Kathryn Beauty - Kay Thwe
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kathryn Beauty - Kay Thwe, Beauty, cosmetic & personal care, Hlaing, Yangon.
01/08/2023
🙏၀ါဆိုလပြည့်နေ့🙏
''၀ါဆိုလပြည့်နေ့'' အချိန်အခါ
သမယတွင် ၇ရက်သားသမီးများ
အပေါင်း စိတ်ချမ်းသာပြီးကိုယ်
ကျန်းမာ၍ ဘေးအန္တရာယ်များမှ
လည်းကင်းဝေးပါစေကြောင်း
❤️Kathryn Beauty-Kay Thwe Page❤️
မှဆုမွန်ကောင်းတောင်းပေးလိုက်ပါ
တယ်ရှင့်
02/03/2023
🌾"တောင်သူလယ်သမားနေ့" 🌾
ယနေ့ မတ်လ ၂ ရက်နေ့ တွင် ကျရောက်
သော " #တောင်သူလယ်သမားနေ့" တွင်
မြန်မာ့တောင်သူလယ်သမားဦးကြီးများ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းရင်း လေးစားစွာ
ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။
🌾🌾 "Myanmar Peasants Day"🌾🌾
22/01/2023
Happy New Year 2023 🎐🎐🎐
05/01/2023
Happy Mother's Day 🎉🎉🎉
09/10/2022
🎐🎐🎐သီတင်းကျွတ်လပြည့်🎐🎐🎐
❤️အချိန်ခါသမယမှာ၇ရက်သားသ္မီးများ
အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါ
စေ🎐🎐🎐
❤️ပျော်ရွှင်ချမ်းမြေ့၍ ကုသိုလ်များများ ပြု
နိုင်ပြီး ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြ
ပြီး လိုအင်ဆန္ဒများတစ်လုံးတစ်ဝပြည့်ဝ
ကြပါစေ။ လိုတိုင်းတ၊တောင်းတိုင်းဆု
တွေလည်းရကြပါစေ🎐🎐🎐🎐🎐
Page မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်🎐🎐🎐🎐🎐
အသားရေလှစေမယ့် (၃)ချက်❤️❤️❤️
30/07/2022
အကြိုက်ဆုံးစကားစုတစ်ချို့
🐋ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ ။
ဒါပေမယ့် •••
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။
🐦 ဘဝကို ကြက်တူရွေးလို မနေဘဲ
🦅 သိန်းငှက်လို ကျင့်ကြံပါ
🐦 ကြက်တူရွေးက စကားတတ်ပေမဲ့
မြင့်မပျံနိူင်ဘူး
🦅 သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိူင်တယ် ။
🚣♂️ ကြိုးစားတဲ့ လူတိုင်းက •••
မအောင်မြင်ပါဘူး
ဒါပေမယ့် •••
အောင်မြင်နေတဲ့ သူတိုင်းက •••
ကြိုးစားခဲ့ကြပါတယ် ။
🚶 လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့ •••
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။
🔹 လူ့ သက်တမ်းက •••
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု့ ရလဒ်ကတော့ အကန့်သတ် မရှိပါဘူး ။
အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။
🖊️ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့
တံခါးပေါက်က ပြောတယ် •••
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု့ လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။
💡 မီးသီးကပြောတယ် •••
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။
ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့
📆 ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး
📙 စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။
🗡️ ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ••
⌚ နာရီလေးက ပြောတယ် •••
အချိန်ဆိုတာနောက်ပြန်မရနိူင်ဘူး။
🥛 ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။
💵 ပိုက်ဆံလေးက ပြောတယ် •••
များများ သုံးချင်ရင်များများရှာတဲ့။
#ဘ၀အတွက်စာစုများ
18/07/2022
🍀တင်းတိတ်အကြောင်း သိကောင်းစရာများ
🧏♀️တင်းတိတ်ဆိုတာ မျက်နှာ အရေပြားအတွင်းကနေ မယ်လမင် (Melanin) ဓာတ်တွေ ထုတ်လွှတ်တာကနေ Balance မညီတဲ့ အညိုကွက်တွေ ဖြစ်လာတာမျိုးပါ။ အဓိကအားဖြင့် နေရောင်ထိတွေ့တဲ့ ပါးနှစ်ဖက်၊မေးစေ့၊နဖူး၊နှုတ်ခမ်း အပေါ်ပိုင်းမှာ အဖြစ်များပါတယ်။
💁♀️ဘယ်လိုလူတွေမှာ တင်းတိတ်အဖြစ် များတာလဲ…..!?
🖍️နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာ များတဲ့သူတွေ
🖍️ပူလွန်း၊အေးလွန်းတဲ့ နေရာဒေသမှာ နေရတဲ့သူတွေ
🖍️ကိုယ်ဝန်ဆောင်ချိန်နဲ့ သန္ဓေတားဆေးသောက်သုံးနေတဲ့သူတွေ
🖍️တစ်ချို့သောအလှကုန် တွေကြောင့်လဲ တင်းတိတ်ပိုဆိုးစေတတ်ပါတယ်။
🙅♀️တင်းတိတ်မဖြစ်အောင်၊တဖြည်းဖြည်း သက်သာလျော့ပါး သွားအောင် ဘယ်လို ကာကွယ်ကြမလဲ
✨နှစ်ရှည်လများ စွဲနေတဲ့ တင်းတိတ်တွေကို ပျောက်ဖို့ဆို ပထမအရေးအကြီးဆုံးက စိတ်ရှည်ရပါမယ်။
📌ချက်ချင်းပျောက်တယ် ဆိုတာမျိုးတွေကို ရှောင်ပါ။အမြန်ပျောက်ဆေး သုံးတဲ့အခါ ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်ရင် တင်းတိတ်တွေ ပိုဖြစ်၊ပိုများ လာတတ်ပါတယ်။
☑️ရေများများသောက်ပါ။
☑️မျက်နှာသစ်ဆေးကို ရေနဲ့အဆီ မျှတစွာပါဝင်တဲ့ မျက်နှာသစ်ဆေး ရွေးချယ်ပါ။
☑️အပြင်ထွက်တိုင်း SPF ပါတဲ့ နေလောင်ခရင်မ်တွေသုံးပေးပါ။
☑️ညအိပ်ခါနီးတိုင်း Moisture ပါတဲ့ Night Cream သုံးပေးပါ။
♻️သဘာဝနည်းလမ်းတွေနဲ့ Try ကြည့်ချင်တယ်ဆိုရင်
🥕အနီရောင်မုန်လာဥကို ကြိတ်ချေပြီး အရည်ပြုလုပ်ဖို့အတွက် အဝတ်ပါးစတစ်ခုထဲထည့်ပြီး ညှစ်ယူရပါမယ်။ အဲဒီအရည်ကို မျက်နှာနှင့်လည်ပင်းနေရာတစ်ဝိုက်ကိုလိမ်းပေးရမှာပါ။ အဲဒီအတိုင်း တစ်နာရီလောက်ထားပေးပြီးရင်တော့ ရေနဲ့သန့်စင်လို့ရပါပြီ။
🍌ငှက်ပျောသီး ၁-လုံး၊ ဒိန်ချဉ်ရိုးရိုး ၂-ဇွန်း၊သံပုရာရည် ၃-ဇွန်း ရောမွေပြီး လိမ်းပေးပါ။
မိနစ်(၂၀)လောက် ထားပီး ရေဆေးချပေးပါ။တပတ်၂-ကြိမ်ခန့် ပြုလုပ်ပေးပါ။
♻️ဒီလိုသဘာဝပစ္စည်းတွေဟာ ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘဲ တင်းတိတ်တွေကို အမှန်တကယ်ပျောက်ကင်းစေနိုင်ပါတယ်။
Skin Care အသုံးပြုချင်တယ်ဆိုရင်တော့ ကိုယ်နဲ့သင့်တော်တဲ့ FDA ရပီးသား Brand များကို ရွေးချယ်အသုံးပြုပေးပါ။
သဘာဝနည်းပဲသုံး သုံး၊ Skin Care ပဲလုပ်လုပ် စိတ်ရှည်ရှည်နဲ့ ပုံမှန်လေး သုံးပေးမယ်ဆိုရင် ၁-လ၊၂-လ အတွင်းမှာ တင်းတိတ်တွေ ပါးပြီး အသားအရေ ကြည်လင်လာပါလိမ့်မယ်။
🙆♀️အားလုံးပဲ ကြည်လင်ဝင်းပပီး တင်းတိတ်ကင်းစင်တဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်ကြပါစေရှင့်။
👉တင်းတိတ်နဲ့ပတ်သက်ပီး တခြားသဘာဝနည်းလမ်းလေးတွေ သိရင်လဲ comment မှာမျှဝေပေးခဲ့လို့ရပါတယ်ရှင့်။
Credit
12/07/2022
ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)
ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့တွင် ကမ္ဘာအရပ်ရပ်ရှိဗုဒ္ဓဘာသာဝင်အပေါင်း ဘေးရန်ကင်းကွာ၍ ငြိမ်းချမ်းသာယာရှိနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။
၇ရက်သားသမီးများအပေါင်းတို့သည်လည်း မိမိကြုံတွေ့နေရသော ဒုက္ခများကိုအောင်မြင်စွာကျော်လွှားနိုင်ပြီး ငြိမ်းချမ်းသာယာသည့် နေ့သစ်များကိုရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Hlaing
Yangon
11051