Flash Liquid Soap
Liquid Soap (ဘက်စုံသုံးဆပ်ပြာဆီ)
04/06/2023
ကားငှားသွားပြိး 3လကျော် 4လပြည့်နေပြိ လုံးဝကိုအဆက်သွယ်လုပ်မရတော့လို့
အောက်ကပုံပါအမျိူးသမီး မဟေမန်းနှင်း
တစ်ဆွေတစ်မျိူးလုံး မိသားစုလိုက်လူလိမ်လို့သိရပါတယ်
VIBER ကဆက်သွယ်လဲ Block တယ် ဖုန်းဆက်လဲ Block ထားတယ်
လိုင်းပေါ်တင်တော့မှာလာပြိးချိမ်းခြောက်တယ်
တစ်ပါတ်အတွင်းလာပို့မယ်ပြောပြိး အမျိူးမျိူးလိမ်လည်နေပြိး ခုထိကားပြန်လာမပေးသေးပါ
ခုကျတော့ သူတို့အဖွဲ့က တစ်ယောက်က ကားကပေါင်ထားတယ် အုံနာဘုတ် နဲ့ သိန်း 40 ပေးမှ ပြန်ရွေးရမယ်ပြောပြိး ငွေညစ် ခြိမ်းခြောက်နေပါတယ်
သူတို့အပိုင် သက်ဆိုင်ရာရဲစခန်းတွေကိုအကြောင်းကြားအသိပေးထားပေးမဲ့ခုထိမထူးသေးပါဘူး 😔
သူခိုးလူလိမ်မိသားစုရဲ့ ဖုန်းအသံဖိုင်တွေကအစရှီတယ်
ပုံပါ အမျိူးသမီးနှင့်အပေါင်းအပါအား ကားငှားထား တဲ့သူတွေလဲ ခုကထဲ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာကားပျောက်အမူဖွင့်လိုက်ပါတော့ အမူသွားဖွင့်ထားလိုက်တော့
ကားဝယ်ထားမီတယ်ဆိုရင်လဲ ကညန မှာအုတ်နာဘုတ်တွေသွားစစ်သင့်ပါတယ်
ဝယ်ရောင်းတွေ လဲ ရောင်းမှားဝယ်မှားဖြစ်မှာမို့ ရှောင်ရှားပြိး တွေ့ရှီပါကလဲ အကြောင်းကြားပေးပါ ကျေးဇူးဆပ်ပါမယ် ခင်ဗျား
ကားလာပြန်အပ်မှ ပိုစ့်ဖြုတ်ပေးမည် ။
16/08/2022
13/02/2022
** တစ်ကိုယ်ရည် သန့်ရှင်းရေး **
11/02/2022
** ကလေးတွေမှာ အိုမီခရွန်ဖြစ်ရင် စောင့်ကြည့်သင့်တဲ့ နီ ၊ ဝါ ၊ စိမ်း လက္ခဏာများ **
10/02/2022
ဘာကြောင့် ထိုင်းမှာ ဆေးသွားကုကြသလဲ
#မြန်မာနိုင်ငံကဆေးရုံတွေရဲ့
#အမှန်တရားကို
#ထောက်ပြချင်လို့ပြောပြတယ်
မြန်မာပြည်က
ပုဂ္ဂလိက
ဆေးရုံတွေက
ဆရာ၀န်စမ်းသပ်ခ
နေ့စဉ်ကြည့်ရှုခ
ဆေးဖိုး
ICUအခန်းက
ခွဲစိတ်ခ အခန်းခ
အရာအားလုံး အားလုံး
လှုပ်လိုက်တာမှန်သမျှ
အရမ်းရမ်း စျေးကြီးတယ်
မြန်မာပြည်မှာက
ဆရာဝန်တစ်ယောက်
နာမည်ကြီးရင်
ဘွဲ့ခြင်းတူလဲ
နောက်ဆရာဝန်ကို
မပြမကုသကြဘူး
ထုံစံလိုဖြစ်နေတယ်
တိုကင်ယူရတယ်
သူတို့လာချင်တဲ့
အချိန်လာတယ်
သူတို့ကို
မျက်နှာငယ်နဲ့
စောင့်ရတယ်
ဆရာဝန်တွေကလဲ
ဘဝင်ကခပ်မြင့်မြင့်
ခပ်ချေချေ
ဟောက်ငေါက်ပြီး
ခြောက်စားလုပ်နေကြတော့
ဆေးရုံပိုင်ရှင်နဲ့
ဆရာဝန်တွေ
ပူးပေါင်းပြီး
ထင်တိုင်းကျဲ
ချမ်းသာပြီချမ်းသာ
ဆေးရုံတွေပဲ
ထပ်ချဲ့ပြီးချဲ့
တိုးပြီးရင်တိုးပြီး
ဆေးရုံးအခန်းက
နာမည်ကြီးရင်ကြီးသလို
နေ့တိုင်းပြည့်နေပြီး
စျေးကလည်းကြီးသည်
ဘာservicမှ
အခမဲ့မရသလို
ဟိုတယ်လုပ်ငန်းထက်
အခန်းငှားခကပို၍
အမြတ်စွန်းများပြီး
တွက်ချေလည်း
အလွန်ကိုက်သည်
လူနာရှင်တို့ငွေလဲကုန်
သူတို့ကိုလဲကြောက်ပြီး
ကုသနေရတယ်
# # # # # # # # # #
မြန်မာပြည်က
ပုဂ္ဂလိကဆေးရုံလို့တော့
ပြောတာပဲ
မြန်မာပြည်က
သမားတော်လို့တော့
ပြောတာပဲ
မြန်မာပြည်က
အကောင်းဆုံး
ဆေးရုံလို့တော့
ပြောကြတာပဲ
အဲဒီဆေးရုံက
ဆရာဝန်
အရမ်းတော်ကြတယ်လို့
ပြောကြတာပဲ
ကျတော်အစက
အဖေရဲ့ရောဂါကို
မြန်မာပြည်မှာကုသဖို့
စဉ်းစားဖူးတယ်
ကုလဲကုခဲ့ဖူးတယ်
အကြိမ်ပေါင်းမရေတွက်အောင်
ဆေးရုံမှာသွားကုခိုင်းဖူးတယ်
အဖေကတီဘီဆေး
ကိုးလသောက်ဖူးတယ်
လည်ပင်းမှာ
အကျိတ်ကထွက်တယ်
ကျောက်ကပ်မှာ
ကျောက်တည်တယ်
အစိုးရဆေးရုံလဲပြသတယ်
လည်ပင်းကအကျိတ်ကိုခွဲတယ်
မကြာဘူး
နောက်တစ်နေရာထပ်ထွက်တယ်
ကိုယ်ကလဲစိုးရိမ်လို့
ရန်ကုန်လာစေပြီး
အကောင်းဆုံး
ပုဂ္ဂလိကဆေးရုံပြတယ်
အဲဒီပြတဲ့နေ့မှာ
ဆရာဝန်နဲ့တွေ့ရဖို့
အချိန်နှစ်နာရီမကစောင့်ရတယ်
မနေနိင်လို့ information က
သူနာပြုကိုမေးတယ်
မကြည်မသာမျက်နာနဲ့
နံပါတ်မရောက်သေးတဲ့
အကြောင်းပြောတယ်
ကိုယ့်အလှည့်ရောက်တော့
အဲဒီဆရာဝန်အခန်းထဲ
အဖေနဲ့လိုက်ဝင်တယ်
သမားတော်ကြီးဆိုတဲ့ဆရာဝန်
အဖေအခြေနေဖိုင်ကိုစစ်
ဟိုမေးဒီမေးနဲ့
နောက်တစ်ပါတ်ချိန်းတယ်
(စကားပြောတာ
၅ မိနစ်တောင်ကြာမယ်မထင်ဘူး)
ကိုယ်ကအဖေနဲ့
နယ်ကလာတဲ့အကြောင်း
ကျတော်ကိုယ်တိုင်လဲ
အလုပ်ကိစ္စရှိလို့
မနက်ဖြန်ချိန်းဖို့တောင်းဆိုတယ်
မရဘူးဆိုတော့ မတတ်နိင်ဘူး
အလုပ်ခွင့်ထပ်ယူလိုက်ရတယ်
နောက်ပတ်ရက်ချိန်းမှာ
အဖေကိုဓာတ်မှန်တွေရိုက် သွေးစစ်နဲ့ အဖေလည်ပင်းက
အကျိတ်ကို မနက်ဖြန်ခွဲမယ်ဆိုပြီး နောက်နေ့ချိန်းပါတယ်
အကျိတ်ခွဲပြီးလို့
အဖေကျောက်ကပ်
အခြေနေကိုစစ်တယ်
ကျောက်ကပ်မကောင်းဘူး
လဲရင်လဲ မလဲရင် ခွဲဖို့ပြောတယ်
အဆိုးဆုံးက
ခန့်မှန်းသလောက်
အဖေဆီးအိမ်ကင်ဆာ
ဖြစ်နိင်တယ်လို့ဆိုတယ်
ကျတော်ကလဲ
အဖေအကျိတ်ခွဲထားတာ
ရက်ပိုင်းပဲမို့
တစ်ပါတ်လောက်အနားယူပြီးမှ
အူလမ်းကျောင်းမခွဲလိုသေးတဲ့အကြောင်းပြောတော့
"မင်းကဆရာဝန်လား
ငါကဆရာဝန်လား" ဆိုပြီး
ပြောလေရော
US ကကျတော့်သူငယ်ချင်း
ဆရာဝန်က အဖေရဲ့ ct
အဖြေလွှာကိုကြည့်ချင်လို့
ပြောထားတော့
ကျတော်အဲဒီဆရာဝန်ဝန်ကို
အဖေရဲ့ ct တောင်းတော့ပိုဆိုး
မျက်ထောင့်နီနဲ့
မဟောက်ရုံတမယ်
ထားလိုက် သည်းခံလိုက်တယ်
ကုန်ကျမူ့တော့
စုစုပေါင်း ၈ သိန်းကျော်
ကျောက်ကပ်မကုရသေးဘူး
ခွဲထားတဲ့အကျိတ်
သန့်ရှင်းရေးလုပ်ဖို့
အဖေကိုလာပို့တယ်
သူနာပြုအခန်းရှေ့မှာ
ဝါဂွင်းအသစ်သွင်းနေတာ
မြင်ရပေမယ့်
ဦးလေးနာလား မနာဘူးလား
တချက်မှမမေး
တာဝန္တခုလို
ဂွမ်းတွေသွင်းနေတာ
သက်မဲ့ကျောက်ရုပ်အတိုင်း
ပြီးလဲပီးရော
သူနာပြုမလေးက
ထွက်လို့ရပြီဆိုတဲ့
စကားတခွန်းပဲပြောတယ်
ကိုယ်တိုင်မြင်နေရတော့
စိတ်ထဲမကောင်း
တပတ်လောက်ကြာတော့
အေဖကို
ကျောက်ကပ်ကိစ္စ
ဖုန်းဆက်လာတယ်
အဖေလည်ပင်းက
အကျိတ်ကလဲရောင်နေတုန်း
ကျတော်စဉ်းစားရပြီ
အဲဒါနဲ့
ရှမ်းပြည်တချက်
ပြန်လာတဲ့အကြောင်းပဲ
ပြောလိုက်တယ်
ကျတော်
အဖေနဲ့အတူ
ဘန်ကောက်လေယာဉ်
လက်မှတ်ဖြတ်လိုက်တယ်
Silon မှာနေတဲ့မိတ်ဆွေအကူညီနဲ့
အနီးနားဆုံး
