Dr. So Herbal Care
Herbal products
16/05/2025
ခေါင်းလျှော်ရည် မထုတ်ဘူးလား?
ဘာ Shampoo သုံးရမလဲ?
တွဲသုံးရမယ့် Shampoo တစ်ခါတည်းညွှန်းပေးပါဆိုတဲ့ မင်မင်တို့ရဲ့ customer တွေအတွက် Shampoo လေးတွေတွဲရောင်းပေးလိုက်ပါပြီရှင့်🥳
မင်မင်တို့တော့ မထုတ်နိုင်သေးတော့ပေါ့နော်😔 နာမည်ကြီး Korea brand mise en scene Shampoo တွေကို မင်မင်တို့တစ်လစမ်းသုံးကြည့်ပြီးမှ ကာကာတို့အတွက်တင်ရောင်းပေးလိုက်တာပါရှင့် 😍
✔️ဆံပင်ဝိတ်ရှိ၊ ဆံသားအုံထူချင်သူတွေအတွက် ခရမ်းရောင် Collagen Shampoo
✔️ဆံသားပျက်စီးခြောက်သွေ့ကြမ်းတမ်းနေသူတွေအတွက် အနီရောင် Protein Shampoo
✔️ဦးရေပြားအဆီပြန်၊ ခေါင်းယား၊ ဗောက်ထသူတွေအတွက် အစိမ်းရောင် Cica Shampoo
ဆိုပြီးသုံးမျိုးထဲက ကြိုက်တာရွေးယူနိုင်ပါပြီရှင့်🎉
တစ်ဘူးကို 680 ml တောင်ပါတာဆိုတော့ လနဲ့ချီပြီးအကြာကြီးသုံးနိုင်တာမို့လို့ ဘတ်ဂျက်လည်းကိုက်ပါတယ်နော်..
ခေါင်းလျှော်ရည်ကို ဒါလေးတွေသုံးပြီး Dr. So Hair Care ထဲက
✅ဆံပင်ကျွတ်သက်သာ၊ ဆံပင်ပြန်ပေါက်စေတဲ့Dr. So Hair Growth Mist နဲ့
✅ဆံသားပျော့ပြောင်းအားဖြည့်စေတဲ့ Dr. So Hair Nourishing Oil ပါတွဲသုံးမယ်ဆိုရင်တော့
ကိုယ့်ဆံပင်အတွက် Hair Care က Perfect ဖြစ်နေတော့မှာပါပဲရှင့် 🤩
ကဲ ကဲ Instock လေးတွေရှိတုန်း အမြန်လေးလာမှာထားလိုက်ပါဦးနော်..မင်မင်တို့ chat box မှာ စောင့်နေပါမယ်နော်🥰
✅အိမ်ရောက်ငွေချေ Delivery နဲ့ ပို့ဆောင်ပေးပါတယ်ရှင့်…
အားပေးမှုတိုင်းကို ကျေးဇူးတင်လျက်
Dr. So Herbal Care
17/04/2025
မြန်မာနှစ်သစ်မှာ အစစအရာရာအဆင်ပြေချောမွေ့ပြီး လိုအင်ဆန္ဒတွေပြည့်ဝကြပါစေကြောင်း မင်မင်တို့ Dr. So Herbal Care မှဆုတောင်းပေးပါတယ်ရှင်🙏🏻
နှစ်သစ်ကူးpromotionတွေနဲ့အတူ မနက်ဖြန်ပြန်ဖွင့်ပါမယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်နော်🎉
ငလျင်ဒဏ်ဆိုးဆိုးရွားရွားခံရတဲ့နေရာတွေက သတင်းတွေကိုကြည့်ပြီး မင်မင်တို့တော်တော်ကိုစိတ်မကောင်းဘူး..ပျက်စီးဆုံးရှုံးမှုတွေများလိုက်ကြတာ..ကိုယ်တွေလို ငလျင်အရမ်းမခံစားရတဲ့နေရာကသူတွေတောင် ကြောက်တာ၊ ထိတ်လန့်တာ၊ မူးတာတွေခံစားရတာ တကယ့်နေရာကသူတွေဆို ဘယ်လောက်ထိတောင် စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာမှာ ထိခိုက်ခံစားနေရမလဲတွေးမိပါတယ်..
မင်မင်တို့ ကာစတန်မာတွေက မန္တလေး၊ စစ်ကိုင်းမှာလည်း အများကြီးရှိတာဆိုတော့ ကာကာတို့ရောအဆင်ပြေရဲ့လား တွေးပူမိပါတယ်ရှင်😔
ဒီအချိန်မှာသတင်းတွေဖတ်ပြီး စိတ်မကောင်းဖြစ်ရတဲ့သူတွေလည်း ကိုယ်တတ်နိုင်တဲ့ဘက်ကကူညီနိုင်တာရှိရင်ကူညီဖို့ပြင်ဆင်ရင််း၊ တကယ်ထိခိုက်ခံစားရသူတွေအတွက် ဘေးကင်းဖို့အားတင်းထားဖို့ ဆုတောင်းပေးချင်ပါတယ်🙏🏻
Social media မှာသတင်းတွေတောက်လျှောက်လိုက်ဖတ်ရင်း စိုးရိမ်စိတ်တွေများလာ၊ စိတ်ဖိစီးမှုတွေများလာတတ်တာမို့ ကိုယ့်ကိုကိုယ်လည်း ခဏအနားပေးဖို့မမေ့ကြပါနဲ့ဦးနော်..
-တစ်ချိန်လုံးသတင်းတွေနားထောင်၊ social media ပေါ်ကြည့်မိနေတယ်ဆိုရင် ခဏနားလိုက်ပါဦးနော်။တတ်နိုင်တဲ့ဘက်ကကူညီပေးနိုင်ဖို့က ကိုယ့်မှာလည်းခွန်အားရှိနေဖို့လိုပါတယ်။
-ရာသီဥတုကလည်းပူ၊ ငလျင်အရှိန်နဲ့မူးကျန်ခဲ့က့ရင် ရေများများသောက်တာ၊ အချိုရည်၊ ဓာတ်ဆားရည်သောက်တာ၊ ငြိမ်ငြိမ်လေးနေပြီး အနားယူတာ၊ အိပ်တာ၊ အစားအသောက်သေချာပြန်စားတာမျိုးလုပ်ပါနော်။
-စိုးရိမ်စိတ်၊ စိတ်ဖိစီးမှုတွေအရမ်းများလာတဲ့အခါ အသက်ရှုမဝတာ၊ ရင်တုန်တာ၊ ထုံတာမျိုးဖြစ်လာရင် စိတ်ကိုလျှော့ပြီး အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ စိတ်ဖိစီးမှုလျော့စေမယ့်အရာတွေလုပ်တာမျိုးလုပ်ပါ။
-မိသားစုနဲ့စကားပြော၊ ရင်ဖွင့်ပြီး ကိုယ့်စိတ်မှာပူပန်တာတွေကိုပြောပြလိုက်ပါ။ နောက် ငလျင်ထပ်လှုပ်ခတ်ခဲ့တာမျိုးရှိလာရင် ဘယ်လိုအကာအကွယ်ယူမလဲ? ဘာတွေပြင်ဆင်ထားနိုင်မလဲ? ဆိုတာတွေလည်း မှတ်ထားပါဦးနော်။
ကာကာတို့အားလုံးခက်ခဲတဲ့အချိန်တွေအမြန်ကုန်ဆုံးပြီးဘေးကင်းလုံခြုံအဆင်ပြေစေဖို့ မင်မင်တို့ Dr. So Herbal Care ကလည်း ဆုတောင်းပေးပါတယ်ရှင် 🙏🏻
26/03/2025
Hello Hello ချစ်ရတဲ့ကာကာတို့ရေ 🎉
မင်မင်တို့ဘာပို့စ်မှမတင်ပဲနဲ့ ဝယ်နေကြကာကာတွေကိုပဲ ကပ်တိုးလေးရောင်းနေတာ ဒီတစ်ခါတော်တော်ကြာသွားပါတယ်😁
Instock နည်းနည်းပဲထားဖြစ်တော့ ပို့စ်တင်လိုက်ရင် လာမေးတဲ့အချိန်ကုန်နေမှာစိုးလို့ မတင်ဖြစ်လိုက်၊ တင်မယ်လုပ်တိုင်းကုန်သွားလိုက်နဲ့ဖြစ်နေလို့ပါ😅
Chat box မှာလာဝယ်တဲ့ကာကာတွေကိုပဲ ရောင်းဖြစ်နေတော့တာ..ကိုယ့်ကာကာတွေက ချော့ပြီးကိုဝယ်ကြတာနော်..ဒါကြောင့် အားနာကျေးဇူးတင်တဲ့အနေနဲ့ အခုတော့ ပိုစ့်တွေပြန်တင်ပါတော့မယ်နော်။
Hair Care Products သုံးမျိုးလုံး Instock ရှိနေတာမို့လို့ အားပေးမယ်ဆို အရင်အတိုင်းမပြောင်းလဲတဲ့စျေးနဲ့ဝယ်ယူနိုင်ပါတယ်လို့ သတင်းကောင်းလေးပါးလိုက်ပါပြီရှင့်🥰
အမြဲဝယ်ယူအားပေးကြတဲ့ကာကာတိုင်းကို ကျေးဇူးအထူးတင်လျက်ပါနော်😍
14/12/2024
မင်္ဂလာပါရှင် …
မင်မင်တို့ ဝမ်းသာဝမ်းနည်းနဲ့ အသိပေးစရာလေးရှိပါတယ်နော်🥺
ကာကာတို့ရဲ့ အားပေးကြမ်းမှုကြောင့် မင်မင်တို့ရဲ့ Hair Care Set လေးက ဒီနှစ်အတွက် Stock ကုန်သွားခဲ့ပါပြီရှင်😇
ဘာပို့စ်မှမတင်ပဲ ဥပြီးရောင်းတာတောင် ရှယ်လာဝယ်ကြတဲ့ ကာကာတို့ကို ကျေးဇူးအများကြီးတင်ပါတယ်နော်😍
ကုန်ကြမ်းပစ္စည်းအခက်အခဲကြောင့် ဒီကြားထဲ Instock မရောက်နိုင်သေးပဲ Preorder တွေဖြစ်သွားမှာမို့ စိတ်မဆိုးကြပါနဲ့လို့ တောင်းပန်ပါရစေရှင် 🥺
10 ဘူးစီကျန်သေးတဲ့အချိန် ပို့စ်တင်ပေးမလို့ပေမယ့် ရောင်းထွက်သွားတာမို့ မတင်ဖြစ်လိုက်ပဲ stock out မှတင်ရတာ တကယ်အားနာရပါတယ်..
Instock ပြန်ဖြစ်တာနဲ့ အပြေးလာအကြောင်းကြားပေးမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်🎉🎉
စျေးတက်ဖို့လည်း မရှိသေးတာမို့ စိတ်ချပါလို့နော်😁
အားပေးမှုတိုင်းကို ကျေးဇူးတင်လျက်..
Dr. So Herbal Care
ဆံပင်ကျွတ်ရတဲ့အကြောင်းရင်းတွေသိရအောင် Share ပေးလိုက်ပါတယ်နော် 🤩
13/11/2024
Hello Hello ချစ်ကာကာတို့ရေ 🎉
မင်မင်တို့ ခရီးသွားစရာလေးရှိလို့ (၃) ရက်ပိတ်ပါရစေနော် 💝
November ၁၄၊ ၁၅၊ ၁၆ သုံးရက်ပိတ်မှာမို့လို့ ဒီပိတ်ရက်အတွင်း reply ပြန်တာ၊ Deli အပ်တာလေး နားပါမယ်ရှင့်။
ပြန်ဖွင့်တာနဲ့ စာပြန်ပေးမှာမို့လို့ reply မလုပ်ရင် စိတ်မဆိုးကြပါနဲ့နော်🥰
အားပေးမှုတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်နော်။
ကာကာတို့လည်း ပျော်စရာပိတ်ရက်လေး ဖြစ်ကြပါစေရှင့် 😍
08/11/2024
Instock ပြန်ရပါပြီ ချစ်ကာကာတို့ရေ 💯🎉
သုံးဖူးသူတိုင်းကြိုက်ကြတဲ့
▪️ဆံပင်ကျွတ်သက်သာ ဆံပင်ပြန်ပေါက်စေတဲ့ Dr. So Hair Growth Serum နဲ့ Dr. So Hair Growth Mist ရယ်
▪️ဆံသားဖွာ/ခြောက်/ကြမ်းတာသက်သာပြီး ဆံသားနူးညံ့လှပအစိုဓာတ်ရစေမယ့် Dr. So Hair Nourishing Oil ရယ် ကိုစောင့်စရာမလိုပဲ ဝယ်ယူနိုင်ပါပြီရှင့်🎉🤩
‼️သုံးမျိုးလုံးပါတဲ့ Set လိုက်ဆို ၁၅၀၀ လျှော့ပေးတဲ့ အစီအစဉ်လည်း ခုထိရှိပါသေးတယ်နော်💯
#၁၀ဘူးနဲ့အထက် ဆိုလက်ကားစျေးရှိပါမယ်ရှင့်💕
စျေးဆစ်ခြင်း/ အမြန်ပို့ခိုင်းခြင်းလေးသည်းခံပေးပါနော်🥺
ကြိုမှာထားတဲ့Preorder ကာကာတို့ဆီလည်း ပို့ပေးနေပါပြီနော်🥰
အမြဲအားပေးကြမ်းကြတဲ့ ကာကာတွေကို အမြဲကျေးဇူးတင်နေပါတယ်ရှင်💯💕
Dr. So Herbal Care
22/10/2024
❗️ဆံပင်အရမ်းကျွတ်တဲ့သူတွေ
❗️ဆံသားကျဲတဲ့သူတွေ
❗️ဆံပင်ခွဲကြောင်းကျယ်တဲ့သူတွေ
❗️Baby hair ထွက်ချင်တဲ့သူတွေ
❗️ဆံသားပျက်စီးနေတဲ့သူတွေ
❗️ထိပ်ပြောင်တာကိုကာကွယ်ချင်တဲ့သူတိုင်းနဲ့
❗️ဆံသားကောင်းချင်တဲ့သူတိုင်း
#သုံးကိုသုံးသင့်တာ ဘာများဖြစ်မလဲဆိုရင် ❓
ဆံပင်ကျွတ်/ဆံပင်ပေါက်ဖို့အတွက်ဆို နာမည်ကြီးတဲ့ Ingredients တွေက ဘာတွေပါလိမ့်🤔
ရို့စ်မေရီ ၊ ခေါင်ရမ်းပန်း၊ စပျစ်စေ့ဆီ၊ ထောပတ်သီးဆီတွေတဲ့နော်..
ဒါတွေပါတဲ့ Hair Care Products တွေကို ဘယ်မှာရှာရမလဲဆို ဟောဒီ Dr. So Herbal Care မှာ Instock ရှိပါတယ်တဲ့ရှင်🤩🤩
✅ရို့စ်မေရီနဲ့ ခေါင်ရမ်းပန်းပေါင်းစပ်ပါဝင်တဲ့ Dr. So Hair Growth Mist (ဆံပင်ပေါက်ဖြန်းဆေး)
✅ရို့စ်မေရီနဲ့ စပျစ်စေ့ဆီအဓိကပါဝင်တဲ့ Dr. So Hair Growth Serum (ဆံပင်ပေါက်လိမ်းဆေးဆီ)
✅ထောပတ်သီးဆီနဲ့အဓိကထုတ်လုပ်ထားတဲ့ Dr. So Hair Nourishing Oil (ထောပတ်သီးဆံသားနှပ်ဆီ)
ဆိုပြီး Hair Care Products လေးတွေရှိတာမို့လို့ ကိုယ့်မှာ ဆံပင်ကို ပုံမှန်ဂရုစိုက်ဖို့ Hair Care ပစ္စည်းရှိမနေဘူးဆိုရင် Dr. So ကို သတိရလိုက်ပါနော် 🤩
သုံးမျိုး Set လိုက်ဆို 1500 လျှော့ပေးတဲ့ Set လို
က်စျေးလေးနဲ့ ရတာမို့ တစ်တွဲလုံးဝယ်ရင် ပိုတန်နော်😍
တစ်ပုံချင်းစီအောက်မှာ Product အကြောင်းပြည့်ပြည့်စုံစုံလေးလည်း ထပ်ဖတ်နိုင်ပါတယ်ရှင့်🥰
Review ကောင်းတွေလည်းအများကြီးရှိတာမို့လို့ အကုန်မြန်တာကတော့ ထုံးစံဖြစ်နေပြီမို့ လက်မနှေးဖို့တော့လိုတယ်နော်။
🎊ပြန်ရောင်းချင်တဲ့သူ/ ကိုယ့်ရဲ့ဆိုင်မှာတင်ချင်တဲ့သူ/ ဆံပင်ဆိုင်ဖွင့်ထားတဲ့သူတွေအတွက်လည်း ၁၀ ဘူးကစပြီး လက်ကားဈေးသက်သက်ရှိပါတယ် 💴
မှာယူချင်တယ်ဆိုရင် Messenger ကနေ အမည်၊ ဖုန်း၊ လိပ်စာ ပေးပို့ပြီးမှာယူနိုင်ပါတယ်။ Delivery service အပ်ပေးတာမို့ မြို့နယ်အလိုက်ပို့ခလေးတွေတော့ပေးရပါမယ်နော် 🚗
ဝယ်ယူအားပေးမှုတိုင်းကို အမြဲကျေးဇူးတင်လျက်
Dr. So Herbal Care💕
#ဆံပင်ပေါက်ဖြန်းဆေး
21/10/2024
မင်မင်တို့ရဲ့ ကာကာတွေက အရမ်းစိတ်ထားကောင်းကြတာပါဆို😍
ကိုယ်ပဲလှတာမဟုတ်၊ သူများတွေကိုပါလှစေချင်တဲ့အကြည်ဓာတ်လေးတွေနော်💕
မြန်မြန်ကိုလှစေချင်တာ ကြည့်😍
"ဆံပင်ကျွတ်ပါးနေတာမြင်ရင် မနေတတ်ဘူး ပြောပြလိုက်တယ်"
"အရမ်းကောင်းတယ်၊ ဆံပင်ကျွတ်သက်သာတယ်" လို့တဲ့🤩
ဒီလို honest review လေးဖတ်ရတော့ ဘယ်လိုပြောရမလဲ..မင်မင်အရမ်းပျော်ပေါ့နော်🤩
ကဲ ..ဒီတော့ ဆံပင်ကျွတ်လို့၊ ပါးလို့၊ ခြောက်လို့ စိတ်ညစ်နေရင် Review ကောင်းတွေရထားတဲ့ Dr. So Hair Care Products လေးတွေသာ သုံးကြည့်ပါလို့..စိတ်ချမ်းသာစေရပါမယ်လို့နော်🥰
မှာချင်တယ်ဆို chat box သာ အပြေးလှမ်းခဲ့ပါရှင့်.မင်မင်တို့စောင့်နေမယ်နော်💕
01/10/2024
Pay Day လေးမှာ ပြေးဝယ်ဖို့ 😱
🎉Set လိုက်ဆို ထောင့်ငါးရာသက်သာ🎉
ကာကာအသစ်တွေက Set လိုက်ဆို လျှော့စျေးရှိတယ်ဆိုတာလေး မသိကြလို့ ပြန်သတိပေးပါရစေနော်🤩
Dr. So Herbal Care ရဲ့
ဆံပင်ကျွတ်သက်သာ၊ ဆံပင်ပြန်ပေါက်စေတဲ့
▪️Dr. So Hair Growth Serum
▪️Dr. So Hair Growth Mist နဲ့
ဆံသား ဖွာ/ ခြောက်/ ကြမ်းကို သက်သာပြီး ဆံသားစိုပြေတောက်ပစေတဲ့
▪️Dr. So Hair Nourishing Oil သုံးမျိုးလုံးယူရင် Set လိုက်စျေးလေးနဲ့ ရောင်းပေးပါတယ်နော်🥰
ဆံပင်၊ ဆံသားအတွက် Hair Care လုပ်ဖို့ အကောင်းဆုံး၊ အပြည့်စုံဆုံး Set တစ်ခုတော့ ဆောင်ကိုဆောင်ထားသင့်တာမို့ Pay Day မှာ အပြေးလာမှာထားတော့ရှင့်😍
သုံးနည်း လွယ်လွယ်လေးတွေပါ တစ်ခါတည်းပြောပြထားပါတယ်နော်💕
Hair Care Products လေးတွေအကြောင်းအသေးစိတ်သိချင်တာ၊ Reviews တွေဖတ်ချင်တာဆို Page မှာ ဝင်ဖတ်ကြည့်နိုင်ပါတယ်နော်။ ဘာသုံးရမလဲ စဉ်းစားမရရင် မင်မင်ကူစဉ်းစားပေးဦးမှာပါရှင့် 😍
ကဲ… မှာမယ်ဆို ဖုန်းနံပါတ်နဲ့ လိပ်စာလေးပေးပြီး မှာယူရုံမို့ Chat box မှာ မင်မင်တို့ရှိနေပါမယ်နော်။
အားပေးမှုတိုင်းကို ကျေးဇူးတင်လျက်
Dr. So Herbal Care
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 08:00 - 22:00 |
| Tuesday | 08:00 - 22:00 |
| Wednesday | 08:00 - 22:00 |
| Thursday | 08:00 - 22:00 |
| Friday | 08:00 - 22:00 |
| Saturday | 08:00 - 22:00 |