Beauty Pan
Beauty & Health
💥ကိုယ်တိုင်လည်းမသိသေးတဲ့ရေသောက်နည်း💥
အခုကစလို့အဲလိုသောက်တတ်အောင်လေ့ကျင့်မယ်
🔰အသားအရေ စိုပြေအောင် ရေသောက်နည်း🔰
ရေသောက်တာ လူတိုင်းသောက်တတ်ပါတယ်
ဒါပေမယ့် စနစ်တကျသောက်လို့ လှပမယ်ဆိုရင် မကောင်းဘူးလား❓
သင့်အသားအရေကို level 3 ခုလောက် glow သွားစေမယ်ဆိုရင် မကောင်းဘူးလား❓
ရေ၁ခွက် ကို 300 မီလီလီတာ လောက်တော့ သောက်ပေးပါ။
1st glass - မနက် ၇ နာရီမှာ ရေနွေးနွေးလေး ၁ ခွက် အပြည့်သောက်ပြီး အဆိပ်ထုတ်ကြမယ်
2nd glass - မနက် ၉ နာရီမှာသောက်ခြင်းဖြင့် စိတ်ကြည်သွားစေတဲ့အပြင် ရေဓာတ်ပြန်ဖြည့်မယ်
3rd glass - မနက် ၁၁ နာရီမှာ သောက်ခြင်းဖြင့် အစားမစားခင် ဗိုက်ပြည့်စေတဲ့ ခံစားမှုမျိုးရစေမယ်
4th glass - နေ့လည် ၁ နာရီမှာ ထမင်းစားပြီး ရေထပ်သောက်မယ်
5th glass - ညနေ ၃ နာရီမှာ သောက်ခြင်းဖြင့် ညောင်းညာနေမှုတွေကို ပြေပျောက်စေပါတယ်
6th glass - ညနေ ၅ နာရီမှာတော့ အစာမစားခင် ကြိုသောက်ပြီး ဗိုက်ပြည့်စေမယ်
7th glass - ည ၈ နာရီမှာတော့ အိပ်ရာမဝင်ခင် ကြိုသောက်ထားကြမယ်
ကဲ ဒီလို ၇ ခွက်လောက်သောက်ထားတော့ ၁ နေ့ကို ၂ လီတာကျော်ဝင်သွားပြီဖြစ်တဲ့အတွက် နေ့စဉ် daily intake လည်း လုံလောက် ၊ သတိရချိန်မှ ထထသောက်တာမျိုးမဟုတ်ပဲ ပုံမှန်သောက်လို့ အသားအရေလည်း စိုပြေစေပါတယ်
Crdပါနော်💗
🥛🥛ရေသောက်ခြင်း အကျိုးကျေးဇူးများ🥛🥛
မေး ~ အိပ်ယာနိုးနိုးချင်း ရေအရင်သောက်ရမလား ခြေထောက်အရင်ဆေးသင့်သလား သိပါရစေ။
ဖြေ ~
✅ရေသည် လူတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက်တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။
သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်
သောက်သင့်သည့် အချိန်တွင်သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံးအကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
✅ရေသောက်သုံးသင့်သော အချိန်များ🔰
* ✅နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
* ✅အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
* ✅ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
* ✅မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။
ရေအကျိုး ဆယ်ပါး
*✅ ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်
ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင်
အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင်
ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂
ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
*✅ ရေသည် ဆီးလမ်းကြောင်း ပိုး၀င်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria
ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
*✅ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က
ပိုမိုထိရောက်ပါသည်။
* ✅ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင်
ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
* ✅ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ
ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ
နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
*✅ ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး
တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
*✅ ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့်
လိပ်ခေါင်းနှင့် စအို၀ကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင်
ဖြစ်ပါသည်။
*✅ ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့်
ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
* ✅အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
* ✅ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။
✅ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်🔰
* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို
များပြားသွားပါလိမ့်မည်။
* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
* ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
* ကိုယ်၀န်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
902111