Butterfly
Butterfly Sanitary Napkins are always ready for women to feel confident and safe with love and high quality.
🦋 နွေ၊မိုး၊ဆောင်း ဥတုမရွေး လိပ်ပြာလေးက လစဉ် သင့်အနားမှာ အနူးညံ့ဆုံး၊ စိတ်အချရဆုံးသော ကာကွယ်မှုတွေကို ပေးသွားမှာမို့ ရာသီစက်ဝန်းကို လိပ်ပြာနဲ့အတူသာ ရင်ဆိုင်ကျော်ဖြတ်လိုက်တော့နော်...🤍🤍
23/08/2026
👌⚡လုံခြုံနွေးထွေးစေတဲ့ ဂရုစိုက်မှုလေး 😍👩
💁မိသားစုဝင်တွေ၊ ချစ်ခင်ရသူတွေရဲ့ "လုံခြုံနွေးထွေးတဲ့ ဂရုစိုက်မှု" ကို ရရှိတဲ့အခါ စိတ်ထဲမှာ အေးချမ်းပြီး ယုံကြည်မှုတွေ ပြည့်နှက်သွားတတ်ပါတယ် 🤍✨
😍ဒါပေမယ့် လစဉ်ရက်တွေ ရောက်လာတဲ့အခါမှာတော့ အားနည်းနွမ်းနယ်မှုတွေနဲ့အတူ အနံ့ဆိုးထွက်မလား၊ ဘေးစိမ့်မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ကြောင့် စိတ်ဓာတ်ကျပြီး အထီးကျန်သလို ခံစားရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ပျိုမေတို့ အလိုအပ်ဆုံးက မိမိအနားမှာ အမြဲရှိနေပေးမယ့် နွေးထွေးတဲ့ အကာအကွယ်လေးတစ်ခုပါပဲ 💭
💁ဒီလို နေ့ရက်တိုင်းမှာ ပျိုမေတို့ကို အနီးကပ်ဆုံး စောင့်ရှောက်ပေးမယ့် "လုံခြုံနွေးထွေးတဲ့ ဂရုစိုက်မှုလေး 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲" ရှိပါတယ် 🦋💖
💁𝐒𝐞𝐧𝐬𝐢𝐭𝐢𝐯𝐞 ဖြစ်တဲ့ အသားအရေအတွက် ချည်သားအစစ် 𝐂𝐨𝐭𝐭𝐨𝐧 𝐓𝐲𝐩𝐞 ရဲ့ အလွန်နူးညံ့တဲ့ အထိအတွေ့က ယားယံနီမြန်းခြင်းမရှိဘဲ မိခင်တစ်ယောက်ရဲ့ ဂရုစိုက်မှုလို နွေးထွေး အေးချမ်းစေပါတယ်။ 𝐉𝐚𝐩𝐚𝐧 𝐒𝐀𝐏 𝐆𝐞𝐥 (၂ လွှာ) အပါအဝင် (၆) လွှာ ကာကွယ်မှုစနစ် ကြောင့် အရည်တွေကို ချက်ချင်း ခဲပိတ်လှောင်ပေးလို့ ၁၀၀% လုံခြုံစိတ်ချမှု ရရှိစေမှာပါ 🛡️
💁ဒါ့အပြင် သဘာဝ 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚 ရနံ့သင်းသင်းလေးနဲ့ ဘက်တီးရီးယား ကာကွယ်ပေးမှုက ပျိုမေတို့ရဲ့ စိတ်ရောခန္ဓာကိုပါ လန်းဆန်းစေပါတယ် 🍃
⚡ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့ သူငယ်ချင်း၊ ညီမလေးတို့အတွက်ပဲဖြစ်ဖြစ် အကောင်းဆုံး လုံခြုံနွေးထွေးမှုကို လက်ဆောင်ပေးချင်ရင်တော့ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 ကို အမြဲ ဆောင်ထားလိုက်တော့နော် 🦋🛍️✨
16/08/2026
💁ရှိနေမှန်းတောင် မသိစေရဘူး... 👩😍
💁တိတ်တိတ်လေး ခိုးချစ်နေရတဲ့ ကောင်လေးတစ်ယောက်လိုပဲလေ... ဂရုစိုက်မှုတွေ ခံစားရတယ်.. အချစ်ခံရတယ်... ကျေနပ်ပီတိဖြစ်ရတယ်...ဒါပေမယ့် သူရှိနေမှန်းတောင်မသိရလောက်အောင် ကိုယ့်ကိုအနှောက်အယှက်မပေးရှာဘူးပေါ့နော်... 🥰
💁𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 ရဲ့ အဆင့်မြင့် 𝐔𝐥𝐭𝐫𝐚𝐭𝐡𝐢𝐧 ဒီဇိုင်းဟာ ခန္ဓာကိုယ်နဲ့ တစ်ထပ်တည်း ကျနေစေပြီး အလွန်နူးညံ့တဲ့ 𝐂𝐨𝐭𝐭𝐨𝐧 𝐓𝐲𝐩𝐞 (ချည်သားအစစ်) ကယားယံတာတွေကို လုံးဝမဖြစ်စေပါဘူး။
အလွှာပါးပေမယ့် ဂျပန်နည်းပညာသုံး 𝐉𝐚𝐩𝐚𝐧 𝐒𝐀𝐏 𝐆𝐞𝐥 (၂ လွှာ) အပါအဝင် (၆) လွှာ ကာကွယ်မှုစနစ် ပါဝင်လို့ အပြင်စိမ့်မှာကို လုံးဝ စိတ်ပူစရာ မလိုပါဘူး 🛡️
𝐁𝐫𝐞𝐚𝐭𝐡𝐚𝐛𝐥𝐞 𝐁𝐚𝐜𝐤𝐬𝐡𝐞𝐞𝐭 ကြောင့်လည်း လေဝင်လေထွက်ကောင်းပြီး တစ်နေကုန် 𝐅𝐫𝐞𝐬𝐡 ဖြစ်နေစေမှာပါ 🌬️🌱
💁ခန္ဓာကိုယ်မှာ ဝတ်ထားမှန်းတောင် မသိရလောက်အောင် ပေါ့ပါးနူးညံ့ပြီး လွတ်လပ်တဲ့ ခံစားချက်ကို ပိုင်ဆိုင်နိုင်ဖို့ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 ကို အခုပဲ ဆောင်ထားလိုက်တော့နော် ပျိုမေတို့ရေ 🦋🛍️✨
09/08/2026
⚡💁ရနံ့မပြင်း သင်းသင်းလေးနဲ့ လိပ်ပြာ⚡
⚡လစဉ်ရက်တွေမှာ အနံ့ဆိုးထွက်မှာ စိုးရိမ်လို့ အမွှေးနံ့ပါတဲ့ ဂွမ်းထုပ်တွေကို သုံးမိတဲ့အခါ အနံ့တွေက ပိုပြင်းပြီး အော့အန်ချင်တာ၊ ခေါင်းမူးတာနဲ့ အသားအရေ ယားယံတာတွေကို ပျိုမေတို့ ကြုံဖူးကြမှာပါ...။
ရနံ့ပြင်းပြင်းတွေအစား သဘာဝအတိုင်း အေးမြဆန်းသစ်တဲ့ ရနံ့လေးကိုပဲ တောင့်တနေမိတယ်မလား 💭
👉ဒီလို ပျိုမေတို့ စိတ်တိုင်းကျဖြစ်စေဖို့ 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚 𝐈𝐧𝐟𝐮𝐬𝐢𝐨𝐧 ပါဝင်တဲ့ "ရနံ့မပြင်း သင်းသင်းလေးနဲ့ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲" လေး ရှိပါတယ် 🦋✨
𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 မှာပါတဲ့ လက်ဖက်စိမ်းရနံ့လေးဟာ ပြင်းရှရှမဟုတ်ဘဲ သဘာဝအတိုင်း သင်းသင်းလေးမို့လို့ သုံးစွဲသူတိုင်းကို စိတ်လက်ပေါ့ပါး လန်းဆန်းသွားစေပါတယ်။ အနံ့ဆိုးတွေကို အထိရောက်ဆုံး ဖုံးအုပ်ပေးရုံတင်မကဘဲ ဘက်တီးရီးယားပွားများမှုကိုပါ တားဆီးပေးလို့ ယားယံတာနဲ့ အသားလောင်တာတွေကိုလည်း ကာကွယ်ပေးပါတယ် 🍃🛡️
ဒါ့အပြင် ဂျပန်နည်းပညာသုံး 𝐉𝐚𝐩𝐚𝐧 𝐒𝐀𝐏 𝐆𝐞𝐥 (၂ လွှာ) နဲ့ (၆) လွှာ ကာကွယ်မှုစနစ် ကြောင့် စုပ်ယူမှု အထူးကောင်းမွန်ပြီး ဘေးစိမ့်မှာကို လုံးဝ စိတ်ပူစရာမလိုပါဘူး 😉
ရနံ့ပြင်းပြင်းတွေကြောင့် စိတ်မညစ်ရတော့ဘဲ သဘာဝလက်ဖက်စိမ်းရဲ့ အေးမြသင်းပျံ့တဲ့ ခံစားချက်နဲ့အတူ တစ်နေကုန် ပေါ့ပါးသွက်လက်နေဖို့ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 ကို အခုပဲ ပြောင်းလဲသုံးစွဲလိုက်တော့နော် 🦋🛍️💖
03/08/2026
💁ကိုယ်ရံတော် လိပ်ပြာလေး 👌⚡
💁👉ပျိုမေတို့ရဲ့ လစဉ်ရက်တွေမှာ "အပြင်စိမ့်မလား..ပေါက်ပြဲနေမလား" ဆိုတဲ့ စိုးရိမ်စိတ်နဲ့ မလွတ်လပ်ဘဲ ဖြစ်နေရတတ်ပါတယ် 💭
👉ဒီလို စိတ်ကျဉ်းကျပ်စရာတွေကို ကာကွယ်ပေးဖို့ ပျိုမေတို့ရဲ့ "ကိုယ်ရံတော် လိပ်ပြာလေး 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲" ရှိတယ်နော် 🦋💖
⚡ဂျပန်နည်းပညာသုံး 𝐉𝐚𝐩𝐚𝐧 𝐒𝐀𝐏 𝐆𝐞𝐥 (၂ လွှာ) အပါအဝင် (၆) လွှာ ကာကွယ်မှုစနစ် ပါဝင်လို့ အရည်တွေကို ချက်ချင်း ဂျယ်လ်အဖြစ် ပြောင်းလဲပိတ်လှောင်ပေးပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ လှုပ်ရှားလှုပ်ရှား အပြင်လျှံတာ၊ ဘေးစိမ့်တာ လုံးဝမဖြစ်ပါဘူး 🛡️
👌ဒါ့အပြင် 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚 ရနံ့က အနံ့ဆိုးတွေကို ဖယ်ရှားပေးပြီး 𝐒𝐞𝐧𝐬𝐢𝐭𝐢𝐯𝐞 အသားအရေအတွက် 𝐂𝐨𝐭𝐭𝐨𝐧 𝐓𝐲𝐩𝐞 ရော၊ သွက်လက်သူတွေအတွက် 𝐌𝐞𝐬𝐡 𝐓𝐲𝐩𝐞 ပါ ရွေးချယ်နိုင်လို့ တစ်နေကုန် 𝐅𝐫𝐞𝐬𝐡 ဖြစ်နေစေမှာပါ 🍃
လစဉ်ရက်တိုင်းမှာ ယုံကြည်မှုအပြည့်နဲ့ ပေါ့ပါးသွက်လက်ဖို့ "ကိုယ်ရံတော် လိပ်ပြာလေး 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲" ကို အနားမှာ အမြဲ ဆောင်ထားလိုက်တော့နော် 🦋🛍️✨
30/07/2026
👉မိုးအေးအေးလေးမှာ နွေးထွေးစွာအနားယူပါ ....
⚡အပြင်မှာ မိုးတွေသည်းထန်စွာရွာသွန်းပြီး အေးစိမ့်နေတဲ့ ရာသီဥတုမျိုးမှာ အိပ်ရာထဲ၊ ဆိုဖာပေါ်မှာ ကော်ဖီပူပူလေးတစ်ခွက်နဲ့ ခွေခွေလေး လှဲနေရတာထက် ပိုကောင်းတဲ့ အနားယူခြင်းမျိုး မရှိပါဘူး။ မိုးအေးအေးလေးမှာ အနွေးထည်လေးဝတ်၊ စောင်လေးခြုံပြီး စိတ်အပန်းဖြေရတာ တကယ့်ကို သုခပါပဲ 🌧️☕🛋️
⚡ဒါပေမယ့် ပျိုမေတို့အတွက် ဒီလိုအေးချမ်းတဲ့ အနားယူချိန်ကို ဖျက်ဆီးပစ်တတ်တာကတော့ တစ်ချိန်တည်းမှာ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတတ်တဲ့ "လစဉ်ရက်တွေ" ပါပဲ။ မိုးကအေး၊ ဗိုက်ကနာနေတဲ့ကြားထဲ အိပ်ရာပေါ်လှဲရင် ဘေးစိမ့်ပြီး စောင်တွေ၊ အိပ်ရာခင်းတွေ ပေကျံကုန်မလားဆိုတဲ့ စိုးရိမ်စိတ်က ပေါ့ပေါ့ပါးပါး အနားမယူနိုင်အောင် အမြဲ နှောင့်ယှက်နေတတ်ပါတယ်…
⚡ဒီလို မိုးအေးအေး နေ့ရက်တွေမှာ ပျိုမေတို့ ဘာကိုမှ ပူစရာမလိုဘဲ အိပ်ရာပေါ်မှာ စိတ်ကြိုက် လှည့်ပတ်ပြီး နွေးထွေးအေးချမ်းစွာ အနားယူနိုင်ဖို့ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 ရှိတယ်နော် 🦸♀️✨
𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 မှာ ဂျပန်နည်းပညာသုံး 𝐉𝐚𝐩𝐚𝐧 𝐒𝐀𝐏 𝐆𝐞𝐥 (၂ လွှာ) အပါအဝင် စုစုပေါင်း (၆) လွှာ ကာကွယ်မှုစနစ် ထည့်သွင်းထားလို့ ဘယ်လောက်ပဲ အဆင်းများများ၊ ဘယ်လိုပုံစံပဲ လှဲအိပ်အိပ် အပြင်ကို လျှံထွက်တာ၊ ဘေးစိမ့်တာမျိုး လုံးဝမရှိပါဘူး။ 𝐁𝐫𝐞𝐚𝐭𝐡𝐚𝐛𝐥𝐞 𝐁𝐚𝐜𝐤 𝐬𝐡𝐞𝐞𝐭 ကြောင့်လည်း အေးစိမ့်တဲ့နေ့တွေမှာ အိုက်စပ်စပ်ကြီး ဖြစ်မနေဘဲ သဘာဝအတိုင်း လေဝင်လေထွက် ကောင်းမွန်စေမှာပါ 💨
💁ပိုပြီး စိတ်အပန်းပြေစေတာကတော့ ထုပ်ပိုးမှုကို ဖွင့်လိုက်တာနဲ့ ရရှိမယ့် 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚 (လက်ဖက်စိမ်း) ရနံ့သင်းသင်းလေးပဲ ဖြစ်ပါတယ်။ သူက စိတ်ကို လန်းဆန်းစေတဲ့အပြင် လစဉ်ရက်တွေရဲ့ အနံ့ဆိုးတွေကိုပါ ဖုံးအုပ်ပေးလို့ မိုးအေးအေးမှာ ပိုမိုမွှေးပျံ့နွေးထွေးတဲ့ အနားယူခြင်းကို ပေးစွမ်းနိုင်မှာပါ 🍃ရွေးချယ်စရာ ချည်သားစစ်စစ် 𝐂𝐨𝐭𝐭𝐨𝐧 𝐓𝐲𝐩𝐞 ရော ဇကာကွက် 𝐌𝐞𝐬𝐡 𝐓𝐲𝐩𝐞 ရော ရှိလို့ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တာကို စိတ်ကြိုက်ရွေးချယ်နိုင်ပါသေးတယ်ရှင့်။
⚡ကဲ... မိုးရွာတဲ့ နေ့ရက်တွေမှာ ဘေးစိမ့်မှာကို လုံးဝစိတ်မပူဘဲ ယုံကြည်မှုအပြည့်နဲ့ နွေးထွေးစွာ အနားယူအိပ်စက်ဖို့ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 ကို အနားမှာ အမြဲ ဆောင်ထားလိုက်တော့နော် ပျိုမေတို့ရေ 🦋💖🛍️
💁💁 လစဉ်သုံးဆို ထူမှ လုံခြုံ တယ်ထင်နေတုန်းလား 😁😁
23/07/2026
💁𝐏𝐚𝐝 သုံးချိန်တိုင်းမှာ လက်ဆေးပါ ....
⚡လစဉ်ရက်တွေမှာ 𝐒𝐚𝐧𝐢𝐭𝐚𝐫𝐲 𝐏𝐚𝐝 (ဂွမ်းထုပ်) မလဲခင်နဲ့ လဲပြီးတဲ့အခါတိုင်း ပျိုမေတို့ လက်ဆေးဖို့ မေ့နေတတ်ကြသလားဗျာ❓ တကယ်တော့ ဒါဟာ အမျိုးသမီးအများစု သတိမထားမိဘဲ လုပ်မိနေတတ်တဲ့ အမှားတစ်ခုပါပဲ 🤦♀️
💁ကျွန်မတို့ရဲ့ လက်တွေမှာ နေ့စဉ် ဖုန်းကိုင်တာ၊ တံခါးလက်ကိုင်တွေ ကိုင်တာကနေတစ်ဆင့် မမြင်နိုင်တဲ့ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ ထောင်နဲ့ချီပြီး ကပ်ငြိနေတတ်ပါတယ်။ 𝐏𝐚𝐝 မလဲခင် လက်ကို စင်ကြယ်အောင် မဆေးကြောဘူးဆိုရင် အဲဒီပိုးမွှားတွေဟာ 𝐏𝐚𝐝 ရဲ့ နူးညံ့တဲ့ မျက်နှာပြင်ကနေတစ်ဆင့် သင့်ရဲ့ အလွန် 𝐒𝐞𝐧𝐬𝐢𝐭𝐢𝐯𝐞 ဖြစ်တဲ့ နေရာဆီကို တိုက်ရိုက် ရောက်ရှိသွားနိုင်ပါတယ် 🦠 အဲဒီကနေတစ်ဆင့် ယားယံတာ၊ အနံ့ဆိုးထွက်တာတင်မကဘဲ ပြင်းထန်တဲ့ မိန်းမကိုယ်ပိုးဝင်တာမျိုးအထိ ဖြစ်ပွားစေနိုင်လို့ တကယ့်ကို ကြောက်စရာကောင်းလှပါတယ် 😫
💁အချို့က "𝐏𝐚𝐝 က အသစ်ပဲ ဖြန့်သုံးတာပဲ ဘာဖြစ်မှာလဲ" ဆိုပြီး လက်မဆေးဘဲ လဲတတ်ကြပါတယ်။ စျေးကွက်ထဲမှာ ဘက်တီးရီးယား ကာကွယ်မှုမပါတဲ့ သာမန်ဂွမ်းထုပ်တွေဆိုရင် လက်ကပါလာတဲ့ ပိုးမွှားတွေနဲ့ ပေါင်းစပ်ပြီး ပိုလို့တောင် အခြေအနေ ဆိုးရွားသွားစေနိုင်ပါတယ် ❌
⚡ဒါကြောင့် 𝐏𝐚𝐝 သုံးချိန်တိုင်း၊ မလဲခင်နဲ့ လဲပြီးတိုင်းမှာ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောတဲ့ အလေ့အကျင့်ကောင်းလေးကို မဖြစ်မနေ မွေးမြူကြဖို့ တိုက်တွန်းပါရစေရှင့် ✨
ဒါ့အပြင် ပိုးမွှားအန္တရာယ်ကို နှစ်ထပ်ကွမ်း ကာကွယ်နိုင်ဖို့ဆိုရင် 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚 𝐈𝐧𝐟𝐮𝐬𝐢𝐨𝐧 ပါဝင်တဲ့ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 မှာပါတဲ့ သဘာဝလက်ဖက်စိမ်းရဲ့ အစွမ်းက ဘက်တီးရီးယား ပွားများမှုကို အထိရောက်ဆုံး တားဆီးပေးပြီး (𝐀𝐧𝐭𝐢-𝐁𝐚𝐜𝐭𝐞𝐫𝐢𝐚𝐥) အသားအရေကို အေးမြစေလို့ မလိုလားအပ်တဲ့ ယားယံတာ၊ လောင်တာတွေကို သက်သာစေပါတယ် 🍃🛡️
⚡"နူးညံ့ပေါ့ပါးသွက်လက်ခြင်း" နဲ့အတူ ကျန်းမာသန့်ရှင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ 𝐏𝐚𝐝 သုံးတိုင်း လက်ဆေးဖို့ မမေ့ပါနဲ့နော်။ ပိုမိုစိတ်ချရတဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 ကိုလည်း အမြဲဆောင်ထားလိုက်ပါဦး ပျိုမေတို့ရေ 🦋💖🛍️
⚡⚡ Japan SAP Gel 2 လွှာတောင်ပါဝင်တဲ့ Butterfly 😳
16/07/2026
😮💨မိုးရာသီရဲ့ မှိုအန္တရာယ်အတွက် အကောင်းဆုံးကာကွယ်မှု👍
👉မိုးရာသီ ရောက်ပြီဆိုတာနဲ့ ပျိုမေတို့ အကြောက်ရဆုံး "မှိုနဲ့ ဘက်တီးရီးယား အန္တရာယ်" ကို သတိပြုမိပြီးပြီလား ဖြစ်နိုင်ပါတယ် 🌧️🦠
💁မိုးရွာလို့ စိုစွတ်ထိုင်းမှိုင်းတဲ့ ရာသီဥတုမှာ အဝတ်အစားတွေတင် မှိုတက်တတ်တာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ လစဉ်ရက်တွေမှာ သုံးစွဲတဲ့ ဂွမ်းထုပ်တွေဟာ လေဝင်လေထွက် မကောင်းဘူးဆိုရင် အပူရှိန်နဲ့ အစိုဓာတ်ကြောင့် ဘက်တီးရီးယားနဲ့ မှိုတွေ အလွယ်တကူ ပွားများလာနိုင်ပါတယ်။ ဒါဟာ ယားယံတာ၊ အသားလောင်တာနဲ့ အမျိုးသမီးရောဂါတွေ ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းပဲ ဖြစ်ပါတယ် 🤦♀️💦
⚡ဒီလို စိုစွတ်ထိုင်းမှိုင်းတဲ့ မိုးရာသီမှာတောင် တစ်နေကုန် 𝐅𝐫𝐞𝐬𝐡 ဖြစ်ပြီး ခြောက်သွေ့သန့်ရှင်းမှုကို အပြည့်အဝ ရရှိနိုင်မယ့် နည်းလမ်း ရှိပါတယ် ✨
👩𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 ရဲ့ အောက်ခံအလွှာကို 𝐁𝐫𝐞𝐚𝐭𝐡𝐚𝐛𝐥𝐞 𝐁𝐚𝐜𝐤𝐬𝐡𝐞𝐞𝐭 (လေဝင်လေထွက် အထူးကောင်းမွန်သော စနစ်) နဲ့ ပြုလုပ်ထားလို့ မိုးရာသီ အပူအအေး မမျှတဘဲ အိုက်စပ်စပ်ကြီး ဖြစ်နေမယ့် အခြေအနေကနေ ကာကွယ်ပေးပါတယ်။ ပိုပြီး အားကိုးရတာကတော့ အထဲမှာ 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚 𝐈𝐧𝐟𝐮𝐬𝐢𝐨𝐧 (သဘာဝ လက်ဖက်စိမ်းရနံ့) ပါဝင်လို့ လက်ဖက်စိမ်းရဲ့ အစွမ်းက ဘက်တီးရီးယား ပွားများမှုကို သဘာဝအတိုင်း တားဆီးပေးပြီး (𝐀𝐧𝐭𝐢-𝐁𝐚𝐜𝐭𝐞𝐫𝐢𝐚𝐥) အသားအရေကို အေးမြစေကာ ယားယံခြင်းကို အထိရောက်ဆုံး ကာကွယ်ပေးမှာပါ 🍃🛡️
👩မိုးရွာလို့ စိတ်ညစ်စရာ နေ့ရက်တွေကို ဖြတ်သန်းနေရပေမယ့် 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 နဲ့ဆိုရင်တော့ ပေါ့ပါးသွက်လက်ပြီး ယုံကြည်မှုအပြည့် ရှိနေစေမှာ အသေအချာပါပဲ။ မိုးရာသီရဲ့ မှိုနဲ့ ဘက်တီးရီးယား အန္တရာယ်ကနေ သင့်ရဲ့ 𝐒𝐞𝐧𝐬𝐢𝐭𝐢𝐯𝐞 ဖြစ်တဲ့ အသားအရေကို အကောင်းဆုံး ကာကွယ်ဖို့အတွက် 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 ကို အခုပဲ ဆောင်ထားလိုက်ရအောင်နော် ပျိုမေတို့ရေ 🦋🌧️🛍️
💁 ကိုယ့်ရဲ့ တစ်နေ့တာနဲ့ အကိုက်ညီဆုံး Pad ကို ဘယ်လိုရွေးချယ်မလဲ ?......
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
18B, Yan Naing Swe 1st Street, Thaketa Industrial Zone
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |