Kyarnyo Thin Fan
ဤ Page သည် ကြာညိုသင်း_Fan Page သာလျှင်ဖြစ်ပါသည်။
12/06/2023
နိုင်ငံပိုင်ရုပ်သံသတင်းနဲ့ ငါ့ကောင်ကြီး တောထဲထွက်သွားပြီ တွေကို ဖတ်မိတုန်းက မျက်ရည်ဝဲရတာပဲ
သူငယ်ချင်းတွေ ဖတ်ပြတဲ့အခါတိုင်းလည်း ငိုရတာပဲ
အဲဒီ့ကဗျာတွေကိုရေးတဲ့ အစ်ကို Plug X ရဲ့ ကဗျာစာအုပ်ပေါ့
ဒီ မေမေဖတ်ဖို့ ကဗျာမှာလည်း ရွတ်ရင်း ရွတ်ရင်း ဝမ်းနည်းမှုတွေ ပြည့်လာမိတယ်
"မြို့ထဲကို စစ်ကားတွေ ဝင်လာပြီးကတည်းက"
PlugX
Order Now!!!
တန်ဖိုး Baht 250၊ SGD 20
" မြို့ထဲကိုစစ်ကားတွေ၀င်လာပြီးကတည်းက"လို့ အမည်ပေးထားတဲ့ ကဗျာစာအုပ်ကို တန်ဖိုးငွေ ထိုင်း Baht (250) နဲ့ ထိုင်းနိုင်ငံအတွင်းမှာ , စင်ကာပူဒေါ်လာ ၂၀နဲ့ စင်ကာပူနိုင်ငံမှာစတင်ဝယ်ယူရရှိနိုင်ပါပြီတဲ့
သိပ်မကြာခင်မှာပဲ အခြားနိုင်ငံတွေမှာ ရောင်းချပေးနိုင်ဖို့လည်းစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်တဲ့
(လုံခြုံရေးအခြေအနေအရ လက်ရှိကာလမှာပြည်တွင်းကိုဖြန့်ပေးနိုင်မှာမဟုတ်သေးပါဘူး)
#ကြာညိုသင်း
24/05/2023
သည်းခံတယ်ဆိုတာ
~~~~~~~~~~~~~~~~~
အတိုင်းအတာ တစ်ခုအထိပဲသည်းခံဆိုတာ
အတိုင်းအတာထက်လွန်ကဲလာရင်
ဒေါသထွက်ပြီး မခံနိုင်တဲ့စိတ်တွေနဲ့
ပေါက်ကွဲပစ်လိုက်ဖို့ ပြောတာမဟုတ်ဘူး
ဥပေက္ခာပြုလိုက်ဖို့ကိုပြောတာ။
သူများနဲ့ ရန်ပြန်ခံဖြစ်တယ်ဆိုတာ
ကိုယ့်ရဲ့စိတ်ကို သူနဲ့တန်းတူအောင်
အောက်ချလိုက်ချင်းပဲဖြစ်တယ်။
ကိုယ်ရဲ့ စိတ်ကို တစ်စုံတစ်ယောက်က
ဝမ်းနည်းအောင်လည်း လုပ်လို့ရတယ်
ဝမ်းသာအောင်လည်းလုပ်လို့ရတယ်
စိတ်ဒုက္ခရောက်အောင်လည်း
လုပ်လို့ရတယ်ဆိုရင်
ကိုယ်ကသူများစိတ်နဲ့
အသက်ရှင်နေတာဖြစ်သွားပြီ။
ကိုယ့်ကိုတစ်စုံတစ်ယောက်က
လာကဲ့ရဲ့တယ်ဆိုရင်
ကိုယ်က ဘယ်လိုလူမျိုးလည်းဆိုတာ
သူဘယ်လိုထင်ထင်
သူကဘယ်လိုလူမျိုးလည်းဆိုတာက
ပေါ်လွင်နေပြီ။
ကိုယ့်ကို အပြစ်ပြောနေတဲ့သူတွေက
အရမ်းကျေးဇူးတင်ဖို့ကောင်းတယ်
သူတို့ပြောလိုက်မှ ကိုယ်မှားနေတယ်ထင်တဲ့
အရာတွေကို ပြန်ပြီးပြုပြင်လို့ရတာပေါ့။
သူ့ရဲ့အမှားတွေကို အပြစ်မပြောခင်
ကိုယ့်မှာ အဲ့အမှားမျိုးရှိနေမလားဆိုတာ
အရင်ပြန်ပြီး စဉ်းစားပါ
သူများအမှားတွေကို လိုက်ပြီးမပြောခင်
ကိုယ့်မှာ အမှားမရှိအောင် အရင်လုပ်ပါ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည့်မှုရှိရှိနဲ့နေတဲ့သူဟာ
ကိုယ့်အလုပ်ကို
အမြဲတမ်းအကောင်းဆုံးဖြစ်အောင်လုပ်တယ်
ကိုယ့်ရဲ့လုပ်ဆောင်ချက်အပေါ်မှာလည်း
အမြဲတမ်းစိတ်ကျေနပ်မှုရှိတယ်။
ကိုယ့်စိတ်ကိုအမြဲတမ်းပျော်အောင်ထားတယ်
စိတ်ကို ရှင်းရှင်းလင်းလင်းပဲထားတယ်
သူတပါး ကဲ့ရဲ့တာတွေ
ချီးမွမ်းတာတွေအပေါ်မှာ
အချိန်ကုန်မနေဘူး။
ခွင့်လွတ်တတ်တဲ့စိတ်ဆိုတာ
လောကမှာ အရဲရင့်ဆုံး သတ္တိအရှိဆုံးပဲ။
သူတပါးကို အနိုင်လိုချင်တဲ့စိတ်ဆိုတာ
ကလေးလေးတစ်ယောက်ရဲ့ စိတ်ပဲ
သူတပါးရဲ့အပြစ်တွေကို ပြောတတ်တဲ့သူဟာ
ရင့်ကျက်မှု မရှိသေးတဲ့သူပဲ။
ကိုယ့်ကို ဘယ်လိုလူစားလည်းလို့
လာပြီးသတ်မှတ်တတ်တဲ့သူတွေဟာ
သူတို့ကိုယ္သူတို့ အဲ့လိုလူစားဆိုတာကို
ပြောပြလိုက်တာပါပဲ။
ကိုယ့်ကို တိုက်ခိုက်လာတဲ့သူတွေကို
ပြန်ပြီးတော့ မတုန့်ပြန်တာ
ကြောက်တာလည်း မဟုတ်သလို
အရမ်းကြီးရင့်ကျက်သွားတာလည်းမဟုတ်ဘူး
တိတ်ဆိတ်ခြင်းရဲ့ အေးချမ်းမှုကို သိထားလို့။
Credit....
24/05/2023
ကိုယ်အပေါ်မကောင်းတဲ့လူတွေလည်း
ခွင့်လွှတ်တတ်လာတယ်
နာကျင်စရာ ဒဏ်ရာတွေများလာတဲ့အခါ
ကိုယ့်ကိုယ်ကို ဖြေသိပ့်တတ်လာတယ်။
ကိုယ့်အပေါ်မကောင်းခဲ့လို့လည်း
စိတ်ထဲမထားတော့သလို
အရာအရာအားလုံးကို သည်းခံပြီး
ဥပေက္ခာပြုတတ်လာတယ်။
ကိုယ်နဲ့မတိုက်ဆိုင်တဲ့ လူတချို့ကိုလည်း
ဝင်လာပါလို့လည်းမခေါ်တော့ဘူး
ကိုယ့်ဘဝအတွက်တိုက်ဆိုင်ရင်
သူတို့ဝင်လာလိမ့်မယ်။
နာကျင်စရာတွေများလာတဲ့အခါ မိမိကိုယ်ကိုယ် ဖြေသိပ့်တတ်လာတယ်။
ကိုယ့်နားမှာအဖော်မရှိတဲ့အခါ မွေးကတည်းက
တစ်ယောက်ထည်းဆိုပြီး မိမိကိုယ်ကို
အဖော်ပြုတတ်လာတယ်။
ကိုယ်အဆင်မပြေဖြစ်တဲ့အခါ
ဘဝဆိုတာဖြောင့်ဖြူးတယ်မရှိဘူး
အရာအားလုံးက ခဏလေးပါဆိုပြီး မိမိကိုယ်ကိုယ်
အဆင်ပြေအောင်နေတတ်လာတယ်။
လူတိုင်းကိုယ့်အပေါ်မကောင်းနိူင်ဘူး ဒါကြောင့်မို့
မကောင်းတဲ့လူတွေကို သည်းခံခွင့်လွှတ်ပြီး
ကောင်းတဲ့လူတွေကို
တန်ဖိုးထားတတ်လာတယ်။
14.9.2022
Crd MyoPyaeAung
ကြာညိုသင်း
ချစ်ရင် အသည်းပေးခဲ့
19/05/2023
ငြိမ်သက်လာတာဟာ ရင့်ကျက်လာခြင်းတမျိုးလား
ဆယ်ကျော်သက်ဘဝတုန်းက ရင့်ကျက်တယ်ဆိုတာ ဘာလဲဆိုတာကို သိပ်သိချင်ခဲ့တာ ၊ ကိုယ့်ဘေးနားက လူတွေကို မေးကြည့်တဲ့ အခါမှာလည်း သူတို့ပြောတဲ့ ရင့်ကျက်ခြင်းက တစ်ယောက်တစ်မျိုးပဲ ဘယ်သူမှတိကျသေချာတဲ့ အဖြေကိုမပေးနိုင်ကြဘူး ။
ဒီနှစ်တွေနောက်ပိုင်း ကိုယ်တိုင်ကတစ်ဆင့် တဖြေးဖြေးသိလာရတဲ့ ရင့်ကျက်ခြင်းဆိုတာကတော့ တိတ်ဆိတ်လာခြင်း၊ငြိမ်သက်လာခြင်း၊အဖြစ်အပျက်တွေအပေါ်နားလည်လာခြင်းပဲ ။
ပြောင်းလဲသွားတဲ့ လူတွေအတွက်အပေါ်လည်း မခံစားနေတော့ဘူး အရာအားလုံးဟာ ပြောင်းလဲမှာပဲဆိုတာ နားလည်သိရှိခြင်းဖြစ်တယ်။
ရုတ်ချည်းပြောင်းလဲသွားတဲ့ ဘဝအပြောင်းအလဲတွေအပေါ်လည်း ခံနိုင်ရည်ရှိပြီး တည်ငြိမ်လာခြင်းမျိုးပေါ့ ။ ဘဝထဲက ရှင်ကွဲ၊သေကွဲစတဲ့ ခွဲခွါခြင်းတွေအပေါ်လည်း ငယ်စဉ်ကလောက် ဝမ်းနည်းပက်လက်မဖြစ်မိတော့ဘူး ဝမ်းနည်းရရင်တောင်ဒါဟာ ဓမ္မာတာပဲ လောကရဲ့ဖြစ်စဉ်တစ်ခုပဲ ဆိုတာကို နားလည်သဘောပေါက်လာပြီ။
အောင်မြင်ခြင်း၊ရှုံးနိမ့်ခြင်းတွေအပေါ်မှာလည်း ခံနိုင်ရည်ရှိရမယ်။ ဘဝဆိုတာ အောင်မြင်လိုက် ရှုံးနိမ့်လိုက်နဲ့ လောကဓံတွေနဲ့လည်ပတ်နေတဲ့အခြေအနေပဲဆိုတာ နားလည်လာတဲ့အခါ လောကဓံကိုလည်ရ ခံနိုင်ရည်ရှိလာတယ်။
ရင့်ကျက်ခြင်းဆိုတာ တည်ငြိမ်လာခြင်း၊ငြိမ်သက်လာခြင်းပဲ ။ ပြောင်းလဲခြင်းတွေ၊အောင်မြင်ခြင်း၊ရှုံးနိမ့်ခြင်းတွေ ၊ တွေ့ဆုံခြင်း၊ကွေကွင်းခြင်းတွေအပေါ်မှာ လိုတာထက်ပိုပြီး မတုန်လှုပ်တော့ဘဲ ငြိမ်သက်သွားတာ ၊ခံနိုင်ရည်ရှိသွားတာဟာ ရင့်ကျက်ခြင်းလို့ ကျွန်တော်ကတော့ အဓိပ်ပါယျဖှငျ့ခငြျပါတယျ။
19/05/2023
ချစ်ဖူးတဲ့ လူဆိုတာ...
သဲသဲမဲမဲရွာချပြီး ပြန်တိတ်သွားတဲ့ မိုးလိုပဲ...
အမှတ်တရတွေသာ ကျန်ခဲ့ပြီး
ဘယ်အရာကိုမှ ပြန်ဖမ်းဆုတ်မရတော့တဲ့အခြေအနေ..
19/05/2023
ခွင့်လွှတ်ခြင်းနှင့် စွန့်လွှတ်ခြင်းဟာ အမြဲတမ်း လမ်းဆုံကျပါတယ်
ခွင့်လွှတ်ခြင်းဟာ တတ်နိုင်သောအရာတစ်ခုဖြစ်ပြီး
မတတ်နိုင်သောကိစ္စတစ်ခုကို ခံစားရတဲ့အခါတော့ စွန့်လွှတ်လိုက်ပါ။
သိပ်ကိုနာကျင်ပြီးမွန်းကျပ်လွန်းပြီး ချီတုံချတုန်ဖြစ်လွန်းကာ ဘာလုပ်ရမယ်မှန်းမသိတဲ့အခိုက်အတန့်တွေ လူတိုင်းမှာ ရှိခဲ့ဖူးကြမှာပါ။ချစ်ရတဲ့လူတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊တစ်ဖက်လူကမိမိအပေါ်အမှားကျူးလွန်လို့ပဲ ဖြစ်ဖြစ်ပေါ့။
ခံပြင်းတာက တစ်ဖက်၊ လုပ်ရက်လိုက်တာလို့တွေးမိတာက တစ်ဖက်နဲ့ ထိုအခြေအနေတွေဟာ အတော်ကို ဘေးကျပ်နံကျပ် ခံစားရမှာအမှန်ပါပဲ ။
ထိုအခါမျိုးမှာ ခွင့်လွှတ်နိုင်တဲ့အခါ ခွင့်လွှတ်လိုက်ပါ ။ ခွင့်မလွှတ်နိုင်တဲ့အခါ စွန့်လွှတ်ပါ ။မစွန့်လွှတ်နိုင်ဘူးဆိုရင် သေချာပေါက် ခွင့်လွှတ်ရတော့မယ်ဆိုတာကို သိထားပါ။ အဲ့လိုမဟုတ်ဘဲ ခွင့်မလွှတ်နိုင်ပေမယ့် မစွန့်လွှတ်နိုင်လို့ အတူတူဆက်ပြီးရှိနေကြမယ်ဆိုရင် နှစ်ဖက် အသွားပါတဲ့ ဓါးတစ်ချောင်းလို သူရော ကိုယ်ပါ ထိခိုက်နာကျင်စရာတွေပဲ ကြုံလာနိုင်ပါတယ်။
ခွင့်လွှတ်တဲ့အခါ နားလည်ပြီးပေးပြီး ခွင့်လွှတ်ရတာမျိုးပါ။ဒီကိစ္စနဲ့ပတ်သက်ပြီး ငါခွင့်လွှတ်ပြီးပြီမို့ ထပ်ပြီးမပြောပါနဲ့တော့ ၊ပထမတစ်ခါမို့ ခွင့်လွှတ်လိုက်နိုင်တာမျိုးလည်းရှိနိုင်ပါတယ် သို့ပေမယ့် သူ့အမှားကိုခွင့်လွှတ်နေရကြောင်းထပ်ခါထပ်ခါ ပြောနေခြင်းကတော့ ဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်စေမှာပါ။
ခွင့်လွှတ်တဲ့အခါလည်းနားလည်ပေးနိုင်လို့ဖြစ်ပြီး
စွန့်လွှတ်လိုက်တယ်ဆိုရင်လည်း ခွင့်မလွှတ်နိုင်လို့၊ဒါမှမဟုတ် လုံလောက်စွာ ခွင့်လွှတ်ပြီးလို့ ပါ
#ဒီနေ့အတွက်ရှင်သန်ခြင်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon