Hello Beauty Secret
Hello Beauty Secret
16/07/2021
T a k e m e t o S w i t z e r l a n d ✨
-လက်ဆေးပါ🚨🚨🚨
-အပြင်ထွက်လျှင် mask တပ်ပါ😷
-လူစုလူဝေးရှောင်ရှားပါ🏃♀️🏃♀️🏃♀️
-မိမိကစ ကာကွယ်ပါ👧
-mask တပ်ပြီး အပြင်ထွက်ရတဲ့အခါ မိတ်ကပ်တွေလူးတာထက် skin care လေးပဲ သေချာဂရုတစိုက်လုပ်ပါ☺
-skin care တွေကို CS page ကဝယ်ယူအားပေးခြင်းဖြင့် covid-19 ရောဂါပိုးကိုကာကွယ်ကြပါစို့
27/05/2021
အစား လျှော့စားပါတယ် ... ဒါပေမယ့် ဗိုက်က ပိုပိုပြီး ပူလာသလိုပဲ
ဘာကြောင့် ဝိတ်ကမကျတာလဲ 😢
ငှက်သိုက် ကော်လာဂျင် Probiotics ဂျယ်လီ -
Magic အဆီချ ဂျယ်လီ က ... ဂျယ်လီပုံစံဖြစ်ပြီး ဖြစ်ပြီး
အာဟာရ ပြည့်ဝတယ်... အရသာရှိတယ် ...
ဗီတာမင်မြောက်များစွာ နဲ့ ကော်လာဂျင်လည်း ပါဝင်ပါတယ် ...
✔️ ဝမ်းမှန်စေတယ် (ဝမ်းမချုပ်တော့ဘူး)
✔️ အစာအိမ်ကို ပုံမှန် အရွယ်အစား ဖြစ်စေတယ်
✔️ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်
✔️ အသားအရေ စိုပြေလှပစေတယ်...
တစ်နေ့ တစ်ထုပ် မှီဝဲရင် ...
✨✨ခန္ဓာကိုယ် အတွင်း/အပြင် ကိုယ်တွင်း ကိုယ်ပ အာဟာရပြည့်ဝမှန်ကန်စေပြီး ... ယုံကြည်မှု ပိုရှိလာမယ်
ပိုပြီး လှပကျော့ရှင်းလာမယ် ✨✨
ကျစ်ကျစ်လျစ်လျစ် မဖြစ်သေးသ၍ ... တကယ် မပိန်သေးဘူးနော်
အဆီချ ဝိတ်လျှော့ကြရအောင် Magic ချစ်သူလေးတို့ရေ 🥰
22/02/2021
ဒီနေ့ပြည်လုံးကျွတ်သပိတ် အခြေအနေကတော့မြင်တဲ့အတိုင်း မြို့တိုင်းရဲ့လမ်းပေါ်မှာ ဒီလိုလူပင်လယ်ကြီးဖြစ်အောင်ကို ပြည်သူပြည်သားတွေစည်းလုံးကြပါတယ်။
❤️လူတိုင်းရဲ့မျက်နှာမှာ ယုံကြည်ချက်အပြည့်နဲ့
❤️လူတိုင်းရဲ့သွေးသားထဲမှာ ခွန်အားအပြည့်ပါ။💪🏻
❤️လူတိုင်းရဲ့ယုံကြည်ချက်က အရေးတော်ပုံအောင်ဖို့နဲ့
❤️လူတိုင်းရဲ့ခွန်အားကတော့ အဓမ္မကို ဓမ္မကနိုင်ဖို့ပါ။
လမ်းပေါ်ရောက်နေတဲ့ ညီအကိုမောင်နှမတွေအားလုံးဘေးကင်းကြပါစေ🙏🏻
ဒီပွဲနိုင်ရမယ်💪🏻
22.2.2021
#စစ်အာဏာရှင်စနစ်မုချကျဆုံးပါစေ
Photo credit to original owners ❤️
Air traffic controller က ဝန်ထမ်း၉၀% အလုပ်မဆင်းလို့ လေတပ်ကရောက်လာပါတယ်... ဒါပေမဲ့ ဘာမှ မလုပ်တတ်လို့ သူတို့တော်တော် အကြပ်ရိုက်နေကြပါပြီ...
ခုညနေလေးတင် MAI က လေယာဉ် ဆင်းလို့မရလို့ ဘန်ကောက် ပြန်လှည့်သွားရပါတယ်.......
တွေ့ပြီလား...
CDM အစွမ်း....
ပြည်သူ့၀န်ထမ်းတွေရဲ့ အစွမ်း...
ငါတို့ကြောင့် စစ်အာဏာရှင် ပြုတ်ကျသွားတယ်လို့ နောင်မျိုးဆက်ကို ပြောပြဖို့ ကြိုးစားကြရအောင် ပြည်သူ့၀န်ထမ်းများ...
ဆီထွက်တဲ့ နှမ်းစေ့လေးတွေအဖြစ် အားကိုးပါရစေ....👏👏👏👏👏
Credit ~ Tin Tunn Win
09/02/2021
အားနာလိုက်တာအမေရယ်
ဝန်ထမ်းတွေခက်ခဲမှာစိုးလို့
ချေးငွေ၂လစာကိုထုတ်ပေးခဲ့တယ်
အကုန်လုံးယူကြတယ်
ချီးမြင့်ငွေ ၅၀၀၀၀ နဲ့ ပြည်သူ့ဝန်ထမ်းကောင်း ၁၅၀၀၀၀ တုန်းကလည်း
အကုန်လုံးအားမနာစတမ်းယူကြတယ်
မယူဘူးလို့ငြင်းခဲ့တဲ့သူမရှိပါဘူး
ကိုဗစ် ကာကွယ်ဆေး ထိုးပေးမယ်ဆိုတော့လည်း
ဝန်ထမ်းတွေကို ဦးစားပေးနံပါတ်စဉ်တဲ့လား
အမေ့အတွက်ရပ်တည်ပေးဖို့လိုအပ်နေချိန်ကျ အမေ့ဘက်ရဲရဲကြီး ရပ်တည်မပေးကြတဲ့
အချို့သောဝန်ထမ်းတွေကြောင့်
အမေ့ကိုအားနာလိုက်ရတာ
😪😪😪
Credit
04/02/2021
အမေစုဆီက သတင်းစကား ရပြီ❤️🇲🇲
______________________
ကိုယ်ထူကိုယ်ထဖို့လိုနေတဲ့ နိုင်ငံတော်ပါ
နိုင်ငံသူနိုင်ငံသားအားလုံး တစ်ဦးခြင်း
အင်အားပြည့်ဖို့လုပ်ဆောင်ပေးနေတာကို
၀မ်းသာအားရပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်
အမေစုဟာ လက်ရှိကျွန်တော်တို့ ကိုင်စွဲထားတဲ့ လမ်းကြောင်းတွေဟာ မှန်ပါတယ် ထိရောက်မှူလည်းရှိပါတယ် လို့ အားပေးပြောကြားတာဖြစ်သလို
ဒီလိုတွေလုပ်နေတာဟာ သူ့ကို အားဖြစ်စေပါတယ်
၀မ်းသာအားရဖြစ်စေပါတယ်။
ဆိုတော့ အကြမ်းမဖက်အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှုတွေကို ထပ်ပြီးအရှိန်မြှင့်ကြပါ ။
ယုံယုံကြည်ကြည်ဆက်လက်လုပ်ဆောင်ကြပါ ။
" ၂၀၂၁ အရေးတော်ပုံ"
သံပုံတီးဆန့်ကျင်ခြင်းဟာ အတော်ထိရောက်ပါတယ်။
✍️ အဲ့ဒီအခြေအနေဟာနေစဉ်လုပ်နေရမှာပါ။
စိတ်ဓါတ်စစ်ဆင်ရေးPsychological warfare ပါ။
အလွန်အရေးကြီးပါတယ်။
✍️ အရပ်ဖက်ပြည်သူမနာခံမှု Civil Disobedience က functional warfare ပါ။ ယန္တရားမလည်ပတ်အောင်၊ အခက်အခဲဖြစ်အောင်လုပ်တာပါ။
✍️ နိုင်ငံရေးအံတုမှု Political Warfare ပါ။ နိုင်ငံရေးအရတိုက်စစ်ဆင်တာပါ။
✍️ အထွေထွေသပိတ်ကတော့ အာဏာသိမ်းတိုက်ပွဲပါ။
✍️ အချိန်အကွက်ကျကျ ၊ အချိတ်အဆက်မိမိလုပ်ဆောင်ရပါတယ်။ ပြည်သူအားလုံးပူးပေါင်းပါဝင်ရပါမယ်။
✍️ အခုလိုခေတ်၊ အခုလိုအခြေအနေမှာ အာဏာသိမ်းတယ်ဆိုတာ မိုက်မဲမှုပါ။ ကမ္ဘာစီးပွါးရေးပျက်ကပ်ကစတင်နေပါပြီ။ နိုင်ငံတကာပိတ်ဆိုမှုတွေနှင့်ဆို အာဏာလုသူတွေတောင့်ခံနိုင်မှာမဟုတ်ပါဘူး။ ပြည်တွင်းမှာရောင်းစရာ မြန်မာပြည်မြေပုံပဲကျန်ပါတော့တယ်။
✍️ ပြည်သူတွေအခုလိုနိုင်ငံရေးနိုးကြားနေချိန်မှာ တိုက်ပွဲပုံဖော်ရတာမခက်ပါဘူး။ စနစ်ကျဖို့နှင့် အားလုံးပါဝင်ကြဖို့ပဲလိုပါတယ်။
✍️ ကိုမင်းကိုနိုင်လည်း အပြင်မှာရှိနေပါတယ်။
အခြေအနေအားလုံးအရတွက်ချက်ပြီးတိုက်ပွဲပုံဖော်နေကြပါပြီ။
✍️ အခုထိတိုက်ပွဲ ပုံသဏ္ဌာန်မှန်နေပါတယ်။
၁။ Civil Disobedience ကအခုထက်ပိုအားကောင်းပြင်းထန်ဖို့လိုပါတယ်။
၂။ သံပုံးတီးခြင်းက ရိုးရှင်းပေမယ့်ထိရောက်ပါတယ်။
၃။ လူငယ်တွေ၊ ကျောင်းသားတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုလာပါတော့မယ်။
✍️ အားလုံးအချိန်ကိုက်ဖြစ်ကြရမှာပါ။ ခေါင်းဆောင်ရဲ့အသံကိုနားစွင့်နေကြပါ ။ ပြောစရာရှိရင် ကိုယ်တိုင်ပြောပါလိမ့်မယ်။ ကောလဟာလမယုံကြပါနဲ့။
မတိုက်သေးဘူးလား၊ မခိုက်သေးဘူးလားမမေးကြပါနဲ့ ၊ တိုက်ပွဲကစတင်နေပါပြီ။
၁။ အသ်ိအမှတ်မပြုပါနဲ့။ No Recognition
၂။ ပူးပေါင်းပြီးမဆောင်ရွက်ပါနဲ့ ။ No Cooperation ၊ Non Participation
✍️ “ တိုက်ပွဲကစနေပါပြီ “ ကျွန်တော်တို့ရဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်လည်းပြောပြီးပါပြီ။
✍️ “၂၀၂၁ အရေးတော်ပုံမှာ ပြည်သူတွေမုချအနိုင်ရရှိမှာပါ။ “
✍️ လမ်းမပေါ်ထွက်ဖို့လိုအပ်တဲ့အချိန်မှာ အဖမ်းမခံရသေးလျှင် မြန်မာပြည်သူပြည်သားတွေရဲ့အရှေ့ဆုံးမှာ ကျွန်တော်ရှိနေမှာပါ။
✍️ စိတ်မလောကြဖို့လိုအပ်သလို၊ အလွယ်တကူစိတ်မပျက်ဖို့လည်းလိုအပ်ပါတယ်။
✍️ တိုက်ပွဲကမကြာပါဘူး။ လပိုင်းအတွင်း ပွဲသိမ်းတိုက်ရမှာပါ။
မတရားတဲ့ အမိန့်အာဏာဟူသမျှ တာ၀န်အရဖီဆန်ကြ
အမေစုနဲ့ ဦးမင်းကိုနိုင် ရဲ့ ခေါင်းဆောင်မှုအောက်ကနေ ဦးလည်မသုန် လိုက်ပါဆောင်ရွက်ကြ ။
(ဒီစာနဲ့ ပုံကို မျှဝေကြပါ)
ပြန်မရောက်ချင်တဲ့ ခေတ် 🙅♀️🙅♀️🙅♀️
💻 internet ဆိုတာ တစ်နာရီကို ၄ ရာပေးပြီး အဝိုင်းလည်တာ
ကြည့်ရတဲ့ခေတ်
📱 Mobile ဖုန်းဆိုတာ Sim Cardချည်းပဲ ၁၅ သိန်းပေးပြီး
ဇိမ်ခံ ပစ္စည်းတစ်ခုလို သုံးခဲ့ရတဲ့ ခေတ်
📺 Entertainment နဲ့ TV Channel ဆိုတာ
မြဝတီနဲ့ မြန်မာ့အသံပဲရှိတာပဲလို့ ထင်ရတဲ့ခေတ်
👩🏫 ပညာရေးဆိုတာ အတန်းပိုင်ဆီမှာ
ကျူရှင်ယူမှ အဆင့်ကောင်းတဲ့ ခေတ်
✈️ လေယာဉ်လက်မှတ်ဆိုတာ ရဖို့
တစ်နေကုန် အပေါက်ဝက ထိုင်စောင့်ရတဲ့ခေတ်
🚗 ကားထဲထည့်ဖို့ဆီကို
မနက် ၄ နာရီတည်းက တန်းစီရတဲ့ခေတ်
💵 ဒေါ်လာဆိုတာ ဘဏ်မှာ တစ်စျေး
ဘားလမ်းမှာ တစ်စျေး တရုတ်မဆီမှာ
တစ်စျေးပေါက်တဲ့ခေတ်
💵 ကိုယ့်ရတဲ့ပိုက်ဆံ ကိုယ်ပေါ်တင်
ပြန်မရောင်းရဲတဲ့ခေတ်
😞 အိပ်မောကျချိန်ဆို
ဧည့်စာရင်းစစ်တာပါဆိုပြီး အမူးသမားတွေ
ခြင်ထောင်လှန်တာခံရတဲ့ ခေတ်
👩🎓 ပညာတော်သင်ဆုဆိုတာ
လူကြီးသားသမီးတွေနဲ့ပဲဆိုင်တယ်ဆိုတာ
Auto နားလည်ရတဲ့ခေတ်
😞 လူကြီးဆိုတာနဲ့ ဘာမှ ပြန်မမေးရဲတဲ့ခေတ်
😞 နည်းပညာဆိုတာ ကြက်ဆူပင်ကနေ
ဒီဇယ်အင်ဂျင်အတွက်လောင်စာဆီ
ထုတ်လို့ရတယ်လို့
ဂျင်းထည့်ခံရတဲ့ခေတ်
😔 သူများနိုင်ငံသွားလို့ စာအုပ်အနီဆို ဘေးကပ်ထားပြီး
အလှည့်ကျော်ပေးတာ ခဏခဏခံရတဲ့ခေတ်
😞 ပညာမတတ်တဲ့ကောင်လို့ သတ်မှတ်ထားတဲ့
မျက်လုံးတွေနဲ့ အကြည့်ခံရတဲ့ခေတ်
😞 ကိုယ့်ပိုက်ဆံနဲ့ကိုယ် အလှူလုပ်ရင်တောင်
ဘယ်ကပိုက်ဆံနဲ့လဲ နိုင်ငံတကာ
အထောက်အပံ့နဲ့လှူတာထင်တယ်ဆိုပြီး
စစ်ကြောရေး ခဏလိုက်ရတဲ့ခေတ်
😞 မေးစရာလေးရှိလို့ ခဏပါဆိုပြီး
အနှစ် ၂၀ ကြာတဲ့ခေတ်
အဲ့လိုခေတ်ကိုတော့ ပြန်မရောက်ချင်ဘူး။
Copy
ကိုးရီးယားလို
တောင်မြောက်ခွဲလိုက်ပါလား
အစိမ်းတွေကတော့ မိုးလင်းတာနဲ့
MWD ကလာတဲ့ စစ်သီချင်းနားထောင်
ဇာတ်လမ်းတွဲ မကြည့်ရ internet မသုံး
ဆံပင်ပုံ ၃ ၄ ၅မျိုးလောက်နဲ့
ညဆိုမီးပုံမှန်ဖြတ်
နိုင်ငံခြားက Skincare တွေ
သုံးဖို့ မစဉ်းစားနဲ့
စောက်ခွက်ကြီး ဒွတ်ထနေလည်း
ကာပေါလစ်နဲ့ ရွှေဝါပဲသုံး
အဆင်ပြေလားးးးးး 😂(မှတ်ချက်ကိုယ်တွေကတော့skincareလို့ရတဲ့နိုင်ငံမှာပဲနေမှာနော်)ဒါပဲ 🤣🤣
Credit...
03/02/2021
🙏အမေ ပြန်လွတ်လာခဲ့ရင်
ကျွန်တော်တို့ကို ဒီတိုင်းထားခဲ့ပါ။
ကျွန်တော်တို့ထိုက်နဲ့ ကျွန်တော်တို့ကံဘဲရှိပါစေ။
အမေ့ကိုချစ်တဲ့ သားမြေးတွေနဲ့
ပျော်စရာမိသားစုလေးမှာ
တရားဘာဝနာအားထုတ်ရင်း
ကျန်တဲ့သက်တမ်းကို ကုန်ဆုံးပါအမေ
အမေတို့ မျိုးရိုးတလျောက် ပေးဆပ်ခဲ့သမျှ
ဘယ်သူ့မျက်နှာကိုမှ ကျန်တော်တို့မကြည့်ရဲတော့လို့ပါ။
အသားထဲကလောက်ထွက်တဲ့လူတစ်စုကြောင့်
ဆင်းရဲတွင်းနက်အုံးမယ်ဆိုရင်လဲ
ကျွန်တော်တို့ကို အဲ့ဒီ့ဆင်းရဲတွင်းထဲမှာဘဲ ထားခဲ့ပါအမေ။အမေ ပေးဆပ်သမျှ မတန်လို့ပါ။
🙏🙏🙏
ရေးသူနံမည် မပါပေမဲ့ ဒီစာလေးဖတ်
အမေ့ပုံလေးကြည့်ပီး
အမေကိုသနားလိုက်တာ
ရင်ထဲ နင့်နေအောင်ခံစားရပါတယ်အမေ
Credit
Click here to claim your Sponsored Listing.
Category
Website
Address
Yangon