Swe Swe
Caroline Aung
ဂေါက်ရောဂါကို
အစားအစာနဲ့ ကုသမယ်
===================
ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ
ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။
ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။
အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။
ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
တွေကြောင့်လို့သိရပါတယ်။
ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်
၁ – ရေသောက်ခြင်း
••••••••••••••••••••
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။
၂ – တရုတ်နံနံ
•••••••••••••••
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။
၃ – ဗိုစားပဲ
••••••••••••
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။
၄ – ပန်းသီး
••••••••••••
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။
၅ – ငှက်ပျောသီး
•••••••••••••••••
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။
၆ – ရှောက်သီးနဲ့ သံပရိုသီး
••••••••••••••••••••••••••
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။
၇ – နာနတ်သီး
•••••••••••••••
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
၈ – သင်္ဘောသီး အစိမ်း
••••••••••••••••••••••••
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။
Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ
၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။
၂ - ငှက်ပျောသီး
- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။
၃ - မုန်လာဥနီ
- မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။
၄ - ချယ်ရီသီး
- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။
၅ - ရေ
- ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
၆ - ပန်းသီး
- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၇ - တရုတ်နံနံကြီး
- ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။
၈ - ကြက်သွန်နီ
- ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။
၉ - ရေနွေးကြမ်း
- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။
၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
- ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။
၁၁ - ဘယ်ရီသီးများ
- ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
တားဆီးပေးနိုင်ပါတယ်။
မစားသင့်သည့်အစားအစာများ
1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။
2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။
3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။
4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။
5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။
6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။
7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။
8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။
9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။
Credit... Original writer
23/06/2022
💜သူငယ်ပြန်ခြင်း (Senile Dementia)ဆိုတာ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်အသိဉာဏ်နဲ့မှတ်ဉာဏ် ချို့ယွင်းလာခြင်းကို ခေါ်ပါတယ်။
💜သူငယ်ပြန်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း (၂)ခုကတော့
(၁) ဦးနှောက်ဆဲလ် (သို့) နူရွန်း (neurons)လေးတွေကို ပျက်စီးစေတဲ့ Beta-amyloid Proteins (ဘီတာအမိုက်လွိုက်ပရိုတင်း) နဲ့ Tau proteins (တောပရိုတင်း)တွေ ဦးနှောက်တွင် စုပုံလာခြင်း E.g. Alzheimer's disease နဲ့
(၂) ဦးနှောက်ကို သွေးပို့ပေးတဲ့ သွေးလွှတ်ကြောမကြီး (Carotid artery) ကျဉ်းမြောင်းလာပြီး ဦးနှောက်ဆဲလ်တွေ သွေးအလုံအလောက်မရလို့ ပျက်စီးခြင်း E.g Carotid demetia or Vascular Dementia စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။
💜အသက်အရွယ်ကြီးရင့်သူ၊ မိသားစုမျိုးရိုးရှိသူ၊ ဦးခေါင်းထိခိုက်ဒဏ်ရာရဖူးသူ၊ Down syndromeရောဂါခံစားနေရသူ၊ ဆီးချို သွေးတိုး နဲ့ နှလုံးရောဂါ ရှိတဲ့သူတွေမှာ အဖြစ်များတတ်ပါတယ်။
💜ဒါ့အပြင် အရက်၊ ဆေးလိပ်သောက်တတ်တဲ့သူတွေမှာလည်း ဖြစ်နိုင်ချေပိုများသလို အိပ်ချိန်မမှန်တာ၊ စိတ်ဖိစီးမှုများတာ၊ အစားအသောက်တွေက ကျန်းမာရေး နဲ့ မညီညွတ်တာ (ဥပမာ- အဆီအအိမ့်စားတာများတာ စသည်) ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အဝလွန်တာ စတဲ့ အချက်တွေကလည်း သူငယ်ပြန်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။
💜အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အတွေ့များပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူ နဲ့ အမြဲတမ်းသင်ယူလေ့လာမှုအားကောင်းတဲ့သူတွေမှာတော့ ဖြစ်နိုင်ချေနည်းတတ်ပါတယ်။
💜သူငယ်ပြန်ခြင်းရဲ့ ကနဦးလက္ခဏာတွေကတော့ မှတ်ဉာဏ်ချို့ယွင်းလာခြင်းပဲဖြစ်ပါတယ်။ ပြောပြီးသားစကားတွေထပ်ကာထပ်ကာပြောတာ၊ မေးပြီးသားမေးခွန်းတွေပြန်ပြန်မေးတာ ကနေ နောက်ပိုင်းပိုဆိုးလာရင် အိမ်သားတွေရဲ့နာမည်တွေမေ့တာ၊ ပစ္စည်းထားတဲ့နေရာတွေမေ့တာ၊ ထားနေကျနေရာမဟုတ်တဲ့နေရာတွေမှာထားတာတွေဖြစ်လာတတ်ပါတယ်။
💜နေ့တဓူဝလုပ်နေကျအရာတွေတောင်မှ ခက်ခဲလာတဲ့အထိ စဉ်းစားချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းတွေ အားနည်းလာတတ်ပြီး ပျော်ပျော်နေတတ်သူက ဒေါသကြီးလာတာ စသဖြင့် သူ့ရဲ့ပင်ကိုယ်ဗီဇတောင်ပြောင်းလဲလာတတ်ပါတယ်။
💜နောက်ဆက်တွဲအနေနဲ့ သူငယ်ပြန်တဲ့လူနာဟာ သူခံစားနေရတဲ့ အရာတွေကို အများနားလည်အောင် မဖော်ပြနိုင်တဲ့အခါ တခြားရောဂါတွေဝင်လဲ ရောဂါတွေဆိုးမှပဲ ဘေးလူက သိတဲ့ အဖြစ်မျိုးတွေဖြစ်တတ်ပါတယ်။
💜အဲ့ဒါကြောင့် သူငယ်ပြန်တဲ့လူနာကို ပြုစုရမယ့်သူကလည်း အထူးသတိထားဂရုစိုက်ဖို့လိုပါမယ်။ သူငယ်ပြန်တဲ့လူနာကို ပြုစုရတာ ကိုယ်ရောစိတ်ပါ ပင်ပန်းတဲ့အရာမို့လို့ ပြုစုတဲ့သူ ကိုယ်၌က ကျန်းမာဖို့လိုပါတယ်။ ပြုစုပေးမယ့်အရံလူ (၁)ယောက်၊ (၂)ယောက်ရှိဖို့လဲ လိုအပ်ပါတယ်။
💜သူငယ်ပြန်ခြင်းကို ယတိပြတ် တားဆီးနိုင်တဲ့ နည်းလမ်းတော့မရှိသေးပါဘူး။ သို့သော်လည်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ တရားထိုင်တာ၊ အသီးအနှံ နဲ့ ဟင်းရွက်ဟင်းရွက်ပိုစားပြီး အဆီအအိမ့်တွေ လျှော့စားတာ၊ သွေးတိုး၊ ဆီးချို နဲ့ နှလုံးရောဂါတွေ မဖြစ်အောင် နေထိုင်တာ နဲ့ ဖြစ်လာရင်လည်း ထိန်းနိုင်အောင် ကြိုးစားတာတွေကလည်း သူငယ်ပြန်ခြင်းကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။ ဦးနှောက်ကို အမြဲအသုံးချနေတဲ့ အပြုအမူတွေ (ဥပမာ- စာရေးစာဖတ်တာ၊ ဉာဏ်စမ်းပဟေဠိကစားတာ၊ ဝါသနာပါရာတခုခုလေ့လာတာ) ပြီးတော့ မိတ်ဆွေတွေ မိသားစုတွေနဲ့ အမြဲထိတွေ့ဆက်ဆံတာ စတဲ့ အရာတွေကလည်း သူငယ်ပြန်ခြင်းကို လျော့နည်းစေပါတယ်။
💜Vitamin E, ငါးကြီးဆီ (Omega 3 fatty acids), နနွင်းမှာပါတဲ့ ကာကူမင် (Curcumin)၊ မြင်းခွာရွက်မှာပါတဲ့ ဂင်ကို (Ginkgo) နဲ့ မလယ်တိုနင်(Melatonin) ဟော်မုန်းတွေကလည်း သူငယ်ပြန်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပေမယ့် ခိုင်လုံတဲ့ အထောက်အထားတော့ မရှိပါဘူး။
💜မိသားစုဝင်ထဲမှာ သူငယ်ပြန်တဲ့လူနာရှိခဲ့လျှင် လူနာကို စိတ်ရှည်ရှည်နဲ့ ဂရုတစိုက်ပြုစုရပါမယ်။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အမြန်ဆုံး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ သူငယ်ပြန်ခြင်းကို အရှင်းပျောက်ကင်းအောင်မကုသနိုင်ပေမယ့် ရောဂါလက္ခဏာ ပိုဆိုးမလာအောင် (သို့မဟုတ်) လျော့ပါးသက်သာအောင် သင့်တော်တဲ့ ဆေးဝါးများနဲ့ ကုသနိုင်ကြောင်း အသိပေးလိုပါတယ်။
Dr. Ye Thu (ဆေး-၁)
Ref: www.mayoclinic.org
www.alzinfo.org
Mayo Clinic - Mayo Clinic Seamless care that revolves around you: more than 4,700 physicians and scientists collaborate across Mayo Clinic campuses in Arizona, Florida and Minnesota. U.S. News & World Report ranks Mayo Clinic as the #1 hospital overall and #1 in more specialties than any other hospital in the nation.
10/06/2022
အသည်းအဆီဖုံးရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ
အသည်းအဆီဖုံးရောဂါသည် နာတာရှည် အသည်းရောဂါများအနက်တွင် အဖြစ်အများဆုံး ဖြစ်သည်။ အဝလွန်သူများ၏ ၉၀%၊ ဆီးချိုရောဂါရှိသူများ၏ ၅၀-၇၀% သည် အသည်းအဆီဖုံး ဖြစ်နိုင်ခြေရှိသည်။ ဥရောပတိုက်ရှိလူဦးရေ၏ ၂၅% ခန့်သည် အသည်းအဆီဖုံးခြင်းဝေဒနာ ရှိနေသည်ဟု သိရပါသည်။
ယနေ့ခေတ်တွင် အနေအထိုင် အစားအသောက် (Lifestyle) ပြောင်းလဲမှု (ဥပမာ - ကယ်လိုရီတွေကို ခန္ဓာကိုယ် စွမ်းအင်လိုအပ်ချက်ထက် ပိုမိုစားသောက်မိခြင်း၊ လှုပ်ရှားမှုနည်း၍ အထိုင်များခြင်း) ကြောင့် အဖြစ်များလာရခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် အသည်းအဆီဖုံးခြင်းနှင့် ပတ်သက်၍ လူတိုင်းသိသင့်သော ဆောင်ရန် ရှောင်ရန်အချက်များကို အလျဉ်းသင့်၍ မျှဝေပေးလိုက်ပါသည်။
(၁) ကိုယ်အလေးချိန် လျှော့ချပါ။
ကိုယ်အလေးချိန်များသူများနှင့် အဝလွန်သူများသည် ကိုယ်ခန္ဓာအလေးချိန်၏ ၁၀% ကျော်ကို လျှော့ချပစ်ရန် လိုအပ်ပါသည်။ အသည်းအခြေအနေ ဆိုးလေလေ၊ ကိုယ်အလေးချိန် ပိုချဖို့လိုလေလေ ဖြစ်သည်။
ကိုယ်အလေးချိန် မများသူများ (BMI ပုံမှန်ရှိနေသူများ) ပင်လျှင် ကိုယ်ခန္ဓာအလေးချိန်၏ ၃-၅% ကို လျှော့ချရန် လိုအပ်သည်။ ဗိုက်ရွှဲသူများသည်လည်း ကိုယ်အလေးချိန်လျှော့ချရန် လိုအပ်သူများတွင် အကျုံးဝင်သည်။
(၂) ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။
• လမ်းသွက်သွက်လျှောက်ခြင်း၊ ရွရွ/နှေးနှေးပြေးခြင်း (Jogging)၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကခြင်း (ဥပမာ - အေရိုးဗစ်၊ Zumba dance) စသည်တို့ကို တစ်ပတ်လျှင် အနည်းဆုံး ၃ ရက် (သို့) တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ လုပ်ပါ။ သို့မဟုတ်
• အလေးမခြင်း၊ ဒိုက်ထိုးခြင်း၊ ထိုင်ထလုပ်ခြင်းနှင့် Elastic band များအသုံးပြု၍ လုပ်ရသော လေ့ကျင်ခန်းများကို တစ်ပတ်လျှင် အနည်းဆုံး ၂ ရက်လုပ်ပါ။
• အထက်ပါနှစ်မျိုးပေါင်း တစ်ပတ်လျှင် ၃-၅ ကြိမ်ခန့် ပြုလုပ်ပါ။
• အထိုင်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းများကို လျှော့ချပါ။
(၃) စားသောက်သင့်သော အစားအသောက်များ
• အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ
• ငါးအမျိုးမျိုး
• သံလွင်ဆီ
• အခွံမာသီး၊ အစေ့အဆံ၊ ပဲတောင့်ရှည်မျိုး ဖြစ်သော ပဲများ၊
• အမျှင်ဓာတ်များသော၊ ဂျုံနှင့်လုပ်သော အစားအစာများ (ဥပမာ - ဆီးချိုပေါင်မုန့်)
• သစ်ကြားသီး
• အဆီနည်းသော အသားများ
• အဆီလျှော့ထားသော နို့နှင့် နို့ထွက်ပစ္စည်းများ
• ကျန်းမာရေးနှင့်ကိုက်ညီအောင် ပြုလုပ်ထားသော “အိမ်ချက်” အစားအစာများ
အထက်ပါ မြေထဲပင်လယ် ပတ်ဝန်းကျင်ဒေသများတွင် စားသောက်လေ့ရှိသော အစားအသောက်ပုံစံမျိုးမှာ အသည်းအဆီဖုံးရောဂါအတွက် အထူးသင့်တော်ပါသည်။ ရေများများသောက်ပါ။ ကော်ဖီသောက်ပါ။
(၄) ရှောင်ကြဉ်ရမည့် အစားအသောက်များ
❌ ပြည့်ဝဆီများ (ဥပမာ - ဝက်ဆီ)
❌ အထူးပြုပြင်ထားသော အစားအသောက်များ (Ultra-processed food) (ဥပမာ - အာလူးချောင်းကြော်၊ အသားညှပ်ပေါင်မုန့်)
ခေါက်ဆွဲခြောက်ထုပ်ကဲ့သို့သော Fast food များ
❌ ပြုပြင်ထားသော အသားများ (ဥပမာ - ကြက်/ဝက်အူချောင်း)
❌ အချိုကဲသော အစားအသောက်များ (ဥပမာ - ကိတ်မုန့်၊ ရေခဲမုန့်)
❌ အဆီများသော / သကြားထည့်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများ (ဥပမာ - ချိုအောင် ပြုလုပ်ထားသော ဒိန်ခဲ၊ ဒိန်ချဉ်၊ နို့)
❌ ဆေးလိပ်
❌ အရက်၊ ဘီယာ၊ ဝိုင်
❌ အချိုရည်များ
(၅) လိုအပ်သော ကုသမှုများကို ခံယူပါ။
မိမိ၏ရောဂါအခြေအနေပေါ်မူတည်၍ လိုအပ်သော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက် အတိုင်း မှီဝဲသင့်သလို ဆရာဝန်နှင့် ပုံမှန်ပြသ၍ အစစ်ဆေးခံရန်လည်း လိုအပ်ပါသည်။
အသည်းအဆီဖုံးရောဂါအတွက် သီးသန့် အစွမ်းထက်သောဆေးများ မပေါ်ပေါက်သေးသော်လည်း အတိုင်းအတာတစ်ခုအထိ အကျိုးပြုနိုင်သောဆေးများ ရှိနေပြီဖြစ်ပါသည်။ ဆီးချိုရောဂါ ကုသရာတွင် အသုံးပြုသော ပိုင်ရိုဂလီတဇုန်း (Pioglitazone) ဆေးနှင့် လီရာဂလူတိုက်၊ စီမာဂလူတိုက် (Liraglutide, semaglutide) စသော ဆေးများသည် အသည်းအဆီဖုံးရောဂါကုသရာတွင် အသုံးပြုနိုင်ပါသည်။ ဆီးချိုနှင့် အသည်းအဆီဖုံး တွဲနေသူများတွင် ပို၍ အဆင်ပြေပါသည်။ ဗီတာမင်-အီး သည်လည်း အသည်းအဆီဖုံးခြင်းကြောင့်ဖြစ်သော အသည်းရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါသည်။
နိုင်ငံတကာ သုတေသနများအရ အသည်းအဆီဖုံးရောဂါ ကုသရာတွင် အသုံးပြုနိုင်သော သဘာဝဆေးများနှင့် ဖြည့်စွက်စာများမှာ-
🔹 ပရိုဘိုင်အိုတစ်များ
🔹 ဗီတာမင်-ဒီ
🔹 အိုမီဂါ-၃
🔹 ဆယ်လီမရင်ဒြပ်ပေါင်း (Silymarin)
🔹 လက်ဖက်စိမ်း (Green tea)
🔹 ကာကူမင်ဒြပ်ပေါင်း (နနွင်း)
အထက်ပါဆေးများသည် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ခြင်း၊ အသည်းအဆီစုခြင်းကို ဟန့်တားပေးနိုင်ခြင်း၊ သွေးတွင်းအဆီဓာတ်နှင့် အချိုဓာတ်ကို ကျဆင်းစေခြင်း၊ အသည်းရောင်ခြင်းကို လျော့နည်းစေပြီး အသည်းအင်ဇိုင်းများကို ကျဆင်းစေခြင်း၊ အသည်းခြောက်/ကျုံ့ခြင်းကို လျော့နည်းစေခြင်း စသော အာနိသင်များရှိသောကြောင့် အသည်းအဆီဖုံးရောဂါရှိသူများတွင် အသုံးဝင်သော သဘာဝဆေးများ ဖြစ်ပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)
👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup
Dr. Khin Maung Lwin (FAME) You can view and join right away.
23/05/2022
https://www.facebook.com/100044154743394/posts/483549219793565/
ကိုလက်စထရောဟူသော ဝေါဟာရမှာ ယနေ့ခေတ် လူအတော်များများ ကြားဖူးကြပြီး ဖြစ်ပါသည်။ ကိုလက်စထရောဆိုသည်မှာ ခန္ဓာကိုယ်တွင်း ရှိနေသည့် အရေးပါသော အဆီဓာတ်တစ်မျိုးဖြစ်ပြီး ယင်းကို နေ့စဉ်စားသုံးနေသော အစားအစာများမှလည်းကောင်း၊ ခန္ဓာကိုယ်တွင်းရှိ အသည်းမှ ထုတ်လုပ်ပေးခြင်းဖြင့် လည်းကောင်း ရရှိပါသည်။
ကိုလက်စထရော၏ လုပ်ငန်းတာဝန်များ
============================
ကိုလက်စထရောသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များ၏ အပေါ်ယံ အမြှေးပါးအတွင်း၌ ကိုလက်စထရောကို ပါဝင်ဖွဲ့စည်းထားခြင်းဖြင့် ဆဲလ်များမှာ ပျော့ပျောင်းသွား ပါသည်။ ခန္ဓာကိုယ်တွင်းရှိ အရေးပါသော ဟော်မုန်းများဖြစ်သည့် လိင်နှင့်ဆိုင်သောဟော်မုန်းများ ထုတ်လုပ်ရာ၌ အရေးပါလှပါသည်။ အမျိုးသားများအတွက် တက်စထရိုစတီရုန်း (Testosterone) နှင့် အမျိုးသမီးများအတွက် အီစထရိုဂျင် (Oestrogen) ဟော်မုန်းများ ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ပါဝင်သည်။ အသည်းမှ သည်းခြေရည် (Bile) ထုတ်လုပ်ရာ၌လည်း ပါဝင်သည်။ အရိုးနှင့် အဆစ်များ သန်မာစေသည့် ဗီတာမင်ဒီ ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းမှာလည်း ကိုလက်စထရောပင်ဖြစ်သည်။ ထို့ကြောင့် ကိုလက်စထရောမှာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် ဇီဝပစ္စည်းတစ်ခု ဖြစ်သည်။
ကိုလက်စထရော ပါဝင်သော အစားအစာများ
===============================
သာမန်လူတစ်ယောက်အနေနှင့် နေ့စဉ်လိုအပ်သည့် ကိုလက်စထရော၏ ၂၅% ကို အစားအစာမှ တိုက်ရိုက်ရရှိပြီး ကျန် ၇၅% ကို ခန္ဓာကိုယ်၏ လိုအပ်ချက်ပေါ်မူတည်၍ အသည်းက ထုတ်လုပ်ပေးပါသည်။ ကိုလက်စထရောသည် တိရစ္ဆာန်များတွင်သာ ပါဝင်ပြီး အပင်များတွင် ပါဝင်ခြင်း မရှိပါ။ အပင်၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကိုလက်စထရောမှာ မလိုအပ်ပါ။ ထို့ကြောင့် အပင်မှရရှိသော စားသုံးဆီများအားလုံးတွင် ကိုလက်စထရော ပါဝင်ခြင်း မရှိပါ။ တိရစ္ဆာန်များမှရရှိသော အဆီများဖြစ်သည့် ဝက်ဆီ၊ အမဲဆီ အစရှိသည်တို့တွင် အများဆုံးပါရှိပါသည်။ ထို့ပြင် နို့မျိုးစုံ (နွားနို့၊ ကျွဲနို့၊ ဆိတ်နို့ စသည်များ) နှင့် နို့ထွက်ပစ္စည်းများ (မလိုင်၊ ထောပတ်၊ ဒိန်ခဲ စသည်များ) တွင်လည်း ကြွယ်ဝစွာ ပါဝင်ပါသည်။ ဥမျိုးစုံ (ကြက်ဥ၊ ဘဲဥ၊ ငုံးဥ အစရှိသည်) တို့၏ အနှစ်ထဲတွင် ကိုလက်စထရောများ ပါဝင်လျက်ရှိပါသည်။ ထို့ကြောင့် ယင်းတို့ကို စားသုံးခြင်းဖြင့် နေ့စဉ် လိုအပ်သည့် ကိုလက်စထရောကို ရရှိနိုင်ပါသည်။
အကယ်၍ အစားအစာများထဲတွင် ကိုလက်စထရောပါဝင်မှု မရှိလျှင်လည်း အသည်းက ကိုလက်စထရော များကို လုံလောက်သည့်ပမာဏ ထုတ်လုပ်ပေးနိုင်ပါသည်။ ယင်းသို့ ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ပြည့်ဝဆီများကို စားသုံးပေးရန် လိုအပ်ပါသည်။ အဆိုပါ ပြည့်ဝဆီများကို စားသုံးဆီများမှ ရရှိနိုင်ပါသည်။ ထို့ကြောင့် လူတစ်ယောက် ကျန်းမာနေစေရန် စားသုံးဆီ တစ်နေ့လျှင် ၂ ကျပ်သားခန့် စားပေးရန်လိုပါသည်။ ပြည့်ဝဆီပါဝင်မှုများသော စားသုံးဆီများကို တစ်နေ့လျှင် ၂ ကျပ်သားထက်ပိုမို၍ ရေရှည်စားသုံးပါက အသည်းမှ ကိုလက်စထရောများ လိုအပ်သည်ထက် များစွာ ပိုမိုထုတ်လုပ်နေသဖြင့် သွေးအတွင်း ကိုလက်စထရောများ မြင့်တက်လာကာ ကျန်းမာရေးပြဿနာများ ကြုံတွေ့လာနိုင်ပါသည်။ အကယ်၍ စားသုံးဆီကို လုံလောက်အောင် မစားခဲ့ပါက ခန္ဓာကိုယ်တွင် ကိုလက်စထရော ချို့တဲ့လာကာ ယင်း၏ လုပ်ငန်းဆောင်တာများ ချို့ယွင်းလာနိုင်ပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)
ကိုးကားချက် - "စားသုံးဆီနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း (၂) လူ့ခန္ဓာကိုယ်တွင်းရှိ အဆီများ အကြောင်းမှ ထုတ်နုတ်ဖော်ပြသည်။
👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup
12/05/2022
Myasthenia gravis
ပုံမှန်အခြေအနေမှာ အာရုံကြော နှင့် ကြွက်သားနှစ်ခုအကြားဆက်သွယ်ပေးတဲ့ acetylcholine ဆိုတဲ့ ပစ္စည်းတစ်ခုရှိပါတယ်။ အာရုံကြောအဆုံးပိုင်းကထုတ်ပေးလိုက်တဲ့ acetylcholine က ကြွက်သားပေါ်မှာရှိတဲ့ သက်ဆိုင်ရာ အာရုံခံအစိတ်အပိုင်း (acetylcholine receptor) နှင့် ပေါင်းစပ်ချိတ်ဆက်ပြီး ကြွက်သားရဲ့လုပ်ငန်းတာဝန်ကို ပြီးမြောက်စေပါတယ်။
Myasthenia gravis, ဆိုတဲ့ အော်တိုအင်မြူးရောဂါမှာ အာရုံကြော နှင့် ကြွက်သားနှစ်ခုအကြား ဆက်သွယ်မှုပြသနာရှိနေပါတယ်။ Myasthenia gravis ဝေဒနာခံစားနေရသူတွေရဲ့ ခန္ဓာကိုယ်မှာ အာရုံခံအစိတ်အပိုင်း (acetylcholine receptor) ကို ဖျက်စီးနိုင်တဲ့ ပဋိပစ္စည်းတွေ (antibodies ) ရှိနေပါတယ်။ အာရုံခံအစိတ်အပိုင်း (acetylcholine receptor) ဖျက်စီးခံရတဲ့အခါ ကြွက်သားတွေရဲ့ လုပ်ငန်းလျော့နည်းသွားပါတယ်။
Myasthenia gravis ရောဂါမှာတွေ့ရတဲ့ ပဋိပစ္စည်းက acetylcholine receptor antibodies ဖြစ်ပါတယ်။ Myasthenia gravis ဝေဒနာသည် 85% ခန့်မှာ အဲဒီပဋိပစ္စည်းရှိပါတယ်။ ဝေဒနာသည် 78% မှာ muscle-specific tyrosine kinase (MuSK) ပဋိပစ္စည်းရှိပါတယ်။ ဝေဒနာသည်အချို့မှာ lipoprotein-related protein 4 (LRP4) ပဋိပစ္စည်းရှိပါတယ်။ ခန္ဓာကိုယ်အတွင်း ပဋိပစ္စည်းရှာမတွေ့ပဲ ရောဂါခံစားနေရတဲ့ seronegative ရောဂါသည်တွေလည်းရှိပါတယ်။
Thymus ( သိုင်းမတ် ) ဂရင်းဟာ myasthenia gravis ဖြစ်စေသောအကြောင်းတစ်ခုလို့ ယေဘူယျ လက်ခံလို့ရပါတယ်။ Myasthenia gravis ဝေဒနာသည် 50% ကျော်မှာ ပုံမှန်မဟုတ်သော သိုင်းမတ်ဂရင်း ဆဲလ်ကြီးထွားခြင်း (thymus hyperplasia) ရှိပါတယ်။ Myasthenia gravis ဝေဒနာသည် 1015% မှာ သိုင်းမတ်ဂရင်းအကျိတ် (thymoma) ရှိပါတယ်။ Myasthenia gravis ရောဂါဆိုးဝါးလာတဲ့အခါ သိုင်းမတ်ဂရင်းထုတ်ကုသခြင်း ( Thymectomy ) ပြုလုပ်နိုင်ပါတယ်။
Myasthenia gravis ရောဂါဟာ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ပါတယ်။ 2012 မှာ ထုတ်ပြန်ထားတဲ့ သီအိုရီတစ်ခုမှာ myasthenia gravis ရောဂါ နှင့် Epstein-Barr ဗိုင်းရပ် (EBV) ကူးစက်မှု အဆက်အသွယ်ရှိနိုင်ကြောင်း ရေးထားပါတယ်။ သီအိုရီအရ B ဆဲလ်အမျိုးအစား သွေးဖြူဥကို EB ဗိုင်းရပ်ကူးစက်ခံရတဲ့အခါ T ဆဲအမျိုးအစား ( CD8+ ) သွေးဖြူဥက EBV ကို သတ်ပေးရပါတယ်။ Myasthenia gravis ဝေဒနာသည်တွေမှာ CD8+ T ဆဲလ် နည်းပါးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် EB ဗိုင်းရပ်ကူးစက်ခံရတဲ့ B ဆဲလ်ကို မသတ်နိုင်ပဲ EBV ကူးစက်ခံရတဲ့ B ဆဲလ်က သိုင်းမတ်ဂရင်းထဲ ဝင်သွားတဲ့အခါ သိုင်းမတ်ဂရင်းမူမမှန်ဖြစ်သွားပြီး ပဋိပစ္စည်းတွေထုတ်ပေးတာလို့ ယူဆကြတယ်။
အမျိုးသမီးဟိုမုန်း estrogen က CD4+ နှင့် CD8+ T ဆဲလ် အချိုးကို မြင့်လာစေပါတယ်။ ဒါကြောင့် အမျိုးသမီးများမှာ CD8+ T ဆဲလ် နည်းပါတယ်။ ဒါကြောင့် အသက် 40 မတိုင်ခင် Myasthenia gravis ဖြစ်ပွားနှုန်းက အမျိုးသမီးများမှာ ပိုများပါတယ်။ နေရောင်ခြည်က CD8+ T ဆဲလ် တိုးပွားအောင်လုပ်ပေးနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေယူဆတာက CD8+ T ဆဲလ်တိုးပွားလာခြင်း နှင့် ဗိုက်တာမင် D ပမာဏများပြားလာခြင်း နှင့် ဆက်စပ်တယ်ဆိုပါတယ်။ ဗိုက်တာမင် D ချို့တဲ့ခြင်းရှိတဲ့အခါ CD8+ T ဆဲလ်နည်းသွားပြီး အော်တိုအင်မြူးရောဂါတွေ ဖြစ်နိုင်ခြေရှိတယ်လို့ သီအိုရီကရေးပါတယ်။
ရောဂါလက္ခဏာတွေက တစ်ယောက် နှင့်တစ်ယောက်မတူသလို အသက်အရွယ်အရလည်း ကွဲပြားကြပါတယ်။ မောပန်းလွယ်ခြင်း နှင့် ကြွက်သားအားနည်းခြင်းတွေက myasthenia gravis ရဲ့ ထူးခြားတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ Myasthenia gravis မှာ ပထမဆုံးသတိပြုမိတဲ့ ရောဂါလက္ခဏာက မျက်လုံးကြွက်သားအားနည်းခြင်းဖြစ်ပါတယ်။ ဝေဒနာသည် 85% မှာ ပထမဆုံးရောဂါလက္ခဏာအနေနှင့် မျက်လုံးကြွက်သားအားနည်းခြင်းဖြစ်ပါတယ်။ ကျန်ဝေဒနာသည် 15% မှာ အစာမျိုချရခက်ခြင်း နှင့် စကားပြောခက်ခြင်းတွေကို ပထမဆုံးရောဂါလက္ခဏာတွေအနေနှင့် တွေ့ရပါမည်။ နှစ်နှစ်အတွင်း ဝေဒနာတွေက ဆိုးလာပြီး တစ်ကိုယ်လုံးရှိကြွက်သားများအားနည်းခြင်း၊ အမြင်နှစ်ထပ်ဖြစ်ခြင်း၊ မျက်ခွံကျလာခြင်း၊ မျက်နှာအသွင်အပြင် ပြောင်းသွားခြင်း၊ လမ်းလျှောက်ရခက်ခြင်း၊ မြိုချရခက်ခြင်းနှင့် စကားပြောခက်ခြင်းတွေဖြစ်လာပါလိမ့်မည်။ myasthenia crisis ဆိုတဲ့ အခြေအနေမှာ mechanical ventilation လိုပါလိမ့်မည်။
Myasthenia gravis ရောဂါမှာ သွေးနီဥထုတ်လုပ်မှုနည်းသွားခြင်း ( Pure red cell aplasia ) ၊ ခုခံအားနည်းခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ နှလုံးကြွက်သားရောင်ခြင်း၊ အရသာပြသနာများဖြစ်နိုင်ပါတယ်။ Myasthenia gravis ရောဂါသည်မှာ အခြားသော အော်တိုအင်မြူးရောဂါများလည်းဖြစ်နိုင်ပါတယ်။ Myasthenia gravis နှင့် neuromyelitis optica spectrum disorder (NMOSD) အဆက်အစပ်ရှိတယ်လို့ ဆေးကုသသူတွေက သုံးသပ်ပါတယ်။
Conventional treatment တွေအနေနှင့် ဆရာဝန်တွေက acetylcholinesterase inhibitors ဆေးတွေသုံးပါတယ်။ Immunosupressant အနေနှင့် corticosteroids သာမက azathioprine (Imuran, Azasan) ; cyclosporine (eg, Sandimmune) ; mycophenolate mofetil (CellCept) ; cyclophosphamide (eg, Cytoxan) ကဲ့သို့သော non-steroidal agents တွေကိုလည်း အသုံးပြုပါတယ်။ Rituximab ; Eculizumab ; Granulocyte Macrophage Colony-Stimulating Factor နှင့် Etanercept တွေက myasthenia gravis ရောဂါမှာသုံးနိုင်တယ်လို့ ယူဆတဲ့ အသစ်ပေါ်လာသောဆေးတွေပါ။
ဝေဒနာသည်တွေအနေနှင့် အစားအစာတွေကိုတော့ စုံအောင်စားဖို့ပြောပါတယ်။ အစာစားတဲ့အခါ နင်တတ်ပါတယ်။ ဒါကြောင့် အစာနည်းနည်းကို 4-6 ကြိမ်ခွဲစားပါ။ ဝေဒနာရှင် အိမ်သားတွေအနေနှင့် Heimlich maneuver ကို သင်ထားသင့်ပါတယ်။ အားကစားပြုလုပ်ခြင်းက myasthenia gravis ရောဂါဝေဒနာသည်တွေအတွက် အလွန်အကျိုးရှိပါတယ်။ Myasthenia gravis ရောဂါမှာ creatine monohydrate ကို သုံးပါတယ်။
Creatine ကို အမိုင်နိုအက်ဆစ် သုံးခုဖြစ်တဲ့ arginine, glycine, methionine တို့ ပေါင်းစပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ် creatine က ရေကို ဆဲလ်ထဲဆွဲသွင်းပြီး ရေထဲက အောက်ဆီဂျင် နှင့် စွမ်းအင် ထုတ်ပေးပါတယ်။ Creatine ကရေကို ဆဲလ်ထဲဆွဲသွင်းလိုက်တာကြောင့် သွေးကြောထဲမှာရေပမာဏကျသွားပါတယ်။ဒါကြောင့် creatine သောက်လျှင် ရေပိုသောက်သင့်ပါတယ်။ Creatine က ကြွက်သားအတွင်း insulin like growth factor-1 (IGF-1) များလာစေပြီး ကြွက်သားကြီးထွားစေပါတယ်။
Life extension အဖွဲ့အစည်းရဲ့ အကြံပြုချက်တွေက myasthenia gravis ရောဂါဝေဒနာသည်တွေအနေနဲ့ သွေးအဖြေပေါ်မူတည်ပြီး ဗိုက်တာမင် D ( 5,0008,000 IU )ကိုနေ့စဉ်သောက်ခိုင်းပါတယ်။ အခြားသော ဖြည့်စွက်စာတွေအနေနှင့် creatine monohydrate ( 2,000 mg ); ငါးကြီးဆီ (1,400 mg EPA and 1,000 mg DHA ); Green tea extract (725 mg ) ; နနွင်း (630 mg ); Quercetin ( 250500 mg ) နှင့် Cats claw ( 50100 mg ) သောက်ခိုင်းပါတယ်။ ( ref - www.lifeextension.com/DPT6/ch95)
ဒေါက်တာဖြိုးမောင်မောင်
11/05/2022
ဒီအချက်တွေကြောင့် အချိုမှုန့်လုံး၀မစားပါနဲ့၊ Disadvantages of Monosodium glutamate One Channel ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါ ဒီနေ့မှာတော့ One Channel ပရိတ်သတ်တွေအတွက် အချိုမှုန့်ရဲ့ ဆိုးကျိုးတွေကို မျှ...
#အချိုမှုန့်သမိုင်း
၁၉၀၈-ခုနှစ်မှ စ၍ ဂျပန်ပါမောက္ခ ကီရာနအဲ အီကဲဒါဆိုသူက ဂျုံ၊ကြံ၊ ပီလောပီနံဥ၊ ရေညှိစသည့် သဘာဝပစ္စည်းများနှင့် ပေါင်းစပ်ကာ ဂလူတာမိတ်(GLUTAMAIE)ဓာတ်ကို ထုတ်လုပ်၍ ဆိုဒီယမ်ဆားတို့ ပေါင်းခံလိုက်သောအခါ ဟင်းခပ်လျှင် အရသာရှိသော (MONOSODIUMGLUTAMATE) MSGခေါ်အချိုမှုန့်ကို ရသည်။
အဆိုပါအချိုမှုန့်ကို အာဂျီနိုမိုတိုဟု အမည်ပေး၍(AJINOMOTO)
ကမ္ဘာသို့ ဖြန့်ချီလိုက်ရာ လူသားတို့နှစ်သက်စွဲလန်းသွားကြသည်။ နောက်ပိုင်း၌ ပီလောပီနံဥစသော သဘာဝပစ္စည်းတို့ကို အသုံးမပြုတော့ဘဲ ဓာတုဗေဒနည်းဖြင့် အစားထိုးခဲ့သည်။
ဓာတုနည်းဖြင့်ထုတ်လုပ်ထားခြင်းကြောင့် ရောဂါအမျိုးမျိုးဖြစ်ခဲ့ကြရသည်။ အချိုမှုန့်အန္တရာယ်ကို ကမ္ဘာက သိလာကြသဖြင့် စီးပွားရေးသမားများက နောက်ပုံစံတစ်မျိုးနှင့် ဟင်းခပ်မှုန့်ပြောင်းလဲထုတ်လုပ်ခဲ့သည်။ တံဆိပ်အမျိုးမျိုးတပ်ထားကြသောကြက်သားမှုန့်တို့မှာ မူလအချိုမှုန့်များပါဝင်နေသဖြင့် အချိုမှုန့် ကြက်သားမှုန့်ကို ဓာတ်ခွဲလျှင် မိုနိုဆိုဒီယမ်ဂလူတာမိတ်ကို တွေ့ရ၏။ (MONOSODIUM GLUTAMATE)ကြက်သားအနံ့ဓာတုအရောင်တင်ထားသဖြင့် ပိုမို
အန္တရာယ်ဘေးဆိုးဖြစ်စေနိုင်သည်။ (ငါး၊ပုဇွန်၊ ပြည်ကြီးငါးတို့ဖြင့် ပြုလုပ်ထားသော ငံပြာရည်တို့၌လည်း အချိုမှုန့်ပါနေသည်။) အဆိုပါကြက်သားမှုန့်ကို တာရှည်စွာသုံးစွဲခြင်းကြောင့် #အသားပွစိစိ၊ #ဗိုက်ပူ၊ #ခါးတုတ်၊ #ဂုတ်သားတက်၊ #မေးစိနှစ်ထပ်၊ #မျက်လုံးအစ်၊ #လက်မောင်းတုတ်၊ #ပေါင်မှာအထစ်ထစ်နှင့် #ခြေသလုံးကြီး ဖြစ်နေကြ၏။
အချိုမှုန့်လွန်စွာစားသူများမှာ အဝလွန်ပြီး ကင်ဆာအမျိုးမျိုး၊ နှလုံးခုန်မြန်၊ သွေးတိုး၊ အရေပြားကြမ်း၊ အပိန့်ထွက်၊ မျက်စိမှုန်၊ ရင်ကျပ်၊ ပန်းနာ၊ ကျောက်ကပ်ပျက်စီး၊ ကိုယ်ဖောကိုယ်ရောင်၊ စိတ်ဂယောင်ခြောက်ခြား၊ ဆီးချို၊ ကျောက်တည်၊ လေပြေသွေးတွင်းအဆီမြင့်တက်အစရှိသော ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည်။
(ပင်လယ်စာ၊ ငါး၊ စပျက်၊ မုန့်ညင်းတို့ဖြင့် ထုတ်လုပ်ထားသော သဘာဝဟင်းခပ်မှုန့်များကို သုံးစွဲသင့်သည်။)
စားသောက်ဖွယ်များအရသာရှိပြီး စားကောင်းစေလိုလျှင် အရောင်မချွတ်ထန်းလျက်ကို ပါးပါးလှီး၍ ဆားသင့်ရုံထည့်သုံးလျှင် အန္တရာယ်ကင်းသော ဟင်းခပ်မှုန့်ဖြစ်သည်။
အချိုမှုန့်ဆိုတာ ဘာလဲ
~~~~~~~~~
ဘယ်လောက်များအန္တရာယ် ပေးနိုင်လဲ သိစေချင်
~~~~~~~~~~~~~~~~~~~~
ရေရှည် မှန်မှန်စားသွားရင် ဒီလောက်အန္တရာယ်များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate(MSG)လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုးပါ၀င်ပြီး စားစရာထဲထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။
အချိုမှုန့်ဟာ ဟင်းခပ်ပစ္စည်းတစ်ခု ဟုတ်ပါသလား? ပုံမှန်သုံးသင့်တဲ့ ဟင်းခပ်အမွှေးအကြိုင်တစ်ခု လုံး၀ မဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည်စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်)ရဲ့အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံး၀ မပါပါဘူး။ အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ။
(၁) ဆီးချိုမဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက် တစ်ရပ်ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။
(၂) အစာအလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့ အဖော်အပေါင်းတွေပါ'ပါ လာပါလိမ့်မယ်။
(၃) ဦးဏှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်းစေပါတယ်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစ ကတည်းကနေ စပြီးစားတဲ့ ကလေးတွေမှာ ဉာဏ်ရည်ပိုင်းယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။
(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝြဖတ်တောက် ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေးပညာရှင်တွေ ဘာတွေ့ရလို့လဲဆိုတာ စာဖတ်သူတို့ သိပါသလား။
အချိုမှုန့်စားတဲ့ ကိုယ်၀န်ဆောင်တွေ မွေးလာတဲ့ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာတွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
(၅) နောက်တစ်ချက်က ကိုယ်၀န်ဆောင်မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးဏှောက်အစိတ်အပိုင်းတွေမှာရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးဏှောက် ဧရိယာတွေဖြစ်လို့ ဒီလိုကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံ စားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေထူစေတတ်တာ ကမ္ဘာတစ်၀န်း လေ့လာတွေ့ရှိ ထားပါတယ်။
(ဒါဟာ အချိုမှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်၀န်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။)
(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်းနဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါဖြစ်ပါတယ်။
(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါအပါအ၀င် ကိုယ်တွင်းကလီစာတစ်ခုခု ရောင်ယမ်းတဲ့ရောဂါရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။
(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့်ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခုပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။
အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချအမြစ်ဖြတ်ကြမလဲ
~~~~~~~~~~~~~~~~~~~~~~~~~~
(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာဖြစ်လို့ အသီးအနှံတွေမှာ လုံး၀ မသုံးပါနဲ့။
(၂) ယေဘုယျလမ်းညွှန် (General Guideline)အရပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်)ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ်နည်းတယ်လို့ သိရပါတယ်။
(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ
အချိုမှုန့်ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။
(၄) ရယ်ဒီမိတ် စားစရာတွေ၀ယ်ရင် လေဘယ်လ်ပေါ်မှာပါတဲ့ အချိုမှုန့်ပါ၀င်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါ၀င်ဖက်ပစ္စည်းစာရင်း (Ingredient List)ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျပါ'ပါတယ်။
(၅) ရိုးရာဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ)ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါ'ပါတယ်ခင်ဗျား။
များပြားလှတဲ့အစားအသောက်တွေကြောင့် ထူပြောလှတဲ့ရောဂါများ မဖြစ်အောင် စားလိုစိတ်ကို ချုပ်တည်းနိုင်ကြ၍ အနာရောဂါ ဘေးဘယာများ ကင်းဝေးကြပါစေသား။
Credit.တက္ကသိုလ် လုလင်
photo credit
မူရင်းရေးသူကို credit ပေးပါသည်။
Omicron မျိုးကွဲကိုဗစ်က ထိုင်းထိ
**************************
ရောက်လာပြီတဲ့
**************
Credit to original uploader.
ပိုးအသစ် ထိုင်းရောက်ပြီတဲ့
ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ
~~~~~~~~~~~~~~~~
ထိုင်းနိုင်ငံတွင် ကူးစက်ပျံ့ပွားနေသည့် ဗြိတိသျှမျိုးစိတ်အသစ် ကိုဗစ်ရောဂါသည် စိုးရိမ်ဖွယ်ကောင်းသည့် ကူးစက်မြန်၊ ပျံ့နှံ့လွယ်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။
မျိုးဗီဇပြောင်းဖြစ်ကြောင်းကိုလည်း စစ်ဆေးအတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ကူးစက်မှုသည် ယခင်ကထက် ၃၀ မှ ၅၀ ရာနှုန်းအထိ ပိုမိုပြင်းထန် အားကောင်းပါသည်။
ထို့ကြောင့် လူတိုင်း သတိရှိရန် လိုအပ်ပါသည်။
ဗီဇပြောင်း Covid 19 လက္ခဏာများ
ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရ။ှိ
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။
၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။ သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။
၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။
၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ၀မျးလြှော၍ အော့အန်မည်။
၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေမည်။
၄။ အပြင်းအထန် ၀မျးလြှောမညျ။
၅။ အော့အန်မည်။
၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။
၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။
ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။
-----
Info from the hospital. Chulalongkorn
* The outbreak that is coming from yesterday and today is breed B. 1.1.7 or British variant that has gone viral.
(Genome check confirmed)
The outbreak will be 30 to 50 % stronger. should be careful.
Covid-19 signal. Summary from Sathorn.
Face will help each other.
#
Day 1-3
1. looks like a cold.
2. little sore in neck
3. No fever, no tiredness.
4. eat / drink normally
Day 4
1. little sore throat
2. talk starts hurting in the neck
3. Fever looks normal 36.5C
Lol disturbing with eating
Lol little headache lol
6. light belly.
Lol feel like getting drunk
Day 5
1. pain in the neck. Talk _ hurt
Lol little bit tired
3. mercury fever 36.5-36.7C
3. Tired, joint pain.
Day 6
1. Mercury. Fever 37 C+
2. dry cough.
3. neck pain while eating / talking
4. tired, nauseous
5. occasional difficulty breathing
6. inches feels pain
7. diarrhea, vomit.
Day 7
1. fever 37.4-37.8C
2. consecutively coughing with phlegm.
3. body / head ache
4. very diarrhea
5. vomit
Day 8
1. fever 38C +++
2. difficult to breathe.
3. consecutive coughing
4. Headache, joints, muscles
5. limb and bottom pain
Day 9
1. no better and worse
2. very high fever
3. symptoms have collapsed.
4. fighting to breathe
Symptoms on the 9th. Need blood test CT Scan chest.
For mutual benefit, you can share or pass on information.
Thank you.
ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ
ထုတ်ပြန်သည်။
Credit
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Thuman 4. Th Street Thingangyun
Yangon