့အကျိုးအာနိသင်များ

✔ အသားအရေ ကျစ်လစ်စေခြင်း
✔ အရေးအကြောင်းများကို လျော့ပါးစေခြင်း
✔ ဝက်ခြံများ လျော့နည်းစေခြင်း
✔ အသားအရေကို ချောမွေ့စေခြင်း
✔ အသားအရောင်မညီညာမှုကို ညှိပေးခြင်း

✅ Retinolသုံးရန် သင့်တော်သူများ

🔹 အသက် ၂၅ မှ ၄၅ ကြားရှိသူများ
🔹 ပထမဆုံးအရေးအကြောင်းတွေ ပေါ်လာနေသူများ
🔹 ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်များကိုကုလိုသူများ
🔹 အသားအရေ uneven tone & texture များသူများ
🔹 အသားအရေ dull ဖြစ်နေသူများ (glow skin ပြန်ရလိုသူများ)

❌ Retinolနှင့် မသင့်တော်သူများ

🚫 ကိုယ်ဝန်ဆောင်/နို့တိုက်မိခင်များ
🚫 အသားအရေ အလွန်ယားယံလွယ်သူများ
🚫 သဘာဝနှင့် Organic only ကို ဦးစားပေးသူများ
🚫 Skincare အသစ်သုံးတဲ့အခါ sensitivity ပြတတ်သူများ (စဉ်းစားပြီးအသေးစိတ်စမ်းသုံးဖို့လိုပါတယ်)

💡 သုံးတဲ့အခါ Tips များ
🌙 ညဘက်သာသုံးပါ
🧴 စသုံးချိန်မှာ concentration နည်းနည်းနဲ့စပါ။
ပထမဆုံး 0.25% သို့မဟုတ် 0.3% Retinol ကစပြီး usage အကြိမ်နည်းနည်းနဲ့စတင်သုံးပါ။
🧴 Moisturizer နဲ့တွဲသုံးပါ
🧴 Sunscreen မဖြစ်မနေပြန်လိမ်းပါ နေရောင်ခြည်ထိရင် အရေပြားပျက်စီးနိုင်ပါတယ်

❌moisturizerနဲ့ sunscreen သုံးဖို့ရင် ပျင်းရင် မေ့ရင် retinolလုံးဝမသုံးပါနဲ့

❌Active Ingregients များနဲ့တွဲမသုံးပါနှင့် (Vitamin C, AHA/BHA, Benzoyl Peroxide)

📆 ပထမဆုံးအပတ် ၂–၃ ကြိမ်သာသုံးပါ (ရက်ခြားပြီး) အသားအရေကို slowly adapt လုပ်ဖို့

✨ Retinol ဟာ သာမန် skincare တစ်ခုထက်ပိုပြီး အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုပါ။ အသက် ၂၅ မှစပြီး သုံးနိုင်တဲ့အချိန်မှာ စတင်လိုက်တော့နော်။ Glow Skinလေးအတူရဖို့! 💖

22/07/2025

ဒီနေ့မှာတော့ မင်မင်က sunscreen လိမ်းနည်းလေးကို မျှဝေပေးချင်ပါတယ်

🌞 Sunscreen လိမ်းတာတောင် မှန်မှန်ကန်ကန်မလိမ်းရင်... နေရောင်ခြည်ဒဏ်ကမကာကွယ်နိုင်ဘူးနော်!

✅ ၁။ အချိန်မှန်အောင် လိမ်းပါ။
အပြင်ထွက်မယ်ဆိုရင် ၁၅-၃၀ မိနစ်အကြို Sunscreen လိမ်းထားဖို့လိုပါတယ်။
(လိမ်းပြီး UV filter တွေ အလုပ်လုပ်ဖို့ အချိန်လိုပါတယ်။)

✅ ၂။ လိုအပ်တဲ့အရေအတွက်ကို မလျော့ပါနဲ့။
– မျက်နှာအတွက် 👉 လက်ချောင်းနှစ်ချောင်းစာ ပမာဏ

✅ ၃။ ၂ နာရီတိုင်း ပြန်လိမ်းဖို့ မေ့မလား!
နေပူထဲသွားတဲ့နေ့တွေ၊ အားကစား၊ ရေကူးပြီးရင် Sunscreen ကို ပြန်လိမ်းဖို့ မမေ့ပါနဲ့။

