Thamee Taw Natural Shampoo

Thamee Taw Natural Shampoo

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thamee Taw Natural Shampoo, Beauty, cosmetic & personal care, Yangon.

Photos from Honey_blogs's post 31/01/2023
27/10/2021

သမီးတော်ဖြန်းဆေးကဘယ်လိုသုံးရတာလဲ☺️
ရေပြန်ဆေးချဖို့လိုလား???

အမေးများလို့ရှင်းပြပါ့မယ်နော်

ကျွန်မတို့ဆံပင်ကျွတ်တယ်
ဦးရေပြားဆံပင်အမြစ်တွေမှာသွားထိလို့
ရှိရမဲ့သက်တမ်းမတိုင်ခင်ကျွတ်ကျကုန်တယ်

တချို့ဆိုဆံပင်အမြစ်အိပ်ထိပျက်စီးကုန်ပြီး
ဆံပင်ထပ်မထွက်တော့ဘူး

ဆံပင်ကျွတ်တဲ့အကြောင်းရင်းအများကြီး
ရှိတဲ့ထဲကအများစုဖြစ်နေတာက

1.စိတ်ဖိစီးမူ့များလို့
2.ဝမ်းချုပ်ပြီးအတွင်းအပူချိန်များလို့
3.ရောဂါကြောင့်သောက်နေရတဲ့ဆေးအများစုကြောင့်
4.မျိုးရိုးလိုက်ဆံပင်ကွက်ကျွတ်လို့
5.ဓာတုဆေးတခုခုနဲ့ထိတွေ့ခံရလို့
6.တင်းကြပ်စွာစည်းနှောင်လို့
7.ရေပူနဲ့လျှော်လို့
8.လေပူနဲ့မူတ်လို့
9.ဦးရေပြားသန့်ရှင့်မူ့နည်းလို့
10.ဆီတခုခုအလိမ်းလွန်လို့
အများကြီးရှိတဲ့ထဲက
အများစုဖြစ်တဲ့ပြသနာလေးတွေပါ

ပညာရှင်အဆင့်မဟုတ်ပေမဲ့
လေ့လာတွေ့ရှိထားတာလေးတွေပါ

လိုရင်းဆက်ရရင်

✅ဆံပင်ကျွတ်တဲ့နေရာ
ပြန်ပေါက်ဖို့လိုတယ်
နည်းစနစ်တခုမှားသွားရင်
✅ပြန်ပေါက်ဖို့အချိန်ယူရမယ်

✅ဆံပင်သန်ဖို့ပြန်ပေါက်ဖို့ဆို
လိုအပ်တဲ့အဟာရ
အမြစ်အိတ်ကော
ဆံသားကောပေးဖို့လိုတယ်
ထူးဆန်းတာကအဲ့တာကိုသဘာဝအသီးနှံကဓာတ်တွေ
မှာရတယ်

☑☑☑ဥပမာစာထဲကဖတ်ဖူးကြသလို

✔ကြိတ်မှန်ရွက်ကဆံပင်သန်တယ်
✔ရှောက်သီးကဗောက်ပျောက်တယ်
✔ဂျင်းကဆံပင်ပြန်ပေါက်စေတယ်

အဲ့ကအရည်ညစ်ယူခေါင်းမှာလိမ်းရင်ကြာရှည်ကြ
ခေါင်းအအေးပါတ်မယ်
စေးကပ်ကပ်ဖြစ်ပြီးပြန်လျှော်ရမယ်

အခုခေါတ်ကြအလုပ်ရူပ်မခံချင်ကြတော့ဘူး

တချို့အသီးရွက်တွေမြို့ပြလိုနေရာရှာရခက်တယ်
သမီးတော်ဆံပင်အဟာရဖြန်းရေမှာ
ဆံပင်အတွက်လိုအပ်တဲ့
💯အသီးနှံ၇မျိုးကို
လိမ်းလိုက်ရင်မစေးကပ်အောင်
အချိန်မကုန်
ရေပြန်ဆေးစရာမလို
ခေါင်းပြန်လျှော်စရာမလို
Hair coatမလိုပဲ
တစ်နေ့နှစ်ကြိမ်ဖြန်းယုံနဲ့
ဦးရေနဲ့ဆံသားမှာလိုအပ်တဲ့အဟာရ
ပြန်ရပြီးဆံသားတောက်ပြောင်သန်စွမ်းစေမှာပါ
ဆံပင်အမြစ်အိပ်မပြတ်စီးသမျှ
💯ဆံပင်ပြန်ပေါက်စေမှာပါ
လက်တွေ့ကြုံဖူးထားလို့သမီးတော်နဲ့လျှော်
ဖြန်းဆေးတစ်နေ့နှစ်ကြိမ်ဖြန်းရုံနဲ့
နှစ်ပါတ်အတွင်းထူးခြားပါတယ်နော်

အသေးစိတ်သိရှိမှာယူလိုပါက

📱Chatbox Messenger

23/10/2021

သမီးတော်ခေါင်းလျှော်ရည်ဝယ်လို့ရပီနော် တစ်ဗူး7500

ဆံပင်အရမ်းကျွတ်လို့စိတ်ညစ်နေသူများ သမီးတော်ခေါင်းလျှော်ရည်သုံးပါနော်😍😍

18/10/2021

သမီးတော်လေးသုံးရတာ
ဆံပင်ကျွတ်သပ်သာပြီး
ဗောက်ပျောက်
ဆံပင်တွေမဲနက်စိုပြေလာလို့တဲ့😍

နှစ်မျိုးသာတွဲသုံး
တကယ်ဆံပင်နှစ်ဆပြန်ထူမယ်

Photos from Thamee Taw Natural Shampoo's post 10/10/2021

သမီးတော်ရဲ့ ဂုရုကြီး(၁၃)ဦးအစွမ်းကြောင့် ဒီမှာထုတ်လုပ်မနိုင်တော့ဘူး။😱
တီထွင်ပြီး စတင်ချမပြခင်တည်းက
Pre Order တွေနဲ့ကုန်နေတဲ့ သမီးတော်လေးရဲ့ သတင်းက ဒီက ထုတ်လုပ်သူအတွက်
အားရစရာပါ။
ထုတ်သူအတွက် အားရတယ် ဆိုသလို ရောင်းသူအတွက်လည်း နာမည်ဂုဏ်သတင်း ဟိုးလေးတကြော်ကြော်ပေါ့ရှင်

ဝယ်သူက Quality ကိုကြည့်ဝယ်တာ တံဆိပ်ကို ကြည့်တာမဟုတ်တော့ အကောင်းကြိုက်သူတို့ကတော့ သမီးတော်မှ သမီးတော်ဖြစ်နေကြပြီ။
ဒါဆို သမီးတော်ရဲ့ ဂုရုကြီး(၁၃)ဦးကို အရမ်းသိချင်နေပြီ ဟုတ်

(၁) ဆံပင်သန်စွမ်းနက်မှောင်စေတဲ့ ဂျင်းနက်
(၂) ဆံပင်ကျွတ်သက်သာစေပြီးအရှည်မြန်စေတဲ့ ရှားစောင်း
(၃) ဗောက်ထခြင်းကင်းပြီး ဆံသားဖြောင့်ဆင်းစေဖို့ ရှောက်ခါးသီး
(၄) အရွယ်မတိုင်ခင် ဆံပင် မဖြူစေဖို့ ကြိတ်မှန်ရွက်
(၅) ဆံသားခြောက်သွေ့ကြမ်းတမ်းခြင်း မဖြစ်စေဖို့ ဖန်ခါးသီးနဲ့ ဇီးဖြူသီး
(၆) ဆံပင်နဲ့ဦးရေပြားထဲက အဆိပ်တွေ ထုတ်ပေးနိုင်တဲ့ ကင်ပွန်းသီး
(၇) ကျန်းမာသန်စွမ်းတဲ့ဆံကေသာဖြစ်ဖို့ လက်ဖက်စိမ်း
(၈) ဦးရေပြားယားယံခြင်းနဲ့ ဆံပင်ကျွတ်ခြင်းကင်းဝေးစေဖို့ သံပုရာသီး
(၉) ဆံပင်ဆံသားကို အားဖြည့်ပေးတဲ့ သံလွင်ဆီ
(၁၀) ဆံပင်ပါးသူများ ဆံပင်ကျွတ်သက်သာပြီး ထူလာစေဖို့ ကြက်ဆူဆီ
(၁၁) ဆံသားအရင်းမှ အဖျားထိလှပစေတဲ့ Vitamin - E
(၁၂) ဆံပင်ကျွတ်ခြင်းကိုသက်သာစေပြီး ဆံပင်ပြန်ပေါက်စေတဲ့ ပျားရည်

ကဲ စိတ်ဝင်တစားနဲ့ ဖတ်လာလိုက်တာ နံပါတ်(၅)မှာ ဂုရု(၂)ဦး ဖြစ်နေတာ မသိလိုက်ဘူး မဟုတ်လား?😁
ဒီ(၁၃)မျိုးနဲ့ အချိုးကျ ထုတ်လုပ်ထားတဲ့ သမီးတော်ကိုမှ မသုံးရင် #ဆံပင်ကောင်းလိုက်တာ ဆိုတဲ့အသံလေး ကြားရဖို့ ကြာနေဦးမှာပါ။

ဒါကြောင့် မြန်မြန်သုံးမလား မြန်မြန်ရောင်းပြီး အမြတ်ရှာမလား
ကိုယ်စားလှယ်ဝင်ချင်သူများကို ဖိတ်ခေါ်ပါတယ် အသေးစိတ်ကို Messenger မှာမေးမြန်းလို့ရပါတယ်ရှင်။

သမီးတော် ပေါင်းဆေးအာနိသင်ပါပြီး သဘာဝခေါင်းလျှော်ရည်

Price= 7500 ကျပ်

မှာယူလိုပါက
Page messanger

📞09428202525☎️

📱Chatbox📲

လက်လီလက္ကား ဝယ်ယူရရှိနိုင်ပါတယ်ရှင့်

သမီးတော်
သဘာဝဆေးဘက်ဝင်ခေါင်းလျှော်ရည်
ဆံကေသာပြဿနာသမီးတော်နဲ့ဖြေရှင်းပါ

10/10/2021

“သင့်ကလေးရဲ့ ခေါင်းဆောင်စိတ်ကို ပျိုးထောင်ပါ”

ဒီနေ့ခေတ်မှာ ခေါင်းဆောင်မှု (Leadership) ရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးကြီးကြောင်း အင်မတန်မှကို ကျယ်ကျယ်ပြန့်ပြန့် ပြောလာကြပါပြီ။ ခေါင်းဆောင်ပေါ် မူတည်ပြီးပဲ အောင်မြင်မှု၊ ကျရှုံးမှုရယ်လို့ ဖြစ်လာကြတာပါ။

အရင်တုန်းကတော့ Leaders are born ခေါင်းဆောင်ဆိုတာ မွေးရာပါဗီဇပါလာသူတွေလို့ ဆိုခဲ့ကြပေမယ့် အခုခေတ်မှာတော့ Leaders are made ခေါင်းဆောင်တွေကို ပျိုးထောင်လို့ရတယ်လို့ ယူဆလာကြပါတယ်။ အဲဒီလို ပျိုးထောင်တဲ့အခါမှာ တချို့လူတွေက ပျိုးထောင်ရလွယ်ကူတယ်။ သူတို့ရဲ့ နဂိုပုံစံကိုက တက်ကြွတယ်၊ ရဲရင့်တယ်၊ ဆုံးဖြတ်ချက် ပြတ်သားတယ်၊ အများနဲ့ ပြောဆိုဆက်ဆံနိုင်တယ်။ သူတို့အဖွဲ့ထဲမှာ တခုခုအရေးကိစ္စပေါ်လာတိုင်း ခေါင်းဆောင်နေရာဆိုတာနဲ့ သူ့ကို အားလုံးက ပြေးမြင်ကြတယ်။ ဒီလိုလူတွေ ရှိတယ်။ တချို့ကျတော့ အဲဒါနဲ့ ပြောင်းပြန်၊ မလုပ်ရဲ မကိုင်ရဲ မပြောရဲ မဆိုရဲ ဆိုတော့ တော်တော်လေးကို ပျိုးထောင်ရခက်တယ်။

ဘာလို့ ဒီလိုတွေ ကွာခြားသွားတာလဲ။ မွေးရာပါဗီဇကြောင့်လား။ မဟုတ်ပါဘူး။ အဓိကက ငယ်စဉ်ကလေးဘ၀က ဘယ်လိုပျိုးထောင်ခဲ့သလဲနဲ့ အဓိက သက်ဆိုင်ပါတယ်။

ဒါဆို ကိုယ့်ကလေးမှာ ခေါင်းဆောင်စိတ်ရှိလာအောင် ဘယ်လိုပြုစုပျိုးထောင်ပေးသင့်သလဲ။ အရေးကြီးတဲ့ အကြံပြုချက် ၃ ခု ပေးလိုပါတယ်။

၁။ “လွဲသွားရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့စိတ် ကလေးမှာ ရှိမနေအောင် လုပ်ပါ

မြှားပစ်သမားနှစ်ယောက် ရှိတယ်ဆိုကြပါစို့။ သူလည်း အသေအချာ လေ့ကျင့်ခဲ့တယ်၊ ကိုယ်လည်း အထပ်ထပ် လေ့ကျင့်ခဲ့တာပဲ။ ပြင်ဆင်လာမှုမှာ မကွာခြားဘူး။ ဒါပေမယ့် ပစ်တဲ့အချိန်မှာတော့ တစ်ယောက်က ထိကိုထိရမယ်လို့ ယုံကြည်တယ်၊ နောက်တစ်ယောက်က လွဲသွားရင် ဘယ်လိုလုပ်မလဲ လို့ ပူပန်နေတယ်။ ယုံကြည်မှုချင်း ကွာခြားတဲ့အခါမှာ ရလာတဲ့ရလဒ်ချင်းလည်း ကွာခြားသွားတော့တယ်။

ကလေးဘ၀မှာ တခုခုကို စမ်းလုပ်ကြည့်ကြတာပဲ။ အပြာရောင်ခွက်ထဲ အပြာရောင်ပစ္စည်းလေး ထည့်ရမှာကို မှားထည့်လိုက်တာမျိုး၊ နည်းနည်းလေး အရွယ်ရောက်လာတော့ အားကစား လုပ်တဲ့အခါ မှားသွား၊ လွဲသွား၊ ရှုံးသွားတာမျိုး၊ အင်္ဂလိပ်စကားကို အသံထွက်လိုက်တာ မှားနေတာမျိုး စတဲ့ အခြေအနေတွေမှာ မိဘက ဘယ်လိုမှတ်ချက်ပေးသလဲ။ ဟာ ဒါလေးတောင် မသိဘူးလား၊ ကြည့်စမ်း ဟိုဘက်အိမ်က ဘယ်သူဆိုရင် ဘယ်လိုတော်တာ၊ သူ့ချီး နင့်ကို ကျွေးရမယ် ဆိုတာမျိုးတွေနဲ့ အပြစ်တင်ခဲ့မယ်ဆိုရင်၊ ကလေးကို နောက်ပြောင်ခဲ့မယ်ဆိုရင် ကလေးက ကြာလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာမယ်။ တခုခု လုပ်ရတော့မယ့်အခါတိုင်း ငါလွဲသွားရင် ဒုက္ခပဲ ဆိုတဲ့ ပူပန်မှုက အကျင့်လိုဖြစ်လာမယ်။ ဒီတော့ မလုပ်ရဲ မကိုင်ရဲ၊ မဆုံးဖြတ်ရဲ ဖြစ်သွားမယ်။ တာ၀န်မယူရဲတော့ဘူး ဖြစ်နေမယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့သူဟာ ဘယ်လောက်တော်နေပါစေ၊ အောင်မြင်ဖို့ ခက်ပါတယ်။ သူလိုလူမျိုးကိုလည်း ခေါင်းဆောင်တစ်ယောက်အဖြစ် ဘယ်သူကမှ လက်ခံချင်မှာ မဟုတ်ပါဘူး။

၂။ တီထွင်ကြံဆမှုရှိပါစေ

ကလေးတစ်ယောက်က မြေကြီးကို လျှောက်ဆွတယ်၊ သူ့စိတ်ထဲ ထူးခြားတယ်ထင်တဲ့ ကျောက်ခဲတစ်လုံးကို ကိုယ့်ဆီယူလာတယ် ဆိုပါတော့။ ဘယ်လိုတုံ့ပြန်မလဲ။ ဟာ သားရေ ပေကျံကုန်ပြီလို့ ပြောမလား။ သူက ထူးဆန်းတာတစ်ခုကို ရှာတွေ့လာလို့ ကိုယ့်ကို လာပြတဲ့အချိန်၊ လူကြီးဆီကနေ အသိအမှတ်ပြုမှုတစ်ခု လိုချင်နေတဲ့အချိန်မှာ ဒါမျိုး တုံ့ပြန်လိုက်မယ်ဆိုရင် ကလေးရဲ့ လက်တွေ၊ အ၀တ်အစားတွေ ညစ်ပတ်ကုန်တာက ပြန်လျှော်ဖွတ်လို့ ရပါတယ်၊ ပျောက်သွားတဲ့ သူ့ရဲ့စူးစမ်းလိုစိတ်ကတော့ ရှာမရတော့ပါဘူး။

စိန်ခေါ်မှုတွေ တဖြည်းဖြည်း များလာပြီး မျိုးစုံသော အပြောင်းအလဲတွေက လိုက်မမီနိုင်အောင် ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ ခေတ်ကြီးမှာ ဘယ်အရာကိုမှ တရားသေ ဆုပ်ကိုင်ထားလို့ မရတော့ဘူး။ ဒီအတွက် မဖြစ်မနေ လိုလာတာက Creativity လို့ခေါ်တဲ့ တီထွင်ကြံဆနိုင်စွမ်းပါ။ ကလေးတွေဟာ အသက် ၃ နှစ်၀န်းကျင်မှာ အမေးအမြန်းသိပ်ထူတယ်။ ဘာမဆို သိချင်တယ်။ ဒီအခါမှာ သူတို့ရဲ့ စူးစမ်းမှုတွေကို လျစ်လျူရှုလိုက်မယ်ဆိုရင် နောင်အရွယ်ရလာတဲ့အခါ မေးခွန်းမမေးတတ်၊ ဘာကိုမှ သိချင် စူးစမ်းချင်စိတ် မရှိတော့တဲ့ လူငယ်တွေဖြစ်လာပါလိမ့်မယ်။

၃။ ကိုယ့်ကိုယ်ကိုယ် မညှာတတ်အောင် လေ့ကျင့်ပေးပါ

လူတစ်ယောက်ရဲ့ အောင်မြင်မှုကို အဓိက တားဆီးနေတာက ပြင်ပက အကြောင်းရင်းတွေ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ပိတ်ပင်နေတာတွေက ပြဿနာပါ။ ငါ ဒီလောက်လုပ်ထားတာ နားသင့်ပြီ၊ ပင်ပန်းနေပြီ၊ စောစောအိပ်မှ စသဖြင့်ပေါ့။ တကယ်တမ်း ကိုယ့်စိတ်ကိုယ်ပြင်ပြီး လုပ်ကြည့်၊ ရပါတယ်၊ အိပ်ငိုက်နေတာ ပျောက်သွားတယ်၊ ခေါင်းကိုက်နေတာ သက်သာသွားတယ်။ ငယ်ရွယ်စဉ် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေတုန်း များများကြိုးစားမှ နောင်တစ်ချိန်မှာ အနားရမှာပါ။ ခေါင်းထဲ ပညာတွေ ပြည့်နေမှ လူသက်သာစွာနဲ့ အလုပ်လုပ်နိုင်မှာပါ။

အဲဒီလို ကလေးက ကိုယ့်ကိုယ်ကိုယ် ညှာတတ်တဲ့ အလေ့အထ ဖြစ်လာအောင် အဓိက လုပ်ပေးလိုက်တာ မိဘဖြစ်ပါတယ်။ ဥပမာ ကစားစရာတစ်ခုကို တပ်ဆင်ကြည့်တယ်၊ မရဘူးဆိုရင် သူ လက်လျှော့ချင်လာမယ်။ လက်မခံပါနဲ့၊ မရရအောင် လုပ်ခိုင်းပါ။ လိုအပ်တာတော့ ဝိုင်းကူပေးပေါ့။ အဲဒါကို ကိုယ်က အစား၀င်လုပ်ပေးလိုက်ရင် ဒီကလေးဟာ ကြီးလာတဲ့အခါမှာလည်း လွယ်လွယ်လက်လျှော့တတ်တဲ့သူ ဖြစ်လာပါလိမ့်မယ်။ ဖြစ်သင့်တာက ကလေးကို သူ့မှာ ရှိသလောက် ခွန်အား စိုက်ထုတ်တတ်တဲ့ အလေ့အထ ရလာအောင် တွန်းအားပေးရမှာပါ။ ဒီအခါ ကလေးဟာ တော်ရုံ လက်မလျှော့တတ်သူ၊ မဖြစ်ဖြစ်အောင် လုပ်တတ်သူ ဖြစ်လာမယ်၊ ကိုယ့်ကိုယ်ကိုယ် မညှာတော့ဘဲ ဒါလောက်တော့ ငါလုပ်နိုင်ပါတယ် ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ အသားကျလာမှာဖြစ်ပါတယ်။

ခေါင်းဆောင်တွေဟာ ပျိုးထောင်လို့ရတာ မှန်ပေမယ့် နှစ်အစိတ်၊ သုံးဆယ် အသားကျလာတဲ့ ပုံစံတစ်ခုကို ပြောင်းဖို့ တအားခက်ပါတယ်။ ဒါကြောင့်မို့ ငယ်ငယ်ကတည်းက ပျိုးထောင်နိုင်ခဲ့ရင် အကောင်းဆုံးပါပဲ။ အတန်းခေါင်းဆောင် ရွေးရမယ် ဆိုတာနဲ့ ကလေးအချင်းချင်းကိုက သူ့ကို လုပ်နိုင်မယ်လို့ သတ်မှတ်ကြတယ်ဆိုရင် ဒီကလေးမှာ ခေါင်းဆောင်မှု လက္ခဏာတွေ ရှိနေလို့လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။ အဲဒီလိုဖြစ်လာဖို့ကတော့ မိဘအုပ်ထိန်းသူများမှာ အဓိက တာ၀န်ရှိပါတယ်။

ဒါကြောင့်မို့ သူ့ကိုယ်သူ ယုံကြည်မှုရှိအောင်၊ ရဲရင့်လာအောင် အားပေးပါ။ သူရဲ့ စူးစမ်းဆင်ခြင်မှုတွေကို သေချာတုံ့ပြန်ပေးပါ။ နောက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မညှာဘဲ၊ အလွယ်တကူ လက်မလျှော့ဘဲ မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ အလေ့အထကို မွေးမြူပေးပါ။

ဒေါက်တာ ဖြိုးသီဟ
၈.၁၀.၂၀၁၇

Photos from Thamee Taw Natural Shampoo's post 08/10/2021

💥ဆံပင်တွေအရမ်းကျွတ်လို့စိတ်ညစ်နေပြီလား💥

ခေါင်းဖြီးတိုင်းကျွတ်😥
ခေါင်းစီးထားလဲကျွတ်😖
ဖ်ားလ်ားခ်လဲ တတောက်တောက်နဲ့ ကျွတ်ဆင်း😣
လက်လေးနဲ့မကိုင်မိနဲ့ အမျှင်လိုက်ကိုပါလာရော😪

ဒါဆိုရင်တော့ သမီးတော်အတွဲလေးကိုသုံးကြည့်နော်
ဘာကြောင့်ပဲ ကျွတ်ကျွတ် ၃ခါလှော်ရုံနဲ့သိသိသာသာ သက်သာသွားမယ်
ဘောက်ကြောင့်ယားယံတာတွေ ပျောက် မယ်
ဆံပင်နှစ်ခွဖြစ်ခြင်း
ဆံသားခြောက်သွေ့ပြီးဖွာခြင်း
အရှည်နှေးခြင်းများကို
အမြန်ဆုံးသက်သာပျောက်ကင်းစေတာ

သဘာဝရဲ့သမီးတော်ပါ👸

သမီးတော်သဘာဝဂျင်းနက်ခေါင်းလျှော်ရည်-7500ks
သမီတော်ဂျင်ဆင်းဆံပင်အားဖြည့်ဖျန်းဆေး-5000ks
ဆံကေသာအလှကိုသမီးတော်နဲ့ဖန်တီးပါ

Page👉09428202525 👈

07/10/2021

ဆံသား ထိန်းသိမ်းနည်း လမ်းညွှန်
ဆံသားလေးတွေ ကျန်းမာနေစေဖို့
ဆံသားလေးတွေ ကျန်းမာသန်စွမ်းနေစေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။

ဆံပင်ကို ပေါင်းတင်ပါ

ဆံပင်ကို ပေါင်းတင်ပါဆိုလို့ ဘယ်လိုပေါင်းဆေးတွေဝယ်ရမလဲဆိုပြီး တွေးမနေနဲ့နော်။ သဘာဝ ပစ္စည်းတွေဖြစ်ကြတဲ့ ရှားစောင်းလက်ပပ် လိုမျိုုးအရာတွေကို အသုံးပြုပေးလို့ရပါတယ်။ ခေါင်းလျှော်ပြီးစ ဆံပင်မခြောက်တခြောက်အနေအထားမှာ ဆံသားကိုရော ဦးရေပြားကိုပါ ရှားစောင်းလက်ပပ် ဂျယ်လီသား လိမ်းပေးရုံပါ။

ခေါင်းပုံမှန်လျှော်ပါ

ခေါင်းလျှော်တာက ဆံသားကိုရော ဦးရေပြားကိုပါ ကျန်းမာစေနိုင်ပါတယ်။ ခေါင်းကို နေ့တိုင်းမဟုတ်ရင်တောင် အနည်းဆုံး ၂ ရက်ခြားတစ်ခါလောက်လျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း အရမ်းကုတ်မလျှော်မိဖို့ သတိထားပါ။ ခေါင်းလျှော်တဲ့အခါတိုင်း ရေကို စင်နေအောင် ဆေးချဖို့လိုပါမယ်။ ဒါမှ ဆံသားတွေ ကျန်းမာမှာပါ။

Conditioner/ပေါင်းဆေး သုံးပါ

ဆံပင်အဖျားနှစ်ခွဖြစ်တာ၊ ဆံသားတွေကြမ်းတာ၊ ကျိုးပျက်တာတွေကို ကာကွယ်ဖို့ဆိုရင် ဆံပင်ကို Conditioner သုံးပေးဖို့လိုပါမယ်။ သဘာဝ Conditioner အနေနဲ့ ခေါင်းမလျှော်ခင်တစ်ညမှာ ဆံပင်ကို သံလွင်ဆီ၊ အုန်းဆီ၊ နှမ်းဆီ တစ်မျိုးမျိုးကို အရင်းကနေ အဖျားထိသေချာစွာ လိမ်းပါ။ ပြီးရင် ဆံပင်ကို ပလပ်စတစ် ခေါင်းစွပ်လေးစွပ်လို့ တစ်ညထားပါ။ မနက်နိုးတဲ့အခါ နှစ်သက်ရာ ခေါင်းလျှော်ရည်ကို သုံးလို့ သေချာ စင်နေအောင် လျှော်ပေးပါ။

ခဏခဏ ခေါင်းမလျှော်ပါနဲ့

ခေါင်းလျှော်တာက ဆံသား ကျန်းမာရေးကို အထောက်အကူပြုပေမယ့် ဆံပင်ကို ခဏခဏလျှော်နေတာကတော့ ဆံသားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၂ ​ကြိမ် ကနေ ၃ ကြိမ်လောက်ပဲ ခေါင်းလျှော်ပါ။ နေ့တိုင်း ခေါင်းလျှော်တာမျိုးမလုပ်ပါနဲ့။ ဆံသားပျက်စီးစေနိုင်တာကြောင့်ပါ။

ရေခြောက်အောင်သုတ်ပါ

ခေါင်းလျှော်ပြီးတိုင်း ရေခြောက်အောင်သုတ်ပါ။ ရေခြောက်အောင် မသုတ်တာက ဦးရေပြားကျန်းမာရေးကို ထိခိုက်စေသလို ဆံသားတွေရဲ့ သန်စွမ်းမှုကိုလည်း ထိခိုက်စေပါတယ်။ ဗောက်ထတာ အပြင် အမျိုးမျိုးသော ဦးရေပြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးတိုင်း ရေခြောက်အောင် သုတ်ပါ။

အပူချိန်ပြင်းပြင်းနဲ့ အခြောက်မခံပါနဲ့

ဆံပင်မခြောက်မှာဆိုပြီး Dryer ကိုသုံးလို့ အပူချိန် ပြင်းပြင်းနဲ့ အခြောက်ခံတာမျိုးက အဆင်မပြေပါဘူး။ ဒီလိုလုပ်တာကလည်း ဆံသားကို ထိခိုက်စေနိုင်တဲ့ အပြုအမူတစ်ခုပါ။ ခပ်နွေးနွေး အနေအထားနဲ့ပဲ အခြောက်ခံပါ။ဆံသား နှစ်ခွ ဖြစ်စေပါတယ်။

ခပ်ကြမ်း​ကြမ်း မသုတ်ပါနဲ့

ခေါင်းလျှော်ပြီးတဲ့အခါ တဘက်ကို အသုံးပြုပြီး ခပ်ကြမ်းကြမ်းသုတ်တာက ဆံသားကို ထိခိုက်စေနိုင်ပါတယ်။ ဆံပင်တွေကို ကျိုးပျက်လွယ်စေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကို ခပ်ကြမ်းကြမ်းမသုတ်ဖို့လည်း သတိထားပေးပါ။

ဦးရေပြား အားဖြည့်ဆီ (သို့)အားဖြည့်ဆေး တစ်ခုခု သုံးပါ

ဦးရေပြား အတွက် အဓိက လိုအပ်သော အားဖြည့်ဆီ/အားဖြည့်ဆေး သုံးချင်းက ဆံပင်များက်ို သန်စွမ်း ကျန်းမာစေပါတယ်။ hair care သုံးပေးခြင်း ဖြင့်လဲ...ဦးရေပြားကျန်းမာပီး... ဆံပင်သန်စေပါတယ်။

Photos from Thamee Taw Natural Shampoo's post 07/10/2021

ဘီးဖြီးတာနဲ့ ကျွတ်လို့ ဘီးမဖြီးရဲ ဖြစ်နေရတယ်ရှင်😔

ဒီအခိုက်အတန့်မျိုး မကြုံဖူးသူရှိပါသလား သမီးတော်မှ မေးချင်ပါတယ်

ပြီးတော့ မေးခွန်းမေးပြီး သင်တို့သိချင်နေတဲ့ဖြေရှင်းနည်းအ​ဖြေကိုလည်း ပြောပြချင်တယ်

နည်းလမ်းမခက်ပေမဲ့ လူတိုင်းက သုံးဖို့အဆင်မပြေနိုင်ကြသေးဘူး

နည်းလမ်းသိလည်း သုံးလို့မရနိုင်သေးသူတွေထဲလည်း သင်ပါနေနိုင်တယ်

ဘာလို့ဆို ဂျင်းနက်သဘာဝခေါင်းလျှော်ရည် သင့်မှာရှိထားမှ ရမှာမို့ပါ😁

ဒါဆို ဆံပင်ကျွတ်သက်သာစေတဲ့ နည်းလမ်းကို ပြောပြပေးမယ်နော်

Step 1 ဂျင်းနက်သဘာဝခေါင်းလျှော်ရည် တစ်စ(တစ်စက်နှစ်စက်သာ) ရေငါးဆ ရောပြီးအမြှုပ်ထွက်အောင် မွှေပါ

Step 2 ရေစွတ်ထားသော ဦးရေ နှင့် ဦးခေါင်းပေါ် နှိပ်နယ် ခေါင်းလျှော်ပေးရပါမယ်

Result အနေနဲ့ ခေါင်းလျှော်နေချိန်မှာတောင် ဆံပင်ကျွတ်နည်းလာတာ သတိထားမိမယ်

လျှော်ပြီး ရေမခြောက်တခြောက်မှာ ဆံသားအိတုန်လေးဖြစ်လာတာ သိမယ် ပြီးရင် ဘီးဖြီးစရာမလိုဘဲတောင် ဆံသားရှင်းနေမယ် ခေါင်းလျှော်ပြီး နှစ်ရက် သုံးရက်ကြာတဲ့ထိ ဆံသားစေးထန်းတာမျိုး မဖြစ် အမြဲပုံကျလှပနေပါမယ်

ဒီ Result ကို သင် ဂျင်းနက်ခေါင်းလျှော်ရည်နဲ့ သုံးကြိမ်မြောက်လျှော်ပြီးချိန်မှာ ပိုသိသာခံစားရမှာပါ😍

ဆံသားကျွတ်တာနည်းချင်ရင်တော့ ဂျင်းနင်သဘာဝခေါင်းလျှော်ရည်က မဖြစ်မနေ ရှိထားရမှာမို့

ဆက်သွယ်မှာယူဖို့

09428202525(or) Messenger ဆီသာ လှမ်းခဲ့ပါနော်

04/10/2021

ဆံသားများရှုပ်ထွေး၍
ဘီးဖီးတိုင်းစိတ်မချမ်းသာသူတွေကို
တခုပဲပြောပြချင်ပါတယ်

သမီးတော် တကြိမ်လျှော်ရုံနဲ့
ဆံသားများရှင်းစေတယ်

၃ကြိမ်လျှော်ပြီးရင်တော့
ဘီးကိုင်စရာမလို
ခေါင်းစီးရင်တောင်ချောချစေတဲ့😊

သမီးတော်ခေါင်းလျှော်ရည်
ဘာကြောင့်ဘီးဖီးဖို့
မလိုအောင်ပျော့ပြောင်းစေလဲဆိုတော့

သမီးတော် က
ပျော့ဆေးပေါင်းဆေးအာနိသင်
ပါဝင်ခြင်းဖြစ်တာမို့လိုပါ

သမီးတော် ခေါင်းလျှော်ရင်၃မိနစ်ပေါင်းပေးရုံနဲ့အခြာပေါင်းဆေး🙅
သုံးစရာမလိုသောကြောင့်ဖြစ်ပါတယ်

သမီးတော် တဗူးဝယ်ရုံနဲ့ပေါက်ဆေးဖိုးထပ်မကုန်ပါ

အသေးစိတ်သိရှိလိုပါက

📞09428202525☎️

📱Chatbox📲

30/09/2021

သမီးတော်ကြောင့်မို့ တစ်အိမ်သားလုံး ဆံပင်ကောင်းကိုပိုင်ဆိုင်နိုင်ပြီ😱

သားသားလေး မီးမီးလေးကဆံပင်ပါးလို့ ဂတုံးခဏခဏရိတ်ပေးနေရတယ်😔

ကျွန်မကတော့ ခေါင်းလျှော်ရင်းဘီးဖြီးရင်းတောင် အရမ်းကျွတ်လို့စိတ်ညစ်နေရတယ်

ယောကျ်ားလုပ်သူက အလုပ်ဖီစီးလို့ ထိပ်ပြောင်လာတယ်

ကလေးတို့ရဲ့ဖွားဖွားကတော့ အရွယ်လေးရလာတော့ ဆံပင်ဖြူတွေကြောင့် စိတ်ရှုပ်နေရတယ်
➖➖➖➖➖
သမီးတော် အိမ်ရောက်လာတော့ တမျိုးတည်းနဲ့ အိမ်မှာရှိသမျှလူ အကုန်လျှော်လို့ရတာသိရတယ်လေ

သဘာဝစစ်လွန်းပြီး Chemical လျော့ချထားလို့ ကလေးသေးသေးလေးများကစ လျှော်လို့ရတော့ သားသားမီးမီးတို့လည်း သမီးတော်ပဲ...

ဆံပင်ကျွတ်သက်သာစေပြီး မဲနက်စေတော့ ကျွန်မနဲ့ အမျိုးသားအတွက်လည်း အဆင်ပြေ❤

သမီးတော်မှာပါတဲ့ ဂျင်းနက်က ဆံပင်များမဲနက်သန်စွမ်းစေတော့ စိတ်ညစ်နေရတဲ့ ဖွားဖွားမှာ ဆံပင်ဖြူတွေ ထပ်မပွားလာတော့ဘူး

ကဲ...7500 ကျပ်နဲ့ တစ်အိမ်သားလုံးခေါင်းလျှော် စိတ်ချမ်းသာရ🤗

တစ်ခါလျှော်ပြီး နောက်တစ်ခါမလျှော်မချင်း ဆံသားစေးထန်းတာမျိုး မဖြစ်စေတော့ ဆံသားအဆီပြန်တတ်သူများအတွက် အထူးအဆင်ပြေတာပေါ့ရှင်

တစ်ဘူးကို အကြိမ်၂၀မျှ အနည်းဆုံးလျှော့လို့ရ...

သဘာဝနဲ့ထိတွေ့ပြီး ဆံကေသာကောင်းကို ပိုင်ဆိုင်နိုင်ဖို့ ငွေ 7500ကျပ်ရှိရင် ရပါပြီ🤗

ဆက်သွယ်ဝယ်ယူရန်
09428202525
ဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင့်❤

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon