Shwe's Paradise - Glow Care & Cosmetics Collections

Shwe's Paradise - Glow Care & Cosmetics Collections

Share

ယုံကြည်စိတ်ချစွာဖြင့် Glow Care & Cosmetics Collections များကို လေ့လာကြည့်ရှုဝယ်ယူအားပေးနိုင်ပါသည်✨🦋

10/08/2023

🛁🚿

Hanna- ဟန်နာရဲ့ 𝐒𝐡𝐨𝐰𝐞𝐫 𝐆𝐞𝐥 လေးတွေ
𝐏𝐚𝐜𝐤𝐚𝐠𝐢𝐧𝐠 𝐔𝐩𝐠𝐫𝐚𝐝𝐞 𝐃𝐞𝐬𝐢𝐠𝐧 လေးနဲ့ထွက်လာပါပြီရှင်💕

💛𝐌𝐲 𝐂𝐨𝐭𝐭𝐨𝐧 လေးကတော့ Floral အနံ့ကြိုက်နှစ်သက်သူတွေအတွက် ရေချိုးပြီးချိန်မှာ Lily ပန်းအနံ့သင်းသင်းလေး ဖြစ်နေစေပြီး Peppermint Extract ပါဝင်တဲ့အတွက်ကြောင့်လည်း ဘက်တီးရီးယားပိုးမွှားများကို သေစေပါတယ်။

💚𝐌𝐲 𝐀𝐮𝐫𝐨𝐫𝐚 လေးကတော့ Vitamin C နဲ့ Antioxidant ပါဝင်တဲ့အတွက်ကြောင့် အသားအရေကို ကြည်လင်စေပြီး Cucumber Extract ကြောင့် နောက်ကျောဝက်ခြံများ နှင့် အမဲစက်များကို သက်သာစေပါတယ်။ သခွါးမွှေးအနံ့သင်းသင်းလေးနဲ့ My Aurora လေးက Hanna-ဟန်နာ ရဲ့ Best Seller လေးမလို့ စမ်းသုံးကြည့်ချင်တဲ့မမတွေအတွက် Recommend ပေးပါတယ်နော်။

ဘူး Design အသစ်နဲ့ အနံ့အာနိသင်မပြောင်းလဲပဲထုတ်လုပ်ထားပြီး 500Ml ကိုမှ 7500ks💰
ပဲကျသင့်မှာဖြစ်တာမလို့ အရမ်းတန်သောပါပဲရှင်။

𝐒𝐡𝐨𝐰𝐞𝐫 𝐆𝐞𝐥 500𝐦𝐥 - 7,500/𝐊𝐬

📞 09250085727

#ဟန်နာ_hanna


#မြန်မာပြည်တွင်ဂုဏ်ယူစွာဖြင့်ထုတ်လုပ်သည်

Photos from Shwe's Paradise - Glow Care & Cosmetics Collections's post 10/08/2023

အသင့်ကပ် နံရံကပ် wallpaper အလိပ်ကြီး
(45cm *10msize)
အလျား 33ပေ * အနံ 1ပေခွဲ
1 လိပ် 8800 kyats

အိမ်လှလှလေး ဖြစ်ဖို့ နံရံလေးတွေ လှဖို့ လိုတယ်နော်
✨✨✨✨✨✨✨✨✨✨✨✨
အိမ်အသစ်မဟုတ်လည်း ဒီwallpaperလေကပ်လိုက်ရုံနဲ့ အိမ်လေးကအရမ်းလှသွားမှာ 🌈

ကော်ပါပြီးသားမို့ အဆင်သင့် ကပ်ရုံပါပဲရှင့်✨


#နံရံကပ်Wallpaper

Photos from Shwe's Paradise - Glow Care & Cosmetics Collections's post 10/08/2023

Jewellery box လေးတွေလိုချင်သူတွေအတွက်
sizeလေးတစ်ချက်ကြည့်ကြည့်ပေးနော်💕

ဗူးကအရမ်းကြီးတာမဟုတ်လို့ အလွယ်တကူအိတ်လေးထဲကောက်ထည့်သွားလည်းရပါတယ်ရှင့်

ဗူးသေးပေမယ့် ထည့်တတ်ရင် အထဲမှာ
အများကြီးဆန့် 📥

ပုံပါအရောင်2ရောင်ရ

jewellery boxတွေက instockအရမ်းရှား
ရတုန်းလေးယူထား 😍

1box - 18000 ks

Photos from Shwe's Paradise - Glow Care & Cosmetics Collections's post 06/08/2023

5မျိုးလောက်တော့
In stock နော်
5500ကျပ်☘️

Photos from Shwe's Paradise - Glow Care & Cosmetics Collections's post 06/08/2023

Odbo Eyebrow Pencil ✏️ 😜
Direct from bkk
1 ချောင်း 1500 ks only

ခဲသားအရမ်းကောင်းပီး ဆွဲလိုက်ရင် ချောနေတာပဲ လုံးဝမထစ်ဘူးနော်။အရောင်ထွက်လေးကလည်း လှသေးတယ်။မျက်ခုံးမွေးပါးတဲ့သူတွေ အတွက် အရမ်းအဆင်ပြေပါတယ်
ရေစိုချွေးစိုလည်းခံပါတယ်

💁မျက်ခုံးဆွဲ ပြီးရင် အစစ်အတိုင်း ဖြစ်နေအောင် Apply လုပ်ဖို့ Brush လေး လည်းပါတော့ လိုသလို
ပုံဖော်လို့ရတော့အရမ်းအဆင်ပြေပါတယ်နော်

03 ~ light brown
05 ~ brown ရပါမယ်နော်

ရန်ကုန်မြို့တွင်း delivery ခ သက်သာစွာနဲ့
အိမ်အရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါတယ်နော်

Photos from Shwe's Paradise - Glow Care & Cosmetics Collections's post 06/08/2023

80 ခုပါတဲ့ ကလစ် Set လေး🪽

ကလစ်သေးသေးလေးတွေလည်း
အများကြီးပါ ပါတယ်ရှင့်

လက်ဆောင်ပဲ ပေးပေး ဘာပဲလုပ်လုပ် 1 Set ဝယ်ထား

စျေးကလည်း ရှယ်တန် 💢
1 Set လုံးမှ 8000 ပဲ

#80ပါကလစ်Set

06/08/2023

သီလရှင်ဝတ်🙏

ခရီးတွေသွား😊

ဆေးရုံစောင့်☘️

အလုပ်တွေဘာမှမရှိသလို/ရှိသလိုနဲ့
ရှုပ်🥲
ယှက်🥲
ခက်🤧နေတာ

ခုကစ
သေချာလေး စျေးရောင်း
Pageလေး runဖို့ ဆုံးဖြတ်လိုက်ပါပြီ

မင်မင့်ကိုအားပေးကြပါအုံးရှင့်💓💓

#ကိုယ့်ကိုယ်ကိုဂတိပြုခြင်း😇

Photos from Shwe's Paradise - Glow Care & Cosmetics Collections's post 07/06/2023

ဆံပင်အုံလိုက် ပြန်ပေါက်တယ်ဆိုတဲ့
Some by mi hair tonic လေး ပြန်ရောက်ပါပီရှင့်
Price- 19000 ks

✅သူက အဓိက ဆံပင်ကျွတ်တာသက်သာပီး
ဆံပင်ပြန်ပေါက်စေတဲ့ Hair tonic ပါ

✅ Cica နဲ့ Black Complex အဓိကပါဝင်လို့ ဆံသားအဆီပြန်ပီးဗောက်ထတာ သက်သာစေတယ်

✅ peptide ၁၁ မျိုးပါလို့ ဆံသားကိုအဟာရဓာတ်ဖြည့်ပေးပီး ဆံပင်ကြမ်းတာ အရောင်မွဲခြောက်ခြောက်ဖြစ်တာ သိသိသာသာ သက်သာစေတယ်

✅ Biotin က ဆံပင်ထူလာစေပီး ဆံသားအမြစ်တွေကို ခိုင်အောင်လုပ်ပေးတယ်

✅ ဆံသားနဲ့ ဦးရေပြားကို ထိခိုက်စေတဲ့ chemical လုံးဝမပါတဲ့အပြင်Skin Irritation tested လုပ်ပီးသားမို့စန်းစန်းတင့်ဖြစ်တဲ့ ဦးရေပြားအစသုံးလို့ရတယ်နော်

အသုံးပြုပုံကလည်း လွယ်လွယ်လေး👇👇
ဆံပင်ခွဲကြောင်းတွေ ခွဲ tonic ဖြန်း ဦးရေပြားကို အသာလေး နှိပ်ပေးရုံပဲ စေးကပ်ကပ် လုံးဝ မဖြစ်ဘူးနော် 😀

********
Shwe’s Paradise💕 မှာ
စျေးနှုန်းသက်သာမဲ့Deli service &
ထောက်ကြန့်နဲ့အရမ်းမဝေးရင် free
မင်မင်က ပို့ပေးမယ့်အခွင့်ရေး ရရှိမှာ ဖြစ်ပါတယ်😇
နယ်ကCustomerတွေအတွက်လည်းကားဂိတ်တင်၊အိမ်အရောက်ဖြင့်တစ်နိုင်ငံလုံးပို့ဆောင်ပေးနေပါပြီ။
📲
K Pay
Percent% မယူပဲလည်းလက်ခံပေးပါတယ်ရှင့်
☎ 09740918378

Direct from Korea
💯 authentic ပါရှင့် 💚

04/06/2023

“သူများနဲ့ နှိုင်းယှဉ်ပြီး သိမ်ငယ်နေမိတဲ့ စိတ်”

◾️ကျွန်တော်တို့ရဲ့စိတ်ကို အဓိက ပြဿနာပေးနေတဲ့ အချက်တစ်ချက်ကို ပြောပါဆို Social comparison လို့ ခေါ်တဲ့ သူများနဲ့ နှိုင်းယှဉ်နေမိတာပဲ။

လူဆိုတာ ပတ်ဝန်းကျင်နဲ့၊ အသိုင်းအဝိုင်းနဲ့ နေထိုင်ကြတာမို့လို့ အများကြားမှာ ဝင်ဆံ့ချင်တယ်။ အရေးပါတဲ့သူ ဖြစ်ချင်တယ်။ အားလုံးထက် မဟုတ်တောင် အများထက်တော့ သာချင်တယ်။ လူတန်းစေ့ နေချင်တယ်။

ဒီတော့ သူများနဲ့ နှိုင်းယှဉ်တယ်ဆိုတာ လူ့သဘာဝတစ်ခုလို့တောင် ပြောလို့ရတယ်။ ဟိုဘက်အိမ်ကတော့ ဘာကားစီးနေပြီ၊ ဘာဝယ်လိုက်ပြန်ပြီ၊ အမျိုးထဲက ဘယ်သူကတော့ဖြင့် ဘယ်လိုချမ်းသာနေပြီ စသဖြင့်ပေါ့။

◾️ခုခေတ်ကျ ဆိုရှယ်မီဒီယာတွေ ပေါ်လာတော့ ပိုဆိုးသွားတယ်။ အသေးစိတ်ကအစ အကုန်သိနေတဲ့အပြင် ဘေးအိမ်လောက်၊ ကိုယ့်အမျိုးထဲလောက် မဟုတ်တော့ဘဲ လူပေါင်းများစွာရဲ့ အကြောင်းတွေ သိခွင့်ရလာတယ်။ ဒီအခါ နှိုင်းယှဉ်မှုက ပိုဆိုးတယ်။

အဲဒီမှာမှ ကိုယ့်မှာ အဆင်မပြေမှုတစ်ခု၊ အားနည်းချက်တစ်ခု ရှိနေရင်၊ အခက်အခဲ ဒုက္ခတွေ ဖြစ်နေရင် ပိုပြီး ပြဿနာပေးတယ်။ ဘယ်သူမဆိုလေ ကိုယ်စိတ်ဆင်းရဲနေတဲ့အချိန်ဆို ငါတစ်ယောက်တည်း ဒီလိုဖြစ်နေတာ ဆိုတဲ့အတွေး ဝင်တတ်ကြတယ်မို့လား။ တခြားသူတွေလည်း ကိုယ့်လိုပဲ ဖြစ်နေတာဆို နည်းနည်းတော်သွားသေးတယ်။ ခုကျ ကိုယ်တစ်ယောက်တည်း ကွက်ပြီး ဒုက္ခရောက်။ ကျန်တဲ့သူတွေက အဆင်ပြေသလို မြင်နေရတဲ့အခါ ပိုဆိုးတာပေါ့။

◾️အဲဒီသိမ်ငယ်စိတ်ကနေမှ အတွင်းနဲ့ အပြင်ကို ပျံ့သွားတယ်။ အတွင်းဆိုတာက ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတာပေါ့။ အသုံးမကျဘူး ထင်လာတယ်။ Self-esteem ကျဆင်းလာတယ်။ ကိုယ့်ဘဝကိုယ် အားမရတော့ဘူး။ နေရတာ မပျော်တော့ဘူး။

အပြင်ကိုတော့ မနာလိုစိတ်အဖြစ်နဲ့ ထွက်လာတယ်။ လောကအပေါ် အချဉ်ပေါက်လာတယ်။ အမုန်းစကားတွေ ပြောထွက်လာတယ်။

ဒါကြောင့် သတိထားသင့်တဲ့ ပြဿနာတစ်ခု ဖြစ်တယ်။ ကိုယ်တိုင်တောင် မသိဘဲ လောင်မြှိုက်နေစေတာပေါ့။

◾️အထူးသဖြင့် ခုလိုမျိုး ကိုယ့်ရဲ့ ယုံကြည်ချက်ကြောင့် အလုပ်တွေ စွန့်လွှတ်၊ အနာဂတ်တွေ စတေးထားရတဲ့ ကာလမှာဆို အဲဒီစိတ်က အတော်ဒုက္ခပေးတယ်။

ကိုယ့်ရွေးချယ်မှုကြောင့် ကလေးတွေပါ ကျောင်းမတက်ရ ဖြစ်နေတယ်။ အဲဒီအချိန်မှာ တခြားကလေးလေးတွေ ကျောင်းတက်တာ မြင်ရတာမျိုး။

ကိုယ်က အလုပ်မရှိ ဖြစ်နေတယ်။ အဲဒီအချိန် ကိုယ်နဲ့ သက်တူရွယ်တူ ပညာအရည်အချင်းတူတဲ့သူတွေက အောင်မြင်နေတာ၊ ငွေဝင်နေတာ မြင်ရတဲ့အခါမျိုး။

ကိုယ့်ရဲ့ ရပ်တည်ချက်ကြောင့် အနုပညာတွေ ဖန်တီးခွင့် မရနေတဲ့အချိန်မှာ တခြားအနုပညာရှင်တွေကို လူတွေက ဝိုင်းအားပေးနေတဲ့အချိန်မျိုး။

ဒီလိုအခြေအနေတွေမှာ စိတ်ကို တည်ငြိမ်အောင် ထားဖို့ဟာ အတော်ခက်တယ်။

ဆယ်ကျော်သက်တွေမှာလည်း ဒီအတိုင်းပဲ။ လူမှုကွန်ရက်ပေါ်က ပြင်ဆင်ထားတဲ့ ပုံတွေကို မြင်ပြီး သူတို့ရဲ့ ပုံပန်းသွင်ပြင်၊ ခန္ဓာကိုယ် အချိုးအစား၊ အသားအရေ စတာတွေအပေါ် သိမ်ငယ်နေတတ်ကြတယ်။

◾️တစ်ဖက်ကလည်း ဆိုရှယ်မီဒီယာ သုံးပါတယ်ဆိုမှ ပျော်စရာတွေပဲ တင်မှာပေါ့ ဆိုတာမျိုး တွေးကြတယ်။ မဟုတ်ရင် ကိုယ့်အပူ သူများပေးသလို ဖြစ်မယ်ပေါ့။ ဒါလည်း မှန်တာပဲ။

ကျွန်တော်ဆိုလည်း ဒီကာလမှာ စိတ်ဓါတ်ကျတာတွေ တင်မှမတင်ဖြစ်တာ။ ကျွန်တော့်စာတွေ ဖတ်လိုက်ရင် အမြဲကို အပြုသဘောဆောင်ပြီး အဆင်ပြေနေတာပဲ ဖတ်ကြရမယ်။ ဘာလို့ဆိုတော့ ငါက အရင်ပြိုလဲနေရင် ငါ့စာတွေ ဖတ်ပြီး အားယူနေရတဲ့ တခြားလူတွေပါ စိတ်ဓါတ်ကျကုန်ကြမယ်ပေါ့။

သို့သော် ခုပြောတဲ့ ရှုထောင့်ကနေ ပြောင်းပြန်စဉ်းစားရင်ကျ ဆရာဖြိုး ကြည့်ရတာတော့ အေးဆေးပဲ၊ ငါတို့ပဲ ဒုက္ခရောက်နေတာ ဖြစ်မယ် ဆိုတဲ့ အတွေးလည်း ဝင်နိုင်တာပဲ။

ဒါကြောင့်မို့ ရံဖန်ရံခါတော့ ကျွန်တော်လည်း အဆင်မပြေကြောင်း၊ ခက်ခဲနေကြောင်းတွေ ရင်ဖွင့်ဖြစ်တယ်။ စာတွေထဲ ထည့်ရေးဖြစ်လာတယ်။

◾️ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ဖူးတာလေး သဘောကျမိတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ Regular life နဲ့ သူများဘဝရဲ့ Highlights တွေကို သွားတိုင်းနေမိကြတာတဲ့။

ဟုတ်တယ်လေ။ ကိုယ့်ဘဝဆို​တော့ အစအဆုံး သိနေတာကိုး။ သူများဘဝကျ ဒီလူမှုကွန်ရက်ပေါ် မြင်ရသလောက်လေးပဲ သိခွင့်ရတာလေ။

ဥပမာဆို သိန်းတစ်သောင်းနဲ့ တင်တောင်းတာသာ မြင်တာ။ သူတို့အိမ်ထောင်ရေး အဆင်ပြေမပြေကျ ကိုယ်မှ မသိနိုင်တာ။ Anniversary နေ့မို့ ပန်းစည်းရတာသာ ပို့စ်တင်ထားတာ။ တစ်နေ့တစ်နေ့ ဘယ်လိုတွေ ရန်ဖြစ်နေကြရတယ် ဆိုတာကျ ဘယ်သူမှ တက်မရေးကြဘူးလေ။ အိမ်ဝယ်လိုက်ပြီသာ ပြောတာ၊ အကြွေးဘယ်လောက်တင်နေလဲမှ မသိတာပဲကိုး။

◾️လူမှုကွန်ရက်မှာ ဘယ်လိုပို့စ်မျိုးတွေပဲ တင်ရမယ် ဆိုပြီး ကန့်သတ်လို့လည်း မရဘူးလေ။ အဓိကက ဒါကို သုံးနေတဲ့အချိန်မှာ သူများနဲ့ မနှိုင်းယှဉ်မိအောင်၊ အဲဒီလို နှိုင်းယှဉ်ပြီး မသိမ်ငယ်မိအောင်ပဲ သတိထားကြရမှာပါ။

ကိုယ်က ကိုယ်ဝန်ရလို့၊ ကလေးမွေးလို့ ပုံတင်ရင်တောင် ကိုယ်ဝန်မရနိုင်တဲ့သူ၊ ကလေးမရနိုင်တဲ့ စုံတွဲရဲ့ စိတ်မှာ အနည်းနဲ့အများတော့ သိမ်ငယ်စိတ် ဖြစ်မှာပဲ။ ပြောမယ်ဆို မကုန်နိုင်ဘူး။

ဒါကြောင့် တတ်နိုင်သမျှ ကိုယ့်အနေနဲ့လည်း မလိုအပ်ဘဲ ကြွားတာဝါတာ လျှော့။ အဲဒါ သူတစ်ပါးကို တကယ်ကူညီရာ ရောက်တယ်။ သိမ်ငယ်စိတ်၊ မနာလိုစိတ် ဖြစ်တာတွေ နည်းသွားစေတယ်။ မနာလိုစိတ်ကို ဘယ်လိုစီမံရမယ်၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို ဘယ်လိုမြှင့်တင်ရမယ် သင်ကြားမခံထားရတဲ့ လူ့အဖွဲ့အစည်း၊ ဆင်းရဲချမ်းသာ ကွာဟလွန်းတဲ့ နိုင်ငံ၊ တကယ့်ကို Parallel universe ကြီး ဖြစ်​နေတဲ့ တိုင်းပြည်မှာ တစ်ယောက်စီက အဲ့ဒီလို ဆင်ခြင်နိုင်ကြရင် ပိုကောင်းမယ်။

ကိုယ်အဆင်မပြေနေတာ၊ ခက်ခဲနေတာတွေလည်း မကြာခဏ မျှဝေပေး။ ကိုယ်လည်း ဟန်ဆောင်ရတာ သက်သာတယ်။ ဒါက သူများကို အပူပေးတာလည်း မဟုတ်ဘူး။ မယုံ လိုက်မေးကြည့်။ သူတို့တွေ အားတက်သွားကြမှာ။ ငါတို့ချည်းပဲ ဒုက္ခရောက်နေတာ မဟုတ်ပါလား ဆိုပြီး။

◾️အရေးကြီးဆုံးကတော့ သူများနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် မသိမ်ငယ်မိအောင် ကြိုးစားဖို့ပဲ။

ကိုယ့်ဘဝမှာ လက်ဆုပ်လက်ကိုင် ပြစရာ ဘာ​အောင်မြင်မှုမှ မရှိရင်၊ ကိုယ်ကလည်း ဘယ်နေရာမှာမှကို အသုံးမကျရင်တော့ အဲဒါကို ပြင်ဆင်ရမှာပေါ့။

သို့သော် အများစု ဖြစ်နေတာက အဲဒီလို မဟုတ်ဘူး။ ကိုယ့်မှာ ရှိတာကိုကျ လျှော့တွက်ပြီး သူများကိုကျ ပိုတွက်နေမိတာပဲ။ သူများ​တွေမှာပဲ ရှိ​နေပြီး ကိုယ့်မှာကျ ဘာမှမရှိဘူး ထင်​နေကြတာ။

ဒါကြောင့် ကိုယ့်တန်ဖိုးကိုယ်၊ ကိုယ့်အရည်အချင်းကိုယ် သိဖို့ အရေးကြီးတယ်။ အသိအမှတ် ပြုတတ်ဖို့ လိုမယ်။

ဖြစ်နိုင်ရင်လည်း ဆိုရှယ်မီဒီယာ လျှော့သုံး၊ လိုသလောက်ပဲ သုံး။ သုံးတဲ့အခါမှာလည်း သတိလေးနဲ့ သုံး။ ကိုယ့်ရဲ့ Regular life နဲ့ သူများဘဝရဲ့ Highlights တွေကို သွားမနှိုင်းမိစေနဲ့။

◾️နောက်ဆုံးတစ်ချက်ကတော့ မအားအောင်လည်း ​နေပါ။ အားတာနဲ့ အတွေးပေါင်းစုံ ဝင်လာမယ်။ ဆိုရှယ်မီဒီယာမှာ အချိန်တွေ အများကြီး သုံးမိလာမယ်။ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူး ထင်လာမယ်။

ဒီအတွက် တစ်ခုခု လုပ်နေခြင်း၊ သင်ယူနေခြင်း၊ လေ့ကျင့်နေခြင်း၊ ဖန်တီးအားထုတ်နေခြင်းဟာ စိတ်ကို စုစည်းမှု ရစေသလို ကိုယ့်ကိုယ်ကိုယ် လေးစားမှု မြင့်တက်စေပြီး သိမ်ငယ်စိတ်ကို လျော့ကျစေတဲ့ အလေ့အကျင့်ကောင်း ဖြစ်တယ်ဆိုတာ သတိရစေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁.၆.၂၀၂၃

Photo credit - Pixabay

Photos from AricLann-peachy's post 04/06/2023

ရှိ

Photos from Shwe's Paradise - Glow Care & Cosmetics Collections's post 16/05/2023

‼️ပိပိMask 🙈 မဟုတ်တဲ့ Coffee Mask‼️

JM solution က နာမည်ကြီး The natural coffee mask😁

🤎 တစ်ချပ် ~ 2,000 ပါ

Coffee နဲ့ထုတ်တဲ့ Mask လေးမလို့ Caffine ဓာတ်ပါပီး
နေလောင်တာ အသားအရေညစ်နေတာတွေအတွက် ကောင်းပါတယ်

Watery Type Texture လေးနဲ့ Coffee အနံ့သင်းသင်းလေး မို့ ကပ်ရတာ Fresh ဖြစ်စေပီး Calming Effect လည်းပါလို့ အဆီဖုဝက်ခြံကြောင့် အသားအရေ နီရဲရောင်းရမ်းတာတွေ
သက်သာပျောက်ကင်းစေပါတယ် ရေဓာတ်လည်း ဖြည့်ပေးနိုင်လို့
တချပ်ကပ်ပီးတာနဲ့ အသားအရေကို Moisture အပြည့်အဝ
ရစေပါတယ် အသားလေး ကြည်ထွက်စေမယ့် Maskလေးပါ

Normal Skin,Oily Skin & Combination Skin အတွက်
သင့်တော်ပါတယ်
********
Shwe’s Paradise💕 မှာ
စျေးနှုန်းသက်သာမဲ့Deli service &
ထောက်ကြန့်နဲ့အရမ်းမဝေးရင် free
မင်မင်က ပို့ပေးမယ့်အခွင့်ရေး ရရှိမှာ ဖြစ်ပါတယ်😇
နယ်ကCustomerတွေအတွက်လည်းကားဂိတ်တင်၊အိမ်အရောက်ဖြင့်တစ်နိုင်ငံလုံးပို့ဆောင်ပေးနေပါပြီ။
📲
K Pay
Percent% မယူပဲလည်းလက်ခံပေးပါတယ်ရှင့်
☎ 09740918378

Photos from Shwe's Paradise - Glow Care & Cosmetics Collections's post 16/05/2023

💦 𝐋𝐞𝐛𝐞𝐥𝐚𝐠𝐞 𝐌𝐨𝐢𝐬𝐭𝐮𝐫𝐞 𝐒𝐨𝐨𝐭𝐡𝐢𝐧𝐠 𝐆𝐞𝐥 100 𝐦𝐥 💦
Gelအကိတ်ဘူးလေးတွေလည်းရှိ✨

🌟 Gel type ဖြစ်လို့ လိမ်းလိုက်ရင် အေးအေးလေးနဲ့ စေးကပ်မှုမရှိ စိမ့်ဝင်လွယ်စေပါတယ်။ Cream Moisturizer တွေလို ပူအိုက်စေးကပ်မနေဘဲ မျက်နှာအဆီပြန်ခြင်းလည်း မရှိဘူးနော်။

Charcol 🖤 - အဆီပြန် ဆားဝက်ခြံများကိုသက်သာစေပါတယ် ချွေးပေါက်ကျယ်တာကိုလည်းသက်သာစေပါတယ် အနံ့လည်းမွှေးမွှေးလေးနော်

Cica 💚 - ဝက်ခြံ အဆီဘု များကိုသက်သာစေပါတယ် ဝက်ခြံကြောင့်အသားနီတာ ကိုလည်း သက်သာစေပါတယ် Sensitive skin ကအစ အဆင်ပြေတယ်နော်

👉Colour free
👉Paraben free
👉Oil free
👉Mineral free

💯 % Authentic
********
Shwe’s Paradise💕 မှာ
စျေးနှုန်းသက်သာမဲ့Deli service &
ထောက်ကြန့်နဲ့အရမ်းမဝေးရင် free
မင်မင်က ပို့ပေးမယ့်အခွင့်ရေး ရရှိမှာ ဖြစ်ပါတယ်😇
နယ်ကCustomerတွေအတွက်လည်းကားဂိတ်တင်၊အိမ်အရောက်ဖြင့်တစ်နိုင်ငံလုံးပို့ဆောင်ပေးနေပါပြီ။
📲
K Pay
Percent% မယူပဲလည်းလက်ခံပေးပါတယ်ရှင့်
☎ 09740918378

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Htaukkyant
Yangon