Good Virtues Co myanmar
Good Virtues Co are also free from Mineral Oil, SLES, ALES, Parabens and Synthetic Colourants.
11/07/2026
အတွင်းခံ ဝတ်ပြီးတိုင်း တစ်ခါတစ်လေမှာ မိန်းမကိုယ်ကနေ ယားယံသလိုမျိုး ခံစားရဖူးလား ?
"မလျှော်ရသေးတာလည်း မဟုတ်ဘူး... ဘာလို့ ယားနေရတာလဲ?" ဆိုပြီး စဥ်းစားနေရပြီဆိုရင်အဓိက တရားခံ (၃) ချက်ကို ပြောပြပေးမယ်နော်။
🌧️ ၁။ မိုးရာသီရဲ့ စိုထိုင်းဆမြင့်မားမှု
မိုးရာသီမှာ အတွင်းခံတွေက နေရောင်ခြည်သေချာမရဘဲ သိပ်မခြောက်တာမျိုး၊ စိုထိုင်းဆများတာမျိုးကြောင့် မှိုပိုး (Fungal) နဲ့ ဘတ်တီးရီးယားတွေ အလွယ်တကူ ပေါက်ဖွားပြီး ယားယံတတ်ပါတယ်။
🧼 ၂။ ပြင်းထန်တဲ့ ဆပ်ပြာများ အသုံးပြုမှု
အတွင်းခံလျှော်တဲ့အခါ သုံးတဲ့ ဆပ်ပြာမှုန့် သို့မဟုတ် အမွှေးဆီတွေမှာ ပါတဲ့ Chemical တွေက ကိုယ့်ရဲ့ အနူးညံ့ဆုံးနေရာရဲ့ Skin Barrier နဲ့ ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။
💦 ၃။ Intimate Area ရဲ့ pH Level မညီမျှမှု
ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေနဲ့မတူဘဲ အဲဒီနေရာက သဘာဝ Acidic ပတ်ဝန်းကျင် ရှိရမှာပါ။ ရေချိုးဆပ်ပြာပြင်းပြင်းတွေ သုံးမိတဲ့အခါ pH Balance ပျက်ပြီး ယားယံတာ၊ အနံ့ဆိုးထွက်တာတွေ ဖြစ်လာပါတယ်။
ဒါကြောင့် အတွင်းခံတွေကို လျှော်ဖွတ်တဲ့ အခါ အပျော့စားဆပ်ပြာတွေသုံးပေးပါ။ သန့်ရှင်းပြီး အလင်းရောင်ရတဲ့ နေရာမှာ လှမ်းပေးပါ။ မီးပူသေချာတိုက်ပြီး ခြောက်သွေ့သန့်ရှင်းတဲ့နေရာမှာ သိမ်းပါ။
pH balance မျှတပြီး ဘတ်တီးရီးယား နှင့် မှိုတွေမပေါက်ဖွားအောင် ကာကွယ်ဖို့ Good Virtues Co ရဲ့ Feminine Hygiene Wash လေးတွေအသုံးပြုပေးပါ။
မိုးရာသီမှာ သန့်ရှင်းပြီး ရောဂါကင်းဖို့ ပန်းလေးလိုနူးညံ့လှတဲ့ မိန်းမကိုယ်လေးကိုထိန်းသိမ်းစို့နော်
09/07/2026
Good Virtues Co. ချစ်သူတို့ရေ.. ဒီဇူလိုင်လထဲမှာ အတန်းဆုံးဆိုတဲ့ Good Virtues Co ရဲ့ အတန်ဆုံး လျှော့စျေး တွေကို အောက်မှာ အမြန်ဆုံး ကြည့်လိုက်တော့နော်! 👇💸
ရေမွှေး EDT (50ml) - Kindness, Modesty, Honesty ကြိုက်ရာရွေး ၁၅,၀၀၀ ကျပ် လျှော့စျေး
Feminine Wash (150ml) ၄ မျိုးစုံ - 15% OFF လျှော့စျေး
FOC Gift: ၅၀,၀၀၀ ကျပ်ပြည့်အောင် ဝယ်ရင် Clarifying Conditioner (180ml) တစ်ဗူး ချက်ချင်း လက်ဆောင်ယူပါ။
📍 အထက်ပါ Promotion တွေကို Capital, Beauty Diary, Sein Gay Har, Aeon, United Living Mall, Mya Store, Sein Daung, Myawaddy, Thar Hla, Fu Mouk, Magway Shopping Mall တို့မှာ ရရှိနိုင်ပါတယ်။
Feminine Wash (150ml) ကို ၂,၀၀၀ ကျပ် သက်သာမယ့် အစီအစဉ်။
📍 ရရှိနိုင်မယ့်နေရာ - Shwe Ohh Pharmacy, Padouk Oo, Orchid, Makro, U Han Tin + Daw Tin Tin Aung
ဇူလိုင်လတစ်လလုံးအတွက် လိုချင်တာလေးတွေ Ready ဖြစ်သွားအောင် ခုကတည်းက Target ထားပြီး Shopping ထွက်လိုက်ရအောင်! 🛍️🛒
28/06/2026
Good Virtues Co ရဲ့ Firming Feminine Hygiene Wash မှာ Organic Black Seed Oil အပြင် Grape Seed Oil နဲ့ Hibiscus Extract တို့ပါဝင်ပါတယ် ဗာကျူးတို့ရေ..
ဒီ Secret Ingredient လေးတွေက pH Balance ကိုမျှတစေပြီးနူးညံ့စွာ သန့်စင်ပေးမယ့်အပြင်
🍇 Grape Seed Oil (စပျစ်စေ့အဆီ):
Antioxidants ဓာတ် အရမ်းကြွယ်ဝလို့ အသားအရေ တွဲကျတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး ပိုမိုနုပျို စိုပြေစေပါတယ်။
🌺 Hibiscus Extract (ခေါင်ရမ်းပန်းအဆီအနှစ်):
"Nature's Botox" လို့တောင် ခေါ်ကြပြီး အသားအရေရဲ့ Elasticity ကိုမြှင့်တင်ပေးပြီး တင်းရင်းအိစက်တဲ့ အထိအတွေ့ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။
🌿 Organic Habbatus Sauda Oil:
သဘာဝ Black Seed Oil ရဲ့ အာနိသင်ကတော့ ပြောစရာမလိုအောင် ဘက်တီးရီးယားတွေကို အန္တရာယ်ကင်းကင်း သန့်စင်ပေးပြီး သဘာဝ pH Level ကို ထိန်းညှိပေးပါတယ်။
Firming Feminine Hygiene Washက သဘာဝ Ingredients တွေနဲ့ ထုတ်လုပ်ထားတာ ဖြစ်လို့ ပုံမှန်မဟုတ်တဲ့ဆေးဝါးတွေရဲ့ အာနိသင်တွေလိုမဟုတ်ပဲ မိန်းမကိုယ်လေးကို သဘာဝအတိုင်းသန့်စင်ပေးနိုင်သလို တင်းရင်းစိုပြေဖို့လည်း အထောက်အကူပေးမှာပေါ့
27/06/2026
Beauty Diary ရဲ့ အတန်ဆုံး Promotion ပွဲမှာ Good Virtues Co. က အတန်ဆုံးစျေးတွေနဲ့ စောင့်ကြိုနေမယ် ✨
လကုန်ရက် လစာလေးတွေလည်း ထွက်ပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် Review ပေးပြီး Glow ဖို့ အချိန်တန်ပြီနော်။ 💖 Beauty Diary ရဲ့ အတန်ဆုံး Promotion ပွဲကြီးမှာ Good Virtues Co. ရဲ့ လူကြိုက်အများဆုံး Skincare, Personal care & Haircare ထုတ်ကုန်တွေကို အထူး discount တွေ၊ လက်ဆောင်တွေနဲ့ အတန်ဆုံး ဝယ်ယူရရှိနိုင်မယ့် အခွင့်အရေးကြီး ရောက်လာပါပြီ။
📅 ဘယ်တော့လဲ?
၂၀၂၆၊ ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၅ ရက်နေ့အထိ (၇ ရက်တိုင်တိုင်)
📍 ဘယ်နေရာမှာလဲ?
လှည်းတန်းစင်တာ (Hledan Center)
လစာလေးတွေ ပိုက်ပြီး အလှဆုံး Glow ဖို့အတွက် Good Virtues Co. booth လေးဆီကို အမြန်ဆုံး လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🥰🛍️
22/06/2026
Feminine Wash ဝယ်ပြီးပြီဆိုရင် ရေချိုးခန်းထဲ ထည့်ရမလား၊ Toilet ထဲမှာ ထားရမလား ဆိုတာက ပျိုမေတို့ ခေါင်းခဲရတဲ့ ကိစ္စတစ်ခုပါ။ နူးညံ့တဲ့နေရာလေးကို သန့်ရှင်းရမယ့် Product လေးဖြစ်လို့ Hygiene (သန့်ရှင်းရေး) အရပါ စနစ်တကျရှိဖို့ ဒါလေးကို သိထားရအောင်...
❌ Myth (အယူအဆအမှား): အိမ်သာတက်ပြီးတိုင်း သုံးရလွယ်အောင် Toilet ခွက်အနီးအနားမှာပဲ ထားတယ်။
✅ Fact (အမှန်တရား): အိမ်သာခန်း ဝန်းကျင်က စိုထိုင်းဆ အရမ်းများပြီး ဘတ်တီးရီးယား ပေါက်ဖွားမှု ပိုများပါတယ်။ Product ရဲ့ အာနိသင်နဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းဖို့အတွက် လေဝင်လေထွက်ကောင်းပြီး အိမ်သာခွက်နဲ့ လှမ်းတဲ့ "ရေချိုးခန်းစင်" အမြင့်ပေါ်မှာ ထားတာက အကောင်းဆုံးပါ။
🌿 ဒါဆို ဘာကြောင့် ရေချိုးခန်းစင်ပေါ်မှာ ထားသင့်တာလဲ?
1️⃣ သန့်ရှင်းစိတ်ချရခြင်း: မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားတွေ Product ထဲ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးတယ်။
2️⃣ သုံးရအဆင်ပြေခြင်း: Feminine Wash ကို အသုံးပြုဖို့ အကောင်းဆုံးအချိန်က ရေချိုးချိန်မို့ Shower Routine နဲ့ တစ်ပါတည်း အဆင်ပြေစေတယ်။
3️⃣ မှားယွင်းမှု ကာကွယ်ခြင်း: ကိုယ်တိုက်ဆပ်ပြာ ပြင်းပြင်းတွေနဲ့ မတော်တဆ မှားမသုံးမိအောင် သီးသန့် ခွဲထားရာ ရောက်ပါတယ်။
နုနယ်တဲ့ intimate area လေးကို Care ရာမှာ စနစ်တကျနဲ့ အသန့်ရှင်းဆုံး ဖြစ်နေဖို့ ၂၀၂၆ New Formula နဲ့ အထူးထုတ်ထားတဲ့ Good Virtues Co. Soothing Feminine Wash လေးကို ရေချိုးခန်းထဲက စင်ပေါ်မှာပဲ အလှဆင်ထားလိုက်တော့နော်။ 🥰
ပျိုမေတို့ကော အခု ဘယ်မှာ ထားထားကြလဲ? Comment မှာ ဖြေခဲ့ဦးနော်! 👀
21/06/2026
နှုတ်ကနေ "ချစ်တယ်" လို့ ခဏခဏ မပြောတတ်ပေမယ့်...
မိသားစုအတွက်ဆို အမြဲတမ်း အပင်ပန်းခံ၊ အနစ်နာခံပြီး လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတတ်တာ "ဖေဖေ" ပါပဲ။
ဒီနေ့မှာ ကျရောက်တဲ့ Father’s Day ကနေစပြီး...
မိသားစုအတွက် တစ်သက်လုံး ပေးဆပ်ခဲ့ရတဲ့ ဖေဖေ တစ်ယောက် ပင်ပန်းသမျှတွေ အားလုံး ပြေပျောက်ပြီး၊ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ သားသမီးတို့ရဲ့ အောင်မြင်မှုတွေကို အရိပ်တကြည့်ကြည့် ကြည့်ရှုနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ် ဖေဖေ။
12/06/2026
မျက်နှာပေါ်ကို ကိုယ်တိုက်ဆပ်ပြာ မတင်ရဲကြသလိုပဲ ကိုယ့်ရဲ့ အနူးညံ့ဆုံး Intimate Area ဟာလည်း သာမန် ရေချိုးဆပ်ပြာတွေနဲ့ လုံးဝ မကိုက်ညီပါဘူး။
မတော်တဆ ထိမိသွားတဲ့အခါ ခြောက်သွေ့တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေ ခံစားရတာဟာ သာမန်ဆပ်ပြာတွေရဲ့ ပြင်းထန်တဲ့ အယ်လ်ကာလိုင်း (Alkaline) ဓာတ်က မိန်းမကိုယ်ရဲ့ သဘာဝ Acidic အကာအကွယ် Barrier ကို ဖျက်ဆီးပစ်လိုက်လို့ ပဲ ဖြစ်ပါတယ်။
🚨 မတော်တဆဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ မိန်းမကိုယ်ကို ရေချိုးဆပ်ပြာ ထိတွေ့မိတဲ့အခါ
1️⃣မျက်စိထဲ ဆပ်ပြာဝင်သလိုမျိုးပဲ ချက်ချင်း ရေများများနဲ့ အမြန်ဆုံး လောင်းဆေးချပါ။
2️⃣ ရေဆေးပြီးရင်လည်း ပွတ်မသုတ်ပါနဲ့။ သန့်ရှင်းတဲ့ တာဝါနဲ့ ဖွဖွလေး တို့ပြီး ခြောက်သွေ့အောင်ပဲ လုပ်ပါ။
3️⃣ ဘာ Product မှ ထပ်မသုံးဘဲ အသားအရေကို ခေတ္တ အနားပေးလိုက်ပါ။ ၂ ရက်၊ ၃ ရက်နေလို့မှ မသက်သာဘဲ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာမျိုး ရှိလာရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။
နုနယ်ပြီး Sensitive ဖြစ်တဲ့ နေရာလေးအတွက် သာမန်ဆပ်ပြာတွေနဲ့ လုံးဝမထိတွေ့ပဲ pH Balance ကိုထိန်းညှိပေးပြီး အနူးညံံ့ဆုံးသန့်စင်ပေးမယ် Good Virtues Co ရဲ့ Feminine Hygiene လေးတွေနဲ့ သန့်စင်ပေးဖို့တိုက်တွန်းလိုက်ပါတယ်နော်..
Feminine Wash ဆိုတာ ပြဿနာတစ်ခုခုကြုံမှ၊ ရောဂါဖြစ်မှ သုံးရတာမျိုး မဟုတ်ဘဲ တစ်နေ့တာ Routine မှာ မရှိမဖြစ် သုံးပေးရမယ့်အရာလေးပါနော်။ 🤍✨
ဒါကြောင့်လည်း အမြဲစမတ်ကျတဲ့ Influencer လေးတွေက သူတို့ရဲ့ Private Area အတွက် Good Virtues Co. Feminine Wash ကိုပဲ တညီတညွတ်တည်း ရွေးချယ်ပြီး Review ပေးထားကြတာဖြစ်ပါတယ်။
နုနယ်တဲ့နေရာလေးအတွက် Chemical တွေရှောင်ပြီး 🖤Black Seed Oil နဲ့ 🌿သဘာဝပါဝင်ပစ္စည်းတွေကိုပဲ အခြေခံထားလို့ ရာနှုန်းပြည့် စိတ်ချရရုံတင်မကဘဲ pH Balanced ကိုပါ မျှတစေပါတယ်။
အသားခြောက်တာမျိုး လုံးဝမရှိဘဲ တစ်နေ့တာလုံး အနံ့အသက်ကင်းပြီး ယုံကြည်မှုရှိစေတာမို့ Influencer တွေရဲ့ လျှို့ဝှက်ချက်အတိုင်း ဗာကျူးလေးတို့လည်း ပုံမှန်သုံးဖို့ မမေ့နဲ့နော်။
13/05/2026
လန်းဆန်းအေးမြတဲ့ ခံစားချက် နဲ့ တစ်နေ့တာလုံးကို ပေါ့ပါးပြီးဖြတ်သန်းချင်တဲ့ ဗာကျူးလေးတို့အတွက် ✨Refreshing လေးက အကောင်းဆုံးရွေးချယ်မှုပေါ့..
✅100% Organic Black Seed Oil, Tea Tree Oil နဲ့ Aloe Vera Ingredients တွေကြောင့် မိန်းမကိုယ် Area လေးကို ပူလောင်မှုတွေ၊ နီမြန်းမှုတွေ ကင်းဝေးစေပြီး pH Balance ကိုမျှတအောင် ဖြည့်ဆည်းပေးမှာပေါ့
👉Refreshing ရဲ့ သင်းပျံ့တဲ့ ရနံ့လေး
အေးမြတဲ့ Cool Menthol ရဲ့ အထိအတွေ့နဲ့
ဓာတုပစ္စည်းတွေ လုံးဝမပါတာကြောင့်
ဒီလိုပူတဲ့ အချိန်အခါမျိုးဆို ✨Good Virtues ရဲ့ Refreshing Feminine Hygiene Wash လေးပဲရွေးပေါ့
Category
Telephone
Website
Address
205A, War Dan Street
Yangon
11131
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |