Whiff and Wonder
Fragrance addict and reviewer, Tiffany here, selling decants and spreading positiveness.
09/02/2023
Soldout 🔴
Imperiale လေးပြန်ရောင်းချင်လို့
ကိုယ့် type မဟုတ်တာ သိရဲ့နဲ့မှာလိုက်တာ
ပလပ်စတစ် ဖွင့်ရုံပဲရှိ အနံ့ရှုကြည့်တာ လုံးဝမကြိုက်လို့ 🥲
110,000 free delivery
rose ကြိုက်တဲ့ သူတွေတော့ တော်တော်ကို ကြိုက်ကြမှာ
အသေ dominant ဖြစ်လို့
18/12/2022
ရေမွှေးစရူးပြီဆိုတာနဲ့ အဆုံးမသတ်နိုင်တော့တာပါပဲ
Designer perfume တွေပဲ စစုဖြစ်နေရာကနေ ခုကရေမွှေးပါးဝပြီး niche တွေရှုချင်လာပြီ
မွဲဆေးတွေပေါ့ 😂
X e r J O F F i-t-a-l-i-c-a
သူ့ကို စစဖြန်းကြည့်တော့ ဘယ်လို အနံ့ကြီးလဲပေါ့ဆိုပြီး ဖြစ်သွားတယ်
ဘာလို့လဲဆို သူ့ရဲ့ notes တွေ ပုံမှန်ရနေကျမျိုးမဟုတ်နေတော့ နှာခေါင်း မယဉ်ပါးဘူးဆိုပါတော့
ဆွတ်ကြည့်ရင်းနဲ့မှ ရှယ်ပလန်နဲ့ ကြိုက်လာတာ 🫠🫠🫠
စမ်းဖူးသမျှ ရေမွှေးတွေထဲ ဒီလိုအနံ့မျိုး မရှုဖူးဘူး
တအားကို unique ဖြစ်တာ
Unisex ဆိုပေမဲ့ feminine ဖြစ်တယ်
သူရဲ့ vibe က nutty and lactonic
စစဖြန်းလိုက်တာနဲ့ opening မှာ almond နံ့ ခါးသက်သက်လေးနဲ့ဖွင့်တာ
notes changes အဲ့လောက်မရှိဘူး linear ဖြစ်တယ်
ပြောရရင် almond milk 🥛 ထဲကို creamy vanilla ရယ် toffee ချိုချိုလေးရောထည့်ပြီး အပေါ်က whipping cream လေးနဲ့ အဲ့လိုသောက်စရာလေးတစ်ခွက်ပေါ့ 😬
အနံ့ရတာနဲ့ သောက်ချင်စရာကောင်းလောက်အောင် ချိုမွှေးနေပြီး ဆွဲဆောင်နေတာမျိုး
သူ့ကိုလေ အင်္ကျီမှာ ဆွတ်ထားပြီး လျော်ဖို့အဝတ်တောင်းထဲမှာ (၃)ရက်လောက်ရှိပြီ ခုထိမွှေးတုန်း 🤧
တအားချိုလွန်းတာမို့ အေးတဲ့ရာသီဥတုနဲ့မှ အဆင်ပြေမယ်
NOT safe blind buy 🛑
12/12/2022
ဆောင်းတွင်းသာ ပြောတာ တစ်စက်လေးမှ မအေးလို့
gourmand တွေ အကုန်ချောင်ထိုးထားရပြီး
ဘာစွတ်ရမလဲဆိုတဲ့သူတွေအတွက်
ရည်းစားငါးယောက်ရတဲ့ ရေမွှေးဆိုပြီး Hype တဲ့ကောင်လေး
အဲ့လောက်လဲ မဟုတ်လောက်ပါဘူးဆိုပြီး စိတ်မဝင်စားခဲ့တာ ခုတလော Fresh တွေပဲ လိုက်စုနေရာကနေ ဒါလေးကို Daily စွတ်ဖြစ်လောက်အောင်ကို တော်တော်ကြိုက်မိနေတာ
Fresh ကိုမှ longevity တော်တော်ကောင်းတဲ့ထဲပါတာ
Skin scent လိုမျိုးကျန်ခဲ့တာ လုံးဝ သင်းသင်းလေး
Blind buy safe တဲ့ထဲပါတယ်
ရည်းစားငါးယောက်ရမရတော့မသိဘူး
ရုံးဆင်း ကောင်လေးလာကြိုရင် မွှေးလိုက်တာ ဘာစွတ်ထားတာလဲဆိုပြီး အမြဲ compliment ရတာ
(ရုံးဆင်းတဲ့အချိန်ထိ အနံ့ကျန်တယ်ဆိုတော့ သူ့ longevity က ပြောစရာကိုမလိုအောင် ကောင်းတာ)
ဆိုတော့ fresh type ကိုမှ longevity ကောင်းပြီး skin scent လိုမျိုးလေး ရှာနေတယ်ဆို worth to buy လို့ လက်တို့လိုက်တယ်နော် ❤️
18/11/2022
ariana grande က ဒါလေးနှစ်ခု အသစ်ထွက် 🤤
18/11/2022
AG Cloud vs Cloud 2.0 intense ☁️
Tiffany အတွက်တော့ နှစ်ခုလုံးက scent profile လုံးဝ တူတူနီးပါးပဲ
Cloud 2.0 ကတော့ နည်းနည်း creamy ပိုဖြစ်တယ်လို့ ခံစားရတယ်
So, Cloud ရှိပြီးသားဆိုရင်တော့ Cloud 2.0 intense ကို မဝယ်စေချင်ဘူးရယ်
ဘာလို့ဆို ဘာမှ သိသိသာသာကြီးကွာမနေလို့
Tiffany ကတော့ original ဟာလေးကို ပိုပြီးကြိုက်တယ်
ယူတို့ရော? 💕
Ari unboxing
11/11/2022
Hello Hellooooo!!!!!
Page က blocked ခံထိထားလို့ ဘာမှ post လုပ်လို့မရနေတာ
Review မရေးတာလဲကြာပြီဆိုတော့
အခုတလော ကြိုက်နေတဲ့ Unisex perfume လေး
မိန်းကလေးဆန်ဆန်အနံ့မျိုးမကြိုက်ဘူး
Unique လဲဖြစ်ချင်တယ်ဆို ဒီကောင်လေး try ကြည့်ကြည့်ပါလို့ recommend ချင်ပါတယ်
Sweet, citrus & black tea ☕️ with cozy dry woods
luxurious green aromatic scent (Refreshing scent + very very unique)
နေ့စဉ်သုံးဖို့ အဆင်ပြေလောက်မယ့်အနံ့မျိုးပါ
Blind buy တော့ safe မဖြစ်လောက်ဖူးလို့ Tiffany ထင်တယ်
Performance ကတော့ average လောက်ပါပဲ
Drydown မှာ skin ပေါ်ကျန်ခဲ့တဲ့ အနံ့လေးကတော့ မိုက်တယ် 😁
See you all in next post ❤️
Photos credit to google.
10/11/2022
hellooooo I’m back
ပျောက်နေတာမဟုတ်ပဲ ဇူဇူ က ဘာမှ တင်မရအောင် ban ထားလို့ 🥲
20/08/2022
ဒီတစ်ခါ Tiffany ညွှန်းပေးချင်တာက Massage ကြိုက်တဲ့သူတွေအတွက်
အလုံ ဆင်မင်းဈေးနားမှာရှိတဲ့ True Nature Spa ပါ
Tiffany တို့ လုပ်လာတာက Body massage ပါ
အကြိုက်ဆုံးက ယောကျာ်းလေးဆို ယောကျာ်းလေးနှိပ်ပေးတာမို့ Couple တွေ သွားလို့ရတယ်ပေါ့နော်
Room တွေနဲ့မို့ သီးသီးသန့်သန့်ဖြစ်တာမို့ တော်တော် relax ဖြစ်တဲ့ vibe ကိုရပါတယ်
ပြီးတော့ service အနေနဲ့လည်း coffee, tea and milk လည်း တိုက်သေးတယ်နော်
Tiffany တို့က coffee သောက်လာတာ ကော်ဖီနှပ်ထားတာလဲ ရှယ်ကောင်းပါတယ် 😬
ဆိုတော့ overall ဆို Service ကို 11/10 လောက်ကို ပေးမိတာပါ
နောက်တစ်ခါ oil massage try ဖို့ စဉ်းစားထားပါတယ်
ဆိုင် link ပါ 👇🏻
https://www.facebook.com/True-Nature-Spa-Ahlone-116047084427685/
ခု promotion လည်းရှိနေတာမို့ သွားချင်တယ်ဆို Booking ယူပြီးမှ သွားတာ ပိုပြီး အဆင်ပြေပါတယ်
18/08/2022
La Vie Est Belle vs Intensement
La vie က လူတိုင်း သိကျပြီးသားမို့ထပ်မရေးတော့ဘူးနော်
review link 👇🏻
https://www.facebook.com/WHIFFandWONDER/posts/118465917533110
Intensement က La Vie နဲ့ လားလားမှ DNA မတူဘူး
Fruity sweet
Raspberry dominant ဖြစ်တယ် (Julliet has a gun MMMM လေးတောင် သတိရသွားတယ်)
Overall ပြောရရင် sweet raspberry vanilla powder
powdery တော်တော်လေးကိုဖြစ်ပါတယ်
ဆိုတော့ ဒီ intensement လေးက Tiffany လို powdery မကြိုက်တဲ့သူတွေတော့ မစမ်းကြည့်သင့်တဲ့ထဲပါတယ် 🫠
Original မကြိုက်ဘူး Powdery ကြိုက်တာမျိုးဆိုရင် ဒါလေး Try သင့်တယ်
Longevity တော့ တော်တော်ကောင်းတဲ့ထဲပါတယ်
Sillage/ projection ကတော့ original လောက်မကောင်းဘူး
See you in the next post - Tiffany
Jimmy Choo illicit
opening မှာ orange + ginger လေးနဲ့ဖွင့်တယ်
သူကလေ honey ဆိုပေမဲ့လို့ JPG scandal လောက် မပြင်းဘူး
caramel လေးနဲ့ပါ mixed ထားလို့ဖြစ်မယ်
Caramel+Honey bomb 💣❤️
ပြောရရင် sexy and classy ဖြစ်တာမျိုး
Sweet တော့ဖြစ်တယ် ဒါပေမဲ့ elegant ဖြစ်တဲ့ Sweet မျိုး
Teenager တွေကြိုက်တဲ့ Candy လို sweet မျိုးမဟုတ်ဘူး
Viva La Juicy Gold လို vibe မျိုး Similar ဖြစ်တယ်ခံစားရတယ်
Longevity/sillage/projection- average
See you in the next post- Tiffany
18/08/2022
D&G the only one
ဒီတလော Tiffany ဓာတ်ကျနေတဲ့ ရေမွှေးလေး
မိုးအေးအေးလေးနဲ့ ရှယ်လိုက်တာ
ချိုအီပြီး နွေးထွေးနေတဲ့အနံ့မျိုး
ဘာနဲ့ဆင်လဲဆို Born in Roma နဲ့ဆင်တယ်
ပြီးရင် JPG la belle နဲ့လဲဆင်တယ် la belle က အနံ့စစခြင်းက နဲနဲပြင်းပြီး dry down မှ ကောင်းလာတာ
ဒါလေးက စလယ်ဆုံးကို မွှေးတာ
လတ်တလော အသဲစွဲဖြစ်နေတာ
sillage/projection- 8/10
2 sprays ကိုပဲတော်တော်မွှေးနေပြီ
See you in the next post- Tiffany
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11131