Saung Hnin Wai
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Saung Hnin Wai, Beauty, cosmetic & personal care, north dagon, Yangon.
19/08/2022
💃💃💃မိန်းကလေးတိုင်းရဲ့ အလှစစ်ကို ပေါ်လွင်စေသူလေးများ💗💗💗
05/07/2022
ချဉ်းကပ်လွယ်သူ ဖြစ်ခြင်း
ကိုယ် ငယ်ငယ်က စာမေးပွဲ အမှတ်နည်းတာ၊ ရန်ဖြစ်လာတာ၊ မိဘခေါ်ခံရတာ စသဖြင့် တခုခု အမှားလုပ်မိတဲ့အခါ အဖေနဲ့ အမေမှာ ဘယ်သူ့ကို အရင်ပြောရဲသလဲ။
ကိုယ့်ရောဂါအကြောင်း ဆရာဝန်ကြီးကို မမေးရဲလို့ ရပ်ကွက်ထဲက အထွေထွေရောဂါကု ဆရာဝန်ကလေးကို ဆေးစစ်ချက်တစ်ထပ်ကြီးနဲ့ အားကိုးတကြီး သွားမေးတာ ဘာကြောင့်လဲ။
ကိုယ်မသိတဲ့ ရုံးဌာနတစ်ခုကို သွားတဲ့အခါ သဘောကောင်းပုံရတဲ့ သူတွေကိုပဲ မေးတာမို့လား။ အဲ့လိုလေး ကိုယ်မသိတာကို တလေးတစား ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ဖြေပေးလိုက်ရင် ဘယ်လိုခံစားခဲ့ရလဲ ပြန်စဉ်းစားကြည့်။
ဒါဆို Approachable ဖြစ်ခြင်းကို သေချာသဘောပေါက်သွားလိမ့်မယ်။
ကိုယ်နဲ့ တွဲဖက်အလုပ်လုပ်သူတွေရဲ့ စိတ်ထဲမှာ ဒီလူက တော်တယ်၊ ဒီလူက အချိန်တိကျတယ်၊ ဒီလူက ပရိုဆန်တယ် စသဖြင့် ပုံရိပ်တွေ ရှိကြပါတယ်။ အဲဒီထဲမှာ ကျွန်တော် သဘောအကျမိဆုံး၊ ကိုယ်လည်း အဖြစ်ချင်ဆုံး ပုံရိပ်ကတော့ ဒီလူက ချဉ်းကပ်လွယ်တယ် ဆိုတာပဲ။ တခုခုဆို ပွင့်ပွင့်လင်းလင်း မေးရဲတယ်။ သူတို့အခက်အခဲကို လာပြောရဲတယ်။ အပြစ်တင်မှာ မဟုတ်ဘူး၊ ကြောက်နေစရာ မလိုဘူးဆိုတဲ့ ခံစားချက်ကို ကျွန်တော်နဲ့ ပတ်သက်ဆက်စပ်သူတိုင်းဆီမှာ ရနေစေချင်တယ်။
စိတ်ကောင်းရှိလွန်းလို့တော့ မဟုတ်ဘူး။ အဲ့လို Approachable ဖြစ်သူတွေနဲ့ အလုပ်လုပ်ဖူးလို့၊ သူတို့ကြောင့် စိတ်လက်ပေါ့ပါးဖူးလို့ ကိုယ်ရခဲ့တဲ့ ခံစားချက်ကို သူတစ်ပါးဆီ လက်ဆင့်ပြန်ကမ်းပေးတဲ့ သဘောပဲ။
ပရဟိတလုပ်ဖို့၊ အများအကျိုး ထမ်းရွက်ဖို့တို့ ခဏထား။ ကိုယ့်ပတ်ဝန်းကျင် အဝန်းအဝိုင်းက လူတွေကိုတောင် ဘယ်လောက် စိတ်ချမ်းသာအောင် ထားပြီးပြီလဲ အရင်စဉ်းစားဦး။ ကိုယ့်မိဘ၊ ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်သားသမီး၊ ကိုယ့်ဝန်ထမ်း၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ကိုယ့်ကြောင့် ပျော်နေလား၊ အဆင်ပြေနေလား။ ကိုယ် ရောက်လာပြီ ဆိုတာနဲ့ကို သူတို့စိတ်မှာ လေးပင်ကုန်သလား။ ကိုယ်ဟာ သူတို့အတွက် အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ မိုင်းဗုံးတစ်လုံး ဖြစ်နေလား။ သေချာစဉ်းစားကြည့်ပါ။
ဖြစ်နေတယ်ဆို အထအန ကောက်တာလေးတွေ လျှော့ကြည့်။ တစ်ဖက်သားဘက်ကနေ တွေးပေးတတ်အောင် ကြိုးစားကြည့်။ အပြစ်တင်စကား ပြောဖို့ထက် ပြဿနာ ဖြေရှင်းဖို့ကို ဦးစားပေး စဉ်းစားကြည့်။
မိုင်းတစ်လုံး ကွဲသွားရင် ဘေးက လူတွေ ထိခိုက်တာက နောက်မှ။ အရင်ဆုံး ကိုယ်က ပေါက်ကွဲပစ်လိုက်ရတာ။ အဲ့လိုသာ ကိုယ့်စိတ်ကလေးတွေကို ပြင်မယ်ဆို ကိုယ်လည်း ပျော်ရလိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကိုယ့်ကြောင့် စိတ်ချမ်းသာ ပျော်ရွှင်ရရင် ကိုယ်လည်း တူသော အကျိုးပေးလိမ့်မယ်။
တကယ်ပါ။ တစ်နေ့ တစ်နေ့ ကြုံတွေ့ရသမျှ လူတွေကို ဘယ်လိုလေး အဆင်ပြေအောင် လုပ်ပေးလိုက်ရမလဲ ဆိုတဲ့ စိတ်နဲ့ ရှင်သန်ရတာ သိပ်တန်ဖိုးရှိပါတယ်။ လူဖြစ်ရကျိုးလည်း နပ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
ဒီနေ့ကို ကြိုက်နှစ်သက်ရာ App တစ်ခုခုမှာ ၁၅ မိနစ် Click လုပ်ပေးပါ။ VPN ကို သေချာသုံးပေးဖို့လည်း သတိပေးပါရစေ။ ဖေ့စ်ဘွတ်ပေါ် အောက်က ပုံနဲ့အတူ ပြန်ကူးတင်လို့လည်း ရပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
05/07/2022
Click here to claim your Sponsored Listing.
Category
Website
Address
North Dagon
Yangon