All About Skin

All About Skin

Share

Health/Beauty

22/08/2023

ပျိုမေတို့အမေးများတဲ့မေးခွန်းလေးကတော့နှုတ်ခမ်းမဲတာသက်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးပါ

နှုတ်ခမ်းမဲတယ်ဆိုတာ နှုတ်ခမ်းမှာ melanin ဆိုတဲ့ရောင်ခြယ်ဆဲလ်လေးတွေများလာလို့ပါ
Melanin များစေတဲ့အဓိကအကြောင်းအရင်တွေကတော့ ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့များခြင်း၊ အချို့သောဆေးဝါးများ(ငှက်ဖျားရောဂါပျောက်ဆေးများ၊ အချို့သောပိုးသတ်ဆေးများ- minocycline စသည်..)၊ ဆေးလိပ်သောက်ခြင်း၊ ဓါတ်မတည့်သောအရာတွေနဲ့ထိတွေ့မိခြင်း(သွားတိုက်ဆေး၊ နှုတ်ခမ်းနီ၊ စသည်…)၊ ကိုယ်ဝန်ဆောင်ချိန်တို့ဖြစ်ပါတယ်

နှုတ်ခမ်းမဲသက်သာစေတဲ့နည်းတွေကတော့

၁။ ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုနည်းအောင် SPF ပါတဲ့ lip balm လိမ်းပါ

၂။ ဆေးလိပ်မသောက်ပါနဲ့

၃။ နှုတ်ခမ်းနီကြောင့်ဓါတ်မတည့်ဖြစ်ပါကဆက်မသုံးပါနဲ့

၄။အိမ်တွင်းကုထုံး
ပျားရည် လက်ဘက်ရည်ဇွန်း ၁ဇွန်းနဲ့
သကြား လက်ဘက်ရည်ဇွန်း ၁ဇွန်းရောမွှေပြီး အဲ့အရည်ကိုနှုတ်ခမ်းပေါ်လိမ်းကာစက်ဝိုင်းပုံစံလေးအတိုင်းညင်သာစွာပွတ်ပေးပါ။ ခဏအကြာမှတော့ရေကြက်သီးနွေးလေးနဲ့ဆေးချလိုက်ပါ။တစ်ပတ်တစ်ခါလောက်နဲ့သက်သာတဲ့အထိလုပ်ပေးလို့ရပါတယ်

၅။Laser treatment, chemical peeling, topical creams (လိမ်းဆေးများ) ကိုလဲဆရာဝန်နဲ့ပြသတိုင်ပင်ဆွေးနွေးပြီးကုသမှုတွေခံယူလို့ရပါတယ်


25/07/2023

Skincare ပစ္စည်းတစ်ခုဝယ်ပြီးမှကိုယ်နဲ့အဆင်မပြေဖြစ်နေလား?

ခဏခဏကြုံတွေ့ရတဲ့ပြဿနာတစ်ခုက skincare product တစ်ခုဝယ်ပြီးမှကိုယ်နဲ့အဆင်မပြေဖြစ်နေတာပါဘဲ
ကိုယ်သုံးဖို့လဲအဆင်မပြေ ပိုက်ဆံကုန်ခံဝယ်ထားရဆိုတော့နှမျောတာဖြစ်ကြမှာ 😩
အဲ့လိုမဖြစ်အောင် မဝယ်ခင်ဘာတွေစဉ်းစားရမလဲဆိုတာပြောပြပေးမယ်နော်🧐

✅ ပထမဦးဆုံးကတော့ ကိုယ့်အသားအရေအမျိုးအစားကိုသိပြီး အဲ့အသားအရေအလိုက်ထုတ်ထားတဲ့ skincare product ကိုဝယ်ဖို့ပါ
ကိုယ်က အဆီပြန်တတ်သောအသားအရေ(oily skin)၊ ခြောက်သွေ့သောအသားအရေ(dry skin)၊ ပေါင်းစပ်အသားအရေ(combination skin) ထဲကဘယ်လိုအမျိုးအစားကိုပိုင်ဆိုင်ထားတာလဲဆိုတာကိုအရင်သိအောင်လုပ်ပြီး အဲ့အမျိုးအစားအတွက်ထုတ်ထားတဲ့ skincare product ကိုရွေးချယ်သုံးဆွဲပေးပါ

✅နောက်တစ်ခုက ကိုယ်ကဘာအကျိုး
အာနိသင်ကိုလိုချင်တာလဲ ဥပမာ- ရေဓါတ်ဖြည့်ပြီးစိုစိုပြည်ပြည်လေးဖြစ်ချင်တာလား၊ အမဲစက်သက်သာချင်တာလား၊အသားအရေကြည်လင်ချင်တာလား၊ အရေးအကြောင်းတွေလျော့
ချင်တာလား စတဲ့အာနိသင်ပေးမဲ့ပါဝင် ပစ္စည်းတွေပါတဲ့ product လေးကိုရှာဝယ်ပေးပါ

✅တတိယတစ်ခုကတော့ ကိုယ်လိုချင်တဲ့
ပစ္စည်းလေးတွေရဲ့ သုံးသပ်ချက်(review) လေးတွေရှာဖတ်ပါ

❗️အန္တရာယ်ဖြစ်စေတဲ့ပစ္စည်းများ ဥပမာ- paraben,sulfate, artificial fragrances ပါတာတွေကိုမဝယ်ပါနဲ့

❓အမြဲတမ်း expire date ဘယ်တော့ဆိုတာကိုစစ်ပြီးမှဝယ်ပါ

❗️ဝယ်ပြီးရင်လဲမျက်နှာတစ်ပြင်လုံးကိုမလိမ်းခင်ကိုယ်နဲ့တည့်မတည့်အရင်စမ်းကြည့်ပြီးမှသုံးပါ

✅နောက်ဆုံးအချက်ကတော့ဆွဲဆွဲမြဲမြဲသုံးပေးဖို့ပါဘဲ
ကိုယ်နဲ့အဆင်ပြေပြီဆိုအဲ့ product လေးကိုဘဲအာနိသင်ရအောင်အချိန်အတိုင်းအတာတစ်ခုပေးပြီးသုံးစွဲပေးပါ
Product တွေကိုခဏခဏပြောင်းသုံးခြင်းဟာထိရောက်တဲ့အာနိသင်ကိုမပေးနိုင်ပါဘူး

ကဲအခုဆိုရင်skincare product တစ်ခုမဝယ်ခင်မှာဘာတွေလုပ်ရမလဲဆိုတာကိုသိရကြပြီဆိုတော့အခုဘဲအသုံးချလိုက်ကြတော့နော်👍

နောက်ပို့စ်တွေမှာဆိုရင်လဲ လုံးဝကိုသိသင့်တဲ့အကြောင်းအရာလေးတွေကိုတင်ပေးမှာဖြစ်လို့ ပေ့ချ်လေးကို like and follow လုပ်ထားပေးနော်💕

17/07/2023

Skincare တွေသုံးနေပေမဲ့ဘာလို့ထူးခြားမှုမရှိတာလဲ?

Skincare product ပိုက်ဆံကုန်ခံသုံးပေမဲ့လဲထူးခြားမှုမရှိဘူးလား 😩
အောက်ပါအချက်လေးတွေလုပ်ဖြစ်နေလားကြည့်လိုက်ပါအုံး

၁။ နေ့စဉ်မှန်ကန်စွာသုံးစွဲမှုမရှိတာ
၂။ လိမ်းတဲ့ပမဏနည်းနေတာ (သင့်တော်တဲ့ပမာဏကိုသုံးပေးပါနော်)
၃။ ကိုယ့်အရေပြားအမျိုးအစားနဲ့ကိုက်ညီမှုမရှိတဲ့ skincare တွေသုံးမိနေတာ
၄။ Skincare product တွေက expire တွေဖြစ်နေတာ
၅။ stress တွေများနေရင်
၆။ အိပ်ရေးပျက်တာ
အစရှိတာတွေက အရေပြားထိန်းသိမ်းရာမှာအများကြီးသက်ရောက်မှုရှိလို့ဂရုစိုက်ပေးပါနော်

07/07/2023

Anti-aging products တွေကိုအသက်ဘယ်လောက်မှာစသုံးရမလဲ? 🤔

❓လူမေးအများဆုံးမေးခွန်းလေးဖြစ်တဲ့ anti-aging အတွက်ရည်ရွယ်တဲ့ skincare product တွေကိုအသက်ဘယ်အရွယ်မှစသုံးကြမလဲကိုဖြေပေးပါမယ်

✅အသက် ၂၀ ပတ်ဝန်းကျင်ဆိုစတင်သုံးစွဲလို့ရပါပြီ

အဲ့အသက်အရွယ်မှာဆို collagen ထုတ်လုပ်မှုကစတင်လျော့ကျလာပါပြီ

ဒီအသက်အရွယ်မှစတင်သုံးပေးခြင်းဖြင့် အသားအရေပျက်စီးတာ၊ အိုမင်းရင့်ရော်တာ၊အရေးအကြောင်းဖြစ်တာတွေစမဖြစ်ခင်မှာ အချိန်မှီမဖြစ်အောင်တားဆီးနိုင်၊ လျော့ချနိုင်ပါတယ်

27/06/2023

✨မဖြစ်မနေသိသင့်တဲ့ အရေပြားထိန်းသိမ်းမှု ၇ ချက်‼️

အချို့သောအချက်လေးတွေကအရမ်းရိုးရှင်းထိရောက်ပေမဲ့ အမှုမဲ့အမှတ်မဲ့မေ့နေတဲ့အချက်လေးတွေဖော်ပြပေးမယ်နော်

၁။ ဘယ်လောက်ဘဲပင်ပန်းသောနေ့ဖြစ်ပါစေ မိတ်ကပ်ဖျက်ပြီးမှအိပ်ပါ

၂။ မျက်နှာသစ်တဲ့အခါ အရမ်းပူလွန်းသော သို့ အေးလွန်းသောရေမသုံးပါနဲ့💦

၃။ moisturizer ကိုမဖြစ်မနေသုံးပေးပါ

၄။ မျက်စိပတ်ဝန်းကျင်နေရာက အရမ်းနူးညံ့တဲ့နေရာဖြစ်တာကြောင့် skincare product တွေကိုဂရုစိုက်သုံးပေးပါ 👀

၅။ skincare product အသစ်သုံးမယ်ဆိုပါကအမြဲတမ်းကိုယ်နဲ့တည့်မတည့်စမ်းကြည့်ပြီးမှသုံးပါ ✅

၆။ Sunscreen နေ့တိုင်းလိမ်းပါ🔆

၇။ နှုတ်ခမ်းအတွက် lip balm သုံးပေးဖို့လဲမမေ့ပါနဲ့ 👄

21/06/2023

ခြင်ကိုက်ခံရပြီး အမဲစက်တွေကျန်ခဲ့ပြီလား?

မိုးရာသီမှာအနည်းနဲ့အများတော့ ခြင်ကိုက်ခံကြရမှာပါ ခြင်ကိုက်ဖုဖြစ်ပြီးနောက် အမဲစက်(သို့) အနီစက်ဖြစ်ပြီးကျန်ခဲ့တာကြောင့် စိတ်အနှောက်အယှက်ဖြစ်ကြရပါတယ် အဲ့အမဲစက်တွေသူ့အလိုလိုပျောက်နိုင်ပေမဲ့ ရက်ပိုင်းကနေလပိုင်းထိကြာနိုင်ပါတယ်
အဲ့အမဲစက်တွေက ခြင်ကိုက်ခံရတဲ့အခါ ရောင်ခြယ်ဆဲလ်လေးတွေကပုံမှန်ထက်ပိုထွက်စေတာကြောင့် ဖြစ်ပေါ်လာတာပါ

အဲ့တော့ဘယ်လိုဖြေရှင်းကြမလဲ?

၁။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဆိုတဲ့စကားအတိုင်း ခြင်ကိုက်မခံရအောင်နေပါ
ခြင်ပေါက်ဖွားနိုင်မဲ့နေရာတွေရှင်းလင်းတာ၊ အင်္ကျီလက်ရှည် ဘောင်းဘီရှည် အပွဝတ်တာ၊ ခြင်ဆေးဖျန်းတာ၊ ခြင်ဆေးခွေထွန်းတာ၊ ခြင်မကိုက်တဲ့လိမ်းဆေးလိမ်းတာ စသဖြင့်ခြင်အကိုက်မခံရအောင်ကာကွယ်ပါ

၂။ ခြင်ကိုက်ဖုကယားယံလို့အရမ်းကုတ်တဲ့အခါ ဘက်တီးရီးယားပိုးတွေဝင်ပြီးအနာဖြစ်နိုင်ပါတယ်
အဲ့တော့ယားတာသက်သာအောင်
antihistamine cream လိမ်းပေးလို့ရပါတယ်

၃။ Calamine lotion လိမ်းပေးခြင်းဖြင့်လဲ
အယောင်သက်သာပြီး ယားယံမှုကိုသက်သာစေပါတယ်

၄။ အရေပြားအရောင်ညီအောင် aloe ပါတာလိမ်းတာမျိုး၊ scrub လုပ်တာမျိုး လုပ်ပေးလို့ရပါတယ်

၅။ Shea butter တို့ coconut oil တို့ပါတဲ့ moisturizer လေးတွေလိမ်းခြင်းဖြင့်လဲအမဲစက်တွေသက်သာစေနိုင်ပါတယ်

၆။ လိမ်းဆေးတွေမှာတော့ hydroquinones, azelaic acid, kojic acid နဲ့ certain licorice extracts ပါတာလိမ်းလို့ရပါတယ်

၇။ Chemical peeling, laser therapy တွေနဲ့လဲကုသမှုခံယူနိုင်ပါတယ်
ဒီကုထုံးတွေက သေချာမလုပ်ဆောင်တတ်ပါကအမဲစက်တွေပိုဆိုးစေတာကြောင့် သေချာသိကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ပြသပြီးကုသမှုခံယူပါ

20/06/2023

ပြီးခဲ့တဲ့အတောအတွင်းကအကြောင်းအမျိုးမျိုးကြောင့်ပို့စ်လေးတွေမတင်ဖြစ်ခဲ့ပေမဲ့ မနက်ဖြန်ကစပြီးအပတ်တိုင်းပုံမှန်ပို့စ်လေးတွေပြန်တင်သွားပေးပါမယ်နော် 👩🏻‍⚕️
သိချင်တဲ့အကြောင်းအရာလေးတွေကိုလဲ comment မှာဖြစ်စေ messenger ကဖြစ်စေလာရောက်မေးမြန်းလို့ရပါတယ်
ရေးစေချင်တဲ့အကြောင်းအရာလေးတွေရှိရင်လဲလာပြောလို့ရပါတယ်နော် 🧡
စာဖတ်သူအားလုံး ကျန်းမာလှပတဲ့အရေပြားပိုင်ရှင်လေးတွေဖြစ်ကြပါစေ 💜

03/03/2023

💥 Toner နဲ့ပတ်သတ်တဲ့အမေးများတဲ့မေးခွန်းများ❓

၁။ တိုနာကအသုံးရောလိုရဲ့လား?

🙆‍♂️ အသုံးလိုပါတယ်

✅တိုနာက မျက်နှာမှာ ကပ်တွယ်ရှိနေနိုင်တဲ့ ဖုံမှုန့်အညစ်အကြေးတွေ မိတ်ကပ်တွေကို ဖယ်ရှားပေးနိုင်တယ်

✅အရေပြားရဲ့ pH ကိုထိန်းညှိပေးနိုင်တယ်

✅နောက်ပိုင်းမှာအသုံးပြုမဲ့ skincare products တွေကိုအရေပြားကစုပ်ယူမှုပိုအားကောင်းစေပါတယ်

၂။ ပုလင်းကိုလှုပ်တဲ့အခါ အမြှုပ်တွေထွက်ရင်သုံးရမလား?

🙆‍♀️ သုံးလို့ရပါတယ်

တိုနာမှာပါဝင်တဲ့ပစ္စည်းတွေကအမြှုပ်ဖြစ်စေနိုင်ပါတယ်

✅ ဒါပေမဲ့ ခဏအတွင်းပြန်ပျောက်သွားရမယ်

🚫 ၁၅ မိနစ်ထက်ပိုပြီးအမြှုပ်တွေမရှိရပါဘူး
၁၅ မိနစ်ထက်ပိုအမြှုပ်တွေရှိရင် အဲ့တိုနာထဲမှာ surfactant တွေပမာဏအများကြီးရှိနေလို့ပါ
အဲ့ ပစ္စည်းက အရေပြားကိုထိခိုက်စေနိုင်ပါတယ်

၃။ တိုနာကအရေပြားကိုခြောက်သွေ့စေလား?

တိုနာမှာပါတဲ့ ပါဝင်ပစ္စည်းပေါ်မူတည်ပါတယ်

Alcohol ပမာဏအများကြီးပါတဲ့ တိုနာတွေကအရေပြားခြောက်သွေ့မှုကိုဖြစ်စေပါတယ်
ဒါကြောင့် alcohol ပါတဲ့ တိုနာတွေကိုရှောင်ရှားပေးပါ

၄။ ဘယ်လိုပါဝင်ပစ္စည်းတွေပါတဲ့တိုနာကိုရွေးချယ်သင့်လဲ?

🍀 အရေပြားခြောက်သွေ့တဲ့သူတွေဆို glycerin (သို့) hyaluronic acid ပါတဲ့တိုနာတွေရွေးသုံးပေးပါ
သူကအရေပြားအစိုဓါတ်ကိုထိန်းပေးနိုင်ပါတယ်

🍀 အဆီပြန်အသားအရေအတွက်ဆို salicylic acid with hazel, alpha- hydroxy acid (AHAs) ပါတာရွေးသင့်ပါတယ်

🍀 sensitive skin အတွက်ဆို aloe vera (သို့) chamomile ပါတာတွေကိုရွေးသင့်ပါတယ်

🍀 combination skin အတွက်ဆိုရင်တော့ salicylic acid, lactic acid with hazel ပါတာလေးတွေရွေးချယ်သုံးစွဲပေးပါ

04/02/2023

💥 Skincare productအသစ်တစ်ခုဝယ်ပြီးတိုင်းမဖြစ်မနေလုပ်ဆောင်သင့်သောအရာ ‼️

🤔 ယခုအချိန်မှာ skincare product တွေဟာ နိုင်ငံပေါင်းများစွာကနေ ပါဝင်ပစ္စည်းအမျိုးမျိုး ဈေးနှုန်းအမျိုးမျိုးတွေနဲ့ တံဆိပ်ပေါင်းစုံထွက်နေကြတာပါ

တံဆိပ်အသစ်ထွက်ပြီဆိုတာနဲ့ စမ်းသုံးကြည့်ချင်ကြတာလဲသဘာဝပါဘဲ

အဲ့တော့ skincare product အသစ်တစ်ခုဝယ်ပြီးရင် အရင်ဆုံးကိုယ်နဲ့အဆင်ပြေမပြေ စမ်းသပ်ကြည့်ပြီးမှဆက်သုံးသင့်မသုံးသင့် စဉ်းစားသင့်ပါတယ်

အောက်မှာတော့စမ်းသပ်ပုံစမ်းသပ်နည်းလေးကိုဖော်ပြပေးမယ်နော်

အရင်ဆုံး skincare product အသစ်ကို ကိုယ်သုံးမဲ့ပမာဏအတိုင်း လက်မောင်းအတွင်းဘက် (သို့)
ဒကောက်ခွက်မှာ တူညီသောနေရာမှာဘဲ မနက်တစ်ခါ ညတစ်ခါ ၇ရက်/ ၁၀ ရက်ဆက်တိုက်လိမ်းပေးပါ

ဓါတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ ( အနီကွက်ဖြစ်တာ၊ယားတာ၊ရောင်ရမ်းတာ) အဲ့ဒါတွေဖြစ်ရင်တော့ ချက်ချင်းရေဆေးချပါ ထပ်အသုံးမပြုပါနဲ့တော့

၇ရက်/၁၀ရက်ပြည့်လို့ ဓါတ်မတည့်တဲ့လက္ခဏာတွေမဖြစ်ရင် စတင်အသုံးပြုလို့ရပါတယ်

Retinol နဲ့ glycolic acid ပါတဲ့ product တွေကတော့စစသုံးခြင်းမှာ အရေပြားစပ်တာ၊နီတာ၊အဖတ်လန်တာ ဖြစ်တတ်ပါတယ်
စလိမ်းမယ်ဆို ပမာဏလျှော့လိမ်းတာ အကြိမ်ရေလျှော့လိမ်းတာ ရက်ခြားလိမ်းတာလုပ်နိုင်ပြီး အရေပြားကခံနိုင်လာပြီဆိုမှာ ပုံမှန်အတိုင်းအတိုင်းလိမ်းလို့ရပါတယ်
အရေပြားကအရမ်းရဲတာ နီတာ စပ်တာ မခံမရပ်နိုင်အောင်ဖြစ်တာဆိုရင်တော့ ရေဆေးချလိုက်ပြီး လိမ်းတာရပ်လိုက်ပါ

ဓါတ်မတည့်တဲ့လက္ခဏာတွေသက်သာအောင် ရေအေးဝတ်ကပ်ပေးတာ၊ petroleum jelly ပါတာလိမ်းလို့ရပါတယ်

ဓါတ်မတည့်တဲ့လက္ခဏာတွေကအရမ်းဆိုးရင်တော့
ချက်ချင်းဆရာဝန်ပြပြီး ကုသမှုခံယူပါ

skincare product အသစ်မသုံးခင် ဘယ်လိုစမ်းသပ်ရမလဲသိပြီဆိုတော့ ဒီနေ့ကစပြီးအပေါ်မှာပြောထားတဲ့နည်းအတိုင်းစမ်းသပ်ပြီးမှသုံးကြမယ်နော်

27/01/2023

17/01/2023
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00