Healthy Weight Loss, Myanmar

Healthy Weight Loss, Myanmar

Share

ကျန်းမာရေးနှင့် ညီညွတ်စွာ ဝိတ်ချလိုသူများအတွက် HWLM ဆရာဝန်များမှ တစ်ဦးချင်းစီ Coach လုပ်ပေးနေပါတယ်..

15/11/2024

Congratulations 👏🎉👏👏💯

ပရိုဂရမ်အစမှ အဆုံး ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိမယ်လို့ ယုံကြည်ပါတယ်..

Healthy Weight Loss Myanmar

29/09/2024

" ဆရာမ Dr.Lily ကို အများကြီးကျေးဇူးတင်ပါတယ်။
ကလေးမွေးပြီး ဝိတ်တွေတက် အရင်လို ပိန်ပိန်ပါးပါးနဲ့ လှလှပပလေးတွေ မဝတ်ရတာကြာတော့ identity ပျောက်ဆုံးနေသလ်ုခံစားနေရတာ အရင် ခန္တာကိုယ် ပြန်ဖြစ်ဖို့ ခရီးက နီးလာပါပြီ။ confidence လည်း ပြန်ရှိလာတယ်။
Diet စပြီး ၂ ပတ်ကစပြီး မျက်နှာမှာ ဖောင်းပြီး အမ်းနေတာတွေ စကျပြီး အသားတွေပါကြည်လင်လာတယ်။
ခန္တာကိုယ်တွေ ခြေထောက်တွေပေါ့ပါးလာပါတယ်။
Carbs နဲ့ sugar ကိုဖြတ်လိုက်တဲ့အခါမှာ gestation diabetes ဖြစ်ချင်သလို ဖြစ်နေတာတွေပါ အရှင်းပျောက် သွားပါတယ်။
စိတ် ရှည်ပြီး သေသေချာချာ ရှင်းရှင်းလင်းလင်းနဲ့ နည်းလမ်းပြပေးတဲ့ ဆရာမ ကို ကျေးဇူးတင်မဆုံးပါဘူးရှင့်။
Having Healthy diet is a journey ဆိုတာလဲ နားလည်သွားတယ်။
Program ထပ် join ပါမယ်နော် ။"

By Ma Hnin Su Htet (Keto Diet 8 weeks program member)

28/09/2024

Congratulations Ma Hnin Su Htet for your achievement 👏🎉👏🎉👏

11/07/2024

ကြိုက်သလောက်စား ဝိတ်မတက်သောများ...........................................................................
HWLMer လေးတို့ရေ နေကောင်းကျန်းမာကြပါရဲ့လားနော်?
စိတ်ဖိစီးတာတွေများလို့ ဝိတ်တွေ တက်နေကြပါပြီလား?
ခုလို မိုးရာသီမှာ သွေးလွန်တုတ်ကွေး၊ ရာသီ တုတ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောတွေလဲ များပြားနေတာမို့

ကျန်းမာရေးနဲ့လဲ ညီညွတ်ပြီး ဘယ်လောက်စားစား ဝိတ်လဲ မတက်အောင် စားလို့ရတဲ့ အစားအစာ ( ၂၁) မျိုးကို မင်မင်က ပြောပြပေးသွားမှာပါ 🥰
၁. ဖရဲသီး ( ရေဓါတ် ပြည့်ဝ၊ ဗီတာမင် စီ)
၂. ပန်းသီး ( အမျှင်ဓါတ်များများ)
၃.ငှက်ပျောသီး ( အစာကြေလွယ်စေသော)
၄.ဘယ်ရီသီး ( ဗီတာမင် စီ၊ ဗီတာမင် ကေ)
၅. သလဲသီး ( အမျှင်ဓါတ်၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်)
၆.ခရမ်းချဉ်သီး ( ဗီတာမင်နှင့် သက်စောင့်ဓါတ်များစွာ)
၇.ဂရိတ်ဖရုသီး ( ဗီတာမင် စီ)
၈.ပင်မှည့်သီး ( ဗီတာမင်နှင့် သက်စောင့်ဓါတ်များစွာ)
၉.ကွေကာအုတ် (ဇင့်ဓါတ်၊ မက်ဂနီဆီယမ်နှင့် သက်စောင့်ဓါတ်များ)
၁၀. ဖရုံသီး ( ဗီတာမင်များစွာ)
၁၁.မုန်လာဥဖြူ ( ဗီတာမင်နှင့် သက်စောင့်ဓါတ်များစွာ)
၁၂.ဂေါ်ဖီစိမ်း ( အမျှင်ဓါတ်နှင့် ရေဓါတ်)
၁၃.ရေမုန်ညင်း ( အမျှင်ဓါတ်နှင့် ရေဓါတ်)
၁၄.ကန်စွန်းရွက် ( ဗီတာမင်နှင့် သက်စောင့်ဓါတ်များစွာ)
၁၅.ငရုတ်ပွ ( ဇီဝဖြစ်ပျက်နှုန်း မြန်စေ)
၁၆.မုန်ညင်းစိမ်း ( ဗီတာမင်နှင့် သက်စောင့်ဓါတ်များစွာ)
၁၇.ပဲသီးတောင့် ( အသားဓါတ်နှင့် အမျှင်ဓါတ်၊ ပိုတက်စီယမ်ဓါတ် များစွာ)
၁၈.တောင်ကြီးပဲ ( အသားဓါတ်နှင့် အမျှင်ဓါတ်များစွာ)
၁၉.ဟင်းနုနွယ်ရွက် ( ပရိုတင်းနှင့် သက်စောင့်ဓါတ်များစွာ)
၂၀. စားတော်ပဲ ( အသားဓါတ်နှင့် ဆားဓါတ်များ)
၂၁.ပေါက်ပေါက်ဆုပ် ( အမျှင်ဓါတ်)

သင့်လျော်ညီညွတ်တာများ စားသောက်နေထိုင်ကြရင်း
ကျန်းမာဘေးကင်း ပေါ့ပါးလန်းဆန်းကြပါစေကြောင်း Healthy Weight Loss, Myanmar မိသားစုမှ အစဉ်မြဲ မေတ္တာပို့သအပ်ပါတယ်။
👩‍⚕️Dr.May
Weight Management Coach
HWLM

15/05/2024

သတ္တုဓာတ်(Minerals )၊ သက်စောင့်ဓာတ် (Vitamins) စတာတွေဟာ ခန္ဓာကိုယ်အတွက် ဘာကြောင့်လိုအပ်တာလဲ?🙄🙄🙄

✅သတ္တုဓာတ်(Minerals )၊ သက်စောင့်ဓာတ် (Vitamins) တွေဟာ ခန္ဓာကိုယ်မှ ရောဂါပိုးများတိုက်ခိုက်ရာတွင် ကူညီပေးခြင်း၊ အနာကျက်မြန်ခြင်း၊ အရိုးများသန်မာခြင်း နှင့် ဟော်မုန်းများ ထိန်းညှိပေးခြင်းများကို အဓိကပြုလုပ်ပေးပါသည်။

‼️သတိထားရမည့်အချက်မှာ သတ္တုဓာတ်(Minerals )၊ သက်စောင့်ဓာတ် (Vitamins) များ များစွာစားသုံးမိလျှင် ခန္ဓာကိုယ်အတွက် ဆိုးကျိုးများလည်းရရှိနိုင်ပါသည်။
Healthy Weight Loss, Myanmar

26/04/2024

ကျန်းမာမယ် လှပမယ် တသက်တာအတွက် အလေ့ကျင့်ကောင်းတွေ ရသွားမယ် 😍😍
Healthy Weight Loss, Myanmar ကို ယုံယုံကြည်ကြည် လက်တွဲပြီး ကြိုးစားပါဝင်ရင်း ကျန်းမာလှပပျော်ရွှင်သော အနာဂတ်ကို ထိန်းသိမ်းကြပါစို့

25/04/2024

Congratulations Ma Pont Pont!🥳🥳🥳

21/04/2024

သကြားပါဝင်မှုများတဲ့ အစားအစာနဲ့ အချိုရည်များကို ပုံမှန်စားသုံးနေပါက " အဝလွန်ခြင်းနှင့် သွား ပျက်စီးခြင်းများ" ကို ခံစားရနိုင်ပါတယ်..

Healthy Weight Loss, Myanmar

09/04/2024

အဖြေမှန်။ ။ (၂) Oatmeal

Oatmeal တစ်ခါပြင်(one serving) တွင် Dietary fiber ၃ ဂရမ် ပါဝင်ပြီး ပေါင်မုန့်ဖြူ တချပ်တွင် ဝ.၈ ဂရမ်သာပါဝင်ပါသည်။ ဝိတ်ချချင်သူများအတွက် Dietary fiber များသော အစားအစာများကိုရွေးချယ်ရမည်ဖြစ်ပြီး ပေါင်မုန့်ဖြူထက် oatmeal က ပို၍ သင့်တော်ပါသည်။

ဖြေမှန်ကို ရွေးချယ်ကြရအောင်...😍

အောက်တွင် ဖော်ပြထားသော အစားအစာမှ အမျှင်ဓာတ် (dietary fiber) များတဲ့အစားအစာကို ရွေးချယ်ပါ။

❓၁။ ပေါင်မုန့်ဖြူ
❓၂။ Oat meal

အဖြေမှန်ကို ၉-၄-၂၄ မှာ ဖော်ပြပေးမှာဖြစ်ပါတယ်.. ကြိုးစားဖြေဆိုကြဖို့ ဖိတ်ခေါ်ပါတယ်..💪

Healthy Weight Loss, Myanmar

08/04/2024

𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 ပါ မ 𝐌𝐚𝐲 𝐓𝐡𝐮 𝐇𝐚𝐧 𝐎𝐨 ရေ 🎊🎊🎊🎊

HWLM ရဲ့ 8 weeks Keto Diet Program မှာ ပါဝင်ပြီး ၃၉ ပေါင်ထိချနိုင်ခဲ့တာ အံ့မခန်းကြိုးစားမှုပါဘဲ..😍

၈ ပတ်မှာ ၃၉ ပေါင်ချနိုင်ခဲ့တော့ HWLM ရဲ့ highest weight loss record ဖြစ်သွားပါတယ်..🥇🥇🥇

ခုလို Coach စကားကိုသေချာနားထောင်ပြီး ကြိုးစားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..💪💪💪

✅ဆရာဝန် Coach များနဲ့ တစ်ဦးချင်းစီ ဝိတ်ချချင်သူများလည်း HWLM ရဲ့ messenger မှာ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်..

Healthy Weight Loss, Myanmar

07/04/2024

ဖြေမှန်ကို ရွေးချယ်ကြရအောင်...😍

အောက်တွင် ဖော်ပြထားသော အစားအစာမှ အမျှင်ဓာတ် (dietary fiber) များတဲ့အစားအစာကို ရွေးချယ်ပါ။

❓၁။ ပေါင်မုန့်ဖြူ
❓၂။ Oat meal

အဖြေမှန်ကို ၉-၄-၂၄ မှာ ဖော်ပြပေးမှာဖြစ်ပါတယ်.. ကြိုးစားဖြေဆိုကြဖို့ ဖိတ်ခေါ်ပါတယ်..💪

Healthy Weight Loss, Myanmar

Photos from Healthy Weight Loss, Myanmar's post 05/04/2024

Congratulations Ma Yuki Moe 🎊🎊🎉🎉

Healthy Weight Loss, Myanmar

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00