Diaries by Yo’s

Diaries by Yo’s

Share

Sharing vlog

01/07/2025

ဒီ၁ခါချက်ပို့က 100% မကြိုက်ခဲ့

30/06/2025

မိုးတွင်း ငွေဆောင်သွားခဲ့တဲ့ vlogလေး 🤍 #ငွေဆောင်

11/06/2024

အမျိုးသားသွေးလှူဘဏ်မှာ သွေးလှူတုန်းကရိုက်ဖြစ်ခဲ့တဲ့ video ပါ သွေးလှူချင်ပြီး ဘယ်လိုလှူရမလဲ မသိသေးတဲ့သူတွေအတွက် sharing လုပ်ပေးတာပါ ရှင်

#အမျိုးသားသွေးလှူဘဏ် #သွေးလှူ

Photos from Diaries by Yo’s's post 23/05/2024

ဘုရားစူး ပရှူးထမင်းကြော် နဲ့ ထမင်းပေါင်း ၁ပွဲ၆ထောင်ပေးခဲ့ရတာ feb ကစားခဲ့တာမလို့ အဲ့ကာလကဆို စျေး၂ဆယူထားတာ

ထမင်းကြော်က မာတောင့်ကျွတ်နေပီး ချဉ်စုတ်
ထမင်းပေါင်းအရသာကလည်းဆိုး
အသားဖက်က ၅ခုမပြည့် အဆီကြီးပဲ

ကျိုက်ထီးရိုးကအပြန် Ygnကို
ရွှေနဂါး ကားစီးရမှာမလို့ သူစောင့်ခိုင်းတဲ့ ထမင်းဆိုင်မှာ စောင့်ပီးစားလိုက်တာ စိတ်ပျက်စရာ

အတင်း လက်ဆွဲ မရမက ဆွဲခေါ်တာနော် ကားကဒီကတတ်ရမှာဆိုပြီး

စားသောက်ဆိုင်ဖွင့်ပြီး ဘယ်လောက်စေတနာမပါလည်းဆိုရင်လေ Toilet အစုတ်အပြတ်ကို
ဟိုးအဝေးကြီးမှာထားပြီး ဝင်ကြေးထပ်ပေးရသေးတာ

မျက်နှာပြောင်တိုက်တဲ့ ဆိုင်နော် သွားစားမိမှာဆိုးလို့

ရွှေနဂါးကတော့ အဆင်ပြေပါတယ် yoထိုင်တဲ့ခုန်က ပလက်လန်တာ လုပ်မရလို့ နောက်ကလူကိုအားနားခဲ့ရတာပဲရှိတယ်

ပဲခူးမှာ ရပ်ပေး တဲ့ tea shopလည်းကောင်းပီး တန်ပါတယ်

ကျိုက်ထီးရိုး ကင်ပွန်းစခန်း သူတို့စောင့်ခိုင်းတဲ့ဆိုင်တော့ ဝေးဝေးရှောင်

လူတိုင်းနဲ့ပြသာနာတတ်တဲ့ဆိုင် အမြတ်ကြီးစားပြီးစေတနာမပါ ဇွတ်တစ်ခုမဟုတ်၁ခုစားခိုင်း စိတ်ပျက်စရာ မိန်းမလည်တွေ

ရင်ပြင်တော်ပေါ်မှာ ဂျင်းမိမှာဆိုးလို့ဘာမှမစားဘူး
တောင်အောက်ရောက်မှဂျင်းအတောင့်လိုက်မိ 🤭

ရင်ပြင်တော်က အကြော်လေးက ရဲရဲလေးမလို့ဝယ်တော့စားမိ မာတောင့်နေရော စားမရ အချဉ်ကစုတ်ပြတ် 🥲

#ကျိုက်ထီးရိုး #ရွှေနဂါးခရီးသည်ကား

23/05/2024

ဘဝမှာ အခက်ခဲကြုံလာရင်
မာလာရှမ်းကော စားရဦးမယ် ဆိုတဲ့စိတ်နဲ့ပဲ
ကြိုးစားကျော်ဖြတ်တယ် 😋

Photos from Diaries by Yo’s's post 20/05/2024

မိုးရာသီ မှာ ဘားအံက အရမ်းကိုလှတာ 🤍

ဘားအံရောက်ဖြစ်ရင် ပုံထဲကနေရာတွေကိုသွားဖြစ်အောင်သွားပြီး ပုံလှလှလေးတွေများကြီးရိုက်ခဲ့ကြနော်

Ygnကနေ မိဘဂုဏ်ကားနဲ့ မနက် ၈နာရီစထွက်တယ်
ဘားအံကို ၃နာရီရောက်တယ် ဘားအံကအပြန်တော့ တခြားExpress နဲ့ပြန်ခဲ့တယ်

ဘားအံရောက်လို့ ပုံလည်းလှလှလေးရိုက်ချင်တယ် သွားရလာရလည်းအဆင်ပြေချင်ရင် သူရတီTuk Tukကိုfully recommend ပေးပါတယ်နော်

ကို Pyayphyochun
သူရတီ tuk tuk Ygnကထဲကြိုချိတ်ထားပီး ဘားအံ
ညနေ နေဝင်ချိန်ကို ရင်္သေ့ပျံဂူကနေသွားကြည့်ခဲ့တယ်

Hpaan၃ရက်လုံးဒီအကိုနဲ့ပဲသွားခဲ့တာ
ပုံဆိုလည်းသေချာကိုရိုက်ပေးစေတနာအပြည့်နဲ့
ကိုယ့်မှာကိုယ်ကြိုက်တဲ့ပုံရှိတော့ အမျိုးစုံလျှောက်ရိုက်ခိုင်းတာ တကယ်သေချာရိုက်ပေးတာ

တောင်ဝိုင်းတတ်တော့လည်း lb200ကျော်မလို့မတတ်တော့ဘူးလုပ်ပေမယ့်သေချာစောင့်ခေါ် အဆင်းသေချာစောင့်ဆင်းပေးတာ အကိုကြောင့်သာတောင်ပေါ်ရောက်တာ မဟုတ်ရင်အောက်ခြေမှာတင်လှည့်ပြန်ခဲ့ပြီး ရောက်တော့မှာလားကိုအခါ၁၀၀မကမေးပီး လှေကား၅ထစ်တတ်၁ခါနားကို စောင့်ပေးရှာတယ်

တောင်တတ်နေတဲ့snapပါလှအောင်ရိုက်ပေးတယ် 🤭

ဆန္ဒန်ဂူထဲလည်းမှောင်မဲကြီးထဲလိုက်ဝင်ပေးတယ် မြွေလည်း သူပြလို့ ကိုယ်တွေဘာသာဆို တတ်နင်းမိမှာ

၃ရက်လုံးစေတနာအပြည့်နဲ့လိုက်ပို့ကူညီစောင့်ရှောက်ပေးတာ
ကျေးဇူးအများကြီးတင်ပါတယ် ဒီကနေထပ်ပီးတော့

ပုံကတော့ မရိုက်ချင်တော့ဘူး ငြင်းရတဲ့အထိကိုရိုက်ပေးတာ

ဘားအံကမ်းနားညစျေး က yoအတွက်စားရတာမကြိုက်ခဲ့ပါဘူး အများကြီးတော့စုံနေအောင်ရှိပါတယ်

ဆဒ္ဒါန််ဂူရှေ့က ကွေ့တယိုစားလို့ကောင်းပီးစျေးတန်တယ်

စံမတူ မြန်မာထမင်းဆိုင်လည်းစားလို့ကောင်းတယ်
စျေးလည်းအဆင်ပြေတယ်ရှင့်

အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်

(ဘားအံ သွားတဲ့လမ်းက အချိန်မရွေး၁ခုခုထဖြစ်တတ်လို့ အသက်ကိုဥာဏ်စောင့်တာမလို့ သေချာစုံစမ်းပြီးမှသွားကြပါရှင့်)

#ဘားအံ #ဇွဲကပင် #တောင်ဝိုင်းတောင် #နောင်လုံတောင်ကြား #တောင်ကြားလမ်း #ရေပြာအိုင် #ရင်္သေ့ပျံဂူ

18/05/2024

ပုရစ်ဆို မThet May ရှိကပဲမှာစားတယ် အဲ့အမ စရောင်းတဲ့ ၂၀၁၆ ၂၀၁၇လောက်ထဲက ခုထိပဲစားလာတာ

တကယ်ကောင်းမွန်ပြည့်စုံသော

Video က ညနေဘက် မှ ရုတ်တရက်ကြီး
ရိုက်လိုက်မယ်ဆိုပီးရိုက်ဖြစ်တာမလို့
camera ကခေါင်းပေါ်ရောက်သွားတယ် Sorry ပါရှင် 🤭

#ပုရစ် #ပုရစ်ကြော်

Photos from Diaries by Yo’s's post 10/05/2024

Hello 🤍

Yoဟိုရက်ကအပူရှောင်ရင်း လက်သည်းသွားလုပ်ဖြစ်တာလေး Sharing လုပ်ပေးချင်လို့ပါ

ဆိုင်က Yoတို့အိမ်နဲ့နီးတာရယ် Aircon ကမီးပျက်လည်းစိတ်ပူစရာမလိုပဲရတာနဲ့ သွားခဲ့တာပါ

လက်သည်းက၁ခါမှ extension မဆက်ဘူးဘူးပင်ကိုယ် အရှည်မှာပဲ ဆိုးနေကြ ဒီခါက လက်သည်းလည်းတိုနေတာနဲ့ Gelနဲ့ Nail extensions ဆက်လာခဲ့ပါတယ်

ကိုယ့်လက်သည်းလေးလို ပေါ့ပေါ့ပါးပါးလေးနဲ့ နေရအဆင်ပြေတယ် လက်သည်းပုံလေးလည်း လိုချင်သလိုလေးရတော့အများကြီးအဆင်ပြေခဲ့ပါတယ် ဆိုင်မှာလည်း ပုံရိုက်စရာ အများကြီး ရှိတော့ လက်သည်းဆိုပီး အကုန်နေရာအနှံလျှောက်ရိုက်ခဲ့လိုMe Time Nail Studioုင်နာမည်လေးက Me Time Nail Studio
No.89/97 , Diamond Crown Condominium
ဗိုလ်ရာညွှန့်လမ်းမှာပါ

08/05/2024

မိုးရွာသီမှာ တောအုပ်လေးထဲ သီးသီးသန့်သန့်လေးတည်းဖြစ်ခဲ့တဲ့နေရာလေး 🤍

My Hpa-An Residence by Amataက
Yoအတွက်အများကြီးအဆင်ပြေခဲ့တယ်

သတိထားရမှာက အခန်းအပြင်မှာ စားသောက်ရင်အမှိုက်ဘာညာကျရင် ပုရွက်ဆိတ်အကြီးကြီးတွေလာတယ် spray အခန်းထဲထားပေးထားလို့ ပြသနာတော့မရှိဘူးပေါ့နော် hotelက service ကောင်းတော့အဆင်ပြေပါတယ်

#ဘားအံ #ဇွဲကပင်

Photos from Diaries by Yo’s's post 07/05/2024

ဘားအံ့ရောက်ရင် အလုပ်ချင်ဆုံးက
ဇွဲကပင်တောင်ခြေနားမှာတည်းပြီး
Beerသောက်ချင်
ဇွဲကပင်တောင်ကို ကြည့်ပြီး ရေကူးချင်တာပဲ

ဆန္ဒတွေပြည့်ဝခဲ့ရသော ဇွဲကပင်တောင်ခြေ အနီးဆုံးနေရာ မှာ တည်းခဲ့ရတာ

နောက်ရက် video လေးတင်ပေးမယ် ဒီ Hotel review လေး 😘
#ဘားအံ #ဇွဲကပင်

07/05/2024

ပေါင် ၂၅၀ နဲ့ တောင်ဝိုင်းတောင် တတ်ခဲ့တာလေး
အမှတ်တရရိုက်ခဲ့တဲ့ video လေးပါ

မကြာခင်မိုးတွင်းလည်းရောက်တော့မှာဆိုတော့
မိုးရာသီ အရမ်းလှတဲ့ ဘားအံreview လေးတွေထက်တင်ပေးပါမယ်ရှင့်

#တောင်ဝိုင်းတောင် #ဘားအံ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mingalartaungnyut
Yangon