Linn Latt Beauty
မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက ယုံကြည်စိတ်ချရသော 100% စစ်စစ် ပစ္စည်း များကိုကိုယ်စားလှယ်ယူ၍လက်လီလကာရောင်းချပေးပါသည်။
03/09/2023
မိန်းကလေးတစ်ယောက်ရဲ့ ..
အဆင်ပြေပါတယ်ဆိုတဲ့ စကားရဲ့နောက်မှာ
အဆင်မပြေဘူးဆိုပြီး
မပြောချင်တော့တဲ့ အချိန်တွေရှိတယ်
ငါပြောလို့လဲ
ဘာမှ ထူးတော့မှာမှ မဟုတ်တာ
ငါ ပြောပြနေလဲ
လေကုန်တာပဲရှိမှာလေဆိုပြီး
တွေးမိပြီး ...
တစ်ခုခုအဆင်မပြေလို့လားဆိုတဲ့
မေးခွန်းတွေကို
အဆင်ပြေနေတာပဲလေ
ဘာဖြစ်နေလို့လဲဆိုပြီး
ပြုံးပြီး ဖြေတတ်ကြတယ် ။
ဘာမှ မဖြစ်ဘူးဆိုတဲ့ စကားတွေဟာ
တစ်ခါတစ်လေတော့
တကယ့်ကို အလိမ်အညာပါ ။
ငါ အမြဲတမ်းပြောနေရင်
ငါ့ကို ငရစ်ကြီးလို့ ထင်တော့မှာ
ငါ နေရာတကာ လိုက်သ၀န်တိုနေရင်
နားလည်မပေးဘူးဆိုပြီး ထင်တော့မှာဆိုပြီး
လိုက်တွေးနေတတ်တာလေ။
တစ်ခါတစ်လေကျတော့ ...
သူလဲ
စကားတွေ အများကြီးပြောချင်နေတတ်သလို
တစ်ခါတစ်လေကျတော့
သူလဲ ဖြစ်ချင်တာတွေ
အများကြီး ပြောချင်နေတတ်ပါတယ်
ဒါပေမယ့်လေ ...
ငါပြောပြလိုက်ရင်ဆိုတဲ့
အတွေးရဲ့နောက်မှာ
အရာရာက ဆိတ်သုန်းပျောက်ကွယ်သွားတာပါ
ပြီးတော့ ...
အဆင်ပြေတယ်
ဘာမှ မဖြစ်ပါဘူး
ပြီးရင် ...
😊 ဒီ emoji လေးသုံးတတ်တယ်
ဘာမှ မဖြစ်သလို ပြုံးပြတယ် ။
#ကျေးကို
03/09/2023
September အဖွင့်
Snailwish-2️⃣
Sold Out 🎉✨
စိတ်တိုင်းကျ လှပ နိူင်ကြပါစေ အ ❤️တို့ရေ
Thanks🥰
30/08/2023
Today 💐
Sold Out လေး✨
စိတ်တိုင်းကျလှပပြီး၊ ကံထူးရှင် ဖြစ်နိုင်ပါစေ ချစ်မရေ🙏🩷
29/08/2023
မင်း ကို ရွေး ချယ် ခဲ့ ပြီး ပြီ မို့
မင်း ရဲ့ ကောင်း ခြင်း ဆိုး ခြင်း တွေ ကို
ကိုယ် လက် ခံ ပါ့ မယ်
အ မှား နဲ့ မ ကင်း တဲ့ လူ တွေ မို့
မင်း ရဲ့ ကောင်း ကွက် တွေ ချည့် ပဲ
ရွေး လို ချင် လို့ ဘယ် ဖြစ် ပါ့ မ လဲ
မင်း ရဲ့ ဖြစ် တည် မှု တိုင်း ကို
ကိုယ် မြတ် နိုး တန် ဖိုး ထား ပါ တယ်❤️✨
💛🌻
29/08/2023
သာမန် Toner တွေသုံးတာထက်
Exfoliate effect ပါတဲ့ Toner သုံးတာ ဘာကွာလဲဆိုတော့
ဆားဝက်ခြံတွေကို သက်သာစေတယ် 🍋
ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ ဆဲလ်သေတွေကို အတွင်းပိုင်းထိ သန့်စင်
ပေးပီး မျက်နှာလေးကို အစိုဓာတ်အပြည့်နဲ့ ပြောင်တင်း ကြည်ရှင်း ဖြူ
ဝင်း လာစေပါမယ် ✨
စမ်းသုံးကြည့်ဖို့ 50 ml 10000ks လဲ ရှိတယ်နော်
🍏🍎New Skiin Brightening Exfoliation Toner 150ml - 2️⃣0️⃣0️⃣0️⃣0️⃣ks
🍎🍏New Skiin Brightening Exfoliation Toner 50ml - 1️⃣0️⃣0️⃣0️⃣0️⃣ks
📞09-253 225 841/ cb
24/08/2023
ပိုင်ရှင်မရှိတဲ့မြစ်ကို ရှာပါ။
ကိုယ့်အနီးအနားက လမင်းကိုပဲ ဖမ်းပါ။
အန္တရာယ်မရှိနိုင်တဲ့ အိပ်မက်ကိုပဲ မက်ပါ။
မလှည့်စားတတ်တဲ့အရိပ်မှာ ခိုပါ။
ကိုယ့်ကို တကယ်လာစေချင်လို့
ခင်းပေးတဲ့လမ်းကိုပဲ လျှောက်ပါ။
အတင်းလုယက် ဝင်စရာမလိုတဲ့တံခါးကိုပဲ ခေါက်ပါ။
အဆင့်အတန်း မခွဲတဲ့တိမ်ကို ရှာပါ။
ကိုယ့်ကို တကယ်ပြန်ကောင်းစေချင်တာ ကျိန်းသေတဲ့
ရာသီဥတုအောက်မှာပဲ ဖျားနာပါ။
ပြင်းထန်ပေမယ့် မယုတ်မာတဲ့
မုန်တိုင်းမျိုးတွေ့မှပဲ ' လွင့် ' ပါ ။
အကြံအစည်မရှိတဲ့ကြိုးကို ရှာပါ။
ကိုယ့်ကို မျက်နှာမငယ်စေတဲ့ ပြတင်းပေါက်ကနေပဲ ငေးပါ။
ထောင်ချောက် မဆင်ထားတဲ့ပုခုံးကိုပဲ မှီပါ။
အရောင်ခဏခဏမပြောင်းတဲ့
ကောင်းကင်အောက်မှာ နေပါ။
ကိုယ့်ကို တကယ်ကျစ်ကျစ်ပါအောင် ဆုပ်ထားမယ့်
နွယ်မှာပဲ အချည်နှောင်ခံပါ
သက်တောင်းသက်သာ ဖြစ်စေမယ့်နွံမှာပဲ နစ်ပါ ။
လွတ်လွတ်ကင်းကင်းရှိတဲ့ အရိပ်ကိုရှာပါ။
ကိုယ့်ကို ထပ်ပြီးမဖိနှိပ်မယ့် "ဝန် " ကိုပဲထမ်းပါ။
တွေ့သမျှ မြင်သမျှကို လှမ်းမခေါ်တတ်တဲ့
အမိုးအောက်မှာပဲ ခိုပါ ။
အဆိပ်မရှိတဲ့ကြယ်ကို ရှာပါ။
ကိုယ့်ကို တကယ်ဖိတ်ခေါ်တဲ့ တိမ်တွေဆီပဲ သွားပါ။
ပြန်လှည့်ကြည့်စရာမလိုတဲ့ မေတ္တာကိုပဲရွေးပါ ။
မာယာမရှိတဲ့အပင်ကို ရှာပါ။
ကိုယ်လက်လှမ်းမှီတဲ့နေရာက အပွင့်ကိုပဲခူးပါ
နောက်ဆံတင်းစရာမလိုတဲ့ ကြိုးကိုပဲချည်ပါ ။
ပြိုင်ဘက် မရှိတဲ့လှေကို ရှာပါ။
ကိုယ့်ကိုပျော်ရွှင်စေတဲ့ ရာသီဥတုမှာပဲနေပါ
အငြိုးအတေး မကြီးတဲ့ရေကိုပဲ သောက်ပါ ။
အဖော်မရှိတဲ့ ယုန်ကိုရှာပါ။
ကိုယ့်ကို လိုလိုလားလားရှိတဲ့ မြက်ခင်းပြင်ပေါ်မှာပဲ အိပ်ပါ ။
မျက်နှာပူစရာ မလိုတဲ့နံရံကိုပဲ မှီပါ ။
Credit:
24/08/2023
ပေါင်းစပ်ခြင်းက ပိုမိုထူးခြားတဲ့ ရလဒ်ကို ရရှိစေပါတယ် 💧🐌
ညတိုင်း 💧 New Skiin Aqua Luminous Sleeping Cream နဲ့ 🐌 Snail Wish Whitening Cream ကို ပေါင်းစပ်ပြီး လိမ်းပေးမယ်ဆိုရင် မနက်နိုးထလာတာနဲ့ သင့်ရဲ့ အသားအရေလေးဟာ ကြည်လင်လန်းဆန်းလာပြီး အရင်ထပ် ပိုမို ကောင်းမွန်တဲ့ ရလဒ်ကို ရရှိမှာ အသေအချာပဲနော် 😉
💧🐌 Cream နှစ်မျိုးလုံးက အရေပြားဆဲလ်အသစ်ဖြစ်ပေါ်ခြင်းကိုအားပေးပြီး အရေပြားပေါ်ရှိ တင်းတိပ်၊ မှဲ့ခြောက်များကို သက်သာပျောက်ကင်းစေပါတယ်။
💧🐌 အသားအရောင်ကို ဖြူဝင်းလာစေပြီး အသားအရောင်ညီညာလာစေပါတယ်။ ရေဓါတ်ကိုလဲ ပြည့်ဝစွာ ဖြည့်တင်းပေးပါတယ်။
ကိုရီးယား နှင့် မြန်မာ (၂)နိုင်ငံ FDA လက်မှတ် ရရှိထားပြီးဖြစ်လို့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
🤩 အမြို့မြို့အနယ်နယ်ရှိ နီးစပ်ရာ အေးဂျင့်များဆီမှာ လက်လီလက်ကား ဝယ်ယူနိုင်ပါပြီ
Aqua Luminous Sleeping Cream (100 g) တစ်ဘူး - 2️⃣4️⃣0️⃣0️⃣0️⃣ကျပ်
Snail Whitening Cream (50 g) တစ်ဘူး - 3️⃣5️⃣0️⃣0️⃣0️⃣ကျပ်
☎️09-253 225 841/ cb
23/08/2023
ကံထူးရှင် လေးတွေ ဖြစ်ကြပါစေ🙏✨🎉
23/08/2023
ဝမ်းပန်းတသာ
ကြိုဆိုခြင်းမရှိတဲ့ အခမ်းအနားတွေကို ရှောင်ပါ။
လှိုက်လှိုက်လှဲလှဲ
နှုတ်ဆက်ခြင်းမရှိတဲ့ လက်တွေကို မျက်နှာလွှဲပါ။
ဖော်ဖော်ရွေရွေ မရှိတဲ့
အပေါင်းသင်းတွေကြား မသွားပါနှင့်။
အဆင့်အတန်းခွဲတတ်တဲ့
သူငယ်ချင်းတွေကို သံယောဇဉ် ဖြတ်ပါ။
ဝတ်ကျေတန်းကျေ
ဖိတ်ကြားခြင်းတွေကို ဥပေက္ခာပြုပါ။
မျက်နှာလိုက်တဲ့
အသင်းအဖွဲ့တွေထဲ မဝင်ပါနှင့်။
ရင်ထဲကမပါတဲ့
အပြုံးတွေအတွက် မခံစားပါနှင့်။
ဒီလောက်ဆိုရင်
သင် ... အရွယ်တင်နုပျို စိတ်ချမ်းသာမှာ သေချာပါတယ်။
23/08/2023
နူးညံ့ချောမွတ်တဲ့ Baby Skin လေး လူတိုင်းပိုင်ဆိုင်နိုင်ပါပြီ
မျက်နှာအသားအရေက ပျက်စီးကြမ်းတမ်းနေတယ်။ ပျက်စီးနေတဲ့
မျက်နှာအသားအရေကိုလဲ အာဟာရဓါတ်နဲ့ အစိုဓာတ် ထိထိရောက်
ရောက်ပြန်လည်ဖြည့်တင်းပေးချင်တယ်။ အရေပြား ပျက်စီးနေတာ
ကို အမြန်ဆုံးသက်သာပြီး မျက်နှာအသားအရေ ပြန်လည် ကျန်းမာဖို့ဆို ဒီ Product လေး ၂ မျိုးက မရှိမဖြစ်နော်
ဒီ Product (၂) မျိုးကတော့ New Skiin Brightening Exfoliation Toner နဲ့ New Skiin Aqua Luminous Sleeping Cream လေးပါ။
ခြောက်သွေ့ကြမ်းတမ်းနေတဲ့ မျက်နှာအသားအရေကို New Skiin Toner က ချေးချွတ်ပေးပြီး အသားအရေအတွက် အာဟာရဓါတ်ဖြည့်တင်းပေးမယ့် Skin Care များရဲ့ အကျိုးကျေးဇူးကိုလည်း အပြည့်အဝ ရရှိစေပါတယ်။
New Skiin Toner နဲ့ ချေးချွတ်ပြီး Sleeping Cream လေးကို လိမ်းလိုက်မယ်ဆိုရင် အာဟာရဓာတ်နဲ့ အစိုဓါတ်ကို ပြည့်ဝစေကာ သန့်စင်ကျန်းမာသော အသားအရေကို ရရှိလာစေပါတယ်။ Skin Barrier ကို ပြန်လည် တည်ဆောက်ပေးပါတယ်။
ညဘက် မျက်နှာသစ်အပြီး Toner ကို Cotton pad ဖြင့် သင့်တော်တဲ့ ပမာဏထည့်ကာ အသုံးပြုပြီး Sleeping Cream ကို မျက်နှာအနှံ့လိမ်းပြီး နှိပ်နယ်ပေးလိုက်မယ်ဆိုရင် နူးညံ့တဲ့ Baby Skin လေးကို လူတိုင်းပိုင်ဆိုင်နိုင်ပြီပေါ့
New Skiin Brightening Exfoliation Toner (150ml) တစ်ဘူး - 2️⃣0️⃣0️⃣0️⃣0️⃣ကျပ်
Aqua Luminous Sleeping Cream (100 g) တစ်. ဘူး -2️⃣4️⃣0️⃣0️⃣0️⃣ks
☎️09-253 225 841/cb
22/08/2023
September-1️⃣ ရက်နေ့မှ ၍
အောက်ပါဈေးနှုန်းလေးများနဲ့ ပြောင်းလဲ ရောင်းချ ပေးပါတော့မယ် ကာကာတို့ရေ🎉✨🤗❤️🌟
Category
Contact the business
Telephone
Website
Address
General Street
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when Linn Latt Beauty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.