Aurora oline shop

Aurora oline shop

Share

Milk products

Photos from Aurora oline shop's post 14/09/2021

Gina Glam loose powder ထပ်ရောက်ပါပြီ

📌Loose powder..လို့မေးမေးနေကျတဲ့ တျဲတွေအတွက်

📌အဆီမပြန် မိတ်ကပ်သားနဲ့တစ်ထပ်ကျချင်တဲ့သူတွေ

Gina Glam လို့ပြောလိုက်တာနဲ့ အမျိုးကောင်းကောင်းလေးဆိုတာအာလုံးသိကြမှာပါနော်...
✔ SPF 15+++
✔အဆီမပြန်အောင်ထိန်းပေးခြင်း
✔မိတ်ကပ်သားတစ်နေကုန်ခံခြင်း
✔Fresh & Natural look ဖြစ်လို့ သုံးလို့ကောင်းပြီးလူကြိုက်များပါတယ်

❤Gina glam makeup finish powder လေးပါနော်

Price-6200 ks

06/08/2021

ဒေါက်တာဒေါ်မြင့်မြင့်စိန် အကြံပြုတဲ့
အသက်ရှူနည်းပါ။

ပါးစပ်ကရှူတာ မှားနေတယ်။
နှာခေါင်း ကဘဲ ရှူပါ။
မြန်မြန် မရှူပါနဲ့။
ပြည့်ပြည့်ဝဝ လုပ်နိုင်သလောက် ရှူသွင်းပါ။

၄ စက္ကန့်လောက်ကြာပါတယ်။
ပြီးရင် ခဏအောင့်ထားပေးပါ။
၅ စက္ကန့်လောက် ရရင်ကောင်းပါတယ်။
ရသလောက် အောင့်ထားတာက
အောက်ဆီဂျင်က သွေးထဲပိုရောက်ပါတယ်။

ပြီးရင် အချိန်ကြာကြာ ရှူထုပ်ပါ။
ရှူသွင်းတာက ၄ စက္ကန့်ဆိုရင်
ရှူထုပ်တာ ၈ စက္ကန့်လောက်ကြာရင် ပိုကောင်းပါတယ်။
ရှူထုပ်တဲ့အခါ ရှေ့ဗိုက်သားကနေ နောက်ဘက်
ကျောရိုးနားအထိ ရောက်အောင် ရှူထုပ်ပါ။

အဲဒီလို မျိုးလေ့ကျင့်မယ်ဆိုရင်
သွေးထဲကို အောက်ဆီဂျင် အဝင်များပြီး
မလိုအပ်တဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်က
အပြင်ကို များများ ပြန်ထွက်သွားပါတယ်။

ပြီးရင် မှောက်အိပ်ပါ။
မှောက်နိုင်အောင်မှောက်ပါ။ ရအောင်မှောက်ပါ။
ခဏ ခဏ မှောက်ပါ။ ကြာကြာ မှောက်ပါ။
အောက်ဆီဂျင် အကုန်သက်သာပါတယ်။

CREDIT : Dr. Myint Myint Sein

06/08/2021

#နုံးတယ်_ရင်တုန်တယ်_လှုပ်လှုပ်ရှားရှားမလုပ်နိုင်ဘူး
်မှာ_PR_100_ကျော်နေတယ်



SpO2 ကကောင်းတယ် 97-98% ပဲ PR ကြီးက 100 ကျော်နေတာ ဆိုသော #လူငယ်နှင့်_လူလတ်ပိုင်းများ အတွက်ရည်ရွယ်ပါသည်။

SpO2 စက်က PR ဆိုတာ Pulse Rate လို့ခေါ်ပါတယ် 👉 တစ်မိနစ်အတွင်းသွေးခုန်နှုန်းပေါ့
Pulse Rate ဟာ သာမန်အားဖြင့် Heart Rate (နှလုံးခုန်နှုန်း) နဲ့ တူပါတယ်

နှလုံးခုန်နှုန်းက လူသာမန်တစ်ယောက်က
တစ်မိနစ်ကို ၆၀ ကနေ ၁၀၀ ကြားရှိရပါတယ်။
- ၆၀ အောက်ဆိုရင် နှလုံးခုန်နှေးတယ်
- ၁၀၀ အထက်ဆိုရင် နှလုံးခုန်မြန်တယ်ပေါ့

နှလုံးခုန်နှေးတာကို Bradycardia လို့ခေါ်ပြီး
(အားကစားသမားတွေ၊ နေ့စဉ်လေ့ကျင့်ခန်းပုံမှန် လုပ်သူတွေမှာ နှေးတတ်ပါတယ်)

နှလုံးခုန်မြန်တာကို Tachycardia လို့ခေါ်ပြီး
(ပြေးတာ၊ အားစိုက်တာ၊ လန့်တာ၊ စိတ်လှုပ်ရှားတာ ဆိုရင်မြန်တတ်ပါတယ်)

စိတ်လှုပ်ရှားရင် ရင်တုန်ဖူးတယ် မလား ချစ်သူနဲ့တွေ့တဲ့ အချိန်လေ 😁
ဂန္တဝင် FA မို့ မသိဘူးဆိုလဲ ကျောင်းမှာဆရာမက လက်ညှိုးထိုးပြီး စာမေးနေတဲ့ အချိန်ပေါ့ 😅
အဲ့ဒါတွေတင်မဟုတ်ပဲ Stimulant တွေ (Coffee, လက်ဖက်ရည်၊ ကျွဲရိုင်း၊ လစ်ပို ) သောက်လည်း ရင်တုန်ပါတယ်။
အခုရောဂါအကြောင်းပြောမှာဆိုတော့ ဖျားလည်း ရင်တုန်ပါတယ် (PR များပါတယ်)
အကြမ်းအားဖြင့် အဖျား 1 Degree တိုးတိုင်း PR 10 တက်ပါတယ်။

(ပြေးတာ၊ အားစိုက်တာ၊ လန့်တာ၊ စိတ်လှုပ်ရှားတာ၊ ဖျားတာ)အစရှိတဲ့ အကြောင်းရင်းရှိပြီး PR များတာကို လို့ခေါ်ပါတယ်။

အဲ့လိုမဟုတ်ပဲ အကြောင်းရင်းမရှိပဲ ငြိမ်ငြိမ်လေးထိုင်နေရင်း နဲ့ PR များတာကို တော့ လို့ခေါ်ပါတယ်။
အပေါ်ကပြောတဲ့ နုံးတာ၊ လှုပ်လှုပ်ရှားရှားမလုပ်နိုင်တာနဲ့ ရင်တုန်တာ (PR များတာ) တွေဟာ Post-Covid မှာ (35% ကနေ 87%) ထိရှိတတ်ပါတယ်။

နဂိုက ကျန်းမာတဲ့ရောဂါ အခံမရှိတဲ့ လူငယ်နဲ့လူလတ်ပိုင်းတွေမှာ ပြဿနာကြီးကြီးမရှိပါဘူးတဲ့
(ခံစားနေရပြီဆိုရင်တော့ သေချာအောင်တော့ ECG, CXR ကို ၂၁ ရက်ပြည့်ရင် စစ်ကြည့်ကြပေါ့)

နုံးတာ နဲ့ လှုပ်လှုပ်ရှားရှားမလုပ်နိုင်တာ နဲ့ကတော့ ရှင်းပြပြီးသား Post ရှိပါတယ်။
___________
အဓိကပြောချင်တာက
- ဖြစ်နေတာ ခံစားနေရတာ ကိုယ်တစ်ယောက်ထဲမဟုတ်ပါဘူး
- ရောဂါကြီးကြီး မားမားလည်းမဟုတ်ပါဘူး
- စိတ်အေးအေးထားပြီး
1. အစာများများစားပါ (အစုံစားပါ)
2. ရေများများသောက်ပါ
3. အိပ်ပျော်အောင်အိပ်ပါ
4. အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
5. ပြင်းထန်တဲ့လှုပ်ရှားမှုတွေ အနည်းဆုံး (၂ လ ရှောင်ပါ)
6. ရေလည်းချိုးကြဦးနော် 😅

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr ဘုန်းစည်သူလွင်
01:25 pm/06.08.2021

Credit to Dr. ဘုန်းစည်သုလွင်
Photo credit

05/08/2021

antibody စစ်လိုသူများ
Photo -crd

04/08/2021

Covidသတိထား ရမည့် ကိုယ်ခံအားကောင်းစေရန်အိပ်ချိန်များ

• ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝပြောင်းလဲဖြစ်စဉ်များဟာကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရပြီးအရည်လောင် ကျွမ်းမှုဟာအဆိပ်အတောက်ဖြစ်ပေါ်စေပါတယ်။

• သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများဟာကျန်းမာရေးအဆိုးများပါတယ်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်၀န်မရရှိနိုင်ခြင်းရောဂါများပိုမိုဖြစ်တတ်ပါတယ်။

၁။ ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှားဆုံးအချိန်
(စာကျက်လို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်)

၂။ ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန် (ကလေးသူငယ်များရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်အိပ်နိုင်ရင် ကောင်းပါတယ်။)

၃။ ည ၁၁-နာရီမှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥတည်ဆောက်ချိန်

၄။ နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်းရဲ့အချိန်

၅။ နံနက် ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှူစနစ်အတွက်အချိန်

၆။ နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်းအနှေးဆုံးအချိန်
(နံနက် ၄နာရီဟာ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်တဲ့အချိန်ဖြစ်ပါတယ်။ ဘိုးဘွားများနံနက် ၅-နာရီကျော်မှလမ်းလျှောက်ထွက်သင့်ပါတယ်။)

၇။ နံနက် ၅-နာရီ မှ နံနက် ၉-နာရီ = အူမကြီးနဲ့ အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာ စားသင့်ပါတယ်)

• ခဏခဏအိပ်ရေးပျက်ခံသူဟာ ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်တဲ့ ရောဂါမျိုးထက် ငါးဆပိုဖြစ်ပါတယ်။

• ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီအိပ်ရမည်။

• မဖြစ်မနေ ညအလုပ် လုပ်ရန်ရှိသည်ဆိုလျှင်လည်း (အသားမပါသော) ညလယ်စာ စားထားပေးရန် လိုအပ်ပါတယ်။

Credit To ပါမောက္ခ ဒေါ်ခင်ဖြူ

04/08/2021

ညစဥ် ချဥ်ချိုအရသာ မန်ကျဥ်းမှည့်ထန်းလျက်ညို
ဖျော်ရည်သောက် ၊ သီးစုံချဥ်ရည်ဟင်းသောက်ပေးပါက
အာသီးယောင် လည်ချောင်းနာ ချောင်းဆိုးချွဲကျပ် များ
သက်သာပျောက်ကင်းပြီး ဝမ်းသန့် လေသန့် စေပါတယ်

03/08/2021

Credit

Photos from Aurora oline shop's post 02/08/2021

ကိုဗစ်ကူးစက်ခံရသူ မိသားစုဝင်တိုင်း စိုးရိမ်ရသည့် အချက်တစ်ခုရှိပါတယ်၊ အဲဒါကတော့ အောက်စီဂျင် ကျတာပါပဲ

#အောက်စီဂျင်ကျနေတာဘယ်လိုစစ်မလည်း ဆိုရင်
လက်ချောင်းထိပ်လေးတွေကို တပ်ပြီးတိုင်းတဲ့ Oximeterဆိုတာလေးတွေကို အားလုံးသိမှာပါ။ သူထဲကို လက်ချောင်းထဲလိုက်ရင် အနီအောက်ရောင်ခြည်မီးလေးထွက်လာပြီး အရေပြားအောက်က သွေးကြောလေးတွေထဲ ဖြတ်စီးနေတဲ့ အောက်စီဂျင် သယ်ယူပို့ဆောင်ရေးလုပ်သည့် သွေးနီဥလေးတွေရဲ့ အလင်းသိမ်းယူမှုကို တိုင်းတာ၊ အဖြေက SpO2ဆိုပြီး ထွက်တယ်၊ ပုံမှန်ဘာရောဂါမှ မရှိရင် 95%နဲ့ အထက်ရှိတယ်၊ အဆုတ်ရောဂါလို့ အခံတစ်ခုခုရှိရင်တောင် အနည်းဆုံး 90%ရှိသင့်တယ်။ 90%ကနေ အောက်ကျလာတာနဲ့ အောက်စီဂျင်ဓါတ်ကျနေပြီလို့ သုံးသပ်ဆုံးဖြတ်တာပါ။ 90%အောက်ကို တော်တော်ရောက် 85%လောက်ဆို O2မရှူမဖြစ် ရှူရတော့မှာပါ။ မရှူနိုင်ရင် ပျက်စီးခြင်း စမယ်။

#ဘာကြောင့်အောက်စီဂျင်ကျတာလည်း ဆိုတော့
Hypoxemiaလို့ခေါ်သည့် အောက်စီဂျင်ကျတာဟာ
-သွေးအားနည်းရောဂါတွေ
-နှလုံးရောဂါတွေ
-အဆုတ်ပြဿနာတွေ မှာ အဓိကတွေ့ရပါတယ်။
သိချင်ကြမှာက ကိုဗစ်ရောဂါမှာ ဘာလို့ကျလည်းပေါ့
အရင်တစ်ခေါက်က အနံ့ပျောက်တဲ့ ပို့စ်မှာ ပြောသလို ကိုဗစ်ပိုးက အသက်ရှူလမ်းကြောင်းကနေ စဝင်တယ်၊ နှာခေါင်းထဲမှာ အခြေချပြီး မျိုးပွားတယ်၊ ကိုယ်ခံအားကောင်းရင် နှာခေါင်းထဲတင် ကိုယ်တွင်းခုခံရေးဖိုက်တာဆဲလ်ဖြူတွေက တိုက်ပွဲကြမ်းပြီး အလွန်ဖြစ် နည်းနည်းဖျားမယ် တချို့တလေပဲ နှာစေးမယ် အများစုအနံ့လောက်ပဲ ပျောက်ပြီး ကိုဗစ်ဇာတ်လမ်းပြီးသွားတာပါ။

အဲဒီနှာခေါင်းခံတပ်မှာ ပိုးကို မနိုင်လိုက်ဘူးဆိုပါတော့
ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး၊ သီပေါမင်းပါတော်မူသလို
အေးအေးဆေးဆေးနဲ့ ကိုဗစ်က နှာခေါင်းကို သိမ်းယူပြီးရင် နှာနှဆဲလ်တွေထဲကနေ မျိုးပွားဖောက်ထွက်ပြီး လေပြွန်တလျှောက် အစုလိုက် အပြုံလိုက် အဆုတ်ထဲကို စုန်ဆင်းသွားရင် Pulmonary involvementလို့ ခေါ်သည့် အဆုတ်စတိုက်ခိုက်ခံရတော့တာပါ။ အဲဒီအချိန် အဆုတ်တပ်ရင်းထဲမှာ ခုခံဆဲလ်တွေ စုကာစောင့်ပြီး ခံတိုက်ရင်တော့ တိုက်ပွဲက စကြမ်းပါပြီ။ ဒီခံစစ်ဟာ များသောအားဖြင့် ပိုးဝင်ပြီး ဒုတိယအပတ် Day7 လောက်ကနေ များသောအားဖြင့် စဖြစ်တတ်ပါတယ်။

#အဆုတ်တိုက်ပွဲ ဖြစ်နေချိန် တစ်ကိုယ်လုံးကို ခုခံအား ထုတ်လုပ်ရေးနှင့်စုဆောင်းရေးအတွက် တပ်လှန့်ပါတယ်။ ဒီလိုအချိန်ဆို ဖျားလာမယ်၊ ချွဲတွေထွက်မယ်၊ ရင်ကြပ်မယ်၊ နေရထိုင်ရခက်မယ်၊ ကိုယ်လက်တွေကိုက်မယ်။ ပိုးက ဒါတွေလုပ်တာ မဟုတ်ဘူး၊ သူဟာသူ အဆုတ်ထဲ မျိုးပွားနေတာ၊ ဒီအချိန် inflammatory responseလို့ခေါ်သည့် ပူ နာ ရောင် နီ ပျက် အစရှိတဲ့ ကိုယ်တွင်းဖြစ်စဉ်တွေ အရှိန်ယူပြီး တစ်ကိုယ်လုံးအတိုင်းအတာနဲ့ ပြန်တိုက်ဖို့ ပြင်နေကြတာပါ။ အထူးသဖြင့် Lymphocyteခေါ် သွေးဖြူဥတွေက အဓိကလုပ်ဆောင်တယ်၊ Cytokinesလို့ခေါ်သည့် ကိုယ်တွင်းရောင်းရမ်းစေတတ်သည့် ဓါတ်တွေထုတ်တယ်။ ဒါတွေကမှ အဆုတ်ကစပြီး တစ်ကိုယ်လုံး ထိတာပါ။

Cytokine Stormဆိုတဲ့ postမှာ IgGဘယ်လိုထွက်လာလည်းပါ ဖတ်လို့ကောင်းအောင် သေချာရေးပေးမယ်၊ အခုက စာရှည်မှာစိုးလို့ လိုရင်းတိုရှင်းပဲ ပြောမယ်၊ အဲတော့ ထုတ်ထားတဲ့ ဒီဓါတ်တွေနဲ့ ကိုယ်တွင်းဆဲလ်တွေကို လိုက်စစ်တယ်၊ ကိုဗစ်ပိုးရှိနေရင် apoptosis ခေါ် ကိုယ်တွင်းဆဲလ်တွေက ကိုယ်ဟာကိုယ် ဖောက်ပစ်ဖို့ အချက်ပေးတယ်။ အဲတော့ ပိုးရှိတဲ့ အဆုတ်ဆဲလ်တွေ သတ်သေကြတယ်၊ ကိုဗစ်ပိုးတွေလည်း သေ၊ အဆုတ်ဆဲလ်တွေလည်း သေပဲ၊ ပြောရမယ်ဆို အဆုတ်တိုက်ပွဲက သူသေ ကိုယ်သေပဲ။

ဒီProcessဟာ အဆုတ်ဆဲလ်သိန်းသန်းချီပြီး တစ်ချိန်ထဲမှာ ဖြစ်ပျက်နေတယ်၊ အဲဒီမှာ အဆုတ်ရောင်ဆိုတဲ့ Pneumonia ခေါ် နမိုးနီယား စဖြစ်တာပဲ၊ အဓိကကတော့ ချောင်းတွေ ဆိုးပြီး အသက်ရှူကြပ်လာမယ်၊ ဘာလို့လည်းဆိုတော့ အောက်စီဂျင်ရှူတဲ့ လေပြွန်အိုး အသေးလေးတွေ စကွဲမယ်၊ ဘေးနားက သွေးကြောအသေးလေးတွေလည်း လိုက်ပေါက်မယ်၊ ဒီတော့ သွေးယိုမယ်၊ သွေးခဲမယ်၊ သွေးအိုင်တဲ့ အဆုတ်အောက်ပိုင်းတွေ စပျက်စီးမယ်၊ အဆုတ်အတွင်း လေအထုတ်အသွင်းလုပ်နေတဲ့ Oxygenကိုယူ Carbonအပုပ်ပြန်ထုတ်ရှင်းသည့် အစိတ် အပိုင်းတွေထိပြီး အဲဒီမှာ အောက်စီဂျင် စကျလာတာပါ။

#အောက်စီဂျင်စကျလာရင်ဘာလုပ်မလည်း ဆိုတော့

အဓိကကတော့ မှောက်အိပ်ရတာပါ၊ ဘေးစောင်းအိပ်လည်း ရပါတယ်၊ ကြာကြာအိပ်မယ်ဆို ခေါင်းအုံး ခံအိပ်ရပါတယ်။
နောက်ကျောမှာရှိတဲ့ အဆုတ်တွေကို ဖိပြီး ပက်လက်‌တော့မအိပ်ပါနဲ့၊ ကြာရင် အသက်ရှုကြပ်လာမှာပါ၊ ချွဲတွေရှိနေရင် ရေနွေးငွေ့ ခဏတဖြုတ် ရှုပြီး ချွဲဟပ်ထုတ်ပါ၊ မရရင်တော့ mucolytic ခေါ် Solmux Flemux Musol အစရှိသည့် ချွဲပျော်ဆေးတခုခု သောက်ရမှာပါ၊ ဒီအချိန်မှာ ချောင်းဆိုးပျောက်ဖို့ထက် ချွဲဖျော်ဖို့က ပိုအဓိကကျပါတယ်‌၊ ချွဲတွေထွက်သွားရင် ‌လေပြွန်ရှင်းမယ် အသက်ရှုပိုအဆင်ပြေလာမယ်၊ မောတာလျော့မယ်၊ အောက်စီဂျင်ပြန်တက်လာမယ်။

အပေါ်က ပြောသွားတာက သာမှန်အဆုတ်ရောင် ချွဲကြပ်လောက်အတွက်ပဲ။ ဒီထက် ပိုဆိုးလာရင် အောက်စီဂျင် 90%အောက်ကျသွားရင်တော့ O2ရှူခိုင်းထားပြီး ရောဂါအခံတွေ စကြည့်ရမယ်၊ သွေးအားနည်း နှလုံး အဆုတ်ရောဂါအခံတွေ ဘာတွေရှိလည်း အဲဒါတွေကို အရင်ကုစရာရှိရင် ကုရပါတယ်၊ ဥပမာ သွေးအားနည်းတာတို့ သွေးတိုးတာတို့ ပန်းနာရင်ကြပ်ရှိတာတို့ ဆေးလိပ်သမားတွေ နာတာရှည် လေပြွန်ကျဉ်းပြဿနာ လက္ခဏာရှိတာတွေကိုပါ။ ဆီးချိုလည်းပါပါတယ်။ ဒါတွေ မကုပဲ အောက်စီဂျင်တက်မလာပါဘူး။

ရောဂါအခံတွေ ထိန်းပြီးရင် အလှည့်ကျတာက ကိုဗစ်အပြင် တခြားbacteriaလို ပိုးမွှားတွေ ပျက်စီးနေသည့် အဆုတ်ထဲကို ဝင်မဝင် (တတ်နိုင်ရင် ရင်ဘတ်ဓါတ်မှန်ရိုက် သွေးစစ် သလိပ်ပိုးမွေး) ကြည်ပြီးတော့ လိုအပ်ရင် သက်ဆိုင်ရာ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ပမာဏ အကြိမ်ရေ ရက်တွက်ပြီး ပေးရပါတယ်။ ပြီးရင် အဆုတ်သွေးယိုပြီး ခဲနေတယ်၊ သွေးခဲပိတ်မှာ စိုးရိမ်ရရင် သွေးမခဲဆေး အခုဇွတ်ဝယ်နေကြတဲ့ Enoxaparinလိုမျိုး ဆေးတမျိုးမျိုး လိုအပ်ရင် ထိုးရ တိုက်ရတာပါ။ ဒီအဆင့်တွေ ကျော်လာလို့မှ အောက်စီဂျင်လိုက်တက်မလာသေးဘူးဆိုရင်တော့ တစ်နည်းပဲ ရှိတော့တာပါ၊ အဆုတ်တွင်းက ပိုးရှိသည့် ဆဲလ်တွေကို လိုက်သတ်နေသည့် ကိုယ်တွင်းခုခံအားကို ချပစ်တဲ့ နည်းလမ်းပါ။

အဲဒါကတော့ အပြင်မှာ အလွယ် သောက်နေ ထိုးနေကြတဲ့ Dexa လိုမျိုး အစရှိသော Steroidဆေးတွေ အသုံးပြုတာပါ၊ Dexaထိုးလိုက်လို့ အောက်စီဂျင်တက်လာတာ လုံးဝ လုံးဝ မဟုတ်သလို အဲဒီဆေးတွေက ကိုဗစ်ပိုးကိုလည်း လုံးဝမသေစေပါဘူး၊ ယုတ်စွအဆုံး ကိုဗစ်ကို တိုက်နေတဲ့ ခုခံအားကို သူကနေ ဖြုတ်ချပစ်လိုက်တာပါ၊ တကယ်ပြောနေတာပါ၊ အဲတော့ မေးစရာရှိတာက "ဟ တိုက်ပွဲ ဖြစ်နေတာလည်း ဘာလို့ ကိုယ်ဖက်က တပ်တွေကို ဆုတ်ခိုင်းတာလည်း" ဆိုတော့ ကျနော်တို့ တိုက်ပွဲဒဏ်ကို အဆုတ်က မခံနိုင်တော့လို့ပါ၊ ဆဲလ်တွေ သေကြေပျက်စီးပြီး အဆုတ်ကြီးရောင်နေလို့ မကြည့်ရက်တော့လို့ Anti inflammatory effect ခေါ် ခုန သွေးဖြူဥတပ်တွေကို ပြန်ရုပ်သိမ်းပါ၊ ပိုးရှိဆဲလ်ကို လိုက်သတ်နေတဲ့ cytokine လက်နက်တွေ ထုတ်နေတာတွေ ရပ်ပါလို့ အပြင်ကနေ ဆေးထိုးပြီး ပြောရတာပါ။ အဲဒါကြောင့် Dexaလိုမျိုး ဆေးကို ရမ်းကုတွေ ရောဂါဖြစ်ခါစမှာ ပြုံးပြုံးဖြီဖြီးကြီးထိုးနေတာ တွေ့ရင် ကြားရင် ကျွန်တော်တို့ တကယ်ကုပေးနေတဲ့ ဆရာဝန်တွေက အသဲနာပါတယ်၊ ပိုးနဲ့ စစ်က တိုက်ပွဲ မဖြစ်သေးဘူး၊ ခန္ဒာကိုယ်ကို လက်နက်ချခိုင်းသလိုပါပဲ၊ ဒီလို Dexaအစောကြီး ထိုးခံလိုက်ရသည့် လူတွေမှာ တချို့က ဘာမှမဖြစ်ပဲ တခြားpathwayတွေ (ဥပမာ B cellsက ၂ပတ်နေရင် စတင်ထွက်လာတဲ့ IgGလိုမျိုး) ကနေ ပိုးသတ်နိုင်ပေမဲ့ တချို့လူကြီးတွေ ရောဂါအခံသမားတွေမှာတော့ တိုက်ပွဲဦးညွန့်ချိုးခံရပြီး အဆုတ်ပျက်စီးတာတောင် မသိလိုက်ရပဲ ရုတ်တရက် အသက်ရှူရပ်ကြတာပါ။ ထိုးဆေးတစ်မျိုးက အဲလောက်တောင်ပဲလားဆို ဟုတ်ပါတယ်၊ အချိန်မရောက်သေးပဲ သောက်ရင် ထိုးရင်း literallyကိုယ်ကျိုးအကြီးအကျယ် နည်းရပါတယ်။ အချိန်အနေနဲ့ အချိန်အခါ ကြည့်ရပါတယ်။ ကိုယ့်ဖက်ရှုံးနေလို့ အဆုတ်အပျက်အစီးမခံနိုင်မှ စိတ်ချရမှ ထိုးကြမှာပါ၊ စောထိုးတိုင်း မကောင်းပါဘူး။ ထိုးပြီးရင် နှလုံးခုန်၊ ဆီးချို အစရှိတာတွေ စောင့်ကြည့်ရပါတယ်။

အဲတော့ အချုပ်ပြောရရင်
#အောက်စီဂျင်ရှူမယ်ဆို SpO2 အတက်အကျပေါ် မူတည်ပြီး ရေဗူးအပေါ်က flow meter L ချိန်ရတာပါ
90%အောက်ဆို နှာခေါင်းပိုက်နဲ့ (3 to 5 L)
ထပ်ကျလို့ 80% ပတ်ချာလည်ဆိုရင်တော့ ထပ်တိုးပြီး
မျက်နှာအုပ် Maskနဲ့မှ (5 to 10 L)အထိတင်နိုင်တယ်
80%အောက်ကို အတော်ကြီးကျသွားလို့ ရိုးရိုးMaskနဲ့ မရတော့ရင် RBလေအိတ်ပါတာကို (15 Lအထိ)တင်ပါ
*မရှူပဲSpO2 94% ကျော်နေရင် မပေးပါနဲ့ မလိုပါဘူး

#ထိုးဆေးတွေသောက်ဆေးတွေက ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ၊ အဓိကကတော့ ချွဲပျော်ဆေးMucolyticတွေ၊ Paraလို အဖျားကျဆေးတွေ၊ Ibuprofenလို အရောင်ကျဆေးတွေ Deriphyllinလို လေပြွန်ကျယ်ဆေးတွေကို စသောက်ထားနိုင်ပေမယ့် အဆုတ်ရောင်တာကိုတော့ သေချာဆရာဝန်တစ်ယောက်ယောက်ကို အခြေအနေပြောပြပြီး ဘယ်ဆေးအမျိုးအစား ဘယ်နှစ်ရက် သောက်ရမလည်း မေးပြီး သောက်ကြပါခင်ဗျာ။

ကတော့ အပေါ်က ပြောသွားသလို ဖြစ်တာနဲ့ တန်းသောက်ရင်း ကိုဗစ်ပိုးကောင်ရေ အများကြီး ကျန်ခဲ့တတ်သလို Long Covid Syndromeခေါ် ကိုဗစ်နာတာရှည် ဝင်တတ်ပါတယ်၊ CRPတို့ သွေးတွင်း Lymphocytesလိုမျိုး သွေးအဖြေတွေကြည်ပြီး တိုက်ပွဲပြင်းနေပြီလား တပ်ဆုတ်ဖို့ သင့်မသင့်၊ အပြင်က ကိုဗစ်ဖက်က ကူတိုက်သည့် အခြားပိုးတွေဝင်လာရင် တက်တတ်သည့် Neutrophilလို သွေးဖြူဥအရေအတွက် ဒီဇိုင်းကာလာကို ကြည့်ပြီး ဘယ်ပိုးသတ်ဆေး ဘယ်ချိန်ပေးမလည်း ဆုံးဖြတ်ရတာပါ။ ဘာမှ စစ်မရရင်လည်း မပူပါနဲ့၊ Fever pattern ခေါ် အဖျားအတက်အကျ ချောင်းဆိုး ချွဲအပျစ်အကျဲအရောင်တွေ အဆုတ်အသံတွေ နားထောင်ပြီးလည်း ကုလို့ရပါတယ်။ အဓိကက အဆုတ်အနာနဲ့ ဆေးတည့်ရင် ပွဲပြီးပါတယ်။ ကျန်တာက ကိုယ်ခံအားကို လိုအပ်တာ အတိုးအလျော့လုပ်ပြီး ဆေးချိန်ပေးကာ ပိုးအကုန်ရှင်းတဲ့ နှစ်ပတ်ကျော် သုံးပတ်အထိ ချိန်ကုသွားတာပါ။

အောက်စီဂျင် ကျတာကို "ဟတ်ချလောက်"ဆိုပြီး ပြန်တက်လာတဲ့ဆေး တကယ်မရှိသေးပါဘူး၊ ရှိရင်လည်း ကျနော်တို့ အလုပ်ရှုပ်ခံပြောမနေပါဘူး၊ ဒီဆေးသောက်ဆိုပြီး ရေးချပြောပြမှာပါ၊ ဟိုလူတွေ ပြောသလို မာနမကြီးရပါဘူး၊ ခက်တာက မြန်မာမှာတင် မဟုတ်၊ ကမ္ဘာမှာလည်း O2တက်တဲ့ဆေး မရှိသေးပါဘူး၊ ရှိတဲ့ဆေးတွေက လူနာရဲ့အောက်စီဂျင်ကျသွားသည့် အဓိက အကြောင်းခံကို ရှာကုရတာပါ။ သွေးအားဆေးလောက်နဲ့ တချို့အဆင်ပြေပေမယ့် တချို့ကတော့ အခုပေါ်နေတဲ့ သိန်းဆယ်ချီပြောထိုးနေကြတာတွေ အထိလိုနိုင်ပါတယ်။ အောက်စီဂျင် ကျသူတိုင်း ဒီဆေးတွေပဲ ပုံသေထိုးရမယ်ဆိုတာလည်း မဟုတ်ပါဘူးလို့ပဲ ပြောပါရစေ။

ရေးတာလည်း များသွားပြီဆိုတော့ Cytokine storm ခေါ် ကိုဗစ်ရဲ့ ကိုယ်တွင်းမုန်တိုင်း ပို့စ်ထဲမှာကျတော့မှ အခုပေါ်နေသည့် သိန်းရာချီပေးထိုးနေသည့် ဆေးတွေအကြောင်း ထည့်ရေးပေးပါ့မယ်၊ အဲဒါကလည်း လူတိုင်း မလိုသလို ထိုးတိုင်းလည်း မကောင်းပါဘူး၊ ပိုးကူးစက်ခံရရင် မိမိကိုယ်ခံအား ကောင်းအောင်ပဲ အအိပ် အစား အာဟာရ ဂရုစိုက်ပေးပါ၊ အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ၊ ကိုဗစ်Pသမားတွေ နလံထ ပျောက်ခါစမှာ အဆုတ်တချို့အပိုင်းတွေ Pulmonary Fibrosisရပြီး ပျက်စီးထားနိုင်လို့ အသက်ရှူရပ်တတ်တာလည်း ကြားနေရပါတယ်၊ အနေအထိုင် အသွားမလာ ဇွတ်မလုပ်ပါနဲ့၊ ပြန်ကောင်းပြီး တစ်လလောက် သတိနဲ့ နေပေးပါလို့ ထပ်လောင်းပြောပါရစေ။ စိတ်ချချင်ရင် ပြန်ကောင်းလာချိန် Chest Xrays ခေါ် ရင်ဘတ်ဓါတ်မှန်ရိုက်ကြည့်ထားပါ၊ အဆုတ်ခဲထားတယ်၊ အမာရွတ်တွေ ကျန်တယ်ဆို တွေ့ရပါတယ်။ အဲလိုမျိုးတွေ ကျန်နေရင် ဆောင်ရန် ရှောင်ရန်တွေ မိသားစုဆရာဝန်နဲ့ သေချာဆွေးနွေးပြီး အဆုတ်ကို ပုံမှန်အောက်စီဂျင်ရှူနိုင်အောင် Physioနဲ့ပြန်ကျင့်ယူရပါတယ်။

အားလုံး ကျန်းမာကြပါစေ အမြဲဆုတောင်းပါတယ်

Dr. Hadee Maung (31.7.2021)

02/08/2021

ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်
သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍
ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း…
ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက
(To A Better Health)
သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
📍၁. Vitamin D အတွက် မနက်ခင်း နေရောင်ခြည်
ခံပေးပါ။ နေပူထဲမှာ နာရီဝက်လောက်နေပါ။
အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။
အိမ်ထဲမှာနေပြီး လှမ်းမရပါ။
အိမ်ပြင်မှာUltra violet B ray
ရနိုင်လို့ ဖြစ်ပါတယ်။
Vitamin D ရဖို့ B ray လိုပါတယ်။
အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသော
နေရောင်ခြည်မှာ A ray သာ ဖြစ်ပါတယ်။
B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။
A ray က Vitamin D မလုပ်နိုင်ပါ။
📍၂. အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါ
ယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေ
အများကြီးရှိတာကတစ်ကြောင်း၊ သူတို့တွေက
ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။
များတဲ့နေရာကနေ နည်းတဲ့နေရာကို
ရွေ့လျားတတ်တာကြောင့် မြေကြီးကနေ
ခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။
စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်
သင့်တော်ပါတယ်။
အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီး
ထိရောက်ပါတယ်။
ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ ခန္ဓာကိုယ်
ယောင်ကိုင်းခြင်းကို သက်သာစေနိုင်ပါတယ်။
သဘာဝ antioxidants တွေ ဖြစ်ပြီး
သွေးကိုလည်းကျဲစေတတ်တာကြောင့်
လေဖြတ်ထားသူများ၊
နှလုံးသွေးကြောပိတ်သူများ အတွက်
အလွန်သင့်တော်ပါတယ်။

📍၃. D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို
သဘာဝနည်းနဲ့ အရယူကြရအောင်။
- ရှမ်းတို့ဖူး (Natto)(Plant based MK7)
- ကလီစာဟင်း (Animal based MK4 )
- ကြက်ဥအနှစ် (Animal Based MK4)

📍၄. Probiotics အလှမ်း မမှီနိုင်ရင်
- ချဉ်ဖတ် စားပါ။
- ဒိန်ချဉ် စားပါ။
- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်
ကောင်းပါတယ်။

📍၅. နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ။

📍၆. အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစားပါ။

📍၇. အရိုးပြုတ်ရည် သောက်ပါ။
( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)

📍၈. ရှားစောင်းလက်ပတ် စားပါ။
အူလမ်းကြောင်းပြုပြင်ရေးအတွက်
ကောင်းပါတယ်။

📍၉. အုန်းရည် သောက်ပါ။
သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။

📍၁၀. နွယ်ချိုက အူကျန်းမာရေးအတွက်
ကောင်းပါတယ်။

📍၁၁. ဆားခါးရေ စိမ်ပါ။ Magnesium
အလှမ်းမမှီသူများအတွက်ပါ။

📍၁၂. သစ်ကြားသီး စားပါ။
Plant based Omega3 ရပါတယ်။

📍၁၃. တတ်နိုင်ရင် တစ်ခါတရံ
အဆီများသော ငါး စားပါ။

📍၁၄. အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊
သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး၊
ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊
ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း၊
ကင်ပွန်း ချဉ်ချဉ်ပေါင်ရွက် အစရှိသည်
တို့ကို စားသုံအာလူးနဲ့ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ် )

📍၁၅. Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့
အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်
ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊ ကညွတ်၊
ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊
ပြောင်းဖူးစသောဟင်းသီးအရွက်များနှင့်ကွာစေ့၊
ဖရုံစေ့ ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။

📍၁၆. Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နနွင်း၊သစ်ကြံပိုးများစားသုံးပေး၍
ရေနွေးကြမ်း green teaသောက်ပါ။
ရေများများသောက်ပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ်
အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။

29/07/2021

အဆုတ်ကျန်းမာရေးအတွက် ဘာတွေ စားရမလဲ?

🫁လူတစ်ယောက်အသက်ရှင်နေထိုင်ဖို့ အတွက် အရေးအကြီးဆုံးအရာကတော့ အသက်ပုံမှန်ရှုနေဖို့ဖြစ်ပါတယ်။
🫁တစ်နည်းပြောရရင် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အောက်စီဂျင် ကိုပုံမှန်ရနေဖို့ပဲ ဖြစ်ပါတယ်။
🫁ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်စီဂျင်ပုံမှန်ရရှိနေဖို့ဆိုရင် အဆုတ်က အရမ်းအရေးကြီးပါတယ်။

🫁အဆုတ်ရဲ့ လုပ်ငန်းဆောင်တာ တွေက အလွယ်ဆုံးနည်းနဲ့ ပြောရရင် ‌နှာခေါင်းက တစ်ဆင့်ရှုသွင်းလိုက်တဲ့ အောက်စီဂျင်တွေကို ကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ လဲလှယ်ပေးတာဖြစ်ပါတယ်။
🫁ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် လေသန့်စက် ဆိုလည်း မမှားပါဘူး။

🫁နောက်ပြီးတော့ အောက်စီဂျင်တွေ သွေးတွေက တစ်ဆင့် ခန္ဓာကိုယ် နေရာ အနှံကို ပို့ဆောင် ပေးပါတယ်။

🫁ဒီလိုအရေးကြီး အခန်းကဏ္ဍ မှာ ရှိနေတဲ့ အဆုတ်ကို ကျွန်တော်တို့ ကျန်းမာအောင် ထားရမယ် မဟုတ်လား။
🫁အဆုတ်ကို ထိခိုက်စေတဲ့ အရာတွေ ဖြစ်တဲ့
❌ဆေးလိပ်
❌လေထုညစ်ညမ်းမှု အစရှိတဲ့ အရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

🫁အဆုတ်ကျန်းမာရေးအတွက် အ‌စားအသောက် လည်း အရေးကြီးပါတယ်။
🫁အဆုတ်ကျန်းမာရေးအတွက် ကောင်းစေတဲ့ အစားအစာတွေကတော့....

✅ဂျင်း
✅နနွင်း
✅ကြက်သွန်ဖြူ
✅ဂေါ်ဖီ
✅ပန်းဂေါ်ဖီ
✅ဂေါ်ဖီစိမ်း
✅ပန်းသီး
✅ဘယ်ရီသီး
✅သလဲသီး
✅အခြံမာသီး
✅အစေ့အဆန်တွေ
✅ပဲအမျိုးမျိုး
✅မုန်လာဥနီ
✅ခရမ်းချဉ်သီး
✅ဖရုံသီးတို့ဖြစ်ကြပါတယ်။

🫁အခုလို Covid ကာလကြီးမှာ အဆုတ်ကို ကျန်းမာအောင်ထားဖို့ဆိုတာ အထူးအရေးကြီးပါတယ်။
🫁Covid ပိုးရဲ့ အဓိက ဖျက်ဆီးတဲ့ အပိုင်းက တော့ အဆုတ်ဖြစ်ပါတယ်။
🫁ဒါကြောင့် အဆုတ် ရဲ့ ကျန်းမာရေး ကောင်းမွန်နေမှ Covid ရန်ကနေ အကောင်းဆုံးကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

👈Credit ပါရှင့်
credit

28/07/2021

#ဖြစ်လာခဲ့ရင်ကိုယ်တိုင်ကုတတ်အောင်

ကိုဗစ်ဟာ ကူးစက်လွယ်လွန်းပြီး အခန့်မသင့်ရင် အချိန်မရွေး အသက်အန္တရာယ်ပေးနိုင်တာမို့
အင်မတန် သတိထားဂရုပြုရမယ့် ကူးစက်ရောဂါဖြစ်ပါတယ်။
ဒါကြောင့်မို့ မိမိကိုယ်ကို ကာကွယ်ခြင်းဖြင့် တခြားသူများကိုပါ မိမိထံမှတစ်ဆင့် ကူးစက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

ခုချိန်မှာ ရာသီတုပ်ကွေးတွေလည်း အဖြစ်များနေတာမို့ ညောင်းကိုက်ပြီး ဖျားတာပဲဖြစ်ဖြစ် နှာရည်ယို နှာပိတ် ချောင်းဆိုးတာပဲဖြစ်ဖြစ် စဖြစ်ပြီဆိုတာနဲ့ သီးခြားခွဲနေကြတာ အကောင်းဆုံးပါ။

ဖြစ်ပြီဆိုတာနဲ့ အစားများများ စားပါ။ '' အစာလည်းဆေး ... ဆေးလည်း အစာ '' ဆိုသလို အစားများများ စားသုံးပေးခြင်းဖြင့် မိမိတို့ ကိုယ်ခံအားများကို မြှင့်တင်ပေးကြပါ။

ဆေးဆိုတာက Supportive or Palliative သီးသန့်ပါပဲခင်ဗျ။

🎄ဖျားရင် Paracetamol 500 mg တစ်နေ့ သုံးကြိမ်မှ လေးကြိမ်အထိ သောက်ပါ။

🎄ဖျားပြီး ညောင်းညာကိုက်ခဲနေရင် Paracetamol + Ibuprofen ရောထားတဲ့ ဆေးကို တရက် သုံးကြိမ် မှ လေးကြိမ်အထိ သောက်ပါ။(ဈေးကွက်မှာ Ubimol Forte , Brupal စသဖြင့် ရှိပါတယ် )

🎄နှာရည်ယို နှာပိတ်ပါက Cetrizine တရက်ကို ၂ ကြိမ်ထိသောက်နိုင်ပါတယ်။

🎄အရမ်း နှာပိတ်နေရင် Afrin အရည်ကို နှာခေါင်းထဲ တစက်မှ နှစ်စက်အထိ ချပေးနိုင်ပါတယ်။

🎄ချောင်းဆိုးရင် Tussolid , Detussin , Vifex , Ascoril စသဖြင့် သောက်နိုင်ပါတယ်။
ကောင်းတာကတော့ ချွဲပျော်ဆေး Bromhexine ပါတဲ့ဆေးကို သောက်သုံးတာ ပိုကောင်းပါတယ်ဗျ။

🎄လည်ချောင်းနာရင် Degirol , Strepsils စတဲ့ ငုံဆေးများ ငုံပေးပါ။

🎄ဝမ်းပျက်ဝမ်းလျောရင် BPI ထုတ် ဓာတ်ဆား နဲ့ Bioflor လို အမှုန့်တထုပ်ကို ရေသန့်တဘူးထဲရောပြီး သောက်ပေးပါ။
တရက်ကို သုံးဘူးလောက်အထိ သောက်ပေးပါ။

‼️ရေနွေးပဲ များများသောက်ပေးကြပါ။‼️

အားဆေးအနေနဲ့ Zinc ပါတဲ့ အားဆေးတမျိုးမျိုး နဲ့ Vit C 500mg တရက် တကြိမ် သောက်နိုင်ပါတယ်။

‼️Antibiotic ပိုးသတ်ဆေးများ မလိုအပ်ပဲ လုံးဝမသောက်စေလိုပါ ပိုပြီး ဒဏ်ခံရနိုင်ပါတယ်ဗျ။‼️

အဲကွန်း ပန်ကာများ ဖွင့်ပြီး အလုံပိတ်အခန်းထဲ လုံးဝမနေပါနဲ့။

Virus ဟာ အအေးကြိုက်တာမို့ အခန်းထဲတင် ကြာရှည်စွာ အသက်ရှင်နေနိုင်တာမို့ပါ။ လေကောင်းလေသန့်ရဖို့ အရေးကြီးပါတယ်။

အနံ့ပျောက်တာ အရသာပျောက်တာ ဖြစ်လာရင် အစိုးရိမ် မလွန်ကြပါနဲ့။ အချိန်တန်ရင် သူ့အလိုလို ပြန်ရပါလိမ့်မယ်။အသက်အရွယ်နဲ့ ကိုယ်ခံအားအပေါ်မူတည်လို့ ၃ ရက်မှ ၂ ပတ်ခန့်အထိ ကြာမြင့်တတ်ပါတယ်။

ကောင်းတာကတော့ Pulse Oximeter တစ်ခုနဲ့ နာရီဝက်ခြားတခါလောက် SPO2 တိုင်းပေးကြစေလိုပါတယ်။ လူက မမောပဲ အကောင်းအတိုင်း ရှိနိုင်ပေမယ့်
သွေးထဲမှာ O2 နည်းပြီး Silent Hypoxia ခေါ် ရုတ်တရက် O2 ကျပြီး အသက်ဆုံးရှုံးနိုင်တာမို့ပါ
အခု လိုင်းပေါ်မှာ တွေ့နေကြရတဲ့ ခရီးသွားရင်း သေဆုံးကြတာ အဲ့လိုတွေ ဖြစ်တာမို့ပါ။

SPO2 Level 94 % အောက်ဆို ဂရုစိုက်ရပါတော့မယ်။ 80% အောက်ဆို ပိုသတိထားရပါ့မယ်ဗျ။ တချို့က မမောပဲ ရှိနေနိုင်ပါတယ်။ ဆေးရုံ ဆေးခန်းများကို ဆက်သွယ်ပြီး ကုသမှု ခံယူသင့်ပါတယ်။

စိတ်ဓာတ်လုံးဝမကျပါနဲ့
စိတ်ကို ပျော်ရွှင်အောင်နေပါ။

အဆိုး လုံးဝမမြင်ပါနဲ့။
စိတ်အားတင်းပြီး ရဲရဲရင့်ရင့် ရင်ဆိုင်ပါ။

Dr.နေမျိုးသူ(ဆမ - ၂၆၂၈၃)
Ph - 09962132579

Credit...မူရင်းpost&photo

28/07/2021

အဆုတ်ကို အားကောင်းစေပြီး မိမိကိုယ်တိုင်လည်း လုပ်လို့ရတဲ့ သဘာဝနည်းလမ်း(၅)မျိုး
•••••••••••••••••••••••••••••••••••••••

၁။ ရေနွေးငွေ့ ရှူခြင်း
============
ရေနွေးငွေ့ ရှူခြင်းသည် အဆုတ်လမ်းကြောင်း ပွင့်စေပြီး ချွဲများ ပျော်စေပါတယ်။ အဆုတ်မကောင်းသောသူများသည် အေးသောအချိန် သို့မဟုတ် ပူသောအချိန်တွင် မိမိအဆုတ်လက္ခဏာ ပိုဆိုးတတ်ကြောင်း သတိပြုမိတတ်ပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် အဆုတ်တွင် ချွဲဆို့တတ်ပါတယ်။ ရေနွေးငွေ့ကြောင့် လေကို စိုစွတ်နွေးစေပြီး ပျော်ဝင်လွယ်ပါတယ်။ ရေနွေးငွေ့ရှူခြင်းသည် ချွဲပိတ်ခြင်း ချက်ချင်းသက်သာကာ အသက်ရှူလို့ ပိုကောင်းပါတယ်။ လေပြွန်ကျဉ်းလူနာများကို လေ့လာချက်အရ ရေနွေးငွေ့ ရှူနေသောသူများသည် သိသာစွာ အသက်ရှူနူန်းနှင့် နှလုံးခုန်ထိန်းနိုင်ကြောင်း တွေ့ရှိရပါတယ်။

၂။ အသက်ရှူ လေ့ကျင့်ခန်း
================
ပုံမှန် အသက်ရှူတာမျိုး မဟုတ်ဘဲ အသက်ကို ဝမ်းဗိုက်ထဲထိရောက်အောင် ရှူရတာပါ။ ရင်ဝမ်းခြားမြှေး ကြွက်သားကို ကျုံ့ဆန့်ပေးပြီး သန်မာလာစေဖို့လည်း ထောက်ကူပေးပါတယ်။

ဒီလေ့ကျင့်ခန်း လုပ်ဖို့ဆိုရင် အရင်ဆုံး သက်တောင့်သက်သာ ဖြစ်အောင် ပက်လက်လှဲလိုက်ပါ။ ပြီးရင် လက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်မှာ ထားပြီး တစ်ဖက်ကို ရင်ဘတ်ပေါ်မှာ ထားပေးပါ။ ဒူးခေါင်းအောက်မှာ စောင် မထူမပါးလေး ထည့်ထားပေးပါ။

ပြီးရင်တော့ နှာခေါင်းကနေတဆင့် လေကို ဝအောင် ရှူသွင်းပါ။ ဝမ်းဗိုက်လေး ချပ်သွားတဲ့အထိပေါ့။ ခဏလေး အောင့်ထားပြီး ပါးစပ်ကနေ လေကို ပြန်မှုတ်ထုတ်ပါ။ ၁၀ ခေါက်လောက် လုပ်ပေးပါ။

ပက်လက် မလှုပ်ချင်ဘူးဆိုရင်တော့ ခပ်မတ်မတ်လေးထိုင်ပါ။ ပခုံးတွေကို ဖြေလျော့ထားပါ။ ခါးကျောလေး ဆန့်နေဖို့ မမေ့ပါနဲ့။ ပြီးရင် နှာခေါင်းကနေ လေကို တဝ ရှူသွင်းပါ။ ပြီးရင် ပါးစပ်ကနေ ပြန်ထုတ်လိုက်ပါ။

၃။ လက်ဖက်စိမ်း ရေနွေးကြမ်း
==================
လက်ဖက်စိမ်းတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် အဆုတ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ၎င်းဒြပ်ပေါင်းသည် အဆုတ်ကို အငွေ့အမှုန် အန္တရာယ်မှ ကာကွယ်ပေးပါတယ်။ တနေ့ လက်ဖက်စိမ်း ရေနွေးကြမ်း ၂ ခွက်သောက်ခြင်းသည် အဆုတ်ပိုမိုအားကောင်းကြောင်း တွေ့ရှိရပါတယ်။

၄။ ရေဓာတ်ပြည့်ဝအောင်နေပါ
=================
ရေကို လုံလုံလောက်လောက်သောက်သုံးတာက အဆုတ်အတွက်လည်း အရေးကြီးပါတယ်။ သင်က ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အဆုတ်ရဲ့လုပ်ဆောင်ချက်အား ပိုကောင်းလာစေပါတယ်။

၅။ အဆုတ်အားကောင်းစေသော အစာအစားများ
============================
လေပြွန်ရောင်ရမ်းခြင်းသည် အသက်ရှုရန်ခက်ခဲစေပြီး အဆုတ်ကို ပိုမိုကြပ်စေပါတယ်။ အဆုတ်ရောင်ရမ်းမှု သက်သာစေသော အစာအစားများမှာ
– ကွမ်းရွက်၊ဂျင်း၊လောက်သေရွက်၊ပဒဲကော၊နွယ်ချို၊လေးညှင်း
– အစိမ်းရောင်ရှိသောအရွက်များ
– ပင်စိမ်း၊ဇီယာ၊နာနတ်ပွင့်၊ ကြက်သွန်ဖြူ/နီ
– ကြက်ပြုတ်ရည်ကို ငရုတ်ကောင်းထည့်ပြီး စားပေးပါ။
– ဗိုက်တာမင်စီ ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးပါ။
– အားဆေးတစ်ခုခုသောက်ပါ

Credit

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11181