Sweetheart Lay

Sweetheart Lay

Share

သဘာဝဆန်တာကိုမှ နှစ်သက်သူများအတွက် Organic Scrub လေးတွေနဲ့ Glow စေဖို့ Sweetheart လေးက သင်နှင့်အတူရှိနေပါပြီ

06/10/2025

Edit (10) ဦး ပြည့်သွားပါပြီရှင့်

#မန့်✅ပထမဆုံး(10)ဦး
📢Kpay က အရင်လို Pocket Money ပေးမရတော့ဘူး ပုံစံပြောင်းသွားတယ်😢အာ့ကြောင့် နောက်ကျသွားတယ်ကွယ်
အရင်က Pocket Money နဲ့ မုန့်ဖိုးပေးရင် Password ထည့်ပြီးတာနဲ့ လူတိုင်း ဝင်ယူရုံပါ😌

အခုပုံစံက ကိုယ်ပေးချင်တဲ့ Ph နံပါတ်တွေကိုပဲ ထည့်ပြီး ပေးလို့ရတော့တယ်🥺

ဘယ်လိုလုပ်မလဲကွယ်😳

✅ဒီ Post မြင်သူ ပထမဆုံး (၁၀)ယောက် 1000 ks စီ ယူပါ။

✅Post ရဲ့ Comment မှာ Kpay (or) Wave Pay📱phoneနံပါတ်လေး ရေးခဲ့ပါ။

✅ပထမဆုံးမန့် (၁၀) ယောက် သာ အစဥ်လိုက်ရပါမယ်ရှင့်😘

💞Lay

06/10/2025

📢မြန်မာစံတော်ချိန် ည(9:00)ကြရင် Kpay နဲ့ Pocket Money မုန့်ဖိုးယူလို့ရ😍Waiting Naw🤭🔔
ထိုင်းစံတော်ချိန်ဆို 9:30 pm ပါခ🥰


https://www.facebook.com/share/p/19cD9pTsLJ/

🙏🙏🙏“သီတင်းကျွတ်လပြည့်
🙏🙏🙏 . အဘိဓမ္မာအခါတော်နေ့
🙏🙏🙏.အဘိဓမ္မာအကြောင်း သိကောင်းစရာများ”
➖🌸➖🌸➖🌸➖🌸➖🌸➖🌸➖🌸➖🌸➖

☘(၁)။အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားသည်
၆ ဝါအလွန် ၇ ဝါ အရောက် သက်တော် ၄၂ နှစ်အရွယ်တွင်
တာဝတိံသာနတ်ပြည်၌ ဟောကြားခဲ့ပါသည်။

☘(၂)။မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသော
ရည်ရွယ်ချက်ဖြင့် ဟောကြားတော်မူပါသည်။

☘(၃)။မယ်တော်မိနတ် အမှူးပြုသော
နတ်ဗြဟ္မာပရိသတ်တို့အား ဟောကြားခဲ့ပါသည်။

☘(၄)။ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာမျှ
ဟောကြားတော်မူခဲ့ပါသည်။

☘(၅)။ မြတ်စွာဘုရားသည် နတ်ဗြဟ္မာပရိသတ်တို့အား
အကျယ်နည်းဖြင့် ဟောကြား၍ အရှင်သာရိပုတ္တရာအား
အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။
အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ခဲ့ဖူးသော
ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်
ဟောကြားတော်မူပါသည်။

☘(၆)။ သုတ္တန်တရားတို့ထက် သာလွန်ထူးခြားသောတရား
ဖြစ်၍ “အဘိဓမ္မာ” ခေါ်ပါသည်။

☘(၇)။ အဘိဓမ္မာသည် “ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊
ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း” ဟူ၍
အရေအတွက် ၇ ကျမ်း ရှိပါသည်။

☘(၈)။ ကုသိုလ်၊အကုသိုလ် စသောတရားတို့ကို
အကျဉ်းချုပ်အားဖြင့် ဟောကြားတော်မူသောကျမ်းကို
“ဓမ္မသင်္ဂဏီ” ကျမ်းဟု ခေါ်ပါသည်။

☘(၉)။ ခန္ဓာ စသောတရားတို့ကို သုတ္တန်နည်း၊
အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြု၍ အကျယ်ဝေဖန်
ဟောကြားသောကျမ်းကို “ဝိဘင်းကျမ်း”ဟု ခေါ်ပါသည်။

☘(၁၀)။ ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို
“ဓာတုကထာ” ကျမ်းဟု ခေါ်ပါသည်။

