Ngwe Sin Thoon Beauty Store
Beauty
အဆီဖု ဝက်ခြံ တွေ ထွက်လို့ ဘာလုပ်ရမလဲ 🤔🤔
Skin care သုံးနေပြီး အသားအရေ ကြည်မလားဘဲ မဲညစ်နေတာ ဘာသုံးရမလဲ🤔 ?
အမေးများဆုံး မေးခွန်းလေး ဖြေပေးမယ်နော်
Skin care တွေ step by step သုံးနေပြီးတော့ Step 1ဖြစ်တဲ့ Double cleaning မလုပ်ဘဲ မျက်နှာသစ်ဆေး တမျိုးဘဲ သုံးတဲ့ အခါ မျက်နှာမှာ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ချွေးပေါက်ေတွထဲအထိ သေချာသန့်စင်မပေးတာကြောင့် ချွေးပေါက် ပိတ်ဆို့တာေတွဖြစ်ပြီး အဆီဖုတွေ ထွက်လာတတ်ပါတယ် skin care brand တွေသုံးသော်လည်း Double cleaning မလုပ်တော့ စိမ့်ဝင်မှု အာနိသင် အားနည်းပြီး အသားရေက မကြည်ဘဲ မဲညစ်နေတာမျိုးဖြစ်နေတက်ပါတယ် အဲ့တော့ Double cleaningလုပ်ဖို့လည်းအရေးကြီးပါတယ်။
❤️Double Cleaning ❤️
1.Double cleaning ဆိုတာ ဘာလဲ🤔 ?
Double cleaning ဆိုတာ နှစ်ဆင့်/နှစ်ခါ ပြန်ပြီး သန့်စင်ပေးခြင်းလို့ ခေါ်တယ်
2.Double cleaning ကို ဘယ်အဆင့်မှာ ထားသုံးရမလဲ🤔 ?
Double cleaning ကskin care ရဲ့ အစမှာ သုံးရမာ ဖြစ်ပါတယ် Double cleaning မှာဆိုရင် step 1 နဲ့ step 2လို့ ခွဲထားပါတယ် Double cleaning ရဲ့ step 1ဖြစ်တဲ့ Micellar water, cleaning water, cleaning cream, cleaning oilစတာတွေကို မျက်နှာ မသစ်ခင် မှာ အသုံးပြုရမာ ဖြစ်ပါတယ် Double cleaning ရဲ့ step 2 မှာဆိုရင် ပုံမှန်သုံးနေကြဖြစ်တဲ့ မျက်နှာသစ်ဆေးကို သုံးခြင်းဖြစ်ပါတယ်
3. ဘယ်လိုအချိန်တွေ သုံးသင့်သလဲ🤔?
ကိုယ်က make up,သနပ်ခါး, Skin care step by step သုံးပြီးတဲ့ချိန်မှာ သုံးပေးသင့်တယ်
နေ့တိုင်းသုံးပေးလဲ အကျိုးမယုတ်တဲ့တွက် ဘာမှမလိမ်းတဲ့အခါလဲ သုံးပေးသင့်တယ်တစ်နေ့ကို ညပိုင်းတစ်ချိန်တော့ Double cleaning step 1 ဖြစ်တဲ့ Micellar water, cleaning water, cleaning cream, cleaning oil တွေကို ကိုယ့် skin types နဲ့ ကိုက်ညီမှုရှိအောင် ရွေးသုံးပေးသင့်တယ်နော်
Dry skin, Normal skin, Combination skin တွေဆိုရင် D.C တစ်နေ့ကို ညပိုင်း တချိန်းဘဲ သုံးလို့ အဆင်ပြေပါတယ်
Super oily skin, Sensitive သမားတွေကတော့ မနက်ပိုင်းတစ်ချိန် နဲ့ ညပိုင်းတစ်ချိန်မှာ အသုံးပြုပေးမှသာ ပိုပြီးအဆင်ပြေမာပါ ဘာကြောင့်လဲဆို oily skin သမားတွေက အဆီဂလင်းကနေအဆီထုတ်လုပ်မှု များတာကြောင့် Double cleaning မလုပ်ရင် အဆီတွေက ချွေးပေါက်တွေကို ပိတ်ဆို့ပြီး အဆီဖု ဝက်ခြံ ထွက်တာကြောင့် နေ့ ကော ညပါ အသုံးပြုခြင်းက အဆီဖု ထွက်နှုန်းသက်သာစေတယ် မျက်နှာအတွင်းပိုင်းထဲမှာရှိတဲ့ ဆဲလ်သေတွေနဲ့အညစ်အကြေးတွေဖယ်ရှားဖို့ဆိုရင် Double cleaning သုံးကိုသုံးရပမယ်Skin care ရဲ့ပထမအဆင့်ဖြစ်တဲ့ Double cleaningကိုမှ မသုံးရင်တော့ နောက်skin care productsရဲ့ အာနိသင် စိမ့်ဝင်မှု အားနည်းလာပြီး အသားရေ မဲညစ်တာတွေ ဖြစ်လာနိုင်ပါတယ် အဲ့ကြောင့် Double cleaningသုံးမှသာ ကိုယ်သုံးမဲ့ skin care တွေရဲ့အာနိသင် က စိမ့်ဝင်မှု အားကောင်းပြီး အသားရေ မဲညစ်တာတွေ မဖြစ်တော့ဘဲ glow glass ဖြစ်မှာပါ ❤️
06/01/2025
Students always Right 🤣
01/09/2024
😁ချစ်လေးနေပူမှာစိုးလို့
ကိုကို နေကာပေးမယ်🤣
30/12/2021
😂
29/11/2021
https://www.facebook.com/108576300897971/posts/448178330271098/
စာဖတ်ဝါသနာပါတဲ့ ချစ်လေးတို့အတွက်😘
- မိန်းမကလှရပါတယ်။ လှချင်ရပါတယ်။
ဒါပေမယ့် “မိန်းမရဲ့တန်ဖိုးက အလှပဲ” လို့
ထင်မြင်လာကြရင်
အဲမိန်းကလေးဘယ်အဆင့်ရောက်သွားပြီလဲ။…..
- ဒီလောကကြီးမှာ လူရယ်လို့ရှိကြတဲ့အထဲ
မိန်းမတစ်ဝက် ယောက်ျားတစ်ဝက်ရှိကြတယ်။…..
- အဲ့လူသားတစ်ဝက်ရဲ့တာဝန်တွေဟာ ဘာတွေလဲ
ယောက်ျားတွေ ကြိုက်ချစ်နေအောင်
လှအောင်ပြင်ဆင်ပြီး လမ်းပြနေဖို့တစ်ခုတည်းတဲ့လား။…..
-လူထုဒေါ်အမာ
၁၀၆ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် 💕
စာအုပ် review နှင့်စာမြည်းသီးသန့်ဖတ်ရှုလိုသူများအတွက် telegram channel - https://t.me/knowledgelandbookstore
22/11/2021
မင်းကို တန်ဖိုးထားတဲ့သူကို ပိုချစ်ပါ။
==========================
လိုအပ်ဆုံးသူထက်
နားလည်ပေးနိုင်ဆုံးသူကိုပိုချစ်ပါ။
အချစ်ရဆုံးသူထက်
မင်းကိုတန်ဖိုးထားဆုံးသူကိုပိုချစ်ပါ။
နံဘေးမှာရှိနေပေးသူထက်
ယုံကြည်မူအပြည့်ဝပေးနိုင်သူကိုပိုချစ်ပါ။
မလိုအပ်ချိန်မှာရှိနေပေးသူထက်
လိုအပ်ချိနိမှာရှိနေပေးသူကိုပိုချစ်ပါ။
ပျော်ရွှင်မှု မပေးနိုင်သူထက်
ပျော်ရွှင်မှု ပေးနိုင်သူကိုပိုချစ်ပါ။
မျက်ရည်ကျမှ သုတ်ပေးသူထက်
မျက်ရည်မကျအောင် လုပ်ပေးသူကို
ပိုချစ်ပါ။
လမ်းရောက်မှ လက်တွဲခေါ်သူထက်
လမ်းမရောက်ခင် လမ်းပြပေးသူကို
ပိုချစ်ပါ။
မကောင်းသတင်း ပြောသူထက်
ကောင်းသတင်း ပြောသူကို ပိုချစ်ပါ။
အဆင်ပြေပါစေလို့
ဆုတောင်းပေးသူထက်
မင်းအတွက် ငါဘာကူညီပေးရမလဲ
ပြောသူကိုပိုချစ်ပါ။
လိုချင်တာ ရယူသွားတဲ့သူတွေထက်
မင်းအတွက် ပေးဆပ်ပြီး
ချစ်နေတဲ့သူတွေကို ပိုချစ်ပါ။
မင်းကိုယ်ချစ်ပါတယ် ချစ်ပါတယ်
ပြောတဲ့သူတွေထက်
မင်းအပေါ် သစ္စာရှိတဲ့သူကို ပိုချစ်ပါ။
အောင်မြင်ချိန်မှာ အားပေးသူထက်
ကျရူံးချိန်မှာ နှစ်သိမ့်ပေးသူကိုပိုချစ်ပါ။
#ဂျူး
21/11/2021
ဒီရက်ပိုင်း စိတ်ဓာတ်ကျနေတဲ့သူတွေများတဲ့အတွက် Motivation အကြောင်းရေးပေးပါ့မယ်။
Motivation က စာဖတ်ယုံနဲ့မရဘူးဆိုတာ့တော့ ကြိုတင်သတိပေးအပ်ပါတယ်။
တကယ်တော့မိုတီဗေးရှင်းက ကိုယ်တိုင်လုပ်မှရတဲ့အရာမျိုးပါ။ကိုယ်စိတ်ဓာတ်ကို ကိုယ်ကပဲမြင့်တင်နိုင်ပါတယ်။
Motivation မှာကလဲ အတွင်းကလာတာရှိသလို အပြင်က လာတာလဲရှိတယ်။
နောက်ပြီး Pain ရယ် Pleasure ရယ်ဆိုပြီးရှိပါသေးတယ်။
နာကျင်မှု ရယ် ၊ အလိုဆန္ဒရယ်ပါ။
အတွင်းကလာတဲ့ အင်အားက အပြင်ကလာတဲ့ အားထက် ပို ပြင်းပါတယ်။
အဲ့လိုပဲ နာကျင်မှုက နေ ထွက်လာတဲ့လုပ်အားက လိုအင်ဆန္ဒနဲ့လုပ်တဲ့ အားထက်ပိုပြင်းပါတယ်။
ငယ်တုန်းက အရမ်းဆင်းရဲလို့ ကြီးလာတဲ့အခါ အရမ်းချမ်းသာနေတဲ့သူတွေမြင်ဖူးပါလား ?
သူတို့က ဘဝမှာနာကျင်ခဲ့ရလို့ကြိုးစားကြတာပါ။
ဒါဆိုစိတ်ဓာတ် မကျအောင်ဘယ်လိုနေမလဲ ?
စိတ်ဓာတ်ခိုင်မာအောင်ဘယ်လိုလုပ်မလဲ?
သူများက လုပ်ခိုင်းတာထက် ကိုယ်ကိုယ်တိုင်လုပ်ချင်လို့လုပ်တာကိုပဲ ဖြစ်စေချင်တာပါ။
ခိုင်းမှလုပ်တာ အပြင်က လာတဲ့သဘောတရားပါပဲ။
အတွင်းစိတ် နဲ့လုပ်ပါ။
ကိုယ့်ကိုယ်ကို မောင်းနှင် တာမျိုးဖြစ်စေချင်တာပါ။
၁.ဘဝမှာ ဆင်းရဲလို့ အနှိမ်ခံရတာ ရှိဘူးလား
*ရှိခဲ့ရင် ဘယ်အချိန် ချမ်းသာအောင်ကြိုးစားမှာလဲ ?
၂. ဘဝမှာ ငွေမရှိလို့ ၊ စာမတတ်လို့ ၊ အတန်းပညာအားနည်းလို့ ၊ မိဘက ဆင်းရဲလို့ ၊မပြည့်စုံလို့ စသဖြင့် မျက်နှာငယ်ဘူးလား ?
*အမြဲတမ်းအားငယ်ပြီး နေတော့မှာလား မကြိုးစားတော့ဘူးလား ?
၃. လူငယ်တွေ လုပ်နိုင်တယ်ကိုင်နိုင်တယ် တွေးခေါ်နိုင်တယ် ဥာဏ်ကောင်းတယ်
ဒါဆို ဘယ်အချိန်ထိ စိတ်ဓာတ်ကျနေမှာလဲ ?
၄. အရွယ်ရောက်တဲ့ လူငယ်တွေ ဘယ်အချိန်ထိ မိဘလုပ်စာထိုင်စားမှာလဲ ?
(ဆင်ခြေ မပေးပါနဲ့ နည်းလမ်းရှာပါ )
၅. ကိုယ်တိုင်က မိဘဖြစ်နေရင် သားသမီးတွေကို ပိုကောင်းတဲ့ လမ်းကြောင်းပေါ်ရောက်အောင်တင်မပေးချင်ဘူး လား ?
(ကောင်းမွန်တဲ့ပညာရေးမျိုး ၊ ကောင်းမွန်စိတ်ချရတဲ့အလုပ်အကိုင်မျိုး )
၆. အလုပ်ပြုတ်သွားတာလား ?
( ကိုယ့်အရည်အချင်းရှိရင် လုပ်လို့ရပါတယ်)
၇.ကျောင်းပိတ်ထားတာနဲ့ပဲ ပညာကို ဆက်မလေ့လာတော့ဘူးလား ?
*ပညာဆိုတာ စာသင်ကျောင်းကပဲရတယ်လို့ ထင်တာလား လေ့လာစရာရှိတာ ဆက်လေ့လာပါ။
၈.ထိုင်ငြီးနေတာက အဖြေလား ?
၉. ကိုယ်တချိန်က ဖြစ်ချင်ခဲ့တဲ့ ရည်မှန်းချက်က တကယ်စွန့်လွှတ်တော့မှာလား ?
၁၀. ကိုယ်သွားမယ်ဆိုပြီးဖောက်ခဲ့လမ်းက ဒီမှာတင်ရပ်တော့မှာလား ?
ကိုယ်ဖောက်တဲ့လမ်း ကိုယ်ဆုံးအောင်လျှောက်ရတယ် ။
စိတ်ဓာတ်က ဘယ်အချိန်ထိကျနေမှာလဲ ?
အချိန်တွေဟာ အင်မတန်တန်ဖိုးရှိပါတယ်။
တကယ်တော့အချိန်တွေပေါင်းလိုက်ရင် အသက် ရယ်လိူ့ဖြစ်လာတာပါ။
အချိန်ဖြုန်းတာဟာ အသက်ကိုဖြုန်းနေတာပါ။
စီးပွားရေးဘဲလုပ်လုပ်
နိုင်ငံရေးပဲလုပ်လုပ်
လူမှုရေးပဲ လုပ်လုပ်
ယခုလက်ရှိမိသားစုကျန်းမာရေးအတွက်ပဲလုပ်လုပ်။
စိတ်ဓာတ်ကျလို့ ဘာမှမလုပ်ဖြစ်တာမျိုး မဖြစ်စေချင်ပါ။ဘာကိုပဲလုပ်လုပ် လုပ်စေချင်ပါတယ်။
ဘာဘဲဖြစ်ဖြစ် ကိုယ့်အတွက် ၊ မိသားစုအတွက် ၊ တိုင်းပြည်အတွက် အကျိုးရှိရင်လုပ်ပါ။
လူတိုင်းမှာအစွမ်းအစရှိပြီးသားပါ။
စာရှည်နေမှာဆိုးလို့ ဒီမှာတင်ရပ်ပါ့မယ်။ရေးရင်တော့အများကြီးပါ ။
ဒီစာဖတ်ပြီး ဆက်အိပ်နေတာမျိုး မဖြစ်စေချင်ပါ။
လုပ်စေချင်လို့ ဖြစ်စေချင်လို့ စေတနာနဲ့ပြောတယ်မှတ်ပါ။
စေတနာနဲ့ပြောခဲ့လို့ အမှားတွေပါခဲ့ရင် ခွင့်လွှတ်ပါ။
မင်းက မင်းမိသားစုရဲ့ အားကိုးရသူပါ။
မင်းက နိုင်ငံအတွက်လဲ အားထားရတဲ့သူပါ။
စိတ်ဓာတ်ကျမနေပါနဲ့ အခုချက်ချင်းထပါ။
Credit !!
18/11/2021
🙏တန်ဆောင်မုန်းလပြည့်သာမညဖလအခါတော်နေ့🙏
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။ “သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။
မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များသည်
-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။
မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။
(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပ္ပါယ်ရပါသည်။
(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”ဟု ခေါ်ဆိုနိုင်ပါသည်။
(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။
(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်ပါသည်။
(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။
(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်။
(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ။
(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံး
လျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။
(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။
(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော
မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ “ဝိဇိတာဝီ” မည်သော ပစ္စေကဗုဒ္ဓါ
ဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။
(၁၁) အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်။
(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်။
(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။
(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်။
Ref: အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များ-နှာ၁၇၅-မှ
Credit Team (ရိုးရာလေး)
တန်ဆောင်မုန်းလပြည့်သာမညဖလအခါတော်နေ့
🙏🙏🙏 Mon-Online Shop🙏🙏🙏
══════════════════════
❝ ဒေါသနည်းအောင် နေနည်း ❞
══════════════════════
••
••
စိတ်အေးအေးချမ်းချမ်းနေချင်ရင်
သူများအကြောင်းကို
တတ်နိုင်သလောက် မပြောပဲနေတာ
ကောင်းတယ်။ အထူးသဖြင့်
သူများမကောင်းကြောင်းကို
မပြောပဲနေတာ ကောင်းတယ်။
ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။
ကိုယ်က သူများ မကောင်းကြောင်းကို
ပြောရင်, ကိုယ့်မကောင်းကြောင်းကိုလည်း
သူများက ပြောမှာသေချာတယ်။
အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။
ကိုယ့်အကြောင်းကို
သူများက မကောင်းပြောရင်တောင်မှ
သူပြောတာမဟုတ်ကြောင်းကိုပဲ
အေးအေးဆေးဆေးပြောပြီး၊
သူ့မကောင်းကြောင်းကိုတော့
ဟုတ်နေရင်တောင်မှ
မပြောပဲ ထားလိုက်တာက ပိုကောင်းတယ်။
ကိုယ်က သဘောထားကြီးကြီး ထားဖို့လိုတယ်။
စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင်
မလိုအပ်ပဲနဲ့ လူများများနဲ့ မရောပါနဲ့။
အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့
လူတွေနဲ့ စကားပြောရတာ နဲမှာမဟုတ်ဘူး။
အခက်အခဲရှိလို့ ပြောချင်ရင်၊ တိုင်ပင်ချင်ရင်
တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး
ပေးနိုင်မဲ့သူကိုပဲ ပြောပါ။
မဆိုင်တဲ့သူတွေကို မပြောပါနဲ့။
စိတ်ပျက်စရာကို ပြောတတ်တဲ့သူတွေကို
ဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကို ပြောတတ်တဲ့သူကို
ပြောရင်, ကိုယ်ပါ စိတ်ဓါတ် ကျမယ်။
စိုးရိမ်စိတ်တွေ များလာမယ်၊ စိတ်ပင်ပန်းမယ်။
ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊
အတွေ့အကြုံများတဲ့သူမှသာ
ကိုယ့်အခက်အခဲကို နားလည်မယ်။ ဒါကြောင့်
ဘယ်သူနဲ့ တိုင်ပင်သင့်တယ် ဆိုတာကို
သေသေချာချာစဉ်းစားပါ။
အေးအေးဆေးဆေး ပြောတတ်အောင်
လေ့ကျင့်ပါ။ အေးအေးဆေးဆေး
လုပ်တတ်အောင် လေ့ကျင့်ပါ။
အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်၊
အလျင်လိုနေရင် စိတ်မရှည်ဘူး။
အလျင်လိုနေတဲ့သူဟာ စိတ်တိုဖို့ ပိုများတယ်။
မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။
ဒါကြောင့်...
"အရင်လိုရင် အရနှေးတယ်"လို့ ပြောတာ။
စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ
လုပ်တတ်တဲ့ အလေ့အကျင့်ဟာ
ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေးတယ်။
အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး
ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း
ရန်ဖြစ်ရတာ... စိတ်ဆင်းရဲရတာတွေ
တော်တော်များပါတယ်။
ဒါကြောင့် အရေးကြီးတဲ့အလုပ်တွေကို
လုပ်နေတဲ့သူဟာ... အရေးမကြီးတာတွေကို
သိတိုင်းလည်း မပြောသင့်ဘူး။
မေးတိုင်းလည်း မဖြေသင့်ဘူး။
အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း
သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင်း ၀င်ပြောပြီး
အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်း နိုင်ချင်တာဟာ မရင့်ကျက်တဲ့
စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင်
ရင့်ကျက်တဲ့စိတ်ထား၊ သဘောထားကြီးတဲ့
စိတ်ထားမျိုးကို မွေးယူရမယ်။
လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက
ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကို စိတ်ကျေနပ်အောင်
ဘယ်သူမှ လုပ်မပေးနိုင်ဘူး။
မကျေနပ်တဲ့သူက အပြစ်တင်မယ်၊
မကောင်းပြောမယ်။
အဲဒီအ ခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်
စိတ်ဓါတ်ကျမယ်။
ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး
ဖြစ်နိုင်တဲ့အခက်အခဲတွေကို
ကြိုတင်တွေးထားပြီးတော့
အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူး
စိတ်ရှည်ရှည်ထားမယ်လို့
မကြာခဏ နှလုံးသွင်းပါ။
🌿🌿🌿🌿🌿🌿🌿🌿🌿
လူတွေပေါ်မှာ တတ်နိုင်သလောက်
စိတ်ရှည်ရှည်ထားပါ။
သူတို့ကိုနားလည်ဖို့ ကြိုးစားပါ။
ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့။
ကိုယ့်စေတနာက မှားနေရင်
ကိုယ့်စေတနာက ကိုယ့်ကို အကျိုးပေးမှာပါ။
ပြဿနာ တော်တော်များများဟာ
ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။
တစ်ယောက်ပြောချင်တာကို
တစ်ယောက်ဆုံးအောင် နားမထောင်ရင်
တစ်ယောက်ကို တစ်ယောက်
နားလည်မှာမဟုတ်ဘူး။
တစ်ယောက်စကားကို တစ်ယောက်က
အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင်
အထင်လွဲတာတွေ ဖြစ်လာမယ်။
ဒါကြောင့် ဆက်ဆံရေးအဆင်ပြေချင်ရင်
တဖက်သား ပြောချင်နေတာကို
ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ
ပြောချင်နေတာကို ပြောခွင့်ပေးပါ။
အထူးသဖြင့် အရေးကြီးတဲ့ကိစ္စ
ပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့
ပိုပြီးအရေးကြီးပါတယ်။
တစ်ယောက်ရဲ့ အခက်အခဲကို
တစ်ယောက်က ကူညီပြီးနေသွားရတာ
ကျေနပ်စရာ သိပ်ကောင်းပါတယ်။
တစ်ယောက်နဲ့ တစ်ယောက်
တစ်ကယ် နားလည်မှုရသွားရင်
စိတ်သက်သာမှု ရတယ်။
ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့
အထင်လွဲမှုကို ခံရတာ
စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။
ဒါကြောင့်...
တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင်
လေးလေးစားစားဆွေးနွေးပါ။..
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)၏
"ဒေါသနည်းအောင်နေနည်း" မှ
ကောက်နှုတ်မျှဝေပူဇော်ခြင်း ဖြစ်ပါသည်။
ပဋ္ဌာန်းပူဇော်ကြသူများ
❝ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ❞
အလှူမှန်သမျှတွင် တရားအလှူသည်အမြတ်ဆုံးဖြစ်ပေ၏
19/09/2021
မင်မင် ဟုတ်ရပါဘူးနော်😂
17/09/2021
စာဖတ်ဝါသနာပါတဲ့ မင်မင် Cutiesလေးများအတွက်
***စာအုပ်free downloadဆွဲနိုင်မဲ့ channelများ***
စာဖတ်ဝါသနာပါသူများအတွက် စာအုပ်တင်ပေးတဲ့Telegram Channelလေးတွေshareပေးမယ်နော်
Adminကိုယ်တိုင်လဲစာမဖတ်ဖြစ်တာကြာပြီမို့ အခုတလော စာအုပ်တွေပြန်ဖတ်ရင်း telegramမှာ joinထားတဲ့channelလေးတွေကို မျှဝေပေးချင်ပါတယ်
Channel 12ခုမှာ လိုချင်တဲ့စာအုပ်တွေကိုအလွယ်တကူရှာကြည့်နိုင်ပါတယ် 4ခုမြောက်ကchat botလေးပါ သုံးရလဲအရမ်းအဆင်ပြေပါတယ် Kindle Readerတို့အတွက်လဲchannelတခုပါတယ်နော်DC Comic channelလေးပါထည့်ပေးထားပါတယ်
1.Book Paradise Myanmar📚📚
https://t.me/bookparadisemyanmar
2.စာအုပ်စာပေ(Book For You)
https://t.me/booksforyou1986
3.myanmar book lovers❤️
https://t.me/myanmarbooklovers
4.Burmese Books (Chat bot)
t.me/burmesebooks_bot
5.OLD english Book
https://t.me/OBbyChanMin
6.EBOOKS(နာမည်ကြီး English Booksတွေတင်ပေးတဲ့channelပါ)
https://t.me/ebooks
7.eBooks Cafe(English Novelတွေတင်ပေးတဲ့channelပါ)
https://t.me/eBooksCafe
8.English Books Magazines Novels(နာမည်ကြီးစာအုပ်တွေတင်ထားပါတယ်)
https://t.me/English_Books_Magazines_Novels
9.Ebookz Collections(English Novelပေါင်းများစွာတင်ပေးတဲ့channelပါ အုပ်အများစုက စာရေးဆရာနာမည်တွေနဲ့စုပေးထားတာတွေးရပါတယ်)
https://t.me/EbookzCollection
10.eBook Room(English Novelတွေတင်တဲ့channelပါ)
https://t.me/eBookRoom
11.Myanmar DC comic Books
https://t.me/DCcomictranslator
12.Myanmar Books For Kindle Reader
https://t.me/mmebooks
edit ထပ်တိုး
13.Myanmar book world
https://t.me/bookworldforall
စာဖတ်ရတာမြတ်နိုးတယ်ဆိုရင် တက်နိုင်သမျှ စာအုပ်လေးတွေဝယ်ဖတ်ပြီး စာရေးဆရာတွေအားပေးကြပါလို့ paid ebook platform တွေကလဲအားပေးကြပါလ်ို့
photo credit to rightful owner
07/09/2021
💙ဘေးကင်းလုံခြုံဖို့ ကြိုတင်ဆောင်ထားသင့်တာလေးတွေ💪
🙏ဘေးအန္တရာယ်ကင်းရှင်းကြပါစေရှင့်🙏
Click here to claim your Sponsored Listing.
Telephone
Website
Address
Hantharwati Street, Shwe Pauk Kan, North Okkalapa
Yangon
11032