Eureka Natural Products
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Eureka Natural Products, Health/Beauty, Yangon.
31/12/2025
သဘာဝရဲ့ အနှစ်သာရတွေနဲ့အတူ နှစ်သစ်ကို ကြိုဆိုကြစို့ 🌿✨
ချစ်ခင်ရပါသော Eureka Natural Products ပရိသတ်ကြီးရှင်...
ပြည်သူ့ရင်ပြင်မှာ ကျင်းပမယ့် "နှစ်သစ်ကူးဈေးပွဲတော်" မှာ ကျွန်မတို့ Eureka ရဲ့ သဘာဝစစ်စစ် ထုတ်ကုန်လေးတွေနဲ့အတူ စောင့်ကြိုနေမှာဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။
ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်ချရတဲ့ သဘာဝပစ္စည်းတွေကို တစုတစည်းတည်း ဝယ်ယူနိုင်ဖို့ အခုပဲ ဖိတ်ခေါ်လိုက်ပါတယ်နော်။ ✨
📅 ရက်စွဲ: ၃၁.၁၂.၂၀၂၅ မှ ၄.၁.၂၀၂၆ အထိ
📍 နေရာ: ပြည်သူ့ရင်ပြင် (နှစ်သစ်ကူးဈေးပွဲတော်)
🎪 ဆိုင်ခန်းအမှတ်: A-55 ဦးဝီစာရလမ်း ဝင်ပေါက်နှင့်နီးပါတယ်ရှင်
နှစ်သစ်မှာ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ ချစ်ရသူတွေအတွက် ကျန်းမာရေးလက်ဆောင်အဖြစ်ပဲဖြစ်ဖြစ် Eureka Natural Products လေးတွေကို လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ ❤️
27/12/2025
27/12/2025
မန်ကျည်းသီးဆပ်ပြာလေးက🧼
💜 အပူအောင်းအညောင်းမိနေသူများ၊
💜 ကိုယ်ခန္ခာအပူကင်းရှင်းချင်သူများ ကိုယ်တွင်းအပူကိုလျှော့ပါးစေပြီး အသားရည်ကြည်လင်အေးမြစေပါတယ်ရှင့် ☺️
သဘာဝမန်ကျည်းသီးမှာပါဝင်တဲ့ AHA ကြောင့်အရေပြားဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားအရည်ကို ဖြူဝင်း နုပျိုလန်းဆန်းမှုကို ရရှိစေပါတယ် 🧖
ဆဲလ်အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းကို ထိန်းညှိပေးသည့် ဗီတာမင် C ကြွယ်ဝ၍ ကြည်လင်တောက်ပသော အသားအရေကို ရရှိစေပါတယ်နော် 🥰
Eureka ယူရေးကားရဲ့ ဓါတုလျှော့ချ သဘာဝ
ဆပ်ပြာလေးများထဲမှ အသားအရေ ကို ဘေးဥပါဒ် ဖြစ်စေမည့် ဆိုးကျိုးများ မရှိသော ကြောင့်ယုံကြည်စိတ်ချစွာသုံးစွဲ နိုင်ပါတယ်ရှင့်။💜
#မန်ကျည်းဆပ်ပြာ
25/12/2025
Merry Christmas to you all ❄️ 🎄
May God richly blessed you all 😇
09/07/2025
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့
☸☸☸🌿🌿🌿☸☸☸
#ဝါဆိုလပြည့်နေ့ ကို ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်းဖြစ်ပါသည်။
#ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
#ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ ``ပဉ္စဝဂ္ဂိယကထာအမည်ဖြင့် လာရှိပါသည်။ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ``ဓမ္မစက္က ပဝတ္တနဝါရအမည်ဖြင့် လာရှိပါသည်။ မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ``ဓမ္မစက္က ပဝတ္တနသုတ္တအမည်ဖြင့် လာရှိပါသည်။
#ဓမ္မစက္က ပဝတ်တန၏အဓိပ်ပါယျမှာ- တရားတည်းဟူသော အသိစက်ကိုဖြစ်စေ၊ လည်စေတော်မူခြင်းဟု အဓိပ်ပါယျရပါသညျ။ [ ဓမ္မစက္က = တရားတော် + ပဝတ္တန = ဖြစ်စေ၊ လည်စေခြင်း]
#ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။
#ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှား ``အစွန်း ၂ခုကို ရှောင်ကြဉ်ရေး၊ မဇ္စျိမ ပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။
#ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင် အာရုံစိုက်၍ ရွတ်ဖတ်သရဇ္စျာယ်တော်မူကြပါသည်။ အမြို့မြို့အရွာရွာ၌ ဓမ္မစကြာအသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။
ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ
***************************
မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ဝါဆိုလပြည့်နေ့သည် -
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၃။ ဂေါတမဘုရားလောင်း ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ ``ဧဟိ ဘိက္ခုဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း၊
အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္စျာယ်ခြင်းအားဖြင့် ``ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ကို ဆင်နွှဲပြုလုပ်ကြပါသည်။ ။
မာဂဓီ (သာစည်)
အခါတော်နေ့များ စာအုပ်မှ...
07/06/2025
Body Scrub လုပ်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုး နှစ်ဖြာ ..
ကိုယ်ခန္ဓာ အသားအရေ ကြည်လင်ဖို့အတွက် body spa သွားတာ၊ body scrub လုပ်တာတွေ ရေပန်းစားလာတော့ body scrub နဲ့ ပတ်သတ်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။
ဆောင်ရန်များ
💜 ဓာတုပစ္စည်း (Phthalates, Paraben) တွေ ပါဝင်တဲ့ body scrub အသုံးပြုခြင်းက အခန့်မသင့်ရင် အသားအရေကို ထိခိုက်စေနိ်ုင်လို့ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ body scrub တွေကို ပိုမိုရွေးချယ်သင့်ပါတယ်။
💜 ယခင်အသုံးမပြုဖူးတဲ့ body scrub မသုံးခင်မှာ အရေပြားပေါ် နာရီအနည်းငယ်ခန့် အရင်တင်ပြီး စမ်းသပ်ကြည့်သင့်ပါတယ်။ ဓာတ်မတည့်မှုများ ( ပူ၊ စပ်၊ နီရဲ ၍ အဖုအပိန့်များထွက်လာလျှင်) အသုံးမပြုသင့်ပါ။
💜 body scrub ပြုလုပ်ပြီးပါက အသားအရေကို ပိုမိုချောမွေ့ပြီး ရေဓာတ်ပြည့်ဝဖို့ moisturizer သို့ lotion တစ်မျိုးမျိုး လိမ်းသင့်တယ်။
ရှောင်ရန်များ
-body scrub ကို မျက်နှာအတွက် အသုံးမပြုသင့်ပါ။ ခန္တာကိုယ်အတွက် အသုံးပြုတဲ့ scrub အမျိုးအစားမှာ မျက်နှာအတွက် ကြမ်းလွန်းပါတယ်။
-နေ့စဉ် body scrub မပြုလုပ်သင့်ပါ။
-လတ်တလော အမွှေးရိတ်ထားသော (သ်ို့) အမွှေးနှုတ်ထားသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများအပေါ် body scrub တိုက်ခြင်း ရှောင်သင့်ပါတယ်။
-Chemical peeling ပြုလုပ်ပြီး လတ်တလော body scrub တိုက်ရန် မသင့်တော်ပါ။
-အင်းဆက်ပိုးမွှားများ တုပ်ခံထားရသော အရေပြားပေါ် body scrub တိုက်ခြင်းသည် အဆိပ်တွေကို ပျံ့နှံ့စေနိုင်လို့ အင်းဆက်ကိုက်ခံထားရတဲ့ နေရာလေးကို ရှောင်ကြဉ်ပြီး body scrub တိုက်သင့်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
07/06/2025
ချစ်သောတို့ရေ
အသားရောင်မညီညာ၊နေလောင်ပြီးအသားရေမစိုပြေလို့
စိတ်ညစ်နေလား?
စိတ်ညစ်မှုတွေ ပျောက်သွားစေမဲ့
Eureka Shikakai (ကင်ပွန်းသီး) Scrub လေး ရှိတယ်နော်
Eureka Shikakai (ကင်ပွန်းသီး) Scrub 100 g လေး
စမ်းပြီးသုံးကြည့်ချင်တယ်ဆိုတဲ့ သူတို့အတွက်လည်း
အဆင်ပြေအောင် travel size လေးလည်း ထုတ်ပေးထားပါတယ်ရှင်
Shikakai Scrub (ကင်းပွန်းသီး)ပါဝင်ပစ္စည်း
သဘာဝပစ္စည်းများ ဖြစ်သည့်
* ကင်ပွန်းသီးမှုန့်
*သကြားညို
*ပန်းရောင်ဆား
*ရှားစောင်း
*သံလွင်ဆီ
*ပျားရည်
အသုံးပြုပုံ နှင့်အကျိုးကျေးဇူး
တစ်ပတ်လျှင် သုံးကြိမ်
ရေမချိုးခင် ကိုယ်ခန္ဓာ အား အနည်း
ငယ်စိုစွတ်အောင်ပြုလုပ်ပြီး
ခန္ဓာကိုယ် တခုလုံး
ညင်သာစွာ သုတ် လိမ်း ပြီး
ဖြေညှင်းစွာပွတ်တိုက်ပါ
၁၅ မိနစ် အကြာတွင်ရေဖြင့်ဆေးချပါ။
အသားအရေ မညီညာခြင်း
နေလောင်ဒဏ်များ
သက်သာပျောက်ကင်းပြီး
ကြည်တောက်ရှင်းသောအသားရေ
ကို ရရှိစေနိုင်ပါသည်။
06/06/2025
☕ မနက်ခင်းကော်ဖီလိုပဲ – သင့်အသားအရေကိုလည်း လန်းဆန်းစေဖို့…
🌿 Eureka Natural Products မှ “Coffee Natural Soap” 🧼
အလှအပကို သဘာဝနဲ့ထိတွေ့ချင်သူတွေအတွက်
အမဲစက်၊ ဆဲလ်သေများဖယ်ရှားပေးနိုင်သော
🛁 Body and Face အတွက်နေ့စဉ်အသုံးပြုနိုင်ပြီး
ကြည််တောက်ရှင်းအသားအရေ လေးပိုင်ဆိုင်နိုင်ဖို့
Coffee Soap
🌱 Eureka Natural Products
19/05/2025
ဆန်ဆေးရေခံပြီးတော့ မျက်နှာသစ်နေတုန်းလား?
ဒီဒုက္ခတွေကကင်းဝေးဖို့ Eureka ရဲ့ Natural rice soap လေးရှိပြီနော်
ဆန်ဆပ်ပြာလေးကဘာအတွက်ကောင်းလဲဆိုတော့
မျက်နှာမှာ ကပ်ညှိနေတဲ့အညစ်ကြေးများကို ကင်းစင်စေပါတယ်
အနံ့ကလဲ သင်းသင်းလေးနဲ့မွှေးပါတယ်
အသားရေ ပျက်စီးနေသူများလဲ ၁တုံး သုံးကြည့်တာနဲ့ သိသိသာသာ အသားရေဖြူဖွေး ကြည်လင်လာစေပါတယ်
မျက်နှာပေါ်မှ အရေးကြောင်းများကို လျှော့ပါးစေပြီး အသား အရည် တင်းရင်းကြည်လင်စေတယ်
ဝက်ခြံ တင်းတိတ် အစက်အပျောက် များ ကိုသက်သာစေပါတယ်
မျက်နှာအပြင် ခန္ဓာကိုယ် အတွက်လဲ သုံးလို့ရပါတယ်
တစ်နေ့ ၂ကြိမ် နေ့တိုင်းသုံးပေးရပါတယ်နော်
Eureka ယူရေးကားရဲ့ ဓါတုလျှော့ချ သဘာဝ
ဆပ်ပြာလေးများထဲမှ အသားအရေ ကို ဘေးဥပါဒ်
ဖြစ်စေမည့် ဆိုးကျိုးများ မရှိသော ကြောင့်
ယုံကြည်စိတ်ချစွာသုံးစွဲ နိုင်ပါသည်။
#ဆန်ဆပ်ပြာ
17/04/2025
သာသနာနှစ် (၂၅၆၉)ခု
ကောဇာသက္ကရာဇ်(၁၃၈၇) နှစ်ဆန်းတစ်ရက်
မြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်မှစ၍
ကမ္ဘာသူကမ္ဘာသားအားလုံး
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ရှိကြပါစေ။
ဘေးဒုက္ခကပ်အပေါင်းတို့မှ
လွတ်ကင်းနိုင်ကြပါစေ🙏🙏🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon