Hotel Stadium Family SPA

Hotel Stadium Family SPA

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hotel Stadium Family SPA, Spa, 369 Laydaungkan Road, Yangon.

08/04/2026

🙏 မင်္ဂလာပါရှင် 🙏

🎊မကြာမီကာလတွင် ကျရောက်တော့မည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကာလကို ကြိုဆိုသောအားဖြင့် မင်မင်တို့ရဲ့
Hotel Stadium Family Spa မှ up to 25% အထိ ရရှိနိုင်မယ့် နှစ်ထပ်ကွမ်း အထူး Promotion အစီအစဉ်ကို ချစ်ခင်လေးစားရတဲ့ Customer ကြီးများအတွက် ပြုလုပ်ပေးလိုက်ပါပြီနော်🎊

🌼မင်မင်တို့ Hotel Stadium Family Spa မှာ April လ အတွက် ထားရှိပေးမဲ့ Promotion အစီအစဉ်လေးတွေကတော့ဖြင့်

🪷April 11 to April 19 အတွင်း

🎉First Step အနေဖြင့် မည်သည့် Massage Treatment Package အတွက်မဆို တစ်သိန်းကျပ်ဖိုးနှင့်အထက် အသုံးပြုသူတိုင်းအတွက် 10% Discount ရရှိနိုင်မှာ ဖြစ်ပြီး

🎉 Second Step အနေဖြင့် Customerများမှ မင်မင်တို့ရဲ့ Hotel Stadium Family Spa မှာ Public နှင့် Check in ဝင်ပေးရုံဖြင့် ထပ်တိုး 10% Discount ရရှိနိုင်ကာ
Check in post အား သူငယ်ချင်းအသိမိတ်ဆွေ သုံးဦးအား Tagged တွဲ၍ Public Post တင်ပြီး အပိုထပ်ဆောင်း 5% ထပ်မံရရှိနိုင်မှာပဲ ဖြစ်ပါတယ် ရှင့်

☺️☺️ကဲ ဒီလိုဆိုရင်ဖြင့် အရမ်းတန်လှတဲ့ မင်မင်တို့ရဲ့ Promotion လေးတွေကို အရယူနိုင်ဖို့ ဧည့်သည်တော်ကြီးများကို မင်မင်တို့ဆီ အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်🤗🤗

💫Promotion လေးတွေက ရက်အကန့်အသတ် ရှိတာမို့ မင်မင်တို့ရဲ့ Hotel Stadium Family Spa ကို အပြေးလေးလှမ်းလာခဲ့ပါဦးနော်

💞💞ဧည့်သည်လာရောက်မှုများတဲ့ Family Spa စစ်စစ်မို့ စောင့်ဆိုင်းရတာမျိုး မရှိရလေအောင် ကြိုတင် Reservation လေး လုပ်ဖို့ မေတ္တာရပ်ခံလိုက်ပါတယ်နော်💞💞

💚ကဲ နှစ်ဟောင်းကုန်လို့နှစ်သစ်ကိုကူးပြောင်းတဲ့ အချိန်အခါမှာ တစ်နှစ်ပတ်လုံး ကြုံတွေခဲ့ရတဲ့ စိတ်ပင်ပန်းဖိစီးမှုများစွာကို မင်မင်တို့ရဲ့ Hotel Stadium Family Spa မှာ ထားပစ်ခဲ့ပြီး လူသစ်စိတ်သစ်နဲ့ နှစ်သစ်ကို လျှောက်လှမ်းကြပါစို့ နော်💚

🙏မင်္ဂလာနှစ်သစ်ကူး အတာသင်္ကြန်အချိန်အခါ🙏

💚Hotel Stadium Family Spa မှာ အနားယူ အပန်းဖြေပါ💚

💌For Reservation: Call and Viber;
☎️ 09777888161
☎️ 09777888262
Locate At , No. 369, Laydaunkkan Road, Thingungyun Tsp, Yangon Division.

Hotel Stadium 2nd Floor,

🌟Hotel Stadium Family Spa 🌟

10/03/2026

🪷 ညနေခင်းတွေမှာ ရှာဖွေတွေ့ရှိမယ့် ကိုယ်ပိုင် အိုအေစစ် လေး ဖြစ်မယ့် Hotel Stadium Family Spa!🪷

နေ့စဥ်နေ့တိုင်း အလုပ်ကိစ္စတွေ၊ ဖုန်းသံတွေနဲ့ ဆူညံနေတဲ့ တစ်နေ့တာရဲ့ နောက်ဆုံးအချိန်ကို ရောက်လာတဲ့အခါ... 💨သင့်ရဲ့ စိတ်ကဘယ်လောက်တောင် လေးလံနေပြီလဲ?🌿

မနက်ကတည်းက အားတင်းထားရပြီး လုပ်ငန်းခွင် ပြီးဆုံးသွားတဲ့ ညနေခင်းရောက်တဲ့အခါမှာတော့ တဖြည်းဖြည်းချင်း စိတ်ပင်ပန်းလျော့ရဲလာတတ်ပါတယ်🗯

အဲဒီအချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် "အနားယူဖို့ အမှန်တကယ်လိုအပ်လာပါတယ် 🙆‍♀️

ဒီလို စိတ်အပန်းဖြေ အနားယူဖို့ ကျွန်မတို့ Hotel Stadium Family Luxury Spa ရဲ့ တံခါးကို ဝင်လာလိုက်တာနဲ့ အပြင်လောကရဲ့ ရှုပ်ထွေးမှုတွေဟာ တံခါးအပြင်မှာတင် ကျန်ရစ်ခဲ့ပါလိမ့်မယ် 🪻

အခန်းထဲမှာ ပျံ့လွင့်နေတဲ့ သဘာဝသစ်သီးရနံ့နဲ့ လာဗင်ဒါဆီမွှေးနံ့လေးက သင့်ရဲ့ စိတ်ရော ခန္ဓာကိုယ်ရော ပင်ပန်းနေတဲ့ အာရုံတွေကို အရင်ဆုံး ကုစားပေးပါလိမ့်မယ် ✨

🪭ကျွမ်းကျင်တဲ့ Theraphist တွေက သင့်ရဲ့ ပခုံးသားတွေ၊ ဇက်ကြောတွေမှာ စုနေတဲ့ ပင်ပန်းနွမ်းလျမှုတွေကို တစ်ချက်ချင်းစီ ဖြေလျော့ပေးသွားမဲ့ Thai Body Massage က🌻သင့်ရဲ့ ခန္ဓာကိုယ်ထဲက တင်းကျပ်မှုတွေဟာတဖြည်းဖြည်းချင်း ပေါ့ပါးသွားတာကို ခံစားရမှာပါ 🙋‍♀️

ညနေခင်းရဲ့ ဒီလို အေးချမ်းတဲ့ အပန်းဖြေမှုက သင့်အတွက်တော့ ဇိမ်ခံမှုတစ်ခုထက် ပိုပါတယ် 💆‍♀️
အားအင်ကုန်ခမ်းနေတဲ့ စိတ်ကို ပြန်လည် အားဖြည့်ပေးတာဖြစ်သလို၊ နောက်တစ်နေ့အတွက် ခွန်အားသစ်တွေကို ပြန်လည်အားသစ်စုဆောင်းခြင်းလည်း ဖြစ်ပါတယ်..

ဒီညမှာတော့ သင့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကိုပဲ အလေးထားပြီး အကောင်းဆုံး အနားယူလိုက်ပါ 🫶

နွေးထွေးတဲ့ ဝန်ဆောင်မှုနဲ့ အေးချမ်းတဲ့ ပတ်ဝန်းကျင်လေးဖြစ်တဲ့ ကျွန်မတို့ Hotel Stadium Family Spaက သင့်ကို ကြိုဆိုနေပါတယ်။ ✨🌿

📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 > No.369, Laydaunkkan Road, Thingungyun Tsp, Yangon Division
Hotel Stadium, 2nd floor 🏢
𝔹𝕠𝕠𝕜𝕚𝕟𝕘 ℕ𝕠𝕨 - 𝟎𝟗-777888161 (𝗩𝗶𝗯𝗲𝗿)
𝟎𝟗-777888262 သို့လဲ
𝐁𝐨𝐨𝐤𝐢𝐧𝐠 ကြိုတင်ယူနိုင်ပါတယ်ရှင် ☺️☺️☺️

08/03/2026

🩵ဆဲလ်အသစ်ကိုလိုချင်ရင် ဆဲလ်အသေများအား ဖယ်ထုတ်ပစ်ပါလို့ ပညာရှင်တို့က ဆိုထားကြပါတယ်🩵
💛အသားအရေ ကောင်းမွန်ပြီး နုပျိုစိုပြေ နေစေဖို့အတွက်ဆိုရင်ဖြင့် ဆဲလ်အသေတွေရှိနေလို့ မရပါဘူး💛
🩶ပုံမှန် Scrub တိုက်ပေးခြင်းအားဖြင့် ဆဲလ်အသေများ လျော့ပါးပျောက်ကွယ်လာပြီး ခန္ဓာကိုယ်အသားအရေအား နူးညံ့စိုပြေလာစေနိုင်မှာပဲ ဖြစ်ပါတယ်🩶
🤍ချွေးနံ့ ကိုယ်နံ့ပြင်းသူတွေအတွက်လဲ အနံ့ဆိုးထွက်ခြင်းအား လျော့ချပေးနိုင်ပြီး ခန္ဓာကိုယ် ကိုယ်သင်းနံ့အား သင်းသင်းလေး ဖြစ်လာစေရန် ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်🤍
🩷ဂျိုင်း၊ပေါင်ကြား အသားအရေညစ်နွမ်းညိုမဲခြင်းအားလဲ သက်သာစေ၍ ခြေမျက်စိ၊တံတောင်ဆစ်၊ဒူး ၊လည်ဂုတ် စသော နေရာများ၌ အသားမာတက်ပြီး ညိုမဲကြမ်းတမ်းနေခြင်းများကိုလဲ လျော့ပါးသက်သာလာစေနိုင်ပါတယ်🩷
✨ ဒီလိုကောင်းကျိုးလေးတွေရရှိပြီး ခန္ဓာကိုယ် အသားအရေ နုပျိုစိုပြေလှပဖို့အတွက် ဆိုရင်တော့ မင်မင်တို့ရဲ့ Hotel Stadium Family Spa ကို အပြေးလေးလှမ်းလာခဲ့လိုက်ပါနော်✨
မင်မင်တို့ရဲ့ Hotel Stadium Family Spa မှာ အသုံးပြုနိုင်တဲ့ Body Scrub Treatment လေးမှာတော့
⭐First Stage - Exfoliating Cream ဖြင့် ခန္ဓာကိုယ်အပေါ်ဆုံးအလွှာတွင် ပြင်ပမှ လေထု ဖုန်မှုန့်များကြောင့် ကပ်တွယ်နေသော အညစ်အကြေးများကို သန့်စင်ပေးပါတယ်
⭐Second Stage - အသားအရေအတွက် ကောင်းကျိုးများစွာပေးနိုင်ပြီး နူးညံ့သော သဘာဝ Organic Scrub ဖြင့် အသားအရေအတွင်းပိုင်းအထိ နက်ရှိုင်းစွာ သန့်ရှင်းစင်ကြယ်မှူ ရရှိနိုင်ရန် ကျွမ်းကျင် Therapist ပညာရှင်များက တိုက်ချွတ်ပေးပါတယ်
⭐Final Stage - ခန္ဓာကိုယ်အနှံ့ Scrub တိုက် သန့်စင်ပြီးချိန် ဧည့်သည်တော်များ ရေချိုးသန့်စင်ပြီးသည့်နောက် အသားအရေအတွက် အာဟာရဓာတ်အပြည့်အဝပါဝင်ပြီး Moisture အပြည့်ပေးနိုင်သည့် Body Polish Cream အား အသုံးပြု၍ ခန္ဓာကိုယ်အနှံ့ လူးပေးခြင်း
စသည့် အဆင့်များ ပါဝင်မှာ ဖြစ်ပါတယ်✨

နွေဦးရာသီမှာ ရွက်ဟောင်းကြွေလို့ရွက်သစ်တွေ ဝေသလို ခန္ဓာကိုယ်မှဆဲလ်အသေများဖယ်ခွာ၍ဆဲလ်အသစ်များ ဖြစ်ပေါ်စေရန် Body Scrub Treatment အား လာရောက် အသုံးပြုနိုင်ရန် မင်မင်တို့ရဲ့ Hotel Stadium Family Spa ကို လှမ်းလာခဲ့ပေးပါဦးနော်
လာရောက်အားပေးကြသူများတဲ့ သန့်ရှင်းသပ်ရပ်သော Family Spa စစ်စစ် ဖြစ်တာမို့ စောင့်ဆိုင်းနေရတာမျိုး မရှိရအောင် ကြိုတင် Booking Appointment လေး ယူ၍ Me Time လေး ရယူနိုင်ပါပြီနော်
For Reservation - Call and Viber/
☎️09777888161
☎️09777888262
Location - No.369, Laydaunkkan Road, Thingungyun Tsp, Yangon Division.

07/03/2026

🌞ပူပြင်းလှတဲ့နွေရာသီကို ရောက်ရှိလာပြီ ဖြစ်တဲ့ အတွက် ခန္ဓာကိုယ်အသားအရေ ထိန်းသိမ်းဖို့ကလဲ လိုအပ်သလို....
💫နီးကပ်လာပြီဖြစ်တဲ့ သင်္ကြန်ကာလမှာ အတိုအပြတ်လေးတွေဝတ်ပြီး လန်းနိုင်ဖို့/ Vacation တွေမှာ အလှပဆုံးပုံလေးတွေ ဓာတ်ဖမ်းဖို့/ ဘာဝတ်ဝတ်လှနေနိုင်ဖို့ လိုအပ်‌လာပြီပေါ့🤔🤔🤔

🤗ဒီလိုဆိုရင်ဖြင့် မင်မင်တို့ရဲ့ Hotel Stadium Family Spa ရဲ့ March လ Promotion Package လေးကို သုံးဖို့ ဖိတ်ခေါ်ပါရစေနော်🥳🥳

🎉🎉March Promotion Package လေးမှာကတော့ဖြင့်

- Body Scrub Treatment (60 mins)
- Essential Aromatherapy Oil massage (60 mins)
(2) hour package ကို ပုံမှန်ဈေးနှုန်း 132,000 /- Kyats ကို 15% OFF ဖြင့် March လ တစ်လလုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်

💞💞March Born မွေးနေ့ရှင် Customers များ ဆိုရင်ဖြင့် 20% OFF ဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်.. (Birthday အတည်ပြုဖို့အတွက် Citizen ကတ်ပြားလေးတော့ ပြပေးဖို့ရန် မေတ္တာရပ်ခံလိုပါတယ်ရှင်)
💞Scrub တိုက်ပြီး ခန္ဓာကိုယ် ချေးချွတ်သန့်စင်မယ်
💞Oil massage လေးနှိပ်ပြီး Relax လုပ်ရင်း အသားအရေ စိုပြေနူးညံ့မှူ ရယူမယ်
💞အညောင်းအညာလဲပြေ အသားအရေလဲ လှပနုပျိုစေနိုင်မဲ့
🩵Hotel Stadium Family Spa ရဲ့ March Promotion Package လေးအား လာရောက်ရယူအသုံးပြုဖို့ ဖိတ်ခေါ်ကမ်းလှမ်းပါရစေရှင် 🥰🥰🥰

🥰ဧည့်သည်လာရောက်မှူများတဲ့ သန့်ရှင်းသပ်ရပ်သော Family Spa စစ်စစ် ဖြစ်တာကြောင့် စောင့်ဆိုင်းရတာမျိုး မရှိရလေအောင် ကြိုတင် Booking လေး ယူပြီး အရောက်လှမ်းလာခဲ့ပေးပါဦးရှင် ❤️❤️

For Reservation - Call and Viber/
☎️09777888161
☎️09777888262
Hotel Stadium 2nd Floor !
Location - No.369, Laydaungkan Road, Thingangyun Township, Yangon.

01/12/2025

မဂ်လာပါရှင့်
Hotel Stadium Wellness spa မှ December 1ရက်​နေ့မှစပြီး 31​နေ့အထိ အထူး Promotion ​လေး လာပါပြီရှင့်
မိတ်​ဟောင်းမိတ်သစ်များကိုလည်ကြိုဆိုပါတယ်ရှင့်
🎗1🎗Member ဧည်သည်များ
🎗2🎗Spa menu 1သိန်းဖိုးပြည့်တာန့ဲ spin wheelတခါလှည့် ခွင့်ရမှာဖြစ်ပါတယ်ရှင့်
🎊🎊အခွင့်အ​ရေး​လေးက​တော့ 🎊🎊
🎄-10%
🎄-5%
🎄-face massage 30min
🎄-face cleansing 30min
🎄-scrape 30min
🎄- cupping 30min
🎄- nail dry cleansing 30min

🎋🎋Wednes day​နေ့များမှာ 40% ဖြစ်တ့ဲ 🎋🎋
🎉-Detox treatment 40%
🎉-Brighting Glow treatment 40%
🎉-Hot oil healing project 40%
🎉-Hot stone project 40%
🎗🎗Menber dayအ​နေန့ဲ ဆက်လက်​ပေးသွားပါမယ်ရှင့်🎗🎗
🎎နှစ်သစ် မ​ရောက်ခင် ပင်ပန်းတာ​တွေကို နှစ်​ဟောင်းမှာထားခ့ဲဖို့
🎀Hotel Stadium Wellness spa🎀ကိုကြွလှမ်းခ့ဲပါရှင့်🎎

02/10/2025

💐မိသားစု ကျန်းမာရေးအနှိပ်ဆိုင် 100% (အသန့် ) Family Spa လေးကိုရှာဖွေနေပါ သလား?

🧚🏻‍♀️အလုပ်တွေများပြီး စိတ်ဖိစီးမှုကင်းဝေးစေဖို့ relax လုပ်ဖို့လိုပါသလား?

☘️ကျွမ်းကျင်တဲ့ Therapist တွေရဲ့နှိပ်ကွက်များစွာနဲ့ ဘယ်သူနဲ့မှမတူတဲ့ ကျွမ်းကျင်မှုတွေနဲ့ 💆🏻‍♀️
အကောင်းဆုံး Service တွေပဲပေးတာကြောင့် 💁🏼‍♀️
100% သန့်သန့်လေးနဲ့ ဇိမ်ခံဖို့ဆိုရင်တော့ မိသားစုအနှိပ်သီးသန့်( Family Spa )မှဆိုရင် Morjo Spa ကိုသာကြွလှမ်းလာခဲ့ပါနော်....

💐ယခုလာမယ့် Thadingyut Festival လကြီးမှာလည်း အကောင်းဆုံး/အတန်းဆုံး promotion တွေပေးသွားမယ့်အပြင်…..🌿

☘️1သိန်းဖိုးပြည့်တာနဲ့ဗလာမပါ spin wheels လေးကို တကြိမ်လှည့်ခွင့်ပေးဦးမှာမို့ ချစ်ရပါသော Customer များကို ဖိတ်ခေါ်အပ်ပါတယ်ရှင့်…..

☘️5%,10% discount,
☘️Scrape30 ( mins), Cupping ( 30 mins),Face Massage (30 minutes)
☘️Hot Stone(1hr),
☘️Nail dry Cleansing (30mins)
☘️Brighting Treatment ( 1 hr)
☘️Body Scrub(30 mins)🥰...
များစွာသော Promotion တွေပေးထားသောကြောင့် အမြန်လှမ်းခဲ့ကြပါရှင့်.....

"မှတ်ချက်" Promotion တစ်ခုတည်းကိုသာ ခံစားခွင့်ရှိပါသည်။
ပေါင်းစပ်ခံစားခွင့်မရှိပါရှင့်….🎈
မှတ်ချက် ။ ။ အခြားသော Promotion များနှင့် ပေါင်းစပ်ခံစားခွင့်မရှိပါ။
💁🏼‍♀️Customer 1ဦးလျှင် Promotion 1ခုသာရွေးချယ်ခွင့်ရှိပါသည် ။
☎️Contact No. 09-777888161, 09-777888262
🏢 အမှတ် ၃၆၉၊ လေးထောင့်ကန်လမ်းမကြီး၊ အသင်းတိုက်မီးပွိုင့်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

19/09/2025

💁🏼‍♀️နောက်လတွေမှာ ဆိုရင် အေးမြတဲ့ရာသီဥတု အကူးပြောင်းလေး လာတော့မှာမို့ ကျန်းမာရေးကို ပုံမှန်ဂရုစိုက်ဖို့ ‘Morjo family Spa ‘ကနေ ကျန်းမာရေးဗဟုသုတလေး ပြောပြပေးလိုက် ပါတယ်ရှင့် …..
🧚🏻‍♀️နွေးနွေးထွေးထွေးနေပီး ဂရုစိုက်ပါနော်👼🏻

လေဖြတ်ခြင်း🧠
နှလုံးရုတ်တရက်ထဖောက်ခြင်းကို Heart attack ရသည်ဟု ပြောတတ်ကြသော်လည်း လေဖြတ်ခြင်းကိုတော့ Brain attack ရသည်ဟု ပြောသူရှိမည်မထင်ပါ။ Stroke ရသည်ဟုသာ ပြောကြပါသည်။
လေဖြတ်ခြင်း Stroke ကို တခြားနာမည်နှင့် Brain attack ဟုခေါ်သည်ဟု ဆိုပါသည်။
လေဖြတ်ခြင်းသည် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတခု ဖြစ်ပါသည်။
လေဖြတ်ခြင်းသည် ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုသို့ သွေးစီးဆင်းမှု ပြတ်တောက်ခြင်း သို့မဟုတ် လျော့နည်းသွားခြင်းဖြစ်ပါသည်။

ယင်းမှတဆင့် ဦးနှောက်တစ်ရှူးများသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ မရောက်ရှိတော့ဘဲ ဦးနှောက်ဆဲလ်များသည် မိနစ်ပိုင်းအတွင်း သေဆုံးသွားရပါသည်။

လေဖြတ်ခြင်း အမျိုးအစားများမှာ -
* သွေးကြောပိတ်လေဖြတ်ခြင်း (Ischemic Stroke)
ဤသည်မှာ အဖြစ်အများဆုံး လေဖြတ်ခြင်းအမျိုးအစားဖြစ်သည်။
*သွေးခဲ သို့မဟုတ် အခြားအရာတစ်ခုခုက သွေးလွှတ်ကြောတစ်ခုကို ပိတ်ဆို့သောအခါ ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုသို့ သွေးစီးဆင်းမှု ပြတ်တောက်ခြင်းကြောင့် ဖြစ်ရသည်။
* သွေးကြောပေါက်လေဖြတ်ခြင်း (Hemorrhagic Stroke)
ဤလေဖြတ်ခြင်းအမျိုးအစားသည် ဦးနှောက်အတွင်းရှိ သွေးကြောတစ်ခု ပေါက်ထွက်ပြီး ဦးနှောက်တစ်ရှူးထဲသို့ သွေးယိုစိမ့်သောအခါ ဖြစ်ပေါ်သည်။
ဤသွေးယိုစိမ့်မှုသည် ဦးနှောက်ဆဲလ်များအပေါ် ဖိအားသက်ရောက်စေပြီး ၎င်းတို့ကို ပျက်စီးစေသည်။

လေဖြတ်ခြင်း၏ ရောဂါလက္ခဏာများ
လေဖြတ်ခြင်း၏ လက္ခဏာများကို သိရှိပြီး ချက်ချင်း ဆေးကုသမှုခံယူရန် အရေးကြီးပါသည်။
လေဖြတ်ခြင်း လက္ခဏာများကို အတိုကောက်အနေနှင့် FAST ဟု မှတ်သားကြပါသည်။

* F (Face - မျက်နှာ)
မျက်နှာတစ်ခြမ်း တွဲကျနေပါသလား။
* A (Arms - လက်များ)
လူနာသည် လက်နှစ်ဖက်စလုံးကို မြှောက်နိုင်ပါသလား။ လက်တစ်ဖက် အောက်သို့ လျှောကျနေပါသလား။
* S (Speech - စကားပြော)
စကားပြော မပီမသဖြစ်သလား သို့မဟုတ် နားလည်ရန် ခက်ခဲပါသလား။
* T (Time - အချိန်)
ဤလက္ခဏာများထဲမှ တစ်ခုခုကို သင်တွေ့ရှိပါက အရေးပေါ်ကုသမှုရရန်ဆောင်ရွက်ပါ။

အခြားရောဂါလက္ခဏာများမှာ-
* ခြေထောက်တွင် ရုတ်တရက် ထုံကျင်ခြင်း သို့မဟုတ် အားနည်းခြင်း။
* ရုတ်တရက် စိတ်ရှုပ်ထွေးခြင်း၊ စကားပြောရန် အခက်အခဲရှိခြင်း သို့မဟုတ် နားလည်ရန် အခက်အခဲရှိခြင်း။
* မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ရုတ်တရက် အမြင်အာရုံချို့ယွင်းခြင်း။
* ရုတ်တရက် လမ်းလျှောက်ရန် အခက်အခဲရှိခြင်း၊ မူးဝေခြင်း၊ ဟန်ချက်ပျက်ခြင်း သို့မဟုတ် ခန္ဓာအစိတ်အပိုင်းများ ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းမရှိခြင်း။
* အကြောင်းအရင်းမရှိပဲ ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း။

အန္တရာယ်ဖြစ်စေသော အခြေခံ အကြောင်းရင်းများ
* သွေးတိုးခြင်း
* ကိုလက်စထရော မြင့်မားခြင်း
* နှလုံးရောဂါ
* ဆီးချိုရောဂါ
* ဆေးလိပ်သောက်ခြင်း
* အဝလွန်ခြင်း
* မိသားစုတွင် လေဖြတ်ဖူးသူရှိခြင်း
* အသက်အရွယ်ကြီးရင့်ခြင်း။

☎️Contact No. 09-777888161, 09-777888262
🏢 အမှတ် ၃၆၉၊ လေးထောင့်ကန်လမ်းမကြီး၊ အသင်းတိုက်မီးပွိုင့်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

12/09/2025

👣သင့်ခြေထောက်အနံ့ ဆိုးတွေထွက်နေပီလား ….???
*Morjo Family Spa *မှာ 👣Foot Massage လေးလုပ်ရင်း ခြေထောက်လေးဆေးစိမ်ယုံဖြင့် ခြေထောက်အနံ့ဆိုးကင်းစင်ဆေးခြင်း၊ မကောင်းတဲ့အဆိပ်တောက်တွေ ဖယ်ရှားပေးခြင်း၊ သွေးလည်ပတ်မူကောင်းမွန်စေခြင်း ၊ အာရုံအားနည်းခြင်းများ၊အိပ်ရေးပျက်ခြင်းများကိုလဲကောင်းမွန်စေတာကြောင့် မြန်မြန်လေးကြွရောက်ပီးအနားယူဖို့ဖိတ်ခေါ်ပါရစေရှင့်………💁🏼‍♀️

မအားလပ်သေးလို့ ခြေထောက်လေးတွေအနံဆိုးမထွက်သေချင်ဘူးဆိုလဲ မိမိအိမ်မှာပဲ ရေနွေးလေးထဲရှာလကာရည်လေးထဲ့ပီး ဆားကြမ်းလေးပွတ်တိုက် ခြင်းဖြင့်လဲ အနံ့ဆိုးတွေကင်းစင် စေပါတယ်ရှင့်…

☎️Contact No. 09-777888161, 09-777888262
🏢 အမှတ် ၃၆၉၊ လေးထောင့်ကန်လမ်းမကြီး၊ အသင်းတိုက်မီးပွိုင့်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

01/09/2025

☘️မိုးနှောင်းရာသီလေးကိုရောက်ရှိလို့လာပြန်ပါပီရှင်…..

🌺Morjo Family Spa ရဲ့ 'August Promotion' လေးကို ချစ်ရသော Customer များရဲ့တောင်းဆိုမှုကြောင့် ယခုလ “September’လလေးမှာလဲထပ်မံပြီး.. ဒီ promotion ချပေးထားတာကြောင့် ယခုလ (1)လတည်းသာ ဒီPromotion လေးရမှာမို့ လက်လွှတ်မခံဘဲ🌷Morjo family Spa ကိုကြွလှမ်းခဲ့ပါလို့ဖိတ်ခေါ်အပ်ပါတယ်ရှင့်….💆🏻‍♀️

Promotion လေးကတော့….

🌿ဘယ် Project ကိုပဲယူယူ ကျသင့်ငွေ (၁သိန်း)ကျပ် ပြည့်ယုံဖြင့် ….
(1) Cupping
(2) scrape
(3) Face Massage
(4) Facial Cleansing
(5)Nail Dry Cleansing တွေထဲကကြိုက်နှစ်သက်ရာ (1) မျိုးကို လက်ဆောင် အနေဖြင့် ရရှိမှာဖြစ်ပါတယ်ရှင့်….

မှတ်ချက် ။ ။ အခြားသော Promotion များနှင့် ပေါင်းစပ်ခံစားခွင့်မရှိပါ။

💁🏼‍♀️Customer 1ဦးလျှင် Promotion 1ခုသာရွေးချယ်ခွင့်ရှိပါသည် ။

💁🏼‍♀️ချစ်ခင်ရပါသော Member များတွက်လဲ Member Day ( Wednesday) Only မှာလဲ Promotion တွေ အများကြီး ပေးထားတာကြောင့် ကြွလှမ်းခဲ့ဖို့ သတင်းကောင်းလေးပါးအပ်ပါတယ်ရှင် ….

☎️Contact No. 09-777888161, 09-777888262
🏢 အမှတ် ၃၆၉၊ လေးထောင့်ကန်လမ်းမကြီး၊ အသင်းတိုက်မီးပွိုင့်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

01/08/2025

🧚🏻‍♀️ဝါဆိုလရဲ့ မိုးဖွဲလေးတွေနဲ့အတူ ….

💁🏼‍♀️Morjo Family Spa ရဲ့ မိုးရာသီအထူး Promotion လေးနဲ့ အညောင်းညာတွေဖြေပီး အပြည့်အဝအနားယူ ကြပါစို့….👼🏻

💁🏼‍♀️Private ဆန်သော….
🌿သန့်ရှင်းသပ်ရပ်သော…
🍃တိတ်ဆိတ်ပီးအေးချမ်းသော…
🍃ကျယ်ဝန်းသော…
🍃များစွာသောအခန်းများရှိသော…

💆🏻‍♀️အနှိပ်ပိုင်းဆိုင်ရာ မှာလဲ ကျွမ်းကျင်သော…ကောင်းမွန်သော…ပညာရှင်များကသာ service ပေးနေတဲ့..🧚🏻‍♀️Morjo Family Spa ကိုကြွလှမ်းခဲ့ပါလို့ဖိတ်ခေါ်အပ်ပါတယ်ရှင့်….

🌺ဘယ် Project ကိုပဲယူယူ ကျသင့်ငွေ (၁သိန်း)ကျပ် ပြည့်ယုံဖြင့် ….
(1) Cupping
(2) scrape
(3) Face Massage
(4) Facial Cleansing
(5)Nail Dry Cleansing တွေထဲကကြိုက်နှစ်သက်ရာ (1) မျိုးကို လက်ဆောင် အနေဖြင့် ရရှိမှာဖြစ်ပါတယ်ရှင့်….

မှတ်ချက် ။ ။ အခြားသော Promotion များနှင့် ပေါင်းစပ်ခံစားခွင့်မရှိပါ။

🍃Customer 1ဦးလျှင် Promotion 1ခုသာရွေးချယ်ခွင့်ရှိပါသည် ။

💁🏼‍♀️ချစ်ခင်ရပါသော Member များတွက်လဲ Member Day ( Wednesday) Only မှာလဲ Promotion တွေ အများကြီး ပေးထားတာကြောင့် ကြွလှမ်းခဲ့ဖို့ သတင်းကောင်းလေးပါးအပ်ပါတယ်ရှင် ….

☎️Contact No. 09-777888161, 09-777888262
🏢 အမှတ် ၃၆၉၊ လေးထောင့်ကန်လမ်းမကြီး၊ အသင်းတိုက်မီးပွိုင့်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

08/07/2025

၁၃၈၇ ခုနှစ်၊ ဝါဆို လပြည့် ဓမ္မာစ​ကြာ အခါတော်နေ့မှာ ကမ္ဘာသူ ကမ္ဘာသားများ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ့်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း MorJo Family Spa မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်...🙏🙏🙏

30/06/2025

🌼July Promotion 🌼

🌧️မိုးဝဿန်အချိန်ကာလလေးမှာ....
🌻ဇိမ်ရှိရှိ နဲ့ အနား ယူနိုင်ဖို့ 🍀Morjo Family Spa က နေ ပီးတော့.. ယခင်လ June Promotion လေးကို.. ယခုလ July Promotion မှာလဲဆက်လက်ပြီး ထားရှိပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင့် ❤️

အရမ်းတန်တဲ့ Promotion လေး ဖြစ်တာမို့ အမြန်ဆုံး ကြွလှမ်းခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင့် 💁

💐1 people or 1 project - 5% off
💐2 people or 2 project-10% off
💐3 people or 3 project -15% off

🗓️Promotion Date: Monday To Friday (1 pm to 11 pm) July 2025

🚫မှတ်ချက်။ ။အခြားသော Promotion များဖြင့်ပေါင်းစပ်ခံစားခွင့်မရှိပါ။ Promotion တစ်ခုတည်းသာခံစားခွင့်ရှိပါသည်။

🌿 Member သမားများကို Member day promotion များနှင့် Member card promotion များ ခံစားခွင့်ပေးထားပါသောကြောင့် ‌ပေါင်းစပ်ခံစားခွင့်မရှိပါရှင့်.....

☎️Contact No. 09-777888161, 09-777888262
🏢 အမှတ် ၃၆၉၊ လေးထောင့်ကန်လမ်းမကြီး၊ အသင်းတိုက်မီးပွိုင့်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


369 Laydaungkan Road
Yangon
11071

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00