Beauty Online Shop

Beauty Online Shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty Online Shop, Health/Beauty, Yangon.

11/01/2020

“ #အလုပ်လုပ်ပါ_လှအောင်နေပါ_စာဖတ်ပါ“
••••••••••••••••••••••••••••••••••••••••••
ကျမတို့လူ့အဖွဲ့အစည်းထဲမှာ
မိန်းမဆိုရင်လင်ကောင်းကောင်းရအောင်ယူ။

အိမ်မှာ နေပြီး ကလေးထိန်း လင်ကို ပြုစု ဒါဆိုရင် ရပြီ …ဆိုတဲ့
အတွေးအခေါ်တွေကဘယ်လောက်တောင် မြဲမြံ့နေကြပါသလဲ။

“ပညာလည်း သင်ပြီးပြီ ဆိုတော့ ဘာအလုပ်မှလုပ်စရာမလိုဘူး မိသားစုကိုပဲ ဂရုစိုက်ရင် ရပြီ“ ကျောင်းပြီးလာတဲ့သမီးကို အိမ်ထောင်ချပေးဖို့ စီစဉ်တဲ့မိဘတွေ။

“မိန်းကလေးဆိုတာ ယောကျာ်းကောင်းကောင်းရဖို့က ပိုအရေးကြီးတယ်၊

ချမ်းသာတဲ့လူ တွေ့ရင် ရအောင်သာ ယူထား ကောင်းတာမကောင်းတာ နောက်ပြုပြင်ယူ” လို့ ဆိုတဲ့ အသိုင်းအဝိုင်းတွေ။

တကယ့်ကို…စိတ်မကောင်းစရာပါပဲ။

ကျမကတော့
မိန်းမဆိုတာ လင်ယူသားမွေး အလုပ်တစ်ခုတည်းရှိတာ မဟုတ်ဘူးလို့ ဆိုချင်တဲ့သူပါ။

အမျိုးသမီးတိုင်း ပျိုပျိုအိုအို အလုပ်လုပ်ပါလို့ တိုက်တွန်းချင်တဲ့သူပါ။

ဘာကြောင့်လဲ ဆိုတော့အမျိုးသမီးတိုင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်မားမား မတ်မတ်ရပ်နိုင်လေ ကိုယ့်ဘ၀ရဲ့ကောင်းခြင်းဆိုးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို လွတ်လပ်စွာ ချမှတ်ပိုင်ခွင့်ရှိလေ..လို့ ယူဆမိလို့ပါပဲ။

ဘယ်လောက်ပဲမိဘချမ်းသာပါစေ…
သမီးဘ၀မှာ အလုပ်မရှိ အကိုင်မရှိနဲ့
မိဘကိုသာ မှီခိုရတဲ့သမီးနဲ့
ကိုယ့်အလုပ်နဲ့ကိုယ့်ဝင်ငွေနဲ့
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့
သမီးရဲ့စိတ်ပိုင်းဆိုင်ရာယုံကြည်ချက်ဟာ မတူပါဘူး။

အဲဒီလိုပဲ အိမ်ထောင်သည်ဘ၀မှာလည်း
ခင်ပွန်းဖြစ်သူကပေးတဲ့ငွေ
ဘယ်လောက်ပဲ များနေပါစေ၊
ကိုယ့်ကို စာရင်းမစစ်ပါဘူးလို့ပဲ ပြောနေပါစေ…
အဲဒီငွေဟာ ကိုယ်ပိုင်ငွေ မဟုတ်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုမှာတော့အားနည်းပြီးသားပါ၊

ဒါ့အပြင် ကိုယ့်ငွေကိုယ်တိုင်သုံးပြီး ငွေကြေးဆိုင်ရာ လွတ်လပ်စွာ အမှီခိုကင်းတဲ့ဘ၀ဆိုတာ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှု အပြည့်ရှိစေတဲ့ဘ၀တစ်ခုပါ။

ဒါကြောင့် အမျိုးသမီးတိုင်း ပျိုပျို၊အိုအိုအလုပ်လုပ်စေချင်တာပါ။

ပြီးတော့အားလုံးကိုလည်း လှအောင်နေစေ့ချင်တယ်။

ဘာကြောင့်လဲ ဆိုတော့ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် လှနေတယ်လို့ ယူဆနေချိန်မှာ ယုံကြည်မှု ရှိနေတတ်လို့ပါပဲ။

အလုပ်ကို လုပ်ပြီဆိုရင်
မရပ်မနေအလုပ်လုပ်တတ်
ကြတဲ့အတွက်
ဘယ်လိုအလုပ်မျိုး ဆိုပါစေ၊ ပြီးအောင်လုပ်မယ်ဆိုတဲ့ ဇွဲရှိကြတယ်။ အပင်ပန်းလည်းခံနိုင်ကြပါတယ်။

အလုပ်တွေ ဖိလုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကို လှအောင်နေဖို့ ဂရုစိုက်ဖို့မေ့နေတတ်တဲ့သူတွေ ရှိပါတယ်။

တကယ်တော့ အလုပ်များပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်သလို ဖြစ်သလို နေထိုင်တဲ့သူ့က
ကိုယ့်ကိုယ်ကိုကျေနပ်ယုံကြည်မှု
နည်းပါးတတ်သလို သူ့ကို မြင်ရတဲ့အခါ အခြားသူတွေအတွက်လည်း အမြင်မလှစေပါဘူး။

အလုပ်လုပ်နေပေမဲ့ မျက်နှာပြောင်နေတာ၊ ဖြစ်သလိုဝတ်တတ်တဲ့အ၀တ်အစားတွေ တင့်တယ်သပ်ရပ်မှုမရှိတဲ့အခါ
သပ်ရပ်စွာဝတ်ဆင်နေသူတွေကြားမှာ ကိုယ်က လုပ်တွေအနိုင်မနင်းနဲ့ မကျွမ်းကျင်တဲ့ပုံပေါ်နေတတ်တဲ့အတွက် ပတ်ဝန်းကျင်ရဲ့စိတ်ဝင်စားမှုနဲ့အထင်မြင်သေးတဲ့ ဆက်ဆံရေးကို ရရှိတဲ့အခါ ကိုယ့်ရဲ့ယုံကြည်စိတ်ချမှုလည်း အားနည်းသွားတတ်ပါတယ်။

လုပ်ငန်းခွင်မှာသပ်သပ်ရပ်ရပ်နဲ့
ပြေပြစ်အောင်ပြင်ဆင်ထားပြီး အလုပ်လုပ်နေတဲ့အမျိုးသမီးတွေက အခြားသူတွေကို စွဲဆောင်မှု တစ်ရပ်ဖြစ်စေတယ်ဆိုတာ ငြင်းလို့မရပါဘူး။

အလုပ်ကို စိတ်ပါ ၀င်စားစွာ လုပ်နေတဲ့အတွက် သူ့ရဲ့ အရည်အချင်းနဲ့နေထိုင်မှုပုံဆန်က ထင်ရှားစေသလို၊ သပ်ရပ်ကျော့ရှင်းမှုက လူတွေအတွက် စွဲဆောင်မှုတစ်ရပ်ဖြစ်စေပါတယ်။

ကိုယ့်ကိုယ်ကိုလည်း လှအောင်ပဲ နေပြီး အလုပ်မလုပ်ဘူးဆိုရင်လည်း အမြင်လှပေမဲ့ တကယ်အလုပ်လုပ်ရတဲ့ ကျွမ်းကျင်မှု မရှိ၊ အရည်အသွေး ကျဆင်းသွားတတ်ပါတယ်။

ပြီးတော့ အလုပ်တစ်ခု လုပ်ပြီးတိုင်း ရေသောက်ပါ၊ ပြုံးပါ…
ဒါတွေက ကိုယ့်ကိုယ်ကို လန်းဆန်းအောင် အပန်းဖြေနည်းပါ၊
ပြီးတော့ ကိုယ့်ကိုယ်ကို အမြဲတမ်းလှပကျော့မော့နေစေဖို့အတွက် ကိုယ်နဲ့လိုက်ဖက်နဲ့ဝတ်စားဆင်ယင်မှုလေးတွေကို ဂရုတစိုက်ဝတ်ဆင်ပေးပါ။ အ၀တ်အစားဟာ ဘယ်လောက်တန်သလဲဆိုတာ အရေးမကြီးပါဘူး၊အရေးကြီးတာက ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက တင့်တယ်ပြီး လိုက်ဖက်နေဖို့ပါပဲ။

ကျမတို့ အမျိုးသမီးတွေကို စာဖတ်ကြစေချင်ပါတယ်။

ဘယ်လောက်ပဲအလုပ်တွေ များနေပါစေ စာဖတ်ဖို့တော့ အထူး တိုက်တွန်းချင်ပါတယ်။ ကျမအနေနဲ့ ညတိုင်း စာဖတ်ပါတယ်။ လူမှုကွန်ယက်ပေါ်က အကျိုးရှိတဲ့စာတွေ ရှာဖတ်ပါတယ်။ စာအုပ်တွေကိုလည်း ရှာဖတ်ပါတယ်။ စနေ၊တနင်္ဂနွေလို ပိတ်ရက်တွေမှာတော့ စာဖတ်ချိန်သီးသန့်ထားပြီး ဖတ်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့စာဖတ်ခြင်းကသာ ကျမတို့တွေရဲ့ ဦးနှောက်နဲ့ နှလုံးသားကို ရှင်သန်စေတာပါ။ စိတ်ညစ်နေတဲ့သူ စိတ်ဓါတ်ကျနေတဲ့သူက စာဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်ရှင်သန်စေနိုင်တယ်။လမ်းပျောက်နေတဲ့သူက စာဖတ်ပြီး ကိုယ့်လမ်းကိုယ်ရှာဖွေနိုင်သလို၊ အားငယ်တွေဝေနေတဲ့သူက စာဖတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပြန်တိုးလာစေတာပါ။

ဒါကြောင့် ကျမတို့အမျိုးသမီးတွေက ဒီကနေ့ခေတ်မှာ စူပါမေမေတွေ ဖြစ်ကြရသလို၊ အလုပ်တွေကို လုပ်ရင်း လှအောင်ပအောင်နေရတဲ့မေမေတွေလည်း ဖြစ်လာကြတယ်၊ပြီးတော့ အမြဲတမ်းပညာရေးကို ဖြစ်စေတဲ့စာပေဗဟုသုတရှာဖွေရင်းနဲ့လည်း ကိုယ့်အနာဂတ်ကို ရှင်သန်အောင် ပျိုးထောင်နေသင့်တယ်လို့ယူဆမိတယ်။ဘာကြောင့်လဲဆိုတော့ ကျမတို့ရဲ့ လက်ထဲမှာ ကမ္ဘာကြီးရဲ့
အနာဂတ်ရှိနေလို့ပါပဲ။

အဲဒါကြောင့် အလုပ်တွေလည်း လုပ်ပါ၊ အလှတွေလည်း ပြင်ပါ၊ စာတွေလည်း ဖတ်ပါလို့ တိုက်တွန်းပါရစေရှင်။



Credit...Original uploader &
မေသင်္ကြန်​ဟိန်း
Via...Dr Shwe Tun
ပြန်လည်မျှဝေသူ ( Stitch ) .

10/01/2020

. #နေထိုင်မှု။

လွန်ခဲ့တဲ့နှစ်သုံးဆယ်က ဘော်လီနဲ့အတွင်းခံအပြင်ထုတ်ထားရင် ကျက်သရေမရှိဘူး၊
နှစ်သုံးဆယ်ကြာတော့ ဘော်လီနဲ့အတွင်းခံကို ဆိုင်ကြီးတွေမှာ တင်ထားရင် ခေတ်မီတယ်။

လွန်ခဲ့တဲ့နှစ်သုံးဆယ်က အင်္ကျီနဲ့ဘောင်းဘီမှာ အပေါက်နဲ့ ဖာရာပေါ်ရင် ဆင်းရဲလို့၊
နှစ်သုံးဆယ်ကြာတော့ အင်္ကျီနဲ့ဘောင်းဘီမှာ အပေါက်နဲ့ ဖာရာကို ပိုက်ဆံနဲ့ဝယ်တာ ချမ်းသာလို့။

လွန်ခဲ့တဲ့နှစ်သုံးဆယ်က ဘဏ်မှာငွေချေးရဖို့ သင်ကအနူးအညွှတ်တောင်းပန်ရတယ်၊
နှစ်သုံးဆယ်ကြာတော့ ဘဏ်က သင်ငွေလာချေးဖို့ အနူးအညွှတ်လာတောင်းပန်တယ်။

လွန်ခဲ့တဲ့နှစ်သုံးဆယ်က လူတစ်ယောက်လုပ်ရင် တစ်မိသားစုလုံးစားရတယ်၊
နှစ်သုံးဆယ်ကြာတော့ လူနှစ်ယောက်လုပ်တောင် ကလေးတစ်ယောက်မွေးဖို့ အနိုင်နိုင်စဉ်းစားရတယ်။

လွန်ခဲ့တဲ့နှစ်သုံးဆယ်က တက္ကသိုလ်ဖြေဆိုအောင်နိုင်ဖို့ အင်မတန်မှခက်ခဲတယ်၊
နှစ်သုံးဆယ်ကြာတော့ တက္ကသိုလ်ဖြေဆို မအောင်ဖို့တောင်အင်မတန်မှခက်ခဲတယ်။ (ကိုယ့်ခေတ်က အောင်ချက်နဲ့ ကိုယ့်မိဘခေတ်က အောင်ချက် နှိုင်းယှဉ်ပြီးမှလာပြန်ပြောပါ)

လွန်ခဲ့တဲ့နှစ်သုံးဆယ်က လူတစ်ယောက်နဲ့ မှားအိပ်မိပြီဆို သူက တစ်သက်လုံး သင့်လူပဲ၊
နှစ်သုံးဆယ်ကြာတော့ အကြိမ်ကြိမ်အိပ်ပြီးရင်တာင် လူက သင့်ဟာဟုတ်မဟုတ် မသေချာသေးဘူး။

လွန်ခဲ့တဲ့နှစ်သုံးဆယ်က အိမ်မှာ လူအိုတစ်ယောက်ရှိရင် မင်္ဂလာအဖြာဖြာနဲ့ပြည့်စုံတယ်၊
နှစ်သုံးဆယ်ကြာတော့ အိမ်မှာ လူအိုတစ်ယောက်ရှိရင် အကုန်လုံးထွက်ပြေးချင်တယ်။

အချိန်က ပြောင်းလဲတတ်သလို လူတွေကလည်း ပြောင်းလဲလာတယ်၊

အချို့အရာတွေက ကျနော်တို့ ဘယ်လောက်ကြိုးစား ကြိုးစား၊ ပြန်သွားလို့ မရတာက မရတာပဲ။

လူ့ဘဝ...
အကောင်းဆုံး စိတ်အခြေအနေက 'တည်ငြိမ်ခြင်း'
အကောင်းဆုံး ခံစားချက်က 'လွတ်လပ်ခြင်း'

တစ်ခါတစ်လေ အရာရာကို ခပ်ပေါ့ပေါ့လေးတွေးခြင်းဟာ ပျော်ရွှင်မှုကိုရစေတယ်၊

ဒီနေ့ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ မနက်ဖြန်ရောက်ရင် ကိစ္စလေးဖြစ်သွားကော။

ဒီနှစ် ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ နောက်နှစ်ရောက်ရင် ပုံပြင်လေးဖြစ်သွားကော။

ဒီဘဝ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ နောင်ဘဝရောက်ရင် ယုံတမ်းစကားဖြစ်သွားကော။

ကျနော်တို့တွေက ယုံတမ်း ပုံပြင်တွေကို ဖန်တီးနေတဲ့သူတွေလေ... မေ့နေပြီလား။

ဘဝမှာ အလုပ်မှာ အဆင်မပြေမှုကြုံတိုင်း ကိုယ့်ကိုပြန်သတိပေးပါ။

ဒီနေ့က ကုန်သွားမှာ၊ မနက်ဖြန်က ရောက်လာမှာ၊ နေ့ရက်အသစ်နဲ့ ကိုယ်က ပြန်စတင်ရမှာ၊ ခေတ်နဲ့ အချိန်က ကိုယ့်ကိုဆေးကြောသွားမှာ၊ အသက်တို့က လျော့ပါးသွားမှာ။

ကျားတစ်ဗန်းမှာ ကျားစေ့ မ,တာနဲ့ ချတာ ကြားထဲမှာ စဉ်းစားတာ
ပွဲပြီးတဲ့အချိန်ထိပဲ...

လူ့တစ်ဘဝမှာ ရယူလိုခြင်း နဲ့ စွန့်လွှတ်ခြင်း ကြားထဲမှာ စိတ်တွေ သောကရောက်ကြတာ..
သေတဲ့ အချိန်အထိပဲ...

သင့်ရဲ့စိတ်ကို အရှုပ်ထုပ်တွေနဲ့ မချည်နှောင်ထားပါနဲ့၊

အသက်ကိုတစ်ချက် ပြင်းပြင်းရှုကြည့်ပါ၊
အတိတ်ကို လွှတ်ချပြီး ပစ္စုပ္ပန်မှာနေထိုင်ပါ၊

တစ်ချို့ မမြင်ရတဲ့အရာတွေကို နှလုံးသားနဲ့ နားလည်ကြည့်ပါ၊

ဘယ်သူနဲ့နေရတာပျော်လဲ?
ထိုသူ့ဘေးမှာပဲ တစ်သက်လုံးနေထိုင်ပြီး
ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြပါလို့တိုက်တွန်းရင်း.…………



KyawKyaw(sparrow)

Photos from Beauty Online Shop's post 09/01/2020

. ရွှေလွန်းမေ ယက္ကန်းချိတ်
တွေလှချက်နော် အဖိုးနှုန်းသင့်ပီး ပွဲတက်ဖို့ဆို အသင့်တော်ဆုံးချိတ်လေးပါ
ရွှေလွန်းလိပ်ပြာအသားနဲ့အတူတူပါပဲနော်
လုံချည်၂ကိုက် +ထိုင်းပိုး၁ကိုက် 24000
လုံချည် ၂ကိုက်သီး သန့်21000
ဇာ ၁ကိုက်10000

09/01/2020

. သူများ မိဘနဲ့ ကိုယ့် မိဘကို
နှိုင်းယှဉ်ပြီး ဘယ်တော့မှမမြင်ပါနဲ့
မိဘဆိုတာကိုယ်ရွေးချယ်လို့
ရတဲ့အရာမှ မဟုတ်တာ
အလကားနေရင်း ငရဲကြီးနေမယ်☺

ကိုယ်လုပ်နိုင်တာဆိုလို့
သားသမီးကောင်းတစ်ယောက်
ဖြစ်အောင်နေမယ် ၊
ကိုယ်တိုင် မိဘဖြစ်လာတဲ့အခါ
ကိုယ်လိုချင်တဲ့ မိဘပုံစံအတိုင်း
ဖြစ်အောင်နေပေါ့ ☺

သိပ်တော်တဲ့
သူများအိမ်ထောင်ဘက်ကို
အားမကျပါနဲ့ မိမိအိမ်ထောင်ရေးပဲ
မသာမယာဖြစ်နေမယ်..
အိမ်ထောင်ဖက်ဆိုတာ
ကိုယ်ရွေးချယ်တာ တစ်ဝက်
ကံတရားက တစ်ဝက်၊
တစ်လှေတည်းစီးသမားတွေမို့..
သူ့အလုပ် ကိုယ့်အလုပ် ခွဲခြားမနေပဲ
ကိုယ် တတ်နိုင်သလောက်
မိမိအိမ်ထောင်ဘက်ကို ကူညီ ပံ့ပိုး
ဖေးမပေးတတ်သူတစ်ယောက်သာ
ပိုဖြစ်စေလိုက်ပါ..

ထူးချွန်တဲ့
သူများသားသမီးတွေကို
အားမကျပါနဲ့..
သားသမီးလေးတွေဆိုတာ
ထိုက်တဲ့သူမှ ရနိုင်တဲ့ ရတနာပါ ..
တန်ဖိုးသိ တန်ဖိုးထားတတ်ပါစေ..
အဓိက
ကိုယ့်ခလေး အခြေအနေကိုသိ၊
ကိုယ့်ခလေး နိုင်သလောက်နဲ့သာ
ကျေနပ်တတ်ပါစေ..
ကိုယ့်ခလေး စာရိတ္တမြင့်မားအောင်
ပြုစုပျိုးထောင်ပေးပါ၊
လောကအလည် လိမ္မာပါးနပ်
ပျော်ရွှင်စွာ ကျင်လည်ကျက်စား
ရှင်သန်တတ်အောင် သင်ကြား
ပြသ လမ်းညွှန်ပေးခဲ့ပါ..

ကိုယ် မတတ်နိုင်တဲ့ အရာတွေအတွက်နဲ့
ဘယ်တော့မှ စိတ်အပိန် အချိန်ကုန်
မခံပါနဲ့..
ကိုယ် တတ်နိုင်တာတွေကိုပဲ
ခေါင်းထဲထည့် ဖြစ်အောင်လုပ်လိုက်ပါ..

ကိုယ့်မိဘကိုဖြစ်စေ
ကိုယ့်အိမ်ထောင်ဘက်ကိုဖြစ်စေ
ကိုယ့်သားသမီးတွေအပေါ်ဖြစ်စေ
အားမလို အားမရတွေချည်း
ဇွတ်မဖြစ်လိုက်ပါနဲ့..
တကယ်တမ်းတွေးကြည့်လိုက်
အကောင်းတွေ ကိုယ် မရနိုင်တာ
ကိုယ့်နဘေးကလူတွေကြောင့်
ဆိုတာထက် မိမိကိုယ်တိုင်ရဲ့
ကံဇာတာကိုက ညံ့နေလို့ပဲ
မဟုတ်ပါလား..☺

Credit Ma pui (ဇလပ်မြေ)
# Copy by Kyaw Aye.

09/01/2020

. . 🎀One Day Diet 🎀အဆီကျပိန်ဆေး
လက်လီ 7000ks
3ဘူး 20000ks
အချိန်တိုလေးအတွင်း weight အမှန်တကယ် ကျ ဖို့အတွက် 1 Day diet အဆီကျ ဆေး အစစ် 💯 ကသာ က မယုံနိုင်လောက်အောင် ကူညီ ပေးနိုင်ပါတယ်✔️✔️✔️

👉1 Day Diet ဆေး အစစ်ဟာ ဆိုရင် အစားစား ချင်စိတ် ကို ထိန်းပေးပြီး တစ်ရက်ဆို တစ်ရက် သိသာစေကာ တစ်ပတ်အတွင်း အဆီပို များကို ကျဆင်းစေပြီး ခန္ဓာကိုယ် ပေါ့ပါးလာတာစေပါတယ်

ဆေးသောက်ပြီး တစ်လအတွင်း 10 ပေါင်မှ ပေါင် 20 ထိ ကျဆင်းစေပါတယ်👌

တစ်ဘူးမှာ အလုံး 60 ပါပါတယ်ရှင့်

ဆေးသောက်ရန် အညွှန်းမှာ
မနက်စာ မစားခင် တစ်နေ့ တစ်လုံးသောက်ပေးရပါတယ်

Over Weight သမားများက ဆေးသောက်ပြီး ဒုတိယ ပတ်လောက်မှာ ၂ လုံး တိုးသောက်လို့ရပါတယ်ရှင့်

Side effect လုံးဝ မရှိပါဘူး

သို့သော် ပထမ ရက်ပိုင်းအတွင်း ဆေးနဲ့အသားမကျသောကြောင့် ရင်တုန်တာမျိုး ဖြစ်တတ်ပါတယ်
ရေငတ်ပါတယ်ရှင့် ဆေးသောက်နေစဉ် အတွင်း ရေများများ သောက်ပေးရပါမယ်

🚫ကိုယ်ဝန်ဆောင်မိခင်,အသက် 18 အောက်နှင့် 60 အထက်,နှလုံးရောဂါ ,အစာအိမ် ရောဂါ ရှိသူများသောက်သုံးရန် မသင့်ပါ🚫

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

959

Website

Address


Yangon
@YINMINAYE27121978