Shop With Hnin-2

Shop With Hnin-2

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shop With Hnin-2, Skin Care Service, Yangon.

Photos from Shop With Hnin-2's post 27/09/2023

အရမ်းhot နေတဲ့ Anessa Suncream (12g) mini လေး 1ပတ်အတွင်း ပစ္စည်းဝင်ပါမယ်ရှင့်💛

မူရင်းစျေး Full size 60g 1သိန်းဝန်းကျင်ရှိပါတယ်
စမ်းသုံးကြည့်ဖို့အတွက်ဆို အခု 12g mini size
တန်လေးက Budget save ဖြစ်ပြီးသုံးပျော်ပါတယ်✨

Shiseido brand အခွဲဖြစ်တဲ့ Japan direct Anessa suncream ကတော့ Inter bloggers တွေကအစ good reviews တွေရှယ်ပေးထားတာလေးနော်...

Top Suncream တွေရဲ့ No.4နေရာမှာရှိတဲ့ suncream လေးမို့ မသိတဲ့သူမရှိပါဘူး

Double Defense Technolgy & Aqua Booster Technology နဲ့ထုတ်ထားတာမို့ နေရောင်ခြည်/လေ/ရေ/ချွေးနဲ့ထိလေ Sun Protection ပိုရလေပါ

Fresh Milk & Grl type texture ​လေးမို့လူးရတာကျဲကျဲအေးအေးလေးကိုမှ skin နဲ့တထပ်တည်းကျစေတဲ့အပြင် Tone up / White cast ကျန်ခဲ့တာမျိုးလုံးဝမရှိပါဘူး

Skincare effect ပါဝင်လို့ မနက်ဆို ဒီsuncreamလေးတမျိုးထဲလူးထားရင်လဲ ပြောင်ပြောင်ကြည်ကြည်လေး😍
Water Resistance ပါဝင်ပြီး မိတ်ကပ်မလိုဘဲ တနေကုန် glow စေပြီး SPF ကလည်းရှယ်ပြည့်ကွယ်

အဲ့ဒါကြောင့် အိမ်မှာ​နေသူတွေဖစ်ဖစ် အမြဲတမ်းအပြင်ထွက်နေရသူတွေနဲ့ ခရီးခနခနသွားနေရတဲ့သူမျိုးတွေဖစ်ဖစ် ဒီSuncreamလေးကိုတော့ Highly recommend ပေးပါတယ်နော်

Mini size / travel sizeမျိုးလေးမို့ Anessa sumcream လေးကို ခုမှစမ်းသုံးချင်သူတွေယူပါရှင့်💕

⏰Waiting time - 1weeks
Japan brand ✨
Directly imported from Japan✨
💯% Authentic
(အတုအပလုံးဝမရောင်းပါ)

❌စာသားများအား တစ်ထပ်တည်း ကူးယူ ကူးချခြင်း
မပြုပါနဲ့❌

23/01/2021

SPF ဆိုတာ ဘာလဲ ⁉️⁉️⁉️

မရှိမဖြစ်နေကာ ခရင်မ်လိမ်းရမယ်ဆိုတာ သိထားပြီးဖြစ်မှာပါနော် .. အထူးသဖြင့် တင်းတိပ်အမဲစက်ရှိသူတွေပိုပြီးတော့ လိမ်းသင့်ပါတယ်
SPF လို့သာခေါ်နေတာ SPF ရဲ့ အရှည်ကောက်က ဘာလဲ ဘာတွေလုပ်ပေးလဲဆိုတာ အသေးစိတ်မသိကြဘူး ...

🌞🌞🌞Sun Protection Factor လို့ခေါ်ပါတယ် …

ဥပမာအားဖြင့် - နေကာခရင်မ်မလိမ်းဘဲ နေပူထဲနေရင် (၁၅) မိနစ်ကြာတာနဲ့ နေလောင်ခံရပါတယ်

👌ဒီတော့ SPF 10 ပါတာကို လိမ်းထားမယ်ဆိုရင် (၁ဝ) ဆ ပိုပြီး ကြာကြာနေနိုင်လို့ ၂.၅ နာရီကြာအောင် နေလောင်မခံရဘူးလို့ ဆိုလိုတာပါ ..

👌တကယ်လို့ SPF 30 လိမ်းပြီးအပြင်သွားမယ်ဆိုရင်တော့ ပုံမှန် (၁၅) မိနစ်ကြာလို့ နေလောင်ခံရတာထက် (၅) နာရီကြာ ပိုပြီး ခံနိုင်ရည်ရှိသွားတာပါ …

👍ကဲ ခုလိုသိပြီဆိုတော့ နေပူထဲ ဘယ်လောက်ကြာကြာသွားမလဲ SPF ဘယ်လောက်ပါတာကို ရွေးလိမ်းမလဲဆိုတာ သိပြီပေါ့နော် ..

❤ဗဟုသုတလေးတစ်ခုခုပိုရလိုက်တယ်ဆိုရင် သူငယ်ချင်းတွေကိုလဲ ရှယ်ပေးသွားဖို့ မမေ့နဲ့နော် ..



22/01/2021

Skincare Product နဲ့ပတ်သက်ပြီး တချို့ ကိုယ်အပါအဝင် ဖြစ်နေကြတာလေးတွေကို ပြောပြချင်တယ် 🤥

✅ Skincare Product တစ်ခု သုံးတော့မယ်ဆို
ချက်ချင်းထိရောက်တာကို ပိုကြိုက်ကြတယ် ❗
စျေးလဲသက်သာတယ်❗
ချက်ချင်းလဲပျောက်တယ်❗ ဆိုတာမျိုးကိုလူတွေပိုကြိုက်ကြတယ်

ဒါပေမဲ့ skincare တစ်ခုက.......
ဘာလို့ချက်ချင်းပျောက်တာလဲ ဒီလောက်စွမ်းတဲ့ပစ္စည်းကို ဘာလို့ ဒီလိုစျေးနဲနဲပဲပေးရတာလဲ
သိကွလား??? 🤔

နောက် တစ်ခုက....
ဘာလို့ Skincare Brand တွေက စျေးကြီးတာလဲ⁉
ဘာလို့ချက်ချင်းမသိသာတာလဲ သိကြလား???

စဥ်းကောစဥ်းစားဖူးရဲ့လား????

တချို့Brand မဟုတ်တဲ့ product တွေ
အခုနာမည်ကြီးပြီး နောက်ကျရင် ဘာလို့သိပ်မသုံးဖြစ်ကြတော့တာလဲ???
ဘာလို့ နာမည်မကြီးတော့တာလဲ သိကြလား???

စျေးသက်သာတဲ့ အခုလိမ်းခုပျောက်တဲ့ ပစ္စည်းတွေမှာ များသောအားဖြင့်
Chemical ပါတာများတယ် ‼
Skin တိုင်းသုံးလို့မရဘူး‼
Chemical ပါတဲ့အတွက်ကြောင့် ကိုယ့်မျက်နှာရဲ့အပေါ်ဆုံးအလွှာလေးကို စားသွားတဲ့အတွက်ကြောင့် ချက်ချင်းပျောက်တယ်ဆိုတာ ဖြစ်လာတာ။‼

‼ မျက်နှာရဲ့အောက်ဆုံးအလွှာထိအောင် ကုသမပေးနိုင်ဘူး... အပေါ်ယံလွှာကိုပဲ စားလိုက်တာ။အဲ့ဒါကို လူတွေက ချက်ချင်းပျောက်တယ်ဆိုပြီးသဘောကျ ကြတယ် ‼

တကယ်က ကိုယ်မျက်နှာအသားအရေကို ဖျက်ဆီးပစ်လိုက်တာကို မသိကြဘူး။အခုပျောက်တယ် သိပ်မကြာဘူး ပိုဆိုးတာတွေထပ်ဖြစ်လာလိမ့်မယ်။ ဟုတ်လားမဟုတ်လား သိကြမှာပါ။

Brand ကကျ စျေးကြီးပြီးအချိန်ပေးရပေမဲ့ အဲ့လိုမဟုတ်ဖူး Chemical free ဖြစ်တယ်✅
All Skin Type သုံးလို့ရတယ်✅
မျက်နှာရဲ့အောက်ဆုံးအလွှာအထိ ကုသပေးတယ်✅

✨ အဲ့တော့ သက်သာဖို့အတွက် အချိန်ပေးရတယ် ။ ချက်ချင်းမပျောက်ဘူး။ဘာလို့လဲဆိုတော့ သူက ကိုယ့်မျက်နှာရဲ့အလွှာတိုင်းကို ကုသပေးနေတဲ့အတွက်ကြောင့် အချိန်ယူရတယ်။ပျောက်ကင်းသွားပြီဆိုရင်လဲ နောက်ထပ် ထပ်ဖြစ်မှာ စိတ်မပူရတော့ဘူး ✨

ဒါပေမဲ့တချို့က ပြောကြတယ်
❗Brand ကစျေးကြီးတယ် ဘယ်လောက်ကောင်းကောင်ဝယ်မသုံးနိုင်ပါဘူး❗
#မှန်တယ် လူတိုင်းမသုံးနိုင်ဘူး ✅
မသုံးရဲကြဘူး✅

ဒါပေမဲ့ Brand တစ်ခု ကိုသာ စျေးကြီးပေးပြီး
မဝယ်ချင်တာ နော် 🙂
ဟိုကညွှန်းတဲ့ product လေးဝယ်လိုက် မတည့်လိုက်
ဒီကညွှန်းတဲ့ product လေးဝယ်လိုက်မပျောက်လိုက် ကိုယ်နဲ့မတည့်လို့ ပိုဆိုးလာလို့ပစ်ထားလိုက်နဲ့ ကုန်နေတဲ့ ပိုက်ဆံတွေက ခုနက စျေးကြီးပေးရတဲ့ ပစ္စည်းတန်ဖိုးလောက်ရောက်နေပီဆိုတာကြ သတိမထားမိကြဘူး 😒
ပိုက်ဆံလဲကုန်တယ် ရလဒ်ကလဲ မထူးခြားဖူး ။ဟုတ်တယ်နော် ❗❗❗

အဲ့တော့ ဘယ်ပစ္စည်း ဘယ်product ကိုသုံးသုံး
Chemical free ဖြစ်တာ ✅
Alcohol free ဖြစ်တာ✅
All Skin Type အတွက်ထုတ်ထားတာမျိုးတွေ ရွေးချယ်သုံးကြပါ✅
မိမိကိုယ်ကိုယ် ချစ်ပါ
မိမိမျက်နှာအသားအရည်ကိုတန်ဖိုးထားကြပါ😘

❤️
's Skincare Beauty House

19/01/2021

သံပုရာသီး၊သံပယိုသီးတွေနဲ့ Diy လုပ်ပြီး Skincare တာဟာ တကယ်မကောင်းပါဘူး။ 🍋

⏩ Diy တွေလုပ်ပြီး skincare လုပ်တာက ငွေကုန်တာသက်သာပေမယ့် မျက်နှာအတွက် ဆိုးကျိုးတွေဆိုတာလဲ ဖြစ်လာမှာပါ။

⏩ သံပုရာသီး၊သံပယိုသီးတွေကို မျက်နှာအတွက် Diy လုပ်တာမှာ အရမ်းတွေ့ရပေမယ့် တကယ်တော့ လုံးဝမကောင်းပါဘူး။

⏩ မျက်နှာပေါ်ကို တခြား Ingredients တွေနဲ့ မရောထားဘဲ အလုံးလိုက်ကို မျက်နှာပေါ်ပွတ်တာ အရည်ညှစ်ပြီး မျက်နှာမှာလိမ်းတာမျိုးတွေ လုံးဝမလုပ်မိပါစေနဲ့။

⏩ မျက်နှာပေါ်မှာရှိတယ် အရေပြားလေးတွေကိုတိုက်စားပြီးတော့ ပျက်စီးစေတယ်။

⏩ ချွေးပေါက်တွေကျယ်လာမယ်။

⏩ အသားအရေက လိမ်းတာများလာရင် နောက်ပိုင်း Sensitive Skin အထိဖြစ်လာနိုင်တယ်။

⏩ Diy တွေမှာပါတဲ့ အသီးတွေရဲ့ PH Level နဲ့ မျက်နှာက PH Level လုံးဝမတူနိုင်တာကြောင့် လုံးဝ မသုံးသင့်ပါဘူး။

❌ Diy တွေကို တတ်နိုင်သမျှ ရှောင်ပါ။ ❌



17/01/2021

Hello မင်​မင်​တစ်ပတ်လောက်ပျောက်နေတော့
မေ့နေကြပြီလား💕

ခုရက်ပိုင်း ဝက်ခြံ/အမာရွတ်တွေ မျက်နှာအသားအရည်ကြည်ချင်ဖြူချင်တဲ့အကြောင်းတွေ အရမ်းမြင်နေကြားနေရလို့

Lemon🍋 & Honey🍯 face mask sharingလေးပါ

Oily skinတွေနဲ့ပိုသင့်တော်တယ်💕

တခြားskin typeတွေလည်းသုံးလို့ရပေမယ့်

Dry skinသမားတွေသုံးမယ်ဆို
coconut oil🥥 or almond oil လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောထည့်ပေးပါ

လိုအပ်သောပစ္စည်းများ
-သံပုရာရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
-ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

အသုံးပြုပုံ

သံပုရာရည်၂ဇွန်းနဲ့ ပျားရည်၁ဇွန်းကိုရောပြီးနှံ့အောင်မွှေပါ
မျက်နှာပေါ်လိမ်းပြီး15-20မိနစ်လောက်အခြောက်ခံထားပါ
15-20minနေရင် ရိုး"ရေ နဲ့ဆေးချပါ

အကျိုးသက်ရောက်ပုံ

🍋dead cellဖယ်ပြီးသန့်စင်ပေးတယ်
ဆဲလ်သစ်တွေထွက်ဖို့အားပေးတယ်
အသားအရေလေးကြည်ပြီးဝင်းစေတယ်
သံပုရာသီးအရမ်းသုံးရင်တော့ အသားအရေကြမ်းပြီးခြောက်စေတယ်

🍯 dead cell💀တွေဖယ်ရှားပေးတယ်
ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်တာတွေ အမာရွတ်တွေ ပျောက်စေတယ်
အသားအရေကိုGlowစေပါတယ်
bacteria balanceညှိပေးတာမို့ ဝက်ခြံဖို့လည်းကောင်းပါတယ်

Lemon🍋&Honey🍯maskပုံမှန်သုံးပေးခြင်းက
အရေပြားကျန်းမာစေပြီး ရင့်ရော်မှုနှေးစေတယ်
အဆီပြန်တာ ဝက်ခြံထွက်တာသက်သာစေတယ်
အသားအရေကြည်ပြီးဝင်း"လေးဖြစ်စေတယ်

နောက်ထပ်ပြောပြမယ့်knowledge sharingလေးတွေ သိရဖို့ pageလေးကို like & followထားနော်💕




10/01/2021

Hello မင်မင်ဒီရက်တွေထဲအလုပ်တွေရှုပ်နေလို့ အရင်လိုKnowledge sharingလေး မတင်ပေးဖစ်တာကြာနေပီနော်😍

#ဒီနေ့တော့မင်မင်ကပျားရည်ဖြင့်ပေါင်းတင်ခြင်းနည်းလမ်းလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်✌️

ပျားရည်ဆိုတာ သဘာဝအဟာရပြည့်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက်ရော အလှပအတွက်ပါ များစွာ အကျိုးကျေးဇူးရှိစေပါတယ်။ ပျားရည်ကို မျက်နှာပေါင်းတင်နည်း (၄) သွယ်ကိုမျှဝေပေးချင်ပါတယ်။ အရေးကြောင်းတွေကို သက်သာပျောက်ကင်းစေပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။

၁။ ပျားရည်နဲ့ ကွေကာအုပ်➡️ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ကွေကာအုပ် စားပွဲတင်ဇွန်း ၂ ဇွန်း

◼️ပါဝင်ပစ္စည်းနှစ်မျိုးကိုရောလိုက်ပါ။
ပြီးရင် မျက်နှာပေါ်မှာလိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။
ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။
တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။

၂။ ပျားရည်နဲ့ သံပုယိုရည်➡️ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း

◼️ပါဝင်ပစ္စည်းနှစ်မျိုးကိုရောလိုက်ပါ။
ပြီးရင် မျက်နှာပေါ်မှာလိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။
ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။
တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။

၃။ ပျားရည်နဲ့ အုန်းနို့➡️ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း အုန်းနို့ စားပွဲတင်ဇွန်း ၄ ဇွန်း

◼️ပါဝင်ပစ္စည်း ၂ မျိုးလုံးကို သေချာရောပေးလိုက်ပြီး မျက်နှာတစ်ခုလုံးကို လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ရေဆေးချပေးပါ။ အိပ်ယာမဝင်ခင် ညတိုင်းလုပ်ပေးလို့ရပါတယ်။

၎။ ပျားရည်နဲ့ နနွင်း➡️ ပျားရည် စားပွဲတင်ဇွန်း
၃ ဇွန်း နနွင်း စားပွဲတင်ဇွန်း ၁ ဇွန်း

◼️ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို သေချာရောမွေလိုက်ပြီး မျက်နှာပေါ်မှာ သေချာလိမ်းလိုက်ပါ။ ပြီးရင် မိနစ် ၃၀ လောက်ထားပြီး ရေနွေးလေးနဲ့ ရေဆေးချပေးပါ။ တစ်ပတ် ၃ ကြိမ်လုပ်ပေးပါ။

My Herbal Powderသူ​လေးကလည်းသဘာဝကပစ္စည်း​တွေနဲ့​ရောစပ်​ပြီးအသု့းပြုလို့ရတဲ့ပစ္စည်း​လေး​နော်​👇💕
https://m.facebook.com/story.php?story_fbid=150961393469612&id=103445348221217

❤️


04/01/2021

AHA ဆိုတာ ဘာလဲ ❓❓

AHA (Alpha Hydroxy Acid) လို့​ခေါ်တဲ့ acid တမျိုးက
Dead cells ​တွေကို ဖယ်ရှားတဲ့​နေရာမှာ ....👀အရမ်းကို အ​ရေးပါပါတယ် 💥

AHA acid က sugar cane နဲ့ other plant sources က​နေထုတ်လုပ်ထားတဲ့ acid ဖြစ်ပြီး​တော့ skincare product ​တော်​တော်များများမှာလည်း ဒီ acid ကိုထည့်သွင်းအသုံးပြု​လေ့ရှိကြတယ် 🧚‍♀️

သူ့မှာပါဝင်တဲ့ - Glycoric acid - က အသားအ​ရေကို ကြည်လင်ဝင်းပ​စေတယ် ..✔
-Lactic Acid - က purify လုပ်​ပေးတယ်⭐
- Malic Acid - က ​ရေဓါတ် 💧ဖြည့်​​ပေးတယ် 🤩

AHA acid 🔸️က ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ collagen ကိုလည်း ညီမျှသွား​အောင် လိုက်ညှိ​ပေးတယ် ✔
Skin surface ​​ပေါ်မှာရှိ​နေတဲ့ dead skin cells ​တွေကို ဖယ်ရှား​ပေးတယ် ✨

Dead cells ဆိုတာ .. ပတ်ဝန်းကျင်​လေထုထဲက ဖုန်​တွေ သဲ​တွေနဲ့ ....🌬🌀
ခန္ဓာကိုယ်က ထွက်တဲ့ ​ချွေးနဲ့ ဓါတ်ပြုပြီးဖြစ်​ပေါ်လာတဲ့ အရာဖြစ်တယ် 🤷🏼‍♀️ (တစ်နည်းအားဖြင့် ​ဂျေး​ပေါ့)

Dead cells ​တွေက တ​နေ့တခြား ပိုပိုများလာမယ်ဆိုရင် .....‼
ကိုယ့်ရဲ့ အသားအ​ရေကလည်း တ​နေ့တခြား မဲညစ်ညစ်မွဲ​ခြောက်​ခြောက်ကြီး ဖြစ်လာ​ရော 🤥

🌟မျက်နှာ တစ်ခုတည်း မှမဟုတ်ဘူး ခန္ဓာကိုယ် တခုလုံးမှာ dead cells ဆိုတာ ရှိကိုရှိတယ် ‼

​dead cells ​တွေကို ဖယ်ရှားဖို့ ဆိုရင် AHA ပါတဲ့ product ​လေး​တွေကို သုံး​ပေးတာပဲဖြစ်ဖြစ်👀
Scrub တိုက်တာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ် ‼

အနည်းဆုံး တစ်ပါတ်ကို တစ်ကြိမ်​လောက်​​တော့ scrub ​လေးကို သုံး​စေချင်တယ်...💗

အလုပ်ရှုပ်သက်သာ​အောင် ✔
AHA ပါတဲ့ Gluta Smoothie Soap🦄 ​လေးသုံး​ပေးလည်း ရပါတယ် ‼

Gluta Smoothie Soap detail 👇🏻👇🏻
https://www.facebook.com/103445348221217/posts/141472631085155/

❤️
's Skincare Beauty House

02/01/2021

Tomato 🍅 >> Red Berry
🍅ခရမ်းချဉ်သီး 🍅ကအလှအပအတွက်အသုံးဝင်တယ်ဆိုတာအကုန်လုံးသိပြီးသားဖြစ်မှာပါ

အဲ့အသီးလေးက
Vitamin A , K , B1 , B3 , B5 , B6 , B7 & C
Folate, Iron , Potassium , Magnesium , Chromium , Choline , Zinc & Phosphorus
စသော Vitamins & mineralsတွေပါပါတယ်

ဒါကြောင့်လည်း
🍅Tomatoes are one of the most effective remedies for a clear & clean skin🍅လို့လူပြောများကြ​တာပေါ့

ဒီတစ်ခေါက်တော့ အလွယ်ဆုံးသော
Tomato face maskလေးနဲ့ stay home 🏡ရင်း
Skin care လုပ်ကြမယ်နော်😚

လိုအပ်သောပစ္စည်း ခရမ်းချဥ်သီးအမှည့်တလုံး
(တယောက်ထဲဆိုတလုံးနဲ့လောက်ပါတယ်နော်)

***အသုံးပြုပုံ***
1.ခရမ်းချဥ်သီးကိုအခွံခွါပြီးကြိတ်စက်ထဲထည့်ကြိတ်လိုက်လည်းရပါတယ်

2.ခရမ်းချဥ်သီးကိုနှစ်ခြမ်းခြမ်းပြီးအရည်ညှစ်ယူလည်းရပါတယ်နော်
(အစေ့ရောအရည်ပါယူပါမယ်အခွံတော့လုံးဝမယူဘူးနော်❌)

မျက်နှာပေါ်လိမ်းတဲ့အခါ ဒီအတိုင်းလိမ်းလည်းရပါတယ် ဒါမှမဟုတ် ဝါဂွမ်းချပ်လေးတွေကို ပါးပါးလေးခွါပြီးခရမ်းချဥ်သီူအရည်ထဲစိမ်ပြီးမျက်နှာအပေါ်ကပ်ထားပြီးပေါင်းတင်ရင်လည်းရပါတယ်

~15minကြာတဲ့အခါရေဆေးချလိုက်ပါ
(ပြီးရင်ကိုယ်လိမ်းနေကျ moisture/cream /serumတခုခုလိမ်းလိုက်ရင်ပိုပြီး effectiveဖြစ်စေပါတယ်နော်)

***အကျိုးသက်ရောက်မှု***
✔️ရေဓာတ်နဲ့လိုအပ်သောအာဟာရများကိုဖြည့်တင်းပေးတယ်
✔️အရေပြားကိုတင်းရင်းပြီးမျက်နှာလေးကိုGlowစေတယ်
✔️ချွေးပေါက်ကျဥ်းပြီးအဆီပြန်တာသက်သာစေတယ်
✔️အမဲစက်အဆီဖုနဲ့ဆားဝက်ခြံတွေကိုလည်းသက်သာစေတယ်
✔️နေလောင်ထားတဲ့အသားအရည်ကိုသက်သာပျောက်ကင်းစေတယ်
✔️အိုမင်းရင့်ရော်မှုကိုလျော့ချပြီးနုပျိုစေတယ်
(Antioxidantsလည်းဖြစ်တယ်)

❤️
's Skincare Beauty House

29/12/2020

ဒီနေ့မှာ လေးထပ်လုပ်ပေးခြင်းတာလေးကတော့ မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော #အကျိုးကျေးဇူး၆ချက်

မျက်နှာကိုကုသပုံကုသနည်း အမျိုးမျိုးရှိသည့်အနက်မှ ဒီတစ်ခါမှာတော့ ရေခဲဖြင့်ကုသနည်းလေးကိုတင်ပြပေးလိုက်ပါတယ်

ဒီနည်းလေးဟာ လူတိုင်းလည်း အလွယ်တကူလိုက်လုပ်နိုင်ပြီး အချိန်နဲ့ငွေလည်း များစွာမကုန်စေတဲ့ နည်းလေးပဲဖြစ်ပါတယ်

#လိုအပ်တာကတော့ရေခဲတုံးပင်ဖြစ်ပါတယ်

(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်
ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း
အားဖြင့် သွေးလည်ပတ်မူကို အထောက်အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင်လာစေမှာဖြစ်ပါတယ်။

(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း
မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင်ပါတယ်။

(၃) မျက်လုံးအောက်ကအရေအကြောင်းများကို
ကုသပေးနိုင်ပါတယ်
ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့်ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှအရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။

(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ပါတယ်
မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။

(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်
အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန် မရှိဘူး ဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်
လင် လာပြီး သဘာဝ မျက်နှာ ပုံစံဖြစ်သွားနိုင်ပါတယ်။

(၆) ပါးရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
နောက်ဆုံး အချက်ကတော့ ရေခဲတုံးဟာပါးရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို
ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီ အတွက်ကြောင့် ရေခဲတုံးကိုမျက်နှာ အသားအရည် အတွက် မရှိမဖြစ် အသုံးပြုနိုင်ရန် တင်ပြပေး လိုက်ပါတယ်။

❤️
's Skincare Beauty House

Photos from Shop With Hnin-2's post 27/12/2020

အခုတခေါက်ကတော့ဆားဝက်ခြံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမင်မင်ပြန်ပြီး​knowledge အနေနဲ့ပြန်မျှဝေပေးချင်လို့ပါနော် 💓

What are Blackheads ❓
🔹Blackheads (ဆားဝက်ခြံ) ဆိုတာ comedones အမည်းစက်အဖုသေးသေးလေးတွေပါ...
နှာခေါင်း၊ ​ကျော၊ ရင်၊ လည်ပင်း၊ လက်မောင်း နဲ့ပခုံးတွေမှာ အများဆုံးပေါက်တတ်ပါတယ်။

ဆားဝက်ခြံ ဘာကြောင့်ဖြစ်တာလဲ ❓
🔹အဓိကကတော့ ခန္ဓာကိုယ်မှာရှိတဲ့ အမွှေးနုလေးတွေကနေထွက်လာတဲ့ အဆီတွေအရေပြားပေါ်မှာတင်ကျန်ပြီးပိတ်မိနေတဲ့အခါ အဆီခဲတွေအဖြစ်ပြောင်းလဲပီး ဆားဝက်ခြံတွေရှိလာတတ်တာဖြစ်ပါတယ် ...Dead cells တွေများပြီးပိတ်မိတဲ့အခါလည်း ဖြစ်တတ်ပါတယ်။

ဆားဝက်ခြံက ဝက်ခြံလိုမျိုး နာတာ၊ ရောင်တာတွေမဖြစ်ဘူး...ဒါပေမဲ့ အရှင်းဖယ်ရှားဖို့အတွက်တော့ အချိန်ယူရပါတယ် ‼

ဆရာဝန်များရဲ့ပြောကြားချက်အရဆားဝက်ခြံကို ကာကွယ်ရန်
✅ပုံမှန်သန့်စင်ပေးပြီး peel-off ပြုလုပ်ပေးပါ
✅ Oil-free (အဆီမပါသော) အသုံး​အဆောင်များကို အသုံးပြုပေးပါ
✅Exfoliate လုပ်ပေးပါ
✅mask or scrub ကပ်ပေးပါ
အစရှိသည်တို့ကိုပုံမှန် လုပ်ဆောင်ပေးပါက ဆားဝက်ခြံများ ကင်းစေးပြီး နုပျိုချောမွတ်သော အသားအရေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် 💓

စိတ်ညစ်စရာများ ကင်းဝေးပြီး လှပစိုပြည်သော အသားအရေများကို ပိုင်ဆိုင်ရပါစေဟု ဆုမွန်ကောင်းတောင်းလျက်...💝
ချစ်ရတဲ့မင်မင်😘

's Skincare Beauty House❤️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 12:00
Tuesday 09:00 - 12:00
Wednesday 09:00 - 12:00
Thursday 09:00 - 12:00
Friday 09:00 - 12:00
Saturday 09:00 - 12:00
Sunday 09:00 - 12:00