☘(၁၁)။ ပုဂ္ဂိုလ်အမျိုးတို့ကို ခွဲခြား သတ်မှတ်အမည်တပ်၍
ဟောကြားသောကျမ်းတို့ကို “ပုဂ္ဂလပညတ်ကျမ်း”
ဟုခေါ်သည်။

☘(၁၂)။ အယူဝါဒနှင့်ဆိုင်သော စကားတို့၏တည်ရာဖြစ်၍
အဘိဓမ္မာအနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို
“ကထာဝတ္တုကျမ်း” ဟု ခေါ်သည်။

☘(၁၃)။ အနုလုံ နှင့် ပဋိလုံ၊ ပုစ္ဆာ နှင့် ဝိသဇ္ဇနာ၊သန္နိဋ္ဌာန် နှင့်
သံသယ အစုံစုံပြု၍ ဟောကြားတော်မူသော
ကျမ်းကို “ယမိုက်ကျမ်း” ဟုခေါ်သည်။

☘(၁၄)။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊
ကုသိုလ်စသောတရားတို့ကို ၂၄ပစ္စည်းတို့ဖြင့်
ဝေဖန်အပ်သောကျမ်း၊သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာ
ဖြစ်သောကျမ်းကို “ပဋ္ဌာန်းကျမ်း”ဟုခေါ်ပါသည်။

☘(၁၅)။“အဘိဓမ္မာတရားတော်၏ ထူးခြားချက်”
အဘိဓမ္မာတရားသည်…
💌-အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊
💌-နတ်ပြည်၌ ဟောကြားခြင်း၊
💌-သုံးလကြာမျှဟောရခြင်း၊
💌-ပတိဘုရားနှင့် နိမ္မိတဘုရားတို့ တလှည့်စီဟောကြားခြင်း
ဟု “ထူးခြားချက်လေးမျိုး”နှင့် ပြည့်စုံသောတရားဖြစ်သည်။

☘(၁၆)။ အဘိဓမ္မာတရားသည်
ပါဠိ၏ နက်နဲခြင်း၊
သဘောအဓိပ္ပါယ်၏ နက်နဲခြင်း၊
ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊
ဉာဏ်တော်၏ နက်နဲခြင်း ဟူသော
“ဂမ္ဘီရလေးမျိုး” နှင့် ပြည့်စုံသော တရားဖြစ်သည်။

☘(၁၇)။ အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း
သင်ယူကြားနာခြင်း ကြောင့် လင်းနို့သားရဟန်းငါးရာကဲ့သို့
နာမရူပပရိစ္ဆေဒဉာဏ်ရင့်သန်ခြင်း၊
မဂ်ဖိုလ်နိဗ္ဗာန်ရရန်အကြောင်းအထောက်အပံ့ကောင်းဖြစ်ခြင်း၊
ဘေးဥပါဒ် အန္တရာယ်ကင်းဝေးခြင်း၊
ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်း
ဟူသော အကျိုးထူးတရားများ ရရှိနိုင်သည်။ ။

“အဘိဓမ္မာအမေးအဖြေ”
➖🌿➖🌿➖🌿➖🌿➖
☘(မေး)။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည်
အဘိဓမ္မာတရားကို ဘယ်အချိန် ဘယ်ကာလ ဘယ်နေရာ
ဘယ်ဌာန၌ ဘယ်ရည်ရွယ်ချက်ချက်ဖြင့် ဘယ်သူတို့အား
ဟောကြားတော်မူခဲ့ပါသနည်း။

☘(ဖြေ)။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည်
အဘိဓမ္မာတော်ကို ၆ ဝါအလွန်၊၇ ဝါအရောက် မဟာသက္ကရာဇ်
၁၀၉ ခုနှစ် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း
ပဏ္ဍုကမ္ဗလာမြကျောက်နေရာထက်၌ မယ်တော်မိနတ်ကို
ကျေးဇူးဆပ်လိုသောရည်ရွယ်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့အား
ဟောကြားတော်မူခဲ့ပါသည်။

☘(မေး)။ ။ သဗ္ဗညုတမြတ်စွာဘုရားသည်
အဘိဓမ္မာတရားတော်ကို
အချိန် မည်မျှကြာအောင် ဟောတော်မူပါသနည်း။

☘(ဖြေ)။ ။ သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာ
တရားတော်ကို ဝါတွင်းသုံးလ ရက်ပေါင်း ၉၀
ကြာအောင် ဟောတော်မူပါသည်။

☘(မေး)။ ။ ဘုရားရှင်တိုင်း အဘိဓ္မာတရားတော်ကို
လူ့ပြည်၌ မဟောကြားဘဲ၊အဘယ်ကြောင့်
နတ်ပြည်မှာသာ ဟောကြားပါသနည်း။

☘(ဖြေ)။ ။ အဘိဓမ္မာတရားတော်သည်
သုတ္တန်ဒေသနာ၊ ဝိနည်းဒေသတော်များကဲ့သို့ လူတို့၏
အချိန်ကာလတစ်ရက်အတွင်း၌ အပြည့်အစုံပြီးဆုံးအောင်
ဟောကြား၍မဖြစ်ပါ။
အဘိဓမ္မာတရား၏ ရှည်လျားသော ဒေသနာအစဉ်ကို
လူသားများ ဣရိယာပုတ်တည်းဖြင့် ပြီးဆုံးအောင်
နားယူနိုင်သောစွမ်းရည်လည်း မရှိပါ။လူတို့၏
အချိန်ကာလ ဝါတွင်းသုံးလသည် တာဝတိံသာနတ်တို့၏
အချိန်ကာလ တစ်ခဏမျှသာဖြစ်ပါသည်။
ဤအကြောင်းများကြောင့် ဘုရားရှင်တိုင်း အဘိဓမ္မာ
တရားတော်ကို လူ့ပြည်၌မဟောကြားဘဲ၊
နတ်ပြည်မှာသာ ဟောကြားရခြင်း ဖြစ်ပါသည်။

☘(မေး)။ ။အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌
လူသားဘုရားအနေဖြင့် နတ်အာဟာရကို မှီဝဲပါသလော။
အာဟာရကိစ္စ မည်ကဲ့သို့ ဖြေရှင်းပါသနည်း။

☘.ဖြေ။ ။ အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌
လူသားဘုရားအနေဖြင့် နတ်အာဟာရကို မမှီဝဲပါ။
လူ့ပြည်လူ့ရွာ မြောက်ကျွန်းသို့ ဆွမ်းခံကြွပြီး၊
လူ့အာဟာရကိုပင် မှီဝဲသုံးဆောင်ပါသည်။

☘(မေး)။ ။ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ
အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်းထားပါသလော။
တရားဟောစဉ် အဆက်မပြတ်အောင် မည်သို့မည်ပုံ
ဆောင်ရွက်တော်မူပါသနည်း။

☘(ဖြေ)။ ။ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ
အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်း၍မထားပါ။
ပကတိမြတ်စွာဘုရားကိုယ်စား တန်ခိုးတော်ဖြင့်
ဖန်ဆင်းထားသော “နိမ္မိတာဘုရားရှင်”က ဆက်၍
ဟောကြားတော်မူပါသည်။

☘(မေး)။ ။ အဘိဓမ္မာတရား ဟောကြားပုံ ၊ ဟောကြား
နည်းများကို ဗဟုသုတအဖြစ် မှတ်သားလို၍ ရှင်းပြပေးပါ။

☘(ဖြေ)။ ။ အဘိဓမ္မာတရား ဟောကြားပုံ၊ဟောကြား
နည်းမှာ သုံးမျိုး ရှိပါသည်။
💌(က)။ သဗ္ဗညုတမြတ်စွာဘုရားက တာဝတိံသာနတ်ပြည်၌
နတ်ဗြဟ္မာ ပရိသတ်တို့အား အကျယ်နည်းဖြင့်
ဟောကြားတော်မူပါသည်။
💌(ခ)။စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့်
ဟောကြားတော်မူပါသည်။
💌(ဂ)။ ဘုရားဟောကြားသော အဘိဓမ္မာတရားကို
အရှင်သာရိပုတ္တရာ မထေရ်က မဇ္ဈိမဒေသကို ယူဆောင်ပြီး၊
လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ၅၀ဝ တို့အား
မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်
ဟောကြားတော်မူပါသည်။

☘(မေး)။ ။ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့
အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ
မည်သူ၏ကျေးဇူးကြောင့် ဖြစ်ပါသနည်း။

☘(ဖြေ)။ ။ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့
အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ
“အရှင်သာရိပုတ္တရာ”၏ကျေးဇူးကြောင့် ဖြစ်ပါသည်။

☘(မေး)။ ။အဘိဓမ္မာတရားကို အကြောင်းပြု၍
ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သီတင်းကျွတ်အခါ၌
မြင်းမိုရ်မီးပွဲ ဆင်နွှဲကြပုံ ယဉ်ကျေးမှုအစဉ်အလာကိုသိပါရစေ။

☘(ဖြေ)။ ။သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို
ဝါတွင်းသုံးလ ဟောကြားတော်မူရာ သီတင်းကျွတ်
လပြည့်နေ့တွင် ပြီးဆုံးသောကြောင့် လူတို့နေရာ
သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်သက်ဆင်းတော်မူပါသည်။
နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းရာ၌
✤နတ်ပရိသတ်တွေက လက်ယာဘက် ရွှေစောင်းတန်း၊
✤ဗြဟ္မာပရိသတ်တွေက လက်ဝဲဘက် ငွေစောင်းတန်း၊
✤မြတ်စွာဘုရားသခင်က အလယ် ပတ္တမြားစောင်းတန်းမှ
သက်ဆင်းတော်မူပါသည်။
✤မာတလိနတ်သားက မြတ်စွာဘုရားအနီး
ဝဲဘက်တော်မှ ခစားလိုက်ပါပြီး၊
✤ပဉ္စသီခ နတ်သားက စောင်းတီးပူဇော်ရင်း
လိုက်ပါပို့ဆောင်ပါသည်။
✤သိကြားမင်းက ဘုရားနောက်တော်မှထီးမိုးလိုက်ပါပြီး၊
✤သုယာမနတ်သားက ယပ်ခတ်လို့ လိုက်ပါလာပါသည်။
အဲဒီအချိန်က ဗုဒ္ဓအသရေတော်ကို ဖူးတွေ့လိုက်ရတဲ့
လူတွေဟာ ဗောဓိဆုကို ရလိုကြောင်း ဆုတောင်းသူက
များပါသတဲ့။ကုဋေပေါင်းများစွာ ကျွတ်တမ်းဝင်လိုကြတယ်လို့
ပိဋကတ်ကျမ်းဂန်တွေမှာ ဖော်ပြထားပါတယ်။
မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ
သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်ရာ၌ မီးရှူးတန်ဆောင်
အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြသည့်ထုံးကို နှလုံးမူ၍
နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင်
မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြခြင်းဖြစ်ပါသည်။

☘(မေး)။ ။သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာ
အခါတော်နေ့အဖြစ် ကျင်းပရပုံကို ရှင်းပြပါ။

☘(ဖြေ)။ ။
💌(က)။နတ်ပြည်မှာ နတ်ပရိသတ်တွေကို
အကျယ်ဟောကြားပြီးဆုံးခြင်းသည်လည်း
သီတင်းကျွတ်လပြည့်နေ့။
💌(ခ)။စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်း
ဟောကြားပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်လပြည့်နေ့။
💌(ဂ)။အရှင်သာရိပုတ္တရာ မထေရ်ကတပည့်ရဟန်း
၅၀ဝ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်
သင်ကြားပို့ချပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်
လပြည့်နေ့ ဖြစ်ပါသည်။

ဤအချက်ကို ရည်ညွှန်းပြီး သီတင်းကျွတ်လပြည့်နေ့ကို
အဘိဓမ္မာအခါတော်နေ့ ကျင်းပခြင်းဖြစ်ပါသည်။

➖🌿➖🌿➖🌿➖🌿➖🌿➖🌿➖🌿➖🌿➖

-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-】

✍✍✍Credit ►✍✍✍
🙏🙏🙏Young Buddhist Association🙏🙏🙏
💜💜💜ဓမ္မဒါန SKKဓမ္မရောင်ခြည်💜💜💜

06/10/2025

🪔(၆.၁၀. ၂၀၂၅)🪔သီတင်းကျွတ်လပြည့်နေ့လေးမှာ (၇) ရက် သားသမီးများ အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းများဖြင့် ပြည့်စုံပြီး စီးပွားလုပ်ငန်းများလည်း တိုးတတ်လာကြပါစေကြောင်း
Sweetheart💞Lay Page မှ ဆုတောင်းပေးလိုက်ပါတယ်ရှင့်🙏🙏🙏
🪔သီတင်းကျွတ် မုန့်ဖိုးတွေလည်း ရကြပါစေနော်😍

🔔ဒါနဲ့ ဒီည မြန်မာစံတော်ချိန် 9:00 ကြရင် Kpay နဲ့ 🪔Pocket Money
မုန့်ဖိုးပေးသွားမယ်နော်🔔😍
💞

22/09/2025

✅Coffee Scrub ဘယ်လို အသုံးပြုမလဲ😻

💦 ရေချိုးစဉ် ရေချိုးခန်းသို့ Scrub ဗူးထဲမှ လိုသလောက် စတီးဇွန်း လေးဖြင့်မွှေခပ်ကာ ခွက်ကလေးထဲ ထည့်ယူသွားပါ။ (မှတ်ချက်👉ညှစ်ဗူးအထုတ်ဖြစ်ပါက မလိုအပ်ပါ အဆင်ပြေသလို အသုံးပြုနိုင်ပါသည်။)

💧Scrub အနှစ် အနည်းငယ်ကို စိုစွတ်သော ခန္ဓာကိုယ်၊ မျက်နှာနှင့် လည်ပင်းများပေါ်တွင် Coffee Scrub လေးများတင်၍ (၅-၁၀ မိနစ်) လောက် သေချာပွတ်တိုက်ပေးပါ။

🕜 (၃ ~ ၅ မိနစ်) လောက်ထားပြီးလျှင် ရေဖြင့် ဆေးချလိုက်ပါ။

🙈မျက်နှာ လေးမှာ လှပအိစက်ချောမွေ့လာပါ လိမ့်မည်။

💃 Scrub ပြုလုပ်ပြီးသောအခါ Lotion (သို့မဟုတ်) နို့ရည် Cream တစ်မျိုးမျိုး လိမ်းပေးပါက လုံးဝ အသားအရည်လေးကို Fresh ဖြစ်ပြီး နူးညံ့အိစက်စေပါတယ်။

👩‍🦳 တစ်ပတ်ကို မိမိရဲ့ Skin Type ပေါ်မူတည်ပြီး ၂ ကြိမ် (သို့) ၃ ကြိမ်နှုန်းဖြင့် ၁ လ လောက်၊ ပုံမှန်သုံးကြည့်ပါက တကယ်ကိုထူးခြားစေနိုင်ပါတယ်။

👉မှတ်ချက်။ ။ ဖော်ပြပါပုံရဲ့ Coffee Scrub လေးတွေက မြန်မာဘက်က ကာကာလေးတို့ မှာယူလို့ မရသေးပါဘူးရှင့်😔
Scrub အသုံးပြုသုံးများအတွက် Just Knowledge အတွက် post ရေးသားထားခြင်းသာဖြစ်ပါတယ်ရှင့်🥳
Sweetheart💞 Lay ကို အားပေးခဲ့ဖူးသူအယောက်တိုင်းကို ကျေးဇူးအထူးတင်ပြီး အမှတ်ရနေပါတယ်ရှင့်🥰

💞

ုံးလို့ရ🤩

Photos from Sweetheart Lay's post 21/09/2025

💞မင်မင်လည်း Gemini ❣️ နဲ့ သီတင်းကျွတ်လိုက်ပြီ😍

ဒီလိုပုံလှလှလေးတွေ လုပ်ချင်ရင် Selfie ပုံလှလှလေးမန့်ခဲ့နော် လုပ်ပေးမယ်ခ😍

💞

21/09/2025

❣️New Design (၂)မျိုးဖြင့် ထုတ်လုပ်ထားတဲ့ Sweetheart💞Face & Body သုံးလို့ရမယ့် Organic Coffee Scrub လေးပါရှင့်💝

✅အထူးသတိပြုရန် - ပျားရည်ပါဝင်သောကြောင့် ပျားရည်နှင့် ဓါတ်မတည့်မှုရှိနိုင်သော Sensitive Skin Type များသည် မျက်နှာအတွက် အသုံးမပြုပါနှင့်။


💞

20/09/2025

⚛️Organic Coffee Scrub စနစ်တကျထားသိုရန်နည်းလမ်းများ👇

1.အေး၍ခြောက်သွေ့သော နေရာတွင် ထားပါ။

2.ဗူးထဲကနေ ဇွန်းသေးဖြင့် မွှေပြီးမှ အသုံးပြုပါ။

3. ညှစ်ဗူး Pouch လို အထုတ်ဖြစ်ပါက မွှေစရာ မလိုပါ။

4. အသုံးပြုပြီနောက် အဖုံးကိုတင်းကြပ်အောင် ပြန်ပိတ်ပါ။

5. တစ်ပတ်လျှင် ၂ ကြိမ် (သို့) ၃ ကြိမ်ထိအသုံးပြုနိုင်ပါသည်။

✅မှတ်ချက်။ ။ ဖော်ပြပါပုံရဲ့ Coffee Scrub လေးတွေက မြန်မာဘက်က မှာယူလို့ မရသေးပါဘူးရှင့်😔
Scrub အသုံးပြုသုံးများအတွက် Just Knowledge အတွက် post ရေးသားထားခြင်းသာဖြစ်ပါတယ်ရှင့်🥳
Sweetheart💞 Lay ကို အားပေးခဲ့ဖူးသူအယောက်တိုင်းကို ကျေးဇူးအထူးတင်ပြီး အမှတ်ရနေပါတယ်ရှင့်🥰

💞

19/09/2025

Sweetheart💞
Organic Coffee Scrub☕️
Face & Body🤩

⚛️Coffee Scrub အသုံးပြုနည်း👇

1. ရေချိုးစဉ် ရေချိုးခန်းသို့ Scrub ဗူးထဲမှ လိုသလောက် စတီးဇွန်း လေးဖြင့်မွှေခပ်ကာ ခွက်ကလေးထဲ ထည့်ယူသွားပါ။ (မှတ်ချက်👉ညှစ်ဗူးအထုတ်ဖြစ်ပါက မလိုအပ်ပါ အဆင်ပြေသလို အသုံးပြုနိုင်ပါသည်။)

2. Scrub အနှစ် အနည်းငယ်ကို စိုစွတ်သော ခန္ဓာကိုယ်၊ မျက်နှာနှင့် လည်ပင်းများပေါ်တွင် Coffee Scrub လေးများတင်၍ (၅-၁၀ မိနစ်) လောက် သေချာပွတ်တိုက်ပေးပါ။

3. (၃ ~ ၅ မိနစ်) လောက်ထားပြီးလျှင် ရေဖြင့် ဆေးချလိုက်ပါ။

4.မျက်နှာ လေးမှာ လှပအိစက်ချောမွေ့လာပါ လိမ့်မည်။

5. Scrub ပြုလုပ်ပြီးသောအခါ Lotion (သို့မဟုတ်) နို့ရည် Cream တစ်မျိုးမျိုး လိမ်းပေးပါက လုံးဝ အသားအရည်လေးကို Fresh ဖြစ်ပြီး နူးညံ့အိစက်စေပါတယ်။

6. တစ်ပတ်ကို မိမိရဲ့ Skin Type ပေါ်မူတည်ပြီး ၂ ကြိမ် (သို့) ၃ ကြိမ်နှုန်းဖြင့် ၁ လ လောက်၊ ပုံမှန်သုံးကြည့်ပါက တကယ်ကိုထူးခြားစေနိုင်ပါတယ်။

💞

18/09/2025

⚛️Coffee Scrub ပုံမှန်သုံးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ👇

1.အသားရည် ကြမ်းတမ်း၊ ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း။

2.မျက်နှာ၊ ခန္ဓာကိုယ်တို့တွင် အမာရွတ်များရှိနေခြင်းမှ ကာကွယ်ပေးနိုင်ခြင်း။

3. ဆားဝက်ခြံ၊ ဝက်ခြံထွက်သူများ၊ မျက်နှာတွင်မိတ်ကပ်မစွဲဘဲ အဆီပြန်နေခြင်းမှ ကာကွယ်ပေးနိုင်ခြင်း။

4.အသားအရောင် မညီညာသူများအတွက် အသုံးပြုရန် သင့်တော်ခြင်း။

5.Cell သေတွေကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှုကို ကောင်းစေခြင်း။

6.ပွတ်တိုက်ပြီးသောအခါ အသားရည်ကို နူးညံ့အိစက် ချောမွေ့စေသည့် အကျိုးကျေးဇူးများ ရရှိနိုင်ခြင်း။

✅မှတ်ချက်။ ။ ဖော်ပြပါပုံရဲ့ Coffee Scrub လေးတွေက မြန်မာဘက်က မှာယူလို့ မရသေးပါဘူးရှင့်😔
Scrub အသုံးပြုသုံးများအတွက် Just Knowledge အတွက် post ရေးသားထားခြင်းသာဖြစ်ပါတယ်ရှင့်🥳
Sweetheart💞 Lay ကို အားပေးခဲ့ဖူးသူအယောက်တိုင်းကို ကျေးဇူးအထူးတင်ပြီး အမှတ်ရနေပါတယ်ရှင့်🥰

💞withyou

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon