Mune Onlineshop
အမျိုးသားအမျိုးသမီးတိုင်းလှပစေဖို?
04/01/2017
နှာတံ လေးဖော်တဲ့အခါ 👈👈👈
04/01/2017
ပြီးပြည့်စုံတဲ့မျက်ခုံးမွှေးလေးရဖို့အတွက်ဘလို ဆွဲရမလဲဆိုတာပါနော် 👌👌👌
04/01/2017
Sis တို့ရေ မျက်ကွင်းညိုလို့ Concealer ဖုံးတဲ့အခါ ဘလိုသုံရမယ်ဆိုတာလေးပါနော် ❤❤
04/01/2017
အရေးပေါ် Eye Shadow လေးပါ မျက်ခုံးမွှေးဆွဲတဲ့ခဲတံကို မီးလေးတ်ို့ပြီး လုပ်လို့ရပါတယ် ❤💓
04/01/2017
အသားအရေ အမျိုးအစားအလိုက် Lip Colour 💋💋 ရွေးနည်းလေးတွေပါနော်
04/01/2017
ပါးရိုးချနည်း နှာတံဖော်နည်းလေးပါ Sis တို့ရေ ကိုနဲ့အဆင်ပြေတဲ့ပုံစံအတိုင်းဖော်လို့ရပါတယ် 😇😇😇
28/12/2016
ပင်ပန်းစွာ ဝိတ်မချရဘဲ သွယ်လျနေသူတွေရဲ့ လျှို့ဝှက်ချက်😁😁
လေ့ကျင့်ခန်းနဲ့ အစားအသောက် လျှော့စားမှုတွေ ပင်ပန်းကြီးစွာ လုပ်စရာမလိုဘဲ ဝိတ်မတက် သွယ်လျ လှပနေသူတွေကို အားကျပါလိမ့်မယ်။
ပင်ပန်းစွာ ဝိတ်မချရဘဲ သူတို့ သွယ်လျလှပနေတဲ့ လျှို့ဝှက်ချက် (၄) ခုကို ဖော်ပြထားပါတယ်။ ဒီ လျှို့ဝှက်ချက်တွေက သွယ်လျလှပသူတွေကို မေးမြန်းလေ့လာထားတဲ့ သုတေသနရလဒ်လည်း ဖြစ်ပါတယ်။
မနက်စာ
လေ့လာမှုစစ်တမ်းမှာ ပါဝင်တဲ့ သွယ်လျနေသူ ၉၆ ရာခိုင်နှုန်းဟာ မနက်စာကို ပုံမှန် စားလေ့ရှိပါတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်အရ မနက်စာစားခြင်းက နေ့လည်စာ စားချိန်မှာ ကယ်လိုရီလောင်ကျွမ်းမှု ပိုဖြစ်စေပါတယ်။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း
သွယ်လျလှပနေသူတွေဟာ အပတ်စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ၅ ကြိမ်နဲ့အထက် ပြုလုပ်လေ့ရှိပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် ကောင်းမွန်သလို စိတ်ဖိစီးမှုနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။ သုတေသန အစီအစဉ်မှာ ပါဝင်သူ ၄၂ ရာခိုင်နှုန်းက အပတ်စဉ် လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်သူတွေပါ။
ကိုယ်အလေးချိန် ဆန်းစစ်ခြင်း
ခန္ဓာကိုယ် သွယ်လျလှပသူတွေဟာ သူတို့ကိုယ် သူတို့ ဂရုစိုက်လေ့ ရှိပါတယ်။ အထူးသဖြင့် အပတ်စဉ် ကိုယ်အလေးချိန် တိုင်းတာပါတယ်။ သွယ်လျသူတွေကို ပြုလုပ်ထားတဲ့ စစ်တမ်းအရ ၅၀ ရာခိုင်နှုန်းက တစ်ပတ်လျှင် တစ်ကြိမ် ကိုယ်အလေးချိန် တိုင်းတာကြပါတယ်။
အစားအစာ
သွယ်လျနေသူ ၄၄ ရာခိုင်နှုန်း အစားအစာနဲ့ ပတ်သက်ပြီး အထူးအထွေ ကန့်သတ်ထားလေ့ မရှိဘဲ ၇၄ ရာခိုင်နှုန်းဟာ အစားလျှော့စားမှု မရှိသလောက် ရှားပါတယ်။
26/12/2016
📍ဆားဝက်ခြံ နဲ့ ချွေးပေါက်ကျဉ်းစေဖို့ သဘာဝ နည်းလမ်းများ📍
အိမ်တွင်းနည်းလွယ်လွယ်လေးတွေမို့ အဆင်ပြေမှာပါ
1.ရေခဲကပ်ပေးပါ..
အထိရောက်ဆုံးနဲ့အသုံးအများဆုံးနည်းလေးပါနော်.ရေအေးဟာချွေးပေါက်တွေကိုကျဉ်းစေတယ်.ရေနွေးဟာပိတ်နေတဲ့ချွေးပေါက်တွေကိုပွင့်စေပါတယ်..
ဒါကြောင့်ပထမဆုံးကြက်သီးနွေးရေလေးနဲ့မျက်နှာသစ်ပြီးချွေးပေါက်တွေဖွင့်လိုက်ပါ..
ပြီးရင်မျက်နှာသစ်ဆပ်ပြာနဲ့သေချာသန့်စင်ပါ..ပြီးရင်ကြက်သီးနွေးရေနဲ့ပဲပြန်ဆေးချပါ.ရေသုတ်ပြီးတာနဲ့ရေသန့်ရေခဲကိုယူပါ..ချွေးပေါက်ကျယ်တတ်တဲ့ပါးမို့၊ နဖူးနဲ့နှာခေါင်းနေရာတွေကိုအဓိကထားပြီးအသာအယာတို့ထိပေးပါ.တစ်နေရာကို စက္ကန့် ၂၀ စီလောက်ပေါ့နော်.ရေခဲမကပ်ချင်ရင် ရေသန့်ရေအေးနဲ့လဲမျက်နှာသစ်နိုင်ပါတယ်..
2. ရေခဲတဲ့အကန့်လေးတွေထဲကိုခရမ်းချဉ်သီး၊သံပုရာသီးတို့ကိုအရည်ညှစ်..ရေသန့်အနဲငယ်နဲ့ရောပြီး ရေခဲခန်းထဲထည့်ထားပါ ( ပုံမှန်ရေခဲ ခဲသလိုပေါ့နော် )
ခဲပြီဆိုမှ 1. ကနည်းအတိုင်းအသုံးပြုပေးပါ..
ရိုးရိုးရေခဲနဲ့လုပ်တာထက်ပိုထိရောက်ပါသတဲ့..
ရေခဲကပ်တာကို မနက်တကြိမ် ညတကြိမ်ပြုလုပ်ပေးနိုင်ပါတယ်..
ဒီလိုလုပ်ပေးခြင်းဖြင့်သွေးလှည့်ပတ်မှုကောင်းစေတယ်၊ချွေးပေါက်တွေကျဉ်းစေတယ်၊ဝက်ခြံတွေအရောင်ကျစေတယ်၊အသားအရေနီမြန်းတာတွေကိုလျော့ကျစေပါတယ်..
3. ကြက်ဥအကာရေသီးသန့်ကို(အနှစ်ဖယ်ပြီး) ဂွမ်းလေးနဲ့မျက်နှာအနှံ့သုတ်လိမ်းပေးပါ.. အကာရည်တွေကိုမျက်နှာပေါ်အများကြီးလိမ်းစရာမလိုဘူးနော်..နှံ့အောင်လိမ်းရုံဆိုရပါပြီ..ကြက်ဥအကာ ၁လုံးကို ၃ ၄ ခါလောက်သုံးလို့ရပါတယ်နော်..
ပြီးရင် tissue ပါးပါးလေးကိုအသာကပ်ပေးပါ
…ပြီးရင်အကာရေလေးတွေခြောက်တာစောင့်ပေးပါ..
မိနစ် ၂၀လောက်တော့ကြာတတ်တယ်ရှင့်..( ယပ်ခပ်ရင်းစောင့်လဲရတယ် ပိုမြန်အောင် :P )
ခြောက်တဲ့အချိန်ကြရင် tissue လေးဟာခြောက်ပြီးတင်းနေပါလိမ့်မယ်( ထိကြည့်ရင်လဲ ကြွပ်ဆတ်ဆတ်
လေးဖြစ်နေပါတယ်) ..
ပါးစပ်ဟကြည့်ရင်တောင်သိသာပါတယ်နော် တင်းနေတာက..ဒါဆို tissue လေးကိုအချပ်လိုက်ခွာလို့ရပါပြီ..before နဲ့ after ကတကယ်ကိုကွဲပြားနေတာတွေ့ရမှာပါ.အသားလေးကနုချောပြီးကြည်နေပါလိမ့်မယ်.နှာခေါင်းကဆားဝက်ခြံတွေလဲ tissue လေးထဲပါကုန်လို့တွေ့ရမှာမဟုတ်တော့ဘူး..
ဒီနည်းလေးဟာအရမ်းလွယ်ပြီး အသားအရေအတွင်းထဲထိသန့်စင်ပေးတယ်.ဆားဝက်ခြံအပြင်အညစ်အကြေးတွေကိုလုံးဝပြောင်စင်သွားစေပါတယ်..
ပုံမှန်လုပ်ပေးရင်အညစ်အကြေးကင်းပြီးချွေးပေါက်လဲကျဉ်းစေပါတယ် ( ပိစိလေးတော့ညှီတယ် ကြက်ဥဆိုတော့ )
4.ပျားရည်နဲ့ဒိန်ချဉ်စစ်စစ်ကိုရောပြီးမျက်နှာအနှံ့လိမ်းပါ..
မိနစ်အနည်းငယ်ထားပြီးရေအေးနဲ့ပြန်ဆေးချပါ..
ပျားရည်ကပိုးသေစေတယ်..အရေပြားရဲ့ healing process ကိုမြှင့်တင်ပေးတယ်..
ပိတ်နေတ့ချွေးပေါက်ထဲက bacteria တွေကိုတိုက်ဖျက်ပေးတယ်.ဒိန်ချဉ်ကချွေးပေါက်အတွင်းပိုင်းထိသန့်စင်ပေးနိုင်တယ်..တခြားကောင်းကျိုးတွေဲအများကြီးပါ.တစ်ပတ် ၂ခါထိလုပ်ပေးနိုင်ပါတယ်..
5. ထောပတ်စစ်စစ်နဲ့ဆား(သို့)သကြား ကိုခပ်ပျစ်ပျစ်ရောပြီး ချွေးပေါက်ကျယ်တဲ့နေရာတွေကိုပုံပေးပါ..
လုံးဝအရည်ခပ်ပျစ်ပျစ်ဖြစ်အောင်ဖျော်ပါနော်.အပူပေးပြီးဖျော်လဲရပါတယ်..
scrub လိုသကြားမှုန်တွေမကျန်ပါစေနဲ့..
ဒီအရောဟာချွေးပေါက်ပိတ်တာတွေကိုပွင့်စေပြီးသေးငယ်သွားစေပါတယ်တဲ့..
6. ကြက်သွန်ဖြူ ၂ လုံး၃လုံးနဲ့ ခရမ်းချဉ်သီး တစ်ဝက်ကိုရောချေပြီးအရေဖြစ်အောင်မွှေပါ..၁၅မိနစ် လောက်ထားပြီးပြန်ဆေးချပါ..
7. ဆလပ်ရွက်လတ်လတ်ဆတ်ဆတ်ကိုခြေပြီးအရည်ညှစ်ပါ.သံပုရာရည်အနည်းငယ်ထည့်ပါ..ဆလပ်ရည်၁ဇွန်းဆိုသံပုရာရည်ကို ၁စက် ၂စက်ခန့်သာထည့်ပါ.မိနစ် ၂၀ခန့်ထားပြီးရေပြန်ဆေးချပါ..
ကြက်ဥအကာနဲ့ရေခဲကတော့ကိုယ်တိုင်လဲခနခနကိုလုပ်ဖြစ်ပါတယ်..တကယ်ကိုသိသာလို့..
Pore problems အတွက်အဓိကအဖြေက toner ပါ.ဆားဝက်ခြံတွေဆိုလဲညှစ်တုန်းကုတုန်းတော့ပျောက်သွားတယ်.ပြီးရင်ပြန်ဖြစ်မှာပါပဲ..ဒါဟာချွေးပေါက်တွေကျယ်နေသေးလို့ပါ.အပေါ်ကနည်းတွေဟာ mask လို ပြန်ဆေးချတဲ့နည်းတွေပါ.
ပြန်ဆေးချစရာမလိုတဲ့ Homemade toner လုပ်နည်းလေးတွေပြောပြပါမယ်နော်..
1. သခွားသီး၊ခရမ်းချဉ်သီးနဲ့ဆလပ်ရွက်တွေကိုဖျော်ရည်စက်နဲ့ကြိတ်ပါ.သံပုရည်အနဲငယ်ကိုညှစ်ထည့်ပါ.သဘာဝတိုနာအနေနဲ့သုံးနိုင်ပါတယ်.ချွေးပေါက်တွေကိုသိသိသာသာကျဉ်းစေတဲ့အပြင်အသားအရောင်ကိုဝင်းလာစေပါတယ်..
2. Organic Green tea bag လေးတွေကိုရေနွေးနဲ့စိမ်ပါ.ရလာတဲ့အရေကိုအအေခံပြီး apple cider vinegar ရောထည့်ပါ. green tea ၃ ဆ acv ၁ ဆ ထည့်ပါ.. အဆီပြန်ပြီးဝက်ခြံထွက်တတ်တဲ့သူတွေအတွက်လဲကောင်းပါတယ်နော်.. Green tea ရော ACV ရော City mart မှာအလွယ်တကူရပါတယ်နော် ( ဒီတိုနာကကျွန်မလက်ရှိသုံးနေတာပါရှင့်၊တကယ်ကောင်းပါတယ် )
ချွေးပေါက်ကျယ်ခြင်းဟာမျက်နှာပေါ်ကပြသနာတွေရဲ့အဓိကတရားခံဖြစ်ပါတယ်.ဆားဝက်ခြံ၊ဝက်ခြံအမျိုးမျိုး တွေရဲ့အရင်းအမြစ်ပေါ့လေ xD ဒါ့ကြောင့်အပေါ်ကနည်းလေးတွေကိုစိတ်ရှည်ရှည်အသုံးပြုပေးပါ.ချွေးပေါက်တွေလုံးဝမကင်းစင်စေပေမယ့် တကယ်ကိုသိသိသာသာကျဉ်းစေပါတယ်နော်( ချွေးပေါက်လုံးဝကင်းစင်ဖို့ဆိုတာလဲမဖြစ်နိုင်သလောက်ကိုခက်ခဲပါတယ်တဲ့ )
*ချွေးပေါက်ကျယ်သူတွေအတွက်မျက်နှာသစ်ရင်ကြက်သီးနွေးရေနဲ့အမြဲသစ်ပြီးနောက်ဆုံးမှာအမြဲရေအေးနဲ့ပြန်သစ်ရမယ်နော်..
အားလုံးပဲအန္တရာယ်ကင်းကင်းလှနိုင်ကြပါစေ.🙏
Credit: BeautyStoriesByChaw
23/12/2016
အကောင်းဆုံးဗိုက်အဆီချနည်း❤❤❤
ခန္ဓာကိုယ်တွင်း မလိုအပ်တဲ့ အဆီပိုဖယ်ရှားတဲ့နည်းကို detox လုပ်တယ်လို့လည်းခေါ်တယ်။ detox လုပ်ဖို့ ရေနွေးနဲ့ ရှောက်သီးတလုံးပဲလိုပါတယ်။တကယ်တော့ ဝမ်းတွင်း၊အူထဲမှာ အဆိပ်အတောက်၊အဆီခဲလေးတွေ ပုံမှန်အားဖြင့် ရှိနေတတ်တယ်။ အဲဒါလေးတွေက ဘာမှမဟုတ်ပေမယ့် လူကိုဒုက္ခပေးတတ်တယ်။ အထူးသဖြင့် ရေခဲရေအမြဲသောက်သူတွေမှာ ပိုတွေ့ရတယ်။ အဆီလေးတွေခဲပြီး အူလမ်းကိုပိတ်ရင် အာဟာရ စုပ်ယူမှုကို တားဆီပါသတဲ့။အဲလိုမဖြစ်အောင် အူလမ်းကြောင်းမှာရှိတဲ့ အဆိပ်အတောက်၊အဆီခဲတွေကို ဖယ်ရှားပေးရတယ်။
လေ့လာမှုတွေအရ မနက်အိပ်ရာထမှာ ရိုးရိုးရေနွေး(လက်ဖက်ခြောက်မပါ) သောက်ခြင်းက ကျန်းမာရေးအတွက် အထူးကောင်းမွန်တာ တွေ့ရတယ်။အစာအိမ်ကို စတင်နှိုးဆွပေးပြီး အူလမ်းကြောင်းကို အသက်ဝင်စေတယ်။ တနေ့တာအစာခြေဖို့အတွက် အခြေခံကောင်းတခုဖြစ်တယ်လို့ ယူဆကြတယ်။အူလှုပ်ရှားမှုကို ဖြစ်စေပြီး အစာချေစနစ်ကို အားပေးလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး ဖြစ်တယ်။ တချို့ကလည်း အာနိသင်ပိုကောင်းအောင် ပိုလီဖီနော(polyphenol)ကြွယ်ဝတဲ့ ရှောက်သီးကို မနက်စောစော အိပ်ရာထမှာ ရေနွေးထဲစိမ်ပြီး သောက်ကြတယ်။ ရှောက်သီးရဲ့ အာနိသင်ကြောင့် အနံ့၊အရသာကောင်းမွန်တဲ့ ရေနွေးကို ဖြစ်ပေါ်စေတယ်။ ပိုကောင်းတာက ရှောက်သီးမှာပါဝင်တဲ့ ပက်တင်(pectin)အမျှင်ဓာတ်က ဝမ်းမှန်စေတယ်။ အူလမ်းကြောင်းမှာရှိတဲ့ အစာဟောင်းတွေကို စွန့်ထုတ်ပေးတယ်။ အဆီပိုတွေကိုလည်း ကျဆင်းစေတယ်။
တချို့ကလည်း ရှောက်သီးနေရာမှာ သံပုရာသီးကို သုံးတယ်။ အလျဉ်းသင့်လို့ ဖော်ပြရရင် သံပုရာသီးနဲ့ ရှောက်သီးမှာ ကွာခြားချက်လေးတွေ ရှိတယ်။ ပုံစံကို ကြည့်ရင် ယေဘုယျခွဲနိုင်တယ်။ သံပုရာက အလုံးသေးပြီး ဝိုင်းတယ်။ အရောင်က အစိမ်းရောင် ရှိတယ်။ ရှောက်သီးကတော့ ဘဲဥပုံဖြစ်ပြီး အဝါရောင် ဖြစ်တယ်။ ဒီထဲမှာ သံပုရာသီးက ပိုချဉ်ပြီး အက်ဆစ်ဓာတ်ကဲတယ်။ ရှောက်သီးကတော့ နည်းနည်းပိုခါးတယ်။ ဒါပေမယ့် ရင့်မှည့်လာရင် ပိုဝါပြီး ချိုလာတယ်။ ရေထဲကို စိမ်ကြည့်ရင် သိပ်သည်းဆပိုများတဲ့ သံပုရာသီးက အောက်ကို နှစ်မြှုပ်သွားမယ်။သိပ်သည်းဆသိပ်မများတဲ့ ရှောက်သီးကတော့ ရေပေါ်မှာ ပေါ်လောပေါ်နေတာ တွေ့ရတယ်။ ဒါက သံပုရာသီးလား၊ရှောက်သီးလား အလွယ်ကူဆုံး ခွဲခြားတဲ့နည်း ဖြစ်ပါတယ်။ ရေနွေးသောက်တဲ့အခါ ရှောက်သီး(သို့)သံပုရာသီး တညလုံးစိမ်ထားပြီးသား ရေနွေးထက် လောလောလတ်လတ်စိမ်ထားတဲ့ ရေနွေးခပ်ပူပူကို ပိုသောက်သင့်တယ်။ သောက်တဲ့အခါ အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးထက် အသင့်အတင့်ပူတဲ့ ရေနွေးမျိုးက ပါးစပ်၊အစာမျိုပြွန်နဲ့ အစာအိမ်လမ်းကြောင်း ထိခိုက်မှုကို ကာကွယ်ရာရောက်တယ်။
ဒီနည်းက ပုံမှန်အားဖြင့် လူတိုင်းနဲ့ သင့်တော်ပါတယ်။ အမေးများတဲ့မေးခွန်းတခုရှိတယ်။ သံပုရာသီးက အစာအိမ်သမားနဲ့ သင့်တော်ပါ့မလားတဲ့။ ပုံမှန်အားဖြင့် သင့်တော်တယ်လို့ ဖြေပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ ရှောက်သီးသဘောက အက်ဆစ်ဓာတ်ကဲပေမယ့် ခန္ဓာကိုယ်ထဲရောက်သွားရင် အယ်လ်ကာလီပြောင်းသွားလို့ ဖြစ်ပါတယ်။ ဒါပေမယ့် အစာအိမ်နာဖြစ်နေစဉ်၊ ဗိုက်နာနေစဉ် လုံးဝမသောက်သင့်ပါ။ ပိုဆိုးလာနိုင်တယ်။ တချို့ အူပါးမှာ စိုးရိမ်သူတွေလည်း ရှိတယ်။ အဲလောက်ကြီး မဆိုးရိမ်ပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ နှစ်ချီဆွဲသောက်ဖို့ မလိုအပ်လို့ပါ။ နှစ်ပတ်ခန့် သောက်သုံးတာနဲ့ အသားရေကြည်လင်လာပြီး တလခန့်အကြာမှာ အဆီပိုတွေ ကင်းစင်လာလိမ့်မယ်။
ပြုလုပ်နည်း
အရင်ဆုံးရှောက်သီးတလုံးကိုယူပြီး ခလယ်က ထက်ခြမ်းခြမ်းပါ။ တချို့က ပါးပါးလေးလှီးတယ်။ ပြီးရင် ရေနွေးပွက်ပွက်ဆူထဲထည့်ပြီး မိနစ်(၂၀ ) ခန့် နှပ်ထားပါ။ပြီးရင် ကြက်သွန်ဖြူ(၃)စိတ်ကို အစိမ်းလိုက် ဝါးစားပါ။ စောစောက နှပ်ထားတဲ့ ရှောက်သီးခြမ်းရေနွေးဆက်သောက်ပါ။ ရှောက်သီးနေရာမှာ သံပုရာသီးသုံးနိုင်တယ်။ မနက်စောစောအိပ်ရာထ ဘာဆိုဘာမှမစားခငိသောက်ရမှာ ဖြစ်ပါတယ်။
နောက်တနည်းက သံပုရာတခြမ်း၊ သခွားသီးစိတ်(၅)စိတ်၊ ဂျင်းတက်သေးတခု၊ ပူစီနံ နဲနဲကို ရေနွေးပွက်ပွက်ဆူ(300ml)ထဲ ရောသမပြီး နှပ်ထားပါ၊ မိနစ်(၂၀)နေရင် စတင်သောက်သုံးပါ။ တလအတွင်း ဗိုက်ခေါက် အဆီပိုတွေ ပဉ္စလက်ဆန်ဆန် ဖယ်ရှားနိုင်မယ်လို့ ဆိုပါတယ်။ ဒီနည်းကို ဝိတ်ချနေစဉ် နေ့တိုင်း သောက်ရမှာဖြစ်ပါတယ်။ အနည်းဆုံး တလသောက်ဖို့ တိုက်တွန်းပါတယ်။
Credit :ဒေါက်တာ အေးမင်းထူး
22/12/2016
ဆန်ဆပ်ပြာ
ဆန်ဆပ်ပြာ...Made In Thailand
မျက်နှာရော ခန္ဓာကိုယ်ရော သုံးလို့ရပါတယ်
ဝက်ခြံ၊အမဲစက်များကိုလဲ သက်သာပျောက်ကင်းစေပါတယ်
မျက်နှာလေး ဖြူဝင်းပြီး အဖု လေးတွေ သက်သာအောင် ဆန်ဆေးရေ နဲ့ မျက်နှာသစ်ပေးကြတာရှိပါတယ်နော်.!
အခု ဒီဆန် ဆပ်ပြာလေးက Rice,Milk အစ ရှိတဲ့ သဘာဝက ရတဲ့ ပစ္စည်း များနှင့် ထုတ်လုပ်ထားတာမို့ အသားရည်ကို လုံးဝ ထိခိုက်စေခြင်း မရှိပဲ ဖြူဝင်းလာစေပါတယ်💫
Collagen ပါဝင်မှုကြောင့်လည်း အသားအရေ အိုမင်းရင့်ရော် လာမှုကို ကာကွယ်ပေးပါတယ် ☀️
အနံလည်း အရမ်းကောင်းပါတယ် ။သုံးဖူးသူတိုင်း ကြိုက်နှစ်သက်ကြပါတယ်ရှင့်
ဆန်ရနံ့ သင်းသင်း မွှေးမွှေးလေးပါ🎉 ဆန်စိလေးတွေလဲ ပါပါတယ် နော်
ဈေးနှုန်း-1500/-ks
(အနည်းဆုံး ၃ ခဲယူပေးရပါမယ်)
14/12/2016
ဒီ Eyeliner ဆွဲနည်းလေးကတော့ Korea❤ Eye လိုမျက်လုံး သေးသေးမှေးမှေးလေးတွေပိုင်ဆိုင်ထားတဲ့ Sis Lay တို့အတွက်ပါ Tutoril လေးကြည့်ပြီးလေ့ကျင့်ကြည့်ရအောင် ❤❤
14/12/2016
Smokey👌 Eye ဆွဲခြင်တဲ့ Sis လေးတွေအတွက် အလွယ်တကူ လှလှပပ ဆွဲနည်းလေးပါ💋💋 Tutorial လေးကြည့်ပြီးလှနိုင်ကြပါစေ ❤❤❤❤
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon