Golden Grail

Golden Grail

Share

Selling Health, beauty, cosmetic and personal care products

08/02/2022

3ပတ်ခန့် အတွင်း အိုမီခရွန် တနိုင်ငံလုံး ပျံ့နှံ့မှုကြီးနိုင်ကြောင်း
ကျန်းမာရေးပညာရှင်အချို့နှင့် ဆရာဝန်ကြီးများ သတိပေး….
……………………………………………………

ကိုဗစ်ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ပျံ့နှံ့မှုကြီးမားပြီး မြန်မာနိုင်ငံမှာ ၃ ပတ်အတွင်းပြန့်နှံ့လာနိုင်ပြီးး အရင်လိုလော့ဒေါင်းတွေ ထပ်ချ‌ကောင်းချရနိုင်တယ်လို့ ဆရာဝန်ကြီးတချို့က မှတ်ချက်ပေးပါတယ်။

ရန်ကုန်မြို့ပေါ်က ပန်းလှိုင်ဆေးရုံနဲ့ အာရှတော်ဝင်ဆေးရုံတို့မှာ ကိုဗစ်လူနာတွေကပြည့်နေပြီး အိုမီခရွန် ကူးစက်မှုနှုန်းများပြားနေတယ်လို့ ရန်ကုန်မြို့နေ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောပါတယ်။

‘လွန်ခဲ့တဲ့ နှစ်ပတ်ကက ခရီးသွားပြန်လာတဲ့သူတွေအတော် များများနှာစေးချောင်းဆိုး-ဖျားတာ ဖြစ်တယ်’လို့ သူက ပြောပါတယ်။

လက်ရှိမှာ တာမွေမြို့နယ်အတွင်း ကိုဗစ်ကူးစက်မှုအဖြစ်များနေတယ်လို့လည်း သိရပါတယ်။

‘အခုက လူငယ်တွေအဖြစ်များနေတာ။လူကြီးတွေသိပ်မကူးသေးဘူး။သေတဲ့နှုန်းကတော့ အခုမှ စတာမို့ ’လို့ အထွေထွေရောဂါကုဆရာဝန်ကပြောပါတယ်။

ဖေဖေါ်ဝါရီ ၃ ရက်နေ့ ည ၈ နာရီ ကနေ ဖေဖေါ်ဝါရီ ၄ ရက်နေ့ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၃,၈၂၅) ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၁၉) ဦး တွေ့ရှိခဲ့ကြောင်း။

ဒါ့ကြောင့် ဒီနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၄၆၉,၇၂၄) ခုကို စစ်ဆေးခဲ့ပြီး အတည်ပြုလူနာပေါင်း (၅၃၇,၂၂၃) ဦး ရှိပြီဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာ ကိုဗစ်ရောဂါနဲ့ ထပ်မံသေဆုံးသူ မရှိ တဲ့အတွက် ဒီနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၃၁၀) ဦးရှိကြောင်း ကျကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#အိုမီခရွန်

Crd

Photos from Ai Shu's post 04/02/2022
30/01/2022

ခြေအိတ်စွပ်လျက် ည အိပ်တာ ကောင်းလား

ငယ်ငယ်က တောင်ကြီး တခေါက်ရောက်တော့ နယ်ခံ လူကြီးက ညဘက် ခြေအိတ်စွပ်မအိပ်နဲ့ မျက်စိထိခိုက်တတ်တယ်လို့ပြောပါတယ်။

အသက်ငယ်သေးလို့ အအေးဒါဏ် ခံနိုင်တာက တစ်ကြောင်း၊ ခြေအိတ်စွပ်လေ့မရှိတာက
တစ်ကြောင်း အထူးတလည်ရှောင်စရာ မရှိခဲ့ပါ။

ဒါပေမယ့် အေးတဲ့ဒေသမှာ ညဘက် ခြေအိတ် စွပ် မအိပ်ရဘူး ဆိုတဲ့သတိပေးစကားကို အမှတ် အသား ပြုလာခဲ့ပါတယ်။

အသက်ကြီးတဲ့ အခါကျတော့လည်း ခြေအိပ်စွပ်တတ်တဲ့ အလေ့အကျင့် မရှိတာကြောင့် ...

ဆောင်းရာသီ ရောက်လည်း အနွေးထည် ထူထူဝတ် စောင် လုံအောင်ခြုံ ဒီလိုနဲ့ပဲ ည အအေး ကို အံတုခဲ့တာကြာလှပါပြီ။

တစ်နေ့က အသက် ၈၅ နှစ် ရှိတဲ့လူနာ တစ်ယောက် ခြေကျင်းဝတ် ယားလွန်းလို့ ကပ်ကျေးနဲ့ ခြစ်ပစ်တာ အသားတွေ ပွန်းပဲ့ ရောင်ရမ်းကုန်လို့ ဆေးခန်း ရောက်လာပါတယ်။

လူနာက သူ့အနာ ဒါဏ်ရာတွေ ပြမယ်ဆိုပြီး ခြေထောက် ခုတင်ပေါ် တင်လိုက်တော့ ခြေအိတ်စွပ်ထားတာ သတိပြုမိတယ်။

ညအိပ်တဲ့အခါ ခြေအိတ် စွပ်အိတ်သလား မေးတဲ့အခါ စွပ်အိပ်တယ်တဲ့ -

ခြေအိတ် စွပ်ခြင်းနဲ့ ပတ်သက်တဲ့ ငယ်ငယ်က အသိက စိတ်ထဲမှာ ပြူထွက် လာတယ်။

အသက် ၈၅ နှစ် လူကြီး တစ်ယောက် အရွယ်နဲ့ မမျှ သန်သန် မာမာ ရှိနေတာကို သဘောကျ နေတာ ဆိုတော့..

ခြေအိတ် စွပ်အိပ်တဲ့ အလေ့အကျင့်ကြောင့် မျက်စိများ ထိခိုက်သွားခဲ့သော် ဆိုတဲ့ စိုးရိမ် ပူပန်မူက စိတ်ထဲရောက်လာပါတယ်။

ညဘက် ခြေအိတ် စွပ်အိပ်ခြင်းက အန္တရာယ် ကင်း မကင်းသိချင် လာပါတယ်။

အင်တာနက်က ကျန်းမာရေး ဆိုက်တွေထဲ လိုက်ရှာကြည့်
တော့ တွေ့ပါတယ်။

အပြစ်ရယ်လို ဖော်ပြတာ မတွေ့ရပဲ ကောင်းကျိုး တွေ ဖော်ပြတာပဲ တွေ့ရပါတယ်။

● မြန်မြန် အိပ်ပျော်စေတယ်

● လေ့လာမူများအရ ခြေအိတ်စွပ်လျှက် အိပ်ခြင်းက အိပ်ပျော်ဖို့ အထောက်အကူပြုတာ တွေ့ရပါတယ်။

●အိပ်ရာထဲ ခြေအိတ် စွပ်လျှက် အိပ်ရင် ပူလှောင် နေလိမ့်မည်ဟု ထင်စရာရှိပါသည်။

● အမှန်က ဒီလို ခြေအိတ် စွပ်ထားခြင်းက ကိုယ်တွင်း အပူချိန် ထိန်းသိမ်းမူကို အထောက်အကူ ပြုတာ တွေ့ရပါသည်။

●၂၀၀၇ ခုနှစ်က စမ်းသပ်မူ တစ်ခုက ရိုးရိုးခြေအိတ် စွပ်ထားသည် ဖြစ်ဖြစ် , အပူပေးထားတဲ့ခြေအိတ် စွပ်ထားသည်ဖြစ်စေ လျှင်မြန်စွာအိပ်ပျော်စေတာကိုတွေ့ရှိခဲ့ပါတယ်။

■ရှင်းပြချက် •••

●ကိုယ်တွင်း အပူ ဓာတ်က ညဖက်မှာ ကျဆင်းသွားပါတယ်
မနက် ၄ နာရီ လောက်မှာ အနိမ့်ဆုံးကို ရောက်ရှိပါတယ်။

●ပုံမှန် ကိုယ်အပူချိန်က 98.6F ဖာရင်ဟိုက် ဖြစ်ပါတယ်
၂၄ နာရီတလျှောက်မှာ ၁. ၂ ဒီဂရီ အပြောင်းအလဲရှိပါတယ်။

●ခြေအိတ်စွပ်ထားလို့ ခြေထောက် နွေးလာခြင်းက သွေးကြော များ ကျယ်လာစေပါတယ်။

သွေးကြောကျယ်လာပြီး အရေပြားမှတဆင့် အပူစွန့်ထုတ်ပါတယ် - အရေပြား ပူနွေး လာပါတယ်။

● ဒီနည်းနဲ့ ခန္ဓာကိုယ်တွင်း အပူချိန်..
core body temperature ကျဆင်းစေပါတယ်

●အပူချိန် ကျဆင်းခြင်းက ဦးနှောက်ကို ည အချိန်ရောက်ပြီလို့သတင်း ပို့ပါတယ်။
အရေပြား ပူနွေး လာခြင်းက မြန်မြန် အိပ်စေပါတယ်။

●လူ ခန္ဓာမှာ ဇီဝနာရီ biological clock ရှိပါတယ်

ကိုယ်တွင်း အပူချိန် core body temperature ကbiological clock နဲ့ ဆက်စပ်ပါတယ်။

၄င်းတို့ရဲ့ စည်းချက်ကျ လုပ်ဆောင်မူကို circadian rhythm လို့ခေါ်ပါတယ်။

circadian rhythm က အိပ်ချိန်ကို သတ်မှတ်ပါတယ်။
သူ့ကြောင့် လူဟာ ညရောက်လျှင် အိပ်ချင်ပြီး , မနက်ကျနိုးလာတာ ဖြစ်ပါတယ်။

● ကိုယ်အပူချိန်က မနက်ကစပြီး တဖြည့်ဖြည်းတက်လာတာနေ့လည် နောက်ပိုင်းအချိန်မှာ အမြင့်ဆုံး ရောက်လာပါတယ် -

ဒီ အချိန်တွေမှာ လူက နိုးကြားပြီး ဖျတ်လတ်နေပါတယ်။

● လူ အိပ်သွားပြီ ဆိုလျှင် ကိုယ်အပူချိန် ၁.၂ ဒီဂရီ လောက်ကျဆင်းသွားပါပြီ ..
ဒါဟာ ကိုယ်တွင်းအင်္ဂါတွေ အတွက် အပူကို ထိန်းသိမ်းထားလိုက်လို့ ဖြစ်ပါတယ်။

● ခြေအိတ်စွပ်ပြီး အိပ်တဲ့အခါ ဒီ အပူ ထိန်းခြင်းအတွက် အထောက်အကူ ဖြစ်စေပါတယ်။

■ ရေးနော့လက္ခဏာ လျော့ပါးစေတယ်
( Reducing Raynaud's Symptoms )

အလွန်အေးတဲ့အခါ အလွန်ဖိစီးနေတဲ့အခါ ခြေဖျားလက်ဖျားမှာ သွေးကြောတွေ ကျဉ်းကုန်ပြီး သွေးလျှောက် နည်းသွားလို့ ခြေ လက်တွေ ပြာလာပြီး ထုံ ကျဉ် လာတာကို ရေနောရောဂါ ရခြင်း လို့ခေါ်ပါတယ်။

ခြေအိတ် စွပ်အိပ်မယ်ဆိုရင် ဒီလို ရေနော လက္ခဏာ ခံစား ရမူ လျော့စေမှာ ဖြစ်ပါတယ်။

■ အပူပြန်ခြင်းကို ကာကွယ်ပါတယ်( Preventing hot flushes )

●သွေးဆုံးချိန်မှာအမျိုးသမီးများက ချွေးထွက်လွန်ခြင်း ရင်တုန်ခြင်းနဲ့အတူမျက်နှာမှာ အပူတွေထွက်နေတတ်ပါတယ် ၊ ခြေအိတ် စွပ်ပေးခြင်းက ကာကွယ်ပါတယ်။

● လိင်အတွက်ကောင်းတယ်
better s*x popular news story from 2005 အရ အိပ်ချိန်မှာ ခြေအိတ် စွပ်အိတ်တဲ့ စုံတွဲတွေမှာ လိင်ဆက်ဆံမူ ပိုမိုပြီးမြောက်စေကြောင်း တွေ့ခဲ့ရပါတယ်။

ခြေအိတ်စွပ် အိပ်ခြင်းကြောင့် ခြေဖနောင့်ကွဲတာကို သက်သာစေတယ် ။

• ခြေအိတ်က ချောင်ချောင်လည်လည် ဖြစ်ဖို့ လိုပါတယ်။
ချောင်လည်တာ ရွေးချယ် ဝယ်သင့်ပါတယ်။

ခြေအိတ်က တင်းကျပ်နေရင် သွေးလျောက်ခြင်းကိုအနှောက်အရှက် ဖြစ်စေပါတယ်
ထူထဲ နွေးထွေးတဲ့ ခြေအိတ်မှန်သမျှအသုံးပြုနိုင်ပါတယ်။

credit - ဒေါက်တာမြင့်သိန်း

Photos from Golden Grail's post 17/01/2022

Sharing
Collagen အကြောင်းသိကောင်းစရာ

Collagen တွေ အသုံးများလာတာလေးတွေ့လို့ Collagen အကြောင်း သိသလောက်လေးမျှဝေပေးချင်လို့ပါ။ ပထမဆုံး အနေနဲ့ အခုရေးမယ့် အကြောင်းအရာ အားလုံးဟာ အမှန်တွေချည်းပဲ လို့မဆိုလိုပါဘူး၊ အခြားသူများအတွက် စီးပွားရေးအရ ကြေငြာပေးခြင်းမဟုတ်သလို ထိခိုက်အောင် ပြုလုပ်လိုခြင်းလည်း မရှိပါ။ ဖတ်မိသမျှထဲက မှတ်မိသလောက်ကို ပြန်လည်မျှဝေခြင်းသာ ဖြစ်ကြောင်း စကား ပလ္လင်ခံလိုပါတယ်။

1) Collagen ဘာလဲ?
Collagen က ပရိုတင်းတမျိုးပါ။ လူ့ကိုယ်ခန္ဓာမှာ ရှိသမျှ ပရိုတင်းအားလုံးရဲ့ သုံးပုံ တစ်ပုံဟာ Collagen ပရိုတင်းပါ။ Collagen ဟာ အမိုင်နိုအက်စစ် (Amino Acid) ကို အခြေခံထားတဲ့ ပရိုတင်းတမျိုးပါ။ ဆေးပညာအရဆိုရင် Collagen အမျိုးအစားပေါင်း အနည်းဆုံ ၁၆မျိုးရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအထဲက 90 % လောက်က Collagen Type 1, type 2 နဲ့ type 3ပါ။

Type 1 Collagen
Type 1 collagen က အဓိကအားဖြင့် အရေပြား၊ အရိုး၊ အရွတ် တို့မှာ တွေ့နိုင်ပါတယ်။ Type 1 Collagen ဟာ လူ့ကိုယ်ခန္ဓာရဲ့ အဲ့ဒီအစိတ်အပိုင်းတွေကို ဖွဲ့စည်းပေးထားတဲ့ အခြေခံ ကျောရိုးလိုပါပဲ။ Type 1 Collagen တွေဟာ တခုနဲ့တခု သိပ်သည်းစွာချတ်ဆက် ဖွဲ့စည်းထားပြီး Steel ထက်တောင် သန်မာတယ်လို့ ဆိုကြပါတယ်။

Type 2 Collagen
Type 2 Collagen ကိုတော့ အရိုးတခုနဲ့တခုကြား မှာရှိတဲ့ အရွတ်မှာတွေ့နိုင်ပါတယ်။ သူ့ရဲ့ အဓိကအလုပ်ကတော့ အရိုးတခုနဲ့တခု ပွတ်တိုက်မှုမရှိပဲ ချောမွေ့စွာ လှုပ်ရှားနိုင်စေဖို့ပါ( ဥပမာ လက်ကောက်ဝတ်၊ ဒူး)။

Type 3 Collagen
Type 3 Collagen ကတော့ ကြွက်သား၊ သွေးကြောနဲ့ အူလမ်းကြောင်းလို အခေါင်းပေါက်ပါတဲ့ ကလီစာတွေကို တည်ဆောက်ပေးထားတဲ့ အဓိက ကျောရိုးပါ။

2) Collagen က ဘယ်လိုအကျိုးရှိလဲ?
လူ့ကိုယ်ထဲမှာ Collagen တွေဟာ နေ့စဥ် အချိန်နဲ့အမျှ အကြောင်းအမျိုးမျိုးကြောင့် ပြိုကွဲပျက်စီးပါတယ်။ အချိန်နဲ့အမျှလည်း ပြန်လည်ထုပ်လုပ်တည်ဆောက်နေတာပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ Collagen ဟာ အရိုး၊ အရေပြား၊ သွေးကြောတွေတည်ဆောက်မှုအတွက် အဓိကလိုအပ်တဲ့ Protein ဖြစ်တဲ့အတွက် နေ့စဥ်လိုအပ်နေတာပါ။

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း Collagen ထုပ်လုပ်နိုင်စွမ်းဟာလည်း ကျဆင်းလာပါတယ်။ ဥပမာ Type 1 Collagen ဟာ အရေပြား တည်ဆောက်မှုမှာ အဓိကလိုအပ်တဲ့ အရာဖြစ်တယ်ဆိုတယ့်အတိုင်း Type 1 Collagen ထုပ်လုပ်မှု ကျဆင်းလာတာနဲ့အမျှ အရေပြားကို ပြန်လည် မတည်ဆောက်နိုင်တော့တဲ့အခါ ကိုယ်ခန္ဓာမှာ အရေးအကြောင်းတွေပေါ်လာရတာပါ။

အလားတူပဲ Type 2 Collagen ကို လိုအပ်သလောက် ပြန်လည်မရရှိတဲ့အခါ အဆစ်အမြစ်တွေက လှုပ်လိုက်တိုင်း နာကျင်လာပါမယ်။ Type 3 Collagen လျော့နည်းလာရင် အူလမ်းကြောင်း၊ သွေးကြော၊ နဲ့ အခြားကိုယ်တွင်း အဂ်ါတွေကို ပြန်လည် ပြုပြင်နိုင်စွမ်း လျော့ကျလာပါတယ်။

ဒါကြောင့်လည်း Collagen ကို ပြင်ပ ဖြည့်စွက်စာအနေနဲ့ သောက်သုံးတဲ့အခါ အရေပြား၊ အရိုးအဆစ် နဲ့ ကိုယ်တွင်းအဂ်ါတွေကို ပိုမိုကျန်းမာကောင်းမွန်စေနိုင်ပါတယ်။

ဒါဆိုရင် Collagen သောက်တာနဲ့ အရာအားလုံးကောင်းသွားပြီလားဆိုတော့ အဖြေက မဟုတ်ပါဘူးလို့ပဲ ပြောရမှာပါ။ Collagen က အခြေခံလိုအပ်ချက်ပါ။ ကိုယ်ခန္ဓာကို အဆောက်အဦး တခုအနေနဲ့ ဥပမာထားပြီးပြောရရင် Collagen က တိုက်တခုရဲ့ Foundation နဲ့ အကြမ်းထည်လိုပါပဲ။ Collagen နဲ့ အခြားလိုအပ်တဲ့ Protein တွေ Cell တွေပေါင်းမှ ပြည့်စုံမှာပါ။

၃)Collagen ကို ပျက်စီးစေတဲ့ အကြောင်းအရာများ
Collagen ဟာ ကိုယ်ခန္ဓာထဲမှာ သဘာဝအတိုင်း နေ့စဥ် ပျက်စီးစေတယ်ဆိုပေမယ့် တချို့အရာတွေဟာ Collagen ဆုံးရှုံမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။

၁) သကြား (အချိုဓါတ်) အလွံအကျွံစားသုံးခြင်း
၂) ဆေးလိပ်သောက်သုံးခြင်း
၃) နေရောင် (ခရမ်းလွန်ရောင်ခြည် UV) နှင့် ပိုမိုထိတွေ့ခြင်း

၄)Collagen ထုပ်လုပ်မှုကို ပိုမိုကောင်းမွန်အောင် နေထိုင်ခြင်း
ကျန်းမာရေးနဲ့ပါတ်သက်လာရင် အရာအားလုံးရဲ့ အဖြေလို့ဆိုရမယ့်အတိုင်း စနစ်တကျ အချိန်မှန်စားသောက်ခြင်း၊ အိပ်ချိန်မှန်အောင် ဂရုစိုက်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းတို့ဟာ သဘာဝအတိုင်း ကိုယ်ထဲမှာ Collagen ထုပ်လုပ်မှုကို ပိုမို အားကောင်းစေပါတယ်။
ဒါ့အပြင်
ကြက်ဥအကာ (ကြက်ဥအခွံမဟုတ်ပါ)၊ ချိစ်၊ ဂေါ်ဖီထုပ်၊ ဘယ်ရီသီးမျာ (Blackberries, Blueberries, raspberries, strawberries) ၊ ချယ်ရီသီး၊ လိမ္မော်သီး၊ ငရုပ်သီး၊ ဘရိုကိုလီ၊ အခွံမာသီးများ စားသုံခြင်းဟာ Collagen ထုပ်လုပ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

၅)Collagen ကို အသုံးပြုလျှင် ဂရုစိုက်သင့်သည့် အချက်များ
အလှအပအတွက်ဖြစ်စေ ကျန်းမာရေးအတွက်ဖြစ်စေ Collagen ကို ဝယ်ယူအသုံးပြုတော့မယ်ဆို အောက်ပါအချက်လေးတွေကို ဂရုပြုစေလိုပါတယ်။

က)အရေးအကြီးဆုံး သတိထားဖို့ကတော့ Collagen ကို ထုပ်လုပ်ရောင်းချသူများဟာ အလှကုန်(Cosmetics)၊ သို့မဟုတ် ဖြည့်စွက်စာ (Supplements) အနေနဲ့ရောင်းချတာြဖစ်တယ်ဆိုတဲ့အချက်ပါ။ ဆေးအနေနဲ့ ရောင်းချတာ မဟုတ်တဲ့အတွက် ဒီကုန်ပစ္စည်းတွေဟာ တင်းကြပ်စွာ စစ်ဆေးခြင်း မခံရပါဘူး။ ဒါကြောင့် ထုပ်လုပ်တဲ့ ကုပ္မဏီက ဘယ်လိုပဲပြောပြော ဘူးခွံပေါ်မှာ ဘယ်လိုပဲရေးထားရေးထား အကုန်လုံ မမှန်ဘူးဆိုတာကို ခံယူထားဖို့လိုပါတယ်။ (ဆေးဝါးတွေအနေနဲ့ဆိုရင် FDA က သေချာတိကျစွာ စစ်ဆေးပြီးမှ ရောင်းခွင့်ရှိပါတယ်)

ခ) ကိုယ်က Collagen ကို ဘာအတွက် သုံးမှာလဲသိဖို့လိုပါတယ်။ အရေပြားအတွက်၊ အသားအရေလှပမှုအတွက်ဆို Type1 Collagen ကို လိုအပ်တယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ Type1 Collagen အတွက်ဆိုလည်း Marine Collagen ဖြစ်ဖို့လိုပါတယ် (ငါးလို ရေသတ္တဝါတွေကနေ ထုပ်လုပ်ထားတဲ့ Collagen)။
အဆစ်အမြစ်တွေကိုက်ခဲလို့ ကျန်းမာရေးအတွက် Collagen အသုံးပြုမယ်ဆိုရင်တော့ Type2 Collagen ကို သုံးဖို့လိုပါတယ်။

ဂ) အချို့ လိမ်းခြယ်အသုံးပြုရတဲ့ အလှကုန်တွေမှာ Collagen ပါဝင်လို့ အရေပြားလှပစေတယ်ဆိုပြီး ကြေငြာတာ တွေ့နိုင်ပါတယ်။ ဆေးပညာအရေတော့ ဒါဟာ မှားနေတယ်လို့ပြောပါတယ်။ Collagen compound ဟာ လူ့အရေပြားက မစုပ်ယူနိုင်လောက်အောင်ကြီးတဲ့အတွက်ပါ။ အဲ့ဒီအလှကုန်တွေအသုံးပြုလို့ အရေပြား တကယ်ကို ကောင်းမွန်လှပလာတယ်ဆိုရင်တောင် ဒါဟာ Collagen ကြောင့်မဟုတ်ဘဲ အခြားပါဝင် ပစ္စည်းတွေကြောင့်ပါ။

Written By Golden Grail Online Shop

လွတ်လပ်စွာ ကူးယူနိုင်ပါတယ်။ Golden Grail Online shop.
Please share the original post if possible. Thanks.
ref: www . healthline.com/nutrition/collagen
www . medicalnewstoday.com/articles/262881
https : //nakednutrition.com/blogs/protein/difference-between-type-1-2-3-collagen
https : //naturalforce.com/blogs/nutrition/collagen-differences-types-1-2-3

sharing

Photos from Golden Grail's post 10/01/2022

အိမ်က ဝုလေးတွေအတွက် သတင်းကောင်းလေးမျှဝေပေးပါရစေ။

ပစ္စည်းပြတ်သွားတဲ့ Pet Probiotic လေးတွေပစ္စည်းပြန်ရောက်ပါပြီဆိုတဲ့အကြောင်းလေးပါ။

PetNaturals of vermont က ထုပ်လုပ်ထားတဲ့ Made in USA စစ်စစ်မို့ အစားကောင်းဆိုမှ စားတဲ့ ဝုလေးတွေတောင် ကြိုက်ကြပါတယ်။

အခု ၁၆၀ ပါ တဗူးကို 40,000MMKပါ။ ၂၅ ပေါင်အလေးချိန်ရှိတဲ့ ဝုအတွက်ဆို တနေ့ကို တခုကျွေးရုံပဲဆိုတော့ ၅လကျော်ခံပါတယ်။ (အရွယ်ရောက် GR က 60-75 lb ရှိပါတယ်၊ ခန့်မှန်းပြီး နှိုင်းယှဥ်နိုင်အောင်ပါ)

စိတ်ဝင်စားလို့ မှာယူလိုပါက cb သို့ phone 09787115106 မှတဆင့် မှာယူလို့ရပါတယ်။
ပစ်စည်းက In stock ရှိပါတယ်
ရန်ကုန်မြို့တွင်း Cash on delivery နဲ့ မှာ လို့ရသလို Kpay လည်း လက်ခံပါတယ်။

friends supplement
Supplements
Probiotic

02/01/2022

Melatonin ဟာ လူတယောက်ရဲ့ အိပ်စက်/နိုးထချိန်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတမျိုးပါ။
ညမှောင်လာပြီး လူတယောက်ရဲ့ ပုံမှန်အိပ်ချိန်ရောက်ခါနီးဆိုရင် ဦးဏှောက်က ကိုယ်ခန္ဓာထဲမှာ Melatonin ထုပ်လုပ်ဖို့ စတင်အချက်ပေးပါတယ်။
အကြောင်းတစုံတရာကြောင့် အိပ်စက်မရသူတွေ (စိတ်ဖိစီးမှု၊ ခရီးသွားပြီး အိပ်ချိန်မမှန်တော့ခြင်း၊ ညဆိုင်းအလုပ်လုပ်သူများ) ကိုလေ့လာကြည့်ရာမှာ ကိုယ်ခန္ဓာမှာ Melatonin ထုပ်လုပ်မှုကျဆင်းနေတယ်ဆိုတာကို လေ့လာတွေ့ရှိနိုင်ပါတယ်။

Melatonin ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို လည်း အကျိုးပြုတယ်ဆိုပြီး ပြောကြပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အိပ်မရတဲ့သူတွေအတွက် လိုအပ်တယ်ဆိုရင် Golden Grail မှာ Now အမှတ်တံဆိပ် Melatonin ကို မှာယူလို့ရနိုင်ပါကြောင်း သတင်းကောင်းလေးပါရင်း အားလုံး နှစ်သစ်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာနိုင်ကြပါစေကြောင်း Golden Grail မိသားစုမှ ဆန္ဒပြုလိုက်ပါတယ်။

Now Melatonin 5mg (180 vegan capsules) : 30,000 kyats
(expiry : July.2025)

အသုံးပြုပုံ ။ အိပ်ယာမဝင်မီ တစ်နာရီခန့်ကြို၍ တနေ့တလုံးသောက်သုံးနိုင်ပါသည်။
(အရွယ်ရောက်ပြီးသူများအတွက် တရက်ကို Melatonin 8mg ကို ၆လထက်ပို၍ စွဲမြဲစွာ သောက်သုံးရန် မသင့်တော်ပါ)

သတိပြုရန်
• ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သောက်သုံးရန် မသင့်တော်ပါ။
• ရင်သွေးရရှိရန် ဆန္ဒရှိသူများ အသုံးပြုရန် မသင့်တော်ပါ။
• အရွယ်မရောက်သေးသူများသည် တရက်ကို 3mg ထက်ပို၍ မသောက်သုံးသင့်ပါ။
• အခြားဆေးဝါးမှီဝဲနေသူများ၊ အခြားရောဂါအခံရှိသူများ ဆရာဝန်ခွင့်ပြုချက်ဖြင့်သာ သုံးစွဲသင့်ပါသည်။

စိတ်ဝင်စားလို့ မှာယူလိုပါက cb သို့ phone 09787115106 မှတဆင့် မှာယူလို့ရပါတယ်။
ပစ်စည်းက In stock ရှိပါတယ်
ရန်ကုန်မြို့တွင်း Cash on delivery နဲ့ မှာ လို့ရသလို Kpay လည်း လက်ခံပါတယ်။


Supplement

27/12/2021

ကျန်းမာအောင်နေဖို့ဆိုအတွက်ဆို အိပ်ချိန်မှန်ကန်ဖို့ကလည်း အရေးကြီးလိုအပ်ချက်တွေထဲက တခုပါပဲ။ အခုလိုကာလမှာတော့ စိတ်ဖိစီးမှုကြောင့် အိပ်မပျော်တာတွေက လူအများကြုံတွေ့နေရတာပါ။ ကောင်းကောင်းလည်း အိပ်မပျော်ဘူး အိပ်ဆေးတွေလည်း မသောက်ချင်ဘူးဆိုရင် အိပ်စက်ခြင်းကို အထောက်အကူပေးနိုင်မယ့် ဖြည့်စွက်စာ Melatonin ကို သောက်သုံးနိုင်ပါတယ်။
Melatonin ဟာ အစာအိမ် အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် လူတယောက် အိပ်စက်/နိုးထ တဲ့ အချိန်ကိုလည်း ထိန်းညှိပေးပါတယ်။

Golden Grail မှာ MRM Nutrition (USA) က ထုပ်လုပ်ထားတဲ့
MRM Nutrition Melatonin 5mg (60 vegan capsules) : 10,000 kyats
(expiry: March.2024)

*တရက်ကို တလုံး မအိပ်ခင် သောက်သုံးနိုင်ပါသည်။
*၁၈နှစ်အောက်အရွယ်များ မသောက်သုံးသင့်ပါ။
*ဆေးသောက်သုံးပြီးနောက် ကားမောင်းခြင်း အခြား ယန္တရားများ မောင်းနှင်ခြင်းမပြုရ။
*အရက်နှင့်တွဲဖက်သောက်သုံးခြင်းမပြုရ။

စိတ်ဝင်စားလို့ မှာယူလိုပါက cb သို့ phone 09787115106 မှတဆင့် မှာယူလို့ရပါတယ်။
ပစ်စည်းက In stock ရှိပါတယ်
ရန်ကုန်မြို့တွင်း Cash on delivery နဲ့ မှာ လို့ရသလို Kpay လည်း လက်ခံပါတယ်။


Supplement

24/12/2021

Merry X’ Max 🌲🎅🏻🎁❤️

20/12/2021

Vitamin C ဟာ အားလုံးသိပြီးဖြစ်တဲ့အတိုင်း လူ့ရဲ့ ရောဂါကာကွယ်နိုင်စွမ်း (Immune System)
အတွက် အရေးအပါဆုံး Vitamin တွေထဲက တခုပါ။ ဒါ့အပြင် Vitamin C ရဲ့ အခြားလူသိနည်းတဲ့ကောင်းကျိုးကတော့ လူ့ကိုယ်ခန္ဓာကနေ သဘာဝအတိုင်း Collagen ထုပ်လုပ်နိုင်ဖို့ Vitamin C က မရှိမဖြစ်လိုအပ်ပါတယ်။ Collagen ကို ထုပ်လုပ်နိုင်မှသာ အသားအရေလှပပြီး အရိုးတွေက ကျန်းမာမှာပါ။

လူ့ကိုယ်ခန္ဓာဟာ Vitamin C ကို ထုပ်လုပ်နိုင်စွမ်း သိုလှောင်နိုင်စွမ်း မရှိပါဘူး။ ဒါပေမယ့် အရွယ်ရောက်ပြီး လူတယောက်ဟာ တနေ့ကို အနည်းဆုံး Vitamin C 65-90 mgလိုအပ်ပါတယ် (2000mg ထက်များရင် တော့ ဆိုးကျိုးဖြစ်စေနိုင်ပါတယ်)။ ဒါကြောင့် နေ့စဥ်လိုအပ်တဲ့ Vitamin C ကို အစားအစာကနေ ရရှိနေဖို့လိုအပ်ပါတယ်။ (မာလကာသီး၊ ငရုပ်သီး တို့ဟာ Vitamin C ကြွယ်ဝပါတယ်)။ ပိုပြီးသေချာစေချင်တယ်ဆိုရင်တော့ Vitamin C Supplement ကို သောက်သုံးနိုင်ပါတယ်။

Golden Grail မှာ Now အမှတ်တံဆိပ် Vitamin C ကို လိုအပ်ရင် မှာယူလို့ရနိုင်ကြောင်း သတင်းလေး မျှဝေပေးပါရစေ။

Now C-1000 (1,000mg Vitamin C tablet, 100 tablet) : 23,5000 MMK
expiry : April 2025

* အရွယ်ရောက်ပြီးသူများ တရက်ကို တလုံး သောက်သုံးနိုင်ပါတယ်။
* အရွယ်မရောက်သေးသူများ (၁၈နှစ်အောက်) သောက်သုံး၍မရပါ
*ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ အခြားရောဂါအခံရှိသူ၊ အခြားဆေးဝါးမှီဝဲနေရသူများ သည် ဆရာဝန်ညွှန်ကြားချက်ရှိမှသာ သုံးစွဲရန်

စိတ်ဝင်စားလို့ မှာယူလိုပါက cb သို့ phone 09787115106 မှတဆင့် မှာယူလို့ရပါတယ်။
ပစ်စည်းက In stock ရှိပါတယ်
ရန်ကုန်မြို့တွင်း Cash on delivery နဲ့ မှာ လို့ရသလို Kpay လည်း လက်ခံပါတယ်။

C

17/12/2021

အိမ်မှာသုံးသုံး ဆိုင်မှာသုံးသုံး လက်ဆေးဖို့လိုတဲ့နေရာတိုင်းမှာ လိုအပ်သလို အသုံးပြုနိုင်တဲ့ Bubble Man လက်ဆေးစက်ပါ။ Smart ကျစေပြီး ဆပ်ပြာလည်း သက်သာစေတဲ့ Bubble Man စက်လေးကို Golden Grail မှာ မှာယူနိုင်ပါပြီ။

Bubble Man Auto Foam စက်ကလေးက sensor နဲ့ အလုပ်လုပ်တာဆိုတော့ စက်ကိုလက်နဲ့ ထိစရာမလိုတဲ့အတွက် ကျန်းမာရေးနဲ့ ပိုညီညွတ်သလို ဆပ်ပြာပမာဏကိုလည်း ချိန်လို့ရတာကြောင့် ဆပ်ပြာကိုလည်း သက်သာစေပါတယ်။

1200mAh lithium battery ပါတော့ တခါအား သွင်းထားရုံနဲ့ ၂လ က နေ ၃လအထိ အသုံးပြုနိုင်ပါတယ် (အသုံးပြုမှုပေါ်မူတည်ပြီး)
ဆပ်ပြာအဆီကို ရေသုံးဆ မှ လေးဆ လောက် ရောပြီး ၃၅၀ ml အထိ ဖြည့်ထားရုံပါပဲ၊ စက်အောက်မှာ လက်ထားလိုက်ရုံနဲ့ ဆပ်ပြာမြှုပ်ရပါပီ။

ဒီစက်ကလေးကို စိတ်ဝင်စားလို့ မှာယူလိုပါက
Price : 19,000 Kyat
ပစ်စည်းက In stock ရှိပါတယ်
ရန်ကုန်မြို့တွင်း Cash on delivery နဲ့ မှာ လို့ရသလို Kpay လည်း လက်ခံပါတယ်။

(၅ခုနှင့်အထက်အတွက် လက်ကားစျေး စုံစမ်းနိုင်ပါသည်)

Dispenser
Dispenser

13/12/2021

ဆောင်းတွင်းမှာ အအေးမိဖျားနာခြင်းကင်းဝေးပြီး ကျန်းကျန်းမာမာရှိနေဖို့ဆိုရင် ကိုယ်ခံအားကောင်းဖို့က အရေးပါပါတယ်။ အစားကို စနစ်တကျ အချိန်မှန်စားခြင်း၊ အိပ်ချိန်မှန်အောင် ဂရုစိုက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းတို့ဟာ ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုပါတယ်။ ဒါတွေအပြင် ပိုပြီးသေချာစေချင်တယ်ဆိုရင်တော့ Immue System ကို ပိုမိုကောင်းမွန်စေတဲ့ ဖြည့်စွက်စာကို သောက်သုံးနိုင်ပါတယ်။

အခုလည်း Golden Grail မှာ နာမည်ကျော် USA အမှတ်တံဆိပ် Claifornia Gold မှ ထုပ်လုပ်လိုက်တဲ့

Immue System Support လုပ်ပေးနိုင်တဲ့
California Gold Immune 4 (60 veggie capsules, exp : May.2024) ကို Instock မှာယူလို့ရနေပါပြီဆိုတဲ့ သတင်းကောင်းလေးပါးပါရစေ။ (price : 19,000 MMK)

California Gold Immune 4 ဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ဗိုက်တာမင်နဲ့ သတ္တုဓါတ်လေးမျိုးပါဝင်ပါတယ် (Vitamin C, Vitamin D3, Zinc & Selenium).

*တရက်ကို တလုံးမှ နှစ်လုံးအထိ အစာနှင့်အတူသောက်သုံးနိုင်ပါတယ်။
* ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ နာတာရှည် ရောဂါရှင်၊ အသက်အရွယ် ကြီးရင့်သူနှင့် ၁၈နှစ်အောက်များအတွက် ဆရာဝန်ညွှန်ကြားမှ သောက်သုံးရန်လိုအပ်ပါသည်။ အခြားဆေးဝါးမှီဝဲနေရသူများ (ဥပမာ သွေးကြဲဆေး) သည် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးရန်လိုအပ်ပါသည်။

စိတ်ဝင်စားလို့ မှာယူလိုပါက cb သို့ phone 09787115106 မှတဆင့် မှာယူလို့ရပါတယ်။
ပစ်စည်းက In stock ရှိပါတယ်
ရန်ကုန်မြို့တွင်း Cash on delivery နဲ့ မှာ လို့ရသလို Kpay လည်း လက်ခံပါတယ်။


Gold

Photos from Golden Grail's post 06/12/2021

Omicron က Covid ဖြစ်ထားဖူးတဲ့သူတွေက တခါမှ ကူးစက်ထားခြင်းမရှိသေးတဲ့ သာမန်လူထက် ပိုဖြစ်နိုင်ချေ ၃ဆ များတယ်ဆိုတာ မဟုတ်ပါဘူး။

ဒီ omicron က Covid ဖြစ်ပြီးသားလူတွေမှာရှိတဲ့ antibody ကို Delta တို့လိုရေှ့က strains တွေထက်စာရင် ထိုးဖောက်နိုင်စွမ်းပိုများတာကြောင့် ပြန်ဖြစ်နိုင်ချေ ပိုများတာပါ ။ ( Covid ဖြစ်ဖူးရင် ပြန်မဖြစ်နိုင်ဘူးဆိုတာ မဟုတ်တော့) ။ ဒီလိုဆိုမှာတော့ တခါမှမဖြစ်ဖူးတဲ့ antibody မရှိတဲ့သူတွေက ပိုလို့တောင် ကူးစက်နိုင်ချေများတော့မှာပါ။

Covid ဖြစ်ထားဖူးရင် အကြမ်းအားဖြင့် antibody ထွက်တာမို့ တခြားမဖြစ်ဖူးသူတွေထက် ကူးနိုင်ချေနည်းပါတယ်။ဒီ omicron မှာလည်းတူတူပါပဲ။

ဆိုတော့ တခြားပိုးတွေထက်စာရင် ဖြစ်ဖူးထားသူတွေလည်း ဒီ omicron မှာတော့ ပြန်ကူးနိုင်ပါတယ်။ သို့သော် ဖြစ်ဖူးထားလို့ onicron ပိုကူးနိုင်တာတော့မဟုတ်ပါဘူး။

Not 3x more than people who have never get infected but 3x reinfection risk more than previous strains

Reference
https://www.medrxiv.org/content/10.1101/2021.11.11.21266068v2

https://www.who.int/news/item/28-11-2021-update-on-omicron

Credit

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Kyauktada T/S
Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00