Kaori’s Beauty Box Japanese Cosmetics
အရည်အသွေးစစ်မှန်သော စျေးနှုန်းချို
05/02/2022
Coffee သောက်မလား 😍☕
Blendy Cafe Latory
Blendy က ထုတ်တဲ့ Cafe Latory လေးကတော့ တကယ် ဆိုင်ဖျော် coffee လေး တခွက် သောက်ရသလို feeling amazing ဖြစ်မဲ့ အရသာလေးပါ။
Rich n Sweet taste လေးက coffee lover ချစ်တို့ နောက်တခါ သောက်ချင်အောင်စွဲဆောင်နေမှာနော်။
Blendy Cafe Latory လေးမှာ ရွေးချာ် စရာ အရသာ (၄) မျိုး ရှိပါမယ်ရှင်။
နို့အရသာ ကဲတာလေးမှ ကြိုက်တဲ့ ချစ်တဲ့ ချသ်တို့အတွက်က နို့ကော်ဖီ အဖြူရောင်လေး ရွေးချယ်ပါ။
ကော်ဖီသောက်ရင် အနံ့လေးပါ မွှေးအီနေမှ ဆိုတဲ့ မင်မင်နဲ့ အကြိုက်တူတဲ့ ချစ်တို့က Macchiato Cafe Latory အညို လေး သောက်ပါရှင့်။
ကော်ဖီဆို အရသာ ကြမ်းရှရှလေးမှ ဆိုတဲ့ ကော်ဖီပြင်းပြင်း ကြိုက်တဲ့ ချစ်တို့က Latory အမဲလေးဆို အဆင်ပြေမှာပါ။
ကော်ဖီလည်းကြိုက် Calorie လည်း တက်မှာ ကြောက်တဲ့ ချစ်တို့က 1/2 Calorie အပြာ လေးကို သောက်သုံးနိုင်ပါတယ်။
Blendy 1/2 Calorie Instant Coffee(blue)
1 box(10 sticks)
Price - 5000 mmk
Blendy AGF Rich Caramel Macchiato( Brown)
1 box(7 sticks)
Price - 6000 mmk
Blendy AGF Milk Cafe Latte( White)
1 box(8 sticks)
Price - 6000 mmk
Blendy AGF Rich Bitter Cafe Latte(Black)
1 bix(8 sticks)
Price - 6000 mmk
AGF Blendy Stick
အခုလို ရာသီဥတု အေးအေးလေးမှာ coffee လေး tea လေး မသောက်ချင်ကြဘူးလား?
သောက်ဖို့ စိတ်ကူးလေးရှိရင် AGF Blendy Stick လေး သောက်ကြည့်ပါလား။
Kaori မှာ AGF Blendy Stick အရသာ ၃ မျိုး ရရှိနိုင်ပါပြီ။
AGF Blendy Stick Cafe Au Lait (original) အရသာရယ် Cocoa အရသာကဲတဲ့ AGF Blendy Stick Cocoa ရယ် ဆိုပြီး ကော်ဖီ ၂ မျိုး ရပါမယ်ရှင်။ AGF Blendy Stick Royal Milk Tea လေးကတော့ tea ကြိုက်တဲ့ ချစ်တို့ အတွက်ပါ။
Cafe Au Lait က original အရသာလေးဖြစ်လို့ အခုမှ AGF Blendy Stick ကို စသောက်မဲ့ ချစ်တို့ အတွက် recommend ပေးပါတယ်နော်။ သူ့ အရသာ က rich ဖြစ်တဲ့ coffee အရသာကို creamy n sweet taste လေးနဲ့ ပေါင်းစပ်ထားလို့ ချစ်တို့ အကြိုက်တွေ့မှာပါ။
Cocoa ကတော့ Cocoa နဲ့ milk ပေါင်းစပ် ထားတဲ့ အရသာရှိတဲ့ Coffee လေးပါ။ coffee သောက်ရင်း cocoa အရသာလေးပါ တွဲလျက် ခံစားချင်သူ ချစ်တို့ အတွက်ပါ။
Royal Milk Tea ကတော့ နို့ အရသာ Japan Tea အရသာလေးပါ။ Tea ကြိုက်သူ ချစ်တို့ Japan tea အရသာလေးမြည်းစမ်း ဖို့ စိတ်ဝင်စားရင် ရွေးချယ်နိုင်ပါတယ်။
Kaori က AGF Blendy Stick တွေကို ဂျပန် နိုင်ငံမှ တိုက်ရိုက် ဝယ်ယူ တင်သွင်း ရောင်းချ တာ ဖြစ်လို့ အရည်အသွေးပိုင်း ကို စိတ်ချ ဝယ်ယူနိုင်ပါတယ်ရှင်။
price - 13000 mmk
15/01/2022
Botanical Beaute'
Natural Balm
ရာသီဥတုက အေးလာတယ်နော်။❄️⛄
အသားအရည် ခြောက်သွေ့ အက်ကွဲတဲ့ပြဿနာ တွေ ရှိနေကြပြီလား??🤔
အရေခွံတွေ ဟိုနားတစ ဒီနားတစ ကွာ ထွက်ကြလားဟင်?😔
မင်မင်တော့ နည်းနည်းအေးတာနဲ့ ဖနောင့်တွေကွဲ၊ နှုတ်ခမ်းသားတွေ လန်တာတွေ ဖြစ်ပါတတ်ပါတယ်။😪
ဒီပြဿနာ တွေ ဖြေရှင်းဖို့ Kaori က Botanical Beaute' Natural balm လေးနဲ့ မိတ်ဆက်ပေးပါရစေ။
Botanical Beaute' က ဘက်စုံ သုံး လို့ရတဲ့ Natural balm လေးပါ။
သဘာဝ ပါဝင် ပစ္စည်းတွေဖြစ်တဲ့
1. Olive fruit oil🫒
2. Beewax🐝
3. Jojoba seed oil 🏺နှင့်
4. Shea butter 🧈တို့ပါဝင်ပါတယ်။
မျက်နှာ၊ နှုတ်ခမ်း၊ တံတောင်ဆစ်၊ ဖနောင့် စသော နေရာ တွေအပြင် ဆံပင် အတွက်ပါ အသုံးပြုနိုင်တဲ့ ဘက်စုံသုံး balm လေးပါ။
ခန္ဓာကိုယ် အပူချိန်ပေါ်လိုက်ပြီး တဖြည်းဖြည်းအရည်ပျော် တာမို့ စေးကပ်တာမျိုး မရှိပဲ အသားပေါ် တသားဖြစ်တဲ့ ခံစားချက်ကို ရရှိစေမှာပါ။
အနံ့ အနေနဲ့
သစ်တော ထဲတကယ်ရောက်သွား သလို သစ်ဥသစ်ဖုနံ့လေးကို ခံစားရစေပြီး စိတ်ကို တည်ငြိမ်စေနိုင်မဲ့ Green herbal ...🧘🪴
နှင်းဆီပန်း နံ့လို စိတ်ကို refresh n relax ဖြစ်စေမဲ့ ပန်းနံ့ သင်းသင်းလေးနဲ့ အဆုံးမှာ mint နံ့လေး ပေါင်းစပ်ပါဝင်တဲ့ Floral mint ...🧘♂️💐
အနံ့ (၂ )မျိုး Kaori မှာ ရရှိနိုင်ပါတယ်။
ဗူးလေးက compact ဖြစ်ပြီး expensive look လေးနဲ့မို့ သယ်ရပြုရ လွယ်ကူပါတယ်။🤩
⚠️ Temperature ပေါ်မူတည်ပြီး အရည်ပျော်တတ်တာမို့ အပြင်ယူဆောင်သွားရင် သတိလေးတော့ ထားပါနော်။
💸 price- 6500 mmk
🌸 Kaori's Beauty Box
💯 Authentic
🇯🇵 Direct From Japan
18/12/2021
Natu Savon Select Body Wash 🧴 💦 🛁
Kaori မှာ ဒီတခေါက် ပစ္စည်းသစ်လေးတွေထပ်ရောက်ထားတဲ့ အထဲ က မင်မင် Kose က ထုတ်တဲ့ Natu Savon Select Body Wash လေး အကြောင်း ပြောပြပေးမယ်နော်။ 😊
Natu Savon body wash က gel type လေးပါ။ Natural oils တွေဖြစ်တဲ့ Argan oil နဲ့ Jojoba oil ⚱️ပါဝင် တဲ့အပြင် sage, rosemary, chamomile, lavender စတဲ့ botanical extract🪴 တွေ ပါဝင်တဲ့ အတွက် အသားအရေကို သန့်ရှင်း စေနိုင်ရုံအပြင် ခန္ဓာကိုယ် ကြွက်သားများ တင်းရင်းခြင်းကို ပြေလျော့စေပြီး စိတ်လက် ပင်ပန်း နွမ်းနယ်ခြင်းနှင့် စိတ်ဖိစီးခြင်းများကို လျော့ကျစေနိုင်ပါတယ်။ 😴
အသားအရေ အတွက် လိုအပ်သော အစို ဓါတ်ကို ထိန်းသိမ်းပေးထားပြီး အသားအရေ ခြောက်သွေ့ကြမ်းတမ်းခြင်းနှင့် အရေးအကြောင်းများ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။💁🏻♀️
🙅🏻♀️Preservatives များ ပါဝင်ခြင်းမရှိပဲ သဘာဝ ပစ္စည်းများနှင့်သာ ထုတ်လုပ်ထားသော Natu Savon body wash လေး ကို အသုံးပြုရင်း အသားအရည် စိုပြေ နူးညံ့ခြင်းနှင့် စိတ်ကြည်လင် လန်းဆန်းမှုတို့ကို ရယူလိုက်ပါနော်။😇
💸 price- 15000 mmk (500 ml)
🌸 Kaori's Beauty Box
💯 Authentic
🇯🇵 Direct From Japan
07/12/2021
10/12/21 (Friday) တရက် Kaori's Beauty Box page အဟောင်းရော အသစ် ပါ အရောင်းနား ထားပါမယ်ရှင်။
ဝယ်ယူအားပေးသူ မိတ်ဟောင်း မိတ်သစ်များ အတွက် December Special Sales လေးနဲ့ ပြန်လာခဲ့ဦးမှာမို့ စောင့်မျှော် အားပေးကြပါဦးရှင့် 😍
01/10/2021
Hello!! Kaori ချစ်သူလေးတို့ရေ...
မင်မင်တို့ page မှာ ကြေညာထားခဲ့တဲ့အတိုင်း October 1 ရက်နေ့က စပြီး ဈေးနှုန်း အပြောင်းအလဲလေးတွေ ရှိမှာမို့ instock items တွေနဲ့ updated prices တွေကို Kaori page အဟောင်းမှာရော အသစ်မှာပါ မကြာခင်မှာ တင်ပေးသွားမှာပါရှင်။
ချစ်လေးတို့ တကယ်လိုအပ်လို့ ဝယ်မယ်ဆို updated price list လေးကြည့်ပြီး ဝယ်ပေးကြပါနော်။
မေးမြန်းစရာလေးတွေ၊ သိချင်တာလေးတွေ ရှိရင် cb ကနေ အချိန်မရွေး လှမ်းမေးနိုင်ပါတယ်ရှင့်။မင်မင်တို့ ချစ်တို့မေးသမျှကို စိတ်ရှည်ရှည်လေး ဖြေပေးဖို့ အမြဲ အသင့်ရှိပါတယ်ရှင်။
ဒီလို အကြပ်အတည်း အခက်အခဲကြားထဲမှာပဲ Kaori ကို တခဲနက် အားပေး ချစ်ခင်ပေးကြတဲ့ ချစ်တို့ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်ရှင်။
အရည်အသွေးမှန်သော ဈေးတန်သော products များနှင့်အတူ promotion အစီအစဉ်သစ်လေးများပါ မင်မင်တို့ အခါအားလျော်စွာ ထည့်သွင်းပေးသွားဦးမှာမို့ Kaori ကို ဆက်လက် စောင့်မျှော် အားပေး ပေးကြပါဦးနော်။
🌸 Kaori's Beauty Box
💯 Authentic
🇯🇵 Direct From Japan
30/09/2021
ချစ်ကလေးတို့ရေ ဒီနေ့Septemberလရဲ့နောက်ဆုံးရက်နော်
လိုချင်တာလေးတွေရှိရင် ဈေးအပြောင်းအလဲမဖြစ်ခင် အားပေးနိုင်ပါတယ်နော်
Hello !! Kaori ချစ်သူလေးတို့ရေ
ယမ်းဈေးမငြိမ်ပဲ တောက်လျှောက် တက်နေတဲ့အတွက် 💹
ဒီ September လကုန်လောက် အထိပဲ
မင်မင်တို့ ဈေးမတက်ပဲ တောင့်ခံနိုင်ပါတော့မယ် 😪😔
ဒီ လကုန်ရင် ဈေးနှုန်းအပြောင်းအလဲတွေရှိမှာမို့
လိုချင်တာ လိုအပ်တာလေးတွေရှိရင်
လမကုန်ခင်လေး ဝယ်ထားကြပါနော်။ 🥰
ဈေးသက်သာတာလေးတွေ
Kaori မှာ instock ရှိနေသေးတာမို့
အချိန်လေးရတုန်း မြန်မြန်လေးရှာပြီး
အားပေးကြပါဦးလို့။🔎🔎
October လထဲမှာလည်း Kaori က အစီအစဉ်သစ်လေး တခု လုပ်ဖို့ရှိလို့ စောင့်မျှော်ပေးကြပါဦးနော်....💫💥
25/09/2021
Hello !! Kaori ချစ်သူလေးတို့ရေ
ယမ်းဈေးမငြိမ်ပဲ တောက်လျှောက် တက်နေတဲ့အတွက် 💹
ဒီ September လကုန်လောက် အထိပဲ
မင်မင်တို့ ဈေးမတက်ပဲ တောင့်ခံနိုင်ပါတော့မယ် 😪😔
ဒီ လကုန်ရင် ဈေးနှုန်းအပြောင်းအလဲတွေရှိမှာမို့
လိုချင်တာ လိုအပ်တာလေးတွေရှိရင်
လမကုန်ခင်လေး ဝယ်ထားကြပါနော်။ 🥰
ဈေးသက်သာတာလေးတွေ
Kaori မှာ instock ရှိနေသေးတာမို့
အချိန်လေးရတုန်း မြန်မြန်လေးရှာပြီး
အားပေးကြပါဦးလို့။🔎🔎
October လထဲမှာလည်း Kaori က အစီအစဉ်သစ်လေး တခု လုပ်ဖို့ရှိလို့ စောင့်မျှော်ပေးကြပါဦးနော်....💫💥
26/08/2021
Bifesta Makeup Remover Wipes
အခုလို pandemic ကာလမှာ ရုံးတွေသွား အပြင်တွေသွားလာနေရသေးတဲ့ ချစ်တို့ကတော့ makeup ကို အရင်လို ထူထူလေး မလိမ်းဖြစ်လောက်တော့ဘူးပေါ့နော်။မင်မင်တို့လည်း အပြင်ကို မဖြစ်မနေ သွားရတဲ့အခါ moisturizer, sunscreen နဲ့ မိတ်ကပ်ပါးပါးလေး တထပ်တော့ လိမ်းဖြစ်ပါတယ်။ mask တွေ face shield တွေ တပ်ထားပေမဲ့ အသားအရေကို ထိခိုက်စေမဲ့ နေရောင်ခြည့်ဒဏ်က ကာကွယ်နိုင်အောင်တော့ မိမိ အသားအရေကို ဂရုစိုက်ပေးသင့်ပါတယ်။ အပြင်ကို မဖြစ်မနေ သွားရရင် မိတ်ကပ်တွေဘာတွေ မလိမ်းချင်ရင်တောင် sunscreen လောက်တော့လိမ်းပေးပါနော် ချစ်တို့။🙏🙏
မင်မင်လည်း အိမ်ထဲနေတာများတော့ အသားအရေ ကို ဂရုမစိုက်ပဲ ပစ်ထားလိုက်မိတယ်။ ရလာဒ်က ချွေးပေါက်တွေ ကျယ်လာပြီး ဝက်ခြံတွေလည်း တလုံးစ နှစ်လုံးစထွက်လာတယ်။ အပြင်သွားဖို့ လိုအပ်လာလို့ မိတ်ကပ်ပြန်လည်း ထလိမ်းရော အသားအရေက ဟိုတကွက် ဒီတကွက်ခြောက်ပြီး မိတ်ကပ်သားမညီတဲ့ ပြဿနာ တက်ပါလေရော။ ဘယ်အရာမဆို ပျက်စီးသွားဖို့က မြန်ပြီး ကောင်းမွန်အောင် ပြန်လည်ထိန်းသိမ်းရတာတော့ ခက်တယ်၊ အချိန်ပေးရတယ်လေနော်။😩😤
ကဲ ချစ်တို့ Skincare လေး ပြန်လုပ်မယ်ဆို အရေးကြီးတဲ့ Cleansing step လေးကစရအောင်နော်။ Cleansing step မှာ အလွယ်တကူ နဲ့ အလျင်အမြန် makeup တွေ ဖျက်လို့ရမဲ့ Bifesta Makeup remover wipe လေးတွေ Kaori မှာရနိုင်ပါပြီ။ Micellar water-based makeup remover wipe နဲ့ Beauty Oil-infused remover wipe ဆိုပြီး (၂) မျိုးရရှိနိုင်ပါတယ်။✌️
Bifesta makeup remover wipes များကို low-friction formula ကိုအခြေခံ၍ ထုတ်လုပ်ထားပြီး fragrance နဲ့ colourants free ဖြစ်တဲ့အပြင် allergy tested ပြုလုပ်ထားတဲ့ အတွက် sensitive skin အသားအရည် ပိုင်ရှင် ချစ်တို့လည်း အသုံးပြုနိုင်ပါတယ်ရှင်။👌👌
Wipe တခုကို 15cm × 20cm size ရှိတဲ့အတွက် မျက်နှာ တခုလုံး သန့်စင်ရာမှာ လုံလောက်ပြီး wipe တဖက်မှတဖက်သို့ အညစ်အကြေးများ စိမ့်ဝင် ပေါက်ထွက်မှာကိုလည်း စိတ်ပူစရာမလိုပါဘူးနော်။ Bifesta wipe က မိတ်ကပ်အညစ်အကြေးများ၊ အဆီပိုများ၊ ဖုန်မှုန့်များကို ရှင်းလင်း သန့်စင်ပေးနိုင်သည့်အပြင် facial toners များလည်းပါဝင်သေးတာမို့ မိမိ အသားအရည် အမျိုးအစားနှင့် သင့်တော်မည့် wipe အမျိုးအစားကို ရွေးချယ် အသုံးပြုရင်း အသားအရည်ကို နူးညံ့စိုပြေတောက်ပစေနိုင်ပါတယ်။👍
Bifesta Makeup Remover Wipe (Moist)💗
Amino Acid ပါဝင်လို့ အသားအရေ ကို ရေဓါတ်ဖြည့်တင်းပေးနိုင်ပြီး dry skin ပိုင်ရှင် ချစ်တို့ အသုံးပြုနိုင်ပါတယ်။ 100% oil-free formula ဖြစ်တာကြောင့် အသုံးပြုအပြီး စေးကပ်ခြင်း အဆီပြန်ခြင်းများ မဖြစ်စေဘဲ အသားအရည် အိစက် စိုပြေစေနိုင်ပါတယ်။
Bifesta Makeup Remover Wipe (Brightup)💙
Vitamin C နှင့် AHA Lactic Acid ပါဝင်တဲ့ Brightup ကတော့ dead skin များကို ဖယ်ရှားပေးနိုင်ကာ blackheads ဖြစ်ပေါ်မှုကို လျော့ကျစေနိုင်ပါတယ်။ အသားအရည် ကြည်လင်တောက်ပလိုတဲ့ ချစ်တို့ အသုံးပြုနိုင်ပါတယ်။
Biefsta Makeup Remover Wipe (Perfect Clear) 🖤
Perfect Clear ကတော့ oil-infused wipe အမျိုးအစားပါ။ Botanical rice bran oil နှင့် Artichoke leaf extract ပါဝင်ပြီး waterproof mascara နှင့် heavy makeup တွေကို ချွေးပေါက်များအတွင်းထိ အလွယ်တကူ သန့်စင်ပေးနိုင်ခြင်းကြောင့် ချွေးပေါက်များပိတ်မှာကိုလည်း စိုးရိမ်ဖို့ မလိုပါဘူးရှင်။ oil-infused အမျိုးအစားဖြစ်ပေမဲ့ အသုံးပြုအပြီးမှာ စေးကပ်ခြင်း အဆီပြန်ခြင်းများ အလျင်းမရှိပါဘူးနော်။ Perfect Clear ကိုတော့ waterproof မိတ်ကပ် အသုံးပြုတတ်တဲ့ ချစ်တို့ အသုံးပြုနိုင်ပါတယ်။
🌸 Kaori's Beauty Box
💯 Authentic
🇯🇵 Direct From Japan
💰Price- 9500 mmk (46 sheets)
Kaori ကအစဉ်အမြဲ ဝယ်ယူအားပေးကြသူများကို
အထူးကျေးဇူးတင်ပါတယ်ရှင့်
မင်မင်တို့ page အသစ်လေးဖွင့်ထားပါတယ်
Page အသစ်ရော အဟောင်းရောကပါ စုံစမ်းမေးမြန်းဝယ်ယူအားပေးနိုင်ပေမယ့်
ပစ္စည်းအသစ်များအကြောင်း promotionချပေးမယ့် အစီအစဉ် lucky drawလေးတွေ အခါအားလျော်စွာလုပ်ပေးမယ့် page အသစ်လေးကို like & follow လေးလုပ်ပေးကြပါ ချစ်တို့ရေ😘 Kaori Beauty Box
https://www.facebook.com/Kaori-Beauty-Box-109217651412304/
Kaori Beauty Box Direct import Japanese products whole sales & retail
21/08/2021
Meishoku Placenta Whitening Eye Cream
ဒီည မင်မင် မအိပ်ခင်လေး Night time skin care steps မှာ မရှိမဖြစ် အရေးပါလှတဲ့ Eye Cream လေး အကြောင်း ပြောပြပေးမယ်နော်။👀
Meishoku Placenta eye cream ဟာ medicated eye cream အမျိုးအစား ဖြစ်ပြီး မျက်လုံးနားတဝိုက် တွင် ဖြစ်ပေါ်တတ်သော အရေးအကြောင်းများနှင့် မျက်ကွင်းညိုခြင်းများကို လျော့ပါး သက်သာစေနိုင်ပါတယ်။
🍂🍃
Brightening နှင့် Anti-aging effect ပါတဲ့ Meishoku eye cream မှာ placenta ပါဝင်တဲ့ အတွက် အသားအရည် အတွင်းပိုင်းထိ စိမ့်ဝင်နိုင်ပြီး အသားအရည် ကို ညိုမဲစေနိုင်သော Melanin ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်ပါတယ်။ 🌚🌝
Meishoku eye cream မှာ collagen လည်း ပါဝင်သေးတာမို့ မျက်ဝန်း တဝိုက် အသားအရေကို စိုပြေ တင်းရင်းစေနိုင်ပါသေးတယ်နော်။ 💦💦
Meishoku eye cream ရဲ့ texture က ပျစ်ပျစ်လေး ဖြစ်တာကြောင့် အခြား eye cream များထက် အစိုဓါတ်ကို ကြာရှည်စွာ ဖြည့်ပေးနိုင်စွမ်းလည်းရှိပါတယ်။😘😘
မျက်ဝန်း တဝိုက်အသားအရည်ကို တောက်ပစေဖို့၊ အစက်အပြောက် အရေးအကြောင်း ကင်းရှင်းစေဖို့၊ ငယ်ရွယ်နုပျိုတဲ့ မျက်ဝန်း တစုံကို ပိုင်ဆိုင်နိုင်ဖို့ Meishoku Placenta whitening eye cream လေးကို အသုံးပြုကြည့်ကြပါလို့ ချစ်တို့ကို အကြံပြုရင်း....
Good Night ပါ ချစ်တို့ရှင့် 😴🌙
🌸 Kaori's Beauty Box
💯 Authentic
🇯🇵 Direct From Japan
💰price- 18500 mmk (30 g)
20/08/2021
အရမ်းရောင်းကောင်းခဲ့တဲ့ Underarms Whitening Stick လေး Kaori မှာပြန်ရပါပြီ
Shiro Waki Hime Underarms Exfoliating & Brightening Cream
စစ်တမ်းတခုအရ မိန်းကလေးတွေရဲ့40% က ချိုင်းကြား အသားအရည် မချောမွေ့တာကို စိတ်ပူကြပြီး 60 % က ချိုင်းကြားအသားအရည် ညိုမဲနေတဲ့အပေါ် စိုးရိမ်နေကြတယ်တဲ့။
ဒါကြောင့် မင်မင့် အသဲ တို့ အချစ်တို့ ဒီ product လေးကို စိတ်ဝင်စားမယ် ဆိုလည်း စိတ်ဝင်စားလောက်ပါတယ်။
2014 ခုနှစ်မှာ Shiro Waki ကုမ္ပဏီက က ဒီလို အမျိုးသမီးများ စိုးရိမ်နေတတ်တဲ့ ချိုင်းကြား အသားအရည် နဲ့ ပတ်သက်လို့ ဖြေရှင်းပေးနိုင်ဖို့ White Armpit Princess ဆိုတဲ့ Underarms Exfoliating & Brightening cream လေးကို ထုတ်လုပ်လိုက်ပါတယ်။
ဒီ cream လေးက ချိုင်းကြား မှာ ရှိတဲ့ ဆဲလ်ဟောင်း နဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အဆီနဲ့ ချွေးကြောင့် ချိုင်းကြားမှာ ဖြစ်ပေါ်လာတဲ့ အသားအရည် ညိုမဲခြင်း စွန်းထင်းခြင်းတွေကို sec 30 အတွင်း ဖြေရှင်းပေးနိုင်ပါတယ်။
peeling နဲ့ white coating ပါဝင်လို့ ချိုင်းကြား အသားအရည်ကို ဖြူဝင်း လှပစေနိုင်ပါတယ်။
ပါဝင်တဲ့ ရွှံ့စေးက ချွေးပေါက်တွေထဲမှာရှိတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပြီး fruit acid ပါဝင်လို့ dead cell တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ titanium oxide က ချိုင်းကြား အသားအရေ ကို ဖြူစေနိုင်ပါတယ်။
ချိုင်းကြား အသားအရည် စိုပြေစေရန် နှင့် အသားအရည် ညီစေဖို့ hyaluronic acid နဲ့ squalane လည်း ပါဝင်ပါသေးတယ်။
ရေ အနည်းငယ် စိုနေသော ချိုင်းကြား အသားအရည် ပေါ်တွင် cream ကို ပဲစေ့ပမာဏ လိမ်းပြီး 10 sec လောက် ခဏထားပါ။ ပြီးလျှင် 20 sec လောက် စက်ဝိုင်းပုံ သဏ္ဌာန် နှိပ်ပြီး အသားထဲ စိမ့်ဝင်အောင် လိမ်းပေးပါ။အကြမ်းပတမ်း ပွတ်တိုက်ခြင်းမျိုး မပြုလုပ်ရပါ။ ပြီးလျှင် ရေစို အဝတ် (ဝါ) လက်ဖြင့် အညစ်အကြေးများကို ဖယ်ရှားပါ။ hair removal cream သုံးပြီးပြီးချင်း Underarms Exfoliating & Brightening cream ကို အသုံးမပြုသင့်ပါ။
💰price- 7000 mmk
🌸 Kaori's Beauty Box
💯 Authentic
🇯🇵 Direct From Japan
17/08/2021
Biore Face Wash Marshmallow Whip
ချစ်တို့ အားလုံး မင်္ဂလာပါရှင်။ ဒီနေ့ Kaori ကနေ မိတ်ဆက်ပေးဖို့ အလှည့်ကျတဲ့ new product လေးကတော့ Kao က ထုတ်လုပ်ထားတဲ့ Biore Face Wash Marshmallow Whip လေးပါနော်။🧴🧴
မျက်နှာသစ်တဲ့ အခါ Marshmallow လေး ပါးပေါ် တင်ထားသလို နူးညံ့ပြီး foamy ဖြစ်တဲ့ အထိအတွေ့ကို ခံစားရရှိစေမှာပါ။ Kao က တီထွင်ထားတဲ့ SPT (Skin Purifying Technology) အဆင့်မြင့် နည်းပညာကို အသုံးပြု ထုတ်လုပ်ထားတဲ့ ဒီ Marshmallow Whip လေးဟာ အရေပြားပေါ် နှင့် ချွေးပေါက်များ အတွင်းရှိ အဆီပို၊ အညစ်အကြေးနဲ့ ဖုန်မှုန့်များကို ဖယ်ရှားပေးတဲ့အခါ သဘာဝ အသားအရည် ၏ အစိုဓါတ်ကို မပျောက်ပျက်စေဘဲ ရှင်းလင်းဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရည်ကို ခြောက်သွေ့ ယားယံမှု မဖြစ်စေဘဲ စိုပြေ နူးညံ့ နေစေမှာပါ။ 😍😍
Marshmallow Whip ကို အရင်က အသုံးပြုခဲ့တဲ့ formula တွင် ထည့်သွင်းခဲ့သော cleansing agent ထက် 21% လျော့ချ ကာ ထုတ်လုပ်ထားတဲ့ အတွက် အသားအရည်ကို သဘာဝ အတိုင်း စိုပြေ ကျန်းမာ စေနိုင်ပါတယ်။ pump ပုံစံနဲ့ ထုတ်လုပ်ထားပြီး မျက်နှာ တခါသစ်ရန် တခါ (သို့) နှစ်ခါ ညှစ်စာလောက် အသုံးပြုရုံဖြင့် လုံလောက်ပါတယ်ရှင့်။👍👍
Biore Face Wash Marshmallow Whip ကို အရောင်အားဖြင့် (၄) ရောင် Kaori မှ မှာယူ ရရှိနိုင်ပါတယ်။ 👇👇
🧴💓 ပန်းရောင်လေး (Moisture) ကို Normal to Combination အသားအရည် ရှိပြီး အသားအရည်ကို သန့်ရှင်း စိုပြေစေချင်တဲ့ ချစ်တို့ ရွေးချယ်နိုင်ပါတယ်။
🧴💛 အဝါရောင် (Rich Moisture) ကိုတော့ Dry Skin အသားအရည် ပိုင်ရှင် ချစ်တို့ အသုံးပြုနိုင်ပါတယ်။ 40% moisturizing agents ပါဝင်တာကြောင့် အသားအရည် ခြောက်သွေ့မှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
🧴💜 ခရမ်းရောင် (Oil Control) လေးကိုတော့ Oily skin ပိုင်ရှင် ချစ်တို့ အသုံးပြုနိုင်ပါတယ်။ 800% micro bubbles နှင့် ပိုမို သိပ်သည်းတဲ့ foam ပါဝင်တဲ့ Oil Control ခရမ်းလေးက T Zone မှာရှိသော အဆီပိုများနှင့် ချွေးပေါက်များအတွင်းရှိ အညစ်အကြေးများကို ထိရောက်စွာ ဖယ်ရှား ပေးနိုင်စွမ်း ရှိပါတယ်။
🧴💚 အစိမ်းရောင် (Acne Care) မှာတော့ Anti-bacterial နဲ့ Anti- inflammatory agents တွေ ပါဝင်တာမို့ breakouts ဖြစ်လွယ်တဲ့ Acne- prone Skin ရှိတဲ့ ချစ်လေးတို့ အသုံးပြုနိုင်ပါတယ်။
🌸 Kaori's Beauty Box
💯 Authentic
🇯🇵 Direct From Japan
💰Price -11000 mmk (150 ml)
Click here to claim your Sponsored Listing.
Telephone
Website
Address
Bo La Yaung Street
Yangon
11421
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 09:00 - 22:00 |