✅ ၅။ Sunscreen ဟာ Skincare ရဲ့ နောက်ဆုံးအဆင့်ပါ!
Moisturizer လိမ်းပြီးတာနဲ့ Sunscreen ကိုအဆုံးမှာလိမ်းဖို့လိုပါတယ်။
မိတ်ကပ်သုံးမယ်ဆိုရင် Sunscreen လိမ်းပြီးမှပဲ Primer၊ Foundation တို့ကို အစဉ်လိုက်လိမ်းရမှာပါ။

👉 Skincare → Moisturizer → Sunscreen → Makeup

🌤️ နေရောင်ခြည်ကနေကာကွယ်ဖို့ SPF 50+ နဲ့ PA+++ ပါတဲ့ Sunscreen ကို ရွေးချယ်ပေးပါ။
အိမ်ထဲမှာတောင် UVA, Blue light တို့ကနေ မကင်းလို့ နေ့တိုင်း လိမ်းပေးဖို့လိုပါတယ်နော်။

#အသားအရေကိုကာကွယ်ကြစို့ ိမ်းပါ

10/07/2025

🌿✨ Niacinamide ဆိုတာဘာလဲ?

Niacinamide ဆိုတာ Vitamin B3 လို့ခေါ်တဲ့ ဗီတာမင်တစ်ခုဖြစ်ပြီး အသားအရေကို ကျန်းမာအောင်ထိန်းသိမ်းပေးတဲ့ အရေးကြီးဆုံးပါဝင်ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ အသားအရေ နူးညံ့ကြည်လင်စေဖို့၊ ဝက်ခြံနဲ့ အမည်းစက်များကိုလျော့ချဖို့အတွက်အသုံးဝင်ပါတယ်။

💖 Niacinamide ၏အကျိုးကျေးဇူးများ

✅ အသားအရေကို ချောမွေ့စေတယ် – အသားအရေထဲက အဆီထွက်မှုကို ထိန်းညှိပေးလို့ ဝက်ခြံဖြစ်နိုင်ခြေ နည်းသွားပါတယ်။

✅ အမည်းစက်တွေကို လျော့ချပေးတယ် – နေရောင်ကြောင့် ဖြစ်လာတဲ့ အမည်းစက်တွေအတွက် တဖြည်းဖြည်းနဲ့ လျော့နည်းလာအောင် ကူညီပါတယ်။

✅ အရေပြားကာကွယ်စနစ်ကို ထိန်းညှိပေးတယ် – ဗက်တီးရီးယား၊ ဖုန်မှုန့်၊ ဓာတုပစ္စည်းများ၊ နေရောင်စတဲ့အန္တရာယ်ရှိတဲ့အရာတွေမဝင်နိုင်အောင် ကာကွယ်ပေးတယ် skin barrierအားကောင်းစေတယ်

✅ အရေပြားရဲ့ အရောင်ညီညီညာညာဖြစ်စေတယ် – အသားအရေ tone မညီတဲ့သူတွေအတွက် ကြည်လင်တောက်ပစေပါတယ်။

✅ ရေဓာတ်ထိန်းပေးတယ် – ခြောက်သွေ့ခြင်း မဖြစ်အောင် ရေဓာတ်ထိန်းညှိမှု ကောင်းစေပါတယ်။

⚠️ သတိထားသင့်တဲ့အချက်များ

Niacinamide ကို skincare product တွေနဲ့ တွဲသုံးတဲ့အခါ အောက်ပါအရာတွေနဲ့ တစ်ချိန်တည်းတွဲမသုံးသင့်ပါ။
🚫 Vitamin C (Ascorbic Acid) – Niacinamideနဲ့ Vitamin Cကို တစ်ချိန်တည်းမသုံးပဲ မနက်တစ်မျိုး၊ ညတစ်မျိုးသုံးတာက ပိုကောင်းပါတယ်။

🚫 Acid မျိုးများ (AHA, BHA စသည်ဖြင့်) – အသားအရေကို ညစ်ညမ်းစေနိုင်လို့ အနည်းငယ်ပါဝင်တဲ့ product ကိုသာစမ်းသုံးဖို့ အကြံပြုပါတယ်။

📌 သုံးတဲ့အချိန်မှာ သတိထားဖို့

🔹Niacinamide 5% ~ 10% concentration ပါဝင်တဲ့ toner (သို့) serum လေးတွေကို သုံးပါ။
🔹 Niacinamideသုံးပြီးရင် Sunscreen ကို သုံးပေးဖို့ မမေ့ပါနဲ့။

🌟 ဘယ်သူတွေအတွက် သင့်တော်လဲ?

ဝက်ခြံထွက်လွယ်သူများ၊ အသားအရေစိုစွတ်မှုလိုသူများ၊ အရေပြားအဖုအသားအရေမညီသူများ အားလုံးအတွက်သင့်တော်ပါတယ်။
Niacinamide ဟာ အသားအရေပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးနိုင်တဲ့ အရေးကြီးတဲ့ skincare hero တစ်ခုပါ!

✨✨အားလုံးပဲ လှပသောအသားအရေလေးပိုင်ဆိုင်ကြပါစေ✨✨

Photos from Su Skincare & Cosmetics's post 10/07/2025

ဆံသားတွေပျော့ပျောင်းပြီး နူးညံ့ချင်သူများ ခေါင်းလျော်ပြီးတိုင်း ဆံပင်ကျွတ်လို့ စိတ်ညစ်နေသူများ dove hair maskလေးသုံးကြည့်နော်

❗️Instock Now

💯Authentic

✅ Price - 22,000 (220g)

💜 1. Dove HYA + Biotin Strong (Serum Treatment Mask)

ပျော့ပျောင်းနူးညံ့ပြီး လှပတဲ့ ဆံပင်အတွက်

✅ Hyaluronic Acid (HYA)
– ဆံသားထဲကို အစိုဓါတ်ကိုစိမ့်ဝင်စေပြီး ဆံသားစိုပြေမှုကိုထိန်းပေးတယ်။
→ ခြောက်သွေ့လွယ်တဲ့ ဆံသားအတွက် အထူးသင့်လျော် 🫧

✅ Biotin (Vitamin B7)
– ဆံသားအရင်းအစကို ချောမွေ့စေပြီး ဆံသားများကို ပျက်စီးမှုမှ ကာကွယ်ပေးတယ်။
→ ဆံပင်ကျွတ်တာတွေအတွက် ကောင်းမွန်ခြင်း 🧬

✅ Micellar Technology
– ဆံသားထဲရှိ ဖုန်နှင့်အညစ်အကြေးများကို ထိထိရောက်ရောက် သန့်စင်ပေးတယ်။
→ Salon Clean Look လေးရချင်သူအတွက် သင့်တော် 🧼

✨ သုံးပြီးတာနဲ့ ဆံသားအတွင်းပိုင်းထိကို စိုပြေကြည်လင်ပြီး Volume ကြွကြွလေးနဲ့ ကျန်းမာတဲ့ဆံပင်ကိုရရှိစေမှာပါ။

💛 2. Dove HYA + Peptide Repair (Serum Treatment Mask)

ပျက်စီးနေတဲ့ ဆံသားပြန်လည်ပြုပြင်ဖို့

✅ Hyaluronic Acid (HYA)
– အစိုဓါတ်ကို ထိန်းညှိပေးပြီး ဆံသားကို ချောမွေ့စိုပြေစေတယ်။
→ ဆံသားခြောက်သူများအတွက် must-have 💦

✅ Peptide Repair Complex
– ဆံသားပျက်စီးနေသောအပိုင်းများကို repair လုပ်ပေးတယ်။
→ heat damage, bleach, dye, perm တို့ကြောင့် ပျက်စီးသွားသူတွေအတွက် အထူးအထောက်အကူပြု 🛠

✅ Ultra Care Formula
– Hair fiber ထဲကို nourish လုပ်ပေးတာကြောင့် ဆံသားအလွယ်တကူ ပြန်အားဖြည့်နိုင်တယ်။
→ နူးညံ့ပျော့ပြောင်းပြီး ချောမွေ့တဲ့အထိအတွေ့ရတယ် ✨

🥰 သုံးပြီးပါက – ပျက်စီးနေတဲ့ ဆံသားက shine & Healthiness ပြန်ရတယ်။

ထိုင်းပြည်တွင်းသုံး premium qualityနော်

မြန်မာတစ်ပြည်လုံး အိမ်အရောက်ငွေချေပို့ဆောင်ပေးပါတယ်

Photos from Su Skincare & Cosmetics's post 09/07/2025

🌸 Spotless Skin ရှိချင်လား? ကိုယ့်အသားအရေလေး Bright Skin ဖြစ်လာတာကို တကယ်မြင်ချင်လား? 🌸
အဲ့တာမျိုးဆိုရင်... Eucerin Spotless Brightening Body Lotion 💗 ကို စမ်းသုံးကြည့်ဖူးပြီလား?

Wastons မှာsaleရှိလို့ မူရင်းစျေး ၁သိန်းကျော်ကို သက်သာတဲ့စျေးနဲ့ရပါမယ်

✨ Skin Tone Perfecting Formula နဲ့
🌿 အမဲစက်၊ အသားမညီခြင်းတွေကို သက်သာစေပြီး
💧 ၂ပတ်အတွင်း အသားအရေတောက်ပစိုပြည်လာစေတယ်။
📌 Patented Thiamidol™ ပါဝင်တဲ့အတွက် အမဲစက်တွေထိရောက်စွာ ဖယ်ရှားပေးပြီး အသားအရေ ကြည်လာစေတယ်

Price - 88,000 (250ml)
Waiting time - 4weeks

ငွေကြိုမယူလို့ ပစ္စည်း မှာပြီးcancelမရပါရှင်

Photos from Su Skincare & Cosmetics's post 09/07/2025

မျက်တောင်ကိုကော့ညွှတ်လှချင်တဲ့သူအတွက် ✨ Maybelline Hyper Curl Waterproof Mascara ✨

မျက်တောင်ကို ရှည်ပြီး ထူစေဖို့၊ လှပစေဖို့ Maybelline Mascara လေးရှိရင်လုံလောက်ပြီနော်
အလုပ်သွားတဲ့နေ့ရက်ပဲဖြစ်ဖြစ်၊ ပါတီသွားတဲ့ညလေးပဲဖြစ်ဖြစ် အချိန်တိုင်းလှနေမယ်!

✅ Waterproof formulaမို့ ရေစို ချွေးစိုခံတယ် ပြန့်သွားတာမျိုးမဖြစ်ဘူး

✅ တစ်နေ့လုံး ကြာရှည်ခံတဲ့ 12hr curl lock
✅ လိမ်းရလွယ်တဲ့အထူး Brush Design
✅ မျက်တောင်ကို volumeဖြစ်စေပြီး ကော့ညွှတ်သွားတာမျိုး

💯Authentic
Wastons saleမို့ မြန်မြန်လေးမှာမှရပါမယ်နော်

Price - 19,000
Waiting time - 4weeks

ငွေကြိုမယူလို့ ပစ္စည်း မှာပြီးcancelမရပါရှင်

07/07/2025

✨ Glowing Skin ရရှိဖို့ Moisturizer မှန်ကန်စွာ ရွေးချယ်နည်း & လိမ်းနည်း 💧

Moisturizer ဆိုတာက အသားအရေကို နူးညံ့စိုပြည်နေအောင်ထိန်းပေးတဲ့ skincare routine ထဲက အရေးကြီးဆုံး step တစ်ခုပါ။

🍃 Moisturizer မှန်ကန်စွာ ရွေးချယ်နည်း

🔍 မတူညီတဲ့ အသားအရေအမျိုးအစားတိုင်းအတွက် သင့်တော်တဲ့ Moisturizer ရွေးချယ်တတ်ဖို့လိုပါတယ်နော်

🔸 Dry Skin – အသားခြောက်သူများအတွက်
• Cream-type (သို့) Balm-type
• ပါဝင်ပစ္စည်း: Shea Butter, Ceramides, Hyaluronic Acid
👉 ရေဓာတ်ကိုနေရောင်အောက်မှာတောင် ထိန်းနိုင်စွမ်းရှိရမယ်။

🔸 Oily Skin – အသားအဆီပြန်သူများအတွက်
• Gel-type, Lightweight Lotion
• Oil-free, Non-comedogenic ဖြစ်ရမယ်
👉 အသားအရေထဲ နူးညံ့စွာဝင်နိုင်ဖို့

🔸 Combination Skin – ပေါင်းစပ်အသားအရေ
• T-zone အတွက် Gel-type / ပိုခြောက်တဲ့နေရာအတွက် Cream-type
👉 နေရာအလိုက် ချိန်ညှိသုံးဖို့လိုပါတယ်

🔸 Sensitive Skin – ထိခိုက်လွယ်သောအသားအရေ
• Fragrance-free, Alcohol-free
• Centella Asiatica, Allantoin ပါဝင်တာမျိုး
👉 Irritation မဖြစ်အောင် နူးညံ့တာမျိုးဖြစ်ဖို့လိုပါတယ်

🚫 ရှောင်ကြဉ်ဖို့ပါဝင်ပစ္စည်းများ

❌ Artificial Fragrance
❌ Alcohol Denat
❌ Harsh Essential Oils (Peppermint, Citrus, etc.)
❌ Parabens (အထူးသဖြင့် sensitive skin များ)

🧴 Moisturizer လိမ်းနည်း (Step-by-Step)

နေ့စဉ် ၂ ကြိမ် – နံနက် & ည

1️⃣ မျက်နှာသန့်စင်ပြီးပါက (Cleanser)
2️⃣ Toner / Serum လိမ်းပြီးနောက်
3️⃣ Moisturizer လိမ်းပါ – မျက်နှာတစ်ခုလုံးညင်ညင်သာသာ လိမ်းပါ
4️⃣ နံနက်ဆိုရင် နောက်တစ်ဆင့်အနေနဲ့ Sunscreen လိမ်းဖို့ မမေ့နဲ့ ☀️

💧 Moist skin ဖြစ်နေတဲ့အချိန်မှာ လိမ်းတာက ပိုထိရောက်ပါတယ်

Moisturizer ကို မျက်နှာသစ်ပြီးစိုစွတ်နေချိန်မှာလိမ်းပေးလျှင်တောက်ပပြီး အရေပြားအတွင်းပိုင်းအထိ စိမ့်ဝင်ပြီး အာနိသင်ပိုရစေပါတယ်
နေ့စဉ်လိမ်းမှglowing, smooth, healthy skin ကိုအမြဲထိန်းသိမ်းနိုင်မှာပါ
Moisturizer မှန်မှန်ကန်ကန်ရွေးပြီး မှန်ကန်စွာလိမ်းမှသာ အကျိုးရှိပါမယ်။ ကိုယ့်အသားအရေနဲ့လိုက်တာမျိုးရွေးပြီး စမ်းသုံးကြည့်ဖို့ စတင်လိုက်တော့နော်

🧡 Skin is an investment, not an expense!

Photos from Su Skincare & Cosmetics's post 04/07/2025

🌟 ✨Collagen by Watsons – Booster Essence✨ 🌟

Wastons collgen လေးdis priceနဲ့ အပိုပါလာတာမို့ instock ရပါမယ်

💧1 drop = 96% Skin Elasticity Improved!
အသားအရည်ကို တင်းရင်းစိုပြည်စေဖို့ ၁စက်သာလိမ်းလိုက်ပါ။

💎 12% Collagen Complex
🌱 100% Vegan Collagen
🧬 Peptides + Collume® Formula

👩🏻‍🔬 အသားအရည်ကြည်လင်မှု၊ တင်းရင်းမှုနဲ့ အရွယ်တင်နုပျိုမှုကို ပြန်လည်ပေးစွမ်း!

📌 မနက်၊ ည အချိန်တိုင်း လိမ်းပေးရုံနဲ့ -
➡ ရေဓာတ်ပြည့်ဝ
➡ အရေးအကြောင်းများ လျော့နည်း
➡ အသားအရည် ညစ်ညမ်းခြင်းများ ပြေလျော့

💖 တစ်စက်တည်းနဲ့ မျက်နှာတစ်ခုလုံး စိုပြည်လှပသွားမှာပါ!

🌸 1. Normal Skin
– ရေဓာတ်ပြည့်ဝအောင်လိမ်းလို့ရပြီး အသားအရေကို ပိုမိုတင်းရင်းအောင်လည်းကူညီပေးပါတယ်။

🌧 2. Dry Skin
– Essence ထဲမှာ ပါဝင်တဲ့ Vegan Collagen နဲ့ Peptides ကြောင့် အသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ အသားခြောက်ခြင်းကို သက်သာစေပါတယ်

😵‍💫 3. Sensitive or Uneven Skin
– ပါဝင်မှုတွေက gentle ဖြစ်လို့ ထိခိုက်လွယ်သူတွေအတွက်ပါ အသုံးပြုလို့ရပါတယ်။ Collume® Formula က အသားအရေကို ပြန်လည်ကောင်းမွန်စေပါတယ်။

🧴 4. Aging/ Mature Skin
– Collagen Complex နဲ့ Peptides တွေက တင်းရင်းမှုဖြစ်စေပြီး အရေးအကြောင်းလျော့ချပါတယ်။ အသားအရေကို နုပျိုအောင်ပြန်လည်ကူညီပါတယ်။

📌 All skin types OK
📌 Especially good for dry, dull, and aging skin
📌 Lightweight formula, daily-use friendly

💯Authentic

Beauty Awardဆုပါရထားတာလေးနော်

Price - 47,000(40ml)

မြန်မာတစ်ပြည်လုံး အိမ်အရောက်ငွေချေဖြင့်မှာယူနိုင်ပါတယ်ရှင်

03/07/2025

💧✨ Toner မှန်မှန်ရွေးနည်း & လိမ်းနည်းလေးများ ✨💧

မျက်နှာအသားအရည်နုပျိုစေဖို့… toner မှန်မှန်ရွေးတတ်၊ မှန်မှန်လိမ်းတတ်ဖို့လိုပါတယ်နော် 😘👇

🌿 Toner ရွေးချယ်နည်း ✅

🔍 ၁။ ကိုယ့်ရဲ့ skin typeကိုသိထားရန်

🧴Dry Skin– Hydrating toner (Hyaluronic Acid, Glycerin) 💦

🧻 Oily Skin – Exfoliating toner (AHA, BHA) 🍋

🥺Sensitive skin – Alcohol-free, fragrance-free, Aloe vera ပါတဲ့ Gentle toner 🌱

✨Combination Skin– Brightening toner (Niacinamide) 🍊

🔍၂။ Alcohol & Fragrance ပါ/မပါ စစ်ပါ
🙅‍♀️ Sensitive skin များအတွက်တော့ Alcohol မပါတဲ့အရာကိုရွေးပါနော်!

🔍 ၃။ Brand များအားစုံစမ်းပြီး မှရွေးချယ်ပါ
🛍️ Authentic & trusted brand မှာသာ ယူပါ!

🧴 Toner လိမ်းနည်းမှန်ကန်တဲ့အဆင့်များ 🌸

① 🧼 မျက်နှာကိုသန့်စင်ပါ (Cleanser သုံးပြီး)!
② 🧽 Cotton pad နဲ့ သေးသေးလေးသုတ်ပါ (သို့) 👐 လက်နဲ့နှိပ်ပေးပါ
③ 🌬️ မနက်/ည တစ်နေ့ ၁-၂ ကြိမ် သုံးလို့ရပါတယ်
④ 🧴 Toner ပြီးရင် Serum, Moisturizer တို့နဲ့ ဆက်ပြီး skincare routine လုပ်ပါ

🥰 Toner က မျက်နှာအသားအရည်အတွက် မရှိမဖြစ်လေးပါ💖
Glow Up 💫 လုပ်ဖို့ တစ်နေ့ကို တစ်ဆင့်ချင်း လှပအောင် 💪စမ်းကြည့်လိုက်ပါနော်!

02/07/2025

🌸 Skin Barrier ဆိုတာဘာလဲ? ဘာကြောင့်အရေးကြီးသလဲ? 🌸

အသားအရေအတွက်အရေးကြီးဆုံးအပိုင်းတစ်ခုကတော့ Skin Barrier ဖြစ်ပါတယ်။
🔎 Skin Barrier ဆိုတာ
အသားအရေရဲ့အပြင်ဘက်ပိုင်းမှာရှိတဲ့ “Stratum Corneum” လို့ခေါ်တဲ့အလွှာပါ။
အဲဒီအလွှာမှာ -
🔹 အရွတ်အသားဆဲလ်တွေနဲ့
🔹 Natural lipids (အဆီအမျိုးမျိုး) တွေပါဝင်ပြီး
တခြားအန္တရာယ်ရှိတဲ့အရာတွေကနေ အရေပြားကိုကာကွယ်ပေးတယ်။
✔ ရေဓာတ်ကိုထိန်းပေးတယ်
✔ ဗက်တီးရီးယား၊ ဓာတုဗစ္စည်းတွေကို တားဆီးတယ်
✔ အရေပြားပျက်စီးတာ၊ မဖြစ်အောင်ကာကွယ်တယ်

🚨 Skin Barrier ပျက်သွားရင် ဘာဖြစ်နိုင်လဲ?
❌ အသားခြောက်ခြင်း
❌ Redness (အနီရောင်ဖြစ်ခြင်း)
❌ Irritation
❌ Sensitivity (အလွယ်တကူယားယံခြင်း)
❌ အဖုအဆီဖောင်းထွက်ခြင်းများလာတတ်ပါတယ်။

🛡️ Skin Barrier ကိုအကောင်းဆုံးစောင့်ရှောက်ဖို့အတွက်
✅ အခြေခံskincare ကိုပုံမှန်လုပ်ပါ
✅ Moisturizer အသုံးပြုပါ
✅ အရေပြားကိုကြမ်းတမ်းစွာမသုံးပါနဲ့
✅ နေရောင်ကာ Sunscreen မဖြစ်မနေသုံးပါ
✅ Skincare များမပြုလုပ်ခင် Patch Test လုပ်ဖို့မမေ့ပါနဲ့

💬 “Healthy skin = Strong skin barrier”
အရေပြားအတွက် သင့်လျော်တဲ့ထိန်းသိမ်းမှုက သဘာဝအလှကိုထိန်းသိမ်းတဲ့အဓိကနည်းလမ်းပါပဲ။

01/07/2025

✨ အသားအရေပြဿနာများအတွက် Skincare ဖြေရှင်းနည်းလေးများ ✨
(Acne, Dry Skin, Wrinkles…)

📌 ကိုယ့်အသားအရေအမျိုးအစားကိုသိနားလည်ပြီး လိုအပ်တဲ့ skincare ကိုမှန်ကန်စွာရွေးချယ်ဖို့အရေးကြီးပါတယ်နော် 💁🏻‍♀️🪞

မင်မင်က အသားအရေပြဿနာ ၃ မျိုးအတွက် ဖြေရှင်းနည်းလေးတွေ မျှဝေပေးလိုက်ပါပြီ 🥰👇

💥 ၁။ ဝက်ခြံအဖု (Acne-prone Skin)

🧼 Cleanser ➤ Salicylic Acid ပါတဲ့ gentle face wash
🍃 Toner ➤ Tea Tree / Witch Hazel ပါတဲ့အမျိုးအစား
🎯 Treatment ➤ Benzoyl Peroxide (spot treatment)
💧 Moisturizer ➤ Oil-free & Non-comedogenic
🌞 Sunscreen ➤ SPF 50+ (acne skin အတွက်ထုတ်ထားတဲ့)

💦 ၂။ အသားအရေခြောက်ခြင်း (Dry Skin)

🧴 Cleanser ➤ Cream-based & fragrance-free
💧 Toner ➤ Hydrating type (Hyaluronic acid)
🌿 Serum ➤ Glycerin / Hyaluronic Acid
🧸 Moisturizer ➤ Rich Cream (Ceramide ပါတာကောင်းတယ်)
☀️ Sunscreen ➤ Moisturizing type SPF 50+
💄 Lip Balm လည်း မမေ့နဲ့နော်!

⏳ ၃။ အရေးအကြောင်းများ (Wrinkles & Aging Signs)

🧼 Cleanser ➤ Gentle & hydrating type
🍊 Serum ➤ Vitamin C / Peptides / Retinol
🧴 Moisturizer ➤ Anti-aging / Collagen-boosting
🧖🏻‍♀️ Mask ➤ Hydrating or firming mask (၂ ကြိမ် / အပတ်)
🛡 Sunscreen ➤ SPF 50+ (Retinol သုံးသူတွေအတွက် မဖြစ်မနေပါ)

💡 နောက်ထပ် အသုံးဝင်တဲ့ skincare tips တွေ နောက်ပိုင်းမှာတင်ပေးသွားမှာမို့…
📲 Page ကို follow ထားဖို့ မမေ့နဲ့နော် 💕
📅 မနက်ဖြန်မှာလည်း Beauty knowledge အသစ်လေးနဲ့ ပြန်လာပါမယ်နော် 🧖🏻‍♀️💬

🔖 #အသားအရေပြဿနာ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00