Aye Chan Paing - Financial Services Consultant
For Your Healthier Life
28/09/2025
ချစ်ခြင်းမေတ္တာတွေနဲ့
ပြည့်ဝနေတဲ့ အနီရောင်စာချုပ်လေးတွေ
ဒီနှစ်ထဲမှာပဲ နိုင်ငံရပ်ခြားရောက်နေကြတဲ့
သူငယ်ချင်းမိတ်ဆွေတွေရဲ့ မိဘတွေအတွက်
ကျန်းမာရေးအာမခံကို စီစဉ်ဆောင်ရွက်ပေးဖြစ်တာ
ပိုများလာပါတယ်။
ကျန်းမာရေးအတွက် စိတ်အေးရအောင်
ကြိုတင် စီမံပေးနေနိုင်တဲ့အပြင်
ဘဝနောင်ရေးအတွက်ပါ
အကြံဉာဏ်ကောင်းတွေပေးရင်း
စိတ်အေးချမ်းမှု ပေးနိုင်တဲ့ အလုပ်မို့
ပိုပြီးမြတ်နိုး တန်ဖိုးထားမိလာပြန်ပါတယ်။
Financial Advisor တစ်ယောက်ဖြစ်ရတာ
သိပ်ကို ဂုဏ်ယူပီတိဖြစ်မိသောပါပဲ …
အေးချမ်းကို ယုံကြည်စွာစီမံခွင့်ပေးတဲ့
Client တစ်ဦးတစ်ယောက်ချင်းစီကြောင့်သာ
ပိုကောင်းတဲ့အကြံဉာဏ်တွေပေးနေနိုင်တာမို့
ရင်ထဲက လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း
ပြောပါရစေရှင်။
ပိုမိုကောင်းမွန်တဲ့ဘဝတွေကို
အတူတူလျှောက်လှမ်းကြရအောင်နော် …
Your Financial Advisor
Aye Chan Paing
Ma Phoo District
Infinity Wealth
AIA Myanmar
21/09/2025
RETHINK HEALTHY နေ့ ပွဲအမှတ်တရ ပုံရိပ်များ
27/02/2025
သက်တမ်း ၁၀၀ ကျော် ရှိပြီဖြစ်တဲ့
AIA Insurance Company ဟာဆိုရင်
SPURS အသင်းနှင့်အတူ
ပူးပေါင်းဆောင်ရွက်မှု ခရီးလမ်းကလဲ
၁၁နှစ်တိုင်ခဲ့ပါပြီ။
မြန်မာနိုင်ငံကို ဝင်ရောက်ပြီး AIA Myanmar အနေနဲ့
အများပြည်သူတို့အတွက်
အသက်အာမခံ အကာအကွယ်
ကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ကောင်း
စီစဉ်ပေးခြင်းဖြင့် ရပ်တည်နေတာဆိုရင်လဲ
၅နှစ်ကျော် ကာလရှိလာပါပြီ။
ပိုမိုကောင်းမွန်သောဘဝလမ်းခရီးကို
အတူတူလျှောက်လှမ်းကြရအောင်နော်။
18/10/2024
🪔 Happy Thadingyut ✨
သီတင်းကျွတ်ချိန်ခါသမယမှစ
နေ့ရက်တိုင်းကို ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြတ်သန်းနိုင်ပြီး ဝင်ငွေတွေ ဒီရေအလားတိုးပါစေ🍀
သီတင်းကျွတ်ကာလလေးက
မေတ္တာတွေပိုပြီးပေါ်လွင်စေတဲ့ကာလလေးတစ်ခုပါပဲ
လူကြီးမိဘ ဆရာသမားနဲ့ ဆွေမျိုးမိတ်ဆွေတွေကို
ဂါရဝပြု ကန်တော့တဲ့အခါ ဆုမွန်ကောင်းတွေတောင်းပေးတတ်ကြတယ်။
စစ်မှန်တဲ့မေတ္တာရပ်ဝန်းထဲက
တစ်ဦးမေတ္တာ တစ်ဦးစေတနာကြောင့်
ပိုပြီးလုံခြုံနွေးထွေးရတဲ့အချိန်ကာလတစ်ခုလို့ပြောရင်လဲမမှားဘူးပေါ့ရှင်။
သင့်ဘဝကို အလင်းဆောင်ပေးတဲ့
သင်ချစ်ခင်ရသူတွေကို ကာကွယ်ပေးနိုင်ဖို့
AIA နဲ့အတူ အမြဲရှိနေမှာပါ✨
14/10/2024
ဘာမှမရှိထားတာထက်စာရင် အကာအကွယ်တစ်ခုရှိထားတဲ့အခါ ပိုပြီးစိတ်အေးရပါတယ်။
မတော်တဆမှုသေးသေးလေးကအစ
ငွေကြေးအကာအကွယ်ပေးနိုင်တဲ့ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ (Personal Accident Insurance) ကို
အနည်းဆုံး ငွေကျပ် ၃၅၀၀ မှ စ စီစဉ်ထားနိုင်ပါတယ်။
အများဆုံးအကာအကွယ် သိန်း ၂၀၀ ထိ
စီစဉ်ထားချင်သူတွေအတွက်ဆိုလဲ တစ်နှစ်လုံးမှ
၁သိန်း ၄သောင်း ကျပ် သွင်းရုံပါရှင်။
ဂရုစိုက်သတိပြုနေရင်း မတော်တဆဖြစ်တတ်တဲ့
မီးပူလောင်တာ၊ခြေခေါက်လဲတာ၊ကားတံခါးညှပ်တာ၊ငါးရိုးစူးတာမျိုးအထိပါ အကာအကွယ်ပေးနိုင်တာမျိုးပါ။
အသက် ၁၆ နှစ်က စလို့ ၆၅ နှစ်အထိ
အကာအကွယ်ယူထားလို့ရတဲ့ အာမခံအမျိုးအစားတစ်ခုလဲဖြစ်ပါတယ်။
Personal Accident Insurance အကာအကွယ် စီစဉ်ထားချင်ပြီဆို ကျွန်မကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ်။
အားသာချက်တစ်ခုကတော့ ဘယ်နိုင်ငံမှာနေသူမဆို
PA ကို စီစဉ်ထားလို့ရတာပါပဲ။
Aye Chan Paing
Financial Services Consultant
[email protected]
Ma Phoo Unit
Infinity Wealth
AIA Myanmar
11/10/2024
ကျွန်မတို့အားလုံးရဲ့ ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ရှေ့ဆက်နိုင်ဖို့ ခွန်အားတွေပေးပြီး ကြည်နူးဖွယ်အမှတ်တရအချိန်တွေကို အတူတူရင်ဆိုင်ဖြတ်သန်းချင်တဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်တော့ ရှိစမြဲပါ။
သင့်အတွက်ဆိုရင်ကော အဲ့လိုမျိုးပုဂ္ဂိုလ်က ဘယ်သူဖြစ်မလဲ?
မကြာမီ ၂၀၂၄ ခုနှစ်ရဲ့ သီတင်းကျွတ်အချိန်အခါရောက်ရှိတော့မှာဖြစ်လို့ သင့်ဘဝရဲ့ အလင်းရောင်ပမာ အရေးကြီးတဲ့သူတစ်ယောက်အကြောင်းကို ဂုဏ်ယူစွာ ဖော်ထုတ် ပြသလိုက်ရအောင်။
သင့် "ဘဝရဲ့အလင်းရောင်” ကဲ့သို့ တန်ဖိုးထားရသူတစ်ယောက်အကြောင်းနဲ့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ဓာတ်ပုံနှင့်တကွ မျှဝေပြီး AIA Myanmar ရဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကာ Apple Watch (Series 9) ကံထူးဖို့ ပါဝင်ကံစမ်းလိုက်ပါ။ Apple Watch ၃ ခု တောင် မဲဖောက်ပေးမှာနော်။
ပါဝင် ကံစမ်းဖို့ လိုအပ်တဲ့ အဆင့်တွေက-
၁။ ပြိုင်ပွဲဝင်မယ့်ဓာတ်ပုံကို Facebook မှာ Public Post အဖြစ်တင်ပေးပါ။
၂။ စတဲ့ Hashtag (၃) ခု ကို post မှာ ရေးသားဖော်ပြရပါမယ်။
၃။ တင်ထားတဲ့ Post ကို Screenshot ရိုက်ပြီး ကျွန်တော်တို့ရဲ့ ယခု Post အောက်မှာ အောက်တိုဘာလ (၂၄) ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထားပြီး Comment ပေးရပါမယ်။
ပြိုင်ပွဲစည်းမျဥ်းအသေးစိတ်ကို ဒီ bit.ly/AIALOYL မှာလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ အားလုံးပဲကံကောင်းကြပါစေနော်။
We all have that special someone in our lives that gives us strength in difficult times and is the one we want to share good times with - the light in our lives.
Who is that someone special to you and why do they mean everything to you?
As we enter the 2024 Thadingyut season, here’s your opportunity to honour a special person in your life - The Light of Your Life!
Share a photo with The Light of Your Life and explain why this person is special to you!
Stand a chance to win one of 3 Apple Watches (Series 9) in our challenge.
Steps to participate :
1. Post a photo with the Light of Your Life with public settings.
2. Use hashtags
3. Post a screenshot of your entry post in the comments section under this campaign post by midnight 24th Oct 2024.
Refer to the detailed Terms and Conditions at bit.ly/AIALOYL.
28/09/2024
အလုပ်တွေလုပ်ပြီး ကြိုးစားနေရင်း
ဝင်လာသမျှငွေတွေကို စနစ်တကျဖြစ်အောင်
စီမံထားနိုင်ဖို့ကလဲ သိပ်ကိုအရေးကြီးပါတယ်။
ဝင်ငွေကို စနစ်တကျသုံးစွဲတဲ့နေရာမှာ
အိမ်ရှင်မ မေမေတွေက ပိုသာကြတယ်ဆိုတာ
ငြင်းမလားရှင်။
မေမေတွေက မိုးလင်းတာနဲ့ တစ်နေ့တာအသုံးစရိတ်ကို သေချာစီမံခန့်ခွဲကြသူတွေပါ။
မိသားစုအတွက် မနက်စာပြင်ဆင်တာကစလို့
မီးဖိုချောင်အသုံးစရိတ်တွေကိုပါ အလေအလွင့်နည်းအောင် စီစဉ်နိုင်သူတွေပေါ့။
ဝင်ငွေ ထွက်ငွေကို သေချာစီမံခန့်ခွဲတဲ့နေရာမှာ
တိကျသေချာတဲ့ Budgeting and Financial Planning ရှိဖို့ကလဲ သိပ်ကိုအဓိကကျပြန်ပါတယ်။
Budgeting လို့ပြောတဲ့နေရာမှာ လိုတာထက်ပိုပြီး ကပ်စေးနဲ ခြစ်ကုတ်နေဖို့ မဟုတ်ပါဘူး။
လိုအပ်တာအတွက် ပိုက်ဆံသုံးလိုက်မယ်၊
မလိုအပ်သေးတာအတွက်တော့ ပိုက်ဆံမသုံးသေးပါဘူးဆိုပြီး အသုံးနဲ့အဖြုန်းကို သေချာခွဲခြမ်းစိတ်ဖြာပြီးသုံးနိုင်ဖို့ပဲ ဖြစ်ပါတယ်။
အများစုက လိုချင်တာနဲ့လိုအပ်တာဆို ဘယ်အရာအတွက် ပိုပြီး ပိုက်ဆံသုံးတတ်ကြတယ်ထင်လဲ။
လိုချင်တာတွေများပြီး အဲ့အပေါ်မှာသုံးနေတဲ့
ငွေပမာဏကျော်လွန်နေပြီဆို Financial Planning
ကောင်းကောင်းလုပ်သင့်နေပါပြီ။
Financial Planning လုပ်တဲ့အခါမှာလဲ
Category လေးတွေသေချာခွဲပြီး စီစဉ်မှသာ
ကိုယ့်ဝင်ငွေ ထွက်ငွေ ကိုပြန်ကြည့်လိုက်တိုင်းကိုယ်တိုင်စိတ်ကျေနပ်မှုရှိနေမှာမလို့ပါ။
ကျွန်မတို့ Budgeting & Financial Planning ကို
ဘယ်လိုလုပ်ကြမလဲ။
ဘယ်လိုလုပ်သင့်လဲဆိုတာကို
ဆက်လက်ပြီး မျှဝေပေးသွားပါမယ်။
ကျွန်မမိတ်ဆွေတို့ကိုယ်တိုင်ကျင့်သုံးနေတဲ့ နည်းလမ်းလေးတွေရှိရင်လဲ မျှဝေပြောပြပေးနိုင်ပါတယ်။
21/09/2024
ပြင်းထန်ရောဂါ အကာအကွယ်ဆိုတာဘာလဲ
ကျွန်မတို့အတွက် တကယ်လိုအပ်လား
What is Critical illness Cover ?
Do we really need it?
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon