MedLab
Medical Company
18/02/2022
Available Now !
✅ Mylan အမှတ်တံဆိပ် Molnatris Molnupiravir 200 mg ဝယ်ယူလို့ရနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။
✅ အရေအတွက်လိုသလောက် လက်လီလက်ကားဝယ်ယူရရှိနိုင်ပါပြီ
✅ တရက် ကြိုတင်မှာခြင်းဖြင့် အိမ််အရောက်ပို့ ပေးနေပါပီ
☎️ 09 5502770
10/09/2021
🔸🔸ခုချိန်မှာ COVID-19 vaccine လေးတွေနဲ့ပတ်သက်ပြီး လူတွေပိုပြီး စိတ်ဝင်စားလာတဲ့အတွက် ဒါလေးကိုပြန်ပြီး sharing လေးလုပ်ပေးချင်ပါတယ်ရှင့်🔸🔸
Credit to original uploader~
💉မြန်မာနိုင်ငံအတွက် လက်လှမ်းမီနိုင်ချေများတဲ့ တရုတ်နှင့် အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးများကို နှိုင်းယှဉ်ချိန်ဆနိုင်ကြဖို့ ပိုမိုဦးစားပေး ဖော်ပြထားပါတယ်ရှင်။
💉တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ💉
(၁) SINOPHARM
သေဆုံးပြီးသား ဗိုင်းရပ်စ်ကို ပြန်လည်ပြုပြင်ပြီး ထုတ်လုပ်ထားတဲ့ Inactivated vaccine အမျိုးအစား ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲ ရောက်လာရင် ကိုယ်ခံအားစနစ်က ဒီဗိုင်းရပ်ရဲ့ပုံစံကို သတိထားမိပြီး ခုခံဓာတ်တွေ ထွက်လာအောင် လှုံ့ဆော်ပေးတဲ့နည်း ဖြစ်ပါတယ်။ WHOက ဒီဆေးကို ယခုနှစ်မေလတွင် စတင်အသုံးပြုခွင့် ပေးထားပြီး နိုင်ငံပေါင်း ၈၀ကျော်မှာ အသုံးပြုလျက် ရှိပါတယ်။ ကာကွယ်နိုင်စွမ်း ၇၉.၃% ရှိပါတယ်။
(၂) SINOVAC/ CORONAVAC
Inactivated virus vaccine ပဲဖြစ်ပြီး ကာကွယ်နိုင်စွမ်း ၄၉.၆%မှ ၅၀.၇% ရှိပါတယ်။ ရောဂါကူးခံရပါက ဆိုးဆိုးရွားရွား မဖြစ်ဖို့ ၈၅%မှ၁၀၀% ကာကွယ်နိုင်တဲ့ဆေးပါ။ WHOက ယခုနှစ် ဇွန်လတွင် စတင်အသုံးပြုခွင့် ပေးထားပြီး ဖြစ်ပါတယ်။
💉SINOPHARM နဲ့ SINOVAC ဆေးနှစ်မျိုးလုံးဟာ 0.5mlဆေး၂ကြိမ်ကို ၃ပတ်မှ၄ပတ်ခြား ထိုးရမှာဖြစ်ပြီး အသက်၁၈နှစ်နှင့် အထက်ဆိုရင် ဆေးထိုးလို့ရပါပြီ။ ရောဂါအခံရှိသူများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေပါ ထိုးလို့ရပါတယ်။ ဆေးမထိုးခင်တော့ ဆရာဝန်နှင့် ကြိုတင် တိုင်ပင်ဖို့ လိုပါတယ်။
😷ကိုယ်အပူချိန် 38.5°Cထက် မြင့်နေသူ၊ ကိုဗစ်လက္ခဏာများ ရှိနေသူ၊ ကာကွယ်ဆေးထိုးစဉ် ဓာတ်မတည့်မှု ဖြစ်ဖူးသူများကတော့ ဆေးမထိုးသင့်သေးပါဘူး။
💡ဒီဆေးများမှာ အပူချိန်2-8°C ပုံမှန်အအေးခန်းတွင် သိုလှောင်နိုင်တဲ့ အားသာချက်ရှိပြီး စစ်တမ်းများအရ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မတွေ့ရတတ်ပါဘူး။ ဆေးထိုးထားတဲ့ နေရာမှာနာခြင်း၊ အဖျားငွေ့ငွေ့ရှိခြင်း၊ နုန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်းတို့ ဖြစ်တတ်ပြီး ၂ရက်အကြာမှာ အလိုလို ပျောက်ကင်းပါတယ်။
💉အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးများ💉
(၁) COVISHIELD
ဗြိတိန်နိုင်ငံထုတ် AstraZeneca ဆေးရဲ့ Adenovirus vector vaccine နည်းပညာကိုယူပြီး အိန္ဒိယနိုင်ငံမှာ Covishield အမည်ဖြင့် ကာကွယ်ဆေး ထုတ်ထားခြင်း ဖြစ်ပါတယ်။ ဆေးကို 2-8°C မှာပဲ ထားလို့ရပါတယ်။ ၁၈နှစ်ကျော်လျှင် ထိုးလို့ရပြီး 0.5ml ဆေး၂ကြိမ်ကို ၄ပတ်မှ၁၂ပတ်ခြားပြီး ထိုးရပါမယ်။ ပထမအကြိမ် ဆေးထိုးပြီးရင် ၇၀.၄%၊ ဆေး၂ကြိမ်ထိုးပြီးရင် ၈၂.၄% ကာကွယ်မှုရပြီး ၆၅နှစ်ကျော်သူတွေမှာ ကိုဗစ်ကြောင့် သေဆုံးနှုန်းကို ၉၄%အထိ ကာကွယ်နိုင်တဲ့ဆေး ဖြစ်ပါတယ်။ အများအားဖြင့် သာမန်ဘေးထွက် ဆိုးကျိုးများသာ ရှိတတ်ပါတယ်။ ရောဂါအခံရှိသူ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆေးမထိုးမီ ဆရာဝန်နှင့် တိုင်ပင်သင့်ပါမယ်။
(၂) COVAXIN
အိန္ဒိယဆေးသုတေသနနဲ့ Bharat Biotech ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တဲ့ ဒီဆေးကလည်း (Inactivated vaccine)ပဲ ဖြစ်ပါတယ်။ 0.5mlဆေး၂ကြိမ်ကို ၄ပတ်မှ၆ပတ်ခြားပြီး ထိုးရပါမယ်။ ဆေးနှစ်ကြိမ် ထိုးပြီးရင် ကာကွယ်နိုင်စွမ်း ၇၈%(Delta မျိုးကွဲအတွက် ၆၅%)၊ ရောဂါပြင်းထန်နိုင်ချေ ၉၃.၄%အထိ ရပါတယ်။ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် သွေးယိုစီးမှု ပြဿနာ ရှိသူများက ဒီဆေးကို မထိုးသင့်ဘူးလို့ သိရပါတယ်။
💉ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးများ💉
(၁) SPUTNIK V
ဒီဆေးက ပြုပြင်ထားတဲ့ တုပ်ကွေးရောဂါပိုး Adenovirus နှစ်မျိုးကို ထပ်မံပွားများခြင်း မရှိအောင် ပြုလုပ်ပြီး ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဆေး၂ကြိမ်ကို ၃ပတ်ခြားပြီး ထိုးရပါမယ်။ ကာကွယ်နိုင်စွမ်း ၉၁.၆% ရှိပြီး နိုင်ငံပေါင်း ၆၄နိုင်ငံမှာ အသုံးပြုနေ ကြပါတယ်။ ဘေးထွက် ဆိုးကျိုးများအဖြစ် ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား၊ အဆစ်များ နာကျင်ခြင်း၊ ချမ်းတုန်ခြင်းများ အဖြစ်များပါတယ်။
(၂) SPUTNIK LIGHT
ရုရှားနိုင်ငံမှာ ယခုနှစ်မေလအတွင်းက စတင်အသုံးပြုခွင့် ရထားပြီး လက်ရှိမှာ နိုင်ငံပေါင်း ၁၃နိုင်ငံမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ အားသာချက်က ဆေးကိုတစ်ကြိမ်ပဲ ထိုးဖို့လိုအပ်ပြီး ထိုးပြီးလေးပတ်အကြာမှာ ခုခံအားဓာတ် ၉၀%ကျော်ကို ပြည့်စုံစေပါတယ်။ ရောဂါကာကွယ် နိုင်စွမ်းကတော့ ၇၉.၄% ရှိပါတယ်။
(ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးများက WHO ရဲ့အသိအမှတ်ပြုမှုတော့ မရရှိသေးပါဘူး။)
💉အမေရိကန်နိုင်ငံထုတ် ကာကွယ်ဆေးများ💉
(၁) Pfizer
ပထမဦးဆုံး ထုတ်လုပ်နိုင်တဲ့ ကိုဗစ်ကာကွယ်ဆေးဖြစ်ပြီး ၈၁.၈% မှ ၉၅%အထိ ကာကွယ်နိုင်စွမ်း ရှိပါတယ်။ အသက်၁၂နှစ်နှင့် အထက်ဆိုရင် ဆေးထိုးလို့ ရပါတယ်။ Pfizer-BioNTech ဟာ mRNA နည်းပညာသုံး ကာကွယ်ဆေးဖြစ်ပြီး အပူချိန် -80 to -60°C မှာ သိမ်းဆည်းရပြီး ဆေးထိုးဖို့ normal saline နဲ့ရောစပ်ပြီးရင် အခန်းတွင်း အပူချိန်မှာ ၆နာရီသာ အထားခံပါတယ်။
(၂) MODERNA
လက်ရှိအချိန်အထိ အကောင်းဆုံး ကိုဗစ်ကာကွယ်ဆေးအဖြစ် သတ်မှတ်ထားကြပြီး ၉၄.၁% ကာကွယ်နိုင်စွမ်း ရှိပါတယ်။ အပူချိန် -25 to -15°C မှာ အချိန်တစ်လသာ အထားခံတဲ့ ဆေးဖြစ်ပါတယ်။ mRNA နည်းပည သုံးထားတဲ့ဆေးဖြစ်ပြီး ဆေး၂ကြိမ်ကို ၄ပတ်ခြားပြီး ထိုးရမှာ ဖြစ်ပါတယ်။
😷Pfizer နှင့် Moderna နှစ်မျိုးလုံး ဘေးထွက်ဆိုးကျိုးများ ဆင်တူကြပါတယ်။ ဆေးထိုးတဲ့ နေရာမှာ နာကျင်ခြင်း၊ ကြွက်သားများနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နုန်းခြင်းတို့ အဖြစ်များတတ်ပြီး ဒုတိယဆေး ထိုးပြီးချိန်မှာ ပိုဖြစ်လေ့ ရှိပါတယ်။ ရှားပါးတဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် နှလုံးအမြှေးပါးရောင်ခြင်း၊ နှလုံးကြွက်သား ရောင်ခြင်းများကို တွေ့ရပါတယ်။
💉နယ်သာလန်နိုင်ငံထုတ် ကာကွယ်ဆေး💉
💉Johnson & Johnson COVID-19 Vaccine
Janssen ကုမ္ပဏီထုတ် ဒီဆေးကို အသက်၁၈နှစ် ပြည့်သူတွေ ထိုးနှံနိုင်ပြီး ကာကွယ်နိုင်စွမ်း ၆၆.၉% ရရှိပါတယ်။ ဆေးထိုးပြီး ၂၈ရက်အကြာမှာ ရောဂါပြင်းထန်နိုင်ချေ ၈၅.၄%နဲ့ ရောဂါကြောင့် ဆေးရုံတက် ရနိုင်ချေကို ၁၀၀%ကာကွယ်ပေးနိုင်တဲ့ ဆေးဖြစ်ပါတယ်။
🚨COVID-19 ကာကွယ်ဆေးတွေဟာ အရေးတကြီး လိုအပ်ချက်ကြောင့် ၁နှစ်ကျော်အတွင်း အမြန်ထုတ်ရပေမယ့် လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှု အဆင့်များကို များစွာကျော်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဆေးတိုင်းမှာ ကာကွယ်နိုင်စွမ်း ၅၀%အထက်ရှိမှသာ ထုတ်လုပ်ခွင့်နှင့် အသိအမှတ်ပြုခြင်းကို ရရှိနိုင်ကြပါတယ်။ ဆေးမထိုးထားသူနဲ့ယှဉ်ရင် ဆေးတခုခုထိုးထားသူက ကာကွယ်နိုင်စွမ်း၊ ရောဂါပြင်းထန်မှု လျော့ကျနိုင်စွမ်းများ အတိုင်းအတာတခုအထိ သေချာပေါက် ပိုရှိပါတယ်။ ဒါကြောင့်မို့ လက်လှမ်းမီမယ့် ကာကွယ်ဆေးကို အမြန်ဆုံးထိုးနှံထားပြီး COVID-19 ကို ကာကွယ်ကြဖို့ တိုက်တွန်းအပ် ပါတယ်ရှင်။
Reference:
https://www.cdc.gov/coronavirus/2019-ncov/vaccines/different-vaccines.html
09/09/2021
✅ Customerများ၏ ယုံကြည်စိတ်ချစွာဝယ်ယူအားပေးမှုအား ကျွန်တော်တို့ MedLab မိသားစုမှ အထူးကျေးဇူးတင်ပါခင်ဗျာ
✅ အရေအတွက်လိုသလောက် လက်လီလက်ကားဝယ်ယူရရှိနိုင်ပါပြီ
✅ တရက် ကြိုတင်မှာခြင်းဖြင့် အိမ််အရောက်ပို့ ပေးနေပါပီ
☎️ 095502770
24/08/2021
✅ Quantity ပိုကောင်းပြီးစိတ်ချယုံကြည်ရတဲ့
Abbottတံဆိပ်Enoxaprin 0.4/0.6 တွေကို ဝယ်ယူနိုင်ပါပြီ
✅ Abbott တံဆိပ် ကတော့ Top brandတွေထဲက ဖြစ်ပြီး India နိုင်ငံမှာထုတ်လုပ်ထားတာဖြစ်တဲ့အပြင် India FDAထောက်ခံချက်လည်း အပြည့်အဝရရှိထားပြီးသားပါ✨ အရည်အသွေးကလည်း လုံးဝစိတ်ချထားလို့ရပါတယ်💯✨
➡️ 0.4 ml/40mg - 12,000 kyats
➡️ 0.6 ml/60mg -15,000 kyats
🚩 instock ပစ္စည်းတွေမို့ အိမ်အရောက်ပို့မှာယူနိုင်ပါတယ်
🚩 လက်လီ/လက္ကား (၂) မျိုးလုံးဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
☎️095502770☎️
20/08/2021
✅Abbott တံဆိပ် Enoxaparin သွေးကျဲဆေးတွေ ဝယ်ယူနိုင်ပါပြီ
➡️ 0.4 ml/40mg - 12,000 kyats
➡️ 0.6 ml/60mg -15,000 kyats
✅ကိုဗစ်ရောဂါတွင်သာမက အခြားသွေးခဲစေသော ရောဂါများတွင်ပါ အသုံးပြုနိုင်သည့် ဆေးဖြစ်ပါတယ်။
✅ ဆရာဝန်ညွှန်ကြားချက်အတိုင်း သုံးစွဲရသည့် ထိုးဆေးဖြစ်ပါတယ်။
🚩 instock ပစ္စည်းတွေမို့ အိမ်အရောက်ပို့မှာယူနိုင်ပါတယ်
🚩 လက်လီ/လက္ကား (၂) မျိုးလုံးဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
☎️095502770☎️
17/08/2021
✅ Enoxaparin သွေးကျဲဆေးများ ဝယ်ယူရရှိနိုင်ပါပြီ။
0.4 ml / 40mg ၁၂,၀၀၀ ကျပ်
0.6 ml / 60 mg ၁၄,၀၀၀ ကျပ်
ကိုဗစ်ရောဂါတွင်သာမက အခြားသွေးခဲစေသော ရောဂါများတွင်ပါ အသုံးပြုနိုင်သည့် ဆေးဖြစ်ပါတယ်။
✅ ဆရာဝန်ညွှန်ကြားချက်အတိုင်း သုံးစွဲရသည့် ထိုးဆေးဖြစ်ပါတယ်။
✅ In stock ရှိနေချိန် မှာယူလိုက်ပါခင်ဗျာ။
အရေအတွက်လိုသလောက် လက်လီလက်ကားဝယ်ယူရရှိနိုင်ပါပြီ
✅ တရက် ကြိုတင်မှာခြင်းဖြင့် အိမ််အရောက်ပို့
ပေးနေပါပီ
✅ Customerများ၏ ယုံကြည်စိတ်ချစွာဝယ်ယူအားပေးမှုအား ကျွန်တော်တို့ MedLab Myanmar မိသားစုမှ အထူးကျေးဇူးတင်ပါခင်ဗျာ
☎️ 09 266 161 200
16/08/2021
ဆရာမကြီး ပါမောက္ခဒေါ်သန်းသန်းအေး ရေးသားသော ကိုဗစ်အကြောင်း စာစုများကို ဆက်လက်ဖော်ပြလိုက်ပါတယ်။
အပိုင်း (၁၀)
Anticoagulants ..
သွေးကျဲဆေးခေါ် ပေမဲ့ တကယ်တေါ့ သွေးမခဲဆေးပါ ။ သွေးမခဲအောင် တါးဆီးတဲ့ဆေးဖြစ်ပါတယ်။အများနှုတ်ကျိုးနေသလို သွေးကျဲဆေးပဲ ခေါ်ပါမယ်။
-ဘာကြောင့် သွေးကျဲဆေး ပေးဖို့လိုလဲ
-ဘယ်သူတွေကိုပေးရမလဲ
-ဘယ်သူတွေကို ရှောင်ရမလဲ
-ဘယ်ဆေးမျိုးရွေးပေးရမလဲ။ ဘယ်လေါက်ပေးရမလဲ
-ဘယ်လေါက်ကြာကြာပေးရမလဲ။
-ဆေးရုံဆင်းပြီးနောက်ကော ဘယ်ထိ ဆက်ပေးရမလဲ။
-သွေးထွက်လွန်တါရော ကြောက်ရမလါး
-D dimer နဲ့ သွေးကျဲဆေး ဆုံးဖြတ်ရမလါး၊ ညှိရမလါး
**************
***ဘာကြောင့်သွေးကျဲဆေး ( Anticoagulant) ပေးဖို့လိုသလဲ ။
Meta-analysis နည်းနဲ့ လေ့လါကြည့်တဲ့အခါ Venous Thrombo Embolism လို့ခေါ်တဲ့ ခြေထေါက်ပိုင်းသွေးပြန်ကြော၌ သွေးခဲခြင်းနှင့် ၄င်းမှတဆင့် အဆုတ်သို့ သွေးခဲပြန်နှံ့ပြီး အဆုတ် သွေးကြောထပ်ပိတ်ခြင်း VTE တွေကို ဆေးရုံတက်ရတဲ့ ကိုဗစ်လူနာတွေရဲ့ ၁၄.၁% မှာတွေ့ရတယ်။ အချို့တွေ့တါက ICU အထူးကြပ်မတ်ခန်း တက်ရတဲ့လူနာ ဆိုရင် ၃၁%ထိဖြစ်တါတွေ့တယ်။
ဒိအပြင် သေဆုံးလူနာတွေကို ရင်ခွဲစမ်းသပ်ကြည့်တဲ့အခါ အဆုတ်သွေးကြောလေးတွေမှာ သွေးခဲတွေပိတ်ဆို့နေတာ တွေ့ရတယ်။ ခြေထေါက်သွေးကြောက ပြန့်လါတါမဟုတ်ဘဲ သူ့ဘာသူ ဖြစ်တါပါ။ အဆုတ်သွေးကြောလေးတွေယောင်တဲ့နေရာ သွေးခဲတါ( local vasculitis , endotheleitis ) တစ်ကိုယ်လုံး သွေးခဲလွယ်တါ ( systemic hypercoagulable state ) စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပါတယ်။ ဒါတွေကြောင့်လည်း အသေအပျောက် များစေပါတယ်။ လေလါ တွေ့ရှိချက်အရ သွေးကျဲဆေးပေးတဲ့ ကိုဗစ်လူနာတွေ အသေအပျောက်ပိုနည်းပါတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်သူတွေကို သွေးကျဲဆေး Anticoagulant ပေးဖို့လိုပါတယ်။
*** ဘယ်သူတွေကို ဘယ်အချိန်မှာ ပေးဖို့လိုသလဲ။
ကိုဗစ်လူနာ တွေအားလုံးကို သွေးကျဲဆေး ပေးရမှာမဟုတ်ပါဘူး။
အောက်စီဂျင်ကျတဲ့ pneumonia အဆုတ်ယောင်မှ ပေးရပါမယ်။ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပေးတါဖြစ်ပါတယ်။ ( Prophylactic anti-coagularion )
VTE ခေါ်သွေးပြန်ကြောသွေးခဲနိုင်ခြေများသူ ( High risk for DVT )တွေ ... ဥပမာ အသက်ကြီးသူ ၊ အဝလွန်သူ၊ လှုပ်ရှားမှုမရှိသူ၊ ဆီးချိုသွေးချိုရှိသူ ၊ ကင်ဆာဖြစ်နေသူ၊Heart failure နှလုံးကြောင့် အမေါဖေါက်တာရှိသူ၊လတ်တလေါ ( Major surgery ) ခွဲစိတ်ထါးသူ၊ ဒါတွေက ကိုဗစ်မဟုတ်ဘဲ VTE အဖြစ်များတတ်သူ သမားယိုးကျ သတ်မှတ်ချက်တွေပါ။ ဒီလိုလူတွေ ကိုဗစ်ဖြစ်ရင် ပိုပြီး အထူးသတိထါးရမယ်လို့ဆိုလိုတါပါ။
ဒါပေမဲ့ ကိုဗစ်ကို လေ့လါကြည့်ပြန်တေါ့ ဒီ factors တွေရှိရှိ ၊ မရှိရှိ သွေးခဲလွယ် ကြတယ်။ ကိုဗစ် သိပ်ဆိုးလေ၊ Severe ဖြစ်လေ သွေးခဲတဲ့ပြသနာ များလေဘဲ။ ဒါပေမဲ့ သိပ်မဆိုးတဲ့ ကိုဗစ်လည်း မလွတ်ပြန်ဘူး။ DDimer 1.5 fold (၁ ဆခွဲ )နှင့် အထက် များရင်သွေးခဲတါ ဖြစ်မဲ့ risk များတါတွေ့ရပါတယ်။ဒါကြောင့် ကိုဗစ်ဆိုတါ သွေးခဲလွယ်ရောဂါ တစ်ခုလို့ မှတ်ထါးရမယ်။
အောက်စီဂျင်ကျလါတဲ့ ကိုဗစ်ဖြစ်သူအားလုံးကို သွေးကျဲဆေး ပေးရပါမယ်။ ဒါမှမဟုတ် ဓါတ်မှန်မှာ အဆုတ်ယောင်တါ တွေ့ပြီဆို စပေးရပါမယ်။မူလ သွေးခဲဖို့ Riskမရှိလဲ ပေးရမယ်။ ဆေးမပေသင့်ဘူးလို့ သတ်မှတ်ချက် ( Contraindication) မှာမပါရင်ပေးရပါမယ် ။
သွေးကျဲဆေးပေးပြီး သွေးထွက်များတဲ့ ဆိုးကျိုး
တွေရှိမရှိ စစ်ဆေးဖို့ ၊ လူနာကို အကြောင်းကြားခိုင်းဖို့ မမေ့ပါနဲ့ ။
***ဘယ်သူ့တွေကို သွေးကျဲဆေး ရှောင်ရမလဲ သို့မဟုတ် ဘေးထွက်ဆိုးကျိုး သတိထါးရမလဲ ။
အတိုကေါက် ....HAS BLED ကို သတိထါးပါ၊ ရှောင်ပါ။
H- Hypertension ( Severe) ( သွေးအရမ်းတိုးနေရင် ..အပေါ်သွေး. ၁၈၀ အထက် )
A- Abnormal Liver Function tests and
Abnormal Kidney function ( အသည်း မကေါင်းရင်၊ ယောင်နေရင် သတိထါးရမယ်။ ကျောက်ကပ် အလုပ်မလုပ်ရင် )
S- Stroke (Recent harmorrhagic stroke )
(လတ်တလေါ ဦးနောက်သွေးကြော ပြတ်တါ ရှိရင်)
B- Bleeding tendency and Bleeding risk or sources ( သွေးမတိတ် ရောဂါ၊ platelet count အရမ်းကျနေရင်၊ အစာအိမ်အနာ သွေးယိုထါးရင် သတိထါးရမယ်။ )
L- labile INR ( ဒါကတေါ့ Warferin ပေးတဲ့အခါ INRအတက်အကျ များရင် )
D-Drugs and alcohol interaction ( especially for warfarin ဆေးအချင်းချင်း ဓါတ်ပြုတါ ၊ အရက် အများကြီးသောက်တဲ့သူတွေ သတိထါးပါ။ )
သွေးကျဲဆေး ပေးခါနီး ဒါလေးမမေ့ပါနဲ့ ။
***ဘယ်သွေးကျဲဆေးက အကေါင်းဆုံးလဲ။ ဘာဆေးတွေရော ပေးလို့ရသေးလဲ
Evidence အရ Enoxaparin ထိုးဆေးက အကေါင်းဆုံး ရလဒ်တွေပြနိုင်တါမို့ Enoxaparin ကိုအရင်ရွေးသင့်ပါတယ်။ နောက်သွေးကျဲဆေးတစ်မျိုး Fondaparinux ဆိုတဲ့ဆေး ကိုလည်း သုံးနိုင်ပါတယ်။ ဒါပေမဲ့ အရေပြား အောက်မှာ
ဆေးထိုးရတါမို့ ဆေးရုံမှာ ပိုအဆင်ပြေပါတယ်။
ဆေးထိုးပေးမည့်သူ မရှိရင် အခြား စားဆေး သွေးကျဲဆေး သောက်နိုင်ပါတယ်။
အများအားဖြင့် Prophylactic dose ( ကါကွယ်တဲ့ ကုထုံး ပမာန) ပေးရင် ရပါပြီ၊ ထိရောက်ပါတယ်။ ဘေးကင်းပါတယ်။
Prophylaxis ပေးတယ်ဆိုတါက ....
Enoxaparin 40mg တစ်နေ့တစ်ကြိမ် ထိုးတါပါ။
မှတ်ချက်။ ။ သိပ်ဝရင် ပိုထိုးရမယ် ။e.g. 60mg သို့မဟုတ်ကိုယ်အလေးချိန်အလိုက် ဒီထက်ပိုထိုးရမယ်။ ဒါပေမဲ့ ကျောက်ကပ်မကေါင်းရင်တေါ့ လျော့ရမယ်။
အချို့ Guideline က D dimer 1500 ng/ml ကျော်ရင် သေါ်၎င်း COVID pneumonia သိပ်ဆိုးတဲ့ case တွေမှာ Intermediate dose ကို တိုး ပေးရပါတယ်။ ဒါကတေါ့ Enoxaparin 40mg ကို ၂ ကြိမ်ထိုးခြင်းကို ဆိုလိုတါပါ။
VTE ( သွေးပြန်ကြောသွေးခဲတါ/ အဆုတ်ကိုပြန့်တါ) ဖြစ်တဲ့ လက္ခဏာတွေတွေ့ရင် သို့မဟုတ် suspect ဖြစ်ရင် Therapeutic dose အမြင့်ဆုံးကိုရောက်အောင်ထပ်မြှင့်ရပါမယ်။ ဒါက အများအားဖြင့် ICU ရောက်ပြီး အသက်ရှူစက်( ventilator )တင်ရတဲ့ လူနာတွေမှာ သုံးရတာ ဖြစ်ပါတယ်။ Enoxaparin ကို 1mg/kg နဲ့တွက်ပြီး တစ်နေ့ ၂ ကြိမ် ပေးရမယ်။ သို့မဟုတ် 1.5 mg/kg နဲ့ တစ်နေ့တစ်ကြိမ် ပေးလို့ရပါတယ်။
နောက်ထိုးဆေးတစ်မျိုး ဖြစ်တဲ့
Fondaparinux 2.5 mg တစ်နေ့တစ်ကြိမ် ထိုးပေးနိုင်ပါတယ်။
ဆေးမထိုးနိုင်ရင် သို့မဟုတ် သိပ်မဆိုးရင် ၊ ဆေးရုံ ဆင်းရင် စားဆေး ပေးနိုင်တယ်။
Rivaroxaban ( Xarelto ) 10 mg OD တစ်နေ့တစ်ကြိမ် ပေးရမယ်။ဒါမှမဟုတ်
Apixaban ( Eliquis ) ကို 2.5 mg bd ၂ကြိမ်ပေးနိုင်ပါတယ်။
***ဘယ်လေါက် ကြာကြာ ပေးရမလဲ
အများ သဘေါတူပြီး တိကျတဲ့ ဆုံးဖြတ်ချက်မရရှိသေးပါဘူး။ ( no universal consensus )
အများအားဖြင့် သိပ်မဆိုးဘူး mild ဖြစ်တယ်၊ active လှုပ်ရှားမှု ရှိနေတယ် ဆိုရင် အခြားဆေးတွေရပ်ရင် ရပ်လို့ ရပါပြီ။ ၁၀ ရက်လေါက်ပဲ ပေးရင်ရပါမယ်။ လူနာအလိုက်ကြည့်ပါ။ နေကေါင်းသွါးရင် ဆေးမထိုးတေါ့ပဲ စားဆေးပြောင်းသောက်နိုင်ပါတယ်။
မူလက ဖြစ်ဖို့များသူ high risk for VTE များသူတွေ၊ ရောဂါကြာသူတွေကိုတေါ့ကြာကြာပေး သင့်တယ်။ တတ်နိုင်ရင် ၁ လထိပေးသင့်တယ်။ အချို့ သိပ်ဆိုးပြီး အကြာကြီး အိပ်ယာမှာ လဲနေသူတွေ၊ d-dimer ၂ ဆ များနေသူတွေ ဆိုရင် ၁လခွဲ ထိတောင်ပေးသင့်တယ်လို့သိရပါတယ်။ ဘာကြောင့်လဲ ဆိုတေါ့ နောက်ပိုင်း post covidဆိုတဲ့နေကောင်းပြီး နာလန်ထချိန် ကျမှ
သွေးကြောတွေမှာ သွေးခဲလို့ ( Stroke ) လေဖြတ်တဲ့ သူတွေ တွေ့နေရတယ်။
အချို့ လေ့လါတွေ့ရှိချက်မှာ လှုပ်ရှားသွါးလါနေသူတွေမှာတေါင် သွေးခဲ ပြသနာဖြစ်တတ်တါ တွေ့ရသေးတယ်။ဒါကြောင့် high risk , low risk တွေလည်းကြည့်လို့မရတေါ့ပါဘူး။မိမိဘာသာ ဆုံးဖြတ်နိုင်ပါတယ်။
********
d-dimer များတိုင်းသွေးကျဲဆေးပေးရမလါး
d-dimer များတါကို ကြည့်ပြီး ဆေးတိုးရမလါး
d-dimer ကိုဘယ်လို အသုံးချမလဲ ။
D-dimer ဆိုတါက သွေးကြောတွင်းမှာ သွေးခဲခြင်း ၊ပျော်ခြင်း ကိစ္စကြောင့် ဖြစ်ပေါ်လါတဲ့ ဓါတ်တစ်ခုဖြစ်ပါတယ်။ဒါကိုဓါတ်ခွဲခန်းမှာ စစ်လို့ရတယ်။လူတွေမှာ သွေးကြောထဲမှာသွေးခဲပြီဆိုရင်၊ သွေးခဲကို ပြန်ဖျော်ချတဲ့အလုပ်က သဘာဝဖြစ်စဉ်တစ်ခုအဖြစ်အမြဲရှိနေတယ်။
သွေးခဲနေတါကို တိုက်ရိုက်မတွေ့ ပေမဲ့ D-dimer များတါကိုကြည့်ရင် သိနိုင်တယ်။
ဒါပေမဲ့ D-dimer ဘယ်အမှတ်ကျော်ရင် VTE သွေးပြန်ကြောပိတ်တယ် ဆိုတါအတတ်မပြောနိုင်ပါဘူး။
ကိုဗစ်မှာ D-dimerကိုရောဂါ ဆိုး၊မဆိုး၊ ရှေ့အလါးအလါသိအောင် predict လုပ်တဲ့ စစ်ဆေးချက် တစ်ခုအဖြစ်လည်း သုံးတဲ့အကြောင်း အရှေ့မှာပြောထါးပြီးဖြစ်ပါတယ်။ D-dimer များလါတါက မကေါင်းတဲ့လက္ခဏာ တစ်ခုပါ ။
ဒါကြောင့် D-dimer နည်းနည်းဘဲ (အပေါ်မှတ်ကျော်ယုံပဲ) တက်ရင် ဒါကို ရောဂါ အခြေအနေကို ခန့်မှန်းဖို့ပဲ သုံးတါပါ။ ဒါကို ကြည့်ပြီး သွေးကျဲဆေး ပေးစရာမလိုသေးဘူး။
ဒါပေမဲ့ အောက်စီဂျင်ကျပြီဆိုရင် D-dimer ဘာဘဲရှိရှိ ( စစ်စရာမလိုပဲ) Anticoagulant သွေးကျဲဆေး စပေးရပါမယ်။ ဒါကို D-dimer နဲ့ ချိန်စရာမလိုပြန်ဘူး။
ဒါပေမဲ့ D-dimer အရမ်းတက်ရင် 1500 ကျော်ရင်၊ ပြီးတေါ့ လူနာရဲ့ ရောဂါလည်း ဆိုးလါမယ်ဆိုရင် သွေးကျဲဆေးကို Intermediate dose မြှင့်ရပါမယ်။ဒီနေရာမှာတေါ့ သွေးခဲ များမများ ခန့်မှန်ရာမှာ သုံးလို့ရပြန်တယ်။
D-dimer 2500ng/ml ကျော်ရင်တေါ့ DVT and PE ဖြစ်တါများတဲ့အတွက် ဆေးအား ကို therapeutic dose သို့မြှင့်ရပါမယ်။
ရောဂါ သက်သာလါရင် D-dimer လည်း ပြန်ကျလါမယ်။ ရောဂါ သက်သာရင် Inflammation လျော့လါရင် D-dimer ပြန်ကျလါပါမယ်။
*****
Anticoagulant summary :
-Not to start if SatO2 normal.
-Start prophylaxis dose when Hypoxia developed , regardless of D-dimer
-Duration is depand on risk ..10 days to 30 days ( in severe long covid case it can be continued up to 45 days )
-Extended anticoagulation can be given by DOAC ( Rivaroxaban or Apixaban ) after discharge
-1500 to >2000 indicate very poor prognosis , high mortality , need ICU , a guide to increase to Therapeutic dose .
( ဆက်ရန်)
Credits - ပါမောက္ခဒေါ်သန်းသန်းအေး
07/05/2020
Mask တပ်ဖို့ မမေ့ကြပါနဲ့နော်🙏🙏🙏🙏
်ပိန်း
Mask တပ်ထားသော သင်၏ပုံကို အောက်ပါစာသားနှင့်အတူတွဲတင်ပေးခြင်းဖြင့် ဒီကမ်ပိန်းမှာ သင်လည်း တက်ကြွစွာ ပါဝင်ပေးနိုင်ပါတယ်။
်ပါ
#အပြင်ကိုဘာကြောင့်ထွက်ထွက်Maskတပ်ပါ။
မိမိကိုယ်တိုင်နဲ့ မိမိချစ်တဲ့သူတွေကို ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းက အပြင်ထွက်တိုင်း Mask တပ်ခြင်းပဲဖြစ်ပါတယ်။
ဒီပို့စ်လေးကို Share ပေးခြင်းဖြင့် COVID-19 ရန်မှ
ကာကွယ်ပေးနိုင်ဖို့ဝိုင်းဝန်းကူညီပေးကြပါစို့။
07/05/2020
သတိထား ကြပါနော် တညထဲ ၁၄ယောက် တောင် တဲ့ 😞😞😞
07/05/2020
ကလေး မက်စ် လေးတွေရဲ့အပြင်ပုံလေးတွေပါ နော်😇😇😇
ပစည်း Instock ပါနော် 😊
တဗူးမှာ အခုရေ ၅၀ပါပါတယ်နော်😇😇
Click here to claim your Sponsored Listing.
Telephone
Website
Address
Bo Myat Tun Road, Myanmar, Burma (Myanmar)
Yangon