Mommy Diary By Khin

Mommy Diary By Khin

Share

Sharing with Love about my motherhood

04/05/2026

ကျန်းမာပီး ဉာဏ်ကောင်းစေချင်ရင် ငယ်ငယ်လေးထဲက နည်းစနစ်မှန်မှန်နဲ့ ကလေးတယောက်က ကြီးပြင်းလာဖို့ လိုပါတယ်

03/05/2026

ဒီနေ့ကတော့ သမီးအတွက် ဆယ်လမွန်ငါးနဲ့ လုပ်ပေးဖစ်တယ်
ဆန် နဲ့ ပဲ အသီးအနှံတွေကိုတော့ ရောချက်လို့ရပေမယ့် အသားငါးတွေကိုတော့ ရောမချက်ဘူး သက်သက်ပေါင်းဇကာလေးနဲ့ပေါင်းပီးတော့ အကုန်ကျက်သွားပီဆိုမှသာ blander နဲ့ ရောကြိတ်ပီး တော့ နေ့လည်နဲ့ ညစာကို ပြင်ဆင်ထားပါတယ်

အစားအစာအသစ်မိတ်ဆက်စရာတွေမို့လို့ တစ်ခုချင်းစီဘဲ စမ်းကျွေးဖစ်တယ်

* ကြက်သား၊ ငါး၊ ပဲ စတာတွေကို ပထမဆုံး စကျွေးမယ်ဆိုရင် တစ်ခုချင်းစီ သီးသန့်စမ်းကျွေးပြီးမှ
* 2–3 ရက်ခန့် allergy ရှိ/မရှိ ကြည့်တယ်
ဘာမှမဖစ်ဘူးဆိုမှ ရောချက်ပီး ကျွေးဖစ်တယ်

#၆လပြည့်ဖြည့်စွက်စာ
#ဝါစိမ်းနီ
#ဖြည့်စွက်စာ

03/05/2026

Baby's Development Timeline
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

03/05/2026

သမီးရဲ့ breakfast sweetpotato လေးနဲ့ oatmeal လေးနဲ့ စားနိုင်သလောက်အနည်းငယ်ဘဲ လုပ်ပေးတာ အကုန်စားလို့ ကျေနပ်ရတယ်
oat ကို blander နဲ့ သေချာညပ်နေအောင် ကြိုကြိတ်ထားတော့ လုပ်ရတာ အဆင်ပြေတာပေါ့ရှင်
ကြိုကြိတ်ထားတဲ့ oat လေးတွေကို ရေနွေးလေးနဲ့ဘဲ မီးဖိုပေါ်မှာ မိနစ်အနည်းငယ်လောက်ကြိုပီးမှ ကန်စွန်းဥပြုတ်ထားတာလေးကို သေချာကျေအောင် ဇွန်းလေးနဲ့ဘဲ ချေပီး ကြိုထားတဲ့ oatလေးနဲ့ရောကျွေးဖစ်တယ်


#၆လပြည့်ဖြည့်စွက်စာ


ျုံ

01/05/2026

၆လပြည့် ဖြည့်စွက်စာ စကျွေးမယ့် မေမေတို့ရေ
ပထမဆုံး စကျွေးစ ၃ရက်ကို
ဆန်(သို့) oat + formula (သို့) မိခင်နို့ရည် ကို စစကျွေးချင်းနေ့ ၃ရက်လုံး မိခင်နို့ရည်နီးပါး ကျဲကျဲလေး ဖစ်အောင် လုပ်ပီး စကျွေးပေးပါ
၄ရက်-၆ရက်မြောက်နေ့ကျ
ဆန်+ ဝါ(အာလူး(သို့)ရွှေဖရုံသီး) ကို puree ဖစ်အောင် လုပ်ပီး ကျွေးပါ
၇ရက်-၉ရက်မြောက်နေ့ကျ
ဆန်+ ဝါ +စိမ်း(ဘရိုကိုလီ(သို့)green pea ) ကို puree ဖစ်အောင် လုပ်ပီးကျွေးပါ
၁၀ရက်-၁၂ရက်မြောက်နေ့ကျ
ဆန်+ဝါ+စိမ်း+နီ (ကြက်သား(သို့)ငါး) ကို puree ဖစ်အောင် လုပ်ပီးကျွေးပါ

တရက်ကို ၂ကြိမ် စကျွေးပေးရပါမယ်
ဝါစိမ်းနီ အဆင့်ရောက်ရင်တော့ ၃ကြိမ်ထိ တိုးကျွေးပေးပါ
ကလေးကအစားနည်းရင် တရက်ကို frequently နည်နည်းစီ ကျွေးပေးပါ

💡 အရေးကြီးတာက

* မိခင်နို့ (သို့) formula က အဓိကအစားအစာပဲဖြစ်နေတုန်းပါ
* ကလေးရဲ့ အာရုံနဲ့စားချင်စိတ်ကိုကြည့်ပြီးပဲ တိုးပါ
* မစားချင်ရင် အတင်းမကျွေးပါနဲ့
* အသစ်အစားအစာတစ်ခုကို ၃ ရက်လောက်စောင့်ပြီး allergy ရှိမရှိကြည့်ပါ
* စကျွေးစ ၂ ဇွန်း ၃ဇွန်း ဘဲ စားလဲ စားသလောက်ဘဲ ကျွေးပါ
နောက်ရက်ကျမှ တဖြည်းဖြည်းနဲ့ တိုးကျွေးပေးပါ

* တစ်နေ့မှာ အသစ် ၁မျိုးပဲ စမ်းကျွေးပါ
* ၃ ရက်လောက် allergy (အဖု၊ ဝမ်းလျှော) ရှိမရှိကြည့်ပါ
* ဆား ၊ သကြား လုံးဝ မထည့်ပါနဲ့
* အတင်းမကျွေးပါနဲ့ (ကလေး appetite ကိုလိုက်ပါ)



#၆လပြည့်ဖြည့်စွက်စာ

21/04/2026

လူအများစုက "ရိုးရိုးမွေးတာပဲ.. လွယ်တာပေါ့" လို့ ထင်တတ်ကြပါတယ်။

ဒါပေမဲ့ ဆေးပညာအရ ကြည့်မယ်ဆိုရင် ရိုးရိုးမွေးခြင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အစွန်းကုန် စမ်းသပ်တဲ့ ဖြစ်စဉ် တစ်ခု ဖြစ်ပါတယ်။

အရိုး ၂၀ ပြိုင်တူကျိုးသလို နာကျင်မှု (The Intensity of Labor)
ဆေးပညာ လေ့လာချက်တွေအရ မွေးဖွားခြင်း ဝေဒနာ (Labor Pain) ဟာ လူသားတစ်ယောက် ခံစားနိုင်တဲ့ နာကျင်မှု အတိုင်းအဆတွေထဲမှာ အမြင့်မားဆုံးထဲက တစ်ခုပါ။

အချို့က အရိုး ၂၀ ပြိုင်တူ ကျိုးသွားတဲ့ နာကျင်မှု နဲ့ နှိုင်းယှဉ်ကြပါတယ်။
ဒီလို ပြင်းထန်တဲ့ နာကျင်မှုကို နာရီပေါင်းများစွာ (တစ်ခါတစ်ရံ တစ်ရက်ကျော်ကြာအောင်) အံတုပြီး ရင်သွေးလေးကို လောကထဲရောက်အောင် တွန်းထုတ် (Push) ရတာဟာ သာမန်အားအင်နဲ့ မရပါဘူး။

ခန္ဓာကိုယ်ရဲ့ အံ့မခန်း ပြောင်းလဲမှု
ကလေးတစ်ယောက် ထွက်လာနိုင်ဖို့အတွက် မိခင်ရဲ့ သားအိမ်ခေါင်းဟာ ၀ စင်တီမီတာကနေ ၁၀ စင်တီမီတာ အထိ ပွင့်ပေးရပါတယ်။

ဒါတင်မကသေးပါဘူး...
တင်ပါးဆုံရိုးများ: ကလေးခေါင်း ဆန့်ထွက်နိုင်ဖို့ အရိုးအဆစ်တွေကအစ လျော့ရဲပြီး နေရာဖယ်ပေးရပါတယ်။

Episiotomy: မွေးလမ်းကြောင်း မစုတ်ပြဲစေဖို့နဲ့ ကလေး အထွက်လွယ်ဖို့အတွက် ဆရာဝန်တွေက မွေးလမ်းကြောင်းကို အနည်းငယ် ချဲ့ပေးရပါတယ်။

ဒါဟာလည်း အသားထဲကို ဓားနဲ့ ခွဲစိတ်ရတာပါပဲ။
မွေးပြီးပြီးချင်း စတင်ရတဲ့ ခရီးကြမ်း
ဗိုက်ခွဲမွေးတဲ့သူတွေက ခွဲစိတ်ပြီးမှ နာကျင်ရတာဆိုရင်၊ ရိုးရိုးမွေးတဲ့ မိခင်တွေကတော့ မွေးဖွားစဉ်မှာရော၊ မွေးဖွားပြီးနောက်မှာပါ ဝေဒနာကို ခံစားရတာပါ။

ချုပ်ရိုးနာကျင်မှု: မွေးလမ်းကြောင်း ချုပ်ရိုးကြောင့် ထိုင်ရ၊ ထရ၊ လမ်းလျှောက်ရတာဟာ ရက်ပေါင်းများစွာ ခက်ခဲနေတတ်ပါတယ်။

သားအိမ်ကျုံ့ခြင်း: ကလေးမွေးပြီးပေမဲ့ သားအိမ်က မူလအတိုင်း ပြန်ဖြစ်ဖို့ ညှစ်နေတာကြောင့် ဗိုက်အောင့်တဲ့ ဝေဒနာကို ဆက်ခံစားရပါတယ်။
နုံးချည့်ခြင်း: နာရီပေါင်းများစွာ အားကုန်သုံးထားရလို့ ခန္ဓာကိုယ်က တုန်ယင်ပြီး အားအင်ကုန်ခမ်းနေချိန်မှာတင် ရင်သွေးလေးကို နို့တိုက်ဖို့ စတင်ပြင်ဆင်ရပါတယ်။

ကျွန်တော်တို့ မွေးခန်းထဲမှာ မြင်တွေ့ရတဲ့ မိခင်တွေရဲ့ မျက်နှာဟာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပေမဲ့၊ ကလေးလေး ထွက်လာပြီး ရင်ခွင်ထဲ ရောက်သွားတဲ့ စက္ကန့်ပိုင်းမှာတင် အဲ့ဒီနာကျင်မှုအားလုံးကို မေ့ပစ်လိုက်နိုင်တာဟာ "ကမ္ဘာပေါ်က အကြီးမားဆုံး အံ့ဖွယ်ဖြစ်ရပ်" ပါပဲ။

ဒါကြောင့် ရိုးရိုးမွေးတာပဲဖြစ်ဖြစ်၊ ခွဲမွေးတာပဲဖြစ်ဖြစ် မိခင်တစ်ယောက်ရဲ့ ပေးဆပ်မှုကတော့ အတူတူပါပဲ။ သူတို့ဟာ ကိုယ့်အသက်ကို ဖက်နဲ့ထုပ်ပြီး ရင်သွေးအတွက် အရာရာကို ရင်ဆိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
Crd

20/04/2026

**စာဖတ်ခြင်းအလေ့အကျင့်ကို ဘယ်အချိန်မှာ စတင်ပေးသင့်လဲ?**

ကလေးတွေကို စာဖတ်ပေးတာဟာ တကယ်တော့ အရမ်းစောစီးစွာ စတင်လို့ရပါတယ်။
မွေးကင်းစအရွယ်ကတည်းက စာဖတ်ပေးနိုင်ပါတယ်။

ဒီအချိန်မှာ ကလေးက စာနားလည်နိုင်သေးတာမဟုတ်ပေမယ့် **မိဘရဲ့အသံ၊ အပြုံး၊ နီးကပ်မှု** တွေက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဘာသာစကားစွမ်းရည်အတွက် အရမ်းအရေးကြီးပါတယ်။

**မွေးကင်းစမှ ၆ လအထိ**
ဒီအရွယ်မှာ ကလေးကို စာဖတ်တတ်အောင် သင်ပေးနေတာ မဟုတ်သေးပါဘူး။
ဒါဟာ **အသံနဲ့ ရင်းနှီးအောင်** လုပ်ပေးနေတာပါ။

* မေမေ့အသံနဲ့ စာဖတ်ပေးပါ
* ရုပ်ပုံကြီးကြီး၊ အရောင်ထင်ရှားတဲ့ စာအုပ်တွေ ပြပါ
* စာအုပ်ကို ထိတွေ့ခွင့်ပေးပါ

ဒီလိုလုပ်ပေးခြင်းက ကလေးအတွက် စာအုပ်ဆိုတာ ပျော်ရွှင်စရာ၊ နွေးထွေးစရာ အရာတစ်ခုလို့ ခံစားစေပါတယ်။

**၆ လမှ ၁ နှစ်အထိ**
ဒီအရွယ်မှာ ကလေးက ပုံတွေကို စိတ်ဝင်စားလာပြီး စာအုပ်ကို လက်နဲ့ကိုင်၊ ထိတွေ့၊ စူးစမ်းလာပါလိမ့်မယ်။

* Board books လို ခိုင်ခံ့တဲ့ စာအုပ်တွေ အသုံးပြုပါ
* ပုံကိုညွှန်ပြီး “ဒါ ဘောလုံး”, “ဒါ ခွေး” လို့ ပြောပေးပါ
* ကလေးကို စာမျက်နှာလှန်ခွင့်ပေးပါ

ဒီလိုပြောပေးခြင်းက စကားလုံးနဲ့ ပုံရိပ်ကို ဆက်စပ်သိမြင်လာစေပါတယ်။

**၁ နှစ်မှ ၂ နှစ်အထိ**
ဒီအရွယ်မှာ ကလေးက စာဖတ်ချိန်ကို ပိုနှစ်သက်လာပြီး ထပ်တလဲလဲကြားတဲ့ စကားလုံးတွေကို မှတ်မိလာပါလိမ့်မယ်။

* စာတိုတိုနဲ့ ရုပ်ပုံများတဲ့ စာအုပ်ရွေးပါ
* “ကြောင်လေး ဘယ်မှာလဲ” လို့ မေးပေးပါ
* စာဖတ်ချိန်ကို ပျော်ရွှင်စရာအချိန်ဖြစ်အောင်လုပ်ပါ

ဒီအရွယ်မှာ စာဖတ်ခြင်းက **မိဘနဲ့ ကလေးကြား bonding time** ဖြစ်လာပါတယ်။

**၂ နှစ်မှ ၃ နှစ်အထိ**
ဒီအရွယ်မှာ ကလေးတွေက ဇာတ်လမ်းကို မှတ်မိလာပြီး စာအုပ်ကို ကိုယ်တိုင်ဖတ်သလို လုပ်လာပါလိမ့်မယ်။

ဒါဟာ စာနဲ့ ရင်းနှီးလာနေပြီဆိုတဲ့ အရေးကြီးတဲ့ လက္ခဏာပါ။

**၃ နှစ်ကျော်လာရင်**
အက္ခရာတွေ၊ အသံတွေကို စတင်မိတ်ဆက်ပေးလို့ရပါပြီ။
ဒါပေမယ့် ဖိအားမပေးဘဲ ကစားရင်း သင်ပေးသင့်ပါတယ်။

---

အရေးကြီးဆုံးကတော့—

**စာဖတ်ခြင်းကို စောစောစတင်တာဟာ ကလေးကို စာမြန်မြန်ဖတ်တတ်စေဖို့ မဟုတ်ပါဘူး။**
**စာအုပ်နဲ့ ချစ်ကျွမ်းဝင်ပြီး စာဖတ်ခြင်းကို ပျော်ရွှင်စေဖို့ပါ။**

မေမေနဲ့နီးနီးကပ်ကပ် ထိုင်ပြီး စာဖတ်ပေးတဲ့အချိန်ဟာ ကလေးအတွက် **နွေးထွေးမှု၊ လုံခြုံမှု၊ ပျော်ရွှင်မှု** တွေကို တစ်ပြိုင်နက် ပေးနိုင်ပါတယ်။

ဒီနေ့ မေမေ့ရင်ခွင်ထဲမှာ စာအုပ်ကြည့်နေတဲ့ ကလေးလေးဟာ
မနက်ဖြန်မှာ စာဖတ်ခြင်းကို ချစ်တဲ့ ကလေးတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်—

**စာဖတ်ခြင်းအလေ့အကျင့်ကို စတင်ဖို့ “အရမ်းစောတယ်” ဆိုတာ မရှိပါဘူး။**

မေမေ့အသံနဲ့ စာဖတ်ပေးတဲ့ ဒီအချိန်လေးတွေဟာ
ကလေးအတွက် တန်ဖိုးအရှိဆုံး လက်ဆောင်တစ်ခုပါ။

20/04/2026
13/01/2026

📌📌 ကလေးရိုင်းရသည့် အကြောင်းရင်း (၆) ချက်📌📌

📌 ၁- သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလို့။

ကျွန်တော် အိမ်ရှေ့မှ မိဘ၊ အမတွေသည် ကလေးငယ်အား အသားကုန်အော်သည်။ အိမ်ဖော်ကအစ ကလေးငယ်အားအော်သည်။ ကလေးငယ်သည် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ပြန်အော်သည့်အပြင်လက်ထဲရှိတာနှင့် တစ်ခုခုကို ထုရိုက်တတ်သည်။ ဤတွင် မိဘတွေက ပိုအော်လေသည်။ ကလေးက ပိုပိုဆိုးလာလေသတည်း။

📌 ၂- သူတို့၏ စိတ်ခံစားမှုကို သူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။

ကလေးသည် မွေးကတည်းကစငိုသည်။ သူတို့ခံစားချက်ကို မထိန်းသိမ်းတတ်ပေ။ ဒါကို အုပ်ထိန်းသူက သိနားလည်ရမည်။ ကလေးနှင့် ပြိုင်မမိုက်သင့်၊ ဒေါသအိုးမပေါက်ကွဲ သင့်ပေ။

📌 ၃- သူတို့၏ စိတ်ခံစားမှုကို စကားအဖြစ်ထုတ်မပြောနိုင်သေး၍ ဖြစ်သည်။

ကလေးငယ်လျှင် သူ့ခံစားမှုကို ထုတ်မပြောနိုင်ပေ။ မိဘတွေသူ့ခံစားမှု သူအလိုမကျမှုသိအောင် ကြမ်းတမ်းစွာ လုပ်လာတတ်သည်။

📌 ၄- ကလေးက ကြောက်တတ်၊ စိမ်းတတ်လျှင်လည်းဖြစ်သည်။

ကလေးသည် လူစိမ်းနှင့်တွေ့လျှင် ရှက်တတ် ကြောက်တတ်၍ ရိုင်းသလို ဖြစ်တတ်သည်။

📌 ၅- ကလေးကို ပစ်ပယ်ထားလျှင်လည်း ရိုင်းလာသည်။

အပစ်ပယ်ခံရသောကလေးသည် ရိုင်းလာလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘတွေ အလုပ်များသည့်အခါ၊ နောက်ကလေးအငယ်နှင့် အလုပ်ရှုပ်နေသည့်အခါ အကြီးလေး ဆိုးလာတတ်မြဲဖြစ်သည်။

📌 ၆- ကလေးကို အလိုလိုက်လျှင်လည်း အမိုက်စော်ကားတတ်သည်။

ကလေးဘာလုပ်လုပ် မပြုပြင်ပဲ တော်သည်တတ်သည်ဟု အလိုလိုက်လွန်းလျှင်လည်း ကလေးရိုင်းစိုင်းတတ်သည်။

ကလေးရိုင်းတာကို ကလေးငယ်စဉ်ကတည်းက သတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။

မိဘ ဆရာတို့သည် 'C' 4 'C' ကို လိုက်နာကျင့်သုံးသင့်သည်။

1. Calm
2. Correct
3. Consistent
4. Consequences

1. Calm မိမိတည်ငြိမ်အောင် ဦးစွာထိန်းပါ။
------------------------------------
ကလေးသည်မွေးကာစမှာ အပြစ်ကင်းစင်သည်။ ပြီးမှ သူ့ပတ်ဝန်းကျင်မှ အမူအကျင့်များကို ကော်ပီကူး download ဆွဲခြင်းဖြစ်သည်ဆိုတာကို နားလည်ဖို့လိုသည်။

မိဘက ဒေါသထွက်ကာအော်လျှင် သူပြန်အော်မည်။ ပြန်မအော်ရဲပဲ ကြောက်သွားလျှင်လည်း လူကြောက်လေးဖြစ်သွားမည်။

ကလေးကို ဒေါသထွက်လျှင် တည်ငြိမ်ရကြောင်း မိမိအမူအကျင့်ဖြင့် စံပြသင်ပြပါ။

ကလေးရိုင်းနေ သောင်းကျန်းနေလျှင် ကလေးဆီမှ အဝေးသို့ ခဏရှောင်၍ ၁ မှ ၁၀ - ၁၀၀ အထိရေပါ။

2. Correct ကလေး အားပြုပြင်ပါ။
-----------------------------
ပြီးလျှင် ကလေးကို မျက်နှာတည့်တည့်ကြည့်ပါ။ မိမိတို့မိသားစုထဲတွင် ဒီလိုမပြောဆိုကြောင်း၊ ဒီလိုမကြမ်းတမ်းကြောင်း မျက်နှာကြည့်၍ တည်ငြိမ်စွာပြောပါ။ ကလေးသည် သင် သူ့အမူအရာကို လက်မခံကြောင်း သိသာပါစေ။

ကလေးလိမ္မာလျင်အမေ ချစ်မည်ဖြစ်ကြောင်း၊ ကလေး ဘာဖြစ်ချင်၊ ဘာလိုချင်လဲမေးပါ။ ပေးမရတာကို ဘာကြောင့်ပေးမရကြောင်း ရှင်းပြပါ။

ကလေးကမိမိအနားကပ်ချင် မိမိက အလုပ်ဆက်လုပ်ဖို့လိုလျှင် ခဏ သည်းခံရန် မျက်နှာချင်းဆိုင်ကြည့် တည်ငြိမ်စွာပြောပြပါ။ ပြီးလျှင် အလုပ်ဆက်လုပ်ပါ။

3. Consistent မပြောင်းလဲပဲ စွဲမြဲပါ။
-------------------------------
ကလေးကို ပြုပြင်ဖို့လိုလျှင် စောစောစီးစီးပြုပြင်ရမည် ဖြစ်သည်။

ကလေးအား ငါ့သားကဒီလိုဟုတ်ဘူး မရိုင်းဘူး ဘာညာမပြောရပါ။ ဒီလိုတုန့်ပြန်ခြင်းသည် ကလေး၏ အပြုအမူရိုင်းခြင်းကို အသိအမှတ်ပြုရာရောက်သည်။

ကလေးက ခုံကို ထုလျှင် ဟုတ်တယ် ဒီခုံဘာညာနှင့် လိုက်ထုမပြနှင့်။ အကိုအမတွေကို မဲတာလည်း လက်မခံနှင့်။

"အေး ဟုတ်တယ် နင့်ကြောင့်"လို့ ကလေးဘက်က အကိုအမတွေကို လိုက်မပြောနှင့်။ ဒေါသကို ထိန်းသိမ်းတတ်အောင်သင်ပါ။

ကလေးကို အလိုလိုက်တုန်းက စွတ်အလိုလိုက်၊ လူအများရှေ့ရောက်မှ အရှက်ကွဲ၍ ကလေးအားမဲခြင်း မလုပ်ပါနှင့်။

4. Consequences အကျိုးအကြောင်း အဆိုးအကောင်းကို သင်ပြပါ။
------------------------------------
ကလေးက ခုံကိုကန်တာ သူပဲ အသားနာမည် ၊ ခုံမနာကြောင်း။ မိဘကိုအော်လျှင် လူအထင်သေးမည်ဖြစ်ကြောင်း။ မိဘသည် လက်ဦးဆရာဖြစ်၍ "ဆုံးမနာယူ" ရမည့်ကျင့်ဝတ်ရှိကြောင်း။

မိဘပေါ်လေးစားမှု respect မရှိလျှင့် သူ့အပေါ်တွင်လည်း မည်သူမှ လေးစားချစ်ခင်မှာ မဟုတ်ကြောင်း စသည်ဖြင့် အကျိုးအကြောင်းကို သင်ပြပါ။

ကလေးတိုင်းသည် အစပထမတွင် သင်ပြလျှင် သူလက်ခံသင့်မခံသင့် လိုက်စဉ်းစားလေ့ရှိသည်။ ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။

ကလေးကအမှားလုပ်သည့်အခါကျွန်တော်
ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်။ ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်။ ကလေးက လိုက်စဉ်းစားနေခြင်းဖြစ်သည်။

ကလေးအသက်ကြီးလာသည်နှင့် ပိုပိုနားလည်လာကာ ပိုမိသိတတ်လာလိမ့်မည်။

ထိုသို့ဖြစ်ရန်မိဘမှ Calm, Correct, Consistent, Conquences တို့ကို ကျင့်သုံး၍ ပြုပြင်ပေးရမည်။

မအော်ပါနှင့်၊ ကလေးကို ဒီကောင်ကရိုင်းတယ်လို့ မပြောပါနှင့်၊ ကလေးကို နားလည်ဖို့ကြိုးစားပါ။

အလိုလိုက်တုန်းကလိုက် ထရိုက်တော့ရိုက် မလုပ်ပါနှင့်။

ချစ်လွန်း၍ မျက်ကွယ်ပြုအလိုလိုက်ခြင်း မပြုပါနှင့်။

ကလေးအား ပြုပြင်ကာ အကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုက မှန်ကန်သော အပြစ်ပေးပါ။

ဒီကလေးကို ဒီလိုဆုံးမ၊ ဟိုကလေးကို ဟိုလိုဆုံးမ Double standards ထားခြင်းကိုရှောင်ကြဉ်ပါ။ သားသမီး၊ မြေးမြစ်တို့ကို တတန်းတည်းထားဆုံးမပါ။

Kids aren't born with perfect manners and etiquette. We need to teach them correctly.

ကလေးသည် မွေးလာကတည်းက အရိုင်းလေး၊ အလိမ္မာတုံးလေးအဖြစ် တခါတည်း မွေးလာသည်မဟုတ်၊ ကျနော်တို့မိဘ၊ဆရာသမား ပတ်ဝန်းကျင်က လမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်။

07/01/2026

ဘဝတစ်သက်တာမှာ....
ကလေးတစ်ယောက်ဟာ ကိုယ့်အနား ဘယ်လောက်ကြာကြာ ရှိနေနိုင်မလဲ။

အသက် ၀ နှစ်ကနေ ၄ နှစ်အထိမှာ
ကိုယ်ဟာ သူတို့ရဲ့ ကမ္ဘာကြီးပါ။

အသက် ၄ နှစ်ကနေ ၁၃ နှစ်အထိမှာ
ကိုယ်ဟာ သူတို့ရဲ့ နေဝင်ဆည်းဆာနဲ့ ညပါ။

အသက် ၁၃ နှစ်ကနေ ၁၉ နှစ်အထိမှာ
ကိုယ်ဟာ သူတို့ရဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်ပါ။

အသက် ၁၉ နှစ်ကနေ ၂၂ နှစ်အထိမှာ
နွေရာသီနဲ့ ဆောင်းရာသီ ကျောင်းပိတ်ရက်ပဲ ကိုယ့်အနား သူတို့ရှိတော့တာပါ။

အသက် ၂၃ နှစ်ကျော်ရင်
အခါကြီး ရက်ကြီးလောက်ပဲ ကိုယ်နဲ့ သူတို့ အတူရှိတော့တယ်။

အသက် ၅၅ နှစ်ကျော်ရင်
ကိုယ်ဟာ သူတို့ရဲ့ အိပ်မက်ထဲမှာပဲ ရှိတော့တယ်။

ဒါဟာ ကလေးတွေ ကိုယ်တို့နဲ့အတူ ကုန်ဆုံးတဲ့ အချိန်ပေါ့။
မိဘအနား ကိုယ်တို့ရှိတဲ့ အချိန်လမ်းကြောင်းလည်း ဖြစ်တယ်။

ဒီအချိန်တွေက တဖြည်းဖြည်း ကျုံ့သွားပါလိမ့်မယ်။

ဒါကြောင့်....
မိဘတွေနဲ့အတူ ရှိနေချိန်လေးကို တန်ဖိုးထားပါ။

ကလေးတွေနဲ့ ကုန်ဆုံးတဲ့ အချိန်တိုင်းကို တန်ဖိုးထားပါ။

ချစ်ရသူအနား ရှိချိန်တိုင်းကို တန်ဖိုးထားပါ။

နောက်ဆုံးမှာတော့ မိဘနဲ့ ကလေးကြား ဆက်ဆံရေးဆိုတာ နေရာမှာတင် ကိုယ်ရပ်ပြီး သူတို့ရဲ့ နောက်ကျောအရိပ် တဖြည်းဖြည်း ပျောက်သွားတာကို ကြည့်နေတာပါပဲ။

ရင်ထဲမှာတော့ လွမ်းဆွတ် အောက်မေ့မှုတွေနဲ့ နှစ်တိုင်း သူတို့ရဲ့ အိမ်အပြန်ကို မျှော်လင့်တာပဲဖြစ်ပါတယ်။

credit
#နိုင်းနိုင်းစနေ

20/11/2025

ကလေးနို့ဝပြီဆိုတာ ဘယ်လိုသိမလဲ?

- နို့သီးခေါင်း/ဘူးကို ခေါင်းလှည့်ပြီး ငြင်းဆန်ခြင်း
- စို့ခြင်းရပ်လိုက်ခြင်း (သို့) ပါးစပ်ထပ်မဖွင့်ခြင်း
- လက်သီးဆုပ်ကိုဖြေလျှော့ခြင်း၊ ကိုယ်ခန္ဓာပြေလျော့ခြင်း
- အိပ်ပျော်သွားခြင်း (သို့) စို့နှုန်းနှေးသွားခြင်း
- ကျေနပ်ပျော်ရွှင်သောမျက်နှာ/ပြုံးခြင်း/ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်ခြင်း
- နို့များပါးစပ်မှစိမ့်ထွက်ခြင်း

👉 သတိပြုရန် -
ကလေးကိုအကန့်အသတ်မရှိအောင် ဆက်ကျွေးခြင်းဟာ ဗိုက်အောင့်ခြင်းနဲ့ နို့ပြန်အန်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။

ကလေးတွေရဲ့ သဘာဝအချက်ပြလက္ခဏာလေးတွေကို ယုံကြည်လိုက်ပါ။
သူတို့လေးတွေ ဘယ်လောက်စားရမလဲဆိုတာ သူတို့ဘာသာသိပါတယ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon