Gemini Korner
Welcome to my perspective
12/11/2025
ဒီရက်ပိုင်း ရာသီဥတုကလဲ မိုးရော ဆောင်းရော အရှိန်နဲ့ အေးမြမြလေးမို့ ရာသီစာ hotpot လေး သွားစားဖြစ်တယ်
ဒီ တစ်ခါ သွားစားဖြစ်တဲ့ ဆိုင်အသစ်က ပါရမီလမ်းပေါ်က Chengdu hotpot ပါပဲ
Premium hotpot ဆိုင်ဖြစ်ပြီး ချန်ဒူအရသာ စစ်စစ် ပူစပ်လေးကို ခံစားချင်ရင်တော့ ဒီဆိုင်လေးကို try ကြည့်ပါ
အဓိက မင်မင်အကြိုက်ဆုံးကတော့ ဒီဆိုင်က အသားလွှာတွေက တကယ် လတ်ဆတ်ပြီး နူးညံ့နေတာပဲ… အသားလွှာတွေက ရှယ် cut တွေ ဖြစ်ပြီး hotpot အရည်ထဲ နှစ်လိုက်ရင် လတ်ဆတ်လွန်းတာကြောင့် နဂို သဘာဝ အသားအချိုအရသာ အပြင် စပ်ထုံအရသာပါ စိမ့်ဝင်သွားပြီး တကယ်ကို စားပြီးရင် စားချင်ဖြစ်စေတဲ့ ခံစားချက်ကို ပေးပါတယ်
Hotpot ထဲ ထည့်စရာ အမယ်တွေ အနေနဲ့ ready made မဟုတ်ဘဲ freshly homemade item အတော်စုံတဲ့ ဆိုင်တစ်ဆိုင်လဲ ဖြစ်ပါတယ်
စျေးကတော့ အရမ်းကြီး မသက်သာပေမယ့် portion ကြီးပြီး quality အရတော့ ပေးရတဲ့ စျေးနဲ့ တန်တယ်ထင်ပါတယ်
❄️ ဒီ ဆောင်းရာသီလေးအတွင်း မြည်းစမ်းကြည့်သင့်တဲ့ ဆိုင်တွေထဲက တစ်ခုပါနော်
📍https://maps.app.goo.gl/bQSz25gu4dF42zpK9?g_st=ipc
03/08/2025
ဒီတစ်ခါတော့ သွားစားဖြစ်တဲ့ အထဲက ကြိုက်မိတဲ့ ရန်ကင်းက အသားကင်ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ကိုရီးယား အရသာ ကောင်းကောင်းကို စျေးတန်တန်လေးနဲ့ ဆိုင်လှလှလေးမှာစားချင်သူတွေအတွက် ဆိုတဲ့ ဒီဆိုင်လေးကို ညွှန်းပေးချင်ပါတယ်
သူက ကိုရီးယား စတိုင်အတိုင်း ကိုယ်တိုင်ကင်စာရတဲ့ bbq ဆိုင် ဖြစ်ပါတယ်
🤤 သူ့ရဲ့ ထူးခြားချက်က မီးသွေးအစစ်နဲ့ အသားကို slow cook ကင်တာမို့ နူးအိပြီး အသားက တကယ့် char grill အနံအရသာလေး မွှေးနေတာပါပဲ (gas နဲ့ကင်တဲ့ဆိုင်တွေထက် မင်မင်ကတော့ ပို သဘောကျမိပါတယ်)
အစားအသောက်အနေနဲ့ set menu လေးတွေ လုပ်ပေးထားတာ အတော်အဆင်ပြေစေပါတယ်။ စျေးနှုန်းသင့်တင့်ပြီး ၂-၃ ယောက်ကောင်းကောင်းစားလောက်ပါတယ် ⭐️⭐️⭐️⭐️
အသားကလဲ လတ်ဆတ်ပြီး good quality cut တွေများပါတယ်
Menu အနေနဲ့ဆို အသားကင် တစ်မျိုးပဲ မဟုတ်ပဲ Spicy Crab 🦀 , Spicy Egg Yolk🍳 လို အခြား အသားကင်ဆိုင်တွေမှာ သိပ်မရတဲ့ အမယ်လေးတွေလဲ ရပါတယ်
မင်မင်စားခဲ့တာတွေတော့ တစ်ပုံချင်းစီမှာ ကြည့်သွားပေးနော်
30/06/2025
မင်မင် ခုတလော သဘောကျနေတဲ့ စမ်းချောင်းလမ်းထဲက ဆန်ပြုတ်ဆိုင်လေး
စျေးလဲတန်ပြီး အရသာလဲ ထူးခြားတဲ့ Congee Bear ဆန်ပြု
ဆန်ပြုတ်အဓိကရောင်းပေမယ့် ဆန်ပြုတ်တင်မဟုတ်ဘဲ တခြား အဆာပြေ အမယ်တွေရယ်၊ ကချင်အရသာ အသုတ်မျိုးစုံရယ်နဲ့ အအေးနဲ့ ပဲနို့တွေလဲရတာမို့ menu တော်တော်စုံပါတယ်
မင်မင်ကတော့ ရှယ်ဝက်သားဆန်ပြုတ် ကို မှာစားဖြစ်ခဲ့တယ်။ ဆန်ပြုတ်တွေမှာ အချိုအရသာ base ဆန်ပြုတ်တွေလဲရှိပေမယ့် အဓိက ရောင်းရတဲ့ ရှယ် ဝက်သား ဆန်ပြုတ် ရှယ်ကြက်သားဆန်ပြုတ်တွေကတော့ အတွေ့များတဲ့ တရုတ်ဆန်ပြုတ် လိုမျိုးထက် ကချင်အရသာအငွေ့အသက်တွေလဲ ပါလို့ အစပ်ဘက်ကို သွားပါတယ်
Premium အဟာရဆန်ပြုတ်ဆိုတဲ့အတိုင်း ဆန်ပြုတ် တစ်ပွဲမှာ အမယ်တွေအနေနဲ့
- ကြက်ဥကြော်
- ဝက်သုံးထပ်သားကြော်
- မြေပဲလှော်
- ကြက်သွန်မွှေးကြော် နဲ့
- ကြက်သားသုပ် အစပ် တွေပါလို့ တော်တော်လေး အရသာရော texture ပါ အစပ်အဟပ်တည့်ပါတယ်
ဆန်ပြုတ်ထဲပါတဲ့ ကြက်သားသုပ် (ကချင် style ) ကို ကြိုက်လွန်းလို့ သတ်သတ်တစ်ပွဲ မှာစားလိုက်တယ်
လက်ဖက်ကြက်ဥကတော့ အစပ်ပြေ အဆာပိတ်ပေါ့
အရသာရော ဆိုင်အပြင်အဆင် ဝန်ဆောင်မှုပါ ⭐️⭐️⭐️⭐️ မို့ စားကြည့်သင့်တဲ့ ဆိုင်တစ်ဆိုင်ပါ
ာ
ဆိုင်လိပ်စက အမှတ် ၁၁၄၊ စမ်းချောင်းလမ်း
01/10/2022
Japan အရသာ အစားအသောက် ကောင်းကောင်းလေးတွေ အပြင် Sake အရက် ပြင်းပြင်းလေးနဲ့ cocktail ကောင်းကောင်းတွေ အတွက် ဒီ ဆိုင်လေးကို ညွှန်းပါတယ်
The SAKE BROS
Menu range အနေနဲ့ japanese variety ထဲက ဆူရှိ, တန်ပူရာကျော်, အသားကင်, ramen, salad နဲ့ curry & rice တွေရပါတယ်... (တာပန်ရာကီနဲ့ omlet rice ပါရရင်တော့ ရှယ်ပဲ)
မင်မင် မှာစားမိတဲ့ dish တွေက ဆာရှိမီ နဲ့ အကင်များပါတယ်... ၂ မျိုးလုံးမှာ အသားတွေက သိသိသာသာ လတ်ဆတ်ပြီး ချိုပါတယ်။ အသားကင်တွေကလဲ အရမ်းခြောက်ပြီး တူးအောင်မကင်ပါဘူး... အနေတော် moist ဖြစ်နေပေမယ့် flame grill ခံစားချက်မျိုးပေးစေတဲ့ အတူးလေးတွေတော့ အပြင်ဘက်ပိုင်းမှာ ပါလာပါတယ်။ ဒီ အကင် technique ကတော့ မင်မင့်အတွက် ⭐⭐⭐⭐ ပါ
ပတ်ဝန်းကျင်ကလဲ bar တွေလို ဆူညံမနေပဲ ငြိမ့်ငြိမ့်ညောင်းညောင်းလေးလဲ ဖြစ်ချင်... တစ်နေ့တာအပြီး ညစာလေးစားရင်း cocktail ကောင်းကောင်းလေးလဲ သောက်ချင်တယ်ဆိုရင် ဒီ ဆိုင်လေးက အဆင်ပြေပါတယ်
08/08/2022
မင်မင်လဲ ဒီ post ကို schedule နဲ့ တင်တာ…. ဒီအချိန် မနိုးဘူး စိတ်ချ 😂
14/07/2022
မိုးအေးအေးလေးမှာ ကော်ဖီလေးသောက်ပြီး သဘာဝရဲ့ အရသာကို ခံစားကြမယ်☕
မိုးရွာနေတဲ့အချိန် မိုးစက်တွေကို ကြည့်ရင်း သောက်ရတဲ့ ကော်ဖီပူပူတခွက်ဟာ အရသာ အရှိဆုံးပဲ...
အတိတ်ကိုပဲ ပြန်တွေးပြီးဆွေးမလား.... အနာဂါတ်အတွက် အိမ်မက်တွေမက်မလား... လက်ရှိအချိန်မှာပဲ နစ်မြောခံစားနေမလား ☕
မင်မင်က ကော်ဖီဆို အရမ်းချိုရင်မကြိုက်ဘူး... အရမ်းခါးရင်လဲ မသောက်နိုင်ပြန်ဘူး... ခုတလော MAXIM.KANU (맥심카누) ကို သောက်ဖြစ်နေတယ်
Packaging လေးလဲ လှပြီး flavour စုံတယ်... မင်မင့် အကြိုက်ဆုံးကတော့ latte နဲ့ shot latte ပဲ...အချိုလေးမှာမှ အခါးသက်သက်လေးနဲ့ ကျန်တဲ့ coffee mix တော်တော်များများနဲ့ မတူတဲ့ အရသာရတယ်
ကဲ... မိုးရွာချိန် feel ဖို့ ကော်ဖီထုပထ ဝယ်ထားဦးနော်
10/07/2022
ဒီတစ်ခုတော့ ဖြေပါ ❤️
09/07/2022
🧋အရမ်းတွေ တန်နေလို့ share ပေးလိုက်ပါတယ်🧋
မင်မင်လဲ ပိတ်ရက်ဆိုတော့ Junction Square သွားရင် မထင်မှတ်ပဲ တွေ့လိုက်တာ...
Gong cha Gong Cha Myanmar မှာ ဒီနေ့ တစ်ရက်ထဲ anniversary promotion အနေနဲ့ 50% တောင် discount ချနေတယ်။
All items naw...all items 😍
မင်မင့်လို bubble tea crazy တွေ အပြေးသာသွားလိုက်တော့ 🧋🧋🧋
08/07/2022
တချို့ အမှတ်တရတွေ memories တွေက ပြန်တွေးလိုက်ရုံနဲ့ မျက်နှာပေါ်မှာ အပြုံးတွေကို ပြန်ယူဆောင်လာပေးနိုင်ပါတယ် 😊
အခက်အခဲတွေ ပင်ပန်းစရာတွေများလှတဲ့ ယနေ့ခေတ်မှာ good memories တွေကို အမှတ်ရနေပြီး bad memories တွေကို မေ့ပစ်တတ်ဖို့ let go လုပ်နိုင်ဖို့ကလဲ အရေးကြီးပါတယ်☘️
မင်မင့်အတွက်တော့ ချစ်တဲ့သူတွေနဲ့ ခရီးသွားရတဲ့ memories တွေက အပျော်ဆုံးနဲ့ favorite memories တွေပါ… လူတစ်ယောက် အကြောင်း ပိုသိချင်ရင် တူတူခရီးသွားကြည့်ပါတဲ့။ ခရီးတူတူ သွားပြီးလို့ ကိုယ့်အတွက် positive vibes & good memories တွေ ပေးတဲ့သူတွေဆို မင်မင် ပိုပြီး ယုံယုံကြည်ကြည် ပေါင်းဖြစ်တယ် ❤️
🚘 ခရီးသွားတုန်းက ကိုယ်ကြုံခဲ့ရတဲ့ အခွီတွေ၊ အလွဲတွေ၊ ချစ်ရသူတွေနဲ့ အမှတ်တရ story တွေ😆၊ ကိုယ်တိုင်ရိုက်ခဲ့တဲ့ travel photo 📷 တွေ ၊ ကိုယ့်ရဲ့ good memories တွေကို တူတူ ပျော်လို့ ရအောင် comment မှာ share ခဲ့ကြပါဦး 💞
06/07/2022
မင်မင် ဝယ်သုံးဖြစ်တဲ့ cosmetic product လေးတစ်ခုကို experience sharing လုပ်ချင်ပါတယ် 🥰
သဘောကျလွန်းလို့ ထပ်တောင်မှာဖြစ်ပါသေးတယ်…
Page လေးကို like & follow ထားပြီး stay tune နော် ❤️
05/07/2022
♊ M Food Court@Terminal M Shopping Mall ♊
ဒီနေ့တော့ မင်မင်နဲ့တူတူ M food court ကို အလည် သွားရအောင် 🍛🍕🍔🍲
Foodcourt က ကျန်တဲ့ shopping mall တွေနဲ့ ယှဥ်ရင် တော်တော်လေး ကျယ်ပြီး ဆိုင်တွေလဲ တော်တော်စုံတယ်... indoor food court ပေမယ့် natural light အများကြီးရပြီး air conditioning လဲ အဆင်ပြေတယ်။ အနံ့တွေလှောင်နေတာမျိုး မရှိဘူး
အဓိက အားသာချက်ကတော့ ဆိုင်တစ်ဆိုင်တည်းက menu တစ်ခုတည်း မဟုတ်ပဲ နာမည်ကြီးဆိုင်တွေက menu တစ်မျိုးစီ mix and match လုပ်ပြီးစားလို့ရတာပဲ
မြန်မာဟင်းလျာတွေ၊ ရခိုင်ဟင်းလျာတွေအပြင် ဥရောပအစားအစာ၊ တရုတ်ဟင်းလျာ၊မာလာရှမ်းကော၊ ရေခဲမုတ့်ဆိုင်တွေ၊ အချိုပွဲရောင်းတဲ့ဆိုင်တွေ ပါပါလို့ တော်တော်လေး စုံတယ်လို့ပြောလို့ရတယ်။
Group Hangout တွေအတွက်ဆို တော်တော် အဆင်ပြေတယ်.. ဘယ်သူဘာစားချင်တယ် ဘယ်ဆိုင်ထိုင်မယ် အရမ်းခေါင်းစားစရာ မလိုတော့ဘူး
မင်မင်ကတော့ ဒီ foodcourt ကို overall အနေနဲ့ 5 ⭐ ပေးပါတယ် M Food Court by Terminal M
တစ်ခုချင်းကိုတော့ ပုံမှာထောက်ပြီး caption ကို ဖတ်ကြည့်နော် 😍
K 2 M Steakhouse
Click here to claim your Sponsored Listing.
Category
Website
Address
Yangon