ဆေးရုံး Chulalongkorn hospital (အစိုးရဆေးရုံ )အဖေကိုခေါ်သွားတယ်
Passport ပြပြီး
ဆေးရုံကဒ်လုပ်တယ်
ကဒ်ရဖို့စောင့်ယူနေတဲ့ချိန်
သူနာပြုတွေကဝှီးချဲနဲ့အဖေကို
သွေးစစ်ဖို့ ဆီးစစ်ဖို့
လေးထပ်မှာရှိနေမယ့်အကြောင်း
ကျတော်ကဒ်ရလို့
လိုက်သွားတော့
အဖေကဆေးရုံဝတ်စုံနဲ့
ဝှီးချဲပေါ်ကနေ သွေးနဲ့ ဆီးတောင်
စစ်ပြီးလို့ စောင့်နေပြီ
၃၀ မိနစ်လောက်ကြာတော့
ကျတော့်နာမည်နဲ့
အဖေနာမည်ခေါ်ပြီး
ဆရာဝန်အခန်းဝင်ရတယ်
ဝင်ဝင်ချင်း
ဆဝဒ်ဒီခပ် (မင်္ဂလာပါ) ဆိုပြီး
အရိုသေဆုံးရှိခိုးပြီးပြုံးပြုံးလေးနှုတ်ဆက်တယ်
ခုနကစစ်ထားတဲ့
သွေးနဲ့ဆီးအဖြေက
ဆရာဝန် computer ထဲ
online system နဲ့အသင့်ရှိနေပြီ
ကျတော်ကလဲ
အဖေလည်ပင်းကအကျိတ်အခြေနေပြောတယ် ပထမအကျိတ်နေရာက အသားမာ နဲ့ အမာရွက်ဖြစ်နေသလို
ရန်ကုန်က
ခွဲထားတဲ့အကျိတ်နေရာမှာလဲ
တစ်လက်မဝန်းကျင် မကျက်တကျက်
ဆရာဝန်ကစစ်ကြည့်ဖို့
သူနာပြုခေါ်လိုက်ပြီး
(၁၄) ထပ်ပို့ပေးတယ်
အဲဒီမှာ
နောက်တယောက်ဆရာဝန်က
ရန်ကုန်ကဆေးစာရွက်တောင်းတော့
ရန်ကုန်ကဆရာဝန်က
မပေးလာတဲ့အကြောင်း
ကိုယ့်ဖာသာလာကုတဲ့
အကြောင်းပြောတော့ ရပါတယ်တဲ့
အဲဒါနဲ့
အဖေလည်မင်းကို scan ရိုက် သေသေချာချာပြန်စစ်ပြီး
အကျိတ်ထပ်ခွဲဖို့ပြင်ဆင်တယ်
ရန်ကုန်ကခွဲလာတဲ့နေရာနဲ့
နောက်အဖုထွက်လာဆဲနေရာ
၂ နေရာခွဲတယ်
အသစ်ခွဲပေးတဲ့နေရာက
4cm လောက်ပါပဲ
အဟောင်းနေရာမှာတော့ ခွဲထားတာအမြစ်မကုန်သေးတဲ့အကြောင်း
ပြောတယ် ကြာချိန်
တစ်နာရီ မပြည့်ပါဘူး
ကျောက်ကပ်ဆရာဝန်ဆီ
သူနာပြုပြန်လာပို့တယ်
အေဖကို
ဒီညဒီမှာထားပေးလို့ရလားမေးတယ်
ဘာလို့လဲဆိုတော့
မနက်ဖြန် ၉ နာရီမှာ
အဖေကျောက်ကပ်နဲ့အူလမ်းကြောင်းအတွက် 😷
အစားစာ ၁၂ နာရီ
ထိန်းချုပ်ရမယ်ဆိုတော့
အဖေကိုဆေးရုံမှာပဲ
အခန်းတစ်ခန်းစီစဉ်ပေးလိုက်တယ်
နောက်နေ့
ကျတော် ဆယ်နာရီခွဲ
ဆေးရုံရောက်တော့
အဖေက xray တောင်ပြီးနေပြီ
သူတို့ဆရာဝန်
သုံးလေးယောက်ထင်တယ်
အချင်းချင်းတိုင်ပင်ပြီး
ကျောက်ကို လေဆာနဲ့ပစ်ဖို့
ကျတော့်ကိုပြောတယ်
စောင့်ချင်ရင်ရသလို
ကိစ္စရှိမယ်ဆိုရင်လဲ
ညနေ ၅ နာရီအဖေကို
လာကြိုပေးနိုင်တဲ့ပြောတယ်
ကျတော်လဲ
စောင့်နိင်တဲ့အကြောင်း ပြောပြီး
အဖေအတွက်ယူထားတဲ့အခန်းမှာအနားယူနေလိုက်တယ်
၅ နာရီထိုးတော့
သူနာပြုလာခေါ်ပြီး
ကုန်ကျမူ့အတွက်
အဖေအတွက်လိုအပ်မယ့်
သောက်ဆေးအတွက်စီစဉ်ပြီး
ဆရာဝန်ကိုနှုတ်ဆက်တယ်
မနက်ဖြန်
အဖေလည်ပင်းတချက်
သန့်ရှင်းရေးလာလုပ်ပေးပြီးရင်
မြန်မာပြည်ပြန်လို့ရပြီဆိုပြီး
ဆရာဝန်
ပြုံးပြုံးချိုချိုနဲ့နှုတ်ဆက်တယ်
နောက်နေ့
အဖေလည်ပင်းက
ခွဲထားတဲ့အနာကို
သန့်ရှင်းရေးလုပ်ဖို့သွားပို့တယ်
သူနာပြုတစ်ယောက်က
ချက်ချင်းကြိုဆိုတယ်
အနွေးထွေးဆုံးနဲ့
ဂရုတစိုက်ပြုံးပြပြီး
သန့်ရှင်းရေးလုပ်ပေးနေတာ
သမီးတေယာက္က
ကိုယ့်အဖေကို
ပြုစုနေတဲ့အတိုင်းပါ
ကုန်ကျမူ့စုစုပေါင်း
အဖေအတွက်လူနာကဒ် 50 baht
သွေးစစ် ဆီးစစ် 350 baht
အကျိတ်ခွဲ 300×2=700 baht
အကျိတ်သန့်ရှင်းရေး 2 time 100 baht
ကိုယ်တိုင်သန့်ရှင်းဖို့
ဂွမ်းအရက်ပြန် ပါတ်တီး 150 baht
ဆေးရုံမှာအဖေအိပ်ခ
VIP room 1,500 baht
အမ်ထရာဆောင်းရိုက်ခ 1300 baht
ကျောက်လေဆာပစ် 3,200 baht
တစ်လစာသောက်ဆေး 850 baht
Service 300 baht
Total 8,200
မြန်မာကျပ်ငွေနဲ့
သုံးသိန်းခွဲတောင်မကုန်
လေယာဉ်ခနဲ့အပါ ၅ သိန်းထားလိုက်
အပြန်လေဆိပ်မှာ
အတူပြန်တဲ့သူကိုသတိထားတော့
ထက်ဝက်လောက်က
သက်လက်ပိုင်းအရွယ်
ထက်ဝက်လောက်က
ဆေးလာကုကြတဲ့သူတွေ
စကားကြုံလို့
ဘေးနားကအန်တီနဲ့
စကားပြောကြည့်တယ်
ရန်ကုန်ပုဂ္ဂလိဂဆေးရုံမှာ
နှလုံးကုတာ တစ်နစ်ကျော်ကြာခဲ့ပြီ
သိန်းရာနဲ့ချီကုန်ခဲ့ပြီ မထူးလို့ဆိုပြီး
ထိုင်းမှာလာကုတာ
baht 40000 ကျော်ပဲ
ကုန်တယ်ပြောတယ်
မြန်မာငွေနဲ့တွက်နဲ့
ဆယ်သိန်းနဲနဲပဲကျော်တယ်
မြန်မာပြည်က
ဆရာဝန်တွေကအကျိတ် သိုမဟုတ် တစ်ခုခုခွဲရင်
အမာရွတ်ကျန်နေအောင်
ရုပ်ဆိုးအကျည်းတန်အောင်
ဖြစ်သလိုခွဲတယ်
ထိုင်းကဆရာဝန်က
တစ်ခုခုခွဲစိတ်ရင်
အတတ်နိင်ဆုံးအမာရွက်
မကျန်အောင် ခွဲတယ်
မြန်မာပြည်က
ကျောက်ကပ်အတွက်ခွဲဖို့ပြောတယ်
(အဲဒါတစ်လလောက်သောင်တင်နေရအုံးမယ်)
ထိုင်းကဆရာဝန်က
ကျောက်ကိုလေဆာနဲ့ပစ်တယ်
သုံးနာရီကြာတယ်
မြန်မာပြည်က
အတော်ဆုံးလို့
သူ့ကိုယ်သူမှတ်ယူထားတဲ့
သမားတော်ဆိုသူက
ကျတော့်အဖေကို
ကင်ဆာဖြစ်နိင်တဲ့အလားလာ
တွေ့နေတယ်ဆိုပြီး
ထွက်ချက်ဆိုတယ်
ထိုင်းကဆရာဝန်က
ကျတော့်အဖေကို
အကုန်စစ်ကြည့်လို့
သူတို့ lab မှာသုံးနာရီထဲနဲ့
ကျတော့်အဖေမှာကင်ဆာ
မဖြစ်ဘူးဆိုတာ
အာမခံချက်နဲ့ ပြောတယ်
မြန်မာပြည်ကဆရာဝန်က
ရောဂါကိုဘယ်လိုကုရမယ်ဆိုတာ
သူတယောက်တည်းဆုံးဖြတ်တယ်
လူနာရှင်ဖက်က
သိချင်လို့မေးခဲ့ရင်
ဟောက်တယ်
ထိုင်းကဆရာဝန်တွေက
ချက်ချင်းရောဂါကို
အမြန်ဆုံးရနိင်သလောက်
ရအောင်ရှာတယ်
သူတို့အချင်းချင်းတိုင်ပင်တယ်
သူတို့ကိုယ်တိုင်သေချာ
အဖြေမရှာနိင်ရင်
တစ်ခြားဆေးရုံက
ဆရာဝန်ဖြစ်ဖြစ်
အကြံညဏ်ချက်ချင်းယူတယ်
လူနာရှင်ကို
ရိုသေလေးစားစွာနဲ့
အားပေးတယ်
ဖော်ဖော်ရွေရွေပြုံး ပြတယ်
မြန်မာပြည်က
သူနာပြုက လူနာကို
မျက်နာတည်တည်နဲ့
မေးထူးခေါ်ပြောလောက်ပဲ
ဆက်ဆံတယ်
ထိုင်းကသူနာပြုက
လူနာကိုကိုယ့်ကျေးဇူးရှင်လို
စေတနာပါပါ
ပြုံးပြီးလေးလေးစားစား
ဆက်ဆံတယ် ဂရုစိုက်တယ်
မြန်မာပြည်က
ဆရာဝန်
တကြိမ်ပြပြီးရင်
တစ်ပတ်ဖြစ်ဖြစ်
တစ်လဖြစ်ဖြစ်ရက်ချိန်းတယ်
ထိုင်းကဆရာဝန်က
ဖြစ်နိင်ရင်ရောဂါကို
ရက်အတိုဆုံးဖြစ်အောင်
ကုသပေးတယ်
မြန်မာပြည်ကဆရာဝန်က
လူနာရှင်ကို မင်း, ငါ,ခင်ဗျား,ကျုပ်
ဆိုပြီး ရိုင်းပျပျဆက်ဆံတယ်
ထိုင်းကဆရာဝန်က
လူနာရှင်ကို ''ခွန်း,ခပ်,ခါ ''
မြန်မာလို ''လူကြီးမင်း ခင်ဗျား,ဗျာ,ရှင့် ''
ဆိုပြီး ရိုရိုသေသေဆက်ဆံတယ်
မြန်မာပြည်ကဆရာဝန်က
ရောဂါအခြေနေကို
လူနာရှင်ကို
တိတိကျကျမပြောပဲ
ငါသာအတော်ဆုံး
ငါအသိဆုံးဆိုပြီး
ရမ်းသမ်းပြီးဖြစ်သလိုကုပြီး
ကုန်ကျမူ့ကို
အဆမတန်တောင်းတယ်
ထိုင်းကဆရာဝန်က
ရောဂါကိုနာရီပိုင်းနဲ့ရအောင်စစ်ပြီး
လူနာရှင်ကို ဘယ်လိုကုသင့်တယ်
ကုန်ကျမူ့က
ဘယ်လောက်ရှိမယ်ဆိုတာကို
သူတို့နိင်ငံကသတ်မှတ်တဲ့
နှုန်းထားအတိုင်း
အရင်နားလည်အောင်ရှင်းပြတယ်
ကုန်ကျမူ့လား
မြန်မာပြည်
ပုဂ္ဂလိကဆေးရုံမှာကုတာထက်
ထိုင်းမှာကုတာ
ကုန်ကျမူ့နည်းတယ်
ကုသမူ့အချိန်လား
မြန်မာပြည်မှာ
နာတာရှည်လို
ရက်ချိန်းနဲ့ကုတာထက်
ထိုင်းမှာရက်တိုတိုလေးနဲ့
ကုပေးတယ်
မြန်မာပြည်ကဆေးရုံမှာ
မမြင်ရတဲ့အပြုံး နဲ့ နွေးထွေးမူ့ကို
ထိုင်းကဆေးရုံးမှာ
အမြဲလိုတွေ့နေရတော့
ကိုယ်တောင်လူနာရှင်ကို
စိတ်ပူနေတဲ့ကြား
သူတို့ကိုပြန်ပြုံးပြဖို့
ဟန်ဆောင်ပြုံးလုပ်ယူရတဲ့အထိ
သူနာပြုတွေ ဆရာဝန်တွေ
ကိုယ့်ကိုယ်ရှိခိုးတိုင်း
သူတို့ကိုအားနာနေရတဲ့အထိ
ဆေးရုံသန့်ပြန့်မူ့လား
ကျတော်တည်းတဲ့ Lilon မှာ
အနီးဆုံးဖြစ်တဲ့ Chulalongkorn hospital ထိုင်းအစိုးရဆေးရုံဆိုပေမယ့်
နေရာတိုင်း အထပ်တိုင်း
လေအေးပေးစက် ဓာတ်လှေကား
ထိုင်ခုံအစ toilet အဆုံး
မြန်မာပြည်က five star hotel ထက်
ပိုသန့်ရှင်းတယ်
ရောဂါပျောက်နှုန်းလား
ကိုယ့်ဟာကိုယ်တွေးကြတော့
(စာလုံးပေါင်းအမှားပါရင်ပြင်ဖတ်ပါ)
အဲဒီဆေးရုံကိုပြဖို့ မခက်ပါဘူး
တခြားထိုင်းကပုဂ္ဂလိကဆေးရုံလိုဆရာဝန်ခေါ်စာလဲမလိုပါဘူး
ထိုင်းတော်ဝင်ပိုင်ဆေးရုံ
ထိုင်းအစိုးရပိုင်ဆေးရုံတိုင်း
မည်သည့်နိင်ငံသားမဆို
ဆေးကုသခွင့်ရှိပါတယ်
ထိုင်းပုဂ္ဂလိကဆေးရုံထက်
ဆေးကုသခ ကုန်ကျမူ့နှုန်း
အလွန်သက်သာပေမယ့်
ကုသခြင်းစံချိန်စံညွန်းကတော့
အတူတူပါပဲ
ဘာလို့လဲဆိုတော့
ပုဂ္ဂလိကဆေးရုံမှာကုသတဲ့ဆရာဝန်အများစုကလဲ chulalongkorn ဆေးတက္ကသိုလ်ကျောင်းဆင်းတွေများပါတယ်
=====
ကိုယ့်ဟာကိုယ်အသက်သာဆုံးနဲ့ ဘယ်လိုသွားမလဲဆိုတော့
1. ရန်ကုန်နေ
ဘန်ကောက်ကို passport နဲ့အလည်ဗီဇာ လေယာဉ်လက်မှတ်ဖြတ်လိုက်ပါ
အခုဆို
passport လုပ်တာ
အင်မတန်လွယ်သလို
ကုန်ကျမူ့လဲဘာမှမကုန်တော့ပါဘူး
ခန့်မှန်းခြေ သုံးသောင်းကျပ်နဲ့ ၂ ရက်လောက်ဆိုရပါပြီ
Nok air,Thai lion,AirAsia လေယာဉ်လက်မှတ်ကလဲ
Ygn > Bkk > Ygn အသွားပြန်မှ 80$ to 100$ ပဲကျပါတယ် ( အသွားပြန်ကျပ်ငွေတစ်သိန်းဝန်းကျင်)
မြန်မာပြည်က
ပြည်တွင်းလေယာဉ်လက်မှတ်ထက်
ထက်ဝက်ကျော်လဲသက်သာပါသေးတယ်
မယုံရင်
ရန်ကုန် မြစ်ကြီးနားခရီးစဉ် နဲ့
ရန်ကုန် ဘန်ကောက် ခရီးစဉ်လေယာဉ်ခကို နိုင်းယှဉ်ကြည့်ပါ
2.. Bkk Dongmoung airport ရောက်ရင် ဒုတိယထပ်က A1 or A2 airport bus စီးပါ မစီးတတ်ရင် airport information မေးပါ (မရှက်ပါနဲ့) Jathujak ပန်းခြံမှာဆင်းပါ
ကားခက baht 30 ပဲပေးရပါတယ်
3..Jakthujak ရောက်ရင် Underground train or BTS sky train စီးပါ မြေအောက်ရထားရောမိုးပျံရထားရောစီးလို့ရပါတယ်
ရထားလက်မှတ်မဝယ်တတ်ရင်
ticket counter မှာ silon station သွားမယ်လို့ပြောပါ
မိုးပျံရထားဆိုရင် SaLaDang (ဆာလားဒယ်) ဘူတာသွားမယ်လို့ပြောပါ
ရထားခက baht 40 ဝန်းကျင်လောက်ပဲကျပါလိမ့်မယ်
4.. ရောက်ရင်
မြေအောက်ရထားကနေအပေါ်တတ်ပါ
တတ်တတ်ချင်း အထပ်သုံးဆယ်ကျော် king chulalongkong ဆေးရုံတွေ့ပါပြီ မသေချာရင် security တွေလမ်းသွားလမ်းလာမေးပါ
ချုလာလွန်ကွမ်ဘယ်နားလဲဆိုတာ
5..တည်းဖို့နေရာမရှာသေးပဲ
ဆေးရုံထဲအရင်ဝင်လိုက်ပါ
G floor မှာ information ရှိပါတယ်
မြန်မာပြည်ကလာတဲ့အကြောင်း ဆေးကုသဖို့အကြောင်း
passport ပြလိုက်ပါ
သူတို့ဟာသူတို့
ချက်ချင်းဆောင်ရွက်ပေးပါလိမ့်မယ်
အကယ်၍ ကိုယ်ကတော်ရုံ English lanquage အခြေခံလောက်ပဲရရင်
ပြောလိုက်ပါ
မြန်မာစကားပြန်
သူတို့စီစဉ်ပေးပါလိမ့်မယ်
အများအားဖြင့်တော့
အစိုးရဆေးရုံမှာ စကားပြန်
တစ်ရက်ငှါးခကို
baht600 ပဲသတ်မှတ်ထားပါတယ်
နေ့တိုင်းလဲငှါးစရာလဲမလိုပါ
နောက်အကြံတစ်ခုကတော့
ကိုယ့်ဖုန်းမှာ Thai, Myanmar app ကိုဒေါင်းထားရင်လဲအဆင်ပြေပါတယ်
ကိုယ်ကလူနာကို
ဆရာဝန်တွေစစ်နေတဲ့ချိန် ကိုယ်ကဆေးရုံမှာမအိပ်ချင်ဘူးဆိုရင်
ဆေးရုံနားက silon road တစ်လျှောက်လမ်းလျှောက်ထွက်လေ့လာပါ
Hotel တွေ
guest house တွေအရမ်းပေါပါတယ်
တစ်ညတည်းခိုခ baht 300 ကနေ 1500 အစားစားရှိပါတယ်
1 baht=42 kyats ဝန်းကျင်
ဆေးရုံလိပ်စာကတော့
1873 rama 4 road,Pathunwan, Bangkok 10330
Hot line ph no 022564000
http://www.chulalongkornhospital.go.th/
ဘန်ကောက်လေဆိပ်ရောက်တာနဲ့ ချက်ချင်းထိုင်းငွေသုံးနိင်ဖို့
ရန်ကုန်ကနေမသွားခင် kbz or cb bank မှာထိုင်းငွေအနဲကျည်း
ကြိုလဲသွားပါ
ကိုယ်ပါသွားတဲ့ USD ကို ဖြစ်နိင်ရင်လေဆိပ်မှာမလဲတာအကောင်းဆုံးပါ လေဆိပ်မှာငွေလဲရင်
လေဆိပ်ခွန်နဲ့ပိုပေးရတော့
အပြင်ဘဏ်မှာထက်
ပိုရနည်းပါတယ်
ဘန်ဘောက်မှာ
နေရာတိုင်း လမ်းတိုင်း ဆေးရုံတိုင်း
ကုန်တိုက်တိုင်းမှာ ပုဂ္ဂလိကဘဏ်ဖြစ်ဖြစ် အစိုးရဘဏ်ဖြစ်ဖြစ် USD ငွေလဲလို့
ရသလို ငွေစျေးလဲအတူတူကန့်သတ်ထားပါတယ်
အကယ်၍ ကိုယ့်ရောဂါက ကင်ဆာလို လနဲ့ချီကုရမယ်ဆိုရင်
ကုန်ကျမူ့ကိုလဲအတတ်နိင်ဆုံး save လိုတယ်ဆိုရင် ထိုင်းကပုဂ္ဂလိကဆေးရုံမရွေးချယ်တာအကောင်းဆုံးပါ ထိုင်းမှာ အစိုးရဆေးရုံကော ဘုရင့်တော်ဝင်ဆေးရုံကော ပုဂ္ဂလိကဆေးရုံကော ကုသနည်းအတူတူပါပဲ ဆရာဝန်တွေလဲအတူတူပါပဲ ထိုင်းမှာဘုရင်ကိုယ်တိုင်တောင် ပုဂ္ဂလိကဆေးရုံမတတ်ဖူးပါဘူး စီရီလဒ်ဆေးရုံမှာပဲ တော်ဝင်တိုင်းကုကြပါတယ်
ဘုရင့်သမီးတော် ချုလာဖေါင်းဆေးရုံဆိုရင် အာရှမှာသာမက ကမ္ဘာပေါ်မှာ အသိမှတ်အပြုဆုံးခံရတဲ့ ကင်ဆာဆေးရုံတစ်ခုဖြစ်ပါတယ်
ဖြစ်နိင်ရင် ကင်ဆာရောဂါနဲ့ကုလိုရင် ချုလာဖေါင်းဆေးရုံ
Chulabhorn hospital ရွေးချယ်ပါ ကင်ဆာရောဂါကိုပဲသီးသန့်ကုတဲ့ ဘုရင့်သမီးတော် ချုလာဖောင်းကိုယ်တိုင်ဖွင့်ထားတဲ့ဆေးရုံပါ
အကယ်၍ လူနာရှင်နဲ့မိသားစုဝင် ဘန်ကောက်မှာ ရက်ရှည်ကုသရမယ်ဆိုရင် ဆေးရုံနဲ့မနီးမဝေးမှာ apartment ကို ကိုယ့်ဖာသာငှါးနေပါ ရန်ကုန်ကလို ၆ လကြိုတင်နဲ့ပေးတဲ့ဥပဒေမရှိပါဘူး ၂ လကြိုတင်ပေးတာနဲ့ passport ရှိတာနဲ့မည်သည့်နိင်ငံသားမဆိုငှါးနေခွင့်ရှိပါတယ်
ထိုင်နိင်ငံရဲ့
apartment တည်ဆဲဥပဒေအရ ပေ ၂၅ ပါတ်လည် aircon toilet ပါ apartment တစ်လ 4000 baht ဆိုရင် အတော့်ကိုအဆင်ပြေပါပြီ ( မြန်မာငွေနဲ့တွက်ရင် တစ်သိန်းခွဲဝန်းကျင်ပါပဲ)
လွန်ခဲ့သော ၂ နစ်ကကျတော့်မြို့ကနေရန်ကုန်စျေးလာကုတဲ့မိတ်ဆွေ ရနိကုန်မှာ condo ငှါးတာ တစ်လ ၈ သိန်းအထက်ပေးရတဲ့ အခန်းထက် ပိုမိုသန့်ရှင်းမူ့ရှိပါသေးတယ်
အများသုံးဓာတ်လှေကား security service ခ free ပါ
ရေခမီးခတော့ ကိုယ်သုံးသလောက်အစိုးရသတ်မှတ်နှုန်းထားတိုင်းပေးရပါ့မယ်
တစ်ကယ်တော့
ဒီ status ကိုကျတော်ရေးဖို့ အချိန်တစ်ခုထိ စဉ်းစားရပါသေးတယ် နောက်ဆုံး ကျတော်နဲ့ကျတော့်အဖေလို
အဖြစ်ဆိုးမကြုံရလေအောင်
ကြုံခဲ့ရင်ရှိလာခဲ့မယ်ဆိုရင်တောင် ရွေးချယ်စရာလမ်းရှိစေချင်လို့ ကျတော်ရေးဖို့ဆုံးဖြတ်လိုက်ခဲ့ရတယ်
မသိတဲ့သူတစ်ချို့ကတော့ ကျတော့်ကိုအမြင်တမျိုးနဲ့ဆဲချင်ဆဲပါလိမ့်မယ့် ကျတော့်ကိုမကျေနပ်တဲ့သူလဲရှိပါလိမ့်မယ် သဘောထားသေးသိမ်တဲ့သူတချို့ကတော့ ကျတော့်ကိုအေးဂျင့်လိုလို အခကြေးငွေယူပြီးဆေးရုံကြော်ငှါပေးတယ်လို့မြင်ချင်မြင်လိမ့်မယ်
တစ်ခုတော့ကြိုပြောပါရစေ
ကျတော့်မှာသေချာရေရာတဲ့ဝင်ငွေနဲ့ခိုင်မာတဲ့အလုပ်ကိုင်ရှိနေပြီးသားပါ
နောက်တစ်ချက်
ထိုင်းကအစိုးရပိုင်ဆေးရုံနဲ့ တောင်ဝင်ဆေးရုံတိုင်းမှာ အေးဂျင့်နဲ့ချိတ်ဆက်ပြီးကုသခွင့်မရှိပါဘူး စီးပွားရေးဆန်ဆန် နိင်ငံတကာနဲ့လဲမချိတ်ဆက်ထားပါဘူး
ဒါပေမယ့် ဘယ်နိင်ငံသားမဆို passport ကိုင်ဆောင်ထားသူတိုင်း ထိုင်းအစိုးရဆေးရုံနဲ့ထိုင်းတော်ဝင်ဆေးရုံတိုင်းမှာ ကိုယ်တိုင်ကုသခွင့် ရှိကြပါတယ်
Credit
07/02/2022
FLASH LIQUID SOAP
FlASH ဆပ်ပြာရည်
(လက်ဆေး / ပန်းကန်ဆေး / အဝတ်လျှော် / ကားရေဆေးမလား ဘက်စုံသုံးလို့ရဖို့အတွက်
အထူးစီမံဖော်စပ်ထုတ်လုပ်ထားသောကြောင့်အများပြည်သူကျန်းမာရေးအတွက် ၁၀၀% ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါသည်။
1Litter 1 ဗူး 700Ks
1 ကဒ် 4000Ks
Order အတွက် Cb မှ စာပို့ပေးလိုက်ပါ
Delivery Hotline 09691456999 ကိုဖုန်းဆက်လိုက်ပါအိမ်၊ဆိုင်၊အရောက် Free Delivery အခမဲ့ပို့ပေးနေပါသည်။
Manufactured and Distributed by-
Khit Angel Co.,Ltd.
No, 26. 55 th Street Yangon.
09965026507
30/01/2022
🔺 တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ခွင့် 🔺
💰 အရင်း ၂ဝ၀၀၀ ကျပ် စရင်းရုံနဲ့တင် နေ့စဉ်အမြတ် ထွက်တဲ့ စီးပွားရေးတစ်ခု စချင်ရင် FLASH (ဘက်စုံသုံးဆပ်ပြာဆီ) နဲ့ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်။
Flash ကို သုံး ဖူးသမျှလူတွေကကြိုက်ကြလို့ တစ်ခါရောင်းပြီးသာနဲ့ ကိုယ့်ဆီ ထပ်ကာထပ်ကာ လာဝယ်မယ့်သူတွေကြီးပါပဲ။ ကိုယ့်မှာ မိတ်ရှိရင်ရှိသလို၊ ကိုယ်ကြိုးစားရောင်းရင် ကြိုးစားသလောက် အမြတ်က အနဲဆုံး ၅၀၀၀၊ ၁၀၀၀၀ ကစပြီး ကိုယ်ရင်းရင်ရင်းသလောက် နေ့စဉ်ငွေဝင်နေမယ့် အလုပ်ပါ။
ရန်ကုန်မြို့တွင်းရှိ မြို့နယ်တွေအတွက် တစ်မြို့နယ်မှာ ကိုယ်စားလှယ်တစ်ယောက်ပဲ စပေးမှာမလို့ ကိုယ့်မြို့နယ်အတွင်း ကိုယ်စားလှယ်ယူမယ့်သူ မပြည့်ခင်လေး အမြန်ဆုံး ဆက်သွယ်နိုင်ပါပြီ။
🛑 FLASH က ကိုယ်စားလှယ်တွေ အများကြီးမပေးပါဘူး။ ကိုယ်လက်ကားယူတဲ့မြို့နယ်မှာ ကိုယ်သာ တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်ခွင့်ရမှာမလို့ ဒီအခွင့်အရေးက (လုံးဝ) လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပါနော်။ 🛑ကြော်ငြာအားကောင်းကောင်းလဲ FLASH ကအကုန်ကျခံပြိးပြုလုပ်ပေးမှာနော်
သုံးဖူးသမျှဆပ်ပြာဆီတွေထက် တန်တယ် ကောင်းတယ်ဆိုတော့ ယုံကြည်မှုရှိရှိနဲ့သာ လက်တွဲပါ။
ကိုယ်စားလှယ်ယူဖို့ အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
Cb (or) 0996026507
28/01/2022
27/01/2022
300ml 😘
ခရီးဆောင်ဗူးဆိုဒ်များလဲ
မကြာမှီဖြန့်ချီပါမည်
25/01/2022
အဝါရောင် 💛 စပါယ်ရနံလေး
ဘားအံမြို့ အဲချန်ကုံ ကုန်စုံဆိုင်က 10 ကဒ် ဝယ်ယူအားပေးတဲ့Costumer
ကျေးဇူးအထူးတင်ပါတယ် 🙏
23/01/2022
သုံးဖူးသူတိုင်း အရမ်းကြိုက်ကြတဲ့
ရန်ကုန်မြို့တွင်း မည်သည်နေရာမဆို Deli ရပါတယ်
Flash ဆပ်ပြာဆီ(1L)ဗူးလေးတွေရပါပီ
6 ဗူးပါ 1ကဒ် ၄၀၀၀ကျပ်
အများစျေးလဲသီးသန့်ရှိပါတယ်
ရန်ကုန်ဆိုအိမ်ရောက်ငွေချေပါ😊နယ်ဆိုကားဂိတ်ပို့ပေးပါတယ်
Ph 09965026507 ကိုဆက်သွယ်မှာယူလို့ရပါတယ်
23/01/2022
** အိမ်သာ သန့်မှ ရောဂါ ကင်းပါမယ် **
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Anawrahta Road
Yangon