LHF Online Shopping
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LHF Online Shopping, Health/Beauty, ဘုရင့်နောင်လမ်းမကြီး, Yangon.
31/01/2021
အ၀လွန်ခြင်းကိုလျှော့ချဖို့နည်းလမ်း(၉)မျိုး
စားသမျှ အားမဖြစ်ဘဲ၊ အဆီဖြစ်လို့ အပီညစ်နေပြီလား… ?။ ခန္ဓာကိုယ် ပေါင်ချိန်တက်လို့ လင်တော်မောင်
နဲ့ နောင်ဂျိန် သတ်နေရပြီလား … ?။ စိတ်မညစ်ပါနဲ့။ အောက်ပါ နည်းလမ်း (9) မျိုးကို စမ်းသပ်ကြည့်ပါ။ အိပ်မရစေတဲ့ ပူပန်မှုတွေအတွက် ယူပစ်လိုက်သလို ဝိတ်ကျစေမယ်လို့ အာမခံပါတယ်။
(1)ပျားရည်သုံးဆောင်ပါ။
ပျားရည်သုံးဆောင်ဖို့ အကောင်းဆုံးအချိန်ကတော့ အစာစားပြီးတဲ့ အချိန်တိုင်း ပျားရည် စားပွဲတင်ဇွန်းနဲ့
နှစ်ဇွန်းခန့် သောက်ပေးပါ။ ပျားရည်ဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ကယ်လိုရီလောင်ကျွမ်းမှုကို
အားပေးပါတယ်။
(2)ပန်းသီးနဲ့လုပ်ထားတဲ့ ဗီနီဂါ
ပန်းသီးနဲ့လုပ်ထားတဲ့ ဗီနီဂါကို နေ့စဉ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းလောက် အစာစားပြီးတိုင်း သောက်ပေး
ပါ။ အဆီပိုတွေကို ဖယ်ရှားပေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အိပ်ယာ၀င်ကာနီးလည်း ၎င်း
ပမာဏအတိုင်း သောက်ပေးပါ။
(3)ငရုတ်ကောင်းလက်ဖက်ရည်
ငရုတ်ကောင်းဟာ အများကြီးစားမိရင် ၀မ်းဗိုက်ကို ပူလောင်စေတတ်ပါတယ်။ အကောင်းဆုံးကတော့ လက်
ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းထဲမှာ ငရုတ်ကောင်းမှုန့်စစ်စစ် အနည်းငယ် ရောစပ်ပြီး သောက်သုံး
ပေးခြင်းက အဆီချမှုကို ထိရောက်စေပါတယ်။
(4)ပန်းသီး/သံပုရာသီး/လိမ္မော်သီး စသည်တို့ အစားထိုးပြီး စားပေးပါ
နေ့စဉ်စားနေကျ ဘေးအန္တရာယ်ဖြစ်စေတဲ့ Junk Food တွေကို စားသုံးခြင်းကို ရှောင်ကြဉ်ပါ။ မဖြစ်မနေ
စာချင်တယ်ဆိုရင်လည်း ပန်းသီး/သံပုရာသီး/လိမ္မော်သီး စသည်တို့ အစားထိုးပြီး စားပေးနိုင်ပါတယ်။
(5)အမျှင်ဓာတ်ကြွယ်၀တဲ့ အသီးအနှံတွေကို များများစားပေးပါ။
ငှက်ပျောသီး၊ သင်္ဘောသီး၊ ပန်းသီး၊ လိမ္မော်သီး၊ ဖရဲသီး၊ သခွားသီး၊ နာနက်သီး၊ သံပုရာသီး စတဲ့ သီးနံ
တွေမှာ အမျှင်ဓာတ် ကြွယ်၀စွာပါ၀င်ပါတယ်။ ကိုက်လံ၊ မုန်လာရွက်၊ ပန်းမုန်လာ၊ ဆလက်ရွက် စသည်
တို့မှာလည်း အမျှင်ဓာတ် ကြွယ်၀စွာပါ၀င်ပါတယ်။
(6)ပုံမှန်သာ စားပါ
အစားတစ်နပ် လျှော့ချခြင်း၊ သို့မဟုတ် အစားရှောင်ခြင်းဟာ အဆီချခြင်းကို မထိရောက်စေပါဘူး။ ဒီ
တော့ အထက်ပါ အချက်တွေကို လိုက်နာပြီး ပုံမှန်အတိုင်း စားသုံးပါ။
(7)အိမ်မှာလုပ်တဲ့ အစားအစာက အကောင်းဆုံး
အပြင် စားသောက်ဆိုင်တွေမှာ စားသုံးသူ သဘောကျအောင် ဆီ၊ ဟင်းခပ်မှုန့်၊ ဆား၊ သကြား ပိုသုံးကြ
တာ များပါတယ်။ ဒါကြောင့် အိမ်မှာ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အချိုးအစားအတိုင်း စီမံချက်ပြုတ်စား
သောက်တာက ပိုပြီး ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။
(8)လေ့ကျင့်ခန်းလုပ်ပေးပါ
လေ့ကျင့်ခန်းကိုတော့ ပုံမှန်လုပ်ပေးပါ။ အကောင်းဆုံး အချိန်ကတော့ မနက်စောစော ဖြစ်ဖြစ်ပါတယ်။
ဒါပေမယ့် အချို့က ရေချိုးခါနီး လေ့ကျင့်ခန်း လုပ်တတ်ကြပါတယ်။ ဒါလည်း ကောင်းပါတယ်။ ဘယ်လို
နည်းနဲ့ဖြစ်ဖြစ် လေ့ကျင့်ခန်း လုပ်ဖို့ပျင်းရင် အဆီလုံး၀ မကျနိုင်ပါ။
(9)ရေများများ သောက်ပါ။
ရေဟာ အစာခြေစနစ်ကို အထူးကောင်းမွန်စေပြီး ခန္ဓာကိုယ်မှ လိုအပ်တဲ့ ရေဓာတ် ခန်းခြောက်ခြင်းကို
ဖြည့်တင်းပေးပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက် နည်းလှပြီး အဆီကိုချပေးနိုင်ပါတယ်။
Crd
Click here to claim your Sponsored Listing.
Category
Website
Address
ဘုရင့်နောင်လမ်းမကြီး
Yangon