Care with love by Amara

Care with love by Amara

Share

Sharing is caring 🥰

19/08/2025

Supplements ၊ အားဆေး တွေ မရောင်းတော့ပါဘူးရှင်။
ခဏခဏလာမေးကြလို့ အားနာပါတယ်ရှင့် 🙂

Photos from Care with love by Amara's post 18/08/2025

ကလေးကျောင်းထမင်းဗူးအတွက် ချက်ဖြစ်တာလေးတွေ 😊😊

Photos from Care with love by Amara's post 14/08/2025

ဒီနေ့တော့ ချဉ်ပေါင်ဟင်းကို မျှစ်ရယ်၊ ရှပ်(ဂုံး)ရယ်ရောပြီး အရည်နည်းနည်းနဲ့ ကြော်ချက်လေးချက်ပါတယ်။

13/08/2025

#ဝက်သားလုံးကြော်

အသားတွေကြော်တဲ့အခါ ရွှေဝါရောင်လေးစသန်းတဲ့အချိန် ကြက်သွန်ဖြူလေး ဓားပြားရိုက်ပြီးထည့်ကြော်ရင် မွှေးပြီး အရမ်းစားကောင်းပါတယ် 😊

12/08/2025

#မြင်းခွာရွက်သုပ်
အမှန်တော့ ပုဇွန်ခြောက်သုပ်ပါ။ ကြိတ်လဲထည့်တယ်၊ အကောင်လိုက်လဲ ထည့်စားတယ် 😊

Photos from Care with love by Amara's post 10/08/2025

#ကြက်သားသုပ် (ကြက်ပဲရည်သုပ်) 😊

19/07/2025

#ပုဇွန်လက်ချောင်းသား

ပုဇွန်လဲ စားချင်တယ်။ ‌ခေါင်းဖြုတ်၊ အမြီးဖြုတ်၊ အခွံခွာ၊ ချေးကြောင်းထုတ်တာလဲ မလုပ်ချင်ဘူးဆို ပုဇွန်လက်ချောင်းအသားလေးကို ရှာဖွေပြီး ဝယ်စားကြပါလို့ 😊

Photos from Care with love by Amara's post 17/07/2025

မနက်ထမင်းချိုင့်အတွက်
#ငါးမွှေကြော်
#ကင်မွန်းရွက်နဲ့ကန်စွန်းရိုးနီ‌ချဉ်ဟင်း

ချဉ်ဟင်းချက်ဖို့ အဆင်သင့် လုံးထားပြီး မနက်ကျရင် ရေနွေးရောချက်ရုံပဲ ☺️☺️

16/07/2025

တစ်နေ့က အမရာ ကျောင်းက ပြန်လာတော့ သူ့သူငယ်ချင်းက သူ့ကို ပုံလေးဆွဲပြီး လက်ဆောင်ပေးလို့ ပျော်တယ်ဆိုတဲ့အကြောင်း၊ အမရာလေးက သူ့ကို ဘာပြန်ပေးရင်ကောင်းမလဲမသိဘူး မေမေ ဆိုပြီး ပြောတယ်။

ပြီးတော့ ခါတိုင်းကျောင်းကပြန်လာရင် ရေချိုးပြီး အိပ်တဲ့သူက သူ့စိတ်ကြိုက်ပုံမရမချင်း အားကြိုးမာန်တက်ကို ထိုင်ဆွဲနေတယ်။
မနက်ကျတော့ ကျောပိုးအိတ်ထဲ အသေချာထည့်ရင်း သူ့ သူငယ်ချင်းကတော့ သူဆွဲပေးတဲ့ ပုံလေးရလို့ ပျော်နေတော့မှာပဲဆိုပြီးပြောနေတာကြည့်ပြီး သူက ပိုပျော်နေတဲ့ပုံကိုမြင်‌နေရတယ်။

အဲ့ဒါနဲ့ "သမီး သူများကို ပေးရတာ ပျော်ဖို့ကောင်းတယ်မလား"လို့ မေးတော့ "ဟုတ်တယ် အရမ်းပျော်စရာကောင်းတယ်"တဲ့။
"မေမေက သမီးရဲ့ အဲ့ဒီစိတ်လေးကို သဘောကျတယ်၊ သူများဆီက ကိုယ်ရလို့ ပျော်ရွှင်ရတာထက်၊ ကိုယ်က သူများကို ပေးရလို့ ပျော်ရတဲ့ပျော်ရွှင်မှုက အရမ်းကျေနပ်စရာကောင်းတယ်" လို့ ပြောပြဖြစ်တယ်။ ကိုယ်လဲ ငယ်ငယ်က လက်ဆောင်ရရင်ပျော်တဲ့သူဖြစ်ခဲ့ပေမဲ့၊ ကြီးလာတော့ ပေးသောလက်က ပိုပျော်ရပြီး ကျေနပ်စရာကောင်းတယ်ဆိုတာ နားလည်လာတယ်။

တဆက်တည်း "သမီးကြီးလာလို့ သူများကို ပေးချင်၊ လှူချင်တယ်ဆိုရင် ကိုယ်က ပေးနိုင်၊ လှူနိုင်တဲ့သူဖြစ်အောင် ပညာတွေသင်ပြီး ကြိုးစားထားမှရမယ်နော်" ဆိုပြီး ဆိုင်ဆိုင် မဆိုင်ဆိုင် ကျောင်းသွားချင်လာအောင် မဲဆွယ်စည်းရုံး‌ရေး တဖြတ် ဆင်းရသေးတယ် 😄 😍

Photos from Care with love by Amara's post 16/07/2025

ချဉ်ပေါင်ဟင်းနဲ့ ရုံးပတီသီးဟင်းရည်ထည့်‌ပေးလိုက်တဲ့နေ့ဆို ပြောင်အောင်စားခဲ့ပါတယ် 😊

14/07/2025

#သခွပ်ပွင့်သုပ်

Photos from Care with love by Amara's post 13/07/2025

သူစားစား၊ မစားစား ထည့်ပေးရမှာက ကိုယ့်တာဝန်ပါ 🥰

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00