Myat Saytanar Mon

Myat Saytanar Mon

Share

For Your Health & Beauty

13/10/2022
12/10/2022

အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုး

♥အက်စထရိုဂျင်(Estrogen)ဟော်မုန်း
အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေးတယ်၊
ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေအလှတွေလျော့တာပါပဲ၊
အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ရာသီမှန်ပါစေ။ဒီဟော်မုန်းလျော့ရင်
ရင်သားတွေတင်ပါးတွေလျော့လာတယ်၊အသားတွေပျော့တွဲလာတယ်
Soy bean အခြေခံအစားစာတိုဟူးတို့ ပဲနို့ရည်တို့သောက်၊
ပဲဘိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်းသောက်လို့ရတယ်

♥Growth ဟော်မုန်း
သူကတော့သွေးထဲကဟော်မုန်း ၊သူလျော့လာရင်ကြွက်သားလျော့လာမယ် cellulite တွေဖြစ်လာမယ်၊အဆီပိုတွေဟိုတစုဒီတစုနဲ့
ကြည့်ရဆိုးလာမယ်၊
ဆယ်လီတွေကတော့ဟော်မုန်းဆေးထိုးတယ်၊side effectများပေမယ့် သိသာတယ်၊ အခြားနည်းက
လမ်းလျှောက်ပါလေ့ကျင့်ခန်းလုပ်ပါချွေးထုတ်ခန်းဝင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥DEHA
အသက်30ထိပဲကောင်းကောင်းထုတ်ပေးတဲ့ဟော်မုန်းပေါ့
အသက်30ကျော်တာနဲ့အမျိုးသမီးတွေ စပြီးကျတာ သူလျော့နည်းသွားလို့ပဲ၊ အာရုံကြောတွေလည်းလျော့တတ်တယ်
အဆီစားပါ၊ အခွံမာသီးစားပါ၊ထောပတ်သီးစားပါ၊fatty fish စားပါ၊
ပရိုတင်း ကိုမနက်စာမှာအသင့်တင့်ထည့်စားပါ၊

♥Melatonine
အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊35နှစ်လောက်ဆိုလျော့တတ်တယ်၊
ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်၊တင်းတိပ်၊မှဲ့ခြောက်ထွက်တယ်၊

ငှက်ပျောသီး ခရမးချဉ်သီး၊ဆန်၊ပြောင်း၊ဒါတွေစားပေးပါ
အရက် ၊ဆေးလိပ်၊ ကဖိန်း သိပ်များရင်လည်းဖြစ်တတ်တယ်
ရှောင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥Cortisol
Stress ဟော်မုန်း ၊သူမညီမျှရင်အသားရည်ခြောက်တယ်၊အရွယ်ကျတယ်၊အရေးကြောင်းတွေပေါ်တယ်၊ဝက်ခြံထွက်တယ်အခေါက်ထူတယ်

ရေသောက်ပါ၊စိတ်အေးချမ်းအောင်တွေးပါ၊သီချင်းနားထောင်ပါ၊stress လျော့ပါ၊

♥Insulin
သွေးထဲကသကြားဓာတ် သူများလာရင်လည်း အရွယ်ကျမြန်တယ်
ရေဓာတ်တွေလျော့နည်းမယ်၊ကော်လာဂျင်တွေမတင်းတော့ဘူး၊
ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊အတွန့်တွေပေါ်လာမယ်၊
အချိုလျော့၊ဗီတာမင် E နဲ့ဗီတာမင် C ၊ရေနွေးကြမ်းသောက်ပါ။
လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးပါ။

ကျမတို့ဇရာကိုမလွန်ဆန်နိုင်ပေမယ့် အရွယ်နဲ့ကျန်းမာရေးကိုတော့တတ်နိုင်သလောက်ထိန်းချုပ်လို့ရပါတယ်၊

Crd

Photos from Myat Saytanar Mon 's post 10/10/2022

ချစ်ရတဲ့ Customer များအတွက်

မကြာခဏ ခါးနာခြင်း
အဆစ်အမြစ် ကိုက်ခဲခြင်း
ကိုယ်လက် ညောင်းညာခြင်းနှင့် အဆစ်အမြစ် ရောင်ရမ်းခြင်း ဝေဒနာ များကို သက်သာစေရန် Myat Saytanar Mon မှာ Tiger Blam Plaster,Voltex Gel နဲ့ Voltex Spray လေးတွေ လဲ ရရှိနိုင်ပါတယ်ရှင်

Photos from Myat Saytanar Mon 's post 10/10/2022

ဖိုးဖိုး ဖွားဖွား
ဖေဖေ မေမေ တို့အတွက် အထူး 📣
Myat Saytanar Mon မှာ Ensure နဲ့ Glucerna တွေ Promotion ချပေးထားတဲ့အပြင် ဆီးချိုသမားတွေ အတွက် နို့မှုန့်တွေပါ ရောက်ပါပြီ

Photos from ShweNote's post 06/10/2022
04/10/2022

Hello 🖐

Myat Saytanar Mon online pharmacy မှ ကြိုဆိုပါတယ်ရှင်🙏

လူကြီးမင်းတို့ရဲ့ကျန်းမာရေးအတွက် လိုအပ်သော ၁)ဆေးဝါးများ💊
၂)supplement အားဆေးများ
၃)Medical Device များ နှင့်အတူ
၄)Baby လေးတွေအတွက် လိုအပ်သော ဆေးဝါးနဲ့အသုံးအဆောင် ပစ္စည်းများကို ကျွန်မတို့ Myat Saytanar Mon မှ FDA အသိအမှတ်ပြု ပစ္စည်းများကိုသာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း နှင့် ယုံကြည် စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် 🤳

03/10/2022

Omega
ဒေါက်တာဖြိုးမောင်မောင်

အဆီဆိုတာ ခန္ဓာကိုယ်ရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ လူတစ်ယောက်မှာ အဆီရာခိုင်နှုန်း ၁၅ နှင့် ၃၀ ကြားရှိပါတယ်။ အဆီက ဆဲလ်နရံ တည်ဆောက်တဲ့နေရာမှာ ပါဝင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ 100 trillion သော ဆဲလ်တွေရဲ့ ဇီဝလုပ်ငန်းတွေမှာ အရည်အသွေးကောင်းတဲ့အဆီတွေလိုပါတယ်။ အဆီအရည်အသွေးကောင်းတာစားလေ၊ ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းကောင်းဖြစ်လေပါ။

အရည်အသွေးကောင်းတဲ့ အဆီတွေ မစားဘူးဆိုလျှင် အရေပြားတွေ ခြောက်ပြီးယားလာမည်။ အရေပြားတွေ အချပ်လိုက် မြွေအရေခွံလိုဖြစ်လာမည်။ လက်သည်းတွေ ပျော့ပြီး ကြွပ်ဆတ်လာမည်။ ကျိုးလွယ်သွားမည်။ နားဖာချေးတွေ ခြောက်လာမည်။ လက်ရဲ့အနောက်ဘက်နဲ့ ရင်ဘက်တွေမှာ အဖုသေးသေးလေးတွေပေါက်မည်။ အရိုးအဆစ်တွေ လှုပ်ရှားရတာနာလာမည်။

အဆီကို ပြည့်ဝအဆီနှင့် မပြည့်ဝအဆီ ဆိုပြီးခွဲခြားထားပါတယ်။ ပြည့်ဝအဆီက အခန်းအပူချိန်မှာ ခဲတတ်ပါတယ်။ မပြည့်ဝဆီက အခန်းအပူချိန်မှာ အရည်ဖြစ်ပြီး monounsaturated နှင့် polyunsaturated ဆိုပြီးခွဲပါတယ်။ ထောပတ်သီး နှင့် သံလွင်သီးတွေမှာ monounsaturated အဆီ ပါဝင်ပါတယ်။ Polyunsaturated အဆီတွေဖြစ်တဲ့ omega 3 နဲ့ omega 6 ကို ခန္ဓာကိုယ်က မထုတ်နိုင်တာကြောင့် “essential fatty acid " လို့ ခေါ်ပါတယ်။ Omega 9 ကို ခန္ဓာကိုယ်က ထုတ်နိုင်ပါတယ်။

Omega- 3 ကြွယ်ဝစွာပါတဲ့ အစားအစာတွေက မက်ကရာယ်ငါး၊ နှမ်းကြတ်စေ့ အဆီ၊ ဆယ်လ်မွန်ငါး အဆီ၊ ဆာဒင်းငါး ၊ သစ်ကြားသီး၊ ချီးယားစေ့၊ တူနာငါး တွေဖြစ်ပါတယ်။ Omega 3 ကို ALA, EPA နှင့် DHA ခွဲပါတယ်။ ALA ဆိုတာ အပင်ရတဲ့ omega 3 ပါ။ EPA နှင့် DHA ကို တိရစ္ဆာန်မှ ရပါတယ်။ EPA က နှလုံးကျန်းမာရေး နှင့် ကိုယ်ခံအားကောင်းဖို့ အကူအညီပေးပြီး ရောင်ရမ်းခြင်းသက်သာစေပါတယ်။ DHA က မျက်လုံး နှင့် ဦးနှောက်အတွက်ကောင်းပါတယ်။

အရည်အသွေးကောင်းတဲ့ omega 3 အဆီစားပေးလျှင် ဦးနှောက်ကျန်းမာရေးအကျိုးပြုပါတယ်။ Omega 3 မှာ docosahexaenoic acid (DHA ) ပါဝင်ပါတယ်။ ဦးနှောက်က DHA ကို ဦးနှောက်ဆဲလ်တွေကြား ဆက်သွယ်ဖို့အတွက် အသုံးပြုပါတယ်။ ဒါကြောင့် Omea -3 ချို့တဲ့လာတဲ့အခါ စိတ်ဓာတ်ကျလာမည်။ စိတ်နှစ်ခွဖြစ်နိုင်တယ်။ စိတ်ကစဉ့်ကလျားဖြစ်နိုင်တယ်။

Omega-3 စာသုံးခြင်းက နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။ ကိုလက်စထရော ကျဆင်းစေတယ်။ ကောင်းတဲ့အဆီ HDL ကို တိုးတက်စေတယ်။ နှလုံးသွေးကြောပိတ်တာ သက်သာစေတယ်။ အဆီပိုလည်း ကျစေပါတယ်။ အဆီမစားဘူး သို့မဟုတ် မကောင်းတဲ့အဆီစားလျှင် ဝလာပါလိမ့်မည်။ ဆဲလ်နံရံတွေကိုOmega-3 ဆောက်တဲ့အခါ အင်ဆူလင်ကိုပိုကောင်းကောင်းသုံးနိုင်ပြီး သွေးတွင်း အချိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ ဆဲလ်နံရံတွေကို အကောင်းဆုံးအဆီနဲ့ ဆောက်မည်ဆိုလျှင် တစ်နှစ်လောက်ကြာပါလိမ့်မည်။

Omega-3 ဖြည့်စွက်စာ ( ငါးကြီးဆီ ) ကို တစ်နေ့ နှစ်ကြိမ် 500 - 1,000 mg သောက်လို့ရပါတယ်။ ငါးကြီးဆီ ဖြည့်စွက်စာ နှင့် ပတ်သတ်လို့ ၂၀၁၅ လောက်တုန်းက နယူးဇီလန်ထုတ် ငါးကြီးဆီတွေကို report လုပ်တဲ့ စာတမ်းအချို့ထွက်ဖူးပါတယ်။ သူတို့ report လုပ်တာက ငါးကြီးဆီ ဖြည့်စွက်စာအချို့မှာ Omega 3 ပါဝင်မှုဟာ ဖော်ပြတဲ့ အညွှန်းထက် နည်းနေတယ်ဆိုတဲ့ အချက်ရယ်၊ Totox တန်ဖိုးများနေတယ်ဆိုတဲ့ အချက်ရယ် ပြောကြပါတယ်။

Totox ( The total oxidation value) ဆိုတာ နားလည်အောင်ပြောရလျှင် ငါးကြီးဆီတွေ oxidized ဖြစ်သွားနှုန်း ( ပျက်စီးသွားနှုန်း) ပါ။ ငါးကြီးဆီ ဖြည့်စွက်စာက oxidized ဖြစ်လွယ်ပါတယ်။Totox တန်ဖိုးများလျှင် ပျက်စီးသွားနှုန်းများလာပြီး အရည်အသွေးမကောင်းဘူးပြောလို့ရပါတယ်။ Totox တန်ဖိုးများတဲ့ products တွေကို သောက်လျှင် ဆိုးကျိုးရှိမရှိ ပြောဖို့အတွက်တော့ လေ့လာမှုတွေ လိုပါအုန်းမည်။ စာတန်းတွေအရတော့ Totox တန်ဖိုးမမြင့်အောင်( ပျက်စီးမှု မများအောင်) ငါးကြီးဆီ ဖြည့်စွက်စာကို ရေခဲသေတ္တာထည့်ထားလို့ရပါတယ်။

ငါး နှင့် ဓာတ်မတည့်တဲ့သူအနေနှင့် ငါးကြီးဆီသောက်မည်ဆိုလျှင် အရေပြားအထူးကုနှင့် စမ်းပြီးမှသောက်သင့်တယ်လို့ ACAAI (the American College of Allergy, Asthma & Immunology ) က ညွှန်းဆိုပါတယ်။ ငါးကြီးဆီနှင့် ဓာတ်မတည့်တဲ့အခါ နှာစီးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ယားယံခြင်း၊ အစက်ထွက်ခြင်း၊ ပျို့အန်ခြင်း၊ နှုတ်ခမ်း၊ လျှာ နှင့် မျက်နှာ ရောင်ရမ်းခြင်း၊ လက်အပါအဝင် အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများ ရောင်ရမ်းခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းသွားခြင်းတွေ ဖြစ်နိုင်ပါတယ်။ အရမ်းဆိုးလာလျှင် လည်ပင်းဖောင်းလာခြင်း၊ လည်ချောင်းမှာ အကျိတ်ထွက်ခြင်း၊ အသက်ရှူရကျပ်ခြင်း၊ သတိမေ့သွားခြင်း ၊ သွေးပေါင်ကျခြင်း နှင့် ရှော့ခ်ရခြင်းတွေပါဖြစ်တတ်ပါတယ်။ ငါးကြီးဆီ ဓာတ်မတည့်မှုဟာ သေစေနိုင်သည်အထိ ဖြစ်နိုင်တယ်ဆိုပါတယ်။

Omega-6 ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေက စပျစ်စေ့၊ နေကြာဆီ၊ ဘိန်းစေ့ အဆီ၊ ပြောင်းဖူး အဆီ၊ သစ်ကြားသီး အဆီ၊ ဝါဂွမ်းစေ့ အဆီ၊ ပဲပိစိပ်ဆီ၊ နှမ်းဆီ တွေဖြစ်ပါတယ်။ Omega 6 ကို LA နှင့် AA ဆိုပြီးခွဲပါတယ်။ Omega 6 ထဲက LA က ဦးနှောက် နှင့် ကြွက်သားဆဲလ်တွေကြီးထွားစေပါတယ်။ ဒါကြောင့် bodybuilding သမားတွေ ကြိုက်ကြပါတယ်။

Omega 6 နဲ့ ဆောက်တဲ့ ဆဲလ်နံရံက မာကျောပါတယ်။ ဆဲလ်နံရံမာလေ၊ ဆဲလ်အလုပ်လုပ်ရတာ ခက်လေပါ။ ပျက်စီးရောင်ရမ်းဖို့လည်းလွယ်ပါတယ်။ Omega-3 အဆီနဲ့ ဆောက်ထားတဲ့ ဆဲလ်နံရံက ပျော့ပြောင်းပြီး ဇီဝကမ္မလုပ်ငန်းတွေလုပ်ဖို့ သင့်လျှော်ပါတယ်။ ဆဲလ်နံရံကောင်းကောင်းလိုချင်လျှင် Omega-3 နှင့် Omega 6 ကို မျှတအောင် စားဖို့လိုပါတယ်။

Omega-9 ပါဝင်သော အစားအစာတွေက နေကြာ၊ ဟေဇယ်သီး၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ၊ ထောပတ်တွေပါ။ Omega-9 ကို သင့်တင့်စွာ စားသုံးလျှင် နှလုံး၊ ဦးနှောက် နှင့် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ နှလုံးရောဂါဖြစ်ပွားမှု နဲ့ လေဖြတ်ခြင်းကို လျော့ချပေးပါတယ်။ စွမ်းအင် မြင့်မားစေတယ်။ ဒေါသကို လျှော့ချပေးပါတယ်။ စိတ်အခြေအနေ မြင့်တက်စေတယ်။ အေဇိုင်းမားရောဂါအတွက် အသုံးဝင်ပါတယ်။

Omega-9 ကြွယ်ဝစွာပါတဲ့ မုန်ညင်းဆီကို အစားအစာထဲထည့်စားခြင်းက ကျန်းမာရေး နဲ့ သင့်မသင့် ငြင်းခုန်နေရဆဲပါ။ Fox news က ထုတ်ပြန်တာက omega 9 များတဲ့ မုန့်ညင်းဆီက သူ့မှာပါတဲ့ erucic acid ကြောင့် အမေရိကန်မှာ ရောင်းခွင့်ပိတ်ထားတယ်ဆိုပါတယ်။ စတိုးဆိုင်အများစုမှာတော့ မုန်ညင်းဆီကို နှိပ်နယ်ဆီအတွက် ရောင်းချနေဆဲပါ။ စားဖိုမှူးအချို့က မုန်ညင်းဆီကို သုံးနေဆဲမို့ မုန်ညင်းဆီ စားတော့မယ်ဆိုလျှင် ဆရာဝန်နဲ့ ဆွေးနွေးသင့်တယ်ဆိုပါတယ်။

Crd ဒေါက်တာဖြိုးမောင်မောင်

Photos from Myat Saytanar Mon 's post 03/10/2022

Category

Address


Online Only
Yangon

Alerts

Be the first to know and let us send you an email when Myat Saytanar Mon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.