Richy Lady
Burmese & Business Fashion
19/11/2025
Confidence Level မြှင့်တင်ဖို့ လိုနေပြီလား❓
မိမိကိုယ်ကိုယ်ယုံကြည်မှုရှိနေခြင်းဟာ တက်ကြွလန်းဆန်းခြင်း ၊ လွတ်လပ်ပေါ့ပါးခြင်း နဲ့အတူ တခြားသူတွေရဲ့ လေးစားယုံကြည်မှုကိုပါရရှိစေနိုင်တဲ့စွမ်းအားရှိပြီး
အမျိုးသမီးတဦးရဲ့ Self Confidence ဟာ သူမဝတ်ဆင်ထားတဲ့ ဝတ်စုံလေးရဲ့အပေါ်မှာ လည်းမူတည်နေတယ်ဆိုတာကို မမေ့ထားလိုက်နဲ့နော်❗
ဝတ်စုံတစုံကိုဝတ်ဆင်လိုက်တဲ့အခါ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေစေဖို့ဆို…
✅ရာသီဥတုနဲ့ နေရာအလိုက် လိုက်ဖက်မှန်ကန်စွာ ရွေးချယ်တတ်ဖို့လိုအပ်သလို
✅ ကောင်းမွန်တဲ့ အရည်အသွေး ၊ သေသပ်လှပတဲ့ ဒီဇိုင်းဖန်တီးမှုနဲ့အတူ
✅ Comfort & Fit ဖြစ်ပြီး ကိုယ့်အကြိုက်နဲ့ ထပ်တူကျနေဖို့ လိုပါတယ်။
ဒီလိုအချက်တွေနဲ့ ကိုက်ညီပြီး ကိုယ့်အတွက် သီးသန့်ဖန်တီးထားသလို ဆန်းသစ်လှပတဲ့ Designer လက်ရာလေးနဲ့ သဘာဝကျကျ လှပနေစေဖို့ဆို….
ပြည်တွင်း Designer များရဲ့ အလှပဆုံးဖန်တီးထားတဲ့ 🤩ဝတ်စုံဒီဇိုင်းအစုံအလင်ကို တနေရာတည်းမှာစိတ်ကြိုက်ရွေးချယ်နိုင်မယ့် Richy Lady ကိုသာ လှမ်းလာခဲ့ဖို့ မမေ့နဲ့နော်❗
📩 Chatbox Link 👇
http://m.me/richyladyfashion
⏰ ဆိုင်ဖွင့်ချိန် : 10:00 AM to 5:30 PM
📍ဆိုင် လိပ်စာ : No 45, Pyay Road ,Dagon Township, Taw Win Centre,(unit -2083), Yangon .
14/11/2025
သင့်ရဲ့အိမ်ကို မြန်မာ့ရိုးရာ အငွေ့အသက်တွေနဲ့ လှပနေစေချင်ပါသလား? 🎁
ဒါမှမဟုတ် အမှတ်တရ လက်ဆောင်တခုပေးဖို့ စဉ်းစားနေပါသလား?
Richy Lady မှာ လက်မှုပညာရှင်များကိုယ်တိုင် ဖန်တီးထားတဲ့ မြန်မာ့ရိုးရာ ယွန်းထည်ပစ္စည်းမျိုးစုံ ကို အခုပဲ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင်!
🎨 ယွန်းထည်ပစ္စည်းတွေဟာ မြန်မာ့ရိုးရာ အနုပညာရဲ့ အနှစ်သာရကို ဖော်ညွှန်းနေတာကြောင့် ဝယ်ယူစုဆောင်းထားသင့်တဲ့ တန်ဖိုးရှိပစ္စည်းတွေ ဖြစ်ပြီး...
ခေတ်မီဆန်းသစ်ပြီး လှပတဲ့ ယွန်းထည် ပစ္စည်း ဒီဇိုင်းမျိုးစုံကို Richy Lady မှာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင်။
#ယွန်းထည်
14/11/2025
🇲🇲 အမျိုးသားနေ့ ဒို့မမေ့ 🇲🇲
ယနေ့ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်၊
၁၀၅ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုရင်း မြန်မာပြည်သူ/ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ပါစေကြောင်း " Richy Lady " မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် ~~~~
#အမျိုးသားနေ့
11/11/2025
🏺ယွန်းထည်ပညာဆိုတာ မြန်မာ့ရိုးရာ ပန်းဆယ်မျိုး အနုပညာမှာ ပါဝင်ပြီး၊ နှစ်ပေါင်းရာချီ တည်ရှိခဲ့သော ရှေးဟောင်းပညာရပ်တခုပါ❗
သမိုင်းအထောက်အထားများအရ ယွန်းထည်သည် ပုဂံခေတ် (၁၁ ရာစု) ကတည်းက တွင်ကျယ်ခဲ့ပြီး ယွန်းထည်သည် မြန်မာလူမျိုးတွေရဲ့ စိတ်ရှည်မှု၊ အသေးစိတ်ကျမှု၊ လက်မှုပညာ ကျွမ်းကျင်မှု တို့ကို ထင်ဟပ်ပြသနေတဲ့ အနုပညာတရပ်ဆိုလဲ မမှားပါဘူး။
🪷ဆွမ်းအုပ်၊ ကွမ်းအစ်၊ ဒေါင်းလန်း စတဲ့ ယွန်းထည်တွေဟာ မင်္ဂလာဆောင်နှင့် နေ့စဉ် လူမှုဘဝ ဓလေ့ထုံးတမ်းများတွင် မပါမဖြစ် အသုံးပြုခဲ့ကြသည့် အိမ်ကျက်သရေဆောင် ပစ္စည်းများဖြစ်ပြီး...
မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းကို ဖော်ကျူးသော မြန့်မာ ဂုဏ်ကိုဆောင် လက်ရာ အမွေအနှစ်တခုလည်း ဖြစ်ပါတယ်
ဒီလိုမျိုး မြန်မာ့လက်မှုအနုပညာ၏ အမွေအနှစ်ဖြစ်တဲ့ အရည်အသွေးမြင့်၊ လက်ရာမြောက်သော ယွန်းထည်ပစ္စည်းများကို Richy Lady တွင် ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။
#ပုံလေးတွေ credit ပါရှင်။
#ယွန်းထည်
07/11/2025
အမျိုးသမီးတယောက်ဘဝရဲ့ အရေးကြီးဆုံး အခိုက်အတန့်တွေမှာ အကောင်းဆုံးနဲ့ အထူးခြားဆုံး ဖြစ်နေဖို့ Richy Lady မှ တာဝန်ယူပါရစေ!
မင်္ဂလာပွဲပဲတက်မလား? ဒါမှမဟုတ် ကိုယ်တိုင်စေ့စပ်ပွဲမှာပဲ ဝတ်မလား? 👉ပေါ့ပါးပြီး ထည်ဝါတဲ့ မြန်မာဝတ်စုံလေးတွေကို ရှာဖွေနေတယ်ဆိုရင်တော့ Richy Lady မှာ ရှိနေပြီနော်။
Richy Lady ရဲ့ မြန်မာဝတ်စုံတွေက...
💯အရည်အသွေးမြင့်ချည်ထည်များနဲ့ Designer များကိုယ်တိုင် လက်ရာသေသပ်လှပစွာ ချုပ်လုပ်ပေးထားတာကြောင့် ဝတ်လိုက်တာနဲ့ Boby နဲ့ တထပ်ထဲ ကျပြီး Fitting ကျစွာ လှပနေမှာပါ။
ဘဝရဲ့ အရေးကြီးတဲ့ နေ့ရက်လေးတွေမှာ ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးဝတ်ပြိး အမှတ်တရလှလှလေးဖန်တီးဖို့ ...
အခုပဲ ဝယ်ယူ အားပေးလိုက်တော့နော်!
03/11/2025
🙏🏻ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော တန်ဆောင်တိုင် အချိန်အခါ သမယ မှာ
Rich Lady ရဲ့ ချစ်ခင်ရတဲ့ မိတ်ဟောင်းမိတ်သစ်များနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး စီးပွားလာဘ်လာဘများတိုးတက်ကြီးပွားကြပါစေကြောင်း Richy Lady မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင် 🙏🙏🙏
#တန်ဆောင်တိုင်ဆုတောင်း
01/11/2025
အဝတ်အစားဝယ်တဲ့အခါ ကိုယ်ရဲ့အသားအရေအလိုက် ဘယ်အရောင်တွေရွေးသင့်လဲ❓
အရောင်တွေက ကိုယ့်ရဲ့ အသားအရေကို တဆင့်လင်းစေသလို အရောင်ရွေးချယ်မှုမှားတဲ့အခါလည်း အသားအရေက လင်းသင့်သလောက် မလင်းတာတွေဖြစ်တတ်ပါတယ်။
ဒီနေ့မှာတော့ အသားအရေအလိုက် ရွေးချယ်သင့်တဲ့အရောင်လေးတွေကို ဝေမျှပြောပြပေးမှာပဲ ဖြစ်ပါတယ်။
✅အသားဖြူသူ
မြစိမ်းရောင်၊အဖြူရောင်၊အနက်ရောင်၊နက်ပြာရောင်၊အသားရောင် ရွေးချယ်သင့်ပါတယ်။
✅အလယ်အလတ်အသားအရေ
အဝါရောင်၊ပန်းနုရောင်၊အညိုရင့် ရွေးချယ်သင့်ပါတယ်။
✅အသားအရေညိုသူ
ရွှေဝါရောင်၊ရွှေရောင်၊ခရမ်းရင့်ရောင်၊အနီရောင် ရွေးချယ်သင့်ပါတယ်။
လက်တွေ့စမ်းသပ်ကြည့်ချင်ရင်တော့...
မိမိရွေးချယ်လိုတဲ့အရောင်ကို မျက်နှာ နှင့် လည်ပင်းနားကပ်ကြည့်ပါ။
တကယ်လို့...အသားအရောင်က တဆင့်လင်းသွားတယ်ဆိုရွေးချယ်သင့်ပြီး မျက်နှာမှာ အရိပ်ကျသွားတာ၊မှောင်သွားတာမျိုးဆို ရှောင်ရမှာ ဖြစ်ပါတယ်။
Richy Lady ရဲ့ အထည်လေးတွေက အသားအရေတိုင်းနဲ့ လိုက်ဖက်မယ့် အရောင်လေးတွေ အထူးချုပ်လုပ်ပေးထားလို့ ရာနှုန်းပြည့်စိတ်တိုင်းကျစေမှာပါနော်။
29/10/2025
Richy Lady မှ ထုတ်လုပ်ထားတဲ့ Eco Print ပုဝါ လေးကို အားပေးဝယ်ယူသွားတဲ့ နိုင်ငံခြားက Customer လေးကို အထူးကျေးဇူးတင်ပါတယ်ရှင်! 💖
ဓာတုဗေဒဆိုးဆေးတွေ လုံးဝမသုံးဘဲ သဘာဝပစ္စည်းတွေနဲ့သာ ဖန်တီးထားတဲ့ ကျွန်မတို့ရဲ့ ထုတ်ကုန်လေးတွေက နိုင်ငံခြားအထိ နာမည်ရနေပြီး ချီးကျူးဂုဏ်ပြုခံရတာကို အရမ်းဂုဏ်ယူမိပါတယ်ရှင်။ 🌿
ဆက်လက်ပြီး Richy Lady ရဲ့ တစ်မူထူးခြားပြီး အရည်အသွေးမြင့်မားတဲ့ Product တွေကို ကမ္ဘာအနှံ့ ချပြနိုင်ဖို့ ကြိုးစားသွားပါဦးမယ်ရှင်။
အားပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
🪔မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေထဲက အလှဆုံး ရိုးရာဓလေ့တခုဖြစ်တဲ့ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲ
မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲသည် မြန်မာနိုင်ငံရဲ့ ၁၂ လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလပြည့်နေ့တွင်သာ ကျင်းပသော ထူးခြားသည့် ဘာသာရေးပွဲတော်တခုဖြစ်ပါတယ်။
"မသိုးသင်္ကန်း" ရဲ့ အဓိပ္ပါယ်က...
မညစ်နွမ်း၊ မဟောင်းနွမ်း" လို့ အဓိပ္ပာယ်ရပြီး၊ တန်ဆောင်မုန်းလပြည့်ည တညတာအတွင်း အပြီးသတ်ရက်လုပ်၍ မိုးမလင်းမီ ဘုရားရှင်အား ပူဇော်ရသော သင်္ကန်း ပဲ ဖြစ်ပါတယ်။
"ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်မူရာတွင် ဝတ်ရုံရန်အတွက် မဟာမာယာဒေဝီ နတ်သားက တစ်ညတည်း အပြီးရက်လုပ်ကာ လှူဒါန်းခဲ့ခြင်းကို အစွဲပြု၍ ကျင်းပခြင်းဖြစ်ပြီး"
ပွဲတော်ကို စေတီပုထိုးကြီးများရဲ့ ရင်ပြင်များတွင် အမျိုးသမီးအဖွဲ့များက ညလုံးပေါက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲများ ကျင်းပကြပြီး၊ မိုးမလင်းမီ ဘုရားရှင်၏ ဆင်းတုတော်များအား စည်ကားသိုက်မြိုက်စွာ ပူဇော်လှူဒါန်းကြတာပဲ ဖြစ်ပါတယ်ရှင်။
ပွဲတော်သည် ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါတရား၊ ဝီရိယနှင့် လက်မှုပညာ အမွေအနှစ်ကို ဖော်ညွှန်းနေသော တန်ဖိုးရှိသည့် ရိုးရာပွဲတော်ကြီးတခုဖြစ်ပြီး...
ရွှေတိဂုံစေတီတော်ကြီးမှာမသိုးသင်္ကန်းရက်လုပ်နေတဲ့ပုံရိပ်တွေကို မိတ်ဆွေသူငယ်ချင်းတွေ ကြည့်ရှုပြီး သဒ္ဓါတရားပွားများနိုင်အောင် ဝေမျှပေးလိုက်ပါတယ်ရှင်။
#ရွှေတိဂုံဘုရား
#မသိုးသင်္ကန်း
#တန်ဆောင်တိုင်ပွဲတော်
#မြန်မာ့ရိုးရာ
#ယဉ်ကျေးမှုအမွေအနှစ်
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Pyay Road
Yangon
11041