Weight Loss by Chaw

Weight Loss by Chaw

Share

ကျန်းမာရေးနဲ့ အညီ ဝိတ်ချကြမယ်

12/02/2023

💢ငွေမကုန်ဘဲ ဝိတ်ချချင်တဲ့ သူတွေရှိလား

05/12/2022

#ဝိတ်ကျချင်သူလေးတွေ လိုက်နာရမယ့် အချက် (၁၁)ချက် 👇👇👇

#ဝိတ်ချ မယ်ဆို ပြီး ဝိတ်ချနည်းအမှားတွေ
ကိုယ်ကို တိုင်တောင် မသိဘဲ လုပ်မိနေတဲ့
သူတွေ ရှိတတ်ပါတယ်...
အဲတော့ ဝိတ်က ကျသင့်သလောက်မကျပဲ
ဝိတ်ချတဲ့ အချိန်က ကြာလာရင် စိတ်မှာ
Preesure တွေ ရလာတတ်ပါတယ်..
မင်မင် လည်းဖြစ်ဖူးပါတယ်..
ဒါကြောင့် ....
ချစ်လေးတို့သတိထားရအောင် ဝိတ်ချတဲ့အခါ ဆာင်ရန်/ရှောင်ရန် လေးတွေ ရေးပေးလိုက်ပါတယ်နော်....

1•☑️ Don't skip your breakfast
မနက်စာ ကို မစားပဲ မနေပါနဲ့ .မနက်စာမစားပဲ နေတာက ဝိတ်ချတဲ့အချိန်မှာ အထောက်အကူမပြု ပါဘူး. မနက်စာကို
မစားပဲ နေလိုက်တဲ့အတွက် ကျန်တဲ့အချိန်တွေမှာ ဗိုက်ပိုဆာပြီး အလွယ်တစ်ကူ
ဝစေတဲ့ Snack တွေ cookies တွေ ပိုပြီးစားမိနိုင်ပါတယ်..

2•☑️ Eat Regular Meals
အစားအသောက်ကို အမြဲပုံမှန် စားသောက်ပေးပါ.. အစားအသောက်ကို အချိန်မှန်စားသောက်ပေးခြင်းက ခန္ဓာကိုယ်ရဲ့ထဲမှာရှိတဲ့ သကြားနဲ့ ကာဗွန်ဟိုက်ဒရိတ် တွေ လျော့ချပေးပြီး ကယ်လိုရီ လောင်ကျွမ်းဖို့ ပိုပြီးအားပေးပါတယ်.

3•☑️ Eat Plenty of Fruit and Veg
အသီးအနှံတွေ နဲ့အသီးအရွက်ကိုများများစားပေးပါ. အသီးအရွက်တွေမှာ Vitamin & Minerals ဓာတ်တွေ အများကြီးပါဝင်ပါတယ်..ပြီးတော့ ကယ်လိုရီ ပါဝင်မှု နည်းတယ်/အဆီပါဝင်မှု နည်းတယ်/Fibre အမျှင်ဓာတ် တွေ အများကြီးပါပါတယ်.. ဒီ ဓာတ်သုံးခုကြောင့် weight loss Goal နိုင်ပါတယ်နော်...

4•☑️ Get More Active
လှုပ်လှုပ်ရှားရှား သွက်သွက်လက်လက် နေထိုင်ပါ. Active ဖြစ်တာက ဝိတ်ကိုကျစေနိုင်ပြီး ကျန်းမာရေးအတွက် လည်းသင့်တော်ပါတယ်..ကယ်လိုရီတွေ လည်းပုံမှန်ထက်လောင်ကျွမ်းစေနိုင်ပါတယ်..ဝိတ်ချတယ်ဆို ပြီး Diet ပဲ လုပ်နေတာက ဝိတ်ကျဖို့ခက်ပါတယ်...

5•☑️ Drink Plenty of water
ရေများများသောက်ပါ.တစ်ခါတစ်လေ မှာ လူတွေကမခွဲ ခြားနိုင်ပါဘူး ကိုယ့်ကိုကိုယ်
ရေဆာနေတာလား?ရေငတ်နေတာလား
ဆိုတာကိုပါ..ခန္ဓာကိုယ်မှာ တစ်ကယ်လိုအပ်တဲ့ရေပမာဏ ကို သောက်သုံးပေးခြင်းဖြင့် မလိုအပ် တဲ့ကယ်လိုရီအပိုတွေ ကို
လျော့ချ စေနိုင်ပါတယ်..

6•☑️ Eat High-fibre Foods
အမျှင် ဓာတ်များတဲ့ အစားအသောက်တွေ
စားပေးပါ။ အမျှင်ဓာတ်များတဲ့အစားအသောက်တွေက အဆာခံတာကြောင့် ဝိတ်ချတဲ့နေရာ မှာ အထောက်အကူပြု ပါတယ်..
ဥပမာ - နာနတ်သီး,ကီဝီသီး ,ကညွတ် ,
Oats /whole grain bread,brown rice and pasta, beans and Peas တို့ဖြစ်ပါတယ်..

7•☑️ Read Food Labels
ကိုယ်စားမဲ့အစားအသောက်ရဲ့ အကျိူ း
အာနိသင် တွေ အရင်လေ့လာပြီးမှစားပါ။
ကိုယ်စားမဲ့ အစားအစာ က ကျန်းမာရေးနဲ့
ညီညွှတ်ရဲ့လား /ကယ်လိုရီ ဘယ်လောက်ပါလဲ ဆိုတာမျိူ းသိရအောင် စာအညွှန်း
ကို ဖတ်ပြီးမှစားပါ ။နေ့စဉ် ကယ်လိုရီဘယ်လောက်စားပြီပြီလဲ ဆို တာ တွက်ချက်စားတာက ဝိတ်ချတဲ့နေရာမှာ အထောက်အကူ ဖြစ်ပါတယ်။

8.☑️ Use A Small Plate
ပန်းကန် အသေးနဲ့စားပါ။
ပန်းကန်အသေးနဲ့စားတာက နည်းနည်းပဲ ထည့် လို့ရတော့ နည်းနည်းပဲစားဖြစ်တယ်
စားတဲ့အခါမှာဖြည်းဖြည်းစားပါ. အစာအိမ်က တဖြည်းဖြည်းပြည့်လာတဲ့ ခံစားမှု မျိူ းရရင် စားတာရပ်လိုက်ပါ..
ဒီနည်းလမ်းက မဆာပဲနဲ့စားတာမျိူ းမဖြစ်တော့ပါဘူး..

9.☑️ Don't Stock Junk Food
သရေစာတွေ ကို အိမ်မှာ ဝယ်မထားပါနဲ့။
Junk Food တွေဖြစ်တဲ့ chocolate,biscuits,chips တွေနဲ့ sweet drink တွေ အိမ်မှာဝယ်ထားရင် အလွယ်တကူစားမိနေပါလိမ့်မယ်။အိမ်မှာ ဝယ်ထားသင့်တာက healthy ဖြစ်တဲ့အသီးအနှံတွေ /Oat bar/Cracker တွေကိုပဲ
ဝယ်ထားပါ။

10.☑️ Cut Down on Alcohol
အရက်ဖြတ်ပါ ။
အရက်တို့ ဘီယာတို့က သောက်တာများရင် လွယ်လွယ်ကူကူ ဝိတ်တက်နိုင်လို့ပါ..

11.☑️ Plan Your Meals
ကိုယ့်စားမဲ့အစားအသောက်ကို ကိုယ်ကိုယ်တိုင် စီစဉ်ပါ
Breakfast,lunch,Dinner တွေကို ဘယ်နေ့မှာ ဘာစားမယ်ဆိုတာ ကြိုတင်ပြီး ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပါ..
ကယ်လိုရီနည်း တဲ့အစားအသောက်နဲ့
Fibre ဓာတ်များတဲ့ အစားအသောက်ကို သင့်တင်မျှတအောင်စားဖို့ စာရင်းကြို ရေးထားပါ။ အဲစာရင်းက တစ်ပတ်စာ အတွက်စျေးဝယ်ထွက်ရင် အထောက်အကူ ပြုပါလိမ့်မယ်။

👆👆အပေါ်က အချက်တွေကတော့
ဝိတ်ချနေတဲ့သူတွေ အတွက်
ဆောင်ရန်/ရှောင်ရန် လေးတွေ ရေးထားပေးတာပါ..
သိပြီးသားသူတွေ လည်း လိုက်နာအောင် ကြိုးစားပေးပါ။
မသိသေးတဲ့သူတွေ သိရအောင်
အချင်းချင်း Mention ခေါ်ပြီး သတိပေးလိုက်
ပါဦးနော်...😄👋
Credit-

03/12/2022

(Unicode)
သားအိမ်အတွက်အကောင်းဆုံးအစာ(၈)မျိုး 🍎
•••••••••••••••••••••••••••••••••••••

မိန်းကလေးတို့မှာ ညီမျှ မျှတတဲ့ သားအိမ်ဟာ pH ပမာဏ ၃.၈-၄.၅ မှာရှိရပါတယ်. အချိန်တော်တော်ကြာ အဲ့လိုမရှိဘူးဆို သားအိမ်ဟာ ဘက်တီးရီးယားတွေ အကြိုက်နေရာတစ်ခုဖြစ်ပြီး မသက်မသာဖြစ်စေတဲ့ UTLs ဖြစ်စေပါတယ်. ဆရာက အဲ့လိုပြောလိုက်လို့ နေ့တိုင်း အိမ်မှာ pH ကိုတိုင်းနေရတော့မှာပဲ လို့အတွေးမမှားပါစေနဲ့. မသက်သာတာနေလို့မကောင်းတာဖြစ်နေရင်တော့ အမြန်စမ်းပြီး ကုသဖို့လိုရင် ကုသနိုင်အောင်ပါ.

မိန်းကလေးတို့ ဘာမှမစိုးရိမ်ပါနဲ့ဦး. သားအိမ်က သူ့ဘာသာသူ ကာကွယ်တတ် သန့်ရှင်းတတ်ပါတယ်. ကောင်းကောင်းဂရုတစိုက်လုပ်ပေးမယ်, ဥပမာ-သန့်သန့်ရှင်းရှင်းထားမယ်, လုံခြုံစွာလိင်ဆက်ဆံမယ်, မီးယပ်ရောဂါပါရဂူနဲ့ပုံမှန်ပြမယ်ဆို pHဟာ အမြဲ မှန်ကန်တဲ့ အခြေအနေမှာရှိပါလိမ့်မယ်.

ကျန်းမာရေးလိုက်စားဖို့ နည်းလမ်းအားလုံးထဲမှာမှ အလွယ်ကူဆုံးကတော့ ကျန်းမာပြီး မှန်ကန်သင့်လျော်တဲ့ အစာတွေကို စားပေးခြင်းပါပဲ. ဒါကြောင့် ဒေါက်တာဇီဝက က ဒီနေ့မှာ သားအိမ်အတွက် စားသင့်တဲ့ အစာ(၈)မျိုးကိုပြောပြပေးသွားမှာပါ.

(၁) Cranberries စားပေးခြင်းဖြင့် သားအိမ်တစ်ဝိုက်မသက်သာဖြစ်ခြင်းကိုဖြေရှင်းနိုင်သည်.

➖ Cranberries မှာ ဘက်တီးရီးယားတွေကြောက်တဲ့ အားပြင်း acidic acid ပါဝင်ပါတယ်.
➖ Cranberries မှာ ခုခံအားကောင်းဖို့ antioxidants, vitamin E နှင့် vitamin C ပါဝင်ပါတယ်.
➖Pro-tip: တခြားလတ်ဆတ်တဲ့အသီးတွေနဲ့ရောပြီးသောက်တာဖြစ်ဖြစ်, အသီးမှထုတ်ထားတဲ့ ဆေးသောက်တာဖြစ်ဖြစ် အကျိုးရှိပါတယ်.

2. မွေးဖွားရအဆင်ပြေစေဖို့ ကန်စွန်းဥများများစားပေးနိုင်ပါသည်.

➖ကန်စွန်းဥမှာ ကလေးဖြစ်ထွန်းစေတဲ့ vitamin A များစွာပါဝင်နေပါတယ်.
➖သားအိမ်နှင့် သားအိမ်လမ်းကြောင်းရှိ ကြွက်သားတွေတောင့်တင်းစေဖို့ကူညီပေးပါတယ်.
➖Pro-tip: မနက်စာအဖြစ် ကန်စွန်းဥကင်ကို စားပေးခြင်းဖြင့် စွမ်းအင်နှင့် vitamin A ဖြည့်စွက်စာဖြစ်စေမှာပါ.

3. Probiotics က ကောင်းတဲ့ ဘက်တီးရီးယားတွေများစေပါသည်.

➖Probiotics ဟာ pH ကိုမျှတစေပြီး အကျိုးပြု ဘက်တီးရီးယားများစွာ ထုတ်ပေးပါတယ်.
➖ကူးစက်ရောဂါတွေဒဏ်မှကာကွယ်ပြီး မှိုနှင့်ပတ်သက်တဲ့ရောဂါတွေမဖြစ်စေပါဘူး.

4. Plant fats ကိုစားပေးခြင်းဖြင့် ရာသီသွေးပေါ်ခြင်းပုံမှန်ဖြစ်စေပါသည်.

➖Fatty acids တွေဟာ ရာသီသွေး ပေါ်တဲ့အခါနာကျင်မှုဒဏ်မှ လွတ်ကင်းစေပါတယ်.
➖ရာသီစက်ဝန်းမှန်စေပြီး မိန်းမကိုယ်တစ်ဝိုက်ခြောက်သွေ့တာမှလွတ်ကင်းစေပါတယ်.
➖Pro-tip: Salmon လို အဆီပါတာများတဲ့ ငါးတွေမှ essential fatty acids ရသလို နှမ်းကြတ်စေ့, ကြက်ဥ, သစ်ကြားသီးအစေ့တို့မှလည်းရပါတယ်.

6. ပန်းသီးစားပေးခြင်းက စိတ်တက်ကြွစေသည်.

➖ပန်းသီးမှာ phytoestrogen phloridzinနှင့် antioxidants ပါတာကြောင့် သားအိမ်လမ်းကြောင်းအတွင်းသွေးစီးမှုကောင်းစေသည်.

➖ မေထုန်မှီဝဲရာ၌ စိတ်ပါစေဖို့ကူညီပါတယ်.

6. ပဲစားပေးခြင်းက esyrogenနည်းတာကိုကူညီပေးသည်.

➖ အပင်မှရတဲ့ phytoestrogen ကပဲမှာပါတဲ့အတွက် estrogenနည်းတဲ့အမျိုးသမီးများစားပေးသင့်ပါတယ်.
➖ မိန်းမကိုယ်ခြောက်တာကိုမဖြစ်စေပပဲ အသားရေကောင်းစေတယ်. သွေးဆုံးအပေါ်မီသွေးကြောများအခြေနေကောင်းစေပါတယ်.

7. ထောပတ်သီးစားပေးခြင်းက မိန်းမကိုယ်နံရံအတွက်ကူညီသည်.

➖ Vitamin B-6 , ကျန်းမာစေတဲ့ အဆီနဲ့ potassium ပါလို့ မိန်းမကိုယ်နံရံကိုသန်မာစေပါတယ်.
➖ Pro-tip: အသီးချည်းပဲစားလို့ရသလို ထောပတ်သီးအဆီနဲ့လည်းဟင်းချက်စားလို့ရပါတယ်.

8. သားအိမ်လမ်းကြောင်းမခြောက်စေဖို့အစိမ်းရောက်အရွက်များများစားပါ.

➖ သဘာဝတိုင်းသွေးသန့်စေပြီး ရာသီစက်ဝိုင်းမှန်ကန်စေပါတယ်.
➖မိန်းမကိုယ်မခြောက်အောင်ကူညီပေးပါတယ်
➖ Pro-tip: အစိမ်းရောင်အရွက်များများစားပါ.

မြတ်
#ဒေါက်တာဇီဝက
#သားအိမ်

02/12/2022

🛑🚩 #ဝိတ်ချနေရင်ဒါတွေသတိထားပါ🛑

🚫အိပ်ရာနိုးနိုးချင်း မနက်စာတန်းစားတာမျိုးမလုပ်ပါနဲ့
✅ရေ ၁ ဖန်ခွက် အဝသောက်ပါ
အစာမစားခင် နာရီဝက်ကြိုသောက်ပါ

🚫ထမင်းစားပြီးချက်ချင်းရေအေး မသောက်ပါနဲ့

✅ နာရီဝက်ခြားပြီးမှရေအေးသောက်ပါ
☕ရေနွေးဆိုရင်တော့သောက်လို့ရပါတယ်

🚫 အစာ စားပြီးပြီးခြင်း ထိုင်တာမျိုးလှဲတာမျိုးမလုပ်ပါနဲ့
✅ အနည်းဆုံး 15 မိနစ်လောက်လမ်းလျှောက်ပေးပါ

🚫 ထမင်းစားချိန်ကို ဗိုက်ဆာမှစားတာမျိုးမလုပ်ပါနဲ့
✅ အချိန်သတ်မှတ်ထားပြီး စားပေးပါ
ဗိုက်ဆာတော့မှစားရင် ပုံမှန်ထက်ပိုပြီးစားမိတတ်ပါတယ်

🚫အစားအသောက်ကိုလောဘတကြီးမစားပါနဲ့လောဘတကြီးစားခြင်းကများများစားမိစေနိုင်လို့ပါ
✅ဟင်းကောင်းလဲ ပိုမစားပါနဲ့

🚫အမြဲတမ်းထိုင်နေတာလှဲနေတာမျိုးမလုပ်ပါနဲ့ခါးတို့ဗိုက်တို့မှာအဆီအရမ်းစုစေပါတယ်
✅၁နာရီလောက်ထိုင်ပြီးရင် ၁၀-၁၅ မိနစ်လောက် လမ်းထလျှောက်တာမျိုးလုပ်ပေးပါ

🚫ချိုလွန်း၊ငန်လွန်းတာတွေအရမ်းမစားပါနဲ့
✅သင့်တင့် မျှတအောင်စားပါ

🚫အဆီအဆိမ့်တွေ၊ဆီကြော်စာတွေ အရမ်းမစားပါနဲ့
✅ ရှောင်နိုင်ရင်အကောင်းဆုံးပါ

🚫 အစာပြေအသင့်စားမုန့်တွေ အားနေတိုင်းတဇွတ်ဇွတ်စားနေတာမျိုးမလုပ်ပါနဲ့
✅လတ်ဆတ်တဲ့ အသီအနှံတွေ ဗိုက်ဆာတဲ့အချိန်မျိုးမှာစားပေးလို့ရပါတယ် ( ထောပတ်သီး ၊ငှက်ပျောသီး တို့တော့မစားပါနဲ့)

🚫ကိုယ်လက်လှုပ်ရှားဖို့ မပျင်းပါနဲ့
✅ တစ်နေ့ကို အနည်းဆုံး လေ့ကျင်းခန်း နာရီဝက်၊တစ်နာရီ လုပ်ပေးပါ

😍ဝိတ်ချနေတဲ့အချစ်တို့အတွက် သိတာလေးမျှဝေပေးတာနော်.....သြော် ဒါလေးတွေလဲသတိထားဦး👇🏻👇🏻👇🏻👇🏻👇🏻

🚫ပေါင်ချိန်ခဏခဏမတိုင်းပါနဲ့
Motiကျပြီးစိတ်ကိုအနှောက်အယှက်ဖြစ်စေလို့ပါ

🚫အမြဲတမ်းဝေဖန်နေတတ်တဲ့ သူနဲ့ဝေးဝေးမှာနေပါ

Crd

26/11/2022

အဆီကျတာနဲ့ ဝိတ်ကျတာနဲ့ ဘာကွာလဲ ...????

ဝိတ်ကျတယ်ဆိုတာက ပေါင်ချိန်စက်တွေပေါ်က နံပါတ်လျှော့သွားတာကိုပြောတာပါ .. ...
ဒါဟာ အရမ်းကိုလွယ်ကူလွန်းပါတယ်. .

အဆီကျတာကတော့ ခနွာကိုယ်ကျစ်လစ်လှပလာပြီး ကြည့်လို့ပိုကောင်းလာတာပါ.....
ဒါကတော့ခက်ခဲပါတယ်

အစားလျှော့တာနဲ့ နေမကောင်းဖြစ်တာ ထမင်းဖြတ်တာနဲ့တင်
ဝိတ်ကျသွားနိုင်ပါတယ်. ...
ပေါင်ချိန်စက်ပေါ်က နံပါတ်တွေလျှော့ကျသွားမှာပါ

အဲ့ဒါဟာအဆီကျတာမဟုတ်ပါဘူး ..ပျော်မနေပါနဲ့ ဝျိတျကသြှားခွငျး
မျိုးသာဖြစ်ပါတယ်...
အချိန်မရွေး ပြန်တက်လာနိုင်ပါတယ် အဲ့ဒါကို ကွဲပြားသိဖို့လိုပါတယ်.....

အဆီတပေါင်ကျတာနဲ့ ဝိတ်တပေါင်ကျတာနဲ့ဟာ အလွန်ပင်ကွာခြား
လှပါတယ်

ဝိတ်ကျဖို့ ပေါင်ချိန်စက်ပေါ် နံပါတ်တွေဘဲ လျှော့ချဖို့ကြိုးစားနေတဲ့
သူတွေအနေနဲ့ တချို့ဆို ဝိတ်သာကျသွားပြီး အသားအရေတွေ ပျော့တွဲသွားတာမျိုးတွေအထိ ဖြစ်နေတာတွေရှိတက်ပါတယ်

Weight loss သမားတွေအနေနဲ့ ပေါင်ချိန်စက်ပေါ်က
နံပါတ်တွေကိုဘဲလျှော့ချဖို့အာရုံစိုက်နေမယ့်အစား မိမိခနွာကိုယ်ရဲ့ အဆီ% လျှော့ကျဖို့ Body ပြောင်းလဲဖို့သာ အဓိက Target ထားကြိုးစားသင့်ပါတယ်

ဝိတ်ကျဖို့အတွက်တစ်ခုထဲဆိုဘယ် Trainer လမ်းညွှန်မှုမှတောင်
ယူစရာမလိုပါဘူး . .....
အစား ၇ ရက်လောက် လျှော့လိုက်ပါ ဝိတ်ကျတာ မြင်တွေ့ရလိမ့်မယ်... ခန္ဓာကိုယ်တော့ပြောင်းလဲမှာမဟုတ်ပါဘူး...

အဆီကျပြီး ကျစ်လစ်လှပတဲ့ ခနွာကိုယ်တစ်ခုပိုင်ဆိုင်ဖို့အပြောင်းအလဲဖြစ်ဖို့ဆို အဲ့လောက်မရိုးရှင်းလှပါဘူး သေချာပေါက်နားလည်တက်သိတဲ့ Trainer ရဲ့လမ်းညွှန်မှု လိုအပ်ပါတယ်


မူရင်းရေးသားသူအားလေးစားလျက် 🙏🙏

26/11/2022

ကယ်လိုရီနဲ့တွက်ချက်စားမဲ့ သူများအတွက်

25/11/2022

#ဝိတ်ကျဖို့အတွက်နည်းလမ်းရှိရမယ်

#အဲ့နည်းလမ်းကိုတစ်စိုက်မတ်မတ်လုပ်ရမယ်

#စိတ်ဓာတ်ခိုင်မာဖို့အရေးကြီးဆုံးဘဲ

25/11/2022

ရေနွေးအဖြူ ကို ပုံမှန်သောက်ပေးရင်
ရလာမယ့် အံ့မခန်းအကျိုးကျေးဇူး (၈) သွယ်

(၁) အဆီကျသွယ်လျစေတယ်

ရေနွေးဟာ အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။ တကယ်လို့ သင်ဟာ ဝိတ်ကျချင်နေတဲ့သူ၊ ပိန်ချင်တဲ့သူတစ်ယောက် ဆိုရင်တော့ အစာအစားပြီးတိုင်း ရေနွေးဖြူထဲကို သံပုယို တစ်ခြမ်းလောက် ညှစ်ထည့်ပြီး သောက်သုံးပေးခြင်းဖြင့် အမြန်ဆုံးဝိတ်ကျသွားမှာ ဖြစ်ပါတယ်။

(၂) လည်ချောင်းရှင်းစေတယ်

ရေနွေးဖြူဟာ အအေးမိခြင်း၊ ချောင်ဆိုးခြင်းနဲ့ လည်ချောင်းယားယံခြင်းတွေအတွက် အစွမ်းထက်တဲ့ ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။

(၃) နာကျင်ကိုက်ခဲတာ သက်သာစေတယ်
ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာတွေကို ရေနွေးဖြူ သောက်သုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

(၄) အဆိပ်အတောက်တွေကို ပြေစေတယ်

ရေနွေးဖြူဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖြေပေးနိုင်တဲ့ သဘာဝဖြေဆေးတစ်မျိုးပါ။ ရေနွေး သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာ အပူချိန်တက်လာပြီး ချွေးပြန်စေ နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖြေပေးလိုက်လို့ဖြစ်ပါတယ်။

(၅) အရွယ်တင်နုပျိုစေတယ်

ရေနွေးဖြူဟာ အရေပြားထဲက ဆဲလ်သစ်တွေ ဖြစ်ပေါ်လာဖို့ အကူအညီပေးသလို၊ အဆိပ်အတောက်တွေကို ဖြေပေးတာကြောင့် အရေးကြောင်းတွေနဲ့ အိုမင်းရင့်ရောင်မှုကို တားဆီးကာကွယ်ပေးပါတယ်။

(၆) ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးတယ်

ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေကို ဖြေပေးတဲ့အတွက် ဝက်ခြံမဖြစ်တော့ပါဘူး။

(၇) ဆံပင်ကိုသန်စွမ်းစေတယ်

ရေနွေးဖြူသောက်သုံးခြင်းဖြင့် ဆံပင်ကို သန်စွမ်းကျန်းမာစေပြီး နူးညံ့ပျော့ပျောင်းစေပါတယ်။ ပျက်စီးခြောက်သွေ့နေတဲ့ ဆံကေသာတွေကို ကောင်းမွန်လာစေပါတယ်။ ဒါ့အပြင် ဆံပင်အရှည်လည်း မြန်စေပါတယ်။

(၈) စိတ်ကြည်လင်ပြီးအာရုံကြောကို ကောင်းမွန်စေတယ်

ရေနွေးဖြူသောက်သုံးခြင်းဖြင့် သွေးလည်ပတ်မှုအားကိုကောင်းမွန်စေပြီး အာရုံကြောတွေကို ကောင်းမွန်လာစေပါတယ်။ စိတ်ကြည်လင်လန်းဆန်းပြီး မှတ်ဥာဏ်လည်းတိုးစေပါတယ်။

25/11/2022

💢အရမ်းဝလို့ ယုံကြည်မှု ပျောက်ဆုံးနေလား

💢တစ်ချိန်က မချောကိုယ်တိုင် ဘယ်လို့တွေတောင် ဝ ခဲ့လဲ

💢ဝိတ်ချဖို့အတွက် က နည်းလမ်းဘဲ လိုပါတယ်

25/11/2022

# #ဗိုက်မှာအဆီစုရတဲ့အကြောင်းရင်းများ
==================

လူကတော့ သိပ်မဝပါဘူး ။ ဒါပေမယ့် စုတဲ့အဆီတွေအကုန်လုံးက ဗိုက်မှာချည်းပဲ ဆိုသူတွေအတွက် ဒီဆောင်းပါးလေးမှာ ဘာကြောင့်ဗိုက်မှာမှအဆီတွေစုရတယ်ဆိုတဲ့အကြောင်းလေးပြောပြချင်ပါတယ်။

ဒီအချက်၆ချက်ထဲက ကိုယ်နဲ့တိုက်ဆိုင်နေတာများရှိရင် စစ်ဆေးပြီးပြုပြင်လို့ရအောင်ပါ။

၁- မျိုးရိုးလိုက်လို့။
ဒီအချက်က အရေးကြီးဆုံးနဲ့ ပြင်ဖို့ခက်တဲ့အချက်ပါ။ မျိုးရိုးထဲမှာ ဗိုက်ပူသူများရင် ကိုယ်လည်း ဗိုက်ပူနိုင်တယ်လို့သာမှတ်ပြီး အမြဲ အစားအသောက်သတိထားသင့်ပါတယ်။

၂- အသင့်စားတွေအစားများလို့။
အသင့်စား Ready Made တွေ အလွယ်စား Fast Food တွေမှာ ကယ်လ်လိုရီတွေ များများပိုပါ ပါတယ်။ ဗိုက်ပူနေသူတွေအနေနဲ့ အိမ်မှာချက်တဲ့လတ်ဆက်တဲ့ အစားအစာတွေကိုစားသင့်ပါတယ်။

၃- အိပ်ချိန်နည်းလို့။
မအိပ်တော့ မဝဘူးပေါ့လို့များထင်ရင် မှားနေပါပြီနော်။ အတော်များများဗိုက်ပူတဲ့သူတွေဟာ အိပ်ချိန် နည်းလို့ အိပ်ချိန်မမှန်တဲ့သူတွေဖြစ်တာတွေ့ရပါတယ်တဲ့။

၄- စိတ်ဖိစီးမှုများလို့။
"ဟယ်သူက အလုပ်တွေများပြီး စိတ်ဖိစီးမှုတွေသာများတယ် ဗိုက်လေးကျပူလို့၊ ပိန်လည်းမပိန်ပါလား"ဆိုတာ စိတ်ဖိစီးမှုက ထုတ်တဲ့ Cortisol ဟော်မုန်းကြောင့် ဖြစ်ပါတယ်။

၅- ရောဂါရှိနေလို့။
တကယ်လို့ သင်ဟာအမျိုးသမီးဖြစ်မယ်။ ရာသီမမှန်ဘူး။ဗိုက်မှာအဆီစုနေမယ်။ အမွှေးအမျှင်ထူနေမယ်ဆိုရင် မျိုးဥအိမ်ထဲရေအိတ်တွေရှိနေတဲ့ Polycystic Ovarian Syndrome ခံစားနေရတာဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။

၆- လှုပ်ရှားမှုနည်းလို့၊ အထိုင်များလို့။
အဆီပိုတွေမရှိဖို့က တက်ကြွတဲ့လူနေမှုပုံစံလိုအပ်ပါတယ်။ တစ်နေကုန်အထိုင်များနေမယ်ဆို ဗိုက်နဲ့ ပေါင်နေရာမှာ အဆီပိုတွေစုလာမှာ သေချာပါတယ်။

တကယ်လို့များ ဗိုက်အဆီစုသူဖြစ်နေမယ်ဆိုရင် ပြင်လို့ရတဲ့အချက်လေးတွေ လေ့လာပြင်ဆင်ကြည့်ကြပါလို့။
crd to owner

25/11/2022

" ဗိုက်ပူတာ ဘာကြောင့်လဲ ?

လူအများစုရဲ့အထင်က ဗိုက်ပူတာဟာ
ဝမ်းဗိုက်မှာအဆီတွေ စုပါများပြီး
အဆီတွေအခေါက်တွေ ထူလာလို့ဖြစ်ရတာလို့ပဲ
ထင်နေကြပါတယ်။
အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။
လူတွေ သတိမထားမိကြသေးတဲ့
အကြောင်းတစ်ခု ရှိနေပါသေးတယ်။
အဲဒါကတော့ အူမကြီးတွေ
ကြီးမားတုတ်ခိုင်လွန်း နေလို့
ဗိုက်ပူထွက်နေကြရခြင်း ပဲဖြစ်ပါတယ်။
အထူးသဖြင့် အသက်ကြီးလာလို့
ဗိုက်ပူထွက် လာကြရသူတွေဟာ
အဲဒီ့အူမကြီးတွေ တုတ်ခိုင်ကြီးမားလာလို့
ဖြစ်ရတာ များပါတယ်။

အူမကြီးတွေ ဘာကြောင့် ကြီးမား
တုတ်ခိုင်လာကြရတာလဲ။ဖြစ်စဉ်ကတော့
အနှစ်နှစ်အလလ အစားအစာတွေကို
စားလာခဲ့ရာကနေ ဖြစ်လာရတာပါပဲ။
အစာစားလိုက်တဲ့ အခါမှာ အစာဟောင်းတွေဟာ
အူမကြီးထဲကို ရောက်ရှိပြီး အထိုင်ချပါတယ်။
အဲဒီ အစာဟောင်းတွေဟာ
ရှေ့ကိုမြန်မြန်တိုးပြီး မစင်အဖြစ်
ခန္ဓာကိုယ်ပြင်ပကို ထွက်သွားဖို့လိုပါတယ်။

သို့သော်လဲ လူက ရေသောက်နည်းခြင်း
အမျှင်စာ စားတာနည်းခြင်း
လှုပ်ရှားမှု နည်းခြင်းတွေကြောင့်
အစာဟောင်းတွေဟာရှေ့ကို
မြန်မြန် မတိုးနိုင်ကြဘူး။
အဲဒီ့အခါမှာ အူမကြီး အတွင်းနံရံတွေမှာ
မစင်တွေကချိုး(ဂျိုး)အဖြစ် ကပ်ကပ်လာပါတယ်။
ဒီဖြစ်စဉ်မျိုးက အမြဲတန်းဖြစ်လာရာက
ကြာတော့ အူမကြီးတွေ အလုံးတုတ်တုတ်လာပြီး
ဗိုက်ကြီးက ပူထွက်လာတော့ တာပေါ့။
ထင်ရှားတဲ့ ဥပမာနဲ့ ပြောရရင်
သံကောင်တွေ အများကြီးရှိတဲ့ ကလေးတွေ
ဗိုက်ပူနေတဲ့ ပုံစံမျိုးပါပဲ။

အမေရိကန်နိုင်ငံက ဗိုက်အလွန်ပူတဲ့
လူတစ်ယောက်သေသွားလို့ သူ့အလောင်းကို
ခွဲစိတ်ကြည့်ကြပါတယ်။ဗိုက်ကို ခွဲလိုက်ရာမှာ
သူ့ရဲ့အူမကြီးတွေဟာ အလွန်ကိုကြီးမား
တုတ်ခိုင်နေတာကို တွေ့ကြပါတယ်။
အဲဒီအူမကြီးကို ခွဲလိုက်ရာမှာတော့
ကြောက်စရာကောင်းလောက်အောင်
နံစော်နေတဲ့ မစင်ချိုးတွေ ကပ်နေတာကို
တွေ့ရတယ်လို့ဆိုပါတယ်။အနှစ်နှစ်အလလက
စုအောင်းလာတဲ့ မစင်ချိုးတွေကြောင့်
အူမကြီးတွေ တုတ်ခိုင်ကြီးမားပြီး
ဗိုက်ပူထွက်လာခြင်းဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့အူအရှည်ဟာ
၂၆ ပေကနေ ပေ ၃၀ လောက်အထိ ရှည်ပါတယ်။
အဲ့လောက်ရှည်တဲ့ အူတွေတုတ်ခိုင်ကြီးမားနေတော့
ဝမ်းဗိုက်ကလည်း ပူထွက်လာတော့တာပေါ့။

အူမကြီးတွေမှာမစင်ချိုးတွေ များနေခြင်းဟာ
လူကိုရောဂါများစေပြီး အသက်လည်း
တိုတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့
အဲဒီမစင်ချိုးတွေကနေ ထွက်လာတဲ့
အဆိပ်အတောက်တွေဟာ အူနံရံတွေကနေ
ဝင်ပြီးတစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိပြီး
ရောဂါဖြစ်စေလို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီ မစင်ချိုးတွေကို
ဖယ်ရှားရှင်းလင်းဖို့ လိုအပ်ပါတယ်။
မစင်ချိုးတွေကို ဘယ်လို ရှင်းလင်း
ဖယ်ရှားပစ်ရမလဲ။

နိုင်ငံခြားမှာတော့ဝမ်းချူတဲ့ စက်တွေနဲ့
စအိုကနေ ဆေးရည်သွင်းပြီး ဖယ်ရှားကြပါတယ်။
၇ကြိမ်လောက် ဝမ်းချူလိုက်ပြီးနောက်မှာ
မစင်ချိုးတွေ ရှင်းသွားပြီး ဗိုက်လည်းချပ်
နေလို့ထိုင်လို့လည်း ကောင်းသွားကြတယ်လို့
ဆိုပါတယ်။ကျနော်တို့ တိုင်းပြည်မှာတော့
အဲ့ဒီ့လောက် ခေတ်မမှီသေးဘူး
ဒါကြောင့်မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပဲလုပ်ကြတာပေါ့။

မြန်မာတွေ အလွန်နှစ်သက်တဲ့
ဟင်းအမယ်တွေရှိပါတယ်။
အဲဒီ့ထဲမှာ ထမင်းကို အလွန်မြိန်စေတတ်တဲ့
ကင်ပွန်းချည်ကို မကြိုက်သူ မရှိသလောက်ပါပဲ။
ကြော်ချက်အဖြစ်၄င်း ဟင်းချိုအဖြစ်၄င်း
ချက်စားကြပါတယ်။ကင်ပွန်းသီးကိုလည်း
တရော်နဲ့ တွဲပြီးခေါင်းလျှော်ကြပါတယ်။
ကင်ပွန်းပင်ဟာ ဆပ်ပြာကဲ့သို့
ဆေးကြောပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
ကင်ပွန်းချဉ်ရွက်ကို ဟင်းချိုအဖြစ်
အရသာရှိအောင် ခပ်ပျစ်ပျစ်ချက်ပြီး
နေ့လယ် ထမင်းစားချိန်မှာ ထမင်းနဲ့အတူ
အားရပါးရစားပါသောက်ပါ။
တစ်ပန်းကန်လုံး ကုန်အောင်သောက်ပစ်လိုက်ပေါ့။
အဲဒီကင်ပွန်းချဉ်က အူမကြီးထဲရောက်ရင်
မစင်ချိုးတွေကို နှူးပေးပါလိမ့်မယ်။

ရှေ့ကဆပ်ပြာနဲ့ နှူးထားပြီးရင်
နောက်က တံမြက်စည်းနဲ့လှဲပြီး
သန့်ရှင်းရေး လုပ်ပေးရပါတယ်။
ဒါကြောင့်ညနေဘက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့
ဂေါရခါးညွန့်လို အရွက်အညွန့်တွေ
ဗိုက်ဝတဲ့ အထိ ကြော်စားပေးပါ။
ညအိပ်ယာမဝင်ခင် ပန်းသီးတစ်လုံးစားပြီး
အိပ်လိုက်ပါ။အူတွေ လှိုင်းထအောင်
ညနေဘက်မှာ လမ်းလျှောက်ထွက်ပေးပြီး
ရေများများသောက်ဖို့လည်း လိုပါတယ်။

အဲ……နောက်နေ့ မနက်မှာတော့
တကွီကွီတစီစီနဲ့ E ပါပြီး အူမကြီးထဲက
မစင်ချိုးတွေ အကျိအချွဲတွေအရိအရွဲတွေ
ထွက်ကျလာလိမ့်မယ်။
ဝမ်းခိုင်တဲ့ သူတွေကတော့ ဝမ်းနူးပါလိမ့်မယ်။
တစ်ပတ်တစ်ခါလောက် ပုံမှန်လေးလုပ်ပေးရင်
၁ နှစ်လောက်အကြာမှာ
သိသိသာသာ ဗိုက်ချပ်ပါတယ်။
နေလို့လည်း ကောင်းသွားလိမ့်မယ်။
အသက်ကြီးလာလို့ ဗိုက်ပူလာပြီး
အစားလျှော့ပေမဲ့ ဗိုက်မချပ်သူများ
ဒီနည်းကို စမ်းကြည့်နိုင်ပါတယ်။
ဗိုက်လေးချပ်မှလည်း
ကြည့်ကောင်းတာ မဟုတ်လား……………

Crd writer

24/11/2022

♨️အိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့ 80% ဝလာရခြင်း

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon