Phyu Online Shop
Health and Beauty
18/04/2024
(y) နှလုံးသွေးကြောကျဉ်းရောဂါအတွက် ဆေးနည်း
နှလုံးသွေးကြောကျဉ်းရောဂါအတွက် ဆေးနည်း အင်္ဂလန်မှ ပါကစ္စတန်သို့ အစည်းအဝေးအတွက် ရောက်ရှိနေသော လူတစ်ဦးသည် ရုတ်တရက် နှလုံးရောဂါကြောင့် ဆေးရုံတက်ခဲ့ရသည်။ နှလုံးခွဲစိပ် ဆရာ၀န်ကြီးက ထိုလူနာကိုစမ်းသပ်ပြီး နှလုံးသွေးကြောကျဉ်းသည့် ရောဂါကြောင့် အသက်အန္တရာယ်ရှိသည့်အတွက် ခွဲစိပ်ရမည်ဖြစ်ကြောင်း၊ မခွဲစိပ်မီ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့ မှာလိုက်ပါသည်။
ထိုလူနာမှာ ဆေးရုံသို့ တစ်လကြိုတင်ငွေ Rs 225,000 ကို ပေးထား၍ ခွဲစိပ်ရက်ရောက်မည့်ရက်ကို စောင့်နေတုန်းမှာပင် သူ့ရောဂါအကြောင်းကို ပါကစ္စတန်မှ တိုင်းရင်းဆေးဆရာကြီး Hazrat Moulana Bashir Saheb ဆိုသူအား ပြောပြလိုက်ပါသည်။
ထိုအခါ ဆရာကြီး Saheb သည် သူကိုယ်တိုင် ဖော်ပေးသောဆေးကို တစ်လတိတိ လိုက်နာသုံးစွဲလျှင် ထိုရောဂါမုချ ပျောက်ကင်းမည်ဖြစ်ကြောင်း ပြောလာသဖြင့် ဆရာကြီး၏ ဆေးကို သောက်သုံးခဲ့ရာ တစ်လပြည့်သောအခါ ခွဲစိပ်ဆရာ၀န်ကြီးမှာ သူ့ရောဂါကို စမ်းသပ်ကြည့်ပြီး ခွဲစိပ်စရာမလိုတော့ကြောင်း၊ ပိတ်မိနေသည့် နှလုံးသွေးကြောများလည်း ပြန်ပွင့်နေပြီး နှလုံးမှာလည်း ပုံမှန် ပြန်လည်အလုပ်လုပ်နေပြီဖြစ်ကြောင်း အံ့သြစွာ ပြောပြီး ကြိုတင်ငွေများလည်း ပြန်ပေးခဲ့ပါသည်။
ထို့ကြောင့် ငွေကုန်ကြေးကျများလွန်းလှပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရသည့် နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားနေသူများအတွက် သမားတော်ကြီး Saheb ၏ ရိုးရာဆေးမြီးတိုနည်းကို အများသိအောင် ပြန်လည်မျှဝေပေးလိုက်ပါသည်။
# # ဆေးဖော်နည်း
(၁) သံပုယိုသီး (သို့မဟုတ်) ရှောက်သီးအရည် လက်ဖက်ရည်ခွက် ၁ ခွက်
(၂) ဂျင်း(ချင်း)အရည် ၁ ခွက်
(၃) ကြက်သွန်ဖြူ အရည် ၁ ခွက်
(၄) ပန်းသီးရှာလကာရည် (Apple Cider Vinegar) ၁ ခွက် (Apple Vinegar ကို City Mark ကဲ့သို့သောဆိုင်များတွင် ၀ယ်နိုင်သည်)
အထက်ဖော်ပြပါ အမယ်(၄)မျိူ းကို ရောစပ်၍ မီးလျှော့ထားပြီး (၁) နာရီခန့်ကြာအောင် (သို့မဟုတ်) ၄ ခွက်တွင် ၃ခွက်ကျန်သည်အထိ ကြိုပါ။
ပြီးလျင် အအေးခံထားပါ။
ပြီးလျှင် ပျ ားရည်စစ်စစ် လက်ဖက်ရည်ခွက် ၃ခွက်ရော၍ နှံ့အောင်မွှေပြီး ဖန်ပုလင်းတွင် ထည့်ထားကာ သုံးဆောင်နိုင်ပါသည်။
# # ဆေးသောက်ရန် အညွန်း နံနက်အိပ်ယာထ အစာမစားမီ ထမင်းစားဇွန်းအပြည့် တစ်ဇွန်းသောက်ပါ။
တစ်နေ့တစ်ကြိမ်ဖြင့် နေ့စဉ် တစ်လတိတိ သုံးစွဲသွားပါက ကျဉ်းနေသော နှလုံးသွေးကြောများ၊ ပိတ်မိနေသော နှလုံးသွေးကြောများလည်း ပြန်ပွင့်သွား၍ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာစေမည်။ ဤဆေးနည်းကို မျှဝေပေးခြင်းဖြင့် တန်ဖိုးရှိလှသော လူ့အသက်ပေါင်းများစွာတို့ကို ကယ်တင်ပေးနိုင်ကြပါသည်။ လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
18/03/2024
🗣 #ဆိုးလိုက်တဲ့ချောင်း ကောင်းလိုက်တဲ့ဆေး
====================================
အင်္ဂလိပ်ဆေး ဗမာဆေးစုံပြီး ချောင်းဆိုးမရပ်ပဲကြာရှည်ခံစားနေရသူ ဘကြီးပေးသောဆေးနည်း
စိုင်းမင်းသန့် ရေ့ အဘကဖျားပြီး အဖျားပျောက်တော့ ချောင်းကဆိုးတာ ဘာဆေးသောက်သောက်မသက်သာဘူးကွ ဆေးခန်းတွေလည်းစုံပြီ ဆိုးလိုက်တဲ့ချောင်းကွာ ညညမအိပ်ရဘူး ကြာတော့လူက အားအင်ကုန်ခမ်းလာတယ်
ကံကောင်းချင်တော့ ရွာကအသိမိတ်ဆွေများက တိုင်းရင်းဆေး ဆရာကြီး တစ်ယောက်နဲ့ ပြကြည့်ပါတဲ့ အဘလည်း ချောင်းဆိုးပျောက်ဖို့အတွက် မရှိမဲ့ရှိမယ့် ငွေ တစ်သိန်းကျော်ကုန်ပြီးပြီ အခုဆရာနဲ့မှ မသက်သာရင် မလွယ်ဘူးပေါ့ကွာ...
နောက်တော့ မနေနိုင်တဲ့အဆုံး ရွာက မိတ်ဆွေတွေ ပြောတဲ့ တိုင်းရင်းဆေးဆရာကြီးဆီသွားပြတယ်
ဆရာကြီးက တိုင်းရင်းဆေးအညွှန်းအတိုင်းသာလုပ်ကြည့်ဆိုပြီး ဆေးနည်းပေးလိုက်တယ် ဆေးဖိုးလည်းမပေးရပါဘူး မေတ္တာနဲ့ပေးလိုက်တာပါ
မယုံနိုင်လောက်အောင်ပါပဲ ပထမရက် ညနေ ဆေးတစ်ခွက်လုပ်သောက်တယ် သိသိသာသာချောင်းဆိုးသက်သာတယ် ညအိပ်ရတယ် နောက်နေ့မနက် လူကလန်းနေတယ်ကွာ...
ဒုတိယရက်ကို နောက်ထပ်ဆေး ညမနက်နှစ်ကြိမ်သောက်လိုက်တယ် ဟုတ်တယ်ဟေ့ ချောင်းဆိုးတာ တနေကုန်လို့ သုံးခါလောက်ပဲ ဆိုးတယ်
တတိယနေ့ ဆက်သောက်လိုက်တာ ချောင်းဆိုးကတော့ နင်နေငါသွားကိုဖြစ်ပြီး ပြန်ကောင်းသွားတယ် ဆေးတဖုံစာတောင်မကုန်လိုက်ပါဘူး
အိမ်ကလူတွေ ချောင်းဆိုးရင် ပထမဖော်ထားတဲ့ဆေးတိုက်တာ ချောင်းမဆိုးတော့ဘူး ရွာကဆွေမျိုးတွေနဲ့အသိမိတ်ဆွေတွေလည်း ပျောက်ကင်းကြတယ်
ငါ့တူစိုင်းမင်းသန့်က တိုင်းရင်းဆေးနည်းတွေ မျှဝေကုသိုလ်ယူနေတော့ အဘကပြန်ပြီး မျှဝေပြောပြရတာပါပဲကွယ်
#ဆေးနည်း
ရဲယိုရွက်ငါးရွက်ထပ် အိမ်သုံး ဆားကို ကြက်ဥ ( ၁ )လုံးစာထည့်ထုပ်ပြီးတော့ မီးဖုတ် ရဲယို အရွက်တွေကျွမ်းသွားရင် ဆားက လောက်စာလုံးတစ်လုံးသာသာ ကျန်လိမ့်မယ်
အဲ့ဒီ ဆားကို တစ်ခါသောက် ဆားဖုတ်မန်ကျဥ်းစေ့တစေ့ခန့်ကို သံပုရာသီးတခြမ်းညှစ်ပြီးသောက်ပေး။
ဆေးမတိုးသော ချောင်းဆိုချောင်းခြောက်သိသာစွာသက်သာပျောက်ကင်းပါသည်။
ကျွန်တော်လည်း ဖျားပြီး ချောင်းဆိုးကျန်ခဲ့သည် ထိုနည်းအတိုင်း ပြုလုပ်ပြီး သောက်ခဲ့တာ ချောင်းဆိုးပျောက်ကင်းခဲ့ပါသည်။
🙏🙏🙏
ကျေးဇူးအများကြီးတင်ပါတယ် အဘ
အားလုံးကျန်းမာ ချမ်းသာကြပါစေ...
စိုင်း မင်း သန့်
Crd
ပြန်လည်မျှဝေသည်
16/03/2024
ခေါင်းခဏခဏ မူးနေတာ ဘာကြောင့်လဲ
ခေါင်းထဲမှာ မကြည်မလင်ဖြစ်တယ်၊ ခေါင်းမူးတယ်၊ မိုက်ခနဲမိုက်ခနဲ ဖြစ်တယ်၊ လှိုင်းစီးသလိုပဲ မူးနေတာ စသည်ဖြင့် ခေါင်းမူးတာကို အမျိုးမျိုးပုံစံနဲ့ ခံစားရတတ်ပါတယ်။ အထူးသဖြင့် ခရီးသွားရင် ခေါင်းမူးတတ်တဲ့ လူတွေဆိုလည်း သူတို့ဘာသာ တော်တော် စိတ်ညစ်ရပါတယ်။ တချို့ဆိုရင် ဒဏ်မခံနိုင်လို့ ခရီးဝေးဝေးလံလံ ကားစီးရမယ်ဆိုရင် ခေါင်းမူးမှာ၊ အန်မှာစိုးပြီး မသွားဘဲ နေရတာမျိုးတောင် ရှိတတ်ပါတယ်။ ဒီတော့ ခေါင်းမူးတာဟာ လူတော်တော်များများကို စိတ်ဒုက္ခဖြစ်စေတဲ့ လက္ခဏတစ်ခုလို့ ဆိုရမှာပါ။ ဒါပေမဲ့ လူတော်တော်များများ ကြောက်တာကတော့ ခေါင်းဘာကြောင့် မူးမူးနေလဲဆိုတဲ့ အချက်ပါ။ ရံဖန်ရံခါ မူးတဲ့လူဆိုရင်တော့ သိပ်သတိမထားမိပေမယ့် မကြာခဏ မူးလာပြီဆိုရင်တော့ ကိုယ့်ဦးခေါင်းထဲမှာ ရောဂါတွေ ကြီးကြီးမားမား ဆိုးဆိုးရွားရွား ဖြစ်နေပြီလားဆိုတဲ့ ခံစားချက်ကြောင့် စိုးရိမ်ထိတ်လန့်ရတာမျိုး ဖြစ်ကြတာပါပဲ။ ဒါပေမဲ့လည်း ခေါင်းမူးရတာဟာ အကြောင်းရင်းများစွာ ရှိနိုင်ပါတယ်။ အားလုံးဟာ လူတော်တော်များများ ထင်သလို ကြီးကြီးမားမား ရောဂါဇာစ်ဖြစ်ကြောင့်တော့ အချိန်တိုင်း မဟုတ်နိုင်ပါဘူး။ ဒါကြောင့် လေ့လာကြည့်ကြရမယ် ဆိုရင်တော့ -
(၁) ခန္ဓာကိုယ်ရဲ့ လှုပ်ရှားသွားလာမှုမှာ ဟန်ချက်ညီတဲ့ Balance ဆိုတာဟာ အင်မတန်အရေးပါပါတယ်။ ဒီလို ဟန်ချက်ညီညီ သွားလာ နေထိုင်နိုင်ဖို့အတွက် ဦးနှောက် Brain Stem ကနေ ထိန်းချုပ်ပေးထားလေ့ ရှိပါတယ်။ ဒါ့အပြင် အရေးပါတာကတော့ နားတစ်ဖက်စီရဲ့ အတွင်းမှာရှိတဲ့ Labyrinth ခေါ်တဲ့အပိုင်းပဲ ဖြစ်ပါတယ်။ Labyrinth ဆိုတဲ့ နားအတွင်းပိုင်းမှာရှိတဲ့ နေရာမှာ အရည်တွေစီးဆင်းဖို့ လမ်းကြောင်းလေးတွေ ရှိပြီး ခေါင်းလှည့်တာ၊ စောင်းတာစတဲ့ ခေါင်းလှုပ်ရှားမှုတွေနဲ့အတူ အဲဒီအရည်တွေဟာ လိုက်ရွေ့လျား တတ်ပါတယ်။ အဲဒီအရည်လေးတွေ ဘယ်လိုစီးဆင်းတယ်ဆိုတဲ့ ပုံစံအနေအထားပေါ်လိုက်ပြီးမှ ဦးနှောက် Brain Stem က လိုအပ်သလို ဟန်ချက် ပြန်ထိန်းပေးရတာပါ။ ဒါကြောင့် ချာချာလည်အောင် ခေါင်းမူးတယ်ဆိုတာဟာ အဲဒီလို နားအတွင်းပိုင်းနဲ့ ဦးနှောက်ဟန်ချက်ညီညီ လှုပ်ရှားမှု အချိတ်အဆက် တစ်ခါတစ်ခါမှာ ပုံစံမဝင်တာ၊ တစ်နည်းအားဖြင့် Balance အောက်နေတာဆိုတဲ့ အကြောင်းကြောင့် ဖြစ်တတ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ လှုပ်ရှားမှုလုပ်ရင် ပိုမူးလာတတ်ပြီး အထူးသဖြင့် အိပ်ရာထဲမှာ ဟိုဘက်စောင်း၊ ဒီဘက်စောင်း လုပ်လိုက်လို့ ချာချာလည်သလို မူးတတ်တာမျိုး ဖြစ်ပါတယ်ဆိုပြီး ပြောတတ်ကြပါတယ်။
(၂) သွေးအားနည်းနေတဲ့ သူတွေ တစ်ခါတလေ မူးခနဲ မိုက်ခနဲ ဖြစ်တတ်တာမျိုး ရှိပါတယ်။ ဒါပေမဲ့ ခေါင်းမူးတယ်ဆိုပြီး တစ်မျိုးတည်း ဖြစ်တာထက် ရင်တုန်တာ၊ မောတာဆိုတဲ့ လက္ခဏာတွေနဲ့ပါ တွဲဖြစ်တတ်ပါတယ်။
(၃) ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်မှု ဖြစ်တဲ့အခါမျိုး၊ သွေးပေါင်ချိန် အရမ်းကျနေတဲ့ အခါမျိုးမှာလည်း ခေါင်းမူးတာ ဖြစ်တတ်ပါတယ်။ ချွေးထွက် အရမ်းများသူတွေ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဆားဓာတ်၊ ရေဓာတ်ကို လုံလောက်အောင် ပြန်မဖြည့်သူတွေမှာ အထူးသဖြင့် တွေ့ရတတ်ပါတယ်။
(၄) နှလုံးခုန်တာ စည်းချက်မမှန်တဲ့ သူတွေ၊ နှလုံးရောဂါရှိသူတွေမှာ တစ်ခါတစ်ရံ ခေါင်းမူးတယ်ဆိုတဲ့ လက္ခဏာ ပြတတ်ပါတယ်။ နှလုံးခုန် နှေးလွန်းတဲ့ သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသက်ကြီးတဲ့ သူတွေဆိုရင်တော့ နှလုံးဟာ လူငယ်တွေလို ကြံ့ခိုင်မှု သိပ်မရှိတော့တဲ့ အတွက် ဦးနှောက်ဆီကို နှလုံးကနေပို့လိုက်တဲ့ သွေးနည်းသွားတဲ့ အချိန်မျိုးမှာ ခေါင်းတွေမူးပြီး၊ မေ့လဲချင်သလို ဖြစ်တတ်ပါတယ်။
(၅) တစ်ခါတစ်ရံမှာ ရောဂါမဟုတ်ပေမယ့် တစ်နေရာကနေ အထိုင်အထ ဝုန်းခနဲလုပ်လိုက်တဲ့ အခါမျိုးမှာ ခေါင်းမူးတယ်ဆိုတာ ဖြစ်တတ်ပါတယ်။ မတ်တတ် ရပ်လိုက်တဲ့အခါမှာ ခြေထောက်တွေ၊ လက်တွေရဲ့သွေးကြောလေးတွေဟာ ပုံမှန်လို ညှစ်အား မကောင်းတော့ဘဲ ခဏတာဖြစ်ဖြစ် နှလုံးကို သွေးရောက်နည်းသွားတာ၊ ဦးနှောက်ဆီကို သွေးရောက်နည်းသွားတာ ဖြစ်တတ်တာကြောင့်ပါ။ Postural hypotension လို့ခေါ်ပြီး အသက်ကြီးသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
(၆) ခေါင်းမူးတယ်၊ တုန်တုန်ယင်ယင် ဖြစ်တယ်၊ ချွေးစီးတွေ ပြန်လာတယ်ဆိုတာဟာ တစ်ခါတစ်ရံမှာ သွေးထဲမှာ အချိုဓာတ် နည်းသွားတဲ့ အတွက် ဖြစ်တတ်ပါတယ်။ ပုံမှန်ကျန်းမာသူတွေ ဆိုရင်တော့ အစားစားရမယ့် အချိန်မှာ အဆာခံလွန်းရင် ဖြစ်တတ်ပြီး ဆီးချိုရှိသူတွေမှာ ဆိုရင်တော့ ဆီးချိုဆေးတွေ စားထားပေမယ့် အစာကို ဂရုတစိုက် အချိန်မှန်မစားတာကြောင့် သွေးအချိုဓာတ် ကျဆင်းတာ ဖြစ်တတ်တာကြောင့် ခေါင်းမူးလာတာ ဖြစ်ပါတယ်။ ဒီထက်ဆိုးပြီး ရှိသင့်တဲ့ အချိုပမာဏထက် အရမ်းနည်းသွားရင်တော့ မေ့လဲတာအထိ ဖြစ်တတ်ပါတယ်။
(၇) အသက်ကလေး နည်းနည်းရလာတဲ့ သူတွေမှာ အရိုးကျီးပေါင်းရောဂါဆိုတာ ရှိတတ်ကြပါတယ်။ ဒီလိုမျိုး အရိုးကျီးပေါင်းကြောင့်လည်း မကြာခဏ ခေါင်းမူးတယ် ဆိုတာ ဖြစ်တတ်ပါတယ်။ နည်းနည်းပါးပါး ခေါင်းမူးတာကနေ အခန်းတစ်ခန်းလုံး ချာချာလည်နေအောင် မူးတယ်ဆိုတာမျိုး ဖြစ်တတ်ပါတယ်။
(၈) တစ်ခါတစ်ရံမှာတော့ သုံးစွဲနေရတဲ့ ဆေးဝါးတွေကြောင့် ခေါင်းမူးတယ်ဆိုတာ ဖြစ်တတ်ပါတယ်။ ဆေးတော်တော်များများမှာ ခေါင်းမူးစေတယ် ဆိုတဲ့ ဘေးထွက်ဆိုးကျိုး ပါတတ်ပါတယ်။ ဒါပေမဲ့ လူတိုင်းမှာဖြစ်မှာတော့ မဟုတ်ပါဘူး။ လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို လိုက်ပြီးတော့ ဆေးကို တုံ့ပြန်ပုံခြင်းတူမှာ မဟုတ်တဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးဆိုပေမယ့် အင်္ဂလိပ်ဆေးတွေကြောင့် သာလျှင် ခေါင်းမူးတာဖြစ်ချင်မှ ဖြစ်ပါမယ်။ တိုင်းရင်းဆေးတွေ စားနေတဲ့သူတွေမှာလည်း ဆေးထဲမှာ ပါဝင်တဲ့ အမည်မသိ ဓာတ်သတ္တိ တစ်မျိုးမျိုးကြောင့် ခေါင်းမူးတတ်တာကို သတိထားသင့်ပါတယ်။
(၉) တစ်ခါတစ်ရံမှာတော့ ခေါင်းမူးရတဲ့ အကြောင်းရင်းဟာ Anxiety ခေါ်တဲ့ စိုးရိမ်စရာ၊ ထိတ်လန့်စရာ စိတ်ပူစရာတွေ များနေတဲ့သူတွေမှာ ပိုဖြစ်တတ်တာနဲ့ ဆက်စပ်မှု ရှိတတ်ပါတယ်။ ဒါကြောင့် အခုလောက်ဆိုရင်တော့ စာဖတ်သူတို့အနေနဲ့ ခေါင်းဘာကြောင့် မူးလေ့ ရှိတတ်သလဲ ဆိုတာကို နည်းနည်းတော့ နားလည်သွားလောက်ပြီ ထင်ပါတယ်။ ဒါပေမဲ့ ခေါင်းမူးရခြင်းဟာ အထက်မှာ ဖော်ပြထားတဲ့ ကိုးချက်လောက်နဲ့တင် ရပ်သွားမှာ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေ အများကြီး ရှိတတ်ပါသေးတယ်။ သို့သော်လည်း အားလုံးကို ဖော်ပြမယ်ဆိုရင် စာအုပ်တစ်အုပ်စာလောက် ဖြစ်သွားနိုင်တာမို့ အရေးကြီးတာလောက်ကိုပဲ အနှစ်ချုပ်ဖော်ပြလိုက်တာပါ။
ဒီတော့ ခေါင်းမမူးအောင် ဆောင်ရန်၊ ရှောင်ရန်လေးတွေကရောလို့ မေးချင်တဲ့ စာဖတ်သူတွေလည်း ရှိလောက်မယ် ထင်ပါတယ်။ ဒါကြောင့် ခေါင်းမကြာခဏ မူးတတ်သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကတော့ -
(၁) လဲလျောင်းနေရာကနေ၊ ထိုင်နေတာကနေ ရုတ်တရက် မတ်တတ်ရပ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဦးနှောက်ကို သွေးရောက်တာ နည်းပြီး မူးရုံမကဘဲ မေ့လဲတာအထိ ဖြစ်တတ်ပါတယ်။
(၂) အလုပ်ရှပ်နေတာမို့ အဆာခံတော့မယ်ဆိုရင် အနည်းဆုံးတော့ သကြားလုံးဖြစ်ဖြစ်၊ အချိုရည်ဖြစ်ဖြစ် ဆောင်ထားပါ။ ထမင်းစားလိုက်မှ မဟုတ်ပါဘူး။ သကြားလုံး ငုံလိုက်တာဖြစ်ဖြစ်၊ အချိုရည် သောက်လိုက်တာဖြစ်ဖြစ် လုပ်လိုက်တာဟာ သွေးအချိုဓာတ်ကို ပြန်ထိန်း လိုက်နိုင်စေတဲ့ အတွက် ခေါင်းမူးတာကို ကြိုကာကွယ်နိုင်ပါတယ်။
(၃) ရေဓာတ်ကို လုံလောက်စွာ ရရှိစေဖို့ တစ်နေ့ကို ရေနှစ်လီတာ၊ နှစ်လီတာခွဲခန့် သောက်သုံးပေးပါ။ ဝမ်းပျက်ဝမ်းလျှော ထားသူတွေ ဆိုရင်တော့ ဝမ်းသွားထားတဲ့ ပမာဏပေါ် မူတည်ပြီး ဓာတ်ဆားရည် ပြန်လည်သောက်သုံး ပေးရပါမယ်။
(၄) သွေးအားနည်းတတ်တဲ့ သူတွေဟာ ဓမ္မတာများလေ့ရှိတဲ့ မိန်းကလေးတွေ ဖြစ်တတ်တာကြောင့် သွေးအားကောင်းစေဖို့ အတွက် အားဆေးဖြည့်တင်းပေးတာ၊ အသား၊ ပဲနဲ့ အသီးအရွက်တွေကို မျှတအောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။
(၅) ကျီးပေါင်းရောဂါ ရှိသူတွေအတွက်ကတော့ လိုအပ်တဲ့ အကြောအဆစ် လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးတာဟာ ရေရှည်မှာ ခေါင်းမူးတာကို သက်သာစေပါတယ်။
(၆) မျက်လုံးအားနည်းတဲ့ သူတွေဟာလည်း လိုအပ်တဲ့ မျက်လုံးစမ်းသပ်မှု လုပ်ပေးတာ၊ လိုအပ်သလို ပုံမှန် မျက်မှန်တပ်ပေးတာမျိုး လုပ်သင့်ပါကြောင်း ပြန်လည်မျှဝေရင်း ခေါင်းမူးရခြင်းနဲ့ပတ်သက်ပြီး ဒီတစ်ပတ် ဆောင်းပါးကို သည်နေရာမှာပဲ နိဂုံး ချုပ်လိုက်ပါတော့မယ်။ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။
နေခြည် (ဆေး-၁)
BY FLOWER NEWS JOURNAL
(ဤ ကျန်းမာရေး ဗဟုသုတ များအား ပြန်လည်ကူးယူ ဖော်ပြပါက ကျင့်၀တ်အရ မူရင်းရေးသားသူနှင့် Source ကိုပါ ထည့်သွင်းကူးယူဖော်ပြကြပါရန်)
06/03/2024
အိမ်မှာရှိတဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို
******************************************
တိုက်ဖျက်နည်း
*************
သင့် အိမ်မှာ မကောင်းတဲ့ အငွေ့အသက်တွေ ရှိနေနိုင်တယ်..။ ဒီလိုလေး မကြာမကြာ လုပ်ပေးလိုက်ပါ။
အိမ် မှာနေရတာ ငြီးစီစီကြီး၊ တစ်မျိုးကြီးဖြစ်နေတယ်လို့ သင်ခံစားနေရပါသလား ❓❓
အိမ် ထဲမှာ သင်မမြင်နိုင်တဲ့ မကောင်းတဲ့အငွေ့အသက်တွေတစ်ခါတစ်ရံရှိနေတတ်ပါတယ်။
ဒါကိုဖျက်ပြီး နေချင်စရာကောင်းတဲ့အိမ်လေးဖြစ်ဖို့ အောက်ပါရိုးရှင်းတဲ့နည်းကို သုံးနိုင်ပါတယ်။
နည်းလမ်းကတော့ ဖန်ခွက်တစ်ခွက်ရယ်၊ ဆားရယ်၊ ဗီနီဂါရည်( ရှာလကာရည် )ရယ်ပဲလိုတယ်လို့ ဆိုပါတယ်။
✅ဖန်ခွက်ထဲ ဆားအနည်းငယ်၊ ရေအနည်းငယ်၊ ဗီနီဂါရည်( ရှာလကာရည် )အနည်း ငယ်ကို ရောထည့်ပြီး အိမ်ရဲ့ ဧည့်ခန်းဖြစ်ဖြစ်၊အိပ်ခန်းဖြစ်ဖြစ် သင်အလိုရှိတဲ့နေရာမှာထားထားပါ။
✅တစ်ရက်ကြာအောင်ထားရမှာဖြစ်ပါတယ်။၂၄နာရီပြည့်တဲ့အခါ ဖန်ခွက်ကိုပြန်လာစစ်ပါ။ ဆားအခြေအနေကိုကြည့်ပါ။
✅ဆားတွေက အပေါ်ကို တက်နေတယ်၊ ဒါမှမဟုတ် ရေလျှံကျနေမယ်ဆိုရင် အဆိုပါနည်းလမ်းအတိုင်းထပ်မံပြုလုပ်ပြီးထားပါ။
✅ဆားတွေအပေါ်တက်တာရပ်တဲ့အထိ ထားရမှာဖြစ်ပါတယ်။
✅အိမ်ထဲလူမမြင်တဲ့နေရာမှာထားရင် မကောင်းတဲ့အငွေ့အသက်တွေ စုပ်ယူပေးပြီး
အိမ်မှာနေရတာပိုပြီး ပျော်ဖို့ကောင်းလာလိမ့်မယ်လို့ ဆိုပါတယ်…
Crd;
မေတ္တာဖြင့် မျှဝေခြင်း.......
26/02/2024
အသားပက်၍ ခြေဖနောင့်ကွဲနေပါသလား ?
======================
ခြေဖနောင့်ကွဲခြင်း အတွက်ထိရောက်တဲ့ အိမ်တွင်းသဘာဝ ကုထုံးလေးတွေရှိပါတယ်။ စမ်းကြည့်နိုင်ပါတယ်။ ခြေထောက်ကြမ်း သူများလဲဥတုမ ရွေးလုပ်ဆောင်နိုင်ပါသည်။
၁။ သံလွင်ဆီ သို့မဟုတ်အုန်း ဆီ ကို ညမအိပ်မှီ ခြေဖနောင့်ကိုလိမ်းပေးပါ။ မလိမ်းမှီ ခြေထောက်ကို သန့်စင်အောင်ဆေးဖို့လိုပါတယ်။ ထို့နောက် ချည်သားခြေအိတ်စွပ်၍ အိပ်လိုက်ပါ။
၂။ ငှက်ပျောသီး အမှည့် တစ်လုံးကို ခြေလိုက်ပါ။ ပြီးလျှင် စိမ့်ဝင်အောင် ပွတ်လူးပါ။ ၁၀ - ၁၅ မိနစ် ခန့်ထား ၍ ရေနွေးနွေးနှင့် ဆေးလိုက်ပါ။ ထို့နောက်ရေအေးနှင့် ခနစိမ်လိုက်ပါ။ နေ့စဉ်လုပ်ပေးနိုင်ပါသည်။ နူးညံ့အိစက်သော ခြေဖဝါး လေးဖြစ်လာပါလိမ့်မည်။
၃။ ပျားရည် တစ်ခွက်ကိုရေ တစ်ပုံးနှင့်ရော ပါ။ ခြေထောက်ကို ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်စိမ်၍ တိုက်ချွတ်ပေးပါ။ တစ်ပတ် တစ်ခါ လုပ်နိုင်ပါသည်။
အထက်ပါနည်း ၃ မျိုးထဲမှမိမိနှင့် အဆင်ပြေသည့်နည်းကိုရွေးချယ်လုပ်ဆောင်နိုင်ပါသည်။
Dr.Marie
အမျိုးသမီးနှင့်ကျန်းမာရေး
http://health.thithtoolwin.com/
16/02/2024
အပူအပုပ်ကင်းပြီး သဘာ၀အတိုင်းအဆီကျစေဖို့
လင်းလက် သဘာ၀အပူငြိမ်း အဆီကျ မန်ကျည်းယိုလေး
ရှိပါတယ်။
တစ်ဘူးမှ (၆၅၀၀)ကျပ်ပါ။
၁၀ဘူးစျေး (၅၂၀၀)ကျပ်ပါရှင့်။
မှာယူလိုပါက
09799247931ကိုဆက်သွယ်၍ မှာယူနိုင်ပါတယ်ရှင့်
ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေရပါတယ်
တစ်နိုင်ငံလုံးသို့ပို့ပေးပါတယ်ရှင့်
#လင်းလက်ရန်ကုန်ကိုယ်စားလှယ်
#လင်းလက်သဘာဝထုတ်ကုန်အမျိုးမျိုးလက်လီလက်ကားဖြန့်ချီရေး
#အမြို့မြို့အနယ်နယ်မှကိုယ်စလှယ်သစ်လေးများအားနွေးထွေးစွာကြိုဆိုပါတယ်ရှင့်
#အတူကြိုးစားပြီးလင်းလက်တောက်ပကြမယ်နော်
31/01/2024
လကုန်ခါနီးလေးမှာ အခွင့်အရေးကိုအမိအယူနိုင်သောကိုယ်စားလှယ်အတော်ကြီးရဲ့orderလေး
.. #ထုံနာကျင်နာ အတွက် လေရူနည်း
သြသု ဆရာကြီး ဦးရန်အောင်၏ လေရှုနည်း
လက်များထုံခြင်း
နူတ်ခမ်းခြောက်ခြင်း
ခြေဖနှောင့် ကွဲခြင်းတွေဟာ အစွန်း အဖျားကိုသွားတဲ့ လေ အားနည်းနေလို့ပါ။
လေသန့်သန့်ကို ဝအောင်ရှုရန် လိုအပ်ပါတယ် ။
■ ဒီလို ရောဂါတွေ မဖြစ်လည်း
လူတိုင်းဆောင်ရွက်သင့်တဲ့ လေရှုနည်း......
လေရှုတဲ့ အခါမှာ တချို့ ကျဉ်တတ်တဲ့ လူတွေက ပင့်သက်နဲ့ ရှုပါတယ် ။
မေးစေ့လေးကို မ , ပြီး ရှိုက် ပြီးတော့မှ ပင့်သက်နဲ့ ရှုမှ ဝ ,တာ တွေ့ရပါတယ် ။
အဲလို ဘာကြောင့် ရှု သလဲဆိုရင် အထဲကို လေရှု သွင်းတာ မရလို့ပါ။
အထဲမှာ လေအောင်းနေလို့ ...
ဘာလုပ်ရမလဲ ဆိုရင် ? ...
ဝင်လေ နဲ့ ထွက်လေမှာ ထွက်လေကို အရင် ထုတ်ရပါမယ် ။
နှာခေါင်းက ရှုသွင်းမယ် ( ပထမ ၁၀ ကြိမ်မှာ ရှုလေ ကလျော့ထား )
ပါးစပ်က ထုတ်မယ် ( ထုတ်လေကို များရမယ် )
အထုတ် များတဲ့ အတွက် ရင်ဘတ်ကြီး ချောင်သွား မယ်
တကယ် လက်တွေ့ လုပ်ကြည့်ပါ
၁၀ ကြိမ် ကျော်လာရင် ဝင်လေ နဲ့ ထွက်လေ မျှအောင် ရှုပါ
အဲလို ရှု လိုက်ရင် -
ကျဉ်နေတာ အုံနေတာ ထုံနေတာ ခဲနေတာ တင်းနေတာ ကျပ်နေတာတွေ သက်သာသွားလိမ့်မယ် ။
လမ်းလျောက်ရင် ရှုတာက ပိုကောင်းတယ် ။
■ ချိုမိုင်မိုင် ရှူ နည်းလည်း ရှိသေးတယ် ...
ထိုင်နေရင်း ရှုတဲ့ အခါမှာ ချိုမိုင်မိုင်က ရှုမယ်
လက်ကို ဆုပ်မယ်
ပြန် ဆန့်မယ်
နှာခေါင်းက ရှုသွင်းတဲ့အခါ လက်ကို ဆန့်ထားရမယ်
ပါးစပ်က လေ ပြန်ထုတ်တဲ့ အခါမှာ လက်ကို ဆုပ်ရတယ်
ရှူသွင်း ရှူထုတ်မှာ လက်ကို ကွေး ဆန့် ပေးရမယ်
လက် လိုပဲ ခြေ ချောင်းလေးတွေ ကိုလည်း ဆန့်ချည် ကွေးချည် လုပ်ပေးရပါမယ်
၁ ကြိမ်လုပ်ရင် အခါ ၂၀ ခန့် လုပ်ပေးပါ
ထုံတာ ကျဉ်တာ တွေ ပျောက်ကင်းပါလိမ့်မယ် ။
#မခင်နီဝင်း
30/01/2024
အောင် အရဟံ လာဘံ သိဒ္ဓိ
အောင် အရဟံ ပီယံ သိဒ္ဓိ
အောင် အရဟံ ဓနံ သိဒ္ဓိ
အဖက်ဖက်မှ ငွေများ၀င်ကြပါစေ။
တစ်နေ့တာလုံး အေးချမ်းကြပါစေ
ဆရာကြီးဦးရန်အောင်မှာခဲ့သော အမှာစကား
%%%%%%%%%%%%%%%%%%%
လူတစ်ယောက်ကျန်းမာချင်ရင်လူတိုင်းဖတ်သင့်သည်
- ဝမ်းနှုတ်ဆေးမစားဘဲ ဝမ်းမှန်သူ ဖြစ်ရပါမယ်။
- ဆီးရွှင်ရွှင် သန့်သန့်သွားနိုင်သူ ဖြစ်ရပါမယ်။
- အရည်အချင်းမီသော သွေးပိုင်ရှင် ဖြစ်ရပါမယ်။
ဒီလိုဖြစ်ဖို့က ဆီး၊ ဝမ်း၊ သွေး၊ လေ ညီညွတ်မျှတဖို့ လိုပါတယ်။ ညီညွတ်မျှတရာမှာလည်း သန့်သန့်စင်စင်လေးဖြစ်ဖို့ လိုပါတယ်။
ဒါကြောင့် -
- လေ သန့်ရမယ်။
- သွေး သန့်ရမယ်။
- ဆီး သန့်ရမယ်။
- ဝမ်း သန့်ရမယ်။
လေသန့်အောင်စွမ်းဆောင်မယ်။
- ကရမက်ရည်ကျဲကျဲလေး လိမ်းအိပ်ပါ။
- ညှော်နံ့တွေ ရှောင်ပါ။
- အသက်ရှူလေ့ကျင့်ခန်းလေး ပုံမှန်တစ်နေ့နှစ်ကြိမ် ပြုလုပ်ပေးပါ။
သွေးသန့်အောင်ပြုပြင်မယ်
သွေးသန့်ဖို့အတွက် ကန်စွန်းရိုးနီကို စားရပါမယ်။ ကန်စွန်းရိုးနီဟာ အဆိပ်ကို နိုင်တယ်ဆိုတာလည်း ကြားဖူးမှာပါ။
အဆိပ်မိလာတဲ့ခွေးလေးတွေကို ကန်စွန်းရိုးနီသတ္တုရည်လေးနဲ့ ထန်းလျက်လေးပါးစပ်ထဲထည့် ခြေထောက်ကနေ ဇောက်ထိုးဆွဲပြီး ပတ်ချာလှည့်လိုက်ရင် အန်ထွက်လာမယ်။ နောက်ထပ် သတ္တုရည်နဲ့ ထန်းလျက်ထပ်ကျွေးလိုက်ရင် အသက်မဆုံးဘဲ ပြန်ရှင်နိုင်ပါတယ်။
ဒါကြောင့် ကန်စွန်းရိုးနီနဲ့ သွေးကို ပြင်တဲ့နေရာမှာ -
- ကန်စွန်းရိုးနီ ၁၅- ၂၀ ပင်လောက်ကို သန့်စင်ပြီး တောက်တောက်စင်းပါ။
- ရေမြုပ်ရုံထည့်ပြီး ပြုတ်ပါ။
- ပွက်ပွက်ဆူလာရင် ကန်စွန်းရွက်အိသွားပြီး အရောင်ဖြူသွားပါလိမ့်မယ်။ ပြုတ်ရည်က ကော်ဖီရောင် ပြောင်းသွားပါလိမ့်မယ်
- အပြုတ်ရည်ထဲကဖတ်ကို စစ်ယူပါ။ သုပ်စားနိုင်ပါတယ်။ ထန်းလျက်တစ်ခဲနဲ့ ဆားလှော်အနည်းငယ်ထည့်ပြီး မီးမျှဉ်းမျှဉ်းလေးနဲ့ တစ်ပွက်နှစ်ပွက်ဆူအောင် ပြန်တည်ပါ။ အဲသည့်ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပါ။
ဆီးသန့်အောင် ဆောင်ရွက်မယ်
- ဆီးအောင့်မထားပါနဲ့။
- အထူးသဖြင့် မနက်လေးနာရီလောက်မှာ သွားချင်တဲ့ဆီးကို အောင့်မထားပါနဲ့။ အောင့်ထားပါက ဆီးပုပ်ပြီး အဆိပ်ပြန်ဖြစ်ကာ ဒုက္ခပြန်ပေးပါတယ်။
- ကျောက်ဖရုံသီးအစိမ်းကို ကြော်ချက်၊ ဟင်းချို၊ အသားနဲ့ ရောနှောကာ ချက်စားပါ။
- ဆေးကုလားမ ဖျော်ရည်သောက်ပါ။
ဒါကတော့အလွယ်တကူနေရာတိုင်းမာဝယ်လို့ရပါတယ်
- အုန်းနုဇွန်းခြစ်ကို ရက်ခြားသောက်ပေးပါ။
ဝမ်းသန့်ဖို့အောက်ပါတစ်ခုခုစားသောက်ပါ။
- မန်ကျည်းမှည့်ချဉ်ချိုလေးကို ထန်းလျက်နဲ့ ဖျော်သောက်ပါ။ (ဆီးချိုသမားများလည်း သောက်သုံးနိုင်ပါတယ်။) ချဉ်ချိုအရသာ ပြဌာန်းဦးစီးရပါမယ်။
- ဒိန်ချဉ်လည်း သောက်သုံးနိုင်ပါတယ်။ ထန်းလျက် မများရ၊ ရေခဲ မထည့်ရ၊ ဒိန်ချဉ်အရသာ ကဲပါစေ။
- ဖီးကြမ်းငှက်ပျောသီးမှည့်၊ ငှက်ပျော်ချဉ်မှည့်လေးလည်း စားနိုင်ပါတယ်။
(၂၁) ရက်တော့ လုပ်ဆောင်ပေးပါ
အထက်ကပြောခဲ့တဲ့ သန့်လေးသန့်ဖြစ်အောင် ၂၁ရက်လောက် နေထိုင်စားသောက်ပြီးရင် ဖောယောင်တာတွေ ကျသွားပါလိမ့်မယ်။ လေ၊ သွေ၊ ဆီး၊ ဝမ်း လေးမျိုးလုံး သန့်သွားရင် ကျောက်တည်တာကို ကာကွယ်ပြီးသား ဖြစ်သွားပါပြီ။
ထပ်မှာချင်ပါတယ်။
- အသက်ရှူလေ့ကျင့်ခန်းကို မှန်မှန် လုပ်ပေးပါ။
- ရေချိုးတိုင်း အခါးရွက်ပြုတ်ရည်လေးနဲ့ ချိုးပေးပါ။
- ရေချိုးပြီးတိုင်း ကရမက်ကို တစ်ကိုယ်လုံး လိမ်းပါ။
crd
ဆရာဦးရန်အောင်။
#ပြန်လည်မျှဝေခြင်းဖြစ်သည်
29/01/2024
နှုတ်ခမ်းခြောက်ပြီး နှုတ်ခမ်းကွဲနေသူများအတွက်
ဆောင်ရန် ရှောင်ရန် အချက်လေးများ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon