COZ Unique Taste
စိတ်ပျို ကိုယ်နု ကျန်းမာဖို့ COZ လေးသောက်ကြစို့....
15/10/2022
💥 "ဂျင်းရေနွေး၏အကျိုးကျေးဇူးများ"💥
ဂျင်းမှာ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယမ်၊ ကော့ပါးသတ္တုတွေပါဝင်တာကြောင့် နေ့စဉ်မရှိမဖြစ် လိုအပ်တဲ့ဓာတ်စာတစ်ခုလည်းဖြစ်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်း ရေနွေးထဲ ဂျင်းထည့်ပြီးသောက်ပေးလိုက်ရင် ရရှိလာမယ့် အံ့မခန်း အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်..။
၁။မူးမော်ခြင်းကို ကင်းဝေးစေတယ်။
---------------------------------------
သတ္တုဓာတ်နဲ့ဗီတာမင်တွေကြွယ်ဝစွာပါဝင်တာကြောင့် မူးမော်ခြင်းတွေ၊ ခေါင်းနောက်တာတွေကို ကင်းဝေးစေပါတယ်။ ဂျင်းကို ဆေးအဖြစ်နဲ့ သုံးစွဲလာတဲ့ ခေတ်အဆက်ဆက်မှတ်တမ်းတွေအရ ခေါင်းမူးတာတွေ၊ အန်ချင်တာတွေကို သက်သာပျောက်ကင်းစေတာပြီး ကိုယ်ဝန်ဆောင်တွေမှာဖြစ်တတ်တဲ့ ပျို့အန်တာတွေကို သက်သာစေမှာပါ။
၂။ ဝိတ်ကျစေတယ်။
-----------------------
သင်ဟာ ဝိတ်ကျချင်တဲ့သူတစ်ယောက်ဆိုရင်တော့ ဂျင်းရေနွေးကိုသောက်ပေးသင့်ပါတယ်။ တစ်ဖက်ကလေ့ကျင့်ခန်းလည်းလုပ်ရင်း တစ်ဖက်က ဂျင်းရေနွေးကိုသောက်ပေးမယ်ဆိုရင် သိသိသာသာကို အချိန်ခဏလေးအတွင်းမှာ ဝိတ်ကျသွားမှာပါ။ ညအိပ်ရာဝင်ခါနီးမှ မဟုတ်ပဲ ထမင်းစားပြီးတိုင်း ဂျင်းရေနွေးကိုသောက်ပေးနိုင်ရင်လည်း အရမ်းကောင်းပါတယ်နော်။
၃။ ကိုက်ခဲတာတွေကိုပျောက်ကင်းစေပါတယ်။
--------------------------------------------------
ဓမ္မတာလာစဉ် ကိုက်ခဲတတ်တဲ့ ပျိုမေတွေအတွက် သတင်းကောင်းပါပဲ။ ဂျင်းထဲမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဟာဆိုရင် ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာတွေကို သက်သာပျောက်ကင်းစေပါတယ်။ အကိုက်အခဲပျောက်ဆေးတွေသောက်တာထက် ဂျင်းရေနွေးကိုသောက်ပေးတာ ပိုပြီးကောင်းပါတယ်။
၎။ သွေးတွင်းသကြားဓါတ်ကိုထိန်းပေးပါတယ်။
----------------------------------------------------
ဂျင်းရေနွေးဟာဆိုရင် သွေးတွင်းသကြားဓာတ်ကို ညီအောင် ထိန်းပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်လျော့နည်းခဲ့ရင် အိပ်မပျော်တာတွေ၊ ရေအမြဲငတ်နေတာတွေနဲ့ စိတ်မတည်မငြိမ်ဖြစ်စေနိုင်ပြီး ဂျင်းရေနွေးသောက်ခြင်းဖြင့် ဒီအရာတွေကို မျှတစေမှာပါ။
၅။ ခေါင်းကိုက်တာတွေပျောက်ကင်းစေတယ်။
--------------------------------------------------
ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေ၊ မကြာခဏခေါင်းကိုက်တတ်တဲ့သူတွေအတွက် ဂျင်းရေနွေးဟာဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ ဆေးသောက်ရမှာမကြိုက်တဲ့သူတွေအတွက်တော့ ဂျင်းရေနွေးဟာ ခေါင်းကိုက်ပျောက်စေတဲ့သ ဘာဝဆေးကောင်းတစ်လက်ပါပဲနော်။
03/09/2022
သံပုရာသီးကပေးတဲ့ ကျန်းမာရေး
ဖျော်ပဲသောက်သောက်၊ အသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါးတွေထဲကိုပဲ ညှစ်ထည့်ပြီးစားစား စားရတာ ချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းတဲ့ သံပုရာသီးက ဘယ်လို ကျန်းမာရေး အကျိုးအာနိသင်တေါများရှိလဲဆိုတာကို ကြည့်လိုက်ရအောင်လား…………..
သံပုရာသီးမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ………
အချဉ်အရသာရှိတဲ့ သံပုရာသီးလေးမှာ
ကယ်လ်လိုရီ
ကာဗိုဟိုက်ဒရိတ်
ပရိုတင်း
အဆီ
အမျှင်ဓာတ်
ဗီတာမင် C
သံဓာတ်
ကယ်လ်ဆီယမ်
ဗီတာမင် B6
Thiamine
ပိုတက်ဆီယမ်
niacin
folate
phosphorus
riboflavin
မဂ္ဂနီဆီယမ် တို့ ပါဝင်ပါတယ်။
သံပုရာသီးကပေးတဲ့ ကျန်းမာရေး
ချဉ်ပြီး ခံတွင်းရှင်းစေတဲ့ သံပုရာသီးလေးက
ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်
ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ များပြားတာက ဆဲလ်တွေကို ပျက်စီးစေနိုင်သလို နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
သံပုရာသီးမှာတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကဆဲလ်တွေကိုတင် ကာကွယ်ပေးတာမဟုတ်ဘဲ နာတာရှည်ရောဂါတွေ မဖြစ်အောင်ပါ ကာကွယ်ပေးမှာပါ။
ကိုယ်ခံအား ကောင်းစေနိုင်တယ်
သံပုရသီးမှာ ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် C က သွေးဖြူဥဆဲလ် ထွက်ရှိမှုကို တိုးစေဖို့ ကူညီပေးပြီး ခန္ဓာကိုယ်ကို ရောဂါပိုးတွေ ဝင်ရောက် ကူးစက်တာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။
ဗီတာမင် C က အနာကျက်မြန်စေသလို ရောင်ရမ်းမှုကို သက်သာစေပြီး ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်စေသလို ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။
အရေပြား ကျန်းမာစေနိုင်တယ်
သံပုရာသီးက အသားအရေကို ကျန်းမာလှပစေဖို့ အကောင်းဆုံးအားဖြည့်ပေးပါတယ်။ ဗီတာမင် C ပါဝင်သလို ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်ပေးပါတယ်။ အရေးအကြောင်းဖြစ်တာကို လျော့ပါးစေပြီး အသားအရေခြောက်သွေ့မှုကင်းပြီး အရေပြားပြဿနာ ကင်းစေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။
နှလုံးရောဂါ ကာကွယ်ပေးတယ်
နှလုံးရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုအမြင့်ဆုံးရောဂါတစ်ခုပါ။ ဒီပြဿနာကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီးကို စားပေးလို့ရပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးကြောတွေထဲမှာ အဆီတွေ စုပုံတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပေးတယ်
သံပုရာသီးက ကျောက်ကပ် ကျောက်ကပ်မတည်အောင် ကာကွယ်ပေးပါတယ်။ သံပုရာသီးမှာပါတဲ့ citric acid ကကျောက်ကပ် ကျောက်မတည်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။
သံဓာတ်စုပ်ယူမှုကို မြှင့်တင်ပေးတယ်
သံဓာတ်က သွေးနီဥဆဲလ်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးသလို ခန္ဓာကိုယ်ကို အောက်ဆီဂျင် ထောက်ပံ့တာကို အားဖြည့်ပေးပါတယ်။ ကိုယ်တွင်းမှာ သံဓာတ်နည်းမယ်ဆိုရင် ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူရခက်တာမျိုးတွေ ခံစားရနိုင်သလို ဆံသား နဲ့ အသားအရေတွေ ခြောက်သွေ့ပါတယ်။
ဗီတာမင် C ကတော့ ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူမှုကောင်းစေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ကင်ဆာအချို့ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
ကင်ဆာရောဂါကို ကာကွယ်ချင်တယ်ဆိုရင် သံပုရာသီးလိုမျိုး ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးသင့်ပါတယ်။ လေ့လာမှုတွေအရ သံပုရာသီးက ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးသလို၊ ကင်ဆာဆဲလ်တွေ ကြီးထွားမလာအောင် ဟန့်တားပေးနိုင်ပါတယ်။
လေ့လာမှုအရ သံပုရာသီးက အူမကြီးကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ ရင်သားကင်ဆာ တို့ကို ကာကွယ်ပေးနိုင်တယ်၊ လို့တွေ့ရှိ ခဲ့ရပါတယ်။
Credit # Helloဆရာ၀န